အမုန်းတော်ခံသတို့သမီး (လင်းခြ...
De NabeNabe549
171K 7.8K 291
သူမ အရမ်းချစ်ရတဲ့ အဖေက မိန်းမ ယူလိုက်လို့ ထိုမိထွေးကို လက်စားချေချင်တဲ့ အနေနဲ့ ထိုမိထွေးရဲ့ သမီး နဲ့ စေ့စပ်ထ... Mai multe
Part - 1 ( Zg + Uni)
Part - 2 (Zg + Uni)
Part - 3 (Zg + Uni)
Part - 4 ( Zg + Uni)
Part - 5 ( Zg + Uni)
Part - 6 ( Zg + Uni )
Part - 7 ( Zg + Uni )
Part - 8 ( Zg + Uni )
Part - 9 (Zg + Uni)
Part - 10 (Zg + Uni)
Part - 11 (Zg + Uni)
Part - 12 (Zg + Uni)
Part - 13 (Zg + Uni)
Part - 14 ( Zg + Uni)
Part - 15 ( Zg + Uni)
Part - 16 ( Zg + Uni)
Part - 17 ( Zg + Uni)
Part - 18 ( Zg + Uni)
Part - 19 ( Zg + Uni)
Part - 20 ( Zg + Uni)
Part - 21 ( Zg + Uni)
Part - 22 ( Zg + Uni)
Part - 23 ( Zg + Uni)
Part - 24 ( Zg + Uni)
Part - 25 ( Zg + Uni)
Part - 26 ( Zg + Uni)
Part - 27 ( Zg + Uni)
Part - 28 ( Zg + Uni)
Part - 29 ( Zg + Uni)
Part - 30 ( Zg + Uni)
Part - 31 ( Zg + Uni)
Part - 32 ( Zg + Uni)
Part - 33 ( Zg + Uni)
Part - 34 ( Zg + Uni)
Part - 35 ( Zg + Uni)
Part - 36 ( Zg + Uni)
Part - 37 ( Zg + Uni)
Part - 38 ( Zg + Uni)
Part - 39 ( Zg + Uni)
Part - 40 ( Zg + Uni)
Part - 41 ( Zg + Uni)
Part - 42 ( Zg + Uni)
Part - 44 ( Zg + Uni)
Part - 45 ( Zg + Uni)
Part - 46 ( Zg + Uni)
Part - 47 ( Zg + Uni)
Part - 48 ( Zg + Uni)
Part - 49 ( Zg + Uni)
Part - 50 ( Zg + Uni)
Part - 51 ( Zg + Uni)
Part - 52 ( Zg + Uni)
Part - 53 ( Zg + Uni)
Part - 54 ( Zg + Uni)
Part - 55 ( Zg + Uni)
Part - 56 ( Zg + Uni)
Part- 57 ( Zg + Uni)
Part- 58 ( Zg + Uni)
Part- 59 ( Zg + Uni)
Part- 60 ( Zg + Uni)
Part - 61 ( Zg + Uni)
Part - 62 ( Final Part ) ( Zg + Uni)
Part - 43 ( Zg + Uni)
2K 114 7
De NabeNabe549
        { Part - 43  }
အပြစ်တွေပေ။
ခံနေရပြီလေ။
သည်။
****************************
" အူဝဲ... .အူဝဲ..... အူဝဲ "
ဘာလို့ ငိုနေတာလဲ...??  "
ငိုသွားတာ "
" အူဝဲ... အူဝဲ.... အူဝဲ "
တိတ်ပါကွယ် "
" ရွှတ်... "
" ရွှတ် "
" ခစ်... ခစ်.. .ခစ် "
အမြင်ကို ကပ်တယ်... "
" ခစ်.. .ခစ်.. ခစ် "
ထားချင်သည်။ ဒါပေမဲ့ အလုပ်တွေက
လုပ်ရအုံးမည်။ ဒီတော့ ဖြူလုံးလေး ကို
သူ သိပ်ရအုံးမည်။
" အေးအေး "
>>>>>>>>>>>>>>>
" ဖီဖီ..! !! "
" ဖီဖီ.. .!!! "
" မီမီ.....!! မီမီ ...!! "
" လာဝူး... လာဝူး...  မီမီ... မီမီ....!!
မီမီ...!!  "
မာမီ လို့ အော်နေတယ်လေ။
ဖြူဆုပ်သွားခဲ့သည်။
" ဟုတ်ကဲ့ သားမဟာ "
သည်။
ငါ ဘယ်လိုဖြေရမလဲ.. .?? "
မှာ မဟုတ်ပါဘူး. ..အခု ဟာက
ထိန်းပေးရင် နေတာ... ။ နေပေမဲ့လည်း
2နာရီထက် ပိုမနေ။ သူ့ အဖေကို အော်ခေါ်
နေတတ်သည်။
>>>>>>>>>>>>>>>>>>>
"........"
ရှူသွင်းလိုက်သည်။
အကြောက်ဆုံးပဲ.... "
စီးကျလာသည်။  ထိုကျလာတဲ့ မျက်ရည်စ
●︿●●︿●●︿●●︿●●︿●●︿●●︿
မဟာ  "
တိုးတိုးပြောပါ "
ကြောက်လား ခြံရံ "
ကို သူ ကြည့်လိုက်သည်။
ဆန်တဲ့ မိန်းမပဲ "
သည်။
" တော်တော့.... !! မဟာ
အပြစ်တင် "
ပြောပေးမနေပါဘူး။
ပဲ ငါ ချစ်နေမယ် "
" မင်း အရူးလား...?? မင်းကို
ဆက်ချစ်နေရတာလဲ... "
ခြံရံ ပြောပြထားမိသည်။ ဒါကြောင့် baby သူ့ကို
မချစ်တာ မဟာ က သိနေတာလေ။
ကို မွေးပေးတဲ့အတွက် "
ခြံရံ.... "
" အေး "
အခုလို အဆင်ပြေနေတာ။
သေးသည်။ အနာဂတ်မှာ မဟာ တစ်ခုခု
Part  44 မျှော်.................................
#​လေယူရာယိမ်း
ညနေစောင်းလာရင် 😞😞😞😞😞
😘😘😘😘😘😘😘
ဒါဒါလေးတွေ.... 🖤🖤🖤🖤😘😘😘
💔💔    အမုန်းတော်ခံ သတို့သမီး   💔💔💔
        { Part - 43  }
အိမ်ပြန်ရောက်တော့ ပုခက်ထဲမှာ အိပ်ပျော်နေတဲ့
ဖြူလုံးလေး ကို လင်းခြံရံ မနိုးအောင်
အသာလေး ပွေ့ပြီး ကုတင်ပေါ် ရွေ့လိုက်သည်။
လန့်နိုးမှာစိုးတဲ့အတွက်လည်း ဖြူလုံးလေး ရဲ့
ရင်ဘတ်ပေါ် စောင်ပါးပါးလေးကို
လင်းခြံရံ  ခြုံပေးလိုက်သည်။
သူ့ မျက်ဝန်းတွေကတော့ ဖြူလုံးလေးကို
ကြည့်ပြီး ဝမ်းနည်းမျက်ဝန်းတွေနဲ့။
မွေးကတည်းက မိခင်နို့ မစို့ရတဲ့ သူရဲ့ သမီးလေး ...
အမေ ရှိပါလျက်နဲ့ နို့မှုန့်ပဲ သောက်ရသော
သူရဲ့ သမီးလေး... ဒါတွေ အားလုံးက သူ့
အပြစ်တွေပေ။
သူ လုပ်လို့ သမီးလေး က baby ရဲ့ နို့ကို
မစို့ရတာလေ...ဒါတင်မက မွေးလာပြီ
ဆိုပါကတည်းက မိခင်ရဲ့ ပြုစုယုယမှုအောက်
မှာ မနေရဘဲ  မိခင် ရဲ့ အမုန်းကို
ခံနေရပြီလေ။
ရှေ့ရေးကို တွေးပြီး သူ ရင်မောမိသည်...
မဟာ ပြောသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
သမီးလေး က  အမေဘယ်မှာလဲလို့ သူ့ကို
မေးလာခဲ့ရင် သူ ဘယ်လိုပြန်ဖြေရမလဲ။
သမီးလေး အမေက အဖေတို့ကို မုန်းနေတယ်
လား။  ဟင့်အင်း အဲ့ဒီလိုတော့ သူ မပြောနိုင်ပါ။
သမီးလေး ဝမ်းနည်းသွားမှာ သူ အရမ်းကြောက်
သည်။
ဘာပဲဖြစ်ဖြစ်ပါ သမီးလေး ကြီးလာတာနဲ့အမျှ
သင့်တော်တဲ့ အဖြေတစ်ခုကို အခုကတည်းက
သူ စဉ်းစားထားရတော့မည်။
ဒါတွေက သမီးလေး ကောင်းဖို့ အတွက်ပါပေ။
အိပ်ပျော်နေသော ဖြူလုံး ရဲ့ ဝကစ်ကစ်
ပါးဖောင်းဖောင်းလေးကို ခြံရံ တစ်ချက်နမ်းကာ
ဖြူလုံးလေး ဘေးနား လှဲဝင်အိပ်လိုက်၏ ။
****************************
" အူဝဲ... .အူဝဲ..... အူဝဲ "
" ခြံရံ လုပ်အုံး..   မင့် သမီး ငိုနေတယ် "
စာရင်းတွက်နေရာကနေ ခြံရံ ချက်ချင်းထလာပြီး
ငိုနေသော ဖြူလုံး ကို ဘုန်းမဟာ  လက်ထဲကနေ 
အမြန်​ပွေ့ချီလိုက်သည်။
" ဘာဖြစ်တာလဲ မဟာ...??  ဖြူလုံး က
ဘာလို့ ငိုနေတာလဲ...??  "
" ဒီလိုဟ သူ အိပ်နေတာကို ငါ့က
အူယားလို့ ပါးလေးသွားနမ်းလိုက်တာ
အဲ့တာ မင့်သမီးက ငါ နမ်းတာနဲ့ လန့်နိုးပြီး
ငိုသွားတာ "
" အူဝဲ... အူဝဲ.... အူဝဲ "
" တိတ်... တိတ်... ဖေ့ သမီးလေး တိတ်...
ဒီကောင်ကြီးကို ဖေဖေ ရိုက်လိုက်မယ်နော်...
သမီးလေး က တိတ်.... အို့... အို့... အို့
တိတ်ပါကွယ်... ဖေဖေ့ မင်းသမီးလေး
တိတ်ပါကွယ် "
ဖြူလုံးလေး အငိုတိတ်အောင် ခြံရံ ချော့မြူ
လိုက်တော့ ကလေးက မငိုတော့ပေ။
" ဟာ... ဖေ့ သမီးလေး က လိမ်မာလိုက်တာ...
ဒါကြောင့် ဖေဖေက ချစ်နေရတာ "
" ရွှတ်... "
" ဟာ..မွှေးလိုက်တာ ဖေ့ ဖြူလုံးလေး က "
" ရွှတ် "
" ဟာ.. မွှေးပြီးရင်း မွှေးနေတာပဲ ဖေဖေ့ ဖြူလုံးလေး က "
" ခစ်... ခစ်.. .ခစ် "
ခြံရံ နမ်းတာကို ဖြူလုံးလေး က ရယ်နေသဖြင့်
ဘေးက မဟာ မျက်နှာမှာ နှုတ်ခမ်းကြီး
အတောင့်လိုက် ထော်သွားခဲ့သည်။
" ဟွန့်...လိုက်လည်းလိုက်တဲ့ သားဖ
ငါ နမ်းတော့ အသားကုန် ငိုပြီး
သူ့ အဖေလည်း နမ်းရော တခစ်ခစ်နဲ့
အမြင်ကို ကပ်တယ်... "
ဆူပုပ်ပုပ်နဲ့ မဟာ ပြောတာကို ခြံရံ ပြုံးလိုက်ရင်း ....
" ပြောလိုက်လေ ဖေဖေ့ ဖြူလုံးလေး...
မီးမီး က ဖေဖေ့ ကို ပိုချစ်လို့ ရယ်တာလို့
ဟုတ်တယ်မလား ဖေဖေ့ ဖြူလုံးလေး. . "
" ခစ်.. .ခစ်.. ခစ် "
ခြံရံ သူ ပြောတာကို မြှူတယ်ထင်ပြီး သမီးလေး
က ရယ်နေတော့ အတိုင်းမသိ ကျေနပ်ရသည်။
ဖြစ်နိုင်ရင် သမီးလေး ကို သူ့ ရင်ခွင်ထဲ ထည့်
ထားချင်သည်။ ဒါပေမဲ့ အလုပ်တွေက
လုပ်ရအုံးမည်။ ဒီတော့ ဖြူလုံးလေး ကို
သူ သိပ်ရအုံးမည်။
" မဟာ ခုဏက ငါ တွက်နေတဲ့ စာရင်းတွေကို
မင်း ပြန်စစ်ထားလိုက်အုံး... ငါ သမီးလေး
ကို သွားသိပ်လိုက်အုံးမယ် "
" အေးအေး "
ပြန်ဖြေလာတဲ့ ဘုန်းမဟာ အသံကိုပင် ခြံရံ
စောင့်မနေပါ။  ဖြူလုံးလေး ကို နားနေခန်းထဲ
သိပ်ဖို့  သူရဲ့ ခြေလှမ်းတွေက တံခါးပေါက်
ဆီကို ရောက်လို့သွားပြီလေ။
>>>>>>>>>>>>>>>
နှစ်နှစ်ခွဲကြာပြီးနောက်...........
" ဖီဖီ..! !! "
" ဖီဖီ.. .!!! "
ခြံရံ မဟာနဲ့ အတူ အစည်းအဝေးခန်းထဲ ဝန်ထမ်းတွေ
ရဲ့ တင်ပြချက်တွေကို နားထောင်နေတုန်း
ဖီဖီ နဲ့ အော်ခေါ်လာသော ဖြူလုံးလေး ကြောင့်
ထိုင်နေရာကနေ ချက်ချင်းထလိုက်သည်။
" ဟော.. ဖေဖေ့ သမီးလေး ပါလား.. .
ဘာလိုချင်လို့လဲ ဖေဖေ့ သမီးလေး က "
ဝကစ်ကစ်နဲ့ ဖောင်းဖောင်းပြည့်ပြည့် ပါးဖောင်း
ဖောင်းလေးကို ခြံရံ အသာလေး ဖဲ့လိုက်ရာ
သမီးလေး က သူ့ကို နှုတ်ခမ်းလေး
ထော်ပြီး ကြည့်လာခဲ့သည်။
" မီမီ.....!! မီမီ ...!! "
ဘာလိုချင်လဲ ပြောလိုက်ရာ မီမီ မီမီ လုပ်လိုက်
၍ ခြံရံ တစ်ကိုယ်လုံး တုန်သွားပြီး
မျက်ဝန်းတွေက ပြူးကျယ်လို့ သွားသည်။
"  ဖြူလုံးလေး ဒီလာ....ဖေဖေက အလုပ်တွေ
ရှူပ်နေတယ်နော်... နာနာ့ ဆီကိုလာ
နာနာ ပုံပြင်ပြောပြမယ်နော်  "
" လာဝူး... လာဝူး...  မီမီ... မီမီ....!!
မီမီ...!!  "
နာနီ ပုံပြင်ဖတ်ပြရင်း ဖြူလုံးလေး က
သူ့ အဖေ ရှိတဲ့  ရုံးခန်းထဲ ဝင်သွား၍
အတင်းလိုက်ခေါ်နေရသည်။
အခုလည်း သူမ ခေါ်တာကို မလိုက်ဘူး ငြင်းပြီး
မာမီ လို့ အော်နေတယ်လေ။
သားရံ ကို ကြည့်တော့ ဖြူလုံးလေး မာမီ လို့
ခေါ်လိုက်တဲ့ နာမ်စားကြောင့် သွေးပင်​မရှိအောင်
ဖြူဆုပ်သွားခဲ့သည်။
" သားရံ  ဖြူလုံးလေး က မေမေ လိုချင်နေတာ.. .
အခု နာနီ ဖတ်ပြတဲ့ အထဲမှာ ဝက်ဝံလေးက
သူ့ မေမေ နဲ့ နေတဲ့ အကြောင်းပြောလိုက်လို့
တမီမီ တည်း လုပ်နေတာ..  နာနီ
တောင်းပန်ပါတယ်နော် သားရံ.. သား
စိတ်မကောင်း ဖြစ်အောင် နာနီ လုပ်မိပြီ "
" ရတယ် နာနီ... ကျတော် ဘာမှမဖြစ်ဘူး "
ခေါင်းကို ဖိထားရင်း ဘာမှမဖြစ်ဘူးလို့
ခြံရံ လုပ်နေပေမဲ့ သူ့ မျက်နှာက
သွေးမရှိတော့သလို ဖြူဖတ်ဖြူရော် ကြီးပေ။
" ဘာမှမဖြစ်ရမှာလဲ ခြံရံ. ..မင်း မျက်နှာကြီးက
သွေးကို မရှိတော့ဘူး... အကုန်လုံး
အစည်းအဝေးသိမ်းမယ် နာနီ  ဖြူလုံးလေးကို
ခေါ်ပြီး သွားသိပ်လိုက်တော့ "
" ဟုတ်ကဲ့ သားမဟာ "
မဟာ ပြောတာနဲ့ နာနီ က ဖြူလုံးလေး ကို
ပွေ့ချီပြီး ခေါ်ထွက်သွားခဲ့သည်။ ဝန်ထမ်းတွေ
ကလည်း မဟာ စကားအတိုင်း သူတို့ အလုပ်
ဖိုင်တွေကို စားပွဲပေါ်ကနေ ယူလိုက်ကာ
အစည်းအဝေး ခန်းထဲကနေ အမြန်ထွက်သွားကြ
သည်။
" ခြံရံ မင်း အဆင်ပြေရဲ့လား "
အကုန်လုံး ထွက်သွားရော မေးလာတဲ့ မဟာကို
ခြံရံ တစ်ချက်ကြည့်ပြီး ဒူးထောက်ချလိုက်သည်။
" ငါ အဆင်မပြေဘူး မဟာ... သမီးလေး
က မာမီ တဲ့... ငါ ဘယ်လိုလုပ်ရမလဲ
အခု သမီးလေး အသက် သုံးနှစ်တောင် မရှိသေး
ဘူး... သူ့  မာမီ ကို သိနေပြီ ...ကြီးလာရင်
သူ့ အမေ ဘယ်မှာလဲလို့ ငါ့ကို မေးလာရင်
ငါ ဘယ်လိုဖြေရမလဲ.. .?? "
" စိတ်လျှော့ပါ ခြံရံ... .မင်း ထင်သလို ဖြစ်လာ
မှာ မဟုတ်ပါဘူး. ..အခု ဟာက
မင်းလည်း ကြားတယ်မလား နာနီ က
ဝက်ဝံကလေး နဲ့ ဝက်ဝံ မေမေ အကြောင်းကို
ပြောပြလိုက်လို့ မင့် သမီးက မာမီ လုပ်လာခဲ့တာ
.... ခဏပါ ကြာရင် မင့် သမီး မေ့သွားမှာ "
" မမေ့ရင်ရော မဟာ... ဖြူလုံးလေး က
မမေ့ရင်ရော ငါ ဘယ်လိုလုပ်ရမလဲ...??  "
မေးရင်းနဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝိုင်းလာ
တာကို မဟာ ကြည့်ပြီး စိတ်မကောင်း။
ဒီကောင်ကြီးက သူ့ သမီးကို အရမ်းချစ်တာ။
အထိအခိုက်မခံလောက်အောင် ချစ်တာလေ...
ဖြူလုံးလေး ချီးပါရင် ချီးဆေးပေးရတာနဲ့
ဗိုက်ဆာရင် ထမင်းကျွေးရတာနဲ့
အိပ်ချင်ရင် ချော့သိပ်ရတာနဲ့ သူ့မှာ ပျာယာ​တွေ
ခတ်​ပြီး အလုပ်​တွေရှူပ်​နေတာ​လေ.....
စက်ရုံ လူသားလို့တောင် ခေါ်ရလောက်သည်..
ကလေး တစ်ဖက်နဲ့  company လုပ်ငန်းတွေလည်း ဒီကောင်ကြီးက မလစ်လပ်စေရ...
အကုန် လုပ်လို့သွားသည်..
ဖြူလုံးလေး ကလည်း သူ့ အဖေမှ သူ့ အဖေ။
နာနီ နဲ့ သူ့ ကိုတောင် အမြဲတမ်း မြင်နေကျမလို့
ထိန်းပေးရင် နေတာ... ။ နေပေမဲ့လည်း
2နာရီထက် ပိုမနေ။ သူ့ အဖေကို အော်ခေါ်
နေတတ်သည်။
ဒါ့အပြင် ထမင်းစားရင်လည်း ဖြူလုံးလေးက
သူ့ အဖေပန်းကန်ထဲ ဟင်းတွေ ထည့်ပေးတတ်သည်။
ဖီဖီ စား... ဖီဖီ စားဆိုပြီး.. .။
ဒီလောက် တစ်ယောက် နဲ့ တစ်ယောက်
သိပ်ကို ချစ်ကြတဲ့ သားဖက ရှားကိုရှားသည်။
ကမ္ဘာ စံချိန်တင်လောက်သည်။
အခုတော့ ခြံရံ က ဖြူလုံးလေး မီမီ လို့ ခေါ်လိုက်
တဲ့ ကိစ္စ နဲ့ မျက်နှာမှာ သွေးပင်မရှိတော့ချေ။
အတွေးလွန်နေတုန်း ခြံရံ ကို ကြည့်လိုက်တော့
အသံတိတ်နဲ့ မျက်ရည်တွေ ကျနေတယ်လေ။
ဒါ သူ သိတဲ့ ခြံရံ မှ ဟုတ်ရဲ့လား။
တော်ရုံတန်ရုံ မငိုတတ်တဲ့ ခြံရံ က သူ့ သမီးလေး
ပါးစပ်က မီမီ ဆိုတဲ့ စကားကြောင့် ငိုနေတယ်လေ။
မြင်ဖူးချင်ပါသည်။ ဖြူလုံးလေး ရဲ့ မီမီ ဆိုတဲ့
မိန်းမကို...။ နှလုံးသားမာတဲ့  ခြံရံ ကို
ဘာဆေးတွေနဲ့များ ပျော့ညံ့သွားအောင် လုပ်ခဲ့
လည်း ဆိုပြီး မြင်တာနဲ့ မေးလိုက်ချင်သည်။
>>>>>>>>>>>>>>>>>>>
သမီးလေး ရဲ့ မီမီ. ..မီမီ ဆိုတဲ့ စကားလုံးလေး
ကို အခုထိ သူ့ နားထဲက မထွက်။
သမီးလေး က သူ ထမင်းကျွေးပြီးတာနဲ့
ကုတင်ပေါ်မှာ အိပ်သွားပြီလေ။ သူ့မှာသာ
မအိပ်နိုင်ဘဲ အတွေးတွေ နယ်လွန်နေမိသည်။
" baby ဒီအချိန်ဆို မင်း ဘာလုပ်နေမလဲ...??
ပျော်နေမလားဟင်....ပျော်နေလောက်ပါတယ်
ဘာလို့ဆို ကိုယ် နဲ့ ကိုယ်တို့ရဲ့ သမီးလေး
မင်း အနားမှာ မရှိလို့ မင်း ပျော်နေလောက်ပါတယ် "
"........"
သက်ပြင်းတစ်ချက်ချပြီး ခြံရံ လေကို တစ်​ဝကြီး
ရှူသွင်းလိုက်သည်။
" မင်း သိလား  baby...?? ကိုယ်တို့  သမီးလေး
က မင်းနဲ့ အရမ်းတူတယ်... မင်းလိုပဲ
သူ့ မှာ မျက်လုံး ဝိုင်းဝိုင်းလေး... နှုတ်ခမ်းလေး
ကလည်း မင်းလို လုံးလုံးလေး... ပါးလေး
နှစ်ဖက်ကလည်း မင်းလို ဖောင်းဖောင်းလေးပဲ
ဒီအတွက် ကိုယ့်မှာ သမီးလေး မျက်နှာကို
ကြည့်ပြီး မင်းကို အလွမ်းဖြေနေရတယ်.. .
ကျေးဇူးပါနော် မင်းနဲ့ တူတဲ့ သမီးလေး ကို
ကိုယ့်ကို မွေးပေးတဲ့ အတွက်.. .မဟုတ်ရင်
မင်းကို ကိုယ် အရမ်းလွမ်းနေမိမှာ.. .
အခုတော့ မင်းနဲ့ တူတဲ့ သမီးလေး ကို ကြည့်ပြီး
ကိုယ့် အလွမ်းတွေက မများတော့ဘူး
ဖြေသာသွားတယ်... ဒါပေမဲ့ သမီးလေး က
မင်းနဲ့ မျက်နှာတင် မကဘူး စိတ်ဓာတ်ကပါ
တူတယ်... တစ်ခုခုကို လိုချင်ရင် ဖြစ်အောင်
လုပ်တတ်တာလေး... အဲ့ဒါကို ကိုယ် သဘော
မကျဘူး.... ဘာလို့ဆို​တော်ကြာ မင်းဆီ သွားချင်တယ်
လို့ သူ တောင်းဆိုလာရင် ကိုယ် ရင်ကွဲမှာ....
မင်းက ကိုယ်နဲ့ သမီးလေး ကို အရမ်းမုန်းနေတာ
လေ.. .သမီးလေး သာ မင်း မုန်းတယ်ဆိုတာ
သိသွားရင် ကိုယ် ရူးသွားလောက်တယ်
အဲ့ဒီနေ့ကို ကိုယ် ကြောက်တယ် baby...
မင်း မုန်းတာကို သူ သိသွားမှာ ကိုယ်
အကြောက်ဆုံးပဲ.... "
မျက်ရည်တစ်စက်က ပါးပြင်ပေါ် ပေါက်ခနဲ
စီးကျလာသည်။  ထိုကျလာတဲ့ မျက်ရည်စ
ကို ခြံရံ မသုတ်ပစ်ဘဲ အိပ်ပျော်နေသော
ဖြူလုံးလေး ကို ဝမ်းနည်းစွာနဲ့ ကြည့်နေခဲ့သည်။
●︿●●︿●●︿●●︿●●︿●●︿●●︿
" ဘာ....!!  မြန်မာနိုင်ငံ သွားရမယ် ဟုတ်လား..??
မဟာ  "
" အောင်မယ်လေး လန့်တာ ခြံရံ ရ ...
တိုးတိုးပြောပါ "
" ငါ မသွားနိုင်ဘူးနော် မဟာ... မြန်မာနိုင်ငံ
သွားရမယ်ဆိုရင် မင်းပဲသွား "
သူတို့ လုပ်မယ့် project ကို နိုင်ငံတကာက
company တွေနဲ့ ပူးပေါင်းပြီးသွားလို့
ဖြန့်ချိပြီးသွားပြီ။ သို့သော် ဒီထက် ပိုနာမည်ကြီးအောင်
မြန်မာနိုင်ငံက ဈေးကွက်မှာ ချဲ့ထွင်ဖို့ ကျန်နေသေးသည်။
ဒီအတွက်ကြောင့် သူတို့ရဲ့ project ကို
မြန်မာနိုင်ငံက company နဲ့ ချိတ်ဆက်ရအုံးမည်။
" မြန်မာနိုင်ငံ ကို မင်း သွားစရာမလိုပါဘူး
ခြံရံ. ...ဒါပေမဲ့ မင်း တီထွင်ထားတဲ့
project ကို ငါ အသေးစိတ်မရှင်းပြတတ်ဘူး
အကြမ်းဖျင်းလောက်ပဲ ရှင်းပြတတ်တယ်..."
" မပူနဲ့...မင်း အသေးစိတ် နားလည်သွားအောင်
ငါ အသံသွင်းထားတဲ့ video file တစ်ခု
ရှိတယ်....အဲ့ဒါကို လေယာဉ်ပေါ်မှာ အခေါက်
ခေါက်အခါခါ နားထောင်သွားလိုက်...ဒါဆို
မြန်မာနိုင်ငံရောက်တာနဲ့ မင်း ရှင်းပြနိုင်လိမ့်မယ် "
" မြန်မာနိုင်ငံ သွားရမှာ အဲ့ဒီလောက်တောင်
ကြောက်လား ခြံရံ "
ခြံရံ... စားပွဲပေါ်က ဖိုင်ကို ပိတ်ပြီး ဆိုလာသော မဟာ
ကို သူ ကြည့်လိုက်သည်။
" အင်း ငါ အရမ်းကြောက်တယ် မဟာ.. .
ဒီအချိန်ဆို ငါ့ မာမီ ငါ့ကို အရမ်းမုန်းနေလောက်ပြီ...
မာမီ ငါ့ကို မုန်းသလို baby ကလည်း ငါ့ သမီးလေး
ကို အရမ်းမုန်းနေတယ်.....ဒီတော့
သမီးလေး သာ သူ့ အမေက သူ့ကို မုန်းမှန်း
သိသွားရင် ငိုနေလောက်တယ်.. ..မာမီ ငါ့ကို
မုန်းတာ ငါ ခံစားနိုင်ပေမဲ့ baby ငါ့ သမီးလေး
မုန်းတာကိုတော့ ငါ မခံစားနိုင်ဘူး "
" အေးပါ ငါ နားလည်ပါတယ်... အဖေ
တစ်ယောက်က သူ့ သမီးကို အရမ်းချစ်လို့
အခုလို မခံစားနိုင်တာကို.. ..ဒါပေမဲ့ ငါ အံ့ဩ
လို့ မဆုံးဘူး မိခင် တစ်ယောက်ဖြစ်ပြီး
ကိုယ် မွေးထားတဲ့ သမီးကို ကိုယ် ပြန်မုန်း
ရတယ်လို့... အတော် တစ်ကိုယ်ကောင်း
ဆန်တဲ့ မိန်းမပဲ "
နာကြည်းစွာ ဆိုလာသော ဘုန်းမဟာ စကားအဆုံး
ခြံရံ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်
သည်။
" တော်တော့.... !! မဟာ
baby ကို အဲ့ဒီလို မပြောနဲ့ ငါ မကြိုက်ဘူး.. .
တကယ်တမ်း အပြစ်ရှိတာက ငါ....
baby က ငါ့ကို မုန်းလို့ သမီးလေး ကို
ရောယောင်ပြီး မုန်းသွားခဲ့တာ...
ဒီတော့ မင်း အပြစ်တင်ချင်ရင် ငါ့ကိုပဲ
အပြစ်တင် "
မိန်းမနဲ့ ပတ်သက်ရင် စကားကအစ လုံးဝ
အထိအခိုက်မခံတဲ့ ခြံရံ ကို ကြည့်ပြီး
မဟာ ဘာပြောရမှန်း မသိတော့ပါ။
ဒီလောက် သူ့ အပေါ် ရက်စက်ထားတာတောင်
အကောင်းမြင်နေသေးတယ်လေ။
သူ့မှသာ မနေနိုင်လို့ ဝင်ပြောတာ... နောက်ဆုံးတော့
သူ့ အမှား ဖြစ်သွားခဲ့သည်။ ဒါမှန်းသိရင်
ပြောပေးမနေပါဘူး။
" ငါ အရမ်း အံ့ဩတယ် ခြံရံ.... မင်းတို့ သားဖကို
ထွက်သွားခိုင်းခဲ့တဲ့ မိန်းမကို မင်း ဘာလို့
အဲ့ဒီလောက်တောင် ချစ်နေရတာလဲ...?? 
မင်း ကိုယ်မင်းလည်း ပြန်ကြည့်လိုက်အုံး
ကလေး တစ်ယောက်နဲ့ နေ့မအား ညမအား
ရုန်းကန်နေရတာ... သူ့ကတော့ ဟိုမှာ
သာယာနေလောက်တယ်... ဒါတင်မကဘူး
မင်း အမေကလည်း အဲ့ဒီမိန်းမကြောင့်
မင်းကို အမွေပြတ် စွန့်လွှတ်လိုက်ပြီ ....
မင်း ဒီလောက်ထိ ဆုံးရှူံးမှုတွေ များနေတာကို
ဘာလို့ အဲ့ဒီမိန်းမကို အကောင်းမြင်နေရတာလဲ..??  "
"  baby ကို ငါ အရမ်း ချစ်လို့ မဟာ...
သူ့ကို ငါ အရမ်းချစ်လို့ သူ ဘာလုပ်လုပ်
ငါ အပြစ်မြင်မှာ မဟုတ်ဘူး.... ငါ့ နှလုံးသား
သေဆုံးသွားတဲ့အထိ သူ တစ်ယောက်တည်းကို
ပဲ ငါ ချစ်နေမယ် "
" မင်း အရူးလား...?? မင်းကို
မချစ်တဲ့ မိန်းမ တစ်ယောက်ကို ဘာလို့
ဆက်ချစ်နေရတာလဲ... "
သူ့ အကြောင်း အနည်းငယ်ကို မဟာကို
ခြံရံ ပြောပြထားမိသည်။ ဒါကြောင့် baby သူ့ကို
မချစ်တာ မဟာ က သိနေတာလေ။
"  baby ငါ့ ကို ပြန်ချစ်စရာမလိုပါဘူး မဟာ...
သူ့ကို ငါ  ချစ်နေရရင် ကျေနပ်ပြီ...
နောက်ပြီး  baby ကို ငါ အရမ်းကျေးဇူး
တင်တယ်.. ..baby နဲ့ တူတဲ့ သမီးလေး
ကို မွေးပေးတဲ့အတွက် "
" အေးပါ... အဲ့မှာ တစ်ယောက်တည်း
ကျေးဇူးတွေတင်နေလိုက် ငါ့ကတော့
ကျေးဇူးမတင်နိုင်ဘူး.. ..မနက်ဖြန် မြန်မာနိုင်
ငံသွားဖို့ ပြင်ဆင်ရမယ်.. ငါ့ ဖုန်းထဲကို
မင်း အသံသွင်းထားတဲ့ video file ပို့ထားလိုက်
ခြံရံ.... "
" အေး "
သူ ဖြေပြီးတာနဲ့ မဟာက ရုံးခန်းထဲကနေ ထွက်သွားခဲ့သည်။
ထွက်သွားသော မဟာ ကျောပြင် ကို သူ ကြည့်နေမိသည်။
မဟာ က သူ့ အပေါ် အတော်လေးကောင်းတဲ့
သူငယ်ချင်း ပါ။ မဟာကြောင့်သာ သူနဲ့ ဖြူလုံးလေး
အခုလို အဆင်ပြေနေတာ။
အခွင့်အရေး ကြုံရင် မဟာ ကို သူ ကျေးဇူးဆပ်ချင်
သေးသည်။ အနာဂတ်မှာ မဟာ တစ်ခုခု
လိုချင်လာရင် သူ ဖြည့်ဆည်းပေးဖို့ အသင့်ပေ။
ဒါမှသာလည်း သူနဲ့ သမီးလေး ကို ကူညီထားတဲ့
မဟာ ကို သူ ကျေးဇူးပြန်ဆပ်နိုင်မှာလေ။
Part  44 မျှော်.................................
( ဦးရံ ရေ အရမ်းကို ကြွေနေပါပြီ 🤒🤒🤒🤒
ရှင်ကြီး ကြမ်းတာကို အစက သဘောမကျ
ပေမဲ့ အခုတော့ ကျမ လေယူရာယိမ်း သဘော
ကျသွားပါပြီ... သားလေးရေ ဦးရံ နဲ့
ဆုံရင် အတ္တ​တွေကို လျှော့လိုက်ပါတော့နော်.. 🤒🤒🤒)
ချစ်​တယ်​နော်​မင်​မင်​ရဲ့ ဒါဒါ​လေး​တွေ.......😍😍😘😘
ဒီအပိုင်းလေးနဲ့ ပတ်သက်ပြီး ဒါဒါလေးတွေရဲ့ မန့်ကို
မင်မင်လေယူရာယိမ်း စောင့်မျှော်လျက်.. ......😍😍😘😘
#​လေယူရာယိမ်း
လူက အညောင်းမိပြီး ဖျားသွားတာနဲ့ မင်မင်
စာမတင်နိုင်ဘူး ဖြစ်သွားတယ်... အခုတော့
သက်သာသွားပါပြီ 😍😍😍 ဒါပေမဲ့
တစ်ကိုယ်လုံးက ညောင်းနေသေးတယ်
ညနေစောင်းလာရင် 😞😞😞😞😞
မင်မင့်ကို လည်ပင်းရှည်အောင် မျှော်ပေးကြ
တဲ့ ဒါဒါလေးတွေ အရမ်းလည်း ချစ်ပါတယ်
အရမ်းလည်း ကျေးဇူးတင်ပါတယ်... 😍😍😍
😘😘😘😘😘😘😘
ဆောင်းဝင်ပြီမလို့ ကျန်းမာရေး ဂရုစိုက်ကြပါနော်
ဒါဒါလေးတွေ.... 🖤🖤🖤🖤😘😘😘
Continuă lectura
O să-ți placă și
146K 6.3K 66
တစ်ပတ်ကို ရည်းစား တစ်ယောက် ပြောင်းတဲ့ playboy ကြီး ဦးမာန်ဒိုင်းလျှံ တစ်ယောက် မထင်မှတ်ဘဲ သူ့ အဘွား သဘောတူတဲ့ ဆယ့်ခုနစ်နှစ် အရွယ် ကလေးမလေး နဲ့ လက်ထပ်လ...
14.9K 1K 13
အချစ်ဇာတ်လမ်းလေးဆိုပေမယ့် ပရလောက ဆန်ဆန်၊ လျှို့ဝှက်သည်းဖို ဆန်ဆန်ရေးထားတာပါ။ အစမှာ မာန်ရှင်းဆိုတဲ့ ကောင်လေးက ယာဉ်မတော်တဆမှုနဲ့ ဆေးရုံပေါ်ရောက်နေပြီး...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
50.6K 1.4K 24
မျက်ရည်ခိုင်မှဖတ်ပါ😍(ယူနီကုဒ် /ဇော်ဂျီ)