အက်ကြောင်းကဗျာ🍂

By ThetHmue3

589K 69.6K 28.6K

ဘယ်အက်ကြောင်းတွေကကဗျာဖြစ်လာနိုင်မှာလဲ။🪶 More

Intro🪶
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
🤍ဇာတ်သိမ်းပိုင်း🤍
🍂Extra🍃

အပိုင်း(၁၇)

10.5K 1.5K 826
By ThetHmue3

February 14။

အက်ကြောင်းကဗျာရဲ့အဆိုးဝါးဆုံးစာမျက်နှာ
ချပ်တစ်ခုဖြစ်လိမ့်မယ်။February 14။
Music ဆုပေးပွဲတစ်ခုကျင်းပမယ့်ည။
တစ်မြို့လုံးလည်းValentines Dayမို့ချစ်သူစုံတွဲများနှင့်
နှင်းဆီနီနီတွေရဲတောက်နေခဲ့တယ်။

ဝတ်ကောင်းစားလှတွေနဲ့Jeonဟာပထမဆုံး
ဖိတ်ကြားခံရတဲ့ဆုပေးပွဲကိုညနေစောင်းအချိန်
လေးမှာတက်ရောက်လာခဲ့တယ်။Camera
မီးတချိူ့ကStill With You ပိုင်ရှင်မို့ပိုပိုသာသာ
လေးတဖျက်ဖျက်....။

ရေချယ်ဟာ Jeonရဲ့နောက်မှာအထုတ်တစ်ထုတ်
ကိုင်လျှက်အဖော်လိုက်လာပေးခဲ့တယ်။
ဒီပွဲထက် ဒီပွဲပြီးရင် Jeonစီစဉ်ထားတဲ့အလှဆုံး
Suprise တစ်ခုကိုသူမပိုပြီးရင်ခုန်နေခဲ့တယ်။

TaeHyung တို့အတွဲက လိုအပ်သည်များကိုပြင်ဆင်
နေခဲ့တယ်။သိပ်တော့လည်းမဆန်းကြယ်ပါဘူး။
February 14မှာတောင်သူ့ကိုပလစ်နေလို့
Jeonကိုစိတ်ကောက်နေမယ့်ကောင်လေးကို
ရိုးရိုးရှင်းရှင်းလက်ထပ်ခွင့်လေးတောင်းရုံပဲ။ ဘယ်လောက်အံ့ဩသွားလိုက်မလဲ။

စီနီယာအနုပညာရှင်တွေကြားတေးရေးဆရာပေါက်စ
အဆိုတော်ပေါက်စလေးရဲ့လင်းလက်စအချိန်လေး
ဟာထိုညနေစောင်းမှာအတော်လေးကိုလှခဲ့ရှာပါတယ်။

__________

"မြေး ကသူ့ကို တကယ်ချစ်နေတဲ့ပုံပဲ
ဒါမျိုးပထမဆုံးဖွားတို့မြင်ဖူးတာ
တကယ်အတည်ကြီးလား..."

တစ်ချိန်ထဲမှာပဲခမ်းနားသောအိမ်ကြီးထဲတစ်အ်ိမ်လုံး၏
သဲသဲလှုပ်တစ်ဦးတည်းသောမြေးဦးလေးဟာလည်း
အလွန်ပျော်ရွှင်နေခဲ့သည်။
စားပွဲပေါ်ချထားသောတန်ဖိုးမြင့်လွန်းသည့်
ပန်းစည်းနဲ့ တခြားလက်ဆောင်ပစ္စည်းတွေဟာ
အရောင်တွေတလက်လက်။

ဟိုတစ်ခါJeonJungkook နဲ့တွဲမြင်ပြီးထဲက
Jimin ကိုသူရုန်းမရအောင်ချည်နှောင်ထားနိုင်
ခဲ့ပြီးပြီ။သူတို့အခြေအနေက တရားဝင်သာ
ချစ်တယ် မပြော၍Couple မဖြစ်နေတာ
သေချာတဲ့နေရာတွေကသေချာနေပြီ။

အငြင်းမခံရမှာသေချာပြီ။ မစောင့်ဆိုင်းခိုင်းနေမှာ
သေချာပြီ ဆိုမှ Rioကအပ်ိုင်အလုပ်ကိုလုပ်ခဲ့သည်။
လူတစ်ယောက်ကိုယ့်ကို ညွှတ်နေပြီလား
မညွှတ်ဘူးလားကလွယ်လွယ်လေးခံစားလို့ရတာပဲ။

JeonJungkook နဲ့လည်းတစ်လောကလုံးက
ပြတ်တယ်ပြောတိုင်းမပြတ်ဘူးနော်Rioမှားလိမ့်
မယ်ဟုအထပ်ထပ်သတိပေးခဲ့တယ်။

သူ့ကိုမနာလိုနေလို့လေ။Jimin ကပြတ်တယ်
ပြောခဲ့တာပဲ။ပြတ်တယ်လေ။လူဆိုရင်တောင်
Rioလိုချင်ရင်တန်းရနေလို့မနာလိုနေကြတာမျိူး။
Jiminကပြတ်တယ်ဆိုရင်ပြတ်တာပဲပေါ့။

မှားယွင်းလေသောစွဲလန်းမှုနဲ့အရွယ်၏စိတ်အား
ထက်သန်ခြင်းတွေ ....Jiminရဲ့ ဝင်ပြီးရင်ပြန်ထွက်
လို့မရတော့သောပြန်လမ်းမဲ့အလှတွေကြား
သူငယ်ချင်းတွေကြား မာန်မာနထောင်လွှား
ခဲ့မှုတွေ။ ၇နှစ်တည်ဆောက်ပြီးဖြစ်တဲ့ဆက်ဆံတစ်ခု
ထဲအတင်းဝင်လုခဲ့တာကိုရှက်စရာကိစ္စဟုမမြင်ဘဲ
တွေ့လား ငါဆိုတာ အဲ့လိုRelationship မျိူးကို
တောင်လှုပ်ခတ်နိုင်တယ်ဆိုတဲ့သောက်တလွဲအတွေးတွေ။

အဲ့လိုလူမျိုးတွေကသေသာသွားလိမ့်မယ်။
သူတို့အမှားကိုသူတို့ဘယ်တော့မှမမြင်နိုင်တဲ့
လူတန်းစားတစ်ရပ်။Jiminကိုအလွန်အမင်း
သဘောကျခဲ့တာတော့မှန်ခဲ့ပေမယ့်Rioမှာ
တခြားEffects တွေလည်းအများကြီးပဲ။

"သိပ်သဘောကျတယ် ဒီညအိမ်ကိုမရရအောင်
ခေါ်လာခဲ့ပါ့မယ်...ဘွား.."

"စောင့်နေမယ်.....မြေးပျော်နေတာတွေ့ရတာ
စိတ်ချမ်းသာတာအရမ်းပဲ....."

"ချစ်တယ် ..."

အဖွားနဲ့အမေဖြစ်သူ၏ပါးနှစ်ဖက်အား
နမ်းပြီးတဲ့နောက်တက်ကြွသောခြေလှမ်း
များဖြင့် အိမ်အပြင်ထွက်သွားခဲ့သည်။
အသစ်လဲထားခဲ့သောModelမြင့်ကားပေါ်
စမတ်တကျတက်သွားသည်။

Rioကအဲ့ဒီနေ့ကအဖြူရောင်ရှပ်င်္အကျီကို
ခပ်သွယ်သွယ်ခန္ဓာကိုယ်နဲ့ Fitဖြစ်အောင်
ဝတ်ဆင်ထားကာသပ်ရပ်နေသောဆံပင်တွေဟာ
မွှေးကြိုင်နေသည်။

February 14လိုနေ့မျိုးမှာ
ငြင်းမရနိုင်တဲ့တန်ဖိုးအကြီးဆုံးလက်ဆောင်တွေနဲ့
သူတို့မိတ်ဆွေမကချစ်သူမကျနေ
သောခပ်အီအီအခြေအနေကိုပညာသားပါပါလေး
တရားချစ်သူရည်းစားအဖြစ်တွဲနိုင်ဖို့စကားလုံးတွေ
စဉ်းစားထားတာတွေကခေါင်းတစ်ခုလုံးအပြည့်။

ချစ်သူဖြစ်သွားရင် သူထိုလှလှလေးကိုတကယ်ကြီး
ပိုင်သွားပြီပဲလို့တွေးမိတော့လည်းရင်ထဲတလှပ်လှပ်။
ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။

မျက်မှန်ကိုကောက်တပ်ကာ စီးကရက်တစ်လိပ်
မီးညှိလျှက် တစ်ဖွာရှိုက်ပြီးကားမောင်းထွက်
သွားပုံကအရှိန်ပြင်းပြင်း။

~~~~~

ညကမိုးလင်းအထိRioနဲ့Gameဆော့လိုက်စကားပြော
လိုက်နဲ့အချ်ိန်တွေကုန်ခဲ့တာကြောင့်အိပ်ရာနိုးလာချိန်
သည်နေ့ခင်း၂နာရီ။မကြည်မလင်ခေါင်းနဲ့ထိုင်းထိုင်း
မှိုင်းမှိုင်းစိတ်တွေသည်ဘယ်လောက်အိပ်ရအိပ်ရလည်း
အိပ်ရေးဝတယ်မထင်။အရင်ဆုံးဖုန်းယူကာနာရီကြည့်
လိုက်တော့LockScreenပေါ်ကMsgတစ်စောင်။

✉️Happy Valentines ပါဗျာ။ သူ အိပ်နေမှာသိလို့
ဖုန်းမဆက်တော့တာ။ကျွန်တော့်ကိုချောကလက်
လေးဝယ်ကျွေးပါဦး။
Rio🤍

အိပ်ချင်မူးတူးဖြင့်နှုတ်ခမ်းလေးတွေတွန့်ရုံပြုံး
သွားသည်။ဤစာတိုတစ်စောင်ကလွဲတခြား
ဘာမှမရှိ။ဘာမှမရှိလို့လည်းဘာမှမဖြစ်နေ။
Rioကိုဖုန်းခေါ်လိုက်သည်။

"ငါ နိုးပြီ...."

"နိုးပြီလား စောသားပဲ ထပြီးတစ်ခုခုစားဦး
ဖုန်းဆက်သုံးမနေနဲ့..."

"မင်းဘယ်မှာလဲ..."

"ကျွန်တော်မအားဘူး..သူငယ်ချင်းတွေနဲ့
ချိန်းထားလို့သွားနေတာ..."

မှိုင်းပြသွားသောမျက်နှာလေးသည်အလိုမကျဟန်။

"အော် အေး သွားပါ...."

"သူ Valentines ဘာအစီအစဉ်ရှိလဲ...."

"ဘာမှမရှိဘူး Hoseok ဆိုင်ခဏနေသွား
ထိုင်ပြီးသောက်မှာ...."

"ဒါဆိုအဲ့ဆိုင်မှာရှိမှာပေါ့ ဒီဘက်ကပြီးသွား
ရင်ဝင်ခဲ့မယ်..."

"မဝင်နဲ့...ကိုယ့်Planတွေနဲ့ကိုယ်ပဲအေးဆေးနေပါ"

"သူ့ အသံက အလိုမကျသွားတဲ့ပုံစံပဲ..."

"ဘာအလိုမကျစရာရှိလို့လဲ..."

"ဟုတ်ပါပြီ....ကောင်းကောင်းသောက်ပါ...
အိမ်ပြန်နောက်မကျစေနဲ့ ကျွန်တော်စိတ်မချဘူး"

Jimin ဘက်ကအရင်ဖုန်းချလိုက်ကာဆံပင်တွေ
ကိုထိုးဖွလိုက်သည်။အခန်းဝမှလာအော်ဟစ်အိပ်ရာ
နှိုးနေပြီဖြစ်သောအမေဖြစ်သူ၏အသံသည်ဆူဆူညံညံ။
လေးလံသောခြေလှမ်းတွေနဲ့အတူရေချိုးမျက်နှာသစ်
ပြီးရင် အရက်သွားသောက်ဖို့ကိုသာပြင်ဆင်ရတော့မည်။

အားလုံးပြီးသွား၍အောက်ထပ်ဆင်းကာ
တစ်ယောက်ထဲဖုန်းသုံးကာထမင်းစားတော့
ပွဲတစ်ခု၏ဓာတ်ပုံများကိုတွေ့လိုက်ရသည်။

အရောင်အဝါတွေတောက်ပနေသောလူ။
ပြုံးနေလိုက်တာများအားရပါးရ။သူ့ကိုအလုအယက်
ဓာတ်ပုံများတိုးဝှေ့ရိုက်နေသောပိရိတ်သတ်များ
Media သမားများ။Jiminမျက်လုံးတွေသည်
အေးစက်စက်။

စိတ်မပါလက်မပါမနက်စာထမင်းကိုနေ့ခင်း၂
နာရီမှအိပ်ရာထပျင်းတိပျင်းရွဲထိုင်ကာစားနေသော
ဘာမှမဟုတ်နေသောသူနှင့်အလုအယက်ဓာတ်ပုံ
အရိုက်ခံရသောအောင်အောင်မြင်မြင်လူသည်
အဝေးကြီးလိုခံစားရသည်။ ပြီးတော့အဲ့ဒီအောင်မြင်
မှုတွေကိုကြောက်သည်။ ထို့ကြောင့်ဆက်မကြည့်တော့ဘဲ
ထမင်းသာဆက်စားနေလိုက်သည်။

အမေ့ကိုလှမ်းကြည့်တော့သူ့ယောကျ်ားဖြစ်သူ
နှင့်စိတ်ချမ်းသာစွာစကားပြောရင်းရယ်မောနေသည်။
ကပ်ခွါလိုRioကလည်းမအားလပ်တော့ဘူးတဲ့။
သူတို့အလုပ်တွေနဲ့သူတို့ရှုပ်လို့။

ထမင်းဝတဲ့အခါ
ဂျင်းအင်္ကျီတစ်ထည်ကောက်ဝတ်လျှက်Hoseok
ဆိုင်ဆီကိုထွက်ခွါသွားခဲ့သည်။

အဲ့ဒီနေ့ကHoseokဆိုင်မှာမရှိနေခဲ့ဘူး။
သူ့သူငယ်ချင်းနောက်ထပ်Seokတစ်Seokက
ခဏလာထိုင်ပေးသည့်နေ့။Seok1 Seok2ဟူ
၍တွဲဖက်ဖြစ်ကြပြီးKimSeokJinဆိုသူက
Hoseokထက်ပိုဆရာကျကျဆိုးတတ်တဲ့သူ။

ရာဇဝင်နဲ့မှတ်တမ်းတွေနဲ့
လူဆိုးလူမိုက်ကြီးတွေဖြစ်ကြပြီးရန်ဖြစ်သော
အလုပ်တစ်ခုနှင့်အရက်သောက်သောအလုပ်
တစ်ခုနှစ်ခုကိုပဲလုပ်တတ်ကြသည်။

KimSeokJin သည်ကောင်တာတွင်ခပ်တည်တည်ထိုင်
နေပြီးသီချင်းတွေလည်းအကျယ်ကြီးဖွင့်ထားသည်။
ဆူညံလွန်းနေပြီးသူ့ကိုဘယ်သူကမှလည်းမပြောရဲ။
နှုတ်ခမ်းနားတွင်အနာတရတစ်ခုရှိနေပြီးတစ်ကိုယ်လုံး
အနက်ရောင်တွေနှင့်ဆံပင်တွေကိုသပ်ရပ်စွာနဖူးပေါ်
လှန်တင်ထားပုံကမိုက်လွန်းနေသောမျက်နှာတည်ဆောက်
ပုံကိုထင်ရှားစွာပို၍ပေါ်လွင်စေပါသည်။
လူဆိုးကြီး၏အရှိန်အဝါသည် Valentines Dayထက်
ပိုစိတ်ဝင်စားစရာပေါ့။

Jimin ဆိုင်ထဲဝင်လာပြီးထိုင်နေကျVIPအခန်းတစ်ခု
ထဲတန်းဝင်သွားသည်။Jimin ကိုမြင်တော့မြင်လိုက်
ပေမယ့်ဒီကောင်လေးတွေဒီလာတာပုံမှန်ပဲမလို့
ခေါင်းထဲသိပ်မရှိ။သူပျင်းလာပြီဖြစ်၍Seok2ကို
မြန်မြန်ပြန်လာရန်msgတွေတောက်လျှောက်ပို့နေသည်။

Jimin စားဖို့သောက်ဖို့မှာပြီးတဲ့နောက်TaeHyung ရဲ့
ဘယ်မှာလဲဆိုတဲ့msgတစ်ကြောင်းဝင်လာသည်။

✉️Hoseokဆိုင်မှာမလာကြနဲ့ ငါတစ်ယောက်ထဲ
နေချင်လ်ို့✉️

သူလည်းMinyoongi နဲ့ပျော်နေမှာသေချာနေတာ
ကြောင့်မလာစေချင်။ကိုယ့်ဟာကိုယ်ဘာတွေကို
မကျေလို့မကျေနေမှန်းမသိတဲ့စိတ်ကိုသာအရက်နဲ့
ဖျော်ချရန်ပဲလုပ်မည်။

အချ်ိန်သည် မိုးချူပ်စကိုရောက်လာခဲ့သည်။
အရက်ကိုဖန်ခွက်ထဲသေချာစပ်ထည့်ကာ
တစ်ယောက်ထဲအတွေးတွေအများကြီးဖြင့်
သောက်နေခဲ့သည်။

ဆိုင်ထဲဝင်လာသောအနီရင့်ရောင်နှင်းဆီပန်းစည်း
ဖြင့်လူတစ်ယောက်။SeokJinသည်ပန်းတွေကလည်း
သိပ်လှနေသလိုလူကလည်းတစ်မျိုးတလည်
ပုံစံဆန်းဆန်းမို့သတိထားမိခဲ့သည်။Hoseokဆိုလျှင်
သိနေနိုင်ပေမယ့်SeokJinကတော့Rioကိုမသိခဲ့
တာကြောင့်သူ့ရှေ့တင်ပြုံးပြုံးလေးလက်ဆောင်
ပစ္စည်းတွေဖြင့်ဖြတ်သွားသောကောင်လေးကို
တစ်ချက်ပဲကြည့်ကာဖုန်းပြန်သုံးနေလိုက်သည်။

Jimin သည်တစ်ယောက်ထဲသောက်နေရင်း
အမြည်းတစ်ခုအားတူဖြင့်လှမ်းယူလိုက်
သောအချ်ိန်တွင်တံခါးဖွင့်သံတစ်ခုနှင့်အတူ
အခန်းတစ်ခုလုံးမှောင်ကျသွားခဲ့သည်။
နည်းနည်းလေးလန့်သွားကာတံခါးဝကအမှောင်ထဲ
ကြည့်လိုက်မိတော့လူရိပ်တစ်ခု။ဖုန်းမီးမြန်မြန်ဖွင့်
လျှက်လှမ်းထိုးကြည့်လိုက်တဲ့အခါ ပြုံးပြနေသော
Rio။

မွှေးပျံ့လွန်းသောနှင်းဆီပန်းစည်းအကြီးကြီးတစ်ခု
အားကိုင်ထားကာ သူ့ကိုပြုံးယဲ့ယဲ့ဖြင့်လှမ်းကြည့်
နေပုံကရုတ်တရက်မို့Jimin မျက်လုံးလေးတွေ
ဝိုင်းစက်သွားသည်။

"Rio......"

"အင်း....ကျွန်တော်...."

"ဘာလာလုပ်တာလဲ မင်းမအားဘူးဆို..."

"ပြောမိလို့လား..."

ပို၍ပြုံးလာကာတံခါးကိုမှီလျှက်
Jiminကိုစကားလှမ်းပြောပုံသည် ဆွဲဆွဲငင်ငင်။

ခြေလှမ်းတွေလှမ်းလာတော့ချိုချိုအီအီရေမွှေးနံ့
သည်နှင်းဆီနံ့တွေဖြင့်ရောကာမူးဝေမတတ်။
စားပွဲပေါ်ပစ္စည်းလေးတစ်ခုတင်လိုက်ကာခလုတ်
တစ်ချက်နှိပ်လိုက်တော့မှောင်နေသောအခန်းတစ်ခု
လုံး၏နံရံပေါ်ပန်းရောင်အသဲပုံလေးတွေအပြည့်။
Projector လှလှလေးတစ်ခုပဲ။

Rioဟာ Jimin တို့သူငယ်ချင်းတစ်စုလုံး၏
အိမ်လိုဖြစ်နေသည့်Hoseokဆိုင်တွင်ဤအချင်းအရာ
ကိုခပ်အေးအေးပဲလာပြုလုပ်ရဲသည့်စိတ်သည်
သူလုံးဝအပိုင်တွက်ပြီးသည်ကိုပြတာရယ်
သူလုံးဝဘာကိုမှတကယ်ကိုဂရုမစိုက်ခဲ့ပါဘူးဆ်ို
တာကိုတစ်ဖက်လှည့်နဲ့ပြသွားခြင်းဖြစ်သည်။

Jimin သည်အံ့အံ့ဩဩအခန်းတစ်ခုလုံးကို
လိုက်ကြည့်နေတော့Rioကအနားကိုနီးနီးကပ်ကပ်
လေးတိုးလာသည်။

သိပ်ကြည့်ကောင်းခဲ့တယ်။မိုက်ရူးရဲဆန်ပြီး
အမှားဆုံးCharacter တစ်ခုလို့မထင်ရက်အောင်
သူရဲ့အပေါ်ယံမျက်နှာချောချောအားပန်းခရမ်းရောင်
မီးရောင်အောက်ငေးယူရသည်အထိ။
ရီဝေဝေပြုံးနေဟန်ကစွဲမက်စရာကောင်းခဲ့သလို
ကြောက်စရာအကောင်းဆုံးဒြပ်မဲ့တွေပဲ။

"ဒါတွေက......"

"Valentines Dayမှာ သူ့ကိုတစ်ယောက်ထဲ
အထီးကျန်စေပြီး တခြားလူတွေနဲ့ကျွန်တော်က
လျှောက်သွားနေစရာလား...ဝမ်းနည်းနေမယ်
ဆိုတာဒီကသေချာသိပါတယ်..."

Jiminရဲ့အဓိကအားနည်းချက်ကဘာဆိုတာ
အလည်လွန်သူကအစထဲကသိပြီးသား။
JeonJungkook နဲ့ဘာကြောင့်အက်ကြောင်းတွေ
ထင်ကုန်တာလဲဆိုတာလည်းသူတို့၂ယောက်သာ
မသိတာသူကပေါက်ပြီးသား။ထို့ကြောင့်အဲ့ဒီ
Weak Point လေးကို ဖွဖွလေးဖိလိုက်သည်။

ဖွဖွလေးဖိပေမယ့် အနာရင်းခဲ့သူမို့
Jimin မျက်လုံးတွေကအရောင်လဲ့သွားသည်။

"ငါဝမ်းမနည်းပါဘူး..."

"ကျွန်တော်ရောက်လာပြီမလို့ သူပျော်ရွှင်ရပါပြီ"

အလွန်နီးကပ်ကပ်အနေအထားဖြင့်မျက်လုံးတွေ
ကိုစိုက်ကြည့်ကာတိုးရှရှဆိုလာသည့်အနေအထား
တွင်မရုန်းထွက်နိုင်။

Rioက နှင်းဆီပန်းစည်းအားယူကာJimin
လက်ထဲကိုထည့်ပေးလာသည်။

"Happy Valentines Day...
သူ့အတွက် တစ်မြို့လုံးရဲ့အလှဆုံးနှင်းဆီတွေပါ..."

နီးနီးကပ်ကပ်နှစ်ကိုယ်ကြားတိုးတိုးဆိုနေခြင်းက
ရင်ခုန်ဖွယ်ရာပဲ။အလေးအနက်ထားမှုတချို့ကို
ဒီလိုနေ့မျ်ိုးမှာမလိုချင်ခဲ့ပါဘူးဆိုလိမ်ရာကျမှာပေါ့။
Rioက ဘာမှပြောနေစရာမလိုတဲ့သူဖြစ်လာသည်။

များပြားလှသောနှင်းဆီတွေကိုငုံ့ကြည့်ကာ
သဘောမကျဘူးလို့မလိမ်ပါဘူး။
Jiminမခို့တရို့လေးပြုံးသွားသည်။
ထိုအပြုံးလေးတွင်Rioရင်ခုန်သံတွေ
မြန်ဆန်သွားလျှက်။

ပန်းစည်းကိုကိုင်ထားသောJimin လက်ဖျား
တွေအားဆုပ်ကိုင်လာသောလက်တစ်ဖက်
ကြောင့်Jimin ကRioအားကြည့်လာသည်။

"ပိုင်ပိုင်နိုင်နိုင်ကျွန်တော်ကိုင်သင့်ပြီဖြစ်တဲ့
လက်ဖဝါးတွေလို့ထင်တာပဲ....
သူရော မထင်ဘူးလား..."

အချိန်တန်ပြီဟုဆုံးဖြတ်ချက်ချထားသောRio
သည် Jimin လက်ဖဝါးတွေကိုပို၍တင်းတင်း
ဆုပ်ကိုင်လာပြီး

"ကျွန်တော်သူ့ကိုချစ်နေတာသိတယ်မလား"

"........"

"ဒီဆိုင်မှာစတွေ့ထဲကချစ်ခဲ့တာပါ...
အရက်မူးနေလည်းချစ်တယ်
မာဖလာဖြူဖြူလေးနဲ့ဆောင်းဦးတစ်ခုက
ပုံစံလေးကိုလည်းချစ်တယ် ဟော့ဟော့ရမ်းရမ်း
Clubတက်နေတဲ့ဆွဲဆောင်မှုတွေကိုလည်းချစ်တယ်
သူဘာလေးပဲလုပ်လုပ် သူဘယ်လိုလေးပဲနေနေ
သိပ်ကြိုက်တာပဲ...ဒီနေ့ကိုကျွန်တော်စောင့်နေခဲ့တာ
အမှတ်တရလေးဖြစ်သွားအောင်လို့လေ...."

"ဒါက...ကျွန်တော်ကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့တာ.."

ကတ္တီပါဘူးကိုဖွင့်လိုက်တော့စိန်ရောင်တောက်
နေသောဆွဲကြိုးတစ်ကုံး။နှင်းဆီတွေလောက်
Jimin စိတ်လှုပ်ရှားမှုတော့မရှိမျက်စိကျိန်းရုံလောက်
ပဲ။

"ငါအဲ့တာမျိုးတွေမကြိုက်ဘူး"

"ဟုတ်လား ဘာကိုကြိုက်တာလဲ သူ့စိတ်တိုင်းကျ
ဒီနေ့ချင်းလဲပေးမယ်..."

"အဲ့အဆင်တန်ဆာတွေကိုမကြိုက်တာ
မျက်စိကျိန်းလို့...."

"ဒါဆို ဒါကိုနောက်မှညှိမယ်...ခုအရေးကြီးတာ
လေးဆက်ရအောင် ...."

Rioသည်Jimin၏မျက်လုံးတွေအားစူးစူးနစ်နစ်
စိုက်ကြည့်ရင်းပါးတစ်ဖက်ကိုလက်ဖဝါးတစ်ဖက်
ဖြင့်အုပ်ကိုင်လာသည်။

"ချစ်တယ်.....ကျွန်တော့်အတွက်ပထမဆုံး
ရင်ခုန်သံနဲ့ပထမဆုံးအချစ်ဦးပါ...
ကျွန်တော်ကိုယ်ကနေဘယ်သူ့ကိုမှချစ်ဖို့ကို
မတွေးထားခဲ့ဖူးဘူး ကိုယ့်ကိုပဲချစ်ပေးတာ
ကိုသဘောကျခဲ့တာ...သူ့ကိုတော့ပထမဆုံး
အနေနဲ့ ချစ်ပေးကြည့်ချင်လာတယ်...
လိုအပ်ခဲ့တဲ့အရာမှန်သမျှကိုဖြည့်စည်းပေးချင်
တယ် ကျွန်တော်တို့တရားဝင်တွဲကြမယ်နော်"

"ကျွန်တော် သူ ဘာတွေဖြစ်ခဲ့လဲ
ဘယ်သူနဲ့ဘယ်လောက်အတူရှိခဲ့လဲ
အစစအရာရာပေါ့ ဘာတစ်ခုကိုမှဂရုမစိုက်ဘူး
သူလည်း ပြန်တွေးနေဖို့မလိုဘူး..."

"ငါဘာမှမတွေးနေပါဘူး...."

"ကျေးဇူးပဲ....အဲ့လိုအထိမခံတာလေးလည်း
ထပ်သဘောကျရပြန်ပြီ...."

အကွေ့အဝိုက်တွေကလှသည်။အနေအထား
အခြေအနေလေးသည်အလွန်ချိုမြိန်နေလှ၏။

"အဖြေပြန်ပေးလေ....မငြင်းဘူးဆိုတာ
ယုံကြည်နေပေမယ့် ကြားတော့ကြားချင်သေးတယ်"

ယုံကြည်မှုသည်လွန်လွန်ကဲကဲ။
တေ့တေ့ဆိုင်ဆိုင်ဖြစ်လာတော့မျက်စိရှေ့က
လူကိုခေါင်းငြိမ့်လိုက်ဖို့ကထင်သလောက်တော့
မလွယ်ကူခဲ့ပါ။အတွေးတွေယောက်ယက်ခတ်
လာသည်။

Rioက ချောကလက်တစ်ခုကိုဖွင့်ဖောက်ကာ
Jimin နှုတ်ခမ်းနားလေးအားတိုးကပ်ပေးလာ
သည်။နှုတ်ခမ်းတွေဖွင့်ဟပေးလိုက်တော့ချောကလက်
လေးသည်နှုတ်ခမ်းတွေနောက်ပါသွားသည်။

"ပန်းစည်းလည်းလက်ခံပြီးပြီ
ချောကလက်လည်းစားလိုက်ပြီ
ဒါဆိုတွဲပြီ..."

"ဘာဆိုင်လဲ ဒါကမင်းကျွေးလို့ငါစားတာလေ
ငါကြိုက်တဲ့တံဆိပ်လည်းမဟုတ်ဘူး..."

Rioကသွားစွယ်လေးတွေပေါ်အောင်ပြုံးကာ
Jimin၏လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်
လာသည်။

"ဘာလို့ ပြောရဆိုရကျပ်ရတာလဲ
အင်း လိုက်ပါတော့..."

နေထိုင်ထိုင်တတ်လွန်းသူသည်ထိုင်နေရင်းကို
အသဲယားလာစေကာစိတ်တွေသည်ဂယောက်ဂယက်
ဖြစ်လာသည်။Rioသည်တစ်ဖက်ကဘာပြောမလဲ
စောင့်နေဖို့ကိုသိပ်စိတ်မရှည်တော့။ဘာပြောမလဲ
ဆိုတာလည်းသိနေပြီမလို့ပန်းစည်းကို၂ယောက်
ကြားထဲဆွဲဖယ်လိုက်ကာစားပွဲပေါ်တင်လိုက်သည်။

"Rio....!"

ရောက်ရှိလာသောခပ်ဖွဖွပွေ့ဖက်မှုတစ်ခု။
သူငယ်ချင်းအုပ်စုတွေထိုင်တတ်သောဆိုဖာအရှည်
ကြီး၏အစွန်းတွင်Jiminကကပ်နေကာအမှတ်တမဲ့
ဆိုပျောက်တောင်နေသည်။ခါးဆီကိုလက်တွေ
ရောက်လာခဲ့ပြီးလည်တိုင်ပေါ်မျက်နှာတစ်ခု
လုံးမှောက်ကျလာသည်။

"ဖယ်...ဖယ်ပါဦး ငါတို့စကားအရင်ပြောရအောင်..."

"ပြောရတာက လည်နေတယ်..မပြောချင်တော့ဘူး
ဖက်ပဲထားလိုက်တော့မယ်...ချစ်တယ်..."

_

ဆိုင်တံခါးဖွင့်သံပြင်းပြင်းကြောင့်KimSeokJin
ဖုန်းသုံးနေရာမှမော့ကြည့်လိုက်တော့JungHoseok
၏ကလေးအုပ်စု။ရှေ့ဆုံးကJeonJungkook သည်
တစ်လောကလုံးကိုအပိုင်စားရနေသလိုမျက်နှာ
မျိုးဖြင့်မော့ချီကာဘေးနားတွင်အပေါင်းအပါးတွေက
လူစုံတက်စုံ။SeokJinသူတို့ကိုအရင်ထဲကစိတ်သိပ်မတိုး
ပါ။မျက်စိနောက်လွန်း၍ခပ်ခွါခွါပဲနေခဲ့သည်။

"ဟ Seok1 ပါလား Long Time No see bro
နေကောင်းရဲ့လား....."

JeonJungkookသည်ဘယ်ပွဲတက်ထားသလဲ
မသိအလွန်ကျော့မော့နေကာတစ်သက်နဲ့တစ်ကိုယ်
တစ်ခါလေးမှမနှုတ်ဆက်ခဲ့ဖူးသောလေသံဖြင့်
နှုတ်ဆက်လာတော့SeokJinမှာကြောင်အအ။

"ကောင်းလို့ထိုင်နေတာပေါ့...."

"SeokJin Oppa အမြဲတမ်းချောနိုင်လွန်းနေတာ
မပင်ပန်းဘူးလားရှင်...."

အဲ့ကလေးမအဆိုးဆုံး။သူ့ကိုရည်းစားစကား
လာပြောဖူးသည်။လိုက်ရိုက်လို့ထွက်ပြေးခဲ့သော
ဗရုတ်ဗရက်လေး။

"နင် မမှတ်ဘူးနော်...ရေချယ်..."

တခစ်ခစ်ရယ်နေပုံကထပ်ကြည့်မရစရာ။

"Jimin ဆီလိုက်လာတာဆိုမြန်မြန်သွား
လိုက်တော့ငါအားမနေဘူး..."

"ကျွန်တော်ဒီနေ့ကလေးကိုလက်ထပ်ခွင့်
တောင်းမှာလေ Seok1ရှိတာကံကောင်းတာပဲ
ရည်းစားမရှိရင် ကျွန်တော်တို့Roမှာကိုမပြန်သေးဘဲ
မနာလိုပေးလို့ရတယ်နော်..."

"ငါ့လက်တွေကအမြဲအသက်ဝင်နေတာနော်
JeonJungkook..."

Jeonသည် သိပ်ကြည့်ကောင်းသောအပြုံးလေး
တစ်ခုဖြင့်SeokJinအားစနောက်ထွက်သွား
တော့Jinကနောက်မှခြေထောက်ဖြင့်လှမ်းကန်ကာ

"Congratulations ဟေ့ကောင်
နောက်ဆုံးတော့ညားပြီပေါ့..."

"ညားပြီ....ကျေးဇူး..."

Jimin ဒီဆိုင်ကိုလာတိုင်းထိုင်တတ်သော
သူတို့ကျောင်းတုန်းထဲအုပ်လိုက်ကြီး
သီချင်းတွေဆိုမူးရူးကခုန်ခဲ့ကြသော
အခန်းဆီခုလည်းလူစုံတက်စုံပဲလျှောက်
လာကြသည်။

"ခေါင်းမငြိမ့်မချင်းမလွှတ်ပေးဘူး"

ဆိုဖာ၏ထောင့်စွန်းတွင်ပွေ့ဖက်ထားမှုသည်
မလွှတ်သေး။Rioသည်ခွင့်တောင်းမှုတစ်စုံတရာ
မရှိဘဲလည်တိုင်တွေအပေါ်နှုတ်ခမ်းတွေရောက်
လာခဲ့သည်။လက်ရဲဇက်ရဲအပြုအမူကြောင့်
Jimin မှာနေရထိုင်ရအလွန်ကျပ်တည်းသွားသည်။

သူငယ်ချင်းတွေနဲ့တက်ညီလက်ညီရယ်မော
ပြုံးရွှင်လာသောJeonသည်ကောက်ကွေးနေမည့်
ကောင်လေး၏စူပုတ်ပုတ်မျက်နှာလေးကို
တစ်ချက်ပြန်တွေးလိုက်ကာတံခါးအားလှည့်ဖွင့်
လိုက်သည်။

တံခါးပွင့်သွားသည်နှင့်ပန်းပွင့်၁၃ပွင့်ပါသော
အဖြူရောင်ပန်းစည်းလေးရယ် လက်စွပ်ဘူးရယ်
သီချင်းဆိုပြမှာမို့လွယ်လာသောဂစ်တာတစ်လက်
ရယ် ပန်းပွင့်ချပ်လေးတွေအခန်းပြည့်ကျဲပေးမယ့်
သူငယ်ချင်းတွေလည်းအဆင်သင့် ဒါပေမယ့်
အခန်းထဲကမြင်ကွင်းဟာအဆင်သင့်ဖြစ်မနေခဲ့ဘူး။

အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရ
သောပန်းခရမ်းရောင်အလင်းရောင်အောက်တွင်
တွေ့လိုက်ရသောလူနှစ်ယောက်။Jeonနှစ်ယောက်လုံး
ကိုသိနေသည်။အခန်းအမှောင်ချကာသူတို့လုပ်နေကြသောအလုပ်သည်ကမ္ဘာတစ်ခုလုံးပြိုကျသွားခဲ့သလိုပဲ။

လက်ထဲကပန်းစည်းသည်ကြမ်းပြင်ပေါ်ပြုတ်
ကျသွားခဲ့ကာ ခြေလှမ်းတစ်လှမ်းနောက်သို့
ယောင်ယမ်းဆုတ်မိသွားသည်။

တံခါးဖွင့်သံကြောင့်Jimin သည်Rioအား
တွန်းလိုက်ပြီးလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
Rioဟာလုံးဝဖယ်ခွါမသွားခဲ့ပါ။
ဆိုင်ဝန်ထမ်းတွေတစ်ခုခုလာပို့တာမျိုးဖြစ်လိမ့်
မည်ဟုတွေးလိုက်ပြီးဆိုးဝါးစွာဆက်လက်ပြုမူနေဆဲပဲ။

တံခါးဝကို Rioပုခုံးတွေမှကျော်ကာလှမ်းကြည့်
လိုက်တော့မျက်နှာချင်ဆိုင်လှမ်းမြင်လိုက်ရသော
တံခါးဝကမျက်နှာသည်Jiminမျက်နှာတစ်ခုလုံးအား
ဖြူစုတ်သွားစေကာကြက်သေသေသွားသည်။

TaeHyung တို့က အစပိုင်းမှာမပါဘဲ
Jimin ခေါင်းငြိမ့််တဲ့အချိန်မှဇာတ်ပေါင်းပေးရမည့်
ကဏ္ဍမို့ခပ်လှမ်းလှမ်းမှာစောင့်နေကြသည်။
Jeonလက်ထဲပန်းစည်းပြုတ်ကျသွားတာကို
မြင်လိုက်ရတာကြောင့်မျက်နှာပျက်သွားကြကာ
ချက်ချင်းလျှောက်လာကြသည်။

"ဘာဖြစ်တာလဲ Jungkook..."

အားလုံးအခန်းထဲကိုလှမ်းကြည့်လိုက်တဲ့အခါ
ယုံနိုင်စရာမရှိသောမြင်ကွင်းသည်ဆိုးဆိုးဝါးဝါး
ကိုကြိုဆိုနေကာ "သွားပြီ"ဟု စိတ်အတွေးထဲ
ပြိုင်တူရေရွတ်မိလိုက်ကြသည်။ရေချယ်၏
ဒေါက်ဖိနပ်လေးသည်သိပ်မမြင့်ခဲ့ဘဲရေချယ်သည်
လုံးဝယိုင်ကျသွားတာကြောင့်မနည်းသူမကိုယ်သူမ
ပြန်ထိန်းလိုက်ရသည့်ဟန်။

Jeonသည် လွယ်ထားသောဂစ်တာကိုကြမ်းတမ်းစွာ
ပစ်ချကာအခန်းမီးကိုဖွင့်ပစ်လိုက်သည်။
လင်းထင်းသွားတော့ပိုနာရတာပေါ့။

Romatic ဆန်လွန်းတဲ့
အနေအထားလေးမှာParkJimin က
ရင်ခွင်ထဲမြုပ်နေသည်။မီးတွေထိန်ထိန်လင်း
သွားတာတောင် ParkJimin လည်တိုင်တွေပေါ်
ကမခွါသောနှုတ်ခမ်းတွေသည်ဘယ်လောက်
မိုးမမြင်လေမမြင်သာယာနေကြသလဲဆိုတဲ့
အဓိပ္ပာယ်တွေပဲ။

"ဘယ်ကောင်ကမီးကိုဖွင့်တာလဲ....."

Rioသည် အခြေအနေပျက်သွားတာကြောင့်
နောက်ပြန်လှည့်ကာအော်တော့နီရဲနေသော
မျက်လုံးတွေဖြင့်သူ့ဆီပြေးဝင်လာသောလူတစ်ယောက်။

ဝုန်းးးးး။

Jeonသည် RioအားJimin ခန္ဓာကိုယ်ဆီမှ
ဆွဲခွါကာ ကြမ်းပြင်ပေါ်ကိုလွှင့်ပစ်လိုက်သည်။

နောက်ထပ်ကိုင်မပေါက်နိုင်သောလူကို
ချက်ကြည့်လိုက်တော့
ဆိုဖာထဲနစ်ဝင်မသွားတတ်တိုးကပ်သွားကာ
ကြောက်လန့်သွားသောပုံစံသည်အသားတွေပင်
တုန်လာသည်။

လည်တိုင်မှာParkJimin ကိုသတ်မပစ်ခင်သူ
အရင်သေဆုံးသွား၍ရသောအမှတ်တံဆိပ်တစ်ခု။
တစ်ခုထဲ။ဒါပေမယ့်ကမ္ဘာပျက်၍ရသောဒေါသနှင့်ဒီခန္ဓာကိုယ်အပေါ်ယူကျုံးမရသောစိတ်သည်ရူးမတတ်ပဲ။

"ငါသတ်ပစ်မှာ....မင်း..သေဖို့ သေဖို့ကိုပြင်ထား..."

အံကြိတ်ကာပြောလာသောစကားတွင်Jimin
သည်Jeonကိုဘာမှပြန်မပြောနိုင်ခဲ့။မျက်တောင်
မခတ်နိုင်တော့သောမျက်လုံးတွေဖြင့်ပြူးသာ
ကြည့်နေသည်။

ကြမ်းပြင်မှချက်ချင်းပြန်မထနိုင်သေးသော
Rioအားဆွဲမကာမျက်နှာချင်းဆိုင်သည်နှင့်
ပြင်းထန်သောလက်သီးချက်သည်ထပ်မံလဲပြို
သွားသည်။ပြန်ဆွဲမတော့သွေးစများသည်
Shirt အင်္ကျီအဖြူရောင်အပေါ်စီးဆင်းကုန်သည်။
Rioသည်ဆက်တိုက်ကျလာသော
သွေးတွေအားသုတ်လိုက်ကာJeanကိုမခန့်သလို
ကြည့်လာပြီး....

"ဘာလာလုပ်တာလဲ....."

မဖြုံသလိုမနာသလိုရဲရဲတင်းတင်းမေးလာသော
မေးခွန်းသည်ခပ်အေးအေး။

"ဒါကျွန်တော်တို့နှစ်ယောက်ရဲ့ကိုယ်ပိုင်
အချိန်ထင်တယ်Hyungမှာ ဒီလိုလုပ်ပိုင်ခွင့်
ရှိလို့လား....."

"ခွေးသတောင်းစား!!!!!"

ထပ်မံရောက်လာသောလက်သီးချက်ကိုRio
ကရှောင်ကာ Jeonကို တွန်းထုတ်လျှက်
ပြန်တုံ့ပြန်လာသည်။ထို့နောက်ရဲရဲတင်းတင်း
ပြန်ကြည့်လာသည်။

"မဆဲနဲ့....အဆဲခံရမယ့်ကိစ္စမျိုးမလုပ်ထားဘူး"

"ငါ့အပိုင်ကို ငါ့ကွယ်ရာမှာ ခွေးကျင့်ခွေးကြံ
ကြံနေတာ အဆဲရော အသတ်ရောခံရမယ့်ကိစ္စ
သိရဲ့လား အောက်တန်းစားကောင်!!!!"

ဆံပင်တွေအားဆွဲကာRioကိုအရုပ်တစ်ရုပ်
လိုဆွဲ​ဆောင့်လိုက်ခြင်းတွင်RioကJeonလက်
တွေကိုဆွဲခွါပစ်သည်။

"အပိုင်တဲ့လား...မပိုင်တော့ပါဘူး မေးလည်းကြည့်ပါဦး
Hyungနဲ့တွဲခဲ့တာကျွန်တော်သိတယ်လေ
ဒါပေမယ့် Jimin ကလမ်းခွဲပြီးပြီတဲ့...
လမ်းခွဲပြီးပြီကို ဘာတွေလာလောင်နေတာလဲ"

Jeonသည် ဆိုဖာပေါ်ကလူအားနာနာကျင်ကျင်
မျက်လုံးတွေဖြင့်လှမ်းကြည့်လာသည်။

"Jimin ပြောလိုက်လေ...မကြောက်ပါနဲ့
ကျွန်တော်တို့မှားနေတာမဟုတ်ဘူး..."

သူမမှားဘူး။မှားနေလည်းဘယ်တော့မှဝန်ခံမည်
မဟုတ်။ဘာပဲဖြစ်ဖြစ်သူနိုင်ခဲ့တာပဲ။Jiminကို
သူရခဲ့တာပဲ။JeonJungkook ကရှူံးနိမ့်သွားပြီ။

"မင်းကများ!!!!"

ဖြောင်း။

Jeonသည် Jimin အားပိုင်နိုင်သလိုရှင်းပြခိုင်း
နေသောမျက်နှာကိုမုန်းလွန်း၍လက်ပြန်ရိုက်
ချလိုက်သောအသံသည်ဘယ်လောက်နာကျင်
မလဲဆိုတာအသံကြားရုံဖြင့်အသားတွေထဲစိမ့်ခနဲ။

Rioသည်အလွန်အမင်းနာကျင်သွားတာကြောင့်ဖျင်းခနဲ။
တောက်တစ်ချက်ခေါက်ကာJeonကိုစူးစူးရဲရဲ
ပြန်ကြည့်လာသည်။ထို့နောက်ပြန်ထိုးရန်လက်သီး
တစ်ချက်ရောက်လာတော့Jeonကရှောင်တိမ်းကာ
ထပ်ရိုက်တော့Rioကလည်းပြန်တုံ့ပြန်ရိုက်ချက်တွေဖြင့်။

အင်အားချင်းမမျှတာမို့နောက်ဆုံးမှာ
နာကျင်ရသူကRioပဲ။
ပြန်မလုပ်နိုင်တော့တဲ့အခါအသာစီးရနေသော
Jeon ကို သွေးတွေကြားကမနာကျင်သလိုပဲ
ကြည့်လာခဲ့ပြီး....

"ခင်ဗျားကိုစိတ်ကုန်လို့စိတ်ပျက်လို့ ထားခဲ့ပြီး
ကျွန်တော့်ဆီကိုလာခဲ့တာ
ဘာတွေခုမှလာအဆိပ်တက်နေတာလဲ
အစထဲက ခင်ဗျားအပိုင်ဆို ပိုင်အောင်လုပ်ထား
လေ ခုအနေအထားအရ ဘယ်သူParkJimin
ကိုသေသေချာချာပိုင်နေလဲအသိသာကြီးပဲ
Valentines Dayမှာ Dateနေတာ
Valentines မှာ Dateနေတယ်ဆိုထဲက
အခြေအနေကိုနားလည်လိုက်....
ခုမှတရေးနိုးလာပြီး သွေးရူးသွေးတန်းတွေ
လာမဖြစ်နေနဲ့...ရယ်စရာကောင်းတယ်...."

ရင်ဝတည့်တည့်ကိုထပ်ဆောင့်ကန်ခံလိုက်ရသော
အရှိန်သည်ပြင်းလွန်းကာလဲကျသွားတော့
ခန္ဓာကိုယ်ပေါ်ခွကာထိုးလာသောလက်သီးချက်
တွေကိုရှောင်၍မရ။ဆိုက်တိုက်ပဲ မသေသေအောင်
ထိုးနေသလို Rioမျက်နှာတစ်ခုလုံးသွေးချင်းချင်း
ရဲလာသည်။သွေးတွေသည်ကြမ်းပြင်ပေါ်ဆိုးဆိုးဝါးဝါး
စီးဆင်းလာလျှက်။

"စောက်ပါးစပ်ကိုပိတ် .....မင်းကများ....
မင်းကများ....."

Jeonမျက်လုံးထဲကမျက်ရည်တွေသည်ထိုးနှက်နေရင်း
Rioမျက်နှာပေါ်ကိုဆိုက်တိုက်ကျဆင်းလာသည်။
အထိုးခံနေရသူကမငိုဘဲထိုးနေရသူကငိုနေခြင်း
သည်သဘာဝတော့သိပ်မကျခဲ့ပါ။

"ခွေးကောင်!!!!!"

Rioသည်Jeonအား အားကုန်သုံးလျက်ပြန်
ကန်လိုက်ကာ

"မေးကြည့် မေးကြည့်လိုက်
ခင်ဗျား ParkJimin ကို ရှိမှန်းတောင်သတိမရ
တော့တဲ့အချိန်တွေထဲကကျူပ်တို့အေးဆေးရှိနေပြီ
ဒီနေ့တရားဝင်တွဲကြဖို့တိုင်ပင်နေကြတာ
ဟုတ်သလား မဟုတ်သလားသွားမေးပြီးမှ
ပြဿနာကိုရှာအရှုံးသမား..."

စကားဆုံးသည်နှင့်အောင့်မျက်သွားသော
နှလုံးသားသည်ဆက်ပင်မထိုးနိုင်တော့။
အဲ့လောက်တောင် အဲ့လောက်တောင်မှ
ဘယ်အချိန်တွေကဘယ်လိုတွေ။

ဘယ်လိုမေးရဲမှာလဲ။ဒီအခြေအနေဟာ
အရာအားလုံးရှင်းရှင်းလင်းလင်းပဲကို။
TaeHyung ပြောတာကိုခပ်ပေါ့ပေါ့သဘော
ထားခဲ့တာတွေ။မလုပ်လောက်ပါဘူး။
မဟုတ်ဘူး မလုပ်ကိုမလုပ်ဘူးဟုတထစ်ချ
ယုံကြည်မိခဲ့တာတွေဟာ သေမတတ်ရူးမတတ်။

Jeonသည်မလှုပ်ရှားနိုင်တော့သော
သွေးသံရဲရဲနှင့်Rioအားထားခဲ့ကာ
Jimin ဆီကိုသွားခဲ့သည်။အခန်းဝကလူတစ်စု
သည်Rioကိုထိုးကြိတ်နေခြင်းကို
တစ်ယောက်မှဝင်လာမဆွဲဘဲJiminဆီ
ကိုJeonသွားတော့မှTaeHyung ကလှုပ်ရှားလာ
တော့ Yoongi ကဆွဲထားသည်။
ဒါစကားပြောဖို့လိုတဲ့အခြေအနေပဲ။

Jeonသည် သွေးတွေပေကျံနေသောလက်တွေ
ဖြင့်Jiminဆီကိုလျှောက်လှမ်းလာသည်။
အနီးဆုံးရောက်တဲ့အခါအင်္ကျီစကက်ိုင်ကာ
ဆွဲမလိုက်ခြင်းသည်အရုပ်ကလေးတစ်ရုပ်လိုပဲ။

"မင်း ဒါ ဘာလုပ်ခဲ့တာလဲ ParkJimin
ဘာလုပ်နေခဲ့တာလဲ ....."

လက်ပူးလက်ကျပ်မိကာမျက်စိနဲ့တပ်အပ်မြင်
ထားပြီတဲ့ကိစ္စအပေါ်Jimin မှာပြောစရာတွေမရှိနေပါ။
Jeonမျက်လုံးထဲကအဆက်မပြတ်ကျလာသော
မျက်ရည်တွေက်ိုပဲတွေတွေကြီးစိုက်ကြည့်နေသည်။

"လိမ်လိုက်ပါ....ငါ့ကိုလိမ်ပါ...
ခုမှ မင်းဒီနေရာကိုရောက်လာတယ်လို့
ငါ့ကိုခု လိမ်ပေးပါ....."

Jimin သည်သူ့ကိုဆွဲယူထားသောJeonရဲ့
လက်တွေကိုတစ်ချောင်းချင်းဖြုတ်နေသည်။
Rioလိုရိုက်ပစ်လိုက်မှာကိုကြောက်နေ၍
တုန်ရီစွာဆွဲဖြုတ်နေပုံသည်
ရှက်စရာကောင်းတဲ့သစ္စာမဲ့ခြင်း
ဖောက်ပြန်ခြင်းဆိုတဲ့ပြင်းထန်တဲ့ခေါင်းစဉ်တွေ
ကိုဒီကောင်လေးအပေါ်မတပ်ချင်လို့ပါဆိုမှ
သူကိုယ်တိုင်တပ်နေသည်။ဒေါသတွေကြားက
နှမြောသောစိတ်သည်နှလုံးသားတစ်ခုလုံးကို
စုတ်ပြတ်သတ်သွားစေသည်။

"ဘာလို့လဲ....ဘာလို့ငါ့ကိုဒီလိုလုပ်ရက်တာလဲ...
ဟမ်....Jimin...ငါ့ကိုဖြေပါ...."

မဖြေခဲ့ဘူး။Jeonရဲ့လက်တွေကိုပဲကြိုးစားပမ်းစား
ဆွဲဖြုတ်နေသည်။တောင်းပန်ပါတယ်လို့ပြောဖို့
ကိုဝေးလို့လက်သေးသေးတွေ ရဲပေါက်လာတဲ့အထိ
လက်ချောင်းသွယ်သွယ်တွေကိုဖယ်ရှားနေခဲ့တာ။

Jeon မျက်ရည်တွေကထိုလက်ချောင်းတွေအပေါ်
ဆိုက်တိုက်ကျနေပေမယ့်Jiminကတော့
အသက်ရှုသံတွေပြင်းနေရုံကလွဲပြီးကျန်တာဘာမှ
မရှိနေခဲ့ဘူး။

စုန်ကန်ချင်ခဲ့တဲ့အချိန် ညစ်တွန်းတွန်းချင်တဲ့အချိန်
ဒီယောကျ်ားနဲ့ပတ်သတ်ပြီးဘာမှမရှိနေတော့တဲ့
အချ်ိန်မလို့ လုပ်ရပ်တွေသည်ပြတ်ပြတ်သားသား
ထိထိရှရှပါပဲ။

"ဖြေစမ်း!!!!!"

အော်ဟစ်နေရင်းJeonမျက်လုံးတွေသည်စားပွဲခုံပေါ်က
စျေးအကြီးဆုံးနှင်းဆီပန်းစည်းပြီးတော့သန်းချီ
တန်သောစိန်ဆွဲကြိုးနှင့် နောက်ဆုံးပေါ်ကား၏
သော့ နောက်ဆုံးပေါ်ဖုန်းModelဒါတွေကိုတစ်ခု
ချင်းလိုက်ကြည့်ကာ Jeonကမျက်ရည်တွေကြားက
ခြောက်ကပ်ကပ်ထရယ်သည်။

"အော်....အော် တရားခံတွေကဒီမှာကို
အမေမမှားခဲ့ဘူးပဲ.....အရွယ်လေးရောက်လာတော့
မင်း လည်း..မက်လာပြီကို...."

ဆင်းရဲခဲ့တာနဲ့ပတ်သတ်ပြီးအနာကျင်ရဆုံး
ထိုးနှက်မှုတွေကJiminမိဘတွေဆီကပဲရခဲ့သည်။
Jeonအတွက်မပြည့်စုံခဲ့ခြင်းဟာ
စိတ်ဒဏ်ရာတစ်ခုလိုဖြစ်လာကြောင့်
သူအများကြီးကြိုးစားခဲ့တာ။စားပွဲပေါ်က
ပစ္စည်းတွေကသူအဖျားအနားတောင်
လိုက်၍မမှီသောတန်ဖိုးတွေနဲ့။
Jiminကဒီအရာတွေအပေါ်ပျော်ဝင်သာယာခဲ့ကြောင်း
သိပ်အများကြီးစဉ်းစားနေဖို့မလိုပါဘူး။

Jimin မျက်လုံးတွေသည်ဒီစကားစုကျမှ
အသက်ပြန်ဝင်လာသည်။ငွေမက်တယ်တဲ့လား။
စွပ်စွဲချက်သည် အနာတွေအားလုံးကိုပြန်တူးဆွ
လိုက်သလိုသွေးစိမ်းရှင်ရှင်ပြန်ထွက်လာသည်။
သူဘာတွေကိုမက်မောခဲ့တာလဲ။
သူဘာတွေကိုလိုချင်ခဲ့တာလဲ။

ငွေမက်တယ်ဆိုမှကြားကောင်းခဲ့ဦးမည်။
သူမက်ခဲ့တာဒီယောကျ်ားဆီက
အရှက်မရှိတဲ့အရာတွေ။

အပြီးအပြတ်စွန့်လွှတ်ချိန်ကိုတန်လာတာပဲ။
ဟိုလိုလိုဒီလိုလိုမပြီးနိုင်မစီးနိုင်အခြေအနေက
နေ အပြီးပြတ်သွားလို့ရပြီ။

"ငါ့မိဘကိုထည့်မပြောနဲ့..."

February 14။

အက္ေၾကာင္းကဗ်ာရဲ့အဆိုးဝါးဆုံးစာမ်က္ႏွာ
ခ်ပ္တစ္ခုျဖစ္လိမ့္မယ္။February 14။
Music ဆုေပးပြဲတစ္ခုက်င္းပမယ့္ည။
တစ္ၿမိဳ႕လုံးလည္းValentines Dayမို႔ခ်စ္သူစုံတြဲမ်ားႏွင့္
ႏွင္းဆီနီနီေတြရဲေတာက္ေနခဲ့တယ္။

ဝတ္ေကာင္းစားလွေတြနဲ႔Jeonဟာပထမဆုံး
ဖိတ္ၾကားခံရတဲ့ဆုေပးပြဲကိုညေနေစာင္းအခ်ိန္
ေလးမွာတက္ေရာက္လာခဲ့တယ္။Camera
မီးတခ်ိဴ႕ကStill With You ပိုင္ရွင္မို႔ပိုပိုသာသာ
ေလးတဖ်က္ဖ်က္....။

ေရခ်ယ္ဟာ Jeonရဲ့ေနာက္မွာအထုတ္တစ္ထုတ္
ကိုင္လၽွက္အေဖာ္လိုက္လာေပးခဲ့တယ္။
ဒီပြဲထက္ ဒီပြဲၿပီးရင္ Jeonစီစဥ္ထားတဲ့အလွဆုံး
Suprise တစ္ခုကိုသူမပိုၿပီးရင္ခုန္ေနခဲ့တယ္။

TaeHyung တို႔အတြဲက လိုအပ္သည္မ်ားကိုျပင္ဆင္
ေနခဲ့တယ္။သိပ္ေတာ့လည္းမဆန္းၾကယ္ပါဘူး။
February 14မွာေတာင္သူ႔ကိုပလစ္ေနလို႔
Jeonကိုစိတ္ေကာက္ေနမယ့္ေကာင္ေလးကို
ရိုးရိုးရွင္းရွင္းလက္ထပ္ခြင့္ေလးေတာင္း႐ုံပဲ။ ဘယ္ေလာက္အံ့ဩသြားလိုက္မလဲ။

စီနီယာအႏုပညာရွင္ေတြၾကားေတးေရးဆရာေပါက္စ
အဆိုေတာ္ေပါက္စေလးရဲ့လင္းလက္စအခ်ိန္ေလး
ဟာထိုညေနေစာင္းမွာအေတာ္ေလးကိုလွခဲ့ရွာပါတယ္။

__________

"ေျမး ကသူ႔ကို တကယ္ခ်စ္ေနတဲ့ပုံပဲ
ဒါမ်ိဳးပထမဆုံးဖြားတို႔ျမင္ဖူးတာ
တကယ္အတည္ႀကီးလား..."

တစ္ခ်ိန္ထဲမွာပဲခမ္းနားေသာအိမ္ႀကီးထဲတစ္အ္ိမ္လုံး၏
သဲသဲလွုပ္တစ္ဦးတည္းေသာေျမးဦးေလးဟာလည္း
အလြန္ေပ်ာ္ရႊင္ေနခဲ့သည္။
စားပြဲေပၚခ်ထားေသာတန္ဖိုးျမင့္လြန္းသည့္
ပန္းစည္းနဲ႔ တျခားလက္ေဆာင္ပစၥည္းေတြဟာ
အေရာင္ေတြတလက္လက္။

ဟိုတစ္ခါJeonJungkook နဲ႔တြဲျမင္ၿပီးထဲက
Jimin ကိုသူ႐ုန္းမရေအာင္ခ်ည္ေႏွာင္ထားနိုင္
ခဲ့ၿပီးၿပီ။သူတို႔အေျခအေနက တရားဝင္သာ
ခ်စ္တယ္ မေျပာ၍Couple မျဖစ္ေနတာ
ေသခ်ာတဲ့ေနရာေတြကေသခ်ာေနၿပီ။

အျငင္းမခံရမွာေသခ်ာၿပီ။ မေစာင့္ဆိုင္းခိုင္းေနမွာ
ေသခ်ာၿပီ ဆိုမွ Rioကအပ္ိုင္အလုပ္ကိုလုပ္ခဲ့သည္။
လူတစ္ေယာက္ကိုယ့္ကို ညႊတ္ေနၿပီလား
မညႊတ္ဘူးလားကလြယ္လြယ္ေလးခံစားလို႔ရတာပဲ။

JeonJungkook နဲ႔လည္းတစ္ေလာကလုံးက
ျပတ္တယ္ေျပာတိုင္းမျပတ္ဘူးေနာ္Rioမွားလိမ့္
မယ္ဟုအထပ္ထပ္သတိေပးခဲ့တယ္။

သူ႔ကိုမနာလိုေနလို႔ေလ။Jimin ကျပတ္တယ္
ေျပာခဲ့တာပဲ။ျပတ္တယ္ေလ။လူဆိုရင္ေတာင္
Rioလိုခ်င္ရင္တန္းရေနလို႔မနာလိုေနၾကတာမ်ိဴး။
Jiminကျပတ္တယ္ဆိုရင္ျပတ္တာပဲေပါ့။

မွားယြင္းေလေသာစြဲလန္းမွုနဲ႔အရြယ္၏စိတ္အား
ထက္သန္ျခင္းေတြ ....Jiminရဲ့ ဝင္ၿပီးရင္ျပန္ထြက္
လို႔မရေတာ့ေသာျပန္လမ္းမဲ့အလွေတြၾကား
သူငယ္ခ်င္းေတြၾကား မာန္မာနေထာင္လႊား
ခဲ့မွုေတြ။ ၇ႏွစ္တည္ေဆာက္ၿပီးျဖစ္တဲ့ဆက္ဆံတစ္ခု
ထဲအတင္းဝင္လုခဲ့တာကိုရွက္စရာကိစၥဟုမျမင္ဘဲ
ေတြ႕လား ငါဆိုတာ အဲ့လိုRelationship မ်ိဴးကို
ေတာင္လွုပ္ခတ္နိုင္တယ္ဆိုတဲ့ေသာက္တလြဲအေတြးေတြ။

အဲ့လိုလူမ်ိဳးေတြကေသသာသြားလိမ့္မယ္။
သူတို႔အမွားကိုသူတို႔ဘယ္ေတာ့မွမျမင္နိုင္တဲ့
လူတန္းစားတစ္ရပ္။Jiminကိုအလြန္အမင္း
သေဘာက်ခဲ့တာေတာ့မွန္ခဲ့ေပမယ့္Rioမွာ
တျခားEffects ေတြလည္းအမ်ားႀကီးပဲ။

"သိပ္သေဘာက်တယ္ ဒီညအိမ္ကိုမရရေအာင္
ေခၚလာခဲ့ပါ့မယ္...ဘြား.."

"ေစာင့္ေနမယ္.....ေျမးေပ်ာ္ေနတာေတြ႕ရတာ
စိတ္ခ်မ္းသာတာအရမ္းပဲ....."

"ခ်စ္တယ္ ..."

အဖြားနဲ႔အေမျဖစ္သူ၏ပါးႏွစ္ဖက္အား
နမ္းၿပီးတဲ့ေနာက္တက္ႂကြေသာေျခလွမ္း
မ်ားျဖင့္ အိမ္အျပင္ထြက္သြားခဲ့သည္။
အသစ္လဲထားခဲ့ေသာModelျမင့္ကားေပၚ
စမတ္တက်တက္သြားသည္။

Rioကအဲ့ဒီေန႔ကအျဖဴေရာင္ရွပ္အၤက်ီကို
ခပ္သြယ္သြယ္ခႏၶာကိုယ္နဲ႔ Fitျဖစ္ေအာင္
ဝတ္ဆင္ထားကာသပ္ရပ္ေနေသာဆံပင္ေတြဟာ
ေမႊးႀကိဳင္ေနသည္။

February 14လိုေန႔မ်ိဳးမွာ
ျငင္းမရနိုင္တဲ့တန္ဖိုးအႀကီးဆုံးလက္ေဆာင္ေတြနဲ႔
သူတို႔မိတ္ေဆြမကခ်စ္သူမက်ေန
ေသာခပ္အီအီအေျခအေနကိုပညာသားပါပါေလး
တရားခ်စ္သူရည္းစားအျဖစ္တြဲနိုင္ဖို႔စကားလုံးေတြ
စဥ္းစားထားတာေတြကေခါင္းတစ္ခုလုံးအျပည့္။

ခ်စ္သူျဖစ္သြားရင္ သူထိုလွလွေလးကိုတကယ္ႀကီး
ပိုင္သြားၿပီပဲလို႔ေတြးမိေတာ့လည္းရင္ထဲတလွပ္လွပ္။
ဘယ္ေလာက္ေပ်ာ္စရာေကာင္းလိုက္မလဲ။

မ်က္မွန္ကိုေကာက္တပ္ကာ စီးကရက္တစ္လိပ္
မီးညႇိလၽွက္ တစ္ဖြာရွိုက္ၿပီးကားေမာင္းထြက္
သြားပုံကအရွိန္ျပင္းျပင္း။

~~~~~

ညကမိုးလင္းအထိRioနဲ႔Gameေဆာ့လိုက္စကားေျပာ
လိုက္နဲ႔အခ်္ိန္ေတြကုန္ခဲ့တာေၾကာင့္အိပ္ရာနိုးလာခ်ိန္
သည္ေန႔ခင္း၂နာရီ။မၾကည္မလင္ေခါင္းနဲ႔ထိုင္းထိုင္း
မွိုင္းမွိုင္းစိတ္ေတြသည္ဘယ္ေလာက္အိပ္ရအိပ္ရလည္း
အိပ္ေရးဝတယ္မထင္။အရင္ဆုံးဖုန္းယူကာနာရီၾကည့္
လိုက္ေတာ့LockScreenေပၚကMsgတစ္ေစာင္။

✉️Happy Valentines ပါဗ်ာ။ သူ အိပ္ေနမွာသိလို႔
ဖုန္းမဆက္ေတာ့တာ။ကၽြန္ေတာ့္ကိုေခ်ာကလက္
ေလးဝယ္ေကၽြးပါဦး။
Rio🤍

အိပ္ခ်င္မူးတူးျဖင့္ႏွုတ္ခမ္းေလးေတြတြန့္႐ုံျပဳံး
သြားသည္။ဤစာတိုတစ္ေစာင္ကလြဲတျခား
ဘာမွမရွိ။ဘာမွမရွိလို႔လည္းဘာမွမျဖစ္ေန။
Rioကိုဖုန္းေခၚလိုက္သည္။

"ငါ နိုးၿပီ...."

"နိုးၿပီလား ေစာသားပဲ ထၿပီးတစ္ခုခုစားဦး
ဖုန္းဆက္သုံးမေနနဲ႔..."

"မင္းဘယ္မွာလဲ..."

"ကၽြန္ေတာ္မအားဘူး..သူငယ္ခ်င္းေတြနဲ႔
ခ်ိန္းထားလို႔သြားေနတာ..."

မွိုင္းျပသြားေသာမ်က္ႏွာေလးသည္အလိုမက်ဟန္။

"ေအာ္ ေအး သြားပါ...."

"သူ Valentines ဘာအစီအစဥ္ရွိလဲ...."

"ဘာမွမရွိဘူး Hoseok ဆိုင္ခဏေနသြား
ထိုင္ၿပီးေသာက္မွာ...."

"ဒါဆိုအဲ့ဆိုင္မွာရွိမွာေပါ့ ဒီဘက္ကၿပီးသြား
ရင္ဝင္ခဲ့မယ္..."

"မဝင္နဲ႔...ကိုယ့္Planေတြနဲ႔ကိုယ္ပဲေအးေဆးေနပါ"

"သူ႔ အသံက အလိုမက်သြားတဲ့ပုံစံပဲ..."

"ဘာအလိုမက်စရာရွိလို႔လဲ..."

"ဟုတ္ပါၿပီ....ေကာင္းေကာင္းေသာက္ပါ...
အိမ္ျပန္ေနာက္မက်ေစနဲ႔ ကၽြန္ေတာ္စိတ္မခ်ဘူး"

Jimin ဘက္ကအရင္ဖုန္းခ်လိုက္ကာဆံပင္ေတြ
ကိုထိုးဖြလိုက္သည္။အခန္းဝမွလာေအာ္ဟစ္အိပ္ရာ
ႏွိုးေနၿပီျဖစ္ေသာအေမျဖစ္သူ၏အသံသည္ဆူဆူညံညံ။
ေလးလံေသာေျခလွမ္းေတြနဲ႔အတူေရခ်ိဳးမ်က္ႏွာသစ္
ၿပီးရင္ အရက္သြားေသာက္ဖို႔ကိုသာျပင္ဆင္ရေတာ့မည္။

အားလုံးၿပီးသြား၍ေအာက္ထပ္ဆင္းကာ
တစ္ေယာက္ထဲဖုန္းသုံးကာထမင္းစားေတာ့
ပြဲတစ္ခု၏ဓာတ္ပုံမ်ားကိုေတြ႕လိုက္ရသည္။

အေရာင္အဝါေတြေတာက္ပေနေသာလူ။
ျပဳံးေနလိုက္တာမ်ားအားရပါးရ။သူ႔ကိုအလုအယက္
ဓာတ္ပုံမ်ားတိုးေဝွ႕ရိုက္ေနေသာပိရိတ္သတ္မ်ား
Media သမားမ်ား။Jiminမ်က္လုံးေတြသည္
ေအးစက္စက္။

စိတ္မပါလက္မပါမနက္စာထမင္းကိုေန႔ခင္း၂
နာရီမွအိပ္ရာထပ်င္းတိပ်င္းရြဲထိုင္ကာစားေနေသာ
ဘာမွမဟုတ္ေနေသာသူႏွင့္အလုအယက္ဓာတ္ပုံ
အရိုက္ခံရေသာေအာင္ေအာင္ျမင္ျမင္လူသည္
အေဝးႀကီးလိုခံစားရသည္။ ၿပီးေတာ့အဲ့ဒီေအာင္ျမင္
မွုေတြကိုေၾကာက္သည္။ ထို႔ေၾကာင့္ဆက္မၾကည့္ေတာ့ဘဲ
ထမင္းသာဆက္စားေနလိုက္သည္။

အေမ့ကိုလွမ္းၾကည့္ေတာ့သူ႔ေယာက်္ားျဖစ္သူ
ႏွင့္စိတ္ခ်မ္းသာစြာစကားေျပာရင္းရယ္ေမာေနသည္။
ကပ္ခြါလိုRioကလည္းမအားလပ္ေတာ့ဘူးတဲ့။
သူတို႔အလုပ္ေတြနဲ႔သူတို႔ရွုပ္လို႔။

ထမင္းဝတဲ့အခါ
ဂ်င္းအကၤ်ီတစ္ထည္ေကာက္ဝတ္လၽွက္Hoseok
ဆိုင္ဆီကိုထြက္ခြါသြားခဲ့သည္။

အဲ့ဒီေန႔ကHoseokဆိုင္မွာမရွိေနခဲ့ဘူး။
သူ႔သူငယ္ခ်င္းေနာက္ထပ္Seokတစ္Seokက
ခဏလာထိုင္ေပးသည့္ေန႔။Seok1 Seok2ဟူ
၍တြဲဖက္ျဖစ္ၾကၿပီးKimSeokJinဆိုသူက
Hoseokထက္ပိုဆရာက်က်ဆိုးတတ္တဲ့သူ။

ရာဇဝင္နဲ႔မွတ္တမ္းေတြနဲ႔
လူဆိုးလူမိုက္ႀကီးေတြျဖစ္ၾကၿပီးရန္ျဖစ္ေသာ
အလုပ္တစ္ခုႏွင့္အရက္ေသာက္ေသာအလုပ္
တစ္ခုႏွစ္ခုကိုပဲလုပ္တတ္ၾကသည္။

KimSeokJin သည္ေကာင္တာတြင္ခပ္တည္တည္ထိုင္
ေနၿပီးသီခ်င္းေတြလည္းအက်ယ္ႀကီးဖြင့္ထားသည္။
ဆူညံလြန္းေနၿပီးသူ႔ကိုဘယ္သူကမွလည္းမေျပာရဲ။
ႏွုတ္ခမ္းနားတြင္အနာတရတစ္ခုရွိေနၿပီးတစ္ကိုယ္လုံး
အနက္ေရာင္ေတြႏွင့္ဆံပင္ေတြကိုသပ္ရပ္စြာနဖူးေပၚ
လွန္တင္ထားပုံကမိုက္လြန္းေနေသာမ်က္ႏွာတည္ေဆာက္
ပုံကိုထင္ရွားစြာပို၍ေပၚလြင္ေစပါသည္။
လူဆိုးႀကီး၏အရွိန္အဝါသည္ Valentines Dayထက္
ပိုစိတ္ဝင္စားစရာေပါ့။

Jimin ဆိုင္ထဲဝင္လာၿပီးထိုင္ေနက်VIPအခန္းတစ္ခု
ထဲတန္းဝင္သြားသည္။Jimin ကိုျမင္ေတာ့ျမင္လိုက္
ေပမယ့္ဒီေကာင္ေလးေတြဒီလာတာပုံမွန္ပဲမလို႔
ေခါင္းထဲသိပ္မရွိ။သူပ်င္းလာၿပီျဖစ္၍Seok2ကို
ျမန္ျမန္ျပန္လာရန္msgေတြေတာက္ေလၽွာက္ပို႔ေနသည္။

Jimin စားဖို႔ေသာက္ဖို႔မွာၿပီးတဲ့ေနာက္TaeHyung ရဲ့
ဘယ္မွာလဲဆိုတဲ့msgတစ္ေၾကာင္းဝင္လာသည္။

✉️Hoseokဆိုင္မွာမလာၾကနဲ႔ ငါတစ္ေယာက္ထဲ
ေနခ်င္လ္ို႔✉️

သူလည္းMinyoongi နဲ႔ေပ်ာ္ေနမွာေသခ်ာေနတာ
ေၾကာင့္မလာေစခ်င္။ကိုယ့္ဟာကိုယ္ဘာေတြကို
မေက်လို႔မေက်ေနမွန္းမသိတဲ့စိတ္ကိုသာအရက္နဲ႔
ေဖ်ာ္ခ်ရန္ပဲလုပ္မည္။

အခ်္ိန္သည္ မိုးခ်ဴပ္စကိုေရာက္လာခဲ့သည္။
အရက္ကိုဖန္ခြက္ထဲေသခ်ာစပ္ထည့္ကာ
တစ္ေယာက္ထဲအေတြးေတြအမ်ားႀကီးျဖင့္
ေသာက္ေနခဲ့သည္။

ဆိုင္ထဲဝင္လာေသာအနီရင့္ေရာင္ႏွင္းဆီပန္းစည္း
ျဖင့္လူတစ္ေယာက္။SeokJinသည္ပန္းေတြကလည္း
သိပ္လွေနသလိုလူကလည္းတစ္မ်ိဳးတလည္
ပုံစံဆန္းဆန္းမို႔သတိထားမိခဲ့သည္။Hoseokဆိုလၽွင္
သိေနနိုင္ေပမယ့္SeokJinကေတာ့Rioကိုမသိခဲ့
တာေၾကာင့္သူ႔ေရွ႕တင္ျပဳံးျပဳံးေလးလက္ေဆာင္
ပစၥည္းေတြျဖင့္ျဖတ္သြားေသာေကာင္ေလးကို
တစ္ခ်က္ပဲၾကည့္ကာဖုန္းျပန္သုံးေနလိုက္သည္။

Jimin သည္တစ္ေယာက္ထဲေသာက္ေနရင္း
အျမည္းတစ္ခုအားတူျဖင့္လွမ္းယူလိုက္
ေသာအခ်္ိန္တြင္တံခါးဖြင့္သံတစ္ခုႏွင့္အတူ
အခန္းတစ္ခုလုံးေမွာင္က်သြားခဲ့သည္။
နည္းနည္းေလးလန့္သြားကာတံခါးဝကအေမွာင္ထဲ
ၾကည့္လိုက္မိေတာ့လူရိပ္တစ္ခု။ဖုန္းမီးျမန္ျမန္ဖြင့္
လၽွက္လွမ္းထိုးၾကည့္လိုက္တဲ့အခါ ျပဳံးျပေနေသာ
Rio။

ေမႊးပ်ံ႕လြန္းေသာႏွင္းဆီပန္းစည္းအႀကီးႀကီးတစ္ခု
အားကိုင္ထားကာ သူ႔ကိုျပဳံးယဲ့ယဲ့ျဖင့္လွမ္းၾကည့္
ေနပုံက႐ုတ္တရက္မို႔Jimin မ်က္လုံးေလးေတြ
ဝိုင္းစက္သြားသည္။

"Rio......"

"အင္း....ကၽြန္ေတာ္...."

"ဘာလာလုပ္တာလဲ မင္းမအားဘူးဆို..."

"ေျပာမိလို႔လား..."

ပို၍ျပဳံးလာကာတံခါးကိုမွီလၽွက္
Jiminကိုစကားလွမ္းေျပာပုံသည္ ဆြဲဆြဲငင္ငင္။

ေျခလွမ္းေတြလွမ္းလာေတာ့ခ်ိဳခ်ိဳအီအီေရေမႊးနံ႔
သည္ႏွင္းဆီနံ႔ေတြျဖင့္ေရာကာမူးေဝမတတ္။
စားပြဲေပၚပစၥည္းေလးတစ္ခုတင္လိုက္ကာခလုတ္
တစ္ခ်က္ႏွိပ္လိုက္ေတာ့ေမွာင္ေနေသာအခန္းတစ္ခု
လုံး၏နံရံေပၚပန္းေရာင္အသဲပုံေလးေတြအျပည့္။
Projector လွလွေလးတစ္ခုပဲ။

Rioဟာ Jimin တို႔သူငယ္ခ်င္းတစ္စုလုံး၏
အိမ္လိုျဖစ္ေနသည့္Hoseokဆိုင္တြင္ဤအခ်င္းအရာ
ကိုခပ္ေအးေအးပဲလာျပဳလုပ္ရဲသည့္စိတ္သည္
သူလုံးဝအပိုင္တြက္ၿပီးသည္ကိုျပတာရယ္
သူလုံးဝဘာကိုမွတကယ္ကိုဂ႐ုမစိုက္ခဲ့ပါဘူးဆ္ို
တာကိုတစ္ဖက္လွည့္နဲ႔ျပသြားျခင္းျဖစ္သည္။

Jimin သည္အံ့အံ့ဩဩအခန္းတစ္ခုလုံးကို
လိုက္ၾကည့္ေနေတာ့Rioကအနားကိုနီးနီးကပ္ကပ္
ေလးတိုးလာသည္။

သိပ္ၾကည့္ေကာင္းခဲ့တယ္။မိုက္႐ူးရဲဆန္ၿပီး
အမွားဆုံးCharacter တစ္ခုလို႔မထင္ရက္ေအာင္
သူရဲ့အေပၚယံမ်က္ႏွာေခ်ာေခ်ာအားပန္းခရမ္းေရာင္
မီးေရာင္ေအာက္ေငးယူရသည္အထိ။
ရီေဝေဝျပဳံးေနဟန္ကစြဲမက္စရာေကာင္းခဲ့သလို
ေၾကာက္စရာအေကာင္းဆုံးျဒပ္မဲ့ေတြပဲ။

"ဒါေတြက......"

"Valentines Dayမွာ သူ႔ကိုတစ္ေယာက္ထဲ
အထီးက်န္ေစၿပီး တျခားလူေတြနဲ႔ကၽြန္ေတာ္က
ေလၽွာက္သြားေနစရာလား...ဝမ္းနည္းေနမယ္
ဆိုတာဒီကေသခ်ာသိပါတယ္..."

Jiminရဲ့အဓိကအားနည္းခ်က္ကဘာဆိုတာ
အလည္လြန္သူကအစထဲကသိၿပီးသား။
JeonJungkook နဲ႔ဘာေၾကာင့္အက္ေၾကာင္းေတြ
ထင္ကုန္တာလဲဆိုတာလည္းသူတို႔၂ေယာက္သာ
မသိတာသူကေပါက္ၿပီးသား။ထို႔ေၾကာင့္အဲ့ဒီ
Weak Point ေလးကို ဖြဖြေလးဖိလိုက္သည္။

ဖြဖြေလးဖိေပမယ့္ အနာရင္းခဲ့သူမို႔
Jimin မ်က္လုံးေတြကအေရာင္လဲ့သြားသည္။

"ငါဝမ္းမနည္းပါဘူး..."

"ကၽြန္ေတာ္ေရာက္လာၿပီမလို႔ သူေပ်ာ္ရႊင္ရပါၿပီ"

အလြန္နီးကပ္ကပ္အေနအထားျဖင့္မ်က္လုံးေတြ
ကိုစိုက္ၾကည့္ကာတိုးရွရွဆိုလာသည့္အေနအထား
တြင္မ႐ုန္းထြက္နိုင္။

Rioက ႏွင္းဆီပန္းစည္းအားယူကာJimin
လက္ထဲကိုထည့္ေပးလာသည္။

"Happy Valentines Day...
သူ႔အတြက္ တစ္ၿမိဳ႕လုံးရဲ့အလွဆုံးႏွင္းဆီေတြပါ..."

နီးနီးကပ္ကပ္ႏွစ္ကိုယ္ၾကားတိုးတိုးဆိုေနျခင္းက
ရင္ခုန္ဖြယ္ရာပဲ။အေလးအနက္ထားမွုတခ်ိဳ႕ကို
ဒီလိုေန႔မ်္ိုးမွာမလိုခ်င္ခဲ့ပါဘူးဆိုလိမ္ရာက်မွာေပါ့။
Rioက ဘာမွေျပာေနစရာမလိုတဲ့သူျဖစ္လာသည္။

မ်ားျပားလွေသာႏွင္းဆီေတြကိုငုံ႔ၾကည့္ကာ
သေဘာမက်ဘူးလို႔မလိမ္ပါဘူး။
Jiminမခို႔တရို႔ေလးျပဳံးသြားသည္။
ထိုအျပဳံးေလးတြင္Rioရင္ခုန္သံေတြ
ျမန္ဆန္သြားလၽွက္။

ပန္းစည္းကိုကိုင္ထားေသာJimin လက္ဖ်ား
ေတြအားဆုပ္ကိုင္လာေသာလက္တစ္ဖက္
ေၾကာင့္Jimin ကRioအားၾကည့္လာသည္။

"ပိုင္ပိုင္နိုင္နိုင္ကၽြန္ေတာ္ကိုင္သင့္ၿပီျဖစ္တဲ့
လက္ဖဝါးေတြလို႔ထင္တာပဲ....
သူေရာ မထင္ဘူးလား..."

အခ်ိန္တန္ၿပီဟုဆုံးျဖတ္ခ်က္ခ်ထားေသာRio
သည္ Jimin လက္ဖဝါးေတြကိုပို၍တင္းတင္း
ဆုပ္ကိုင္လာၿပီး

"ကၽြန္ေတာ္သူ႔ကိုခ်စ္ေနတာသိတယ္မလား"

"........"

"ဒီဆိုင္မွာစေတြ႕ထဲကခ်စ္ခဲ့တာပါ...
အရက္မူးေနလည္းခ်စ္တယ္
မာဖလာျဖဴျဖဴေလးနဲ႔ေဆာင္းဦးတစ္ခုက
ပုံစံေလးကိုလည္းခ်စ္တယ္ ေဟာ့ေဟာ့ရမ္းရမ္း
Clubတက္ေနတဲ့ဆြဲေဆာင္မွုေတြကိုလည္းခ်စ္တယ္
သူဘာေလးပဲလုပ္လုပ္ သူဘယ္လိုေလးပဲေနေန
သိပ္ႀကိဳက္တာပဲ...ဒီေန႔ကိုကၽြန္ေတာ္ေစာင့္ေနခဲ့တာ
အမွတ္တရေလးျဖစ္သြားေအာင္လို႔ေလ...."

"ဒါက...ကၽြန္ေတာ္ကိုယ္တိုင္ဒီဇိုင္းဆြဲခဲ့တာ.."

ကတၱီပါဘူးကိုဖြင့္လိုက္ေတာ့စိန္ေရာင္ေတာက္
ေနေသာဆြဲႀကိဳးတစ္ကုံး။ႏွင္းဆီေတြေလာက္
Jimin စိတ္လွုပ္ရွားမွုေတာ့မရွိမ်က္စိက်ိန္း႐ုံေလာက္
ပဲ။

"ငါအဲ့တာမ်ိဳးေတြမႀကိဳက္ဘူး"

"ဟုတ္လား ဘာကိုႀကိဳက္တာလဲ သူ႔စိတ္တိုင္းက်
ဒီေန႔ခ်င္းလဲေပးမယ္..."

"အဲ့အဆင္တန္ဆာေတြကိုမႀကိဳက္တာ
မ်က္စိက်ိန္းလို႔...."

"ဒါဆို ဒါကိုေနာက္မွညႇိမယ္...ခုအေရးႀကီးတာ
ေလးဆက္ရေအာင္ ...."

Rioသည္Jimin၏မ်က္လုံးေတြအားစူးစူးနစ္နစ္
စိုက္ၾကည့္ရင္းပါးတစ္ဖက္ကိုလက္ဖဝါးတစ္ဖက္
ျဖင့္အုပ္ကိုင္လာသည္။

"ခ်စ္တယ္.....ကၽြန္ေတာ့္အတြက္ပထမဆုံး
ရင္ခုန္သံနဲ႔ပထမဆုံးအခ်စ္ဦးပါ...
ကၽြန္ေတာ္ကိုယ္ကေနဘယ္သူ႔ကိုမွခ်စ္ဖို႔ကို
မေတြးထားခဲ့ဖူးဘူး ကိုယ့္ကိုပဲခ်စ္ေပးတာ
ကိုသေဘာက်ခဲ့တာ...သူ႔ကိုေတာ့ပထမဆုံး
အေနနဲ႔ ခ်စ္ေပးၾကည့္ခ်င္လာတယ္...
လိုအပ္ခဲ့တဲ့အရာမွန္သမၽွကိုျဖည့္စည္းေပးခ်င္
တယ္ ကၽြန္ေတာ္တို႔တရားဝင္တြဲၾကမယ္ေနာ္"

"ကၽြန္ေတာ္ သူ ဘာေတြျဖစ္ခဲ့လဲ
ဘယ္သူနဲ႔ဘယ္ေလာက္အတူရွိခဲ့လဲ
အစစအရာရာေပါ့ ဘာတစ္ခုကိုမွဂ႐ုမစိုက္ဘူး
သူလည္း ျပန္ေတြးေနဖို႔မလိုဘူး..."

"ငါဘာမွမေတြးေနပါဘူး...."

"ေက်းဇူးပဲ....အဲ့လိုအထိမခံတာေလးလည္း
ထပ္သေဘာက်ရျပန္ၿပီ...."

အေကြ႕အဝိုက္ေတြကလွသည္။အေနအထား
အေျခအေနေလးသည္အလြန္ခ်ိဳၿမိန္ေနလွ၏။

"အေျဖျပန္ေပးေလ....မျငင္းဘူးဆိုတာ
ယုံၾကည္ေနေပမယ့္ ၾကားေတာ့ၾကားခ်င္ေသးတယ္"

ယုံၾကည္မွုသည္လြန္လြန္ကဲကဲ။
ေတ့ေတ့ဆိုင္ဆိုင္ျဖစ္လာေတာ့မ်က္စိေရွ႕က
လူကိုေခါင္းၿငိမ့္လိုက္ဖို႔ကထင္သေလာက္ေတာ့
မလြယ္ကူခဲ့ပါ။အေတြးေတြေယာက္ယက္ခတ္
လာသည္။

Rioက ေခ်ာကလက္တစ္ခုကိုဖြင့္ေဖာက္ကာ
Jimin ႏွုတ္ခမ္းနားေလးအားတိုးကပ္ေပးလာ
သည္။ႏွုတ္ခမ္းေတြဖြင့္ဟေပးလိုက္ေတာ့ေခ်ာကလက္
ေလးသည္ႏွုတ္ခမ္းေတြေနာက္ပါသြားသည္။

"ပန္းစည္းလည္းလက္ခံၿပီးၿပီ
ေခ်ာကလက္လည္းစားလိုက္ၿပီ
ဒါဆိုတြဲၿပီ..."

"ဘာဆိုင္လဲ ဒါကမင္းေကၽြးလို႔ငါစားတာေလ
ငါႀကိဳက္တဲ့တံဆိပ္လည္းမဟုတ္ဘူး..."

Rioကသြားစြယ္ေလးေတြေပၚေအာင္ျပဳံးကာ
Jimin၏လက္ႏွစ္ဖက္လုံးကိုဆုပ္ကိုင္
လာသည္။

"ဘာလို႔ ေျပာရဆိုရက်ပ္ရတာလဲ
အင္း လိုက္ပါေတာ့..."

ေနထိုင္ထိုင္တတ္လြန္းသူသည္ထိုင္ေနရင္းကို
အသဲယားလာေစကာစိတ္ေတြသည္ဂေယာက္ဂယက္
ျဖစ္လာသည္။Rioသည္တစ္ဖက္ကဘာေျပာမလဲ
ေစာင့္ေနဖို႔ကိုသိပ္စိတ္မရွည္ေတာ့။ဘာေျပာမလဲ
ဆိုတာလည္းသိေနၿပီမလို႔ပန္းစည္းကို၂ေယာက္
ၾကားထဲဆြဲဖယ္လိုက္ကာစားပြဲေပၚတင္လိုက္သည္။

"Rio....!"

ေရာက္ရွိလာေသာခပ္ဖြဖြေပြ႕ဖက္မွုတစ္ခု။
သူငယ္ခ်င္းအုပ္စုေတြထိုင္တတ္ေသာဆိုဖာအရွည္
ႀကီး၏အစြန္းတြင္Jiminကကပ္ေနကာအမွတ္တမဲ့
ဆိုေပ်ာက္ေတာင္ေနသည္။ခါးဆီကိုလက္ေတြ
ေရာက္လာခဲ့ၿပီးလည္တိုင္ေပၚမ်က္ႏွာတစ္ခု
လုံးေမွာက္က်လာသည္။

"ဖယ္...ဖယ္ပါဦး ငါတို႔စကားအရင္ေျပာရေအာင္..."

"ေျပာရတာက လည္ေနတယ္..မေျပာခ်င္ေတာ့ဘူး
ဖက္ပဲထားလိုက္ေတာ့မယ္...ခ်စ္တယ္..."

_

ဆိုင္တံခါးဖြင့္သံျပင္းျပင္းေၾကာင့္KimSeokJin
ဖုန္းသုံးေနရာမွေမာ့ၾကည့္လိုက္ေတာ့JungHoseok
၏ကေလးအုပ္စု။ေရွ႕ဆုံးကJeonJungkook သည္
တစ္ေလာကလုံးကိုအပိုင္စားရေနသလိုမ်က္ႏွာ
မ်ိဳးျဖင့္ေမာ့ခ်ီကာေဘးနားတြင္အေပါင္းအပါးေတြက
လူစုံတက္စုံ။SeokJinသူတို႔ကိုအရင္ထဲကစိတ္သိပ္မတိုး
ပါ။မ်က္စိေနာက္လြန္း၍ခပ္ခြါခြါပဲေနခဲ့သည္။

"ဟ Seok1 ပါလား Long Time No see bro
ေနေကာင္းရဲ့လား....."

JeonJungkookသည္ဘယ္ပြဲတက္ထားသလဲ
မသိအလြန္ေက်ာ့ေမာ့ေနကာတစ္သက္နဲ႔တစ္ကိုယ္
တစ္ခါေလးမွမႏွုတ္ဆက္ခဲ့ဖူးေသာေလသံျဖင့္
ႏွုတ္ဆက္လာေတာ့SeokJinမွာေၾကာင္အအ။

"ေကာင္းလို႔ထိုင္ေနတာေပါ့...."

"SeokJin Oppa အျမဲတမ္းေခ်ာနိုင္လြန္းေနတာ
မပင္ပန္းဘူးလားရွင္...."

အဲ့ကေလးမအဆိုးဆုံး။သူ႔ကိုရည္းစားစကား
လာေျပာဖူးသည္။လိုက္ရိုက္လို႔ထြက္ေျပးခဲ့ေသာ
ဗ႐ုတ္ဗရက္ေလး။

"နင္ မမွတ္ဘူးေနာ္...ေရခ်ယ္..."

တခစ္ခစ္ရယ္ေနပုံကထပ္ၾကည့္မရစရာ။

"Jimin ဆီလိုက္လာတာဆိုျမန္ျမန္သြား
လိုက္ေတာ့ငါအားမေနဘူး..."

"ကၽြန္ေတာ္ဒီေန႔ကေလးကိုလက္ထပ္ခြင့္
ေတာင္းမွာေလ Seok1ရွိတာကံေကာင္းတာပဲ
ရည္းစားမရွိရင္ ကၽြန္ေတာ္တို႔Roမွာကိုမျပန္ေသးဘဲ
မနာလိုေပးလို႔ရတယ္ေနာ္..."

"ငါ့လက္ေတြကအျမဲအသက္ဝင္ေနတာေနာ္
JeonJungkook..."

Jeonသည္ သိပ္ၾကည့္ေကာင္းေသာအျပဳံးေလး
တစ္ခုျဖင့္SeokJinအားစေနာက္ထြက္သြား
ေတာ့Jinကေနာက္မွေျခေထာက္ျဖင့္လွမ္းကန္ကာ

"Congratulations ေဟ့ေကာင္
ေနာက္ဆုံးေတာ့ညားၿပီေပါ့..."

"ညားၿပီ....ေက်းဇူး..."

Jimin ဒီဆိုင္ကိုလာတိုင္းထိုင္တတ္ေသာ
သူတို႔ေက်ာင္းတုန္းထဲအုပ္လိုက္ႀကီး
သီခ်င္းေတြဆိုမူး႐ူးကခုန္ခဲ့ၾကေသာ
အခန္းဆီခုလည္းလူစုံတက္စုံပဲေလၽွာက္
လာၾကသည္။

"ေခါင္းမၿငိမ့္မခ်င္းမလႊတ္ေပးဘူး"

ဆိုဖာ၏ေထာင့္စြန္းတြင္ေပြ႕ဖက္ထားမွုသည္
မလႊတ္ေသး။Rioသည္ခြင့္ေတာင္းမွုတစ္စုံတရာ
မရွိဘဲလည္တိုင္ေတြအေပၚႏွုတ္ခမ္းေတြေရာက္
လာခဲ့သည္။လက္ရဲဇက္ရဲအျပဳအမူေၾကာင့္
Jimin မွာေနရထိုင္ရအလြန္က်ပ္တည္းသြားသည္။

သူငယ္ခ်င္းေတြနဲ႔တက္ညီလက္ညီရယ္ေမာ
ျပဳံးရႊင္လာေသာJeonသည္ေကာက္ေကြးေနမည့္
ေကာင္ေလး၏စူပုတ္ပုတ္မ်က္ႏွာေလးကို
တစ္ခ်က္ျပန္ေတြးလိုက္ကာတံခါးအားလွည့္ဖြင့္
လိုက္သည္။

တံခါးပြင့္သြားသည္ႏွင့္ပန္းပြင့္၁၃ပြင့္ပါေသာ
အျဖဴေရာင္ပန္းစည္းေလးရယ္ လက္စြပ္ဘူးရယ္
သီခ်င္းဆိုျပမွာမို႔လြယ္လာေသာဂစ္တာတစ္လက္
ရယ္ ပန္းပြင့္ခ်ပ္ေလးေတြအခန္းျပည့္က်ဲေပးမယ့္
သူငယ္ခ်င္းေတြလည္းအဆင္သင့္ ဒါေပမယ့္
အခန္းထဲကျမင္ကြင္းဟာအဆင္သင့္ျဖစ္မေနခဲ့ဘူး။

အရာအားလုံးကိုရွင္းရွင္းလင္းလင္းျမင္ေနရ
ေသာပန္းခရမ္းေရာင္အလင္းေရာင္ေအာက္တြင္
ေတြ႕လိုက္ရေသာလူႏွစ္ေယာက္။Jeonႏွစ္ေယာက္လုံး
ကိုသိေနသည္။အခန္းအေမွာင္ခ်ကာသူတို႔လုပ္ေနၾကေသာအလုပ္သည္ကမၻာတစ္ခုလုံးၿပိဳက်သြားခဲ့သလိုပဲ။

လက္ထဲကပန္းစည္းသည္ၾကမ္းျပင္ေပၚျပဳတ္
က်သြားခဲ့ကာ ေျခလွမ္းတစ္လွမ္းေနာက္သို႔
ေယာင္ယမ္းဆုတ္မိသြားသည္။

တံခါးဖြင့္သံေၾကာင့္Jimin သည္Rioအား
တြန္းလိုက္ၿပီးလွုပ္လွုပ္ရွားရွားျဖစ္သြားသည္။
Rioဟာလုံးဝဖယ္ခြါမသြားခဲ့ပါ။
ဆိုင္ဝန္ထမ္းေတြတစ္ခုခုလာပို႔တာမ်ိဳးျဖစ္လိမ့္
မည္ဟုေတြးလိုက္ၿပီးဆိုးဝါးစြာဆက္လက္ျပဳမူေနဆဲပဲ။

တံခါးဝကို Rioပုခုံးေတြမွေက်ာ္ကာလွမ္းၾကည့္
လိုက္ေတာ့မ်က္ႏွာခ်င္ဆိုင္လွမ္းျမင္လိုက္ရေသာ
တံခါးဝကမ်က္ႏွာသည္Jiminမ်က္ႏွာတစ္ခုလုံးအား
ျဖဴစုတ္သြားေစကာၾကက္ေသေသသြားသည္။

TaeHyung တို႔က အစပိုင္းမွာမပါဘဲ
Jimin ေခါင္းၿငိမ့္္တဲ့အခ်ိန္မွဇာတ္ေပါင္းေပးရမည့္
က႑မို႔ခပ္လွမ္းလွမ္းမွာေစာင့္ေနၾကသည္။
Jeonလက္ထဲပန္းစည္းျပဳတ္က်သြားတာကို
ျမင္လိုက္ရတာေၾကာင့္မ်က္ႏွာပ်က္သြားၾကကာ
ခ်က္ခ်င္းေလၽွာက္လာၾကသည္။

"ဘာျဖစ္တာလဲ Jungkook..."

အားလုံးအခန္းထဲကိုလွမ္းၾကည့္လိုက္တဲ့အခါ
ယုံနိုင္စရာမရွိေသာျမင္ကြင္းသည္ဆိုးဆိုးဝါးဝါး
ကိုႀကိဳဆိုေနကာ "သြားၿပီ"ဟု စိတ္အေတြးထဲ
ၿပိဳင္တူေရရြတ္မိလိုက္ၾကသည္။ေရခ်ယ္၏
ေဒါက္ဖိနပ္ေလးသည္သိပ္မျမင့္ခဲ့ဘဲေရခ်ယ္သည္
လုံးဝယိုင္က်သြားတာေၾကာင့္မနည္းသူမကိုယ္သူမ
ျပန္ထိန္းလိုက္ရသည့္ဟန္။

Jeonသည္ လြယ္ထားေသာဂစ္တာကိုၾကမ္းတမ္းစြာ
ပစ္ခ်ကာအခန္းမီးကိုဖြင့္ပစ္လိုက္သည္။
လင္းထင္းသြားေတာ့ပိုနာရတာေပါ့။

Romatic ဆန္လြန္းတဲ့
အေနအထားေလးမွာParkJimin က
ရင္ခြင္ထဲျမဳပ္ေနသည္။မီးေတြထိန္ထိန္လင္း
သြားတာေတာင္ ParkJimin လည္တိုင္ေတြေပၚ
ကမခြါေသာႏွုတ္ခမ္းေတြသည္ဘယ္ေလာက္
မိုးမျမင္ေလမျမင္သာယာေနၾကသလဲဆိုတဲ့
အဓိပၸာယ္ေတြပဲ။

"ဘယ္ေကာင္ကမီးကိုဖြင့္တာလဲ....."

Rioသည္ အေျခအေနပ်က္သြားတာေၾကာင့္
ေနာက္ျပန္လွည့္ကာေအာ္ေတာ့နီရဲေနေသာ
မ်က္လုံးေတြျဖင့္သူ႔ဆီေျပးဝင္လာေသာလူတစ္ေယာက္။

ဝုန္းးးးး။

Jeonသည္ RioအားJimin ခႏၶာကိုယ္ဆီမွ
ဆြဲခြါကာ ၾကမ္းျပင္ေပၚကိုလႊင့္ပစ္လိုက္သည္။

ေနာက္ထပ္ကိုင္မေပါက္နိုင္ေသာလူကို
ခ်က္ၾကည့္လိုက္ေတာ့
ဆိုဖာထဲနစ္ဝင္မသြားတတ္တိုးကပ္သြားကာ
ေၾကာက္လန့္သြားေသာပုံစံသည္အသားေတြပင္
တုန္လာသည္။

လည္တိုင္မွာParkJimin ကိုသတ္မပစ္ခင္သူ
အရင္ေသဆုံးသြား၍ရေသာအမွတ္တံဆိပ္တစ္ခု။
တစ္ခုထဲ။ဒါေပမယ့္ကမၻာပ်က္၍ရေသာေဒါသႏွင့္ဒီခႏၶာကိုယ္အေပၚယူက်ဳံးမရေသာစိတ္သည္႐ူးမတတ္ပဲ။

"ငါသတ္ပစ္မွာ....မင္း..ေသဖို႔ ေသဖို႔ကိုျပင္ထား..."

အံႀကိတ္ကာေျပာလာေသာစကားတြင္Jimin
သည္Jeonကိုဘာမွျပန္မေျပာနိုင္ခဲ့။မ်က္ေတာင္
မခတ္နိုင္ေတာ့ေသာမ်က္လုံးေတြျဖင့္ျပဴးသာ
ၾကည့္ေနသည္။

ၾကမ္းျပင္မွခ်က္ခ်င္းျပန္မထနိုင္ေသးေသာ
Rioအားဆြဲမကာမ်က္ႏွာခ်င္းဆိုင္သည္ႏွင့္
ျပင္းထန္ေသာလက္သီးခ်က္သည္ထပ္မံလဲၿပိဳ
သြားသည္။ျပန္ဆြဲမေတာ့ေသြးစမ်ားသည္
Shirt အကၤ်ီအျဖဴေရာင္အေပၚစီးဆင္းကုန္သည္။
Rioသည္ဆက္တိုက္က်လာေသာ
ေသြးေတြအားသုတ္လိုက္ကာJeanကိုမခန့္သလို
ၾကည့္လာၿပီး....

"ဘာလာလုပ္တာလဲ....."

မျဖဳံသလိုမနာသလိုရဲရဲတင္းတင္းေမးလာေသာ
ေမးခြန္းသည္ခပ္ေအးေအး။

"ဒါကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ့ကိုယ္ပိုင္
အခ်ိန္ထင္တယ္Hyungမွာ ဒီလိုလုပ္ပိုင္ခြင့္
ရွိလို႔လား....."

"ေခြးသေတာင္းစား!!!!!"

ထပ္မံေရာက္လာေသာလက္သီးခ်က္ကိုRio
ကေရွာင္ကာ Jeonကို တြန္းထုတ္လၽွက္
ျပန္တုံ႔ျပန္လာသည္။ထို႔ေနာက္ရဲရဲတင္းတင္း
ျပန္ၾကည့္လာသည္။

"မဆဲနဲ႔....အဆဲခံရမယ့္ကိစၥမ်ိဳးမလုပ္ထားဘူး"

"ငါ့အပိုင္ကို ငါ့ကြယ္ရာမွာ ေခြးက်င့္ေခြးႀကံ
ႀကံေနတာ အဆဲေရာ အသတ္ေရာခံရမယ့္ကိစၥ
သိရဲ့လား ေအာက္တန္းစားေကာင္!!!!"

ဆံပင္ေတြအားဆြဲကာRioကိုအ႐ုပ္တစ္႐ုပ္
လိုဆြဲ​ေဆာင့္လိုက္ျခင္းတြင္RioကJeonလက္
ေတြကိုဆြဲခြါပစ္သည္။

"အပိုင္တဲ့လား...မပိုင္ေတာ့ပါဘူး ေမးလည္းၾကည့္ပါဦး
Hyungနဲ႔တြဲခဲ့တာကၽြန္ေတာ္သိတယ္ေလ
ဒါေပမယ့္ Jimin ကလမ္းခြဲၿပီးၿပီတဲ့...
လမ္းခြဲၿပီးၿပီကို ဘာေတြလာေလာင္ေနတာလဲ"

Jeonသည္ ဆိုဖာေပၚကလူအားနာနာက်င္က်င္
မ်က္လုံးေတြျဖင့္လွမ္းၾကည့္လာသည္။

"Jimin ေျပာလိုက္ေလ...မေၾကာက္ပါနဲ႔
ကၽြန္ေတာ္တို႔မွားေနတာမဟုတ္ဘူး..."

သူမမွားဘူး။မွားေနလည္းဘယ္ေတာ့မွဝန္ခံမည္
မဟုတ္။ဘာပဲျဖစ္ျဖစ္သူနိုင္ခဲ့တာပဲ။Jiminကို
သူရခဲ့တာပဲ။JeonJungkook ကရွူံးနိမ့္သြားၿပီ။

"မင္းကမ်ား!!!!"

ေျဖာင္း။

Jeonသည္ Jimin အားပိုင္နိုင္သလိုရွင္းျပခိုင္း
ေနေသာမ်က္ႏွာကိုမုန္းလြန္း၍လက္ျပန္ရိုက္
ခ်လိုက္ေသာအသံသည္ဘယ္ေလာက္နာက်င္
မလဲဆိုတာအသံၾကား႐ုံျဖင့္အသားေတြထဲစိမ့္ခနဲ။

Rioသည္အလြန္အမင္းနာက်င္သြားတာေၾကာင့္ဖ်င္းခနဲ။
ေတာက္တစ္ခ်က္ေခါက္ကာJeonကိုစူးစူးရဲရဲ
ျပန္ၾကည့္လာသည္။ထို႔ေနာက္ျပန္ထိုးရန္လက္သီး
တစ္ခ်က္ေရာက္လာေတာ့Jeonကေရွာင္တိမ္းကာ
ထပ္ရိုက္ေတာ့Rioကလည္းျပန္တုံ႔ျပန္ရိုက္ခ်က္ေတြျဖင့္။

အင္အားခ်င္းမမၽွတာမို႔ေနာက္ဆုံးမွာ
နာက်င္ရသူကRioပဲ။
ျပန္မလုပ္နိုင္ေတာ့တဲ့အခါအသာစီးရေနေသာ
Jeon ကို ေသြးေတြၾကားကမနာက်င္သလိုပဲ
ၾကည့္လာခဲ့ၿပီး....

"ခင္ဗ်ားကိုစိတ္ကုန္လို႔စိတ္ပ်က္လို႔ ထားခဲ့ၿပီး
ကၽြန္ေတာ့္ဆီကိုလာခဲ့တာ
ဘာေတြခုမွလာအဆိပ္တက္ေနတာလဲ
အစထဲက ခင္ဗ်ားအပိုင္ဆို ပိုင္ေအာင္လုပ္ထား
ေလ ခုအေနအထားအရ ဘယ္သူParkJimin
ကိုေသေသခ်ာခ်ာပိုင္ေနလဲအသိသာႀကီးပဲ
Valentines Dayမွာ Dateေနတာ
Valentines မွာ Dateေနတယ္ဆိုထဲက
အေျခအေနကိုနားလည္လိုက္....
ခုမွတေရးနိုးလာၿပီး ေသြး႐ူးေသြးတန္းေတြ
လာမျဖစ္ေနနဲ႔...ရယ္စရာေကာင္းတယ္...."

ရင္ဝတည့္တည့္ကိုထပ္ေဆာင့္ကန္ခံလိုက္ရေသာ
အရွိန္သည္ျပင္းလြန္းကာလဲက်သြားေတာ့
ခႏၶာကိုယ္ေပၚခြကာထိုးလာေသာလက္သီးခ်က္
ေတြကိုေရွာင္၍မရ။ဆိုက္တိုက္ပဲ မေသေသေအာင္
ထိုးေနသလို Rioမ်က္ႏွာတစ္ခုလုံးေသြးခ်င္းခ်င္း
ရဲလာသည္။ေသြးေတြသည္ၾကမ္းျပင္ေပၚဆိုးဆိုးဝါးဝါး
စီးဆင္းလာလၽွက္။

"ေစာက္ပါးစပ္ကိုပိတ္ .....မင္းကမ်ား....
မင္းကမ်ား....."

Jeonမ်က္လုံးထဲကမ်က္ရည္ေတြသည္ထိုးႏွက္ေနရင္း
Rioမ်က္ႏွာေပၚကိုဆိုက္တိုက္က်ဆင္းလာသည္။
အထိုးခံေနရသူကမငိုဘဲထိုးေနရသူကငိုေနျခင္း
သည္သဘာဝေတာ့သိပ္မက်ခဲ့ပါ။

"ေခြးေကာင္!!!!!"

Rioသည္Jeonအား အားကုန္သုံးလ်က္ျပန္
ကန္လိုက္ကာ

"ေမးၾကည့္ ေမးၾကည့္လိုက္
ခင္ဗ်ား ParkJimin ကို ရွိမွန္းေတာင္သတိမရ
ေတာ့တဲ့အခ်ိန္ေတြထဲကက်ဴပ္တို႔ေအးေဆးရွိေနၿပီ
ဒီေန႔တရားဝင္တြဲၾကဖို႔တိုင္ပင္ေနၾကတာ
ဟုတ္သလား မဟုတ္သလားသြားေမးၿပီးမွ
ျပႆနာကိုရွာအရွုံးသမား..."

စကားဆုံးသည္ႏွင့္ေအာင့္မ်က္သြားေသာ
ႏွလုံးသားသည္ဆက္ပင္မထိုးနိုင္ေတာ့။
အဲ့ေလာက္ေတာင္ အဲ့ေလာက္ေတာင္မွ
ဘယ္အခ်ိန္ေတြကဘယ္လိုေတြ။

ဘယ္လိုေမးရဲမွာလဲ။ဒီအေျခအေနဟာ
အရာအားလုံးရွင္းရွင္းလင္းလင္းပဲကို။
TaeHyung ေျပာတာကိုခပ္ေပါ့ေပါ့သေဘာ
ထားခဲ့တာေတြ။မလုပ္ေလာက္ပါဘူး။
မဟုတ္ဘူး မလုပ္ကိုမလုပ္ဘူးဟုတထစ္ခ်
ယုံၾကည္မိခဲ့တာေတြဟာ ေသမတတ္႐ူးမတတ္။

Jeonသည္မလွုပ္ရွားနိုင္ေတာ့ေသာ
ေသြးသံရဲရဲႏွင့္Rioအားထားခဲ့ကာ
Jimin ဆီကိုသြားခဲ့သည္။အခန္းဝကလူတစ္စု
သည္Rioကိုထိုးႀကိတ္ေနျခင္းကို
တစ္ေယာက္မွဝင္လာမဆြဲဘဲJiminဆီ
ကိုJeonသြားေတာ့မွTaeHyung ကလွုပ္ရွားလာ
ေတာ့ Yoongi ကဆြဲထားသည္။
ဒါစကားေျပာဖို႔လိုတဲ့အေျခအေနပဲ။

Jeonသည္ ေသြးေတြေပက်ံေနေသာလက္ေတြ
ျဖင့္Jiminဆီကိုေလၽွာက္လွမ္းလာသည္။
အနီးဆုံးေရာက္တဲ့အခါအကၤ်ီစကက္ိုင္ကာ
ဆြဲမလိုက္ျခင္းသည္အ႐ုပ္ကေလးတစ္႐ုပ္လိုပဲ။

"မင္း ဒါ ဘာလုပ္ခဲ့တာလဲ ParkJimin
ဘာလုပ္ေနခဲ့တာလဲ ....."

လက္ပူးလက္က်ပ္မိကာမ်က္စိနဲ႔တပ္အပ္ျမင္
ထားၿပီတဲ့ကိစၥအေပၚJimin မွာေျပာစရာေတြမရွိေနပါ။
Jeonမ်က္လုံးထဲကအဆက္မျပတ္က်လာေသာ
မ်က္ရည္ေတြက္ိုပဲေတြေတြႀကီးစိုက္ၾကည့္ေနသည္။

"လိမ္လိုက္ပါ....ငါ့ကိုလိမ္ပါ...
ခုမွ မင္းဒီေနရာကိုေရာက္လာတယ္လို႔
ငါ့ကိုခု လိမ္ေပးပါ....."

Jimin သည္သူ႔ကိုဆြဲယူထားေသာJeonရဲ့
လက္ေတြကိုတစ္ေခ်ာင္းခ်င္းျဖဳတ္ေနသည္။
Rioလိုရိုက္ပစ္လိုက္မွာကိုေၾကာက္ေန၍
တုန္ရီစြာဆြဲျဖဳတ္ေနပုံသည္
ရွက္စရာေကာင္းတဲ့သစၥာမဲ့ျခင္း
ေဖာက္ျပန္ျခင္းဆိုတဲ့ျပင္းထန္တဲ့ေခါင္းစဥ္ေတြ
ကိုဒီေကာင္ေလးအေပၚမတပ္ခ်င္လို႔ပါဆိုမွ
သူကိုယ္တိုင္တပ္ေနသည္။ေဒါသေတြၾကားက
ႏွေျမာေသာစိတ္သည္ႏွလုံးသားတစ္ခုလုံးကို
စုတ္ျပတ္သတ္သြားေစသည္။

"ဘာလို႔လဲ....ဘာလို႔ငါ့ကိုဒီလိုလုပ္ရက္တာလဲ...
ဟမ္....Jimin...ငါ့ကိုေျဖပါ...."

မေျဖခဲ့ဘူး။Jeonရဲ့လက္ေတြကိုပဲႀကိဳးစားပမ္းစား
ဆြဲျဖဳတ္ေနသည္။ေတာင္းပန္ပါတယ္လို႔ေျပာဖို႔
ကိုေဝးလို႔လက္ေသးေသးေတြ ရဲေပါက္လာတဲ့အထိ
လက္ေခ်ာင္းသြယ္သြယ္ေတြကိုဖယ္ရွားေနခဲ့တာ။

Jeon မ်က္ရည္ေတြကထိုလက္ေခ်ာင္းေတြအေပၚ
ဆိုက္တိုက္က်ေနေပမယ့္Jiminကေတာ့
အသက္ရွုသံေတြျပင္းေန႐ုံကလြဲၿပီးက်န္တာဘာမွ
မရွိေနခဲ့ဘူး။

စုန္ကန္ခ်င္ခဲ့တဲ့အခ်ိန္ ညစ္တြန္းတြန္းခ်င္တဲ့အခ်ိန္
ဒီေယာက်္ားနဲ႔ပတ္သတ္ၿပီးဘာမွမရွိေနေတာ့တဲ့
အခ်္ိန္မလို႔ လုပ္ရပ္ေတြသည္ျပတ္ျပတ္သားသား
ထိထိရွရွပါပဲ။

"ေျဖစမ္း!!!!!"

ေအာ္ဟစ္ေနရင္းJeonမ်က္လုံးေတြသည္စားပြဲခုံေပၚက
ေစ်းအႀကီးဆုံးႏွင္းဆီပန္းစည္းၿပီးေတာ့သန္းခ်ီ
တန္ေသာစိန္ဆြဲႀကိဳးႏွင့္ ေနာက္ဆုံးေပၚကား၏
ေသာ့ ေနာက္ဆုံးေပၚဖုန္းModelဒါေတြကိုတစ္ခု
ခ်င္းလိုက္ၾကည့္ကာ Jeonကမ်က္ရည္ေတြၾကားက
ေျခာက္ကပ္ကပ္ထရယ္သည္။

"ေအာ္....ေအာ္ တရားခံေတြကဒီမွာကို
အေမမမွားခဲ့ဘူးပဲ.....အရြယ္ေလးေရာက္လာေတာ့
မင္း လည္း..မက္လာၿပီကို...."

ဆင္းရဲခဲ့တာနဲ႔ပတ္သတ္ၿပီးအနာက်င္ရဆုံး
ထိုးႏွက္မွုေတြကJiminမိဘေတြဆီကပဲရခဲ့သည္။
Jeonအတြက္မျပည့္စုံခဲ့ျခင္းဟာ
စိတ္ဒဏ္ရာတစ္ခုလိုျဖစ္လာေၾကာင့္
သူအမ်ားႀကီးႀကိဳးစားခဲ့တာ။စားပြဲေပၚက
ပစၥည္းေတြကသူအဖ်ားအနားေတာင္
လိုက္၍မမွီေသာတန္ဖိုးေတြနဲ႔။
Jiminကဒီအရာေတြအေပၚေပ်ာ္ဝင္သာယာခဲ့ေၾကာင္း
သိပ္အမ်ားႀကီးစဥ္းစားေနဖို႔မလိုပါဘူး။

Jimin မ်က္လုံးေတြသည္ဒီစကားစုက်မွ
အသက္ျပန္ဝင္လာသည္။ေငြမက္တယ္တဲ့လား။
စြပ္စြဲခ်က္သည္ အနာေတြအားလုံးကိုျပန္တူးဆြ
လိုက္သလိုေသြးစိမ္းရွင္ရွင္ျပန္ထြက္လာသည္။
သူဘာေတြကိုမက္ေမာခဲ့တာလဲ။
သူဘာေတြကိုလိုခ်င္ခဲ့တာလဲ။

ေငြမက္တယ္ဆိုမွၾကားေကာင္းခဲ့ဦးမည္။
သူမက္ခဲ့တာဒီေယာက်္ားဆီက
အရွက္မရွိတဲ့အရာေတြ။

အၿပီးအျပတ္စြန့္လႊတ္ခ်ိန္ကိုတန္လာတာပဲ။
ဟိုလိုလိုဒီလိုလိုမၿပီးနိုင္မစီးနိုင္အေျခအေနက
ေန အၿပီးျပတ္သြားလို႔ရၿပီ။

"ငါ့မိဘကိုထည့္မေျပာနဲ႔..."

Continue Reading

You'll Also Like

240K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
188K 17.4K 40
လူတိုင်းကလူလိမ်တွေချည်းဘဲ..ကျွန်တော်ကအဲ့ထဲပါတယ်..ကိုယ့်ကိုယ်ကိုလိမ်ခဲ့တယ်..ခုကျွန်တော်မလိမ်ချင်တော့ရုံဘဲ..အမှန်တရား..တစ်ခုကိုပြောပြလိုက်တယ် ""သူမင်းက...
766K 106K 64
သံသရာတစ်လျှောက်လုံးရဲ့နှင်းဆီနီနီ
158K 18.9K 51
ႏြံဆိုရင္​ ႏုန္​း​ေျမႏြံကအစ ဘ၀ႏြံအဆံုး အကုန္​​ေၾကာက္​တယ္​ နွံဆိုရင် နုန်းမြေနွံကအစ ဘဝနွံအဆုံး အကုန်ကြောက်တယ်