အဖြူရောင်ဆေးဘူးသေးသေးလေးကို ဒိုယောင်း လက်ဖုဝါးပေါ်သွန်ချနေပေမယ့် ဘာတစ်ခုမျှထွက်ကြမလာတော့ပေ။
"ဆေးကုန်သွားတာလား? အစ်ကို့ကိုပြောရမလား''
ညနက်နေပြီမလို့ ဒိုယောင်းအတွေးတွေရပ်ပြီး ဘေးကမီးအိမ်လေးကိုပိတ်လိုက်လေသည်။
****
Jihoon စိတ်ထဲဘယ်လိုမှမအေးနိုင်။
ဟုတ်တယ် ငါစိတ်မပူသင့်တာကိုပူနေတာပဲ Doyoung က အတိတ်ကိုဘယ်လိုမှပြန်မမှတ်မိနိုင်ဘူးမလား။ မှတ်မိခွင့်ပေးလို့လည်းမရဘူး။ Yoshi သတိရလာလည်းဘာအရေးလဲငါသပ်သပ်မဲ့ စိတ်ပူလွန်နေတာပါ။ Doyoung နဲ့ပတ်သတ်တဲ့ သတင်းတွေကလည်းအကုန်လိုက်ပိတ်ပြီးသားမလို့ အဆင်ပြေမှာပါ။
"ဟူးးး''
သက်ပြင်းခပ်ဖွဖွချရင်း Doyoung အခန်းဆီသွားဖို့လုပ်လိုက်သည်။
"ဒေါက် ဒေါက် ''
"Doyoung''
ဘာအသံမှမပြုလာတာကြောင့် ဒီကောင်လေးအိပ်ပြီထင်ပါရဲ့။ အင်းလေ ညအတော်တောင်နက်နေပြီကို ငါကပဲ ကိုယ့်အတွေးနဲ့ကိုအိပ်မပျော်နိုင်နေတာ။
ကျွီး...
Jihoon Doyoung ရဲ့အခန်းတံခါးကိုအသာ လှပ်ရင်း ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်းလေးနားလျှောက်သွားလိုက်သည်။
အမှောင်ကြောက်တတ်တဲ့ကောင်လေးက မီးအိမ်ခပ်ဖျော့ဖျော့ကိုထွန်းထားသေးသည်။
ဂျီဟွန်း ထိုအိပ်မောကျနေတဲ့ကောင်လေးကိုပဲ အတော်ကြာတဲ့ထိငေးကြည့်နေမိသည်။
အချစ်ရယ်လို့မဆိုချင်ပေမယ့် ဆိုရတော့မည်လားမသိ။ ဒီနူးညံ့လှတဲ့မျက်နှာလေးကို ထာဝစဥ်ငေးကြည့်ချင်ပါဘိ။ အတ္တကြီးတယ်လို့ပြောချင်ပြောပါ ငါတစ်ယောက်ထဲသာ ငေးကြည့်ချင်တယ်။
အစကတည်းက ဒီလိုလူမျိုးပဲလေ ကိုယ်ပိုင်တဲ့ပစ္စည်း တခြားသူနဲ့မျှသုံးရမှာမလိုလားတဲ့သူ။
"ဒီအချိန်မှာတော့မင်းကငါ့အပိုင်ဖြစ်နေပြီပဲ ဒိုယောင်း ''
"ကိုကို..''
အချိန်ကိုက်ပဲ ဒီနာမ်စားကိုပဲထပ်ခါယောင်ပြန်ပြီ။
"ကိုကိုမသွားပါနဲ့ ကိုကို!!''
Doyoung က မျက်လုံးမှိတ်လျှက်သား ကိုကိုဆိုတဲ့နာမ်စားကိုသာဆိုနေ၏။
စိတ်ပျက်တယ် တကယ်စိတ်ပျက်ရတယ်။ အိမ်မက်ဆိုရင်တောင်မလိုလားဘူး
"Doyoung ထစမ်း!!''
Jihoon Doyoung ရဲ့လက်မောင်းတစ်ဖက်ကို ကိုင်လျှက် လှုပ်နိုးလိုက်၏။
"KimDoyoung ထလို့ပြောနေတယ်လေ''
"အစ် အစ်ကိုဘာဖြစ်လို့လဲဟင်..''
လေသံသေးသေးလေးနဲ့အတူဆိုလာသောကောင်လေးက အိပ်ချင်စိတ်ကိုတင်းပြီးထလာတဲ့ပုံပင်။
ဘာဖြစ်လို့လဲတဲ့? ဘယ်လိုပြန်ဖြေရမလဲ အစ်ကိုမဟုတ်တဲ့ တခြားနာမ်စားတွေခေါ်တာမကြားချင်လို့ အဲ့လိုပြောလိုက်ချင်ပေမယ့် မဖြစ်ဘူး။
Jihoon ပြန်မဖြေသေးဘဲ စဥ်းစားရင်း စားပွဲပေါ်က ဆေးဘူးလေးဆီအကြည့်ရောက်သွား၏။
"ဒီနေ့ မင်းဆေးသောက်လား?''
"အာ အဲ့ဒါကလေ... ''
ဆက်ပြောမထွက်တဲ့ Doyoung ကိုကြည့်ပြီး Jihoon ဒေါသထွက်လာရ၏။
မသောက်ပြန်တာလားအဲ့ဒါကြောင့် အဲ့ဒါကြောင့်မလို့ အဲ့နာမ်းစားကို....?
"ဘာ!!! "
"မဟုတ်ဘူးအစ်ကို ''
"ဘာကိုမဟုတ်တာလဲ KimDoyoung အခုမင်းသဘောနဲ့ မင်း သောက်ချင်သောက်မယ် မသောက်ချင်မသောက်ဘူးလုပ်နေတာလား''
"မဟုတ်ဘူး အစ်ကိုအဲ့ဒါက ''
"ကျစ်!!''
"ဆေးကုန်သွားပြီ ''
ထိုအခါမှ စုကျုံ့နေတဲ့Jihoonရဲ့ မျက်ခုံးနှစ်ဖက် အနည်းငယ်ပြေလျှော့သွားလေသည်။
"ကုန်တယ်?ဘယ်ကတည်းကလဲ''
"ဒီနေ့မှပါအစ်ကို ''
ဒီဆေးက ဘာဆေးဖြစ်မလဲမသိပေမယ့် အစ်ကိုပြောသလို မှတ်ဥာဏ်တွေတော့ပြန်သတိမရလာပါဘူးခေါင်းသာမူးရသည်မလား။ ကျွန်တော်တစ်ယောက်ထဲ ချွင်းချက်ဖြစ်ပြီး အကျိုးသက်ရောက်မှုမရှိတာလားတော့မပြောတတ်။
"ဒါဆို အစ်ကို ထပ်ဝယ်ပေးမယ်''
"ဟုတ်အစ်ကို ''
အစ်ကိုက ဘာလို့များ အဲ့ဆေးကိုသောက်စေချင်လည်းမစဥ်းစားချင်တော့ပါ။ အရာရာအကို့သဘောအတိုင်းသာ လိုက်လျောပေးရမှာ ကျွန်တော်တာဝန်သာ။
×××××××××××××××××××××××××
ဒီအနံ့ထောင်းထွက်နေတဲ့ လမ်းကျဥ်းလေးထဲကိုထပ်ပြီးလာရပြန်ပြီ။.
Jihoon နှာခေါင်းကို ရှုံ့လျက် အမြန်သာလျှောက်လာလိုက်၏။
အဆောက်အအုံပျက်တစ်ခုထဲကိုဝင်လိုက်ပြီး
အနက်ရောင်ဂျာကင်ကိုဝတ်ဆင်ထားတဲ့လူထွားတစ်ယောက်ကအသင့်စောင့်နေ၏။
"အော်ရောက်လာပြီလား''
"အင်းဘယ်မှာလဲဆေး အချိန်မရှိဘူး''
"နေပါဦးအရင်ဆေးက အကျိုးသက်ရောက်မှုရှိလား''
Jihoon ကမျက်နှာတည်နဲ့သာခေါင်းငြိမ့်ပြသည်။ အချိန်ကြာတဲ့ထိဒိုယောင်းက ယောင်တာကလွဲလို့ကျန်တဲ့ဟာသတိရပုံမှမပေါ်ဘဲလေ။
"ဟိုဟာ အဲ့ဆေးကတော့ထပ်မရတော့ဘူး''
"ဘာ!!!''
"အင်း ဖမ်းခံလိုက်ရတယ်''
"ကျစ်!!အစကတည်းကကြိုဝယ်ထားလို့ပြောတယ်လေခင်ဗျားကို''
"အာ စိတ်မပူပါနဲ့ ကျွန်တော်နောက်ဆေးတမျိုးကိုထပ်တွေ့ထား...''
အပြောနဲ့အတူ ဝါကျင်ကျင် ဆေးဘူးလေးကိုထုတ်ပြလာတာကြောင့် Jihoon အမြန်ပင်ဆွဲယူလိုက်သည်။
"ရော့ ငွေ''
ေငွသားအထပ်လိုက်ကို စားပွဲပေါ်တင်ပြီးထွက်သွားတာကြောင့်အထဲကလူက ဆေးအကြောင်းပင်မပြောလိုက်ရ
"နေ..နေဦး အဲ့ဆေးရဲ့ဆိုးကျိုးကိုတစ်ခါမှမစမ်းသပ်ရသေးလို့ဘယ်လောက်ထိနိုင်မယ်မသိဘူး.. ''
တရပ်စပ်ပြောနေပေမယ့် Jihoonကတော့မကြားနိုင်တော့ပါ။
_____________________________________
အတော်တန်သက်သာနေပြီမလို့ Yoshi ဆေးရုံဆင်းတဲ့နေ့ဖြစ်၏။
အဖြူရောင် shirt လေးကိုကျကျနနဝတ်ဆင်ထားပြီး အဖြူရောင်အသားရည်နဲ့တစ်ထပ်တည်းကျနေလေသည်။
Yoshi အိမ်ပြန်ရောက်ရောက်ချင်းခဏသာနားပြီး Doyoung ရဲ့ကွန်ဒိုဘက် ထွက်လာခဲ့လိုက်သည်။
Lock ချထားတဲ့ အခန်းငယ်တိတ်ဆိတ်လွန်းလှသည်။
ဘေးပတ်ဝန်းကျင် မေးကြည့်တော့လူမနေတာကြာပြီတဲ့လေ။ စိတ်ထဲထင်တာနှစ်မျိုးရှိသည်။ ပထမတစ်ခုကတော့ Appa
Appa ကဒိုယောင်းကိုသိပ်သဘောမတွေ့ဘူးမလား ကျွန်တော်အခုလိုဖြစ်သွားချိန်မှာအဝေးကိုရှောင်ခိုင်းထားတာဖြစ်နိုင်သည်။ နောက်တစ်ခုကတော့....
Yoshiခေါင်းရမ်းရင်း
"မဖြစ်နိုင်ဘူး ငါJihoon ကိုယုံသင့်တယ်''
ဆေးရုံကိုလာတွေ့တိုင်း Jihoon ကပုံမှန်ပဲ သံသယဖြစ်စရာတော့မတွေ့ရ ဒါပေမယ့် Doyoung အကြောင်းပြောဖြစ်ရင် စကားလမ်းလွှဲသွားတာအမြဲ.....
"ဘာပဲဖြစ်ဖြစ်ကိုကို့ဆီကို အမြန်ဆုံးလာတွေ့ပါလားကလေးရယ်''
____________________________
"ဂျောင်ဝူးရားဖြစ်ပါ့မလား အစ်ကိုသိရင်''
"အေ Doyoung hyung ကဘာကိုကြောက်နေတာလဲ Jihoon hyung သိရင်လည်းကျွန်တော့်ကိုပဲ အပြစ်ပြောမှာပါ ပြီးတော့ Jihoon Appa က သူ့ကိုတနေကုန်အလုပ်ပေးထားတယ် ညအိမ်ပြန်လာတောင်ကံကောင်းမှတ် ''
"အင်....''
Doyoung ဂျောင်ဝူးခေါ်ရာလိုက်လာပေမယ့် စိတ်တော့မအေးနိုင်။ အစ်ကိုသိရင်အရမ်းစိတ်ဆိုးမှာမလား
"Hyung ဘယ်သွာချင်လဲ''
"ငါက ရပါတယ်''
"ဟန်မြစ်ဘေးသွားကြမလားဒါမှမဟုတ် ဆိုင်တစ်ခုခု''
"အင်း ဟန်မြစ်''
*****
မြစ်ဘေးက ခုံတစ်ခုမှာထိုင်နေရင်း
"Hyung ဒီမှာခဏနေခဲ့နော် ကျွန်တော် အအေးသွားဝယ်ဦးမယ်''
"အော အွန်း ''
Doyoung ခုံမှာထိုင်ရင်း ခြေနှစ်ဖက်ကိုလွှဲ၍သာထိုင်နေလိုက်သည်။
အတိတ်တော့မမှတ်မိပေမယ့်ဒီနေရာကမစိမ်းသက်နေပါ အရင်ကခဏခဏလာဖူးတဲ့နေရာဖြစ်လိမ့်မည်ထင်ပါရဲ့။
မျက်နှာပေါ်တိုးဝှေ့လာသောလေညှင်းခပ်အေးအေးက ဝိုးတိုးဝါးတား အရိပ်ရောင်တစ်ချို့သယ်ဆောင်လာသည်။
ဒိုယောင်း ရိပ်ခနဲထိုးကိုက်လာတဲ့ခေါင်းကိုလက်နဲ့ဖိကပ်လိုက်သည်။
အခုချိန်ထိမမြင်ဖူးသေးတဲ့လူတစ်ယောက်ရဲ့ပုံရိပ်။ အစ်ကိုမဟုတ်တာတော့သေချာပေမယ့် ရင်းနှီးသောလူတစ်ယောက်ဖြစ်ရမယ်။
"Hyung Doyoung hyung ဘာဖြစ်လို့လဲ''
ဂျောင်ဝူးရဲ့ခေါ်သံကြောင့် အသိစိတ်ပြန်ကပ်လာပြီး ပုံရိပ်အချို့လည်းပျောက်ကွယ်သွားလေသည်။
"ဖျက်''
"ဂျောင် ဂျောင်ဝူးရား ငါအိမ်ပြန်လို့ရမလား ခေါင်းအရမ်းကိုက်လို့''
"အင်းအင်း Hyung နေမကောင်းဘူးဆိုလည်း ပြန်ကြတာပေါ့''
ဂျောင်ဝူး Doyoung ကိုဆွဲထူးပေးရင်း လက်မောင်းတစ်ဖက်ကိုတွဲလိုက်သည်။ နားထင်ကိုလက်နဲ့ဖိပြီးမျက်လုံးကမှောင်ကြုတ်နေတာကြောင့် တကယ်နေမကောင်းတဲ့ပုံပါပဲ။
ဒိုယောင်းတို့ထွက်သွားပြီးတာနဲ့ ထိုခုံတန်းလေးဆီသို့ အဖြူရောင်Shirt အင်္ကျီနဲ့သူတစ်ယောက်ကနေရာယူလိုက်၏။
နောက်ကခုံကိုသာမှီချပြီးအသက်ခပ်ပြင်းပြင်းတချက်ရှူလိုက်သည်။ နောက်ကျောပေးပြီး ထွက်သွားတဲ့ကောင်လေးကိုတော့မြင်ပုံမရပါ။