"မောင်!! ငါ မာဖလာလေးခုတောင်ထိုးလာတယ်.."
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ်အခန်းတံခါးအား
ဝုန်းဒိုင်းဖွင့်ဝင်လာသောအသံကြောင့်Jeonလန့်နိုးသွား
သည်။အိပ်ခေါက်ပျက်သွားခြင်းကြောင့်လှမ်းအော်
လိုက်ချင်ပေမယ့်အော်ချ်ိန်မရအိပ်ရာပေါ်ခုန်တက်ကာ
ခန္ဓာကိုယ်ပေါ်ခွလာသောသူ။
"အိပ်နေတာကွာ...အစောကြီးကို..."
"မအိပ်နဲ့...ငါတစ်ညလုံးထိုးထားရတာ ထကြည့်
ခုထကြည့်.."
ဝါသနာကဘာလဲရေရေရာရာတော့သူမရှိပေမယ့်
Jim inကHandmade လေးတွေလုပ်တာလည်းရသည်။
သီချင်းလည်းအနည်းအပါးဆိုသည်။ပရဟိတဘက်
တွေလည်းစိတ်ဝင်စားခဲ့သူဖြစ်သည်။ဆရာဝန်ကြီး
သူဌေးကြီး လျှမ်းလျှမ်းတောက်အနုပညာရှင်လို့
ကြီးမားတဲ့အိမ်မက်တွေကိုပြင်းပြင်းထန်ထန်မမက်ခဲ့ဘူး။
သူကသူ့Lifestyle လေးနဲ့သူသွားခဲ့တဲ့သူ။
အချိန်တန်ရင် ဘွဲ့ယူပြီးရင်သူCompany ကောင်း
ကောင်းမှာအလုပ်ဝင်မယ်။ပြီးရင်မောင့်ကိုလက်ထပ်မယ်။
ဒါသူ ..အရိုးရှင်းဆုံးတွေးခဲ့တာပဲ။
"မောင် ထကြည့်လို့!!!"
"ညှောင်စိန်ပဲ...ငါချစ်လိုက်ရရင်တော့..."
အပေါ်ပိုင်းဗလာဖြင့်Jeonဟာအိပ်မှုံစုံမွှားဖြင့်
ထလာသည်။ထထိုင်ကာကုတင်ခေါင်းရင်းမှီ
ထိုင်တော့ပေါင်ပေါ်ခပ်တည်တည်ပဲလာထိုင်သည်။
"ဆင်း....လေးတယ်..."
"မဆင်းဘူး ထိုင်မှာပဲ..."
ခန္ဓာကိုယ်သေးသေးလေးအားသိမ်းကျူံးဖက်
ထားလိုက်ကာအိပ်ရေးမဝသေး၍သူ့ပုခုံးလေး
မှီပြန်အိပ်ဖို့လုပ်သည်။
"အဝါရောင်တစ်စုံ အနီလေးတစ်စုံ
TaeHyungတို့အဆင်ပြေသွားတဲ့အခါ
မင်္ဂလာဆောင်ရင်လက်ဖွဲ့ပြီး ငါတို့လေးယောက်
ဒီမာဖလာလေးတွေနဲ့ဓာတ်ပုံရိုက်ဖို့လေ
မောင်...ဘာအရောင်ယူချင်လဲ..."
"အနီ...."
"ဘာလို့ အနီလဲ အနီက TaeHyungရဲ့အရောင်လေ
သူကအနီနဲ့အရမ်းလိုက်တာ Yoongiကလည်း
အသားအရည်လှတော့ကွက်တိပဲ မောင်အနီယူလို့
မရဘူး ငါအဝါရွေးထားတာ.."
"အဲ့တာဆို ဘာလို့မေးနေသေးတာလဲ.."
"မောင့်ဆုံးဖြတ်ချက်ကိုအလေးထားလို့လေ.."
"ခုဒါဆို အနီကို ကလေးက ပြန်ရွေးမှာလား.."
"မရွေးပါဘူး အဝါလေးပဲ ငါလှဖို့အရေးကြီးတယ်"
လုံးချေဖျစ်ညှစ်ပြီးဝါးစားလိုက်ချင်တယ်။
စားမရလို့ လက်သေးသေးလေးယူကိုက်တော့
အော်တာပေါ့။
"မကိုက်နဲ့!!!"
"ကိုက်မယ်..."
အတင်းအကျပ်ဖက်ကာမောင့်ဘက်ကအသဲအူ
ယားနေပေမယ့်ကလေးကသူ့မာဖလာလေး
လေးခုကိုတသသ ။အိပ်ရာပေါ်ဖြန့်ခင်းကာ
သူ့ပြီးမြောက်လာသောအလုပ်လေးမို့ကြည့်မဝ
ဖြစ်နေသည်။
"မောင့်ကို ပတ်ပေးကြည့်မယ်..ခဏလွှတ်ဦး.."
"အင်္ကျီမပါဘူး မာဖလာတစ်ခုထဲပတ်လို့
ငါအရူးနဲ့တူမှာပေါ့.."
"မောင်ကရူးနေတာပဲဟာ အဆင်ပြေပါတယ်.."
"မင်းကို...မချစ်လိုက်တာ..."
"ငါကတော့..ချစ်တယ်"
အဝါရောင်မာဖလာလေးကိုသူ့ကိုယ်သူ
အရင်လှလှလေးပတ်လိုက်ပြီး တကယ်လည်း
သူနဲ့သိပ်ချစ်ဖ်ို့ကောင်းခဲ့တယ်။Jeonဟာပြုံးပြုံး
လေးကြည့်နေခဲ့သည်။Jeonကိုပါသေသေချာချာ
လေးဆင်မြန်းပေးပြီးဒီဇိုင်နာဟန်လုပ်နေပုံက
တက်တက်ကြွကြွ။
"အမယ်လေး ခန့်ညားလိုက်တာ
ယောကျ်ားချက်ချင်းတော်ချင်သွားပြီ
ငြိမ်ငြိမ်နေ TaeHyungကိုVideo Callခေါ်မယ်"
"ပေါတောတောတွေလုပ်ပြန်ပြီ..."
"ငြိမ် ...."
မောင်သည်အသက်ပင်မရှုတော့ကျောက်ရုပ်ကြီးလို
ချက်ချင်းဖြစ်သွားသည်။
Video Callခေါ်လိုက်တော့အငိုမျက်လုံးဖြင့်
Screen ပေါ်ပေါ်လာသောTaeHyungသည်
ကွဲပြဲနေပြန်ပြီ။
"ဘာလဲ ဘာလဲ...ငါအဆင်မပြေဘူး.."
"ထယ် ငါလေ မာဖလာလေးတွေထိုးလို့ပြီးပြီ
ဒီမှာ မောင်ဝတ်ထားတာကငါတို့ဆင်တူ
မင်းတို့အတွက်လည်းပြီးပြီ ဒီမှာနီနီလေးတွေ
မင်းတို့မင်္ဂလာဆောင်ကျရင် လက်ဖွဲ့မယ်နော်
ကြိုက်လား ကြိုက်လား..."
"မကြိုက်ဘူး !!MinYoongiရည်းစားတွေ
ထပ်ထားပြန်ပြီ ဘာမင်္ဂလာဆောင်လဲ
လာပြောင်နေတာလား မင်းကိုငါလုပ်မိတော့မယ်
ParkJimin..."
"မသိဘူး မသိဘူး ချစ်ရင်ညားတယ်
ငါပြောရင်ယုံ ယုံကြည်ချက်ကိုထားစမ်းပါကွာ.."
"တိတ်စမ်း..."
"ဒီမှာ ငါ့ရည်းစားကြီးကိုကြည့်စမ်းပါ..
မာဖလာတစ်ခုထဲဝတ်ထားတာဘယ်လောက်
Sexyကျလဲ...မင်းအလှည့်ကျလည်းYoongi
ကိုဒီတစ်ခုပဲဝတ်ခိုင်း.."
"စောစောစီးစီး မှောင်မဲနေလိုက်တာ
မမြင်ရတော့ဘူး မင်းတို့တွေလွန်လွန်အားကြီးတယ်"
"လွန်တော့ဘာဖြစ်လဲ..."
"တော်တော့ ငါတို့ဟာလေးတွေအနီးကပ်ပြ
အရောင်ကြည့်ချင်လို့.."
TaeHyung ကိုသူကြွားနေတော့သည်။
သိပ်ပေးချင်ခဲ့မှန်းသိပ်သိသာတာပဲ။
သူက သူ့အချစ်အပေါ်မှာယုံကြည်ခဲ့တာမျ်ိုးမဟုတ်။
သူ့ဘေးကအချစ်တွေအတွက်ပါယုံကြည်ခဲ့တဲ့သူ။
အချစ်ကိုသိပ်ကိုးကွယ်လွန်းတာ။
အချစ်ကိုပဲမျက်နှာမူခဲ့တာ။
"မောင်ပဲသိမ်းထားလိုက်နော်..နှစ်ခုလုံး"
"အင်း....ပင်ပန်းသွားမှာပဲနော်..ကလေး..."
"နည်းနည်းပါ....ခေါက်ဆွဲကောင်းကောင်းလေး
စားလိုက်ရရင်အဆင်ပြေမယ်ထင်တယ်.."
"ကျွေးမယ်...."
Jeon ကလည်တိုင်ကမာဖလာနဲ့
အချိန်တိုင်းအစားအသောက်ကိုသာတွေးနေသော
ကောင်လေးအားဆွဲယူလိုက်ကာမျက်နှာချင်းဆိုင်
တော့အပြစ်အနာမရှိခဲ့လေသောမျက်နှာဖူးဖူး
လေးက ၅နှစ်မြောက်သောချစ်သူသက်တမ်းအထိ
လည်းကြည့်လို့မဝနိုင်သေး။
"မောင်...ငါစားချင်တာခေါက်ဆွဲနော် ....."
"အင်းပါ..."
အဝါရောင်မာဖလာလေးတွေရောနှောရှုပ်ယှက်ခတ်
သွားကာ Jeonရဲ့ကြုံရာဆုံရာနမ်းသွားရာခရီးလမ်း
တစ်လျှောက် တခစ်ခစ်ရယ်သံလေးတွေသည်
အချ်ိန်တော်တော်ကြာရပ်တန့်မသွားခဲ့။
အတိတ်၏ပုံရိပ်တွေတစ်ခန်းရပ်သွားတော့
TaeHyung သည်အနီရောင်မာဖလာလေးကို
ထုတ်ကြည့်ရင်းYoongi ဝင်လာတော့ချက်ချင်း
သိမ်းဆည်းလိုက်သည်။
"စိတ်မကောင်းဖြစ်နေပြန်တာလား..."
"နည်းနည်း....ပါ...."
"အဆင်ပြေသွားမှာပါ...
ကိုယ်တို့ဘာကိုမှတသတ်မတ်တွေးထားလို့
မရဘူးလေ Jiminသင့်တော်တဲ့သူနဲ့
လက်ထပ်ပြီးသူ့ဘဝသူဖြောင့်ဖြူး
သွားတယ်ဆိုလည်းလက်ခံရမှာပဲ...
ဘဝကိုလက်တွေ့ကျကျတွေးရခေါ်ရဖြတ်သန်းရမယ့်
အချိန်တွေရောက်လာပြီလေ..ထယ်"
"ဒီအရာလေးကိုစပြတဲ့နေ့ကသူယုံကြည်မှု
တွေအများကြီးရှိနေခဲ့ရက်နဲ့အစ်ကိုရယ်
Jungkook ကို ရူးနေအောင်ချစ်တာလည်း
သိသာနေရက်နဲ့...ဘာလို့များ..."
"သူဘာတွေခံစားခဲ့ရလဲမှမသိတာ...
ဘယ်အတိုင်းအတာအထိတွေများသူတွေးခဲ့လဲမှ
မသိတာ...လူတွေကခံနိုင်ရည်ချင်းမတူကြဘူးလေ
ဒါလေးကို ဒါလေးတောင်မှ ငါဆိုရင် ငါ့တုန်းက
ငါဆိုဘယ်လိုမျိုးသန်မာတာ ဖြတ်သန်းတာ
အဲ့တာတွေအဆင်မပြေဘူး
ရူးနေအောင်ချစ်နေလို့ ရူးသွားတာမျိုးလည်း
ဖြစ်နိုင်တာပဲလေ..."
နှစ်ယောက်စလုံးရဲ့ပြတ်သားချက်တွေက
ဘာကိုမှမျှော်လင့်လို့မရတော့တာမို့ဒီလိုပဲ
အပြီးအပိုင်တစ်ဘဝစီဖြစ်သွားတော့မှာကို
တွေးကာTaeHyung သည်အနီရောင်မာဖလာ
လေးကိုသာတွေတွေလေးစိုက်ကြည့်နေခဲ့သည်။
~~~~~~~။
မျက်နှာပေါ်ပစ်ပေါက်လာသောဓာတ်ပုံတွေ၏
အရှိန်သည်ပြင်းလွန်းတာကြောင့်နာသွားသည်။
ကြမ်းပြင်ပေါ်ပြန့်ကျဲကျသွားသောပုံတွေကို
ကြည့်လိုက်တော့ သူနဲ့Jungkook Hoseokဆိုင်
ထဲကပုံများဖြစ်နေသည်။ဆိုင်ထဲအခြေအတင်ဖြစ်
တာတွေအခန်းတစ်ခုထဲဝင်သွားတာတွေကအစ
အတိအကျ။နှလုံးခုန်သံတွေဆောင့်တက်သွားသည်။
တကယ့်ပြဿနာပဲ။
"ရှင်းစမ်း!!!!"
ကင်မင်ဂျွန်ပြန်သွားတဲ့ပုံရပြီးအဖေနေရာယူထား
သူနှင့်အမေဖြစ်သူသည်တင်းမာသောမျက်နှာ
များဖြင့်Jiminအားစောင့်နေကြသည်။
"ငါ မင်ဂျွန်ကို ဘယ်မျက်နှာနဲ့ဖြေရှင်းလိုက်ရလဲ
သိလား!!!မင်းမှာဆင်ခြင်နိုင်တဲ့ဦးနှောက်မရှိ
တော့ဘူးလား ပြတ်ပြီဆို!!!"
"ပြတ်တယ်...ဒါဘာမှမဟုတ်ဘူးဒီတိုင်းကြုံလို့...."
"ကြုံလို့ ကြုံလို့ဟုတ်လား..."
ထိုင်နေရာမှစိတ်မထိန်းနိုင်သလိုရုတ်တရက်
ထလာအောင်လက်တစ်ဖက်ရွယ်လျှက်ပြေး
ဝင်လာတော့မျက်နှာကိုလက်ဖြင့်ယောင်ယမ်း
ကာမိလိုက်သည်။
ပထမဆုံးကိုယ်ထိလက်ရောက်ဆိုတဲ့
အခြေအနေတွင်သိပ်လန့်သွားခဲ့သောမျက်လုံး
တွေဟာမျက်တောင်မခတ်ငြိမ်သက်သွားသည်။
အသက်ရှုသံပြင်းပြင်းတစ်ချက်သာကြားလိုက်ရသည်။
ပြေးရိုက်သည်အထိတော့မထင်ထားသောကြောင့်အကြောက်လွန်သွားသောလက္ခဏာပဲ။
အမေဖြစ်သူ၏လှမ်းဆွဲထားမှုကြောင့်Jimin
ဆီမရောက်ခဲ့။သူသည် Jiminအမေအား
တွန်းလွှတ်လိုက်ကာ
"ငါ့ကို လာမဆွဲနဲ့ !!ဆုံးမလေ မင်းကိုယ့်သားကို
မဆုံးမနိုင်ဘူးလား...ငါစီစဉ်ထားတဲ့ကိစ္စတွေ
ပျက်ဆီးလို့ကတော့ နှစ်ယောက်လုံးလွယ်မယ်
မထင်နဲ့!!!"
"ကျွန်မတောင်းပန်ပါတယ်..."
"ဘာကိုလာတောင်းပန်နေတာလဲ မင်ဂျွန်က
နားလည်ပေးလို့ပေါ့ ပြဿနာရှာလို့
အကုန်ပျက်ဆီးကုန်ရင်ဘယ်လိုလုပ်မလဲ!!!"
"နောက်မဖြစ်စေရပါဘူး ကျွန်မJimin
ကိုသေချာမှာထားလ်ိုက်ပါ့မယ်.."
"ပြောနေတာပဲ မင်း သားလုပ်ရပ်ကို
မြင်လား မြင်လား!!!!"
အမေဖြစ်သူကိုပါဓာတ်ပုံတွေနဲ့ပစ်ပေါက်
ပုံကရိုင်းရိုင်းစိုင်းစိုင်း။
ဒီလူဟာတစ်နေ့တခြားနေရာတော်တော်ယူလာ
နိုင်ခဲ့တယ်။အဆင်မပြေခဲ့စဉ်အချ်ိန်တွေကနှုတ်ခမ်း
ပျားရည်သုတ်ခဲ့မှုအပေါ်Jiminဟာအယုံလွယ်ခဲ့တယ်။
Jiminရဲ့ပြဿနာတွေအပေါ်သူကနားလည်သလိုလိုနှင့်
Jimin ကိုနားလည်သလိုလိုနှင့်ဖြေရှင်းပေးခဲ့ကာ
အတ်ိတ်ကရုပ်ဆိုးခဲ့သောဖြစ်ရပ်
များနှင့်Jiminရဲ့အားနည်းချက်တွေအပေါ်အဖက်ဆယ်
ထားသလိုလိုဟန်ဖြင့်ပိုပိုဆိုးဝါးလာသည်။
အမေဖြစ်သူအတွန်းခံလိုက်ရတဲ့အခါစိတ်ထဲဖျင်းခနဲ။
အမေလည်းသိပ်မက်မောပြခဲ့တော့
သိပ်ခယပြခဲ့တော့ဘယ်လိုမှမနိုင်နင်းတော့ဘူး
ထင်ပါ၏။လွှမ်းမိုးအနိုင်ယူခြင်းသည်လိုတာထက်
ပိုကာသူတစ်ခုခုလုပ်တိုင်းအမေ့ကိုပါတိုက်ရိုက်
သွားသက်ရောက်နေခြင်းသည်မွန်းမွန်းကျပ်ကျပ်ပါပဲ။
"အမေ့ကို မထိစမ်းပါနဲ့ !!
စကားကိုကျွန်တော်နဲ့ပဲပြော.."
ခပ်မာမာအသံထွက်လာတော့ထိုလူက
Jimin အားစူးစူးရဲရဲမျက်ဝန်းတွေဖြင့်ကြည့်လာသည်။
"ငါ ကင်မင်ဂျွန်နဲ့စပ်တူရင်းနှီးထားတဲ့
အရင်းအနှီးကနည်းတာမဟုတ်ဘူး
မင်းသာ ငြိမ်ငြိမ်သက်သက်နဲ့ဒီကိစ္စအပေါ်
ပြီးပြတ်အောင်လုပ်ပေးနိုင်ရင်အကျိုးအမြတ်က
တစ်ဘဝလုံးအေးအေးဆေးဆေးပဲ
ငါနည်းနည်းလေးမှကိုအတိမ်းအစောင်းမခံနိုင်ဘူး
ဒီလို ကိစ္စမျိုးထပ်ဖြစ်လာကြည့် မင်းအမေအရင်
အကျိုးခံစားရမယ်..."
"အဖေ ဘာစကားပြောလိုက်တာလဲ..."
"လိလိမ္မာမ္မာနေရင် အားလုံးအဆင်ပြေလိမ့်မယ်
Jimin...မင်းဘဝကိုငါအဆင့်မြှင့်ပေးနေတာ.."
"အဖေပြောနေတာ သားတစ်ယောက်ကို
အဖေတစ်ယောက်ကပြောနေတဲ့အသုံးအနှုန်း
တွေမဟုတ်တော့ဘူး...ကျွန်တော်အဆင့်မြင့်တဲ့
ဘဝကိုမသိဘူး စိတ်လည်းမဝင်စားဘူး
ကင်မင်ဂျွန်နဲ့ကိစ္စမှာ မိဘတစ်ယောက်အနေနဲ့
သားသမီးကို သင့်တော်လို့အဆင်ပြေလို့အဖေ
စေတနာရှိရှိစီစဉ်ပေးခဲ့တာမျိုးလို့ယူဆခဲ့တာ
အကျိုးအမြတ်တွေဘာတွေတွက်နေရအောင်
ကျွန်တော်က ကုန်ပစ္စည်းလား..."
"မကျေနပ်တော့မင်းမှာငါ့ကိုအာခံစရာ
ဘာအစွမ်းအစရှိလို့လဲ...."
ဘဝကတကယ်ပျက်နေတာဂျပန်မှာထဲက။
လူတွေရဲ့မျက်နှာဖုံးကိုယ်စီတွေခွါကျလာခြင်းမှာ
မလွန့်သာမလူးသာတစ်ယောက်ထဲလှိမ့်ပိန့်နေခဲ့တာ။
"JeonJungkook နဲ့ထပ်ပတ်သတ်ကြည့်လိုက်
မင်းကောင်အစပျောက်သွားစေရမယ်
ငါ့ကိုလျှော့မတွက်နဲ့ ParkJimin..
နှစ်ယောက်လုံးသတိကျပ်ကျပ်ထားနေ..."
အမေရောသူ့ကိုပါလက်ညိုးငေါက်ငေါက်ထိုးကာ
သတိပေးလိုက်ပုံက အတိတ်ကသားအရင်းမဟုတ်
လည်းသားပါပဲကာကွယ်ပေးမှာဆိုတဲ့လူတစ်ယောက်
ဆိုတာကျိန်ဆိုပြောရလိမ့်မည်။စိတ်ထင်တိုင်းတွေ
ကျဲနေပုံက မှင်သက်သွားရသည်။
နားထဲလူတစ်ယောက်ရဲ့ဆူပူသံတွေကြား
လာတော့ နားနှစ်ဖက်ကိုယောင်ယမ်းပိတ်မိတဲ့အထိ။
လက်မခံနိုင်ပါဘူး။ဒါကိုသူလက်မခံချင်ဘူး။
မှန်ပါလားလို့လက်ခံလိုက်ရမှာကိုနှလုံးသားထဲက
နာကျင်လွန်းသည်။အချိန်တွေကလည်းနှောင်းကုန်ပြီ။
ဘဝသည်လွဲပြီးရင်းထပ်ထပ်လွဲလွဲလာတော့
စိတ်ကုန်စိတ်ပျက်စွာခြေကုန်လက်ပန်းလည်း
ကျနေပြီ။ဒီလူဟာအရင်လိုလေးပဲကောင်းကောင်း
မွန်မွန်ဆိုတော်သေးပေမယ့်တစ်နေ့တခြားမယုံနိုင်စွာ
အစွယ်တွေပေါ်လာတော့ ဘာလုပ်ရမလဲမသိတော့ပါ။
မခံစားနိုင်လို့အကုန်ဖျက်ဆီးပစ်ရင်လည်းသူထိခိုက်
မှာထက်အမေကအရင်ထိခိုက်မှာ။ကိုယ်လွတ်ရုန်း
ကာထွက်ပြေးလို့လည်းမရ ကိုယ်တိုင်လည်းဘဝကို
တည်တည်ငြိမ်ငြိမ်လေးဖြစ်ချင်နေခဲ့ပါပြီ။
ဘယ်တစ်ယောက်ယောက်ကိုမှသွားပြောပြလို့
လည်းမရဘူး။တစ်ချိန်ကသူဒီလူကိုဘယ်လို
ကာကွယ်ခဲ့လဲ။ယုံကြည်ပြီးရှေ့မှာရပ်ခဲ့တာလေ။
အ်ိမ်ထဲကြိတ်လောင်မြိုက်နေရသောပြဿနာ
များသည်မီးတောက်တွေလိုတမြေ့မြေ့။
ပြောဆိုပြီးထွက်သွားတော့ အမေသည်မျက်နှာ
မကောင်းစိတ်ညစ်နေပုံရသည်။သူ့အပေါ်ထက်အပြစ်
မတင်လာတာကိုပဲကျေးဇူးတင်ရမှာမို့အိပ်ခန်းဆီ
တက်လာကာအိပ်ပျော်ဖို့ဆိုတာမဖြစ်နိုင်၍
စွဲသောက်နေရတဲ့ဆေးတချို့ကိုခပ်မြန်မြန်လေး
သောက်လိုက်ကာကုတင်ဘေးတွင်ငြိမ်ငြိမ်လေး
နေနေလိုက်သည်။
တက်လိုက်ကျလိုက်စိတ်တွေနှင့်ဘာကိုမှရေရေရာရာ
မတွေးနိုင် ဘာကိုမှမဆုံးဖြတ်နိုင်ပါ။
ဘယ်အရာတွေကိုကြောက်လို့ကြောက်နေမှန်းမသိ
တဲ့ဆိုးဝါးလွန်းသောစိတ်မလုံခြုံခြင်းတွေသာရှိနေခဲ့သည်။
~~~~~~
"Morning Min....."
ကြည်လင်ရွှင်ပြနေတဲ့ကင်မင်ဂျွန်ဟာ
မနက်လင်းသည်နှင့်အပြင်သွားဖို့လာခေါ်သည်။
စိတ်ကြည်လင်နေပုံရသောမျက်နှာသည်
ပြုံးရွှင်နေလျှက်။ကားတံခါးအသင့်ဖွင့်ပေးလာ
တဲ့အခါ ဝင်ထိုင်လိုက်သည်။
"ငို ထားတာလား..."
"မငိုပါဘူး..."
"ကိုယ် မင်း အဖေကို မဆူဖို့မပြောဖို့
သေချာမှာခဲ့တာကို ဆူလိုက်ပြန်ပြီထင်တယ်
အဆင်ပြေရဲ့လား..."
ထိုဓာတ်ပုံတွေသည်ကင်မင်ဂျွန်Jiminနောက်
လူလွှတ်ထားခြင်းမှရတဲ့ပုံများဖြစ်ပြီး
တစ်ဖက်လှည့်နှင့်အဖေဖြစ်သူလက်ထဲထည့်ကာ
သူမသိချင်သလိုဟန်ပြုခြင်းဖြစ်သည်။
သေချာပေါက်ပြဿနာတက်မှာသိတယ်။
သူမြင်မြင်ချင်းအရမ်းလည်းလောင်နေပါတယ်။
ဒါဟာသူ့ကိုလုံးဝဂရုမစိုက်ခြင်းလျှော့တွက်ခြင်းပဲ။
ဒီကောင်လေးကိုရခါနီးမှဘာလွဲချော်မှုမှမလိုချင်ပါ။
Jeon Jungkookဆိုတာလုံးဝလျှော့တွက်လို့မရတဲ့
Jimin ရဲ့ပတ်သတ်မှုမှန်းကောင်းကောင်းသိမြင်တာ
ကြောင့်အမြစ်မြန်မြန်ဖြတ်မှရလိမ့်မည်။
"Hyung သိလို့မကျေနပ်ဘူးဆိုလည်း
ကျွန်တော် ဘာမှရှင်းမပြနိုင်ဘူးနော်
ကြိုက်တာလုပ်လို့ရတယ်..."
"ဘာမှမလုပ်ပါဘူး...ကိုယ်ကမင်းစိတ်ပင်ပန်း
နေမှာကိုစိုးရိမ်ရုံအပြင်တခြားဘာမှမရှိဘူး"
အသက်၃၀နားကပ်လာသောလူကြီးတစ်ယောက်လို့
သတ်မှတ်လို့ရတဲ့ကင်မင်ဂျွန်ဟာရင့်ရင့်ကျက်
ကျက်ပြုံးပြကာကြင်ကြင်နာနာဆိုလာသည်။
"ပြီးတာပဲ...ခုတလောစကားတွေအများကြီး
ဘယ်သူကိုမှမပြောချင်ဘူး"
"စေ့စပ်ပါတီလေးကိုတော့ခုတစ်ပတ်အတွင်း
လုပ်တာပေါ့ Min အဲ့ကျစကားနည်းနည်းတော့
ပြောရလိမ့်မယ်.."
"ဘယ်လို!"
လန့်သွားသောJimin၏မျက်နှာကို
ကင်မင်ဂျွန်ပြုံးယဲ့ယဲ့စိုက်ကြည့်ကာ
"ဘာပြဿနာရှိလို့လဲ ကိုယ်တို့ကလက်ထပ်ကြမယ့်
သူတွေပဲလေ မင်းနဲ့ကိုယ်ဟာ မကြာခင်တရားဝင်
လက်ထပ်တော့မှာဖြစ်ကြောင်းမင်းကိုကိုယ်ကပဲပိုင်
ကြောင်း သေချာမသိတဲ့သူတွေကိုဖိတ်ပြီး
သိအောင်ပြချင်လို့လေ ထုတ်ကြွားတဲ့သဘောပေါ့"
"ဘယ်လိုနေနေလေ..ကျွန်တော့်ကို တိုင်ပင်ဦးမှပေါ့..."
"မင်းအဖေက မင်းလက်ခံမှာပါတဲ့
အင်းလေ လက်မခံနိုင်စရာဘာရှိလို့လဲ..."
"ဟုတ်ပါတယ် လက်မခံနိုင်စရာမရှိပါဘူး
ဒါပေမယ့် ကျွန်တော့်အပေါ်လေးစားမှုနဲ့
တိုင်ပင်မှုတော့ရှိရမယ်လေ..."
"Min က ကိုယ်အေးဆေးတိုင်ပင်လို့ရအောင်
မအားလပ်နေဘူးလေ သွားလာနေတဲ့
လမ်းတွေကများနေတာကို..."
စေ့စပ်တယ်ဆိုတာလည်းတစ်နည်းအားဖြင့်
လက်ထပ်ဖို့လုံးဝသေချာနေပြီဆိုတာကို
ပြသောပြယုတ်။လက်ထပ်လိုက်တာမျိုး
မဟုတ်ပေမယ့်လည်းဤအခြေအနေဖြစ်ပြီးသွားရင်
ပြန်နောက်ဆုတ်ဖို့ဆိုတာမဖြစ်နိုင်တော့သည့်အထဲ
ပါပါ၏။ထို့ကြောင့်အရေးကြီးသောပွဲတစ်ပွဲပါပဲ။
သေချာပေါက်ဒီလူနဲ့တစ်ဘဝလုံးလျှောက်ရတော့မှာလေ။
"Hyung ကျွန်တော့်ကို မကျေနပ်ချက်မရှိဘူး
ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား ရွဲ့နေသလိုပဲ
ရွဲ့လည်း ParkJiminက တည့်ပေးမှာမဟုတ်ဘူး
နော် အထူးသဖြင့် JeonJungkookနဲ့ပတ်သတ်
လာရင် ဘယ်သူ့ကိုမှ စကားမပြောဘူး..."
ဟုတ်တယ်..သူက JeonJungkook နဲ့ပတ်သတ်
လာရင်ဘာမှမပြောဘူး။အဲ့ဒီဘာမှမပြောဘဲ
JeonJungkook လို့သူ့နှုတ်ကထွက်တိုင်း
တစ်ချ်ိန်ထဲမှာရင့်သီးတောက်ပနေတဲ့မျက်လုံးတွေက
အရောင်တစ်မျိုးဖြင့်လှနေတာသည်မနာလိုစရာပါ။
ကင်မင်ဂျွန်က ခပ်ရွဲ့ရွဲ့ပြုံးလိုက်ကာ
"သိပါတယ်....ကိုယ်ရွဲ့လည်းမရွဲ့ပါဘူး
ပွဲကိုပဲခေါင်းထဲထည့်ကြတာပေါ့.."
"ခုတစ်ပတ်အတွင်းက
အရမ်းမြန်လွန်းတယ် ကျွန်တော်စဉ်းစားဦးမယ်
စိတ်အဆင်မပြေသေးဘူး..February လက်ထပ်
တာကိုတောင် ကျွန်တော့်စိတ်အခြေအနေနဲ့
ရပါ့မလား ပြန်တွေးနေရတာ.."
"ကိုယ်အားလုံးစီစဉ်ပြီးပြီ..
မင်းအဖေနဲ့လည်းအားလုံးအိုကေနေပြီ..
မစဉ်းစားနဲ့တော့ ..."
"Hyung!.."
"မင်းစိတ်အခြေအနေကြည်သလား
နောက်သလားကိုစောင့်ပြီးလုပ်ရမယ့်
အလုပ်တွေမဟုတ်ဘူးလေ Min
ကလေးမဆန်စမ်းပါနဲ့..."
"ကလေးဆန်နေတာHyungမဟုတ်ဘူးလား"
"မတတ်နိုင်ဘူး မင်းအနေနဲ့ဒါကိုလုပ်လို့
ဘာမှလည်းအဆင်မပြေစရာမရှိဘဲနဲ့
အေးဆေးပဲကို....အတူတူပွဲတက်ကြပေါ့
ဟုတ်ပြီလား ပျော်စရာကောင်းမှာပါကွာ..."
အစစ်အမှန်မမည်တော့သောဘက်ပြိုင်
သလိုမျက်လုံးတွေဖြင့်Jiminမျက်နှာနား
ရုတ်တရက်အနီးဆုံးကပ်ကာဆိုပုံသည်
လောင်လောင်မြိုက်မြိုက်ပဲ။
သူ့ကိုတစ်ခုလောင်စေရရင်သူကလည်း
သူဘာဆိုတာပြန်ပြချင်ပါသေးသည်။
လောင်တာကိုတော့ထုတ်ဖော်မပြတော့ဘဲ
အထိမိဆုံးအလုပ်ကိုသာရွေးလုပ်လိုက်ခြင်း
သည်လည်းအနိုင်ပဲမလား။
လူသိရှင်ကြားပွဲလုပ်ပတ်သတ်နေကြပါတယ်
ဟုစေ့စပ်တံဆိပ်ခတ်နှိပ်ပြီးဖို့သာအရေးကြီးပါ
သည်။
လူကလည်း ရူးနေအောင်လှသလို
ပိုင်ဆိုင်ဖို့ကလည်းအလွန်ကိုမှခက်ခက်ခဲခဲလေး။
ဒါပေမယ့်ပိုင်ဆိုင်ပြီးသွားရင်တော့
ကိုယ့်သဘောကိုယ့်စိတ်ဖြစ်ပြီ။
စိတ်တော့နည်းနည်းရှည် ခေါင်းတော့နည်းနည်း
သုံးရတာပေါ့လေ။
"ခု အဲ့ပွဲအတွက်Shopping ထွက်မလို့
လာခေါ်တာ သွားမယ်နော် တစ်နေကုန်
ကိုယ့်ကိုအချိန်ပေး..."
အော်ဟစ်သောင်းကျန်ချင်လာသောစိိတ်တွေ
ကိုခဏခဏသိမ်းပိတ်ထားရ၍
လူသည်ကျပ်သိပ်နေပါသည်။
ကားကူရှင်ကိုမှီမျက်လုံးတွေမှိတ်လိုက်ကာ
စိတ်ပင်ပန်းခြင်းဝေဒနာအားသည်းခံနေလျှက်။
အတိတ်ကအချိန်ကောင်းတွေ အခိုက်အတန့်တွေ
လူတွေ သူငယ်ချင်းတွေဘာဆိုမှဘာမှပြန်မရတော့
တာလည်းသေချာနေပြီမို့ ကိုယ်ခုဖြစ်ပျက်နေရတဲ့
ပစ္စုပ္ပန်ကိုသာ အဆင်အပြေဆုံးဖြတ်သန်းရမည်။
သူတစ်ယောက်ထဲသာရှိသည်။
သူ့ဘက်မှာသူပဲရှိသည်။
သူပြိုလဲကျလို့မဖြစ်ပါဘူး။
~~~~~~
"ဘဝ ဆိုတာ...."
Seok1နှင့်Jeon မူးပြဲနေအောင်သောက်စားပြီး
အိမ်အပြန်လမ်းသည်မှောင်မဲနေပြီ။
ပုခုံးချင်ဖက်ကာတောင်အော်မြောက်အော်
အော်ရင်း နှစ်ယောက်လုံးရေချိန်တော်တော်
ကိုက်နေခဲ့ပါ၏။
"အခိုက်အတန့်ပါ Seok1.ရေ အရာအားလုံးက
အခိုက်အတန့်တွေပါပဲ..."
"ငါဒီညရည်းစားလိုချင်နေတယ်..."
"ရှာ...."
"မင်းရော....မင်းရောရည်းစားမထားတော့ဘူးလား"
"၃ယောက် ....၃ယောက်ပြိုင်ထားမှာ
အကြိုက်မတွေ့သေးလို့ တွေ့တာနဲ့တွဲပြီပဲ.."
"များလိုက်တာကွာ..."
"အချစ်တွေခွဲဝေပေးမယ်...တစ်ယောက်နဲ့
အဆင်မပြေရင် တစ်ယောက်ဆီသွား..
ဘယ်လောက်မိုက်လိုက်မလဲ...."
"ငါရော ငါလည်း ထားချင်တယ်....."
"Seok1နဲ့အတူတူ အချစ်တွေရှာကြတာပေါ့.."
"အေးကြိုက်ပြီ..."
အုန်း...။
"အ!!!!..."
နှစ်ယောက်အတူတူလမ်းလျှောက်လာသော
အခြေအနေတွင် Jeonရဲ့ခေါင်းတည့်တည့်ကို
ပြင်းထန်သောရိုက်ချက်တစ်ခုနဲ့ကျောပြင်ကို
နောက်ထပ်ရိုက်ချက်တစ်ခုကျရောက်လာခဲ့သည်။
စက္ကန့်ပိုင်းလောက်မူးဝေသွားကာချောင်းအရိုက်ခံ
လိုက်ရပြီဆိုတာသိလိုက်ရသည်။
Seok1လည်းထိသွားကာ ချက်ချင်း၂ယောက်လုံး
ပြန်တုံ့ပြန်ခဲ့ကြသည်။
"ဘယ် အောက်တန်းစားတွေလဲ!!!!!"
နောက်ပြန်လှည့်ကာရန်ပွဲတစ်ခုကိုစတင်
လိုက်တော့တုတ်တွေဖြင့်လူအင်အားနည်းနည်း
များပါ၏။နှစ်ယောက်လုံးစီပြေးဝင်လာကြပြီး
ဝိုင်းရိုက်ကြတော့သည်။SeokJinကတော်ရုံမဟုတ်
၍အလစ်အငိုက်ပဲသူတို့ရပါလိမ့်မည်။
လက်ထဲတုတ်တစ်ချောင်းရတဲ့အခါကျွမ်းကျင်စွာ
ပြန်ရိုက်သည်ကတစ်ယောက်နဲ့အများ။
Jeonသည်ဒေါသထွက်သွားလျှင်
သရဲ၃ကောင်လောက်ဝင်ပူးသလို
ထိန်းမရနိုင်တဲ့သူ။ခုကအသားပါနာသွား၍
ပါးစပ်ကလည်းအစုံအစိအော်ဟစ်ပြောဆိုနေကာ
ပြန်ရိုက်သည်ကရက်ရက်စက်စက်။
ရန်ပွဲသည်ကြာမြင့်သလိုနှစ်ဖက်လုံးလည်း
အထိနာခဲ့သည်။Jeonရဲ့ကျောပြင်တစ်ခုလုံး
အထိမခံနာကျင်နေကာခေါင်းသည်အခြေအနေမဟန်။
သို့သော် JinHyungလည်းရှိတာမို့တစ်စက်မှ
မလျှော့ဘဲအားကုန်သုံးပြန်ရိုက်သည်။
ရိုက်နေကြတုန်းမှာပဲတချို့ထွက်ပြေးသွားကာ
ကျန်ခဲ့သောသတ္တိခဲကောင်တစ်ကောင်၏ရင်ဝအား
ဆောင့်ကန်ကာJeonက ဖိနပ်ဖြင့်ဖိထားပြီး
တုတ်ဖြင့်မျက်နှာတည့်တည့်ကိုရွယ်ထားလျှက်
"ဘယ်က ကောင်တွေလဲ ဘာကိစ္စငါတို့ကို
လာထိရဲတာလဲ!!!!"
"ParkJimin နားကိုနောက်တစ်ခါထပ်မကပ်ဖို့
မှာလိုက်တာ အပြင်တခြားထပ်မပြောနိုင်ဘူး..."
"ဘာ!! ဘာ!! ...."
အံ့ဩလွန်းလို့။ParkJimin ဆိုတဲ့နာမည်မှာ
အဆိပ်တက်သွားပြီ။ရည်းစား၃ယောက်ပြိုင်ထား
ဖို့စိတ်ပြင်ဆင်ရုံရှိသေးသည်အလိုက်ကန်ဆိုးမသိ
သတိလာပေးသလိုအမည်နာမ။ဘယ်လောက်များ
တင်တင်စီးစီးလည်းဆိုတာသာကြည့်။
"ParkJimin နားကိုမကပ်နဲ့ သူမကြာခင်
လက်ထပ်တော့မှာ ...."
"အားးးး!!!"
သွေးရူးသွေးတန်းနှင့်ကောင်အားတစ်ချက်ရိုက်
လိုက်ကာ Jeonသည်တောက်တစ်ချက်ပြင်းပြင်း
ခေါက်လိုက်သည်။
"ငါ့ကို ဒုက္ခပေးလို့ မဝနိုင်တဲ့မိသားစု..."
JinHyungကိုလှမ်းကြည့်တဲ့အခါပါးတစ်နေရာ
သည်ပြတ်ရှရာတစ်ခုဖြစ်သွားပြီးအလွန်နာကျင်
နေဟန်ရှိသည်။လူအများကြီးကို၂ယောက်ထဲရင်ဆိုင်
လိုက်ရ၍အထိနာကာထပင်မထနိုင်တော့။
ဒေါသသည်ပိုထွက်သွားခဲ့သည်။JinHyungက
ဘာမှကိုမဆိုင်တဲ့သူမလား။
"ပြောစမ်း!!!မင်းတို့ကိုဘယ်သူခိုင်းတာလဲ...
ဘယ်သူခိုင်းတာလဲ!!!!"
"ဘယ်သူခိုင်းတယ်ကိုမပြောနိုင်ဘူး
ParkJiminနားကိုပဲမကပ်နဲ့ ..."
"ခွေးကောင်!!!!"
ထပ်ဖြတ်ကန်လိုက်သည်။ဒါဘယ်သူခိုင်းတာလဲ
ဆိုတာခက်ခဲစွာစဉ်းစားနေဖို့မလို။
ParkJiminရဲ့ချစ်လှစွာသောအဖေနေရာယူ
ကောင်နဲ့ ကင်မင်ဂျွန်တစ်ယောက်ယောက်ပဲ။
နှစ်ယောက်ပေါင်းလုပ်တာလည်းဖြစ်နိုင်သည်။
ဒေါသတွေသည်အလိပ်လိုက်ပဲ။
သူ့ဟာသူအရက်သောက်အေးရာအေးကြောင်း
နေနေခြင်းကိုဘလိုင်းကြီးလာရန်စတာ။
"တောက်!!!! ခွေးတွေ!!!"
"Jimin နားကိုမင်းဘယ်တုန်းကကပ်လို့
လာချောင်းရိုက်တဲ့အထိတောင်သောက်ကြီး
သောက်ကျယ်လာလုပ်ကြတာလဲ
သေကုန်ရင်ဒုက္ခ...ငါရည်းစားမရသေးဘူး.."
"တွေ့မယ် ..."
Jeon သည် JinHyungစကားဆုံးသည်နှင့်
ပိုကြီးတဲ့တုတ်တစ်ချောင်းကောက်ကိုင်လိုက်သည်။
"ဘာလုပ်မလို့လဲ..."
"စာရင်းသွားရှင်းမလို့လေ ဒါဘလိုင်းကြီး
အကြောခံရတာ ကျွန်တော်ဘာလုပ်လို့လဲ
ကျွန်တော့်အကန့်နဲ့ကျွန်တော်နေတာ
ParkJiminနဲ့လည်းဘာဇယားမှမရှိတော့ဘူး
သူ့ပထွေးနဲ့သူ့သတို့သားလောင်းကျက်သရေ
တုံးတွေ အပြင်တခြားဘယ်သူမှမရှိဘူး
သွားပြန်ရိုက်မလို့!!!"
"လူတွေဘယ်မှာရှိလဲသိလို့လား..."
"ParkJimin အိမ်ကိုသွားမယ် မတွေ့ရင်
ParkJimin ရှင်းရမယ် ကျွန်တော့်အသားနာ
တာအကုန်တာဝန်ယူရမယ် သူပါမကျေမလည်
ဆိုသူ့ပါရိုက်မယ် !!!!"
"ဒီအနီးအနားမှာ ကျွန်တော်တို့ကျောင်းတုန်းက
အသိဆရာဝန်တစ်ယောက်ဆေးခန်းထိုင်တယ်
Hyung ကိုထားပေးခဲ့မယ် ဆေးထည့်ပြီး
Seok2ကိုလှမ်းခေါ်လိုက်ပြီး ပြန်လိုက်တော့...."
"မင်းတစ်ယောက်ထဲဖြစ်ပါ့မလား..."
"ဖြစ်တယ်...."
SeokJinက တားမဲ့သူမျ်ိုးမဟုတ်ပါ။ကိုယ်တိုင်
လည်းအလွန်နာကျင်သွား၍မကျေနပ်။
Jeonနဲ့အတူလိုက်ဖို့တောင်သူ့အခြေအနေမဟန်
တာကိုလည်းဒေါသထွက်နေသည်။
သူ့လူတချ်ူ့ကိုအမြန်ဆက်သွယ်ပြီး
Jeon ဆီစစ်ကူပို့ရန်တွေးလိုက်သည်။
လဲပြိုနေသောလူတွေအားထားခဲ့ကာ
JinHyungကိုJeonကတွဲလျှက်
ဆေးခန်းဆီမြန်မြန်ခေါ်သွားပြီးထားခဲ့သည်။
ထို့နောက်ဒေါသတကြီးပဲ Jimin အိမ်ကို
မိုက်ကြေးပြန်ခွဲရန်တုတ်တစ်ချောင်းဖြင့်
ထွက်လာခဲ့တော့သည်။
~~~~~~
"ေမာင္!! ငါ မာဖလာေလးခုေတာင္ထိုးလာတယ္.."
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနစဥ္အခန္းတံခါးအား
ဝုန္းဒိုင္းဖြင့္ဝင္လာေသာအသံေၾကာင့္Jeonလန့္နိုးသြား
သည္။အိပ္ေခါက္ပ်က္သြားျခင္းေၾကာင့္လွမ္းေအာ္
လိုက္ခ်င္ေပမယ့္ေအာ္ခ်္ိန္မရအိပ္ရာေပၚခုန္တက္ကာ
ခႏၶာကိုယ္ေပၚခြလာေသာသူ။
"အိပ္ေနတာကြာ...အေစာႀကီးကို..."
"မအိပ္နဲ႔...ငါတစ္ညလုံးထိုးထားရတာ ထၾကည့္
ခုထၾကည့္.."
ဝါသနာကဘာလဲေရေရရာရာေတာ့သူမရွိေပမယ့္
Jim inကHandmade ေလးေတြလုပ္တာလည္းရသည္။
သီခ်င္းလည္းအနည္းအပါးဆိုသည္။ပရဟိတဘက္
ေတြလည္းစိတ္ဝင္စားခဲ့သူျဖစ္သည္။ဆရာဝန္ႀကီး
သူေဌးႀကီး လၽွမ္းလၽွမ္းေတာက္အႏုပညာရွင္လို႔
ႀကီးမားတဲ့အိမ္မက္ေတြကိုျပင္းျပင္းထန္ထန္မမက္ခဲ့ဘူး။
သူကသူ႔Lifestyle ေလးနဲ႔သူသြားခဲ့တဲ့သူ။
အခ်ိန္တန္ရင္ ဘြဲ႕ယူၿပီးရင္သူCompany ေကာင္း
ေကာင္းမွာအလုပ္ဝင္မယ္။ၿပီးရင္ေမာင့္ကိုလက္ထပ္မယ္။
ဒါသူ ..အရိုးရွင္းဆုံးေတြးခဲ့တာပဲ။
"ေမာင္ ထၾကည့္လို႔!!!"
"ေညႇာင္စိန္ပဲ...ငါခ်စ္လိုက္ရရင္ေတာ့..."
အေပၚပိုင္းဗလာျဖင့္Jeonဟာအိပ္မွုံစုံမႊားျဖင့္
ထလာသည္။ထထိုင္ကာကုတင္ေခါင္းရင္းမွီ
ထိုင္ေတာ့ေပါင္ေပၚခပ္တည္တည္ပဲလာထိုင္သည္။
"ဆင္း....ေလးတယ္..."
"မဆင္းဘူး ထိုင္မွာပဲ..."
ခႏၶာကိုယ္ေသးေသးေလးအားသိမ္းက်ဴံးဖက္
ထားလိုက္ကာအိပ္ေရးမဝေသး၍သူ႔ပုခုံးေလး
မွီျပန္အိပ္ဖို႔လုပ္သည္။
"အဝါေရာင္တစ္စုံ အနီေလးတစ္စုံ
TaeHyungတို႔အဆင္ေျပသြားတဲ့အခါ
မဂၤလာေဆာင္ရင္လက္ဖြဲ႕ၿပီး ငါတို႔ေလးေယာက္
ဒီမာဖလာေလးေတြနဲ႔ဓာတ္ပုံရိုက္ဖို႔ေလ
ေမာင္...ဘာအေရာင္ယူခ်င္လဲ..."
"အနီ...."
"ဘာလို႔ အနီလဲ အနီက TaeHyungရဲ့အေရာင္ေလ
သူကအနီနဲ႔အရမ္းလိုက္တာ Yoongiကလည္း
အသားအရည္လွေတာ့ကြက္တိပဲ ေမာင္အနီယူလို႔
မရဘူး ငါအဝါေရြးထားတာ.."
"အဲ့တာဆို ဘာလို႔ေမးေနေသးတာလဲ.."
"ေမာင့္ဆုံးျဖတ္ခ်က္ကိုအေလးထားလို႔ေလ.."
"ခုဒါဆို အနီကို ကေလးက ျပန္ေရြးမွာလား.."
"မေရြးပါဘူး အဝါေလးပဲ ငါလွဖို႔အေရးႀကီးတယ္"
လုံးေခ်ဖ်စ္ညႇစ္ၿပီးဝါးစားလိုက္ခ်င္တယ္။
စားမရလို႔ လက္ေသးေသးေလးယူကိုက္ေတာ့
ေအာ္တာေပါ့။
"မကိုက္နဲ႔!!!"
"ကိုက္မယ္..."
အတင္းအက်ပ္ဖက္ကာေမာင့္ဘက္ကအသဲအူ
ယားေနေပမယ့္ကေလးကသူ႔မာဖလာေလး
ေလးခုကိုတသသ ။အိပ္ရာေပၚျဖန့္ခင္းကာ
သူ႔ၿပီးေျမာက္လာေသာအလုပ္ေလးမို႔ၾကည့္မဝ
ျဖစ္ေနသည္။
"ေမာင့္ကို ပတ္ေပးၾကည့္မယ္..ခဏလႊတ္ဦး.."
"အကၤ်ီမပါဘူး မာဖလာတစ္ခုထဲပတ္လို႔
ငါအ႐ူးနဲ႔တူမွာေပါ့.."
"ေမာင္က႐ူးေနတာပဲဟာ အဆင္ေျပပါတယ္.."
"မင္းကို...မခ်စ္လိုက္တာ..."
"ငါကေတာ့..ခ်စ္တယ္"
အဝါေရာင္မာဖလာေလးကိုသူ႔ကိုယ္သူ
အရင္လွလွေလးပတ္လိုက္ၿပီး တကယ္လည္း
သူနဲ႔သိပ္ခ်စ္ဖ္ို႔ေကာင္းခဲ့တယ္။Jeonဟာျပဳံးျပဳံး
ေလးၾကည့္ေနခဲ့သည္။Jeonကိုပါေသေသခ်ာခ်ာ
ေလးဆင္ျမန္းေပးၿပီးဒီဇိုင္နာဟန္လုပ္ေနပုံက
တက္တက္ႂကြႂကြ။
"အမယ္ေလး ခန့္ညားလိုက္တာ
ေယာက်္ားခ်က္ခ်င္းေတာ္ခ်င္သြားၿပီ
ၿငိမ္ၿငိမ္ေန TaeHyungကိုVideo Callေခၚမယ္"
"ေပါေတာေတာေတြလုပ္ျပန္ၿပီ..."
"ၿငိမ္ ...."
ေမာင္သည္အသက္ပင္မရွုေတာ့ေက်ာက္႐ုပ္ႀကီးလို
ခ်က္ခ်င္းျဖစ္သြားသည္။
Video Callေခၚလိုက္ေတာ့အငိုမ်က္လုံးျဖင့္
Screen ေပၚေပၚလာေသာTaeHyungသည္
ကြဲျပဲေနျပန္ၿပီ။
"ဘာလဲ ဘာလဲ...ငါအဆင္မေျပဘူး.."
"ထယ္ ငါေလ မာဖလာေလးေတြထိုးလို႔ၿပီးၿပီ
ဒီမွာ ေမာင္ဝတ္ထားတာကငါတို႔ဆင္တူ
မင္းတို႔အတြက္လည္းၿပီးၿပီ ဒီမွာနီနီေလးေတြ
မင္းတို႔မဂၤလာေဆာင္က်ရင္ လက္ဖြဲ႕မယ္ေနာ္
ႀကိဳက္လား ႀကိဳက္လား..."
"မႀကိဳက္ဘူး !!MinYoongiရည္းစားေတြ
ထပ္ထားျပန္ၿပီ ဘာမဂၤလာေဆာင္လဲ
လာေျပာင္ေနတာလား မင္းကိုငါလုပ္မိေတာ့မယ္
ParkJimin..."
"မသိဘူး မသိဘူး ခ်စ္ရင္ညားတယ္
ငါေျပာရင္ယုံ ယုံၾကည္ခ်က္ကိုထားစမ္းပါကြာ.."
"တိတ္စမ္း..."
"ဒီမွာ ငါ့ရည္းစားႀကီးကိုၾကည့္စမ္းပါ..
မာဖလာတစ္ခုထဲဝတ္ထားတာဘယ္ေလာက္
Sexyက်လဲ...မင္းအလွည့္က်လည္းYoongi
ကိုဒီတစ္ခုပဲဝတ္ခိုင္း.."
"ေစာေစာစီးစီး ေမွာင္မဲေနလိုက္တာ
မျမင္ရေတာ့ဘူး မင္းတို႔ေတြလြန္လြန္အားႀကီးတယ္"
"လြန္ေတာ့ဘာျဖစ္လဲ..."
"ေတာ္ေတာ့ ငါတို႔ဟာေလးေတြအနီးကပ္ျပ
အေရာင္ၾကည့္ခ်င္လို႔.."
TaeHyung ကိုသူႂကြားေနေတာ့သည္။
သိပ္ေပးခ်င္ခဲ့မွန္းသိပ္သိသာတာပဲ။
သူက သူ႔အခ်စ္အေပၚမွာယုံၾကည္ခဲ့တာမ်္ိုးမဟုတ္။
သူ႔ေဘးကအခ်စ္ေတြအတြက္ပါယုံၾကည္ခဲ့တဲ့သူ။
အခ်စ္ကိုသိပ္ကိုးကြယ္လြန္းတာ။
အခ်စ္ကိုပဲမ်က္ႏွာမူခဲ့တာ။
"ေမာင္ပဲသိမ္းထားလိုက္ေနာ္..ႏွစ္ခုလုံး"
"အင္း....ပင္ပန္းသြားမွာပဲေနာ္..ကေလး..."
"နည္းနည္းပါ....ေခါက္ဆြဲေကာင္းေကာင္းေလး
စားလိုက္ရရင္အဆင္ေျပမယ္ထင္တယ္.."
"ေကၽြးမယ္...."
Jeon ကလည္တိုင္ကမာဖလာနဲ႔
အခ်ိန္တိုင္းအစားအေသာက္ကိုသာေတြးေနေသာ
ေကာင္ေလးအားဆြဲယူလိုက္ကာမ်က္ႏွာခ်င္းဆိုင္
ေတာ့အျပစ္အနာမရွိခဲ့ေလေသာမ်က္ႏွာဖူးဖူး
ေလးက ၅ႏွစ္ေျမာက္ေသာခ်စ္သူသက္တမ္းအထိ
လည္းၾကည့္လို႔မဝနိုင္ေသး။
"ေမာင္...ငါစားခ်င္တာေခါက္ဆြဲေနာ္ ....."
"အင္းပါ..."
အဝါေရာင္မာဖလာေလးေတြေရာေႏွာရွုပ္ယွက္ခတ္
သြားကာ Jeonရဲ့ၾကဳံရာဆုံရာနမ္းသြားရာခရီးလမ္း
တစ္ေလၽွာက္ တခစ္ခစ္ရယ္သံေလးေတြသည္
အခ်္ိန္ေတာ္ေတာ္ၾကာရပ္တန့္မသြားခဲ့။
အတိတ္၏ပုံရိပ္ေတြတစ္ခန္းရပ္သြားေတာ့
TaeHyung သည္အနီေရာင္မာဖလာေလးကို
ထုတ္ၾကည့္ရင္းYoongi ဝင္လာေတာ့ခ်က္ခ်င္း
သိမ္းဆည္းလိုက္သည္။
"စိတ္မေကာင္းျဖစ္ေနျပန္တာလား..."
"နည္းနည္း....ပါ...."
"အဆင္ေျပသြားမွာပါ...
ကိုယ္တို႔ဘာကိုမွတသတ္မတ္ေတြးထားလို႔
မရဘူးေလ Jiminသင့္ေတာ္တဲ့သူနဲ႔
လက္ထပ္ၿပီးသူ႔ဘဝသူေျဖာင့္ျဖဴး
သြားတယ္ဆိုလည္းလက္ခံရမွာပဲ...
ဘဝကိုလက္ေတြ႕က်က်ေတြးရေခၚရျဖတ္သန္းရမယ့္
အခ်ိန္ေတြေရာက္လာၿပီေလ..ထယ္"
"ဒီအရာေလးကိုစျပတဲ့ေန႔ကသူယုံၾကည္မွု
ေတြအမ်ားႀကီးရွိေနခဲ့ရက္နဲ႔အစ္ကိုရယ္
Jungkook ကို ႐ူးေနေအာင္ခ်စ္တာလည္း
သိသာေနရက္နဲ႔...ဘာလို႔မ်ား..."
"သူဘာေတြခံစားခဲ့ရလဲမွမသိတာ...
ဘယ္အတိုင္းအတာအထိေတြမ်ားသူေတြးခဲ့လဲမွ
မသိတာ...လူေတြကခံနိုင္ရည္ခ်င္းမတူၾကဘူးေလ
ဒါေလးကို ဒါေလးေတာင္မွ ငါဆိုရင္ ငါ့တုန္းက
ငါဆိုဘယ္လိုမ်ိဳးသန္မာတာ ျဖတ္သန္းတာ
အဲ့တာေတြအဆင္မေျပဘူး
႐ူးေနေအာင္ခ်စ္ေနလို႔ ႐ူးသြားတာမ်ိဳးလည္း
ျဖစ္နိုင္တာပဲေလ..."
ႏွစ္ေယာက္စလုံးရဲ့ျပတ္သားခ်က္ေတြက
ဘာကိုမွေမၽွာ္လင့္လို႔မရေတာ့တာမို႔ဒီလိုပဲ
အၿပီးအပိုင္တစ္ဘဝစီျဖစ္သြားေတာ့မွာကို
ေတြးကာTaeHyung သည္အနီေရာင္မာဖလာ
ေလးကိုသာေတြေတြေလးစိုက္ၾကည့္ေနခဲ့သည္။
~~~~~~~။
မ်က္ႏွာေပၚပစ္ေပါက္လာေသာဓာတ္ပုံေတြ၏
အရွိန္သည္ျပင္းလြန္းတာေၾကာင့္နာသြားသည္။
ၾကမ္းျပင္ေပၚျပန့္က်ဲက်သြားေသာပုံေတြကို
ၾကည့္လိုက္ေတာ့ သူနဲ႔Jungkook Hoseokဆိုင္
ထဲကပုံမ်ားျဖစ္ေနသည္။ဆိုင္ထဲအေျခအတင္ျဖစ္
တာေတြအခန္းတစ္ခုထဲဝင္သြားတာေတြကအစ
အတိအက်။ႏွလုံးခုန္သံေတြေဆာင့္တက္သြားသည္။
တကယ့္ျပႆနာပဲ။
"ရွင္းစမ္း!!!!"
ကင္မင္ဂၽြန္ျပန္သြားတဲ့ပုံရၿပီးအေဖေနရာယူထား
သူႏွင့္အေမျဖစ္သူသည္တင္းမာေသာမ်က္ႏွာ
မ်ားျဖင့္Jiminအားေစာင့္ေနၾကသည္။
"ငါ မင္ဂၽြန္ကို ဘယ္မ်က္ႏွာနဲ႔ေျဖရွင္းလိုက္ရလဲ
သိလား!!!မင္းမွာဆင္ျခင္နိုင္တဲ့ဦးေႏွာက္မရွိ
ေတာ့ဘူးလား ျပတ္ၿပီဆို!!!"
"ျပတ္တယ္...ဒါဘာမွမဟုတ္ဘူးဒီတိုင္းၾကဳံလို႔...."
"ၾကဳံလို႔ ၾကဳံလို႔ဟုတ္လား..."
ထိုင္ေနရာမွစိတ္မထိန္းနိုင္သလို႐ုတ္တရက္
ထလာေအာင္လက္တစ္ဖက္ရြယ္လၽွက္ေျပး
ဝင္လာေတာ့မ်က္ႏွာကိုလက္ျဖင့္ေယာင္ယမ္း
ကာမိလိုက္သည္။
ပထမဆုံးကိုယ္ထိလက္ေရာက္ဆိုတဲ့
အေျခအေနတြင္သိပ္လန့္သြားခဲ့ေသာမ်က္လုံး
ေတြဟာမ်က္ေတာင္မခတ္ၿငိမ္သက္သြားသည္။
အသက္ရွုသံျပင္းျပင္းတစ္ခ်က္သာၾကားလိုက္ရသည္။
ေျပးရိုက္သည္အထိေတာ့မထင္ထားေသာေၾကာင့္အေၾကာက္လြန္သြားေသာလကၡဏာပဲ။
အေမျဖစ္သူ၏လွမ္းဆြဲထားမွုေၾကာင့္Jimin
ဆီမေရာက္ခဲ့။သူသည္ Jiminအေမအား
တြန္းလႊတ္လိုက္ကာ
"ငါ့ကို လာမဆြဲနဲ႔ !!ဆုံးမေလ မင္းကိုယ့္သားကို
မဆုံးမနိုင္ဘူးလား...ငါစီစဥ္ထားတဲ့ကိစၥေတြ
ပ်က္ဆီးလို႔ကေတာ့ ႏွစ္ေယာက္လုံးလြယ္မယ္
မထင္နဲ႔!!!"
"ကၽြန္မေတာင္းပန္ပါတယ္..."
"ဘာကိုလာေတာင္းပန္ေနတာလဲ မင္ဂၽြန္က
နားလည္ေပးလို႔ေပါ့ ျပႆနာရွာလို႔
အကုန္ပ်က္ဆီးကုန္ရင္ဘယ္လိုလုပ္မလဲ!!!"
"ေနာက္မျဖစ္ေစရပါဘူး ကၽြန္မJimin
ကိုေသခ်ာမွာထားလ္ိုက္ပါ့မယ္.."
"ေျပာေနတာပဲ မင္း သားလုပ္ရပ္ကို
ျမင္လား ျမင္လား!!!!"
အေမျဖစ္သူကိုပါဓာတ္ပုံေတြနဲ႔ပစ္ေပါက္
ပုံကရိုင္းရိုင္းစိုင္းစိုင္း။
ဒီလူဟာတစ္ေန႔တျခားေနရာေတာ္ေတာ္ယူလာ
နိုင္ခဲ့တယ္။အဆင္မေျပခဲ့စဥ္အခ်္ိန္ေတြကႏွုတ္ခမ္း
ပ်ားရည္သုတ္ခဲ့မွုအေပၚJiminဟာအယုံလြယ္ခဲ့တယ္။
Jiminရဲ့ျပႆနာေတြအေပၚသူကနားလည္သလိုလိုႏွင့္
Jimin ကိုနားလည္သလိုလိုႏွင့္ေျဖရွင္းေပးခဲ့ကာ
အတ္ိတ္က႐ုပ္ဆိုးခဲ့ေသာျဖစ္ရပ္
မ်ားႏွင့္Jiminရဲ့အားနည္းခ်က္ေတြအေပၚအဖက္ဆယ္
ထားသလိုလိုဟန္ျဖင့္ပိုပိုဆိုးဝါးလာသည္။
အေမျဖစ္သူအတြန္းခံလိုက္ရတဲ့အခါစိတ္ထဲဖ်င္းခနဲ။
အေမလည္းသိပ္မက္ေမာျပခဲ့ေတာ့
သိပ္ခယျပခဲ့ေတာ့ဘယ္လိုမွမနိုင္နင္းေတာ့ဘူး
ထင္ပါ၏။လႊမ္းမိုးအနိုင္ယူျခင္းသည္လိုတာထက္
ပိုကာသူတစ္ခုခုလုပ္တိုင္းအေမ့ကိုပါတိုက္ရိုက္
သြားသက္ေရာက္ေနျခင္းသည္မြန္းမြန္းက်ပ္က်ပ္ပါပဲ။
"အေမ့ကို မထိစမ္းပါနဲ႔ !!
စကားကိုကၽြန္ေတာ္နဲ႔ပဲေျပာ.."
ခပ္မာမာအသံထြက္လာေတာ့ထိုလူက
Jimin အားစူးစူးရဲရဲမ်က္ဝန္းေတြျဖင့္ၾကည့္လာသည္။
"ငါ ကင္မင္ဂၽြန္နဲ႔စပ္တူရင္းႏွီးထားတဲ့
အရင္းအႏွီးကနည္းတာမဟုတ္ဘူး
မင္းသာ ၿငိမ္ၿငိမ္သက္သက္နဲ႔ဒီကိစၥအေပၚ
ၿပီးျပတ္ေအာင္လုပ္ေပးနိုင္ရင္အက်ိဳးအျမတ္က
တစ္ဘဝလုံးေအးေအးေဆးေဆးပဲ
ငါနည္းနည္းေလးမွကိုအတိမ္းအေစာင္းမခံနိုင္ဘူး
ဒီလို ကိစၥမ်ိဳးထပ္ျဖစ္လာၾကည့္ မင္းအေမအရင္
အက်ိဳးခံစားရမယ္..."
"အေဖ ဘာစကားေျပာလိုက္တာလဲ..."
"လိလိမၼာမၼာေနရင္ အားလုံးအဆင္ေျပလိမ့္မယ္
Jimin...မင္းဘဝကိုငါအဆင့္ျမႇင့္ေပးေနတာ.."
"အေဖေျပာေနတာ သားတစ္ေယာက္ကို
အေဖတစ္ေယာက္ကေျပာေနတဲ့အသုံးအႏွုန္း
ေတြမဟုတ္ေတာ့ဘူး...ကၽြန္ေတာ္အဆင့္ျမင့္တဲ့
ဘဝကိုမသိဘူး စိတ္လည္းမဝင္စားဘူး
ကင္မင္ဂၽြန္နဲ႔ကိစၥမွာ မိဘတစ္ေယာက္အေနနဲ႔
သားသမီးကို သင့္ေတာ္လို႔အဆင္ေျပလို႔အေဖ
ေစတနာရွိရွိစီစဥ္ေပးခဲ့တာမ်ိဳးလို႔ယူဆခဲ့တာ
အက်ိဳးအျမတ္ေတြဘာေတြတြက္ေနရေအာင္
ကၽြန္ေတာ္က ကုန္ပစၥည္းလား..."
"မေက်နပ္ေတာ့မင္းမွာငါ့ကိုအာခံစရာ
ဘာအစြမ္းအစရွိလို႔လဲ...."
ဘဝကတကယ္ပ်က္ေနတာဂ်ပန္မွာထဲက။
လူေတြရဲ့မ်က္ႏွာဖုံးကိုယ္စီေတြခြါက်လာျခင္းမွာ
မလြန့္သာမလူးသာတစ္ေယာက္ထဲလွိမ့္ပိန့္ေနခဲ့တာ။
"JeonJungkook နဲ႔ထပ္ပတ္သတ္ၾကည့္လိုက္
မင္းေကာင္အစေပ်ာက္သြားေစရမယ္
ငါ့ကိုေလၽွာ့မတြက္နဲ႔ ParkJimin..
ႏွစ္ေယာက္လုံးသတိက်ပ္က်ပ္ထားေန..."
အေမေရာသူ႔ကိုပါလက္ညိဳးေငါက္ေငါက္ထိုးကာ
သတိေပးလိုက္ပုံက အတိတ္ကသားအရင္းမဟုတ္
လည္းသားပါပဲကာကြယ္ေပးမွာဆိုတဲ့လူတစ္ေယာက္
ဆိုတာက်ိန္ဆိုေျပာရလိမ့္မည္။စိတ္ထင္တိုင္းေတြ
က်ဲေနပုံက မွင္သက္သြားရသည္။
နားထဲလူတစ္ေယာက္ရဲ့ဆူပူသံေတြၾကား
လာေတာ့ နားႏွစ္ဖက္ကိုေယာင္ယမ္းပိတ္မိတဲ့အထိ။
လက္မခံနိုင္ပါဘူး။ဒါကိုသူလက္မခံခ်င္ဘူး။
မွန္ပါလားလို႔လက္ခံလိုက္ရမွာကိုႏွလုံးသားထဲက
နာက်င္လြန္းသည္။အခ်ိန္ေတြကလည္းေႏွာင္းကုန္ၿပီ။
ဘဝသည္လြဲၿပီးရင္းထပ္ထပ္လြဲလြဲလာေတာ့
စိတ္ကုန္စိတ္ပ်က္စြာေျခကုန္လက္ပန္းလည္း
က်ေနၿပီ။ဒီလူဟာအရင္လိုေလးပဲေကာင္းေကာင္း
မြန္မြန္ဆိုေတာ္ေသးေပမယ့္တစ္ေန႔တျခားမယုံနိုင္စြာ
အစြယ္ေတြေပၚလာေတာ့ ဘာလုပ္ရမလဲမသိေတာ့ပါ။
မခံစားနိုင္လို႔အကုန္ဖ်က္ဆီးပစ္ရင္လည္းသူထိခိုက္
မွာထက္အေမကအရင္ထိခိုက္မွာ။ကိုယ္လြတ္႐ုန္း
ကာထြက္ေျပးလို႔လည္းမရ ကိုယ္တိုင္လည္းဘဝကို
တည္တည္ၿငိမ္ၿငိမ္ေလးျဖစ္ခ်င္ေနခဲ့ပါၿပီ။
ဘယ္တစ္ေယာက္ေယာက္ကိုမွသြားေျပာျပလို႔
လည္းမရဘူး။တစ္ခ်ိန္ကသူဒီလူကိုဘယ္လို
ကာကြယ္ခဲ့လဲ။ယုံၾကည္ၿပီးေရွ႕မွာရပ္ခဲ့တာေလ။
အ္ိမ္ထဲႀကိတ္ေလာင္ၿမိဳက္ေနရေသာျပႆနာ
မ်ားသည္မီးေတာက္ေတြလိုတေျမ့ေျမ့။
ေျပာဆိုၿပီးထြက္သြားေတာ့ အေမသည္မ်က္ႏွာ
မေကာင္းစိတ္ညစ္ေနပုံရသည္။သူ႔အေပၚထက္အျပစ္
မတင္လာတာကိုပဲေက်းဇူးတင္ရမွာမို႔အိပ္ခန္းဆီ
တက္လာကာအိပ္ေပ်ာ္ဖို႔ဆိုတာမျဖစ္နိုင္၍
စြဲေသာက္ေနရတဲ့ေဆးတခ်ိဳ႕ကိုခပ္ျမန္ျမန္ေလး
ေသာက္လိုက္ကာကုတင္ေဘးတြင္ၿငိမ္ၿငိမ္ေလး
ေနေနလိုက္သည္။
တက္လိုက္က်လိုက္စိတ္ေတြႏွင့္ဘာကိုမွေရေရရာရာ
မေတြးနိုင္ ဘာကိုမွမဆုံးျဖတ္နိုင္ပါ။
ဘယ္အရာေတြကိုေၾကာက္လို႔ေၾကာက္ေနမွန္းမသိ
တဲ့ဆိုးဝါးလြန္းေသာစိတ္မလုံျခဳံျခင္းေတြသာရွိေနခဲ့သည္။
~~~~~~
"Morning Min....."
ၾကည္လင္ရႊင္ျပေနတဲ့ကင္မင္ဂၽြန္ဟာ
မနက္လင္းသည္ႏွင့္အျပင္သြားဖို႔လာေခၚသည္။
စိတ္ၾကည္လင္ေနပုံရေသာမ်က္ႏွာသည္
ျပဳံးရႊင္ေနလၽွက္။ကားတံခါးအသင့္ဖြင့္ေပးလာ
တဲ့အခါ ဝင္ထိုင္လိုက္သည္။
"ငို ထားတာလား..."
"မငိုပါဘူး..."
"ကိုယ္ မင္း အေဖကို မဆူဖို႔မေျပာဖို႔
ေသခ်ာမွာခဲ့တာကို ဆူလိုက္ျပန္ၿပီထင္တယ္
အဆင္ေျပရဲ့လား..."
ထိုဓာတ္ပုံေတြသည္ကင္မင္ဂၽြန္Jiminေနာက္
လူလႊတ္ထားျခင္းမွရတဲ့ပုံမ်ားျဖစ္ၿပီး
တစ္ဖက္လွည့္ႏွင့္အေဖျဖစ္သူလက္ထဲထည့္ကာ
သူမသိခ်င္သလိုဟန္ျပဳျခင္းျဖစ္သည္။
ေသခ်ာေပါက္ျပႆနာတက္မွာသိတယ္။
သူျမင္ျမင္ခ်င္းအရမ္းလည္းေလာင္ေနပါတယ္။
ဒါဟာသူ႔ကိုလုံးဝဂ႐ုမစိုက္ျခင္းေလၽွာ့တြက္ျခင္းပဲ။
ဒီေကာင္ေလးကိုရခါနီးမွဘာလြဲေခ်ာ္မွုမွမလိုခ်င္ပါ။
Jeon Jungkookဆိုတာလုံးဝေလၽွာ့တြက္လို႔မရတဲ့
Jimin ရဲ့ပတ္သတ္မွုမွန္းေကာင္းေကာင္းသိျမင္တာ
ေၾကာင့္အျမစ္ျမန္ျမန္ျဖတ္မွရလိမ့္မည္။
"Hyung သိလို႔မေက်နပ္ဘူးဆိုလည္း
ကၽြန္ေတာ္ ဘာမွရွင္းမျပနိုင္ဘူးေနာ္
ႀကိဳက္တာလုပ္လို႔ရတယ္..."
"ဘာမွမလုပ္ပါဘူး...ကိုယ္ကမင္းစိတ္ပင္ပန္း
ေနမွာကိုစိုးရိမ္႐ုံအျပင္တျခားဘာမွမရွိဘူး"
အသက္၃၀နားကပ္လာေသာလူႀကီးတစ္ေယာက္လို႔
သတ္မွတ္လို႔ရတဲ့ကင္မင္ဂၽြန္ဟာရင့္ရင့္က်က္
က်က္ျပဳံးျပကာၾကင္ၾကင္နာနာဆိုလာသည္။
"ၿပီးတာပဲ...ခုတေလာစကားေတြအမ်ားႀကီး
ဘယ္သူကိုမွမေျပာခ်င္ဘူး"
"ေစ့စပ္ပါတီေလးကိုေတာ့ခုတစ္ပတ္အတြင္း
လုပ္တာေပါ့ Min အဲ့က်စကားနည္းနည္းေတာ့
ေျပာရလိမ့္မယ္.."
"ဘယ္လို!"
လန့္သြားေသာJimin၏မ်က္ႏွာကို
ကင္မင္ဂၽြန္ျပဳံးယဲ့ယဲ့စိုက္ၾကည့္ကာ
"ဘာျပႆနာရွိလို႔လဲ ကိုယ္တို႔ကလက္ထပ္ၾကမယ့္
သူေတြပဲေလ မင္းနဲ႔ကိုယ္ဟာ မၾကာခင္တရားဝင္
လက္ထပ္ေတာ့မွာျဖစ္ေၾကာင္းမင္းကိုကိုယ္ကပဲပိုင္
ေၾကာင္း ေသခ်ာမသိတဲ့သူေတြကိုဖိတ္ၿပီး
သိေအာင္ျပခ်င္လို႔ေလ ထုတ္ႂကြားတဲ့သေဘာေပါ့"
"ဘယ္လိုေနေနေလ..ကၽြန္ေတာ့္ကို တိုင္ပင္ဦးမွေပါ့..."
"မင္းအေဖက မင္းလက္ခံမွာပါတဲ့
အင္းေလ လက္မခံနိုင္စရာဘာရွိလို႔လဲ..."
"ဟုတ္ပါတယ္ လက္မခံနိုင္စရာမရွိပါဘူး
ဒါေပမယ့္ ကၽြန္ေတာ့္အေပၚေလးစားမွုနဲ႔
တိုင္ပင္မွုေတာ့ရွိရမယ္ေလ..."
"Min က ကိုယ္ေအးေဆးတိုင္ပင္လို႔ရေအာင္
မအားလပ္ေနဘူးေလ သြားလာေနတဲ့
လမ္းေတြကမ်ားေနတာကို..."
ေစ့စပ္တယ္ဆိုတာလည္းတစ္နည္းအားျဖင့္
လက္ထပ္ဖို႔လုံးဝေသခ်ာေနၿပီဆိုတာကို
ျပေသာျပယုတ္။လက္ထပ္လိုက္တာမ်ိဳး
မဟုတ္ေပမယ့္လည္းဤအေျခအေနျဖစ္ၿပီးသြားရင္
ျပန္ေနာက္ဆုတ္ဖို႔ဆိုတာမျဖစ္နိုင္ေတာ့သည့္အထဲ
ပါပါ၏။ထို႔ေၾကာင့္အေရးႀကီးေသာပြဲတစ္ပြဲပါပဲ။
ေသခ်ာေပါက္ဒီလူနဲ႔တစ္ဘဝလုံးေလၽွာက္ရေတာ့မွာေလ။
"Hyung ကၽြန္ေတာ့္ကို မေက်နပ္ခ်က္မရွိဘူး
ဆိုတာ ဟုတ္ေရာ ဟုတ္ရဲ့လား ရြဲ႕ေနသလိုပဲ
ရြဲ႕လည္း ParkJiminက တည့္ေပးမွာမဟုတ္ဘူး
ေနာ္ အထူးသျဖင့္ JeonJungkookနဲ႔ပတ္သတ္
လာရင္ ဘယ္သူ႔ကိုမွ စကားမေျပာဘူး..."
ဟုတ္တယ္..သူက JeonJungkook နဲ႔ပတ္သတ္
လာရင္ဘာမွမေျပာဘူး။အဲ့ဒီဘာမွမေျပာဘဲ
JeonJungkook လို႔သူ႔ႏွုတ္ကထြက္တိုင္း
တစ္ခ်္ိန္ထဲမွာရင့္သီးေတာက္ပေနတဲ့မ်က္လုံးေတြက
အေရာင္တစ္မ်ိဳးျဖင့္လွေနတာသည္မနာလိုစရာပါ။
ကင္မင္ဂၽြန္က ခပ္ရြဲ႕ရြဲ႕ျပဳံးလိုက္ကာ
"သိပါတယ္....ကိုယ္ရြဲ႕လည္းမရြဲ႕ပါဘူး
ပြဲကိုပဲေခါင္းထဲထည့္ၾကတာေပါ့.."
"ခုတစ္ပတ္အတြင္းက
အရမ္းျမန္လြန္းတယ္ ကၽြန္ေတာ္စဥ္းစားဦးမယ္
စိတ္အဆင္မေျပေသးဘူး..February လက္ထပ္
တာကိုေတာင္ ကၽြန္ေတာ့္စိတ္အေျခအေနနဲ႔
ရပါ့မလား ျပန္ေတြးေနရတာ.."
"ကိုယ္အားလုံးစီစဥ္ၿပီးၿပီ..
မင္းအေဖနဲ႔လည္းအားလုံးအိုေကေနၿပီ..
မစဥ္းစားနဲ႔ေတာ့ ..."
"Hyung!.."
"မင္းစိတ္အေျခအေနၾကည္သလား
ေနာက္သလားကိုေစာင့္ၿပီးလုပ္ရမယ့္
အလုပ္ေတြမဟုတ္ဘူးေလ Min
ကေလးမဆန္စမ္းပါနဲ႔..."
"ကေလးဆန္ေနတာHyungမဟုတ္ဘူးလား"
"မတတ္နိုင္ဘူး မင္းအေနနဲ႔ဒါကိုလုပ္လို႔
ဘာမွလည္းအဆင္မေျပစရာမရွိဘဲနဲ႔
ေအးေဆးပဲကို....အတူတူပြဲတက္ၾကေပါ့
ဟုတ္ၿပီလား ေပ်ာ္စရာေကာင္းမွာပါကြာ..."
အစစ္အမွန္မမည္ေတာ့ေသာဘက္ၿပိဳင္
သလိုမ်က္လုံးေတြျဖင့္Jiminမ်က္ႏွာနား
႐ုတ္တရက္အနီးဆုံးကပ္ကာဆိုပုံသည္
ေလာင္ေလာင္ၿမိဳက္ၿမိဳက္ပဲ။
သူ႔ကိုတစ္ခုေလာင္ေစရရင္သူကလည္း
သူဘာဆိုတာျပန္ျပခ်င္ပါေသးသည္။
ေလာင္တာကိုေတာ့ထုတ္ေဖာ္မျပေတာ့ဘဲ
အထိမိဆုံးအလုပ္ကိုသာေရြးလုပ္လိုက္ျခင္း
သည္လည္းအနိုင္ပဲမလား။
လူသိရွင္ၾကားပြဲလုပ္ပတ္သတ္ေနၾကပါတယ္
ဟုေစ့စပ္တံဆိပ္ခတ္ႏွိပ္ၿပီးဖို႔သာအေရးႀကီးပါ
သည္။
လူကလည္း ႐ူးေနေအာင္လွသလို
ပိုင္ဆိုင္ဖို႔ကလည္းအလြန္ကိုမွခက္ခက္ခဲခဲေလး။
ဒါေပမယ့္ပိုင္ဆိုင္ၿပီးသြားရင္ေတာ့
ကိုယ့္သေဘာကိုယ့္စိတ္ျဖစ္ၿပီ။
စိတ္ေတာ့နည္းနည္းရွည္ ေခါင္းေတာ့နည္းနည္း
သုံးရတာေပါ့ေလ။
"ခု အဲ့ပြဲအတြက္Shopping ထြက္မလို႔
လာေခၚတာ သြားမယ္ေနာ္ တစ္ေနကုန္
ကိုယ့္ကိုအခ်ိန္ေပး..."
ေအာ္ဟစ္ေသာင္းက်န္ခ်င္လာေသာစိိတ္ေတြ
ကိုခဏခဏသိမ္းပိတ္ထားရ၍
လူသည္က်ပ္သိပ္ေနပါသည္။
ကားကူရွင္ကိုမွီမ်က္လုံးေတြမွိတ္လိုက္ကာ
စိတ္ပင္ပန္းျခင္းေဝဒနာအားသည္းခံေနလၽွက္။
အတိတ္ကအခ်ိန္ေကာင္းေတြ အခိုက္အတန့္ေတြ
လူေတြ သူငယ္ခ်င္းေတြဘာဆိုမွဘာမွျပန္မရေတာ့
တာလည္းေသခ်ာေနၿပီမို႔ ကိုယ္ခုျဖစ္ပ်က္ေနရတဲ့
ပစၥဳပၸန္ကိုသာ အဆင္အေျပဆုံးျဖတ္သန္းရမည္။
သူတစ္ေယာက္ထဲသာရွိသည္။
သူ႔ဘက္မွာသူပဲရွိသည္။
သူၿပိဳလဲက်လို႔မျဖစ္ပါဘူး။
~~~~~~
"ဘဝ ဆိုတာ...."
Seok1ႏွင့္Jeon မူးျပဲေနေအာင္ေသာက္စားၿပီး
အိမ္အျပန္လမ္းသည္ေမွာင္မဲေနၿပီ။
ပုခုံးခ်င္ဖက္ကာေတာင္ေအာ္ေျမာက္ေအာ္
ေအာ္ရင္း ႏွစ္ေယာက္လုံးေရခ်ိန္ေတာ္ေတာ္
ကိုက္ေနခဲ့ပါ၏။
"အခိုက္အတန့္ပါ Seok1.ေရ အရာအားလုံးက
အခိုက္အတန့္ေတြပါပဲ..."
"ငါဒီညရည္းစားလိုခ်င္ေနတယ္..."
"ရွာ...."
"မင္းေရာ....မင္းေရာရည္းစားမထားေတာ့ဘူးလား"
"၃ေယာက္ ....၃ေယာက္ၿပိဳင္ထားမွာ
အႀကိဳက္မေတြ႕ေသးလို႔ ေတြ႕တာနဲ႔တြဲၿပီပဲ.."
"မ်ားလိုက္တာကြာ..."
"အခ်စ္ေတြခြဲေဝေပးမယ္...တစ္ေယာက္နဲ႔
အဆင္မေျပရင္ တစ္ေယာက္ဆီသြား..
ဘယ္ေလာက္မိုက္လိုက္မလဲ...."
"ငါေရာ ငါလည္း ထားခ်င္တယ္....."
"Seok1နဲ႔အတူတူ အခ်စ္ေတြရွာၾကတာေပါ့.."
"ေအးႀကိဳက္ၿပီ..."
အုန္း...။
"အ!!!!..."
ႏွစ္ေယာက္အတူတူလမ္းေလၽွာက္လာေသာ
အေျခအေနတြင္ Jeonရဲ့ေခါင္းတည့္တည့္ကို
ျပင္းထန္ေသာရိုက္ခ်က္တစ္ခုနဲ႔ေက်ာျပင္ကို
ေနာက္ထပ္ရိုက္ခ်က္တစ္ခုက်ေရာက္လာခဲ့သည္။
စကၠန့္ပိုင္းေလာက္မူးေဝသြားကာေခ်ာင္းအရိုက္ခံ
လိုက္ရၿပီဆိုတာသိလိုက္ရသည္။
Seok1လည္းထိသြားကာ ခ်က္ခ်င္း၂ေယာက္လုံး
ျပန္တုံ႔ျပန္ခဲ့ၾကသည္။
"ဘယ္ ေအာက္တန္းစားေတြလဲ!!!!!"
ေနာက္ျပန္လွည့္ကာရန္ပြဲတစ္ခုကိုစတင္
လိုက္ေတာ့တုတ္ေတြျဖင့္လူအင္အားနည္းနည္း
မ်ားပါ၏။ႏွစ္ေယာက္လုံးစီေျပးဝင္လာၾကၿပီး
ဝိုင္းရိုက္ၾကေတာ့သည္။SeokJinကေတာ္႐ုံမဟုတ္
၍အလစ္အငိုက္ပဲသူတို႔ရပါလိမ့္မည္။
လက္ထဲတုတ္တစ္ေခ်ာင္းရတဲ့အခါကၽြမ္းက်င္စြာ
ျပန္ရိုက္သည္ကတစ္ေယာက္နဲ႔အမ်ား။
Jeonသည္ေဒါသထြက္သြားလၽွင္
သရဲ၃ေကာင္ေလာက္ဝင္ပူးသလို
ထိန္းမရနိုင္တဲ့သူ။ခုကအသားပါနာသြား၍
ပါးစပ္ကလည္းအစုံအစိေအာ္ဟစ္ေျပာဆိုေနကာ
ျပန္ရိုက္သည္ကရက္ရက္စက္စက္။
ရန္ပြဲသည္ၾကာျမင့္သလိုႏွစ္ဖက္လုံးလည္း
အထိနာခဲ့သည္။Jeonရဲ့ေက်ာျပင္တစ္ခုလုံး
အထိမခံနာက်င္ေနကာေခါင္းသည္အေျခအေနမဟန္။
သို႔ေသာ္ JinHyungလည္းရွိတာမို႔တစ္စက္မွ
မေလၽွာ့ဘဲအားကုန္သုံးျပန္ရိုက္သည္။
ရိုက္ေနၾကတုန္းမွာပဲတခ်ိဳ႕ထြက္ေျပးသြားကာ
က်န္ခဲ့ေသာသတၱိခဲေကာင္တစ္ေကာင္၏ရင္ဝအား
ေဆာင့္ကန္ကာJeonက ဖိနပ္ျဖင့္ဖိထားၿပီး
တုတ္ျဖင့္မ်က္ႏွာတည့္တည့္ကိုရြယ္ထားလၽွက္
"ဘယ္က ေကာင္ေတြလဲ ဘာကိစၥငါတို႔ကို
လာထိရဲတာလဲ!!!!"
"ParkJimin နားကိုေနာက္တစ္ခါထပ္မကပ္ဖို႔
မွာလိုက္တာ အျပင္တျခားထပ္မေျပာနိုင္ဘူး..."
"ဘာ!! ဘာ!! ...."
အံ့ဩလြန္းလို႔။ParkJimin ဆိုတဲ့နာမည္မွာ
အဆိပ္တက္သြားၿပီ။ရည္းစား၃ေယာက္ၿပိဳင္ထား
ဖို႔စိတ္ျပင္ဆင္႐ုံရွိေသးသည္အလိုက္ကန္ဆိုးမသိ
သတိလာေပးသလိုအမည္နာမ။ဘယ္ေလာက္မ်ား
တင္တင္စီးစီးလည္းဆိုတာသာၾကည့္။
"ParkJimin နားကိုမကပ္နဲ႔ သူမၾကာခင္
လက္ထပ္ေတာ့မွာ ...."
"အားးးး!!!"
ေသြး႐ူးေသြးတန္းႏွင့္ေကာင္အားတစ္ခ်က္ရိုက္
လိုက္ကာ Jeonသည္ေတာက္တစ္ခ်က္ျပင္းျပင္း
ေခါက္လိုက္သည္။
"ငါ့ကို ဒုကၡေပးလို႔ မဝနိုင္တဲ့မိသားစု..."
JinHyungကိုလွမ္းၾကည့္တဲ့အခါပါးတစ္ေနရာ
သည္ျပတ္ရွရာတစ္ခုျဖစ္သြားၿပီးအလြန္နာက်င္
ေနဟန္ရွိသည္။လူအမ်ားႀကီးကို၂ေယာက္ထဲရင္ဆိုင္
လိုက္ရ၍အထိနာကာထပင္မထနိုင္ေတာ့။
ေဒါသသည္ပိုထြက္သြားခဲ့သည္။JinHyungက
ဘာမွကိုမဆိုင္တဲ့သူမလား။
"ေျပာစမ္း!!!မင္းတို႔ကိုဘယ္သူခိုင္းတာလဲ...
ဘယ္သူခိုင္းတာလဲ!!!!"
"ဘယ္သူခိုင္းတယ္ကိုမေျပာနိုင္ဘူး
ParkJiminနားကိုပဲမကပ္နဲ႔ ..."
"ေခြးေကာင္!!!!"
ထပ္ျဖတ္ကန္လိုက္သည္။ဒါဘယ္သူခိုင္းတာလဲ
ဆိုတာခက္ခဲစြာစဥ္းစားေနဖို႔မလို။
ParkJiminရဲ့ခ်စ္လွစြာေသာအေဖေနရာယူ
ေကာင္နဲ႔ ကင္မင္ဂၽြန္တစ္ေယာက္ေယာက္ပဲ။
ႏွစ္ေယာက္ေပါင္းလုပ္တာလည္းျဖစ္နိုင္သည္။
ေဒါသေတြသည္အလိပ္လိုက္ပဲ။
သူ႔ဟာသူအရက္ေသာက္ေအးရာေအးေၾကာင္း
ေနေနျခင္းကိုဘလိုင္းႀကီးလာရန္စတာ။
"ေတာက္!!!! ေခြးေတြ!!!"
"Jimin နားကိုမင္းဘယ္တုန္းကကပ္လို႔
လာေခ်ာင္းရိုက္တဲ့အထိေတာင္ေသာက္ႀကီး
ေသာက္က်ယ္လာလုပ္ၾကတာလဲ
ေသကုန္ရင္ဒုကၡ...ငါရည္းစားမရေသးဘူး.."
"ေတြ႕မယ္ ..."
Jeon သည္ JinHyungစကားဆုံးသည္ႏွင့္
ပိုႀကီးတဲ့တုတ္တစ္ေခ်ာင္းေကာက္ကိုင္လိုက္သည္။
"ဘာလုပ္မလို႔လဲ..."
"စာရင္းသြားရွင္းမလို႔ေလ ဒါဘလိုင္းႀကီး
အေၾကာခံရတာ ကၽြန္ေတာ္ဘာလုပ္လို႔လဲ
ကၽြန္ေတာ့္အကန့္နဲ႔ကၽြန္ေတာ္ေနတာ
ParkJiminနဲ႔လည္းဘာဇယားမွမရွိေတာ့ဘူး
သူ႔ပေထြးနဲ႔သူ႔သတို႔သားေလာင္းက်က္သေရ
တုံးေတြ အျပင္တျခားဘယ္သူမွမရွိဘူး
သြားျပန္ရိုက္မလို႔!!!"
"လူေတြဘယ္မွာရွိလဲသိလို႔လား..."
"ParkJimin အိမ္ကိုသြားမယ္ မေတြ႕ရင္
ParkJimin ရွင္းရမယ္ ကၽြန္ေတာ့္အသားနာ
တာအကုန္တာဝန္ယူရမယ္ သူပါမေက်မလည္
ဆိုသူ႔ပါရိုက္မယ္ !!!!"
"ဒီအနီးအနားမွာ ကၽြန္ေတာ္တို႔ေက်ာင္းတုန္းက
အသိဆရာဝန္တစ္ေယာက္ေဆးခန္းထိုင္တယ္
Hyung ကိုထားေပးခဲ့မယ္ ေဆးထည့္ၿပီး
Seok2ကိုလွမ္းေခၚလိုက္ၿပီး ျပန္လိုက္ေတာ့...."
"မင္းတစ္ေယာက္ထဲျဖစ္ပါ့မလား..."
"ျဖစ္တယ္...."
SeokJinက တားမဲ့သူမ်္ိုးမဟုတ္ပါ။ကိုယ္တိုင္
လည္းအလြန္နာက်င္သြား၍မေက်နပ္။
Jeonနဲ႔အတူလိုက္ဖို႔ေတာင္သူ႔အေျခအေနမဟန္
တာကိုလည္းေဒါသထြက္ေနသည္။
သူ႔လူတခ်္ူ႔ကိုအျမန္ဆက္သြယ္ၿပီး
Jeon ဆီစစ္ကူပို႔ရန္ေတြးလိုက္သည္။
လဲၿပိဳေနေသာလူေတြအားထားခဲ့ကာ
JinHyungကိုJeonကတြဲလၽွက္
ေဆးခန္းဆီျမန္ျမန္ေခၚသြားၿပီးထားခဲ့သည္။
ထို႔ေနာက္ေဒါသတႀကီးပဲ Jimin အိမ္ကို
မိုက္ေၾကးျပန္ခြဲရန္တုတ္တစ္ေခ်ာင္းျဖင့္
ထြက္လာခဲ့ေတာ့သည္။
~~~~~~