Game Over [Completed]

By LiannKim03

6.6K 1K 251

ဘာလို့ပိုင်ဆိုင်ချင်ရတာလဲလို့မေးရင် သေချာပေါက်အဖြေက မုန်းလို့။ အရံလူဖြစ်ရတာမုန်းလို့ လူပိုဖြစ်ရတာမကြိုက်လို့။... More

Part-1
Part-2
Part-3
part-4
part-5
part-6
Part-7
part-8
part-9
part-10
part-11
part-13
part-14
part-15
part-16
Final
Extra [2nd life]

part-12

268 56 8
By LiannKim03

လက်ချောင်းသေးသေးလေးတွေလှုပ်သွားတဲ့လိုခံစားမိပေမယ့် ထပ်ပြီးထူးထူးခြားခြားမတွေ့ရ။

"စိတ်ထင်နေတာလား Yoshi.....''

___________________

<<<1 month later >>>

အစ်ကိုက ကျောင်းပြီးသွားတာတောင် အပြင်ကိုလိုက်ပို့ဖို့မပြောဘူး။ တစ်နေ့တစ်နေ့ ဒီအိမ်လေးထဲမှာပဲ

သစ်ပင် ပန်းပင်တွေ လေသာဆောင် ရေကူးကန် အစရှိတဲ့ စိတ်အပန်းဖြေလို့ရတဲ့နေရာတွေရှိနေလို့တော်သေးတာပေါ့။ မဟုတ်ရင်ခြောက်ကပ်ကပ်နေမှာ

ဒိုယောင်း ခြေနှစ်ဖက် ကိုရေကူးကန်ထဲထည့်ပြီး လှုပ်ရမ်းနေမိသည်။

"Doyoung Hyung ''

နောက်ကအသံတစ်ခုကြောင့် ဒိုယောင်းလှည့်ကြည့်လိုက်သည်။

"အော် ဂျောင်ဝူး ''

ဂျောင်ဝူးက ဒိုယောင်းဘေးမှာထိုင်ပြီး ခြေနှစ်ဖက် ရေကန်ထဲ ချလိုက်သည်။

"နေကောင်းရဲ့လား Hyung ''

"အင်းကောင်းပါတယ် ''

အစ်ကိုက ဂျောင်ဝူးနဲ့မပတ်သတ်ခိုင်းပေမယ့် တိုက်ရိုက်ကြီးရှောင်လို့မကောင်းဘူးလေ။ အားနာတတ်တဲ့ အကျင့်က အရင်ကတည်းကရှိနေတယ်ထင်ပါရဲ့ ။

"ဂျောင်ဝူး.ဘာလို့လဲ မျက်နှာလည်းမကောင်းပါလား ''

"အာသိသာနေလား ''

"အင်း ''

Doyoung က ခေါင်းငြိမ့်ပြတော့ Jeong woo စိတ်မပါတဲ့အပြုံးတစ်ခုပြုံးပြရင်း

"ကျွန်တော့်ရည်းစားရှိတယ်လို့ပြောဖူးတယ်မလား ''

"အင်းပြောဖူးတယ် ''

"အခုသူနဲ့အဆင်မပြေဘူး ''

"အော် အသည်းကွဲလာတာပေါ့ ''

"အဲ့လိုပြောပါတော့ ဟက်''

ပြောရင်းမျက်နှာအောက်ချသွားတဲ့ ဂျောင်ဝူး
ကြောင့် Doyoung  ကျောလေးကိုပုတ်ပေးမိသည်။

အစ်ကိုဘာကြောင့် မပတ်သတ်ခိုင်းလည်းမသိပေမယ့် ဂျောင်ဝူးက တကယ် ပေါင်းလို့ကောင်းတဲ့ကောင်လေးတစ်ယောက်ပါ။ ပွင့်လင်းပြီးပျော်ပျော်နေတတ်တဲ့ အကျင့်လေးလည်းရှိတော့ ကျွန်တော်တကယ်ခင်မိပါသည်။ ဒါပေမယ့် လည်း

"KimDoyoung!!!! "

နောက်ကဟိန်းခနဲ ထွက်လာတဲ့ အစ်ကို့အသံကြောင့် ဒို​ယောင်း ဂျောင်ဝူးကျောပေါ်ကလက်တွေကို အမြန်ဖယ်လိုက်ရသည်။

"ဟုတ် အစ်ကို..''

"မင်းဘာလုပ်နေတာလဲ ဒီမှာ ''

အကြည့်စူးစူးတွေနဲ့မာကျောလှတဲ့အသံ ဘာလို့ ဂျောင်ဝူးနဲ့ပတ်သတ်ရင် ဒီလောက်ထိမကြိုက်ရတာလဲ

"ဟို..ဟို ရေဆော့နေတာ ''

"အထဲသွားတော့''

"ဟုတ်..''

Doyoung မျက်နှာငယ်လေးနဲ့ပဲ အထဲဝင်သွားလိုက်သည်။ အစ်ကိုနဲ့ ဂျောင်ဝူး နှစ်ယောက်ထဲ ထားခဲ့ရတော့ စိတ်တော့မအေး။ နှစ်ယောက်ကြားမကျေနပ်စရာအကြောင်းတစ်ခုခုရှိနေလို့လား?

"ParkJeongWoo ဘာကိစ္စလဲ.. ''

ဂျောင်ဝူးက ပုခုံးပင့်ပြရင်းပဲ

"ပျင်းလို့''

"အဲ့လောက်အချိန်အားနေရင် နိုင်ငံခြားကိုပြန်လေ''

"Seoul မှာစိတ်ဝင်စရာအကြောင်းလေးတွေရှိလို့ မပြန်ချင်ပါဘူးဟက်''

"ဘာပဲ ဖြစ်ဖြစ် အေးဆေးနေရင်ကောင်းမယ်ထင်တယ် ''

"Hyung က သတိပေးတာတွေများနေလို့ထင်တယ် ကျွန်တော့်အချို့အရာတွေတောင်မေ့ပြီး Doyoung ကိုပြောမိတော့မလို့ ''

"ဘာ! !''

Jihoon တင်းပြီးသားလက်သီးလေးကို ပိုမိုတင်းကြပ်စွာဆုပ်လိုက်သည်။

"အင်း ပြန်ပြောပြပါလား ဘာတွေသတိထားရမလဲဆိုတာ ''

ရွဲ့တဲ့လေသံ ParkJihoon တို့ ကိုယ်ကသာအရွဲ့တိုက်မယ် ကိုယ့်ကိုလာအရွဲ့တိုက်ရင် သည်းခံနေနိုင်လောက်တဲ့ထိ မပြောင်းလဲသေး။

အားနဲ့အတူ ထိုးချလိုက်သည်မှာ လက်သီးပင် နီသွား၏။ ထိုးခံလိုက်ရတဲ့ တဖက်လူအဖို့ ဘယ်လောက်ပင်ခံရမည်လဲ။

ခွပ်!!!!!

အရှိန်နဲ့အတူ ကမ်းစပ်နားမှာထိုင်နေတဲ့ ဂျောင်ဝူး ကိုယ်လေး ရေကန်ထဲ ဗွမ်းခနဲ့ ကျသွားလေသည်။

"ဂျောင်ဝူး... ''

နောက်ကပြေးထွက်လာသော ဒို​ယောင်းကြောင့် Jihoon နားမလည်ဟန်

Doyoung Jeongwoo ကိုရေထဲမှ လှမ်းဆွဲကူရင်း ကန်ဘောင်ပေါ်မှာထိုင်စေသည်။
နှုတ် ခမ်း မှာပေနေတဲ့သွေးစလေးကို လက်မနဲ့သုတ်ပေးရင်း တစ်ဖက်က ဖုန်းကို Jihoon ဆီလှမ်းပေးလိုက်သည်။ Jihoon မျက်နှာကိုမကြည့်ပဲနဲ့ပေါ့။

"ရော့ ဖုန်းလာလို့ ''

မျက်နှာတည်ပြီး ဂျောင်ဝူး မျက်နှာပေါ်က ဒဏ်ရာကိုသာ အာရုံရှိသောဒိုယောင်းကြောင့် Jihoon ဒေါသထောင်းခနဲ

လျစ်လျှူရှူ နေတာလား ဒါဘာအချိုးလဲ ကင်ဒိုယောင်း အရင်ကဘယ်သူ့အပိုင်ဖြစ်ခဲ့ ဖြစ်ခဲ့ အခုမင်းက ငါ့အပိုင်ပဲ ။
ငါ့ရှေ့မှာ ငါ့ကို လျစ်လျှူရှူ ပြီးတစ်စုံတစ်ယောက်ကိုစိတ်ပူနေတာလား ?

Jihoon အံကြိတ်လျက် ဒိုယောင်းပေးလာတဲ့ ဖုန်းလေးကို ဆွဲယူပြီး တစ်ဖက်ကိုလွှင့်ပစ်လိုက်သည်မှာ ခွမ်းခနဲ။

ထို့နောက် အထဲသို့ ဝင်သွားတဲ့ကျောပြင်ကိုကြည့်ပြီး ဒိုယောင်းမတုန်လှုပ်ဖူးပြောရင် လိမ်တာပဲ ဖြစ်လိမ့်မည် စိတ်တင်းထားခဲ့တာ။ အစ်ကိုနဲ့ဂျောင်ဝူးပြောတာကို အမှတ်မထင်ကြားခဲ့တယ် ။ ကျွန်တော်သိလို့မရတဲ့ကိစ္စတစ်ခုရှိနေတာလား အစ်ကို...

Doyoung အတွေးတွေရှင်းရင်း

"ဂျောင်ဝူးအဆင်ပြေရဲ့လား ''

"အင်းပြေပါတယ် hyung ဘာလို့အဲ့လိုလူပ်တာလဲ hyung ကသူနဲ့နေရတာလေ မကြောက်ဘူးလား ''

ဒိုယောင်း စိတ်မပါတဲ့အပြုံးတစ်ခုသာပေးရင်ဘာမှမဖြေခဲ့။

______________________

At night

တစ်အိမ်လုံးတိတ်ဆိတ်လျက် အေးစိမ့်စ်မ့်ခံစားချက်တွေ တိုးဝင်နေပြီး ရုတ်တရက် ပြောလာသော အစ်ကို့စကားက

"ParkJeongWoo ကိုသဘောကျနေတာလား KimDoyoung ''

"ဗျာ?''

"ဟမ် ငါ့ရှေ့မှာ စိတ်ပူပေးရလောက်တဲ့အခြေနေ ဟက် မင်းကအဲ့လောက်တောင်လွယ်တဲ့သူလား ''

အစ်ကို့စကားတွေကို တကယ်ခံနိုင်ရည်မရှိဘူး ။ ထိန်းထားပေမယ့် ဝဲတက်လာသောမျက်ရည်တွေကိုမတားနိုင်။

"ငါမင်းကိုဘာမှမလုပ်ရသေးဘူးနော် ''

" အစ်ကိုနဲ့ ဂျောင်ဝူးကြားမှာ ကျွန်တော်သိလို့မရတဲ့အကြောင်းတစ်ခုများရှိနေသလား အစ်ကို ''

တင်းသွားတဲ့ လက်သီးတွေကြောင့်သွေးကျောကျောစိမ်းစိမ်းတွေကအထင်းသာ။ စုကျုံ့သွားတဲ့မျက်ခုံးတွေကြည့်ရင်း ကျောချမ်းစရာပင်။

"သူမင်းကိုဘာပြောလိုက်တာလဲ ''

"ဟုတ်နေတာပဲ ''

ခနဲ့တဲ့လေသံနဲ့ပြောလာတဲ့ ဒိုယောင်းကြောင့် Paji ပိုလို့ဒေါသထွက်စေသည်။

"ကင်ဒိုယောင်း ငါ့ကိုအဲ့ အချိုးမချိုးနဲ့''

"ကျွန်တော်ဘာများ...''

စကားဆုံးအောင်ပြောခွင့်မပေး စားပွဲကို ထုလာသော လက်သီး အရှိန်ကြောင့် စားပွဲလေးမှာ ''အုန်း''ပင် မြည်သွား၏။

မာကျောလှသော စားပွဲကြောင့် အစ်က်ိုလက်မှာလည်းပေါက်ပြဲ သွားတဲ့ ဒဏ်ရာ အကွက်ကွက် တွေကိုကြည့်ပြီး ဒိုယောင်းသက်ပြင်းချမိသည်။
အစ်ကိုလက်က ဒဏ်ရာတွေကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ဒီတိုင်းထားလိုက်ချင်ပေမယ့် ဒိုယောင်းအဲ့လောက်တောင် အသည်းကမမာနိုင်သေးဘူး။ ချစ်ရတာကို.

Doyoung အခန်းထဲဝင်သွားပြီး ဆေးဘူး လေးနဲ့အတူပြန်ထွက်လာသည်။
ထို့နောက် ParkJi လက်ကိုဆွဲကိုင်ရင်း

"ဒီတိုင်းငြိမ်ငြိမ်လေးနေပေး''

Jihoon နားမလည်စွာစိုက်ကြည့်ရင်း စောနက စိတ်ရှိလက်ရှိသောင်းကြမ်းပြစ်ချင်ခဲ့တာ။
စိတ်မနည်းထိန်းထားရင်း အခုတော့ အဲ့ကိစ္စတောင်မေ့ချင်သွားသည်။

Doyoung လက်ကဒဏ်ရာတွေကိုဆေးထည့်ပေးရင် စပ်မှာဆိုးလို့ထင်ပါရဲ့ ပါးစပ်လေးနဲ့တောင်မှုတ်ပေးနေသေးတာ ။ ဟက် ဒီက အဲ့လောက်က ရှိတယ်တောင်မထင်ဘူး။
ပတ်တီးစီးပေးပြီးပြောလာတဲ့စကားက

"အစ်ကိုမပြောချင်ရင် ကျွန်တော်မသိချင်တော့ဘူး ''

မျက်နှာအဝိုင်းသားနဲ့ Paji ကိုမော့ကြည့်ရင်းပြောလိုက်တော့ Paji နားမလည်ဟန်ပြန်စိုက်ကြည့်ရင်း

" ဂျောင်ဝူးကိုလည်း အနာရအောင်မလုပ်ပါနဲ့ ကိုယ့်ကိုကိုယ်ရော။ စိတ်ချပါ ကျွန်တော်ဂျောင်ဝူးကိုလည်း မေးမှာမဟုတ်သလို သူပြောပြရင်တောင် ကျွန်တော်နားမထောင်ဘူး ...ပြီးတော့ ကျွန်တော့်အကို့ကိုပဲချစ်တာ ''

လေသံအေးအေးလေးနဲ့ပြောလာတဲ့သူ့စကားတွေက အပြင်ပန်း ဒဏ်ရာတွေထက် အဆ၁၀၀ မကနာကျင်ရတယ် ။ ဒီရင်ဘက်တစ်နေရာ စို့တက်လာသလိုခံစားရတယ်။ ဒါဘယ်လိုခံစားချက်ကြီးလဲ အောင့်သပ်သပ်နဲ့

___________________

Other side

"JunKyu shi R-360 ကိုသွားစစ်ဆေးပေးပါ ဦးနော်''

"Nae senbae''

ဒီနေ့တစ်နေကုန် လူနာကျနေတော့ အခုထိမနားရသေး။ အခုလည်း စီနီယာ Dr တစ်ယောက်ရဲ့စကားကြောင့် room-360 ကိုသွားစစ်ဆေးရဦးမည်။

အလုပ်သင်ဘဝကလည်းမလွယ်ပါဘူးလေ

Kyu Duty ကုတ်လေးကိုပြန်ဝတ်ပြီး Room-360 ကိုထွက်လာလိုက်သည်။

သွားကြည့်ရမယ့် လူနာရဲ့အချက်လက် Form ကိုကြည့်ရင်း

" ကိုမာ ဝင်တဲ့ပုံပဲမလား သတိမရတာအတော်ကြာပြီဆိုတော့ ''

Kyu ပြောရင်းပဲ အုံ့မှိုင်းနေတဲ့အခန်းထဲကိုဝင်ခဲ့လိုက်သည်။ လူနာစောင့်တော့တစ်ယောက်မှ မရှိပေ။

Oxygen ပေးထားတဲ့ ပိုက်ကိုနေရာတကျ ပြန်လုပ်ရင်း လှုပ်လာတဲ့လက်လေးကြောင့်
Kyu လှုပ်ရှားမှုအားလုံးရပ်တန့်သွားလေသည်။


AN-PaJi ကို လူဆိုးလုပ်ပေးထားတာ Just fiction မလို့ Don't be serious နော် 😣💙

Continue Reading

You'll Also Like

7.7K 356 8
Treasure one shots& short stories
842 76 8
ဆေးကျောင်းသား ကိုကို ကို မြင်မြင်ချင်း ချစ်မိသွားတဲ့အထက်တန်းကျောင်းသားလေး 😍
4.6K 323 19
ဘာလဲ!!!!!THE BLOOD ALTARကဇာတ်​ကြောင်း​တွေ ​ပြောင်းကုန်တာလား...Soohaက​ရော!!! "What's happening in DARK MOON:THE BLOOD ALTAR?"fictionသည် မူရင်း HYBE st...
13.6K 1.1K 31
Heehoon fiction Written in Burmese (Uni code) Lee Heeseung (Ethan) သခင်လေးPark မင်းကိုယ့်ကိုအရူးလို့ခေါ်ချင်ခေါ်နိုင်တယ်။မင်းမုန်းချင်မုန်းနိုင်တယ်...