အက်ကြောင်းကဗျာ🍂

By ThetHmue3

589K 69.6K 28.6K

ဘယ်အက်ကြောင်းတွေကကဗျာဖြစ်လာနိုင်မှာလဲ။🪶 More

Intro🪶
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
🤍ဇာတ်သိမ်းပိုင်း🤍
🍂Extra🍃

အပိုင်း(၁၄)

12K 1.7K 697
By ThetHmue3

Jiminဆေးရုံဆင်းပြီးတဲ့နှောင်းပိုင်းနေ့တွေမှာတော့
အခြေအနေတွေဟာပိုပိုပြီးဆိုးဝါးလာခဲ့တယ်။
ဒါက Jeonဘက်ကကြည့်ရင်ပေါ့။Jiminဘက်က
ကြည့်ရင်တော့ ပိုပိုကောင်းမွန်လာခဲ့သည်။

လပေါင်းများစွာအကန့်အသတ်ထက်ကျော်လွန်
ပြီးယောကျ်ားတစ်ယောက်အပေါ်
အသေးအမွှားလေးအစ လိုက်လံခံစားရင်း
လေလွင့်နေသောဘဝသည်ပြန်လည်ရှင်သန်လာခဲ့
ပြီဟု သူယုံကြည်ခဲ့သည်။

သူတို့မတွေ့ဖြစ်ကြတော့ပါ။ဒါပေမယ့်ပြတ်ဆဲတာ
မျိုးလည်းမဟုတ်။Jeonမအားမလပ်ဆိုလျှင်
Jimin ကသွားသွားတွေ့နေသေးတော့တွေ့ရပေမယ့်
ခုJimin ကယောင်လို့ပင်ခြေဦးမလှည့်တော့။
Jeon ကလည်းသူအားလပ်မှသာ သူ့ကိစ္စတွေ
အကုန်ပြီးပြတ်မှသာ သူစိတ်ရှင်းရှင်းလင်းလင်း
ရှိမှာသာ Jimin ဆီကိုလာတတ်သည်။

ကံကောင်းစွာ သီချင်းတွေရဲ့အောင်မြင်မှုသည်
မရပ်မနား ကံဆိုးစွာ အရည်အချင်းရှိမှန်းသိ၍
နာမည်ရအဆိုတော်တွေကတောင်Jeonဆီ
စုပြုံရောက်လာတဲ့အချိန်။အသံကလည်းအဆိုတော်
လုပ်၍ရနေတာကြောင့်Jeonနယ်ပယ်နှစ်ခုလုံးအပေါ်
လောဘတကြီးပါဝင်လှုပ်ရှားခဲ့သည်။

Jiminအတွက်လုံလောက်သော လေးနက်မှုမျိုး
ကိုမရတော့ခြင်းသည် Jiminကလည်းမချစ်တော့
၍လို့ပဲဒဲ့တွေးယူခဲ့သည်။ဘာလို့ဆိုအတိတ်မှာ
အတိုင်းအထက်အလွန်သဲသဲလှုပ်ပေးခဲ့တာမလား။
အရင်ကလည်းဒီလိုFlowပဲဆိုကိစ္စမရှိပေမယ့်
ချစ်ခြင်းမေတ္တာအပေါ်အတွေးလွန် အတ္တကြီးတတ်
သောသူတွေအဖို့ကမရခဲ့ဘူး။နောက်တစ်ခုက
ထုတ်ဟပြောရမှာကိုဝန်လေးတာ မပွင့်လင်းတာ
ပြောလိုက်ဖို့ကိုရှုံးတာဟု တလွဲတွေးခဲ့တာတွေ။

တစ်ဖက်ကလည်း ဘယ်နှနှစ်တောင်အတူတူရှိ
ပြီးပြီ အသေးအမွှားလောက်ကပြောနေဖို့ရန်
မလိုတော့ဘူး။အချိန်တန်လက်ထပ်ယူနိုင်ဖို့
ကြိုးစားပြီး လက်ထပ်လိုက်ရင်ပန်းတိုင်ပဲ။
တော်ရုံကိစ္စတွေကို နားကိုနားလည်ရမယ်ဟု
အတ္တကြီးခဲ့သည်။ဘာစကားမှပြောစရာမလိုဘဲ
အလိုအလျောက်ရင့်ကျက်စွာသိရမယ့်ကိစ္စတွေ
ဟု သူ့ရဲ့ လောကဓံကြောင့် ရင့်ကျက်နေတဲ့နှလုံးသား
နဲ့နှိုင်းချကာ သူလုပ်ချင်တာတွေကိုပဲ ဇွတ်တိုး
လုပ်ခဲ့သည်။

Jeonသတိမထားမိခဲ့တာက
သူအလိုလိုက်အကြိုက်ဆောင်
အတိုင်းထက်အလွန်ပုံအောချစ်ခဲ့လို့
သူ့ကလေးဟာ တစ်စက္ကန့်တောင်မရင့်ကျက်
နိုင်ခဲ့ဘူးဆိုတာပဲ။

ဆိုးခွင့်ရတဲ့ရင်ခွင်မှာခိုနားပြီးရင်
အဆိုးအဆာဖြစ်ရတဲ့ အရသာကိုမြည်းစမ်းပြီးရင်
အဲ့ဒီကလေးတွေက တခြားသောဘဝကဏ္ဍ
တွေမှာအဘယ်မျှရင့်ကျက်ပါသည်ဆိုဦးတော့
သူတ်ို့ဆိုးခွင့်ရာရ ရင်ခွင်မှာ ထာဝရကလေးတွေ
ဖြစ်ကုန်ခဲ့ကြတာပါပဲ။

~~~~~
ညနေစောင်းရေချိုးပြီးလိမ္မော်ရောင်အသစ်ပြောင်း
ထားသောဆံပင်တွေကိုJiminကသေချာစွာ
ပုံချနေသည်။ဒီဇိုင်းအဆန်းင်္အကျီနဲ့ဘောင်းဘီ
ကျပ်ကျပ်ကိုလဲလိုက်ကာ ရေမွှေးတွေမွှန်ထွန်
နေအောင်စွတ်လိုက်သည်။Accessories တွေ
ကိုအပြည့်အဝဝတ်ဆင်ကာ သီချင်းမြူးမြူးလေး
ဖွင့်လျှက် လိုက်ငြီးကာ အပြင်သွားဖို့ပြင်ဆင်နေသည်။

နားပေါက်တွေအားလုံးကိုနားကပ်တွေစီတန်း
တပ်နေတုန်းဖုန်းသံကြား၍ ကြည့်လိုက်တော့
Rio။

"Hello ....."

"ဘယ်မှာလဲ...."

"ခုမှရေချိုးပြီးတာ..."

"ကျွန်တော်နဲ့ ရေချယ်ရောက်နေပြီ..."

"ငါ့ကို ခဏစောင့် ငါမြန်မြန်ပြင်ပြီးလာခဲ့မယ်.."

"အလန်းဆုံးပြင်ပြီးလာခဲ့နော်
တစ်ညလုံးကဲရမှာ...."

"ကြားရုံနဲ့တောင် စိတ်တွေထ်ိန်းမရတော့ဘူး
ဒါပဲ ခုထွက်လာပြီ.."

"ကောင်းပါပြီ...."

ဖုန်းချလိုက်ကာမှန်ရှေ့တွင်အနီးတမျိုးအဝေး
တစ်မျိုးကြည့်လျှက်Mirror SefileလှလှလေးဆွဲကာIGပေါ်တွင်ချက်ချင်းတင်လိုက်သည်။

"ငါ တကယ်မိုက်နေတာပဲ...."

တင်ပြီးပြီချင်းပထမဆုံးLikeသည်Rioဆိုသော
နာမည်ဖြစ်နေသည်။ဖုန်းသုံးနေတုန်းမှာတွေ့၍
ပေးလိုက်တာမျိုးလည်းဖြစ်နိုင်တာကြောင့်
မဆန်းသော်ငြား ပုံတိုင်းပုံတိုင်းJust Nowမှာ
First like ကတော့ ဆန်းနေပြီလေ။

Jimin သည် Social မှာသူ့ရဲ့လှုပ်ရှားမှုလေးတွေ
သူ့ပုံလေးတွေ သူ့ခံစားချက်တွေအရင်က
နေ့တိုင်းလိုလိုရေးတင်တိုင်း သိစေချင်တဲ့သူ
ကိုကြည့်စေချင်သည်။စိတ်ဝင်စားပေးစေချင်
ပေမယ့် တစ်ယောက်ထဲFeel တစ်ယောက်ထဲ
ပြန်ဖျက်ရသော ဘဝကိုလည်းတော်တော်စိတ်ကုန်
ခမ်းပြီး ခုနောက်ပိုင်းလန်းဆန်းနေသော
Userတစ်ယောက်အဖြစ်သာဖြတ်သန်းနေပါ၏။

Rio၏ အပြုအမူအပေါ်နှုတ်ခမ်းလေးတွန့်ရုံ
မျှမပွင့်မလင်းပြုံးကာ ဆက်ပြင်ဆင်နေလိုက်သည်။

"Rio....Jungkookနဲ့သီချင်းကိစ္စတွေ
ပြောထားတာက ဆက်မလုပ်တော့ဘူးလား.."

"သူ မအားသေးဘူး ရှေ့ကဟာတွေလက်စမသတ်
သေးလို့တဲ့ကျွန်တော်ကအေးဆေးပါ အလျှင်မလို
ဘူး ခုတလောလည်းအာရုံကအဆိုတော်
မဖြစ်ချင်နေပါဘူး...ခုလိုလျှောက်ပျော်ပါးချင်
နေတာပဲ..."

ရေချယ်သည် Rio ဖန်ခွက်ထဲဝိုင်တချို့ငှဲ့
ပေးကာ ခေါင်းငြိမ့်ပြသည်။

"ဂျပန်ကို သီချင်းကိစ္စတွေပြီးမှပြန်မှာမလား"

"ဒီမှာ ပိုပျော်နေတယ် ရေချယ်နဲ့ဒီလောက်
အဆင်ပြေနေတာကို ပြန်လွှတ်ချင်နေပြီလား.."

မျက်လုံးတွေ...။အမြဲတမ်းဆွဲဆွဲငင်ငင်ပဲ။
ရေချယ်လောက်ရဲတင်းတဲ့မိန်းကလေးမျိုး
မရှိ တော်ရုံတန်ရုံကတော့ မတိုးတော့ဘူး။
ဒါပေမယ့် ဒီကောင်လေးမျက်လုံးတွေက
သူမ ပြိုင်မကြည့်နိုင်အောင် အရောင်စုံခဲ့သည်။

"မဟုတ်တာ....ပျော်ရင်နေပေါ့...."

"နေမှာပါ....အကြာကြီးနေမှာ...."

"စကားမစပ် Jungkook Hyungက ခုတလော
Jimin Hyungနဲ့ပတ်သတ်ပြီးအဆင်မပြေကြ
တော့တဲ့ပုံစံပဲ ကျွန်တော့်ကိစ္စတွေကိုလည်း
အာရုံမစိုက်နေဘူး အာရုံမစိုက်တာက
အရေးမကြီးပေမယ့် တကယ်ပြတ်သွားကြရင်
နှမြောစရာကြီးနော် ရေချယ် ပြတ်သွားပြီလို့
ကြားလား..."

"နှစ်ယောက်တစ်ဘဝတွေလေ
ဘာတွေမေးနေတာလဲ..."

ဖြေပုံခပ်ပြတ်ပြတ်တွင်Rioက ခေါင်းတငြိမ့်ငြိမ့်
ဖြင့် ဝိုင်အနည်းငယ်သောက်လိုက်သည်။

"Hey!!!ငါရောက်ပြီ...."

အလန်းဆန်းဆုံးအနေအထားဖြင့်ရောက်လာသော
Jimin သည်မျက်စိကျိန်းလောက်အောင်မိမိုက်
နေသည်။

"Hot နေတာပဲ အမြဲတမ်း...."

Rioက ဝိုင်ခွက်ကိုကိုင်ကာခြေဆုံးခေါင်းဆုံး
ကြည့်ပုံကတက်တက်မက်မက်။သိပ်ကြိုက်တာပဲ။
ကျွန်တော် အရူးအမူးကိုကြိုက်ခဲ့တာ။
လိမ္မော်ရောင်ဆံပင်တွေကစပြီး Leather ဖိနပ်
မြင့်မြင့်လေးအထိ တက်တက်မက်မက်ပဲ။

"အချိန်မရှိဘူး ကဲမယ်"

"အိုကေ...."

ရေချယ်ရောသုံးယောက်ပေါင်းကာအဲ့ဒီအချိန်ကာလ
တွေတုန်းကClubတွေ Barတွေမှာပဲအချိန်ကုန်
ခဲ့သည်။Jimin ကအလုပ်လည်းထပ်မရှာတော့ဘူး။
ဘဝကို တစ်ခဏမှာပျော်ရင်ပျော်သလိုစိတ်ရှိသလို
ဖြတ်သန်းခဲ့သည်။

သောက်တာများသွား၍ အိမ်သာသွားရန်လိုအပ်
လာတာကြောင့် ရေချယ့်ကိုထားခဲ့ကာ
နှစ်ယောက်သားToilet ဆီလာခဲ့ကြသည်။

ကိစ္စတွေပြီး၍အိမ်သာအပြင်ပြန်ထွက်လာတော့
Jimin က ဘေစင်ပေါ်ကိုလှမ်းတက်တာက
မမှီနေ။Rioသည် ခါးလေးကနေဆွဲမကာ
တင်ပေးလိုက်တော့ လန့်လန့်ဖျန့်ဖျန့်အပေါ်
ရောက်သွားသည်။

"အဲ့လိုရုတ်တရက်မလုပ်စမ်းပါနဲ့
ငါလန့်လန့်သွားတယ်...."

"Jungkook Hyungကိုဖုန်းဆက်လိုက်ဦးလေ
ကျွန်တော်တို့ ဒီမှာကဲနေတာ အသိမပေးရင်
စိတ်ဆိုးနေဦးမယ်...."

"ငါနဲ့သူပြတ်နေပြီ...."

"တကယ်....."

ရိုးသားသောအံ့ဩမှုကကလေးတစ်ယောက်
လိုဖြူဖြူစင်စင်လေး။မျက်လုံးတွေပင်
ဝိုင်းစက်ကုန်သည်။

"တကယ်.....မတွဲချင်တော့ဘူး ငြီးငွေ့လို့...."

"၇နှစ်တောင်ဆို ဘာလို့လဲ ခဏ
စိတ်ဆိုးစိတ်ကောက်ဖြစ်မှာပါ...."

"စိတ်ဆိုးစိတ်ကောက်ရတဲ့အချိန်တွေက
ဟိုးအဝေးကြီးမှာကျန်ခဲ့ပြီ စိတ်ကုန်တဲ့
အဆင့် အဲ့ကနေ ခုစိတ်ထဲမရှိတော့တဲ့
အဆင့်ပဲ...."

Rioက Jimin မျက်လုံးတွေအားစူးစူး
ရဲရဲစိုက်ကြည့်လာသည်။Jimin အနေနဲ့
လည်းရီဝေဝေမို့ ပြန်ကြည့်နိုင်နေသည်။
အမြဲတမ်းသပ်သပ်ရပ်ရပ် ခေါတ်မှီကြွရွ
နေတဲ့ကောင်လေးကဒီနေ့မှာလည်းဒီClub
မှာအလန်းဆုံးပဲ။အမြဲတမ်း အသစ်အဆန်း။
စာရွက်နဲ့ဂစ်တာကြား အလုပ်လုပ်ရင်
ဝါဝါမျက်မှန်တစ်လက်နဲ့မဲမှောင်မမြင်ရတော့သော
တစ်စုံတစ်ယောက်နဲ့ကျ အလွန်ကွာခြားသွားပြီ။

"သေချာလို့လား....."

"ဘာလိမ်စရာရှိလို့လဲ...၇နှစ်တွဲလို့
စိတ်မကုန်ရတော့ဘူးလား...."

"ရေချယ်ကတော့ သူနဲ့Jungkook Hyung
နဲ့က နှစ်ယောက်တစ်ဘဝတဲ့..."

"လျှောက်ပြောတာ....သူတို့ပါးစပ်ထဲ
အဆင်ပြေနေတာလေ ငါတို့ရင်ဆိုင်နေရတာ
ငါတို့ပဲသိတယ် တစ်ယောက်တစ်ဘဝဖြစ်
နေတာကြာပါ့...."

"ဒါဆို တရားဝင်လမ်းခွဲကြပါလား
အခြေအနေကြီးက ဇာတ်မျောကြီးဖြစ်နေတာကို.."

"တရားဝင်လမ်းခွဲစကားပြောဖို့ကိုခုထိ
မျက်နှာချင်းဆိုင်ဖို့အချိန်မလပ်တာ
ကြုံတဲ့နေ့ပြောလိုက်မယ် လက်ရှိငါပျော်နေရရင်
အဆင်ပြေနေတာပဲ ခုရက်ပိုင်းတွေစိတ်သစ်
လူသစ်ဖြစ်နေသလိုခံစားရတယ်..."

"ကျွန်တော့် ကြောင့်မလား....သူ ကျွန်တော်
နဲ့ခင်မင်ပြီးထဲက ပုံစံတွေပြောင်းလာတယ်လေ..."

ဝန်မခံလို့မရ။ဒီကောင်လေးဝင်လာပြီး
ထဲက အဆင်ပြေပြေပြန်ဖြစ်လာခဲ့တာ
ငြင်း၍မှမရတာ။

"ဒီလိုပါပဲ...မင်းကကိုယ့်ကိုကိုယ်
ယုံကြည်မှုလွန်ကဲတယ်နော်.."

"လွန်ကဲလို့လည်းရတယ်လေ....ကျွန်တော့်မှာ
အားလုံးရှိနေတာပဲကို...."

ကျိကျိတက်သူဌေးသားလေး၏အောက်ခြေ
လွတ်မှုကိုတော့နားလည်ပေးမှဖြစ်မည်။
ဒါပေမယ့်ထိုသူဌေးသားလေးလည်း
ဖူးကြွမော့ချီနေတဲ့မျက်နှာလှလှလေးကို
မော့ကြည့်ကာ ရိုရိုကျိုးကျိုးခစားခဲ့ရတာပါပဲ။
ParkJimin ဆိုတာ သက်ရှိလောကရဲ့နတ်ဘုရား
တမျှပဲကို။

"ဂုဏ်ဆာနေလိုက်တာ ပိုက်ဆံတွေက
သေရင် ခေါင်းထဲထည့်ယူသွားလို့ရတာကျ.."

"သူ ကလည်း......."

ကျွန်တော်ကအနည်းငယ်မောက်မာတယ်။
ကျွန်တော့်မိဘတွေရဲ့ရိုက်သွင်းမှုတွေအောက်
အလွန်ဘဝင်မြင့်တတ်တဲ့ဆောင့်ကြွားကြွား။
ကျွန်တော့်ချမ်းသာမှုကိုဝေဖန်တာမျိုးကိုလုံးဝ
မကြိုက်။ဒါပေမယ့်သူကျွန်တော့်ကို
ခေါင်းထဲထည့်လိုက်တဲ့အထိ
ပြသောဥပမာမှာ စိတ်ထဲဖျင်းခနဲတောင်
မဖြစ်ခဲ့ဘူး။သူကလည်းဆိုတဲ့ ခွန်းတုံ့ပြန်မှု
ကိုသာလုပ်နိုင်ခဲ့တယ်။

"Jungkook Hyungနဲ့တရားဝင်ပြတ်ဆဲ
ပြီးရင်ရော နောက်ထပ်အချစ်တစ်ခု
လောက်ဆက်ရှာဖွေဖို့ရှိလား...."

"ဘာလုပ်မလို့လဲ......"

"ဘာလို့ ပြန်မေးနေတာလဲ ဖြေပဲဖြေ"

"ငါ ထပ်ချစ်လို့ရရင် ချစ်မှာပေါ့"

"Stickerလေးနေရာရွေ့နေတယ်
ကျွန်တော်ရွှေ့ပေးမယ် ငြိမ်ငြိမ်နေ...."

အဖြေတွင်သိသိသာသာကြီးမပြုံးမိအောင်
ထိန်းလိုက်ရပြီး ထိုအဖြေပေါ်သိပ်စိတ်ဝင်စား
မှုမရှိဟန်လည်းဆောင်ကာ မျက်လုံးအောက်က
Stickerလေး ပါးပေါ်ရွေ့နေတာကိုနေရာတကျ
ပြန်ကပ်ပေးလိုက်သည်။

မျက်နှာနှစ်ခုအလွန်နီးကပ်ကပ်အခြေအနေ။
Jimin မသိနေတာမဟုတ်ဘူး မရိုးသားခြင်း
သောအငွေ့အသက်တွေကိုသိနေခဲ့တယ်။
အဲ့ဒီလောက်လည်းတုံးတုံးအအမှမဟုတ်ခဲ့တာ။
ဒါပေမယ့် သူ့အတွက်လည်းနွံတွေပဲ။

ဇိုးကနဲဇက်ကနဲ ရဲတင်းတဲ့အထိအတွေ့တွေမှာ
ငြင်းချိန်လက်ခံချိန်မရ မျောမျောပါသွားတာ။
ကိုယ့်ကိုကိုယ်မသိချင်ယောင်ဆောင်နေပြီး
Jeon နဲ့အက်ကြောင်းတွေကိုတေ့တေ့ဆိုင်ဆိုင်
ရှင်းဖို့စိတ်မဝင်စားတော့ဘဲ
ဒီကောင်လေးနဲ့ ဟိုလိုဒီလိုအခြေအနေတွေ
အပေါ်ပဲ အားသာသွားခဲ့တဲ့ပုံပဲ။

"သိပ်ကြည့်လို့ကောင်းတာပဲ သူ့မျက်နှာလေးက
တစ်ခါတလေမှာ ချစ်စရာကောင်းပြီး
တစ်ခါတလေ သိပ်ချောမောလွန်းတယ်
တစ်ခါတလေကျ မကြည့်ရဲလောက်အောင်
တစ်ဖက်စောင်းနင်းတွေလည်းဆန်တယ်
လှတာ....သိပ်လှတယ်လို့ပြောချင်တာ သိလား"

"သိတယ်....ဒီမှာကြာနေပြီ ရေချယ်
တစ်ယောက်ထဲ အပြင်ထွက်ရအောင်..."

အတည်ပေါက်ကြီး ပြောလာတဲ့အခါ
မနေတတ်လာတော့။ ဘေစင်ပေါ်က
ခုန်ဆင်းတော့ ဆွဲဖမ်းထိန်းထားပေးသေးသည်။
မထိတထိ အထိအတွေ့တွေဟာ သူတို့ဆုံတိုင်း
တစ်မျိုးမဟုတ်တစ်မျိုးနှင့်အမြဲတမ်း။

အပြင်ပြန်ရောက်တဲ့အခါJiminက
သောက်စရာတချို့သွားထပ်ယူသည်။
Rioသည်ရေချယ့်နားတွင်ကပ်ထိုင်လိုက်သည်။

"ကြာလိုက်တာ
ဘာတွေလုပ်နေတာလဲ...ငါသောက်တာ
တစ်ပုလင်းကုန်တော့မယ်.."

"ရေချယ့်ကို ကျွန်တော်ဒီမှာတစ်ယောက်ထဲ
မထားခဲ့ပါဘူး ဘာလို့ဒေါသတွေထွက်နေတာလဲ"

သစ်သီးတစ်ခုကိုခက်ရင်းနဲ့ထိုးပေးကာ
ရေချယ့်လက်ထဲသို့ပြုံးပြုံးလေး
ထည့်ပေးလာသည်။ဂရုတစိုက်ချော့မြူသော
အပြုအမူတွင် ရေချယ်သည် မပွင့်တပွင့်
ပြုံးလျှက် သစ်သီးကိုယူကာစားလိုက်သည်။

Rioသည်ရေချယ်သစ်သီးစားနေခြင်းကို
စိုက်ကြည့်ကာခေါင်းထဲတွင်အတွေးတွေအများကြီး။

ရိုင်းရိုင်းဆိုရရင် ခုသူလုပ်နေတာ
မပြတ်ဆဲရသေးသောသူများရည်းစားကို
ပေါ်တင်ကျော်ဖို့တွေးတောနေတာပဲ။
အကြောင်းပြချက်သည် သူ Jiminအပေါ်
လုံးဝပြိုလဲနေပြီ။ဘယ်သူဘယ်ဝါ ဘာမှန်း
မသိခင်ထဲက ကြိုက်လွန်း၍ရူးခဲ့ရပြီး
ထပ်ခါထပ်ခါတွေ့ရတော့ပိုလို့
ပင်တရားမရနိုင်တော့ပါ။

နောက်ထပ်အတွေးက JeonJungkook
ဟာသူနဲ့ယှဉ်လာရင် အဘက်ဘက်ကလုံးဝအကွာကြီး
ဆိုတာရယ် ယဲ့ယဲ့လေးသာကျန်တော့သော
ဆက်ဆံရေးတစ်ခုဟာ ဇာတ်သိမ်းခါနီးပြီဆို
တာကိုသိနေတာရယ် လုပ်သင့်ရဲ့လားလို့
စိတ်ကောင်းစိတ်မှန်လေးဝင်လာချိန်ParkJimin ရဲ့
အပြုံးတွေက နှောက်ယှက်လာရင် သူဒီလူကို
ပိုင်ကိုပိုင်ရမှဖြစ်မည်ဟု တရားသေတွေးခဲ့တဲ့သူ။

ပြဿနာမတက်ချင်သေးသောအချိန်တွေမှာ
တော့ သူလုပ်နေတာတွေကိုဘယ်သူမှမရိပ်မိ
စေလိုပါ။Jimin သူ့ဘက်ကိုသေချာပါပြီဆိုမှ
JeonJungkook နဲ့ငြိချင်လည်းငြိလိုက်မည်။
တလောကလုံးနဲ့သတ်ရလည်းသတ်လ်ိုက်မည်။
ရေချယ် သိရင် တစ်ဖက်လူဆီချက်ချင်းပြန်ရောက်
မှာကိုသိတာကြောင့် ရေချယ့်က်ိုလည်းအပိုင်
ပေါင်းခဲ့သည်။

ဘေးလူကကြည့်လာရင် Rioဟာရေချယ်နဲ့ပဲ
တွဲနေသလိုလိုမျိုး အချိန်မတန်ခင်
မလိုလားအပ်တဲ့အာရုံတွေမနောက်အောင်
ရေချယ်နဲ့လည်းအဆင်ပြေအောင်နေခဲ့တဲ့သူ။

Jimin ပြန်ရောက်လာတဲ့အခါ၃ယောက်သား
စိတ်လွတ်ကိုယ်လွတ်ပဲ ဆက်လက်ကခုန်မူးရူး
ခဲ့သည်။ TaeHyung သည်ခုတလောMinYoongi
အားအဖြေလိုက်တောင်းနေရ၍သူငယ်ချင်း
တွေဘက်မလှည့်နိုင်ခဲ့တဲ့အချိန် Rioသည်
သေချာသောနေရာတစ်ခုကိုတော့ရခဲ့ပါ၏။

Club ၏ဆူညံသော Beatတွေ တောက်ပသော
မီးရောင်စုံတွေအောက် ရေချိန်ကိုက်လာတဲ့အခါ
Hot ရမ်းနေသောကကွက်များဖြင့်ကခုန်လျှက်
တစ်ခါတလေအမူးလွန်ယိုင်နဲစွာ
Rioရင်ခွင်ထဲပြိုဆင်းဆင်းသွားသော Jimin ကို
ထိန်းပေးရင်း ။တစ်ခါတလေတစ်ယောက်မျက်နှာ
တစ်ယောက် အစွမ်းကုန်ပြုံးကြည့်ကာကဲခဲ့ကြသည်။

လွတ်လပ်ပျော်ရွှင်တယ်ဟုထင်ခဲ့သော
အချိန်တွေပဲ။ဒါက ဘဝရဲ့ပျော်ရွှင်မှုအစစ်ဟု
အထင်လွဲခဲ့တဲ့ပုံစံပါပဲ။Jimin မျက်လုံးထဲ
သူနဲ့ထပ်တူ သူ့အကြိုက်အကုန်လိုက်ကာ
အလိုလိုက်ပေးသောကောင်လေးသည်
အလွန်အဆင်ပြေလာသည်။
သူလိုချင်တဲ့ပုံစံလေးဟုတစ်ခါတလေလှစ်ခနဲ
လျှက်ခနဲတွေးမိတာမျိုးလေးတွေလည်းရှိသည်။

သူလိုချင်အောင်လုပ်ယူနေထိုင်နေတယ်ဆိုတာ
တော့လှမ်းမတွေးခဲ့ဘူး။Rio RealLifeရဲ့Character
အစစ်တွေဘာတွေJimin မသိခဲ့ဘူး။
ပြတာအကုန်အမှန်ပဲ။

အပြစ်တင်လို့မရအောင်လည်း
တစ်စုံတစ်ယောက်ကသူ့ကို "မောင်"
ဆိုတဲ့ကမ္ဘာတစ်ခုထဲမှာပဲပိတ်ထားခဲ့တာကို။
အတုအယောင်ပြတင်းပေါက်တွေအကြောင်း
မောင်က ကလေးကိုသင်မပေးဘဲ တားချင်လာရင်
အပြောမတတ်တဲ့ကြမ်းတမ်းသောစကားတွေနဲ့ပဲ
မာန်ဟောက်ခဲ့တော့ အတုအယောင်တွေက
မက်စရာဖြစ်လာပြီး မောင်က လူဆိုးကြီးဖြစ်လာခဲ့
တာမျိုး။

ည၁နာရီကျော်လာတဲ့အခါ ရေချယ်ကအိမ်ပြန်
သင့်ပြီဖြစ်တာကြောင့်အိမ်ပြန်ဖို့ရန်ပြင်ဆင်သည်။
ရေချယ်မူးနေပြီဖြစ်၍ကားထားခဲ့ကာ
Rioကထုံးစံအတိုင်း၂ယောက်လုံးကိုလိုက်ပို့
ဖို့ဖြစ်လာသည်။ရေချယ့်ကိုအရင်ပြန်ပို့ပေးပြီး
တဲ့နောက် Jiminရက်ကွက်ထဲကိုကားချိုးကွေ့
လာတဲ့အခါ Jimin က ကားမောင်းနေသည့်
Rioလက်တွေကို ထိကိုင်ကာလှမ်းတားဟန်ပြုသည်။

"ဘာဖြစ်လို့လဲ"

"ဒီမှာပဲရပ်...အိမ်ရှေ့အထိမမောင်းနဲ့တော့
အမေစောင့်နေရင် မင်းကိုတွေ့လို့
မေးခွန်းတွေမေးမှာ အာရုံနောက်လ်ို့
လမ်းပဲလျှောက်သွားလိုက်မယ်..."

"ဖြစ်လို့လား...."

"ငါ့ရက်ကွက်ပါ..."

"ကောင်းပါပြီ...."

"ဒါဆိုသွားပြီ ဒီနေ့အတွက်ကျေးဇူးပဲ..."

နှုတ်မဆက်ချင်ဘူး။အမြဲတမ်းသာအတူတူ
Beatတွေကြားပျော်မွေ့နေချင်တာပဲ။
ကားပေါ်ကဆင်းတော့မယ့်လက်ကောက်ဝတ်
လေးကိုဆွဲထားတော့ ပြန်ကြည့်လာသောမျက်လုံး
လေးတွေ ၇ပတ်တောင်မပြည့်သေးတွေ့ရတာ
တောင်ရင်ဆိုင်ရတိုင်းရင်ထဲလှိုင်းထန်နေရင်
၇နှစ်တာလူတော့ဘယ်လိုများဖြတ်သန်းခဲ့မလဲမသိ။
မနာလိုစရာပဲ။

"ဘာလဲ....."

"နောက်နေ့တွေလည်းတွေ့မယ်နော်"

"တွေ့လေ....သွားပြီ ကားကိုဂရုစိုက်မောင်း
မင်းကားမောင်းတာကြမ်းလွန်းတယ်..."

"ဟုတ်ကဲ့ဗျ..."

ရိုကျိုးသလိုဟန်ဖြင့်သွားစွယ်လေးပေါ်အောင်
ပြုံးလျှက်ညို့ငင်အားတွေတွင် Jiminသည်လည်း
ခပ်ပါးပါးလေးပြန်ပြုံးပြကာ ကားပေါ်ကဆင်းသွား
ပြီးတစ်ယောက်ထဲအိမ်ကိုလမ်းလျှောက်ပြန်ခဲ့သည်။

ပြုံးသွားလိုက် ပြန်ထိန်းလိုက်နှင့်သူကလေးဆန်
သောအတွေးတွေအများကြီးတွေးခဲ့သောပုံ။
ခြေလှမ်းတွေသည်ခပ်ကြွကြွလေး။Leather
ဂျာကင်ကိုနောက်ပြန်ဆွဲပုခုံးပေါ်တင်လာကာ
လိမ္မော်ရောင်ဆံပင်တွေသည်လေထဲတလွင့်လွင့်။
အိမ်တံခါးရှေ့ရောက်လာတာတောင်
သူ့ကိုယ်သူသိပ်မသိခဲ့ပါ။

"ParkJimin....."

အိမ်တံခါးဖွင့်ဝင်ဖို့ပြင်ဆင်လိုက်ချိန်တွင်
နောက်ဘက်မှအေးစက်စက်အသံကြောင့်
တုန်ခနဲ။ပြန်လှည့်ကြည့်တော့အိမ်၏ခပ်လှမ်းလှမ်း
တွင်ထိုင်နေသောအနက်ရောင်လူသားသည်
ငုတ်တုတ်ကြီး။သူဒါကြီးကို
ကျော်ခွလာမိတာလား။တကယ်ကိုမတွေ့တာပါ။

"ဘာလုပ်နေတာလဲ အချိန်မရှိအခါမရှိအမှောင်ထဲ.."

Jeon သည် ထိုင်နေရာမှထလာကာJimin
ဆီကိုလျှောက်လာသည်။

"ဒါ အိမ်ပြန်ချိန်လား..."

"အေးလေ....."

အလုပ်မှာ ထိထိရောက်ရောက်တစ်ခုအောင်မြင်
ခဲ့၍ပျော်ရွှင်မှုအားမျှဝေရန်Jeonည၇နာရီထဲက
လာစောင့်နေခြင်းဖြစ်သည်။အလုပ်နဲ့ပတ်သတ်ပြီး
ကလေးဘက်ကမကျေနပ်ခဲ့တာတွေများ၍ဖြစ်မြောက်
လာပြီဆိုတာကိုလည်းသိစေချင်ကာပျော်ပျော်ရွှင်ရွှင်
စိတ်တွေသည် ဝမ်းနည်းမှုနဲ့ဒေါသ
အသွင်ပြောင်းသွားသည်။

"ParkJimin...."

"အချိန်မတော် မျက်စိလည်လမ်းမှားလွင့်လာရင်
လည်း ကိုယ့်အိမ်ပြန်လွင့်လိုက် ငါမူးလာတယ်
အိပ်ချင်နေပြီ ရန်မဖြစ်နိုင်ဘူး..."

ချာကနဲလှည့်ထွက်သွားသောလူ၏လက်တွေအား
Jeonကပြန်ဆောင့်ဆွဲတော့ပါလာသည်။

"JeonJungkook !!"

"ဘယ်သွားတာလဲ...ဘာလုပ်တာလဲ
ဘယ်သူတွေနဲ့လဲ....ငါ့ကိုအမှန်ဖြေ"

"ဘာလုပ်မလို့လဲ...ငါသွားလာနေတာ
ရက်ပေါင်းမြောက်မြားစွာကြာနေပြီ
ခုမှ လာတရေးနိုးမနေနဲ့ ဘာသောက်ပြဿနာ
လုပ်ချင်လို့ ည၁နာရီအထိ စောင့်နေတာလဲ
ဆိုတာပဲ မင်းအရင်ဖြေလိုက်..."

"ငါ....."

မပြောနိုင်ဘူး။ပြောလိုက်ရင်အခြေအနေကမဆိုး
နိုင်လောက်ပေမယ့်Jiminရဲ့အပြုအမူစကားလုံး
တွေတွင် Jeon ဝမ်းသာစရာကိစ္စကိုမပြောချင်တော့ဘူး။

"ပြဿနာလုပ်ချင်လို့သတိရလာလို့မလား
ပြန်လိုက်တော့...လစ်..."

"မင်းစကားပြောတဲ့အချိုးကိုပြင်စမ်း
ငါရန်သူမဟုတ်ဘူး Jiminမြင်တာနဲ့တိုက်ခိုက်
မနေနဲ့..."

"ငါမင်းကိုကြည့်မရဘူးလေ....."

Jimin သည် အမှောင်ထဲမှာထပ်မဲမှောင်နေတဲ့
ဒေါသသမားကြီး၏မျက်နှာအားစိတ်ပျက်သလို
တစ်ချက်မျှကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် Jeonမျက်နှာကိုသေချာမကြည့်
အောက်ငုံ့လျှက်....

"Jungkook....ငါတို့လမ်းခွဲရအောင်..."

"အေး ခွဲ ငါ့ကိုမင်းဘယ်သွားတယ်
ဘာလုပ်တယ်ကိုပဲအရင်ဖြေ ဆယ်ခါပြန်ခွဲ
အခါတစ်ရာခွဲ ခွဲချင်သလိုခွဲ....."

မကွဲဘူးလေ။သူယုံကြည်ခဲ့တာ။
သူစနစ်တကျပြင်ဆင်ထားမှုတွေနဲ့
မကြာခင်အချိန်မှာHappyEndingဖြစ်တော့မှာ။
ကလေးတစ်ယောက်ရဲ့ကလေးဆန်တဲ့စကားတွေအပေါ်
လျှောက်လိုက်ခံစားနေဖို့အားမနေခဲ့ဘူး။

"ငါတကယ်ပြောနေတာ!!!!"

အော်ဟစ်ပြောပုံကအမှန်တကယ်ကြီးလို့
ဖြစ်တာမို့Jeonက Jiminအားစိုက်ကြည့်လာသည်။

"ငါတကယ်ကိုပြောနေတာပါ...ငါမင်းကို
စိတ်ကုန်နေပြီ မင်းလည်းငါ့ကိုနှစ်တွေအများကြီး
တွဲမိခဲ့လို့ လမ်းခွဲရမှာခက်နေလို့ညှိနှိုင်းနေပေးနေတာ
မလား ဘာမှအားနာနေစရာမလိုတော့ဘူး
ငါတို့ ပြတ်ဆဲသွားပြီးရင်လည်းငါမင်းကိုဘာမှ
အပြစ်တွေမတင်ပါဘူး....ငါတ်ို့တွေကငယ်သူငယ်ချင်း
တွေပဲ ကောင်းမွန်တဲ့ဆက်ဆံရေးလေးနဲ့..."

"Jimin သား...ဘာဖြစ်နေတာလဲ...."

အိမ်ရှေ့မှာအသံတွေကျယ်သွားပြီမို့Jimin
အဖေရောအမေပါခြံပြင်ထွက်လာကြသည်။

"Jungkook နင်ကဘာလုပ်နေပြန်တာလဲ...."

"စကားပြောနေတာလေ မမြင်ဘူးလား..."

"အမေတို့ပါလာရင်မကောင်းတော့ဘူး
သွားပြန်တော့ သွား..."

"ဘာလို့သွားရမှာလဲ
မင်း....စကားအပြောအဆိုတွေကိုဆင်ခြင်နော်
မင်းကဘယ်အခြေအနေမှာပဲဖြစ်ဖြစ်
ငါ့အပိုင်ဆိုတာခေါင်းထဲမသေမချင်းမှတ်ထား.."

မျက်နှာတည့်တည့်လက်ညိုးထိုးကာ
သတိပေးပုံကအသဲနာစရာ။
အပြုအမူသည်ခပ်ရိုင်းရိုင်း။စိတ်ထဲအချစ်ပျောက်
နေ၍ Jimin ဒီအမူအယာကိုလုံးဝမကြိုက်တော့။

"နင်က ဘာမလို့ ငါ့သားကို လက်ညိုးထိုးပြီး
စကားပြောတာလဲ ထွက်သွားစမ်း ငါ့ခြံရှေ့က!!"

"ParkJimin ဆီလာတာ ParkJimin နဲ့
စကားပြောလို့မပြီးမချင်းမထွက်သွားနိုင်ဘူး.."

"မင်းနဲ့ငါ ပြီးနေပြီလေ...ဘာတွေပြောစရာရှိသေးလို့လဲ"

"နင့်ကိုဒီမှာဘယ်သူ့မှလိုအပ်မနေဘူး
Jungkook လာမရမ်းကားနဲ့!!"

"အန်တီ့ ခဏလောက်တိတ်နေပေးလို့်မရဘူး
လား ဘာလို့ထွက်လာတာလဲ ပြန်ဝင်..."

"ဘာ!!!"

"ငါစိတ်ရှုပ်လာပြီ....ငါစိတ်တွေလည်းကုန်လွန်းတယ်
မင်းဆိုရင် ပြဿနာတွေပဲတက်နေရတာကို
မင်းပျော်ရွှင်နေတာလား Jungkook
မင်းမျက်နှာကို မြင်ရရင်ကိုငါမွန်းကျပ်တယ်!!"

"စိတ်မကောင်းဘူးParkJimin
တစ်သက်လုံးကြည့်သွားရမှာ
မွန်းကျပ်ပါတယ်ဆိုတဲ့ ဒီမျက်နှာကြီးကိုပဲ
မိုးလင်းမိုးချူပ်ကြည့်နေရမှာ ငါကလွဲပြီး
မင်းမှာကြည့်စရာမျက်နှာမရှိဘူး
မင်းကိုကြည့်မယ့်မျက်နှာလည်းငါကလွဲပြီးမရှိဘူး
ဆိုတာကျပ်ကျပ်မှတ်!!!"

"ဟာသပဲ....ငါ့ကိုကြည့်မယ့်မျက်နှာတဲ့လား
ဘာတွေမြင်ခဲ့သလဲ ပြောပါဦး ထွက်သွားစမ်းပါ
ပျော်ပိုက်သလိုနေစမ်းပါ စိတ်အနာတရပေးဖို့
ကျမှ ရောက်ရောက်မလာပါနဲ့လို့ ငါပြောတာ
အထပ်ထပ်အခါခါဖြစ်နေပြီ..."

"Jimin တော်တော့ ဘေးမှာပတ်ဝန်းကျင်
နဲ့ အေးဆေးဆေးဆေးနောက်မှစကားပြောကြည့်
ကြ..."

Jiminပုခုံးတွေကိုဆွဲဖက်ကာ ခြံထဲသို့ပြန်ဝင်
တော့မည့်လူသည်တရားသမားလိုလို။
Jeonသည် Jiminအားပြန်ဆောင့်ဆွဲတော့သည်။

"JeonJungkook!!!!"

Jiminအမေ၏ထိရာမိရာရိုက်ချက်သည်
လက်မောင်းတစ်ဖက်ဆီစိမ့်ခနဲ။

"ခင်ဗျား သူ့ကို မထိနဲ့....ခင်ဗျားအဖေအရင်း
မဟုတ်ဘူး Jiminက ခင်ဗျားသွေးသားမဟုတ်ဘူး
ခင်ဗျားနဲ့ ဒီကိစ္စတွေဟာ လုံးဝမဆိုင်ဘူး..."

"Jimin က ငါ့သားပဲ...Jimin အမေကို
သိပ်ချစ်လို့ Jiminကငါ့သားအရင်း
ငါ့မိသားစုကိုငါကာကွယ်ရမယ်...."

ထိုလူသည် Jeonလက်ထဲကJimin အား
ပြန်ဆွဲခေါ်သည်။

"ငါ့သားကို ထပ်မနှောက်ယှက်နဲ့....
သွေးရင်းမှ သားမဟုတ်ဘူး တကယ်ချစ်ရင်
လည်းသားဖြစ်တယ်"

Jimin ရော သူ့အမေပါ အယုံလွယ်ပုံများ။
Dramaတွေထဲကလိုအဲ့ဒီလူကိုကြည့်နေလိုက်ကြတာ။
ကျွန်တော်စိတ်မချအဲ့တာတွေပေါ့။သူဘာမှမသိဘူး။
သိအောင်ပြောလည်းလက်မခံဘူး။၁၈နှစ်အရွယ်
ကနေဆက်မဖွံ့ဖြိုးတော့တဲ့ဦးနှောက်လေးဟာ
စိစိညက်ညက်ထုချေပစ်ချင်စရာပဲ။

"ပြန်တော့ !!!"

နှင်သူသည် လူ၂ယောက်ကြား
သူ့ကိုရက်ရက်စက်စက်။
မကြာခင်လုပ်တော့မယ့်နှစ်ကုန်ဂီတဆုပေးပွဲ
မှာသူ့လက်ရာသီချင်းတစ်ပုဒ်စာရင်းပါခဲ့တဲ့
သတင်းကိုပြရန်ယူလာသောဖုန်းကို
ဘောင်းဘီအိတ်ပေါ်မှထိကိုင်လိုက်သော
လက်တွေတုန်ခနဲ။

"ငါ့ကိုနှင်စရာမလိုဘူး.. မင်းအိမ်ရှေ့ကို
၁စက္ကန့်တောင်ရပ်ချင်တဲ့ကောင်မဟုတ်ဘူး
ငါ့ကို မနှင်နဲ့!!!ဘယ်တော့မှမနှင်နဲ့ParkJimin
ငါနာကျင်တယ် ..."

ပြင်းထန်တဲ့အကြည့်တွေနဲ့လက်ညိုးတွေသည်
Jimin အပေါ်ထပ်ကျလာခဲ့ပြီးနောက်
Jeonသည် လှည့်ပြန်သွားခဲ့သည်။
Jiminသည်လည်းတောက်တစ်ချက်ခေါက်ကာ
အိမ်ထဲသို့ကမူးရှုးထိုးဝင်သွားခဲ့သည်။

"အဲ့လူရိုင်းကောင်နဲ့မြန်မြန်ကင်းရှင်းချင်လှပြီ....."

~~~~~~~~~~။

Jiminေဆး႐ုံဆင္းၿပီးတဲ့ေႏွာင္းပိုင္းေန႔ေတြမွာေတာ့
အေျခအေနေတြဟာပိုပိုၿပီးဆိုးဝါးလာခဲ့တယ္။
ဒါက Jeonဘက္ကၾကည့္ရင္ေပါ့။Jiminဘက္က
ၾကည့္ရင္ေတာ့ ပိုပိုေကာင္းမြန္လာခဲ့သည္။

လေပါင္းမ်ားစြာအကန့္အသတ္ထက္ေက်ာ္လြန္
ၿပီးေယာက်္ားတစ္ေယာက္အေပၚ
အေသးအမႊားေလးအစ လိုက္လံခံစားရင္း
ေလလြင့္ေနေသာဘဝသည္ျပန္လည္ရွင္သန္လာခဲ့
ၿပီဟု သူယုံၾကည္ခဲ့သည္။

သူတို႔မေတြ႕ျဖစ္ၾကေတာ့ပါ။ဒါေပမယ့္ျပတ္ဆဲတာ
မ်ိဳးလည္းမဟုတ္။Jeonမအားမလပ္ဆိုလၽွင္
Jimin ကသြားသြားေတြ႕ေနေသးေတာ့ေတြ႕ရေပမယ့္
ခုJimin ကေယာင္လို႔ပင္ေျခဦးမလွည့္ေတာ့။
Jeon ကလည္းသူအားလပ္မွသာ သူ႔ကိစၥေတြ
အကုန္ၿပီးျပတ္မွသာ သူစိတ္ရွင္းရွင္းလင္းလင္း
ရွိမွာသာ Jimin ဆီကိုလာတတ္သည္။

ကံေကာင္းစြာ သီခ်င္းေတြရဲ့ေအာင္ျမင္မွုသည္
မရပ္မနား ကံဆိုးစြာ အရည္အခ်င္းရွိမွန္းသိ၍
နာမည္ရအဆိုေတာ္ေတြကေတာင္Jeonဆီ
စုျပဳံေရာက္လာတဲ့အခ်ိန္။အသံကလည္းအဆိုေတာ္
လုပ္၍ရေနတာေၾကာင့္Jeonနယ္ပယ္ႏွစ္ခုလုံးအေပၚ
ေလာဘတႀကီးပါဝင္လွုပ္ရွားခဲ့သည္။

Jiminအတြက္လုံေလာက္ေသာ ေလးနက္မွုမ်ိဳး
ကိုမရေတာ့ျခင္းသည္ Jiminကလည္းမခ်စ္ေတာ့
၍လို႔ပဲဒဲ့ေတြးယူခဲ့သည္။ဘာလို႔ဆိုအတိတ္မွာ
အတိုင္းအထက္အလြန္သဲသဲလွုပ္ေပးခဲ့တာမလား။
အရင္ကလည္းဒီလိုFlowပဲဆိုကိစၥမရွိေပမယ့္
ခ်စ္ျခင္းေမတၱာအေပၚအေတြးလြန္ အတၱႀကီးတတ္
ေသာသူေတြအဖို႔ကမရခဲ့ဘူး။ေနာက္တစ္ခုက
ထုတ္ဟေျပာရမွာကိုဝန္ေလးတာ မပြင့္လင္းတာ
ေျပာလိုက္ဖို႔ကိုရွုံးတာဟု တလြဲေတြးခဲ့တာေတြ။

တစ္ဖက္ကလည္း ဘယ္ႏွႏွစ္ေတာင္အတူတူရွိ
ၿပီးၿပီ အေသးအမႊားေလာက္ကေျပာေနဖို႔ရန္
မလိုေတာ့ဘူး။အခ်ိန္တန္လက္ထပ္ယူနိုင္ဖို႔
ႀကိဳးစားၿပီး လက္ထပ္လိုက္ရင္ပန္းတိုင္ပဲ။
ေတာ္႐ုံကိစၥေတြကို နားကိုနားလည္ရမယ္ဟု
အတၱႀကီးခဲ့သည္။ဘာစကားမွေျပာစရာမလိုဘဲ
အလိုအေလ်ာက္ရင့္က်က္စြာသိရမယ့္ကိစၥေတြ
ဟု သူ႔ရဲ့ ေလာကဓံေၾကာင့္ ရင့္က်က္ေနတဲ့ႏွလုံးသား
နဲ႔ႏွိုင္းခ်ကာ သူလုပ္ခ်င္တာေတြကိုပဲ ဇြတ္တိုး
လုပ္ခဲ့သည္။

Jeonသတိမထားမိခဲ့တာက
သူအလိုလိုက္အႀကိဳက္ေဆာင္
အတိုင္းထက္အလြန္ပုံေအာခ်စ္ခဲ့လို႔
သူ႔ကေလးဟာ တစ္စကၠန့္ေတာင္မရင့္က်က္
နိုင္ခဲ့ဘူးဆိုတာပဲ။

ဆိုးခြင့္ရတဲ့ရင္ခြင္မွာခိုနားၿပီးရင္
အဆိုးအဆာျဖစ္ရတဲ့ အရသာကိုျမည္းစမ္းၿပီးရင္
အဲ့ဒီကေလးေတြက တျခားေသာဘဝက႑
ေတြမွာအဘယ္မၽွရင့္က်က္ပါသည္ဆိုဦးေတာ့
သူတ္ို႔ဆိုးခြင့္ရာရ ရင္ခြင္မွာ ထာဝရကေလးေတြ
ျဖစ္ကုန္ခဲ့ၾကတာပါပဲ။

~~~~~
ညေနေစာင္းေရခ်ိဳးၿပီးလိေမၼာ္ေရာင္အသစ္ေျပာင္း
ထားေသာဆံပင္ေတြကိုJiminကေသခ်ာစြာ
ပုံခ်ေနသည္။ဒီဇိုင္းအဆန္းအၤက်ီနဲ႔ေဘာင္းဘီ
က်ပ္က်ပ္ကိုလဲလိုက္ကာ ေရေမႊးေတြမႊန္ထြန္
ေနေအာင္စြတ္လိုက္သည္။Accessories ေတြ
ကိုအျပည့္အဝဝတ္ဆင္ကာ သီခ်င္းျမဴးျမဴးေလး
ဖြင့္လၽွက္ လိုက္ၿငီးကာ အျပင္သြားဖို႔ျပင္ဆင္ေနသည္။

နားေပါက္ေတြအားလုံးကိုနားကပ္ေတြစီတန္း
တပ္ေနတုန္းဖုန္းသံၾကား၍ ၾကည့္လိုက္ေတာ့
Rio။

"Hello ....."

"ဘယ္မွာလဲ...."

"ခုမွေရခ်ိဳးၿပီးတာ..."

"ကၽြန္ေတာ္နဲ႔ ေရခ်ယ္ေရာက္ေနၿပီ..."

"ငါ့ကို ခဏေစာင့္ ငါျမန္ျမန္ျပင္ၿပီးလာခဲ့မယ္.."

"အလန္းဆုံးျပင္ၿပီးလာခဲ့ေနာ္
တစ္ညလုံးကဲရမွာ...."

"ၾကား႐ုံနဲ႔ေတာင္ စိတ္ေတြထ္ိန္းမရေတာ့ဘူး
ဒါပဲ ခုထြက္လာၿပီ.."

"ေကာင္းပါၿပီ...."

ဖုန္းခ်လိုက္ကာမွန္ေရွ႕တြင္အနီးတမ်ိဳးအေဝး
တစ္မ်ိဳးၾကည့္လၽွက္Mirror SefileလွလွေလးဆြဲကာIGေပၚတြင္ခ်က္ခ်င္းတင္လိုက္သည္။

"ငါ တကယ္မိုက္ေနတာပဲ...."

တင္ၿပီးၿပီခ်င္းပထမဆုံးLikeသည္Rioဆိုေသာ
နာမည္ျဖစ္ေနသည္။ဖုန္းသုံးေနတုန္းမွာေတြ႕၍
ေပးလိုက္တာမ်ိဳးလည္းျဖစ္နိုင္တာေၾကာင့္
မဆန္းေသာ္ျငား ပုံတိုင္းပုံတိုင္းJust Nowမွာ
First like ကေတာ့ ဆန္းေနၿပီေလ။

Jimin သည္ Social မွာသူ႔ရဲ့လွုပ္ရွားမွုေလးေတြ
သူ႔ပုံေလးေတြ သူ႔ခံစားခ်က္ေတြအရင္က
ေန႔တိုင္းလိုလိုေရးတင္တိုင္း သိေစခ်င္တဲ့သူ
ကိုၾကည့္ေစခ်င္သည္။စိတ္ဝင္စားေပးေစခ်င္
ေပမယ့္ တစ္ေယာက္ထဲFeel တစ္ေယာက္ထဲ
ျပန္ဖ်က္ရေသာ ဘဝကိုလည္းေတာ္ေတာ္စိတ္ကုန္
ခမ္းၿပီး ခုေနာက္ပိုင္းလန္းဆန္းေနေသာ
Userတစ္ေယာက္အျဖစ္သာျဖတ္သန္းေနပါ၏။

Rio၏ အျပဳအမူအေပၚႏွုတ္ခမ္းေလးတြန့္႐ုံ
မၽွမပြင့္မလင္းျပဳံးကာ ဆက္ျပင္ဆင္ေနလိုက္သည္။

"Rio....Jungkookနဲ႔သီခ်င္းကိစၥေတြ
ေျပာထားတာက ဆက္မလုပ္ေတာ့ဘူးလား.."

"သူ မအားေသးဘူး ေရွ႕ကဟာေတြလက္စမသတ္
ေသးလို႔တဲ့ကၽြန္ေတာ္ကေအးေဆးပါ အလၽွင္မလို
ဘူး ခုတေလာလည္းအာ႐ုံကအဆိုေတာ္
မျဖစ္ခ်င္ေနပါဘူး...ခုလိုေလၽွာက္ေပ်ာ္ပါးခ်င္
ေနတာပဲ..."

ေရခ်ယ္သည္ Rio ဖန္ခြက္ထဲဝိုင္တခ်ိဳ႕ငွဲ႕
ေပးကာ ေခါင္းၿငိမ့္ျပသည္။

"ဂ်ပန္ကို သီခ်င္းကိစၥေတြၿပီးမွျပန္မွာမလား"

"ဒီမွာ ပိုေပ်ာ္ေနတယ္ ေရခ်ယ္နဲ႔ဒီေလာက္
အဆင္ေျပေနတာကို ျပန္လႊတ္ခ်င္ေနၿပီလား.."

မ်က္လုံးေတြ...။အျမဲတမ္းဆြဲဆြဲငင္ငင္ပဲ။
ေရခ်ယ္ေလာက္ရဲတင္းတဲ့မိန္းကေလးမ်ိဳး
မရွိ ေတာ္႐ုံတန္႐ုံကေတာ့ မတိုးေတာ့ဘူး။
ဒါေပမယ့္ ဒီေကာင္ေလးမ်က္လုံးေတြက
သူမ ၿပိဳင္မၾကည့္နိုင္ေအာင္ အေရာင္စုံခဲ့သည္။

"မဟုတ္တာ....ေပ်ာ္ရင္ေနေပါ့...."

"ေနမွာပါ....အၾကာႀကီးေနမွာ...."

"စကားမစပ္ Jungkook Hyungက ခုတေလာ
Jimin Hyungနဲ႔ပတ္သတ္ၿပီးအဆင္မေျပၾက
ေတာ့တဲ့ပုံစံပဲ ကၽြန္ေတာ့္ကိစၥေတြကိုလည္း
အာ႐ုံမစိုက္ေနဘူး အာ႐ုံမစိုက္တာက
အေရးမႀကီးေပမယ့္ တကယ္ျပတ္သြားၾကရင္
ႏွေျမာစရာႀကီးေနာ္ ေရခ်ယ္ ျပတ္သြားၿပီလို႔
ၾကားလား..."

"ႏွစ္ေယာက္တစ္ဘဝေတြေလ
ဘာေတြေမးေနတာလဲ..."

ေျဖပုံခပ္ျပတ္ျပတ္တြင္Rioက ေခါင္းတၿငိမ့္ၿငိမ့္
ျဖင့္ ဝိုင္အနည္းငယ္ေသာက္လိုက္သည္။

"Hey!!!ငါေရာက္ၿပီ...."

အလန္းဆန္းဆုံးအေနအထားျဖင့္ေရာက္လာေသာ
Jimin သည္မ်က္စိက်ိန္းေလာက္ေအာင္မိမိုက္
ေနသည္။

"Hot ေနတာပဲ အျမဲတမ္း...."

Rioက ဝိုင္ခြက္ကိုကိုင္ကာေျခဆုံးေခါင္းဆုံး
ၾကည့္ပုံကတက္တက္မက္မက္။သိပ္ႀကိဳက္တာပဲ။
ကၽြန္ေတာ္ အ႐ူးအမူးကိုႀကိဳက္ခဲ့တာ။
လိေမၼာ္ေရာင္ဆံပင္ေတြကစၿပီး Leather ဖိနပ္
ျမင့္ျမင့္ေလးအထိ တက္တက္မက္မက္ပဲ။

"အခ်ိန္မရွိဘူး ကဲမယ္"

"အိုေက...."

ေရခ်ယ္ေရာသုံးေယာက္ေပါင္းကာအဲ့ဒီအခ်ိန္ကာလ
ေတြတုန္းကClubေတြ Barေတြမွာပဲအခ်ိန္ကုန္
ခဲ့သည္။Jimin ကအလုပ္လည္းထပ္မရွာေတာ့ဘူး။
ဘဝကို တစ္ခဏမွာေပ်ာ္ရင္ေပ်ာ္သလိုစိတ္ရွိသလို
ျဖတ္သန္းခဲ့သည္။

ေသာက္တာမ်ားသြား၍ အိမ္သာသြားရန္လိုအပ္
လာတာေၾကာင့္ ေရခ်ယ့္ကိုထားခဲ့ကာ
ႏွစ္ေယာက္သားToilet ဆီလာခဲ့ၾကသည္။

ကိစၥေတြၿပီး၍အိမ္သာအျပင္ျပန္ထြက္လာေတာ့
Jimin က ေဘစင္ေပၚကိုလွမ္းတက္တာက
မမွီေန။Rioသည္ ခါးေလးကေနဆြဲမကာ
တင္ေပးလိုက္ေတာ့ လန့္လန့္ဖ်န့္ဖ်န့္အေပၚ
ေရာက္သြားသည္။

"အဲ့လို႐ုတ္တရက္မလုပ္စမ္းပါနဲ႔
ငါလန့္လန့္သြားတယ္...."

"Jungkook Hyungကိုဖုန္းဆက္လိုက္ဦးေလ
ကၽြန္ေတာ္တို႔ ဒီမွာကဲေနတာ အသိမေပးရင္
စိတ္ဆိုးေနဦးမယ္...."

"ငါနဲ႔သူျပတ္ေနၿပီ...."

"တကယ္....."

ရိုးသားေသာအံ့ဩမွုကကေလးတစ္ေယာက္
လိုျဖဴျဖဴစင္စင္ေလး။မ်က္လုံးေတြပင္
ဝိုင္းစက္ကုန္သည္။

"တကယ္.....မတြဲခ်င္ေတာ့ဘူး ၿငီးေငြ႕လို႔...."

"၇ႏွစ္ေတာင္ဆို ဘာလို႔လဲ ခဏ
စိတ္ဆိုးစိတ္ေကာက္ျဖစ္မွာပါ...."

"စိတ္ဆိုးစိတ္ေကာက္ရတဲ့အခ်ိန္ေတြက
ဟိုးအေဝးႀကီးမွာက်န္ခဲ့ၿပီ စိတ္ကုန္တဲ့
အဆင့္ အဲ့ကေန ခုစိတ္ထဲမရွိေတာ့တဲ့
အဆင့္ပဲ...."

Rioက Jimin မ်က္လုံးေတြအားစူးစူး
ရဲရဲစိုက္ၾကည့္လာသည္။Jimin အေနနဲ႔
လည္းရီေဝေဝမို႔ ျပန္ၾကည့္နိုင္ေနသည္။
အျမဲတမ္းသပ္သပ္ရပ္ရပ္ ေခါတ္မွီႂကြရြ
ေနတဲ့ေကာင္ေလးကဒီေန႔မွာလည္းဒီClub
မွာအလန္းဆုံးပဲ။အျမဲတမ္း အသစ္အဆန္း။
စာရြက္နဲ႔ဂစ္တာၾကား အလုပ္လုပ္ရင္
ဝါဝါမ်က္မွန္တစ္လက္နဲ႔မဲေမွာင္မျမင္ရေတာ့ေသာ
တစ္စုံတစ္ေယာက္နဲ႔က် အလြန္ကြာျခားသြားၿပီ။

"ေသခ်ာလို႔လား....."

"ဘာလိမ္စရာရွိလို႔လဲ...၇ႏွစ္တြဲလို႔
စိတ္မကုန္ရေတာ့ဘူးလား...."

"ေရခ်ယ္ကေတာ့ သူနဲ႔Jungkook Hyung
နဲ႔က ႏွစ္ေယာက္တစ္ဘဝတဲ့..."

"ေလၽွာက္ေျပာတာ....သူတို႔ပါးစပ္ထဲ
အဆင္ေျပေနတာေလ ငါတို႔ရင္ဆိုင္ေနရတာ
ငါတို႔ပဲသိတယ္ တစ္ေယာက္တစ္ဘဝျဖစ္
ေနတာၾကာပါ့...."

"ဒါဆို တရားဝင္လမ္းခြဲၾကပါလား
အေျခအေနႀကီးက ဇာတ္ေမ်ာႀကီးျဖစ္ေနတာကို.."

"တရားဝင္လမ္းခြဲစကားေျပာဖို႔ကိုခုထိ
မ်က္ႏွာခ်င္းဆိုင္ဖို႔အခ်ိန္မလပ္တာ
ၾကဳံတဲ့ေန႔ေျပာလိုက္မယ္ လက္ရွိငါေပ်ာ္ေနရရင္
အဆင္ေျပေနတာပဲ ခုရက္ပိုင္းေတြစိတ္သစ္
လူသစ္ျဖစ္ေနသလိုခံစားရတယ္..."

"ကၽြန္ေတာ့္ ေၾကာင့္မလား....သူ ကၽြန္ေတာ္
နဲ႔ခင္မင္ၿပီးထဲက ပုံစံေတြေျပာင္းလာတယ္ေလ..."

ဝန္မခံလို႔မရ။ဒီေကာင္ေလးဝင္လာၿပီး
ထဲက အဆင္ေျပေျပျပန္ျဖစ္လာခဲ့တာ
ျငင္း၍မွမရတာ။

"ဒီလိုပါပဲ...မင္းကကိုယ့္ကိုကိုယ္
ယုံၾကည္မွုလြန္ကဲတယ္ေနာ္.."

"လြန္ကဲလို႔လည္းရတယ္ေလ....ကၽြန္ေတာ့္မွာ
အားလုံးရွိေနတာပဲကို...."

က်ိက်ိတက္သူေဌးသားေလး၏ေအာက္ေျခ
လြတ္မွုကိုေတာ့နားလည္ေပးမွျဖစ္မည္။
ဒါေပမယ့္ထိုသူေဌးသားေလးလည္း
ဖူးႂကြေမာ့ခ်ီေနတဲ့မ်က္ႏွာလွလွေလးကို
ေမာ့ၾကည့္ကာ ရိုရိုက်ိဳးက်ိဳးခစားခဲ့ရတာပါပဲ။
ParkJimin ဆိုတာ သက္ရွိေလာကရဲ့နတ္ဘုရား
တမၽွပဲကို။

"ဂုဏ္ဆာေနလိုက္တာ ပိုက္ဆံေတြက
ေသရင္ ေခါင္းထဲထည့္ယူသြားလို႔ရတာက်.."

"သူ ကလည္း......."

ကၽြန္ေတာ္ကအနည္းငယ္ေမာက္မာတယ္။
ကၽြန္ေတာ့္မိဘေတြရဲ့ရိုက္သြင္းမွုေတြေအာက္
အလြန္ဘဝင္ျမင့္တတ္တဲ့ေဆာင့္ႂကြားႂကြား။
ကၽြန္ေတာ့္ခ်မ္းသာမွုကိုေဝဖန္တာမ်ိဳးကိုလုံးဝ
မႀကိဳက္။ဒါေပမယ့္သူကၽြန္ေတာ့္ကို
ေခါင္းထဲထည့္လိုက္တဲ့အထိ
ျပေသာဥပမာမွာ စိတ္ထဲဖ်င္းခနဲေတာင္
မျဖစ္ခဲ့ဘူး။သူကလည္းဆိုတဲ့ ခြန္းတုံ႔ျပန္မွု
ကိုသာလုပ္နိုင္ခဲ့တယ္။

"Jungkook Hyungနဲ႔တရားဝင္ျပတ္ဆဲ
ၿပီးရင္ေရာ ေနာက္ထပ္အခ်စ္တစ္ခု
ေလာက္ဆက္ရွာေဖြဖို႔ရွိလား...."

"ဘာလုပ္မလို႔လဲ......"

"ဘာလို႔ ျပန္ေမးေနတာလဲ ေျဖပဲေျဖ"

"ငါ ထပ္ခ်စ္လို႔ရရင္ ခ်စ္မွာေပါ့"

"Stickerေလးေနရာေရြ႕ေနတယ္
ကၽြန္ေတာ္ေရႊ႕ေပးမယ္ ၿငိမ္ၿငိမ္ေန...."

အေျဖတြင္သိသိသာသာႀကီးမျပဳံးမိေအာင္
ထိန္းလိုက္ရၿပီး ထိုအေျဖေပၚသိပ္စိတ္ဝင္စား
မွုမရွိဟန္လည္းေဆာင္ကာ မ်က္လုံးေအာက္က
Stickerေလး ပါးေပၚေရြ႕ေနတာကိုေနရာတက်
ျပန္ကပ္ေပးလိုက္သည္။

မ်က္ႏွာႏွစ္ခုအလြန္နီးကပ္ကပ္အေျခအေန။
Jimin မသိေနတာမဟုတ္ဘူး မရိုးသားျခင္း
ေသာအေငြ႕အသက္ေတြကိုသိေနခဲ့တယ္။
အဲ့ဒီေလာက္လည္းတုံးတုံးအအမွမဟုတ္ခဲ့တာ။
ဒါေပမယ့္ သူ႔အတြက္လည္းႏြံေတြပဲ။

ဇိုးကနဲဇက္ကနဲ ရဲတင္းတဲ့အထိအေတြ႕ေတြမွာ
ျငင္းခ်ိန္လက္ခံခ်ိန္မရ ေမ်ာေမ်ာပါသြားတာ။
ကိုယ့္ကိုကိုယ္မသိခ်င္ေယာင္ေဆာင္ေနၿပီး
Jeon နဲ႔အက္ေၾကာင္းေတြကိုေတ့ေတ့ဆိုင္ဆိုင္
ရွင္းဖို႔စိတ္မဝင္စားေတာ့ဘဲ
ဒီေကာင္ေလးနဲ႔ ဟိုလိုဒီလိုအေျခအေနေတြ
အေပၚပဲ အားသာသြားခဲ့တဲ့ပုံပဲ။

"သိပ္ၾကည့္လို႔ေကာင္းတာပဲ သူ႔မ်က္ႏွာေလးက
တစ္ခါတေလမွာ ခ်စ္စရာေကာင္းၿပီး
တစ္ခါတေလ သိပ္ေခ်ာေမာလြန္းတယ္
တစ္ခါတေလက် မၾကည့္ရဲေလာက္ေအာင္
တစ္ဖက္ေစာင္းနင္းေတြလည္းဆန္တယ္
လွတာ....သိပ္လွတယ္လို႔ေျပာခ်င္တာ သိလား"

"သိတယ္....ဒီမွာၾကာေနၿပီ ေရခ်ယ္
တစ္ေယာက္ထဲ အျပင္ထြက္ရေအာင္..."

အတည္ေပါက္ႀကီး ေျပာလာတဲ့အခါ
မေနတတ္လာေတာ့။ ေဘစင္ေပၚက
ခုန္ဆင္းေတာ့ ဆြဲဖမ္းထိန္းထားေပးေသးသည္။
မထိတထိ အထိအေတြ႕ေတြဟာ သူတို႔ဆုံတိုင္း
တစ္မ်ိဳးမဟုတ္တစ္မ်ိဳးႏွင့္အျမဲတမ္း။

အျပင္ျပန္ေရာက္တဲ့အခါJiminက
ေသာက္စရာတခ်ိဳ႕သြားထပ္ယူသည္။
Rioသည္ေရခ်ယ့္နားတြင္ကပ္ထိုင္လိုက္သည္။

"ၾကာလိုက္တာ
ဘာေတြလုပ္ေနတာလဲ...ငါေသာက္တာ
တစ္ပုလင္းကုန္ေတာ့မယ္.."

"ေရခ်ယ့္ကို ကၽြန္ေတာ္ဒီမွာတစ္ေယာက္ထဲ
မထားခဲ့ပါဘူး ဘာလို႔ေဒါသေတြထြက္ေနတာလဲ"

သစ္သီးတစ္ခုကိုခက္ရင္းနဲ႔ထိုးေပးကာ
ေရခ်ယ့္လက္ထဲသို႔ျပဳံးျပဳံးေလး
ထည့္ေပးလာသည္။ဂ႐ုတစိုက္ေခ်ာ့ျမဴေသာ
အျပဳအမူတြင္ ေရခ်ယ္သည္ မပြင့္တပြင့္
ျပဳံးလၽွက္ သစ္သီးကိုယူကာစားလိုက္သည္။

Rioသည္ေရခ်ယ္သစ္သီးစားေနျခင္းကို
စိုက္ၾကည့္ကာေခါင္းထဲတြင္အေတြးေတြအမ်ားႀကီး။

ရိုင္းရိုင္းဆိုရရင္ ခုသူလုပ္ေနတာ
မျပတ္ဆဲရေသးေသာသူမ်ားရည္းစားကို
ေပၚတင္ေက်ာ္ဖို႔ေတြးေတာေနတာပဲ။
အေၾကာင္းျပခ်က္သည္ သူ Jiminအေပၚ
လုံးဝၿပိဳလဲေနၿပီ။ဘယ္သူဘယ္ဝါ ဘာမွန္း
မသိခင္ထဲက ႀကိဳက္လြန္း၍႐ူးခဲ့ရၿပီး
ထပ္ခါထပ္ခါေတြ႕ရေတာ့ပိုလို႔
ပင္တရားမရနိုင္ေတာ့ပါ။

ေနာက္ထပ္အေတြးက JeonJungkook
ဟာသူနဲ႔ယွဥ္လာရင္ အဘက္ဘက္ကလုံးဝအကြာႀကီး
ဆိုတာရယ္ ယဲ့ယဲ့ေလးသာက်န္ေတာ့ေသာ
ဆက္ဆံေရးတစ္ခုဟာ ဇာတ္သိမ္းခါနီးၿပီဆို
တာကိုသိေနတာရယ္ လုပ္သင့္ရဲ့လားလို႔
စိတ္ေကာင္းစိတ္မွန္ေလးဝင္လာခ်ိန္ParkJimin ရဲ့
အျပဳံးေတြက ေႏွာက္ယွက္လာရင္ သူဒီလူကို
ပိုင္ကိုပိုင္ရမွျဖစ္မည္ဟု တရားေသေတြးခဲ့တဲ့သူ။

ျပႆနာမတက္ခ်င္ေသးေသာအခ်ိန္ေတြမွာ
ေတာ့ သူလုပ္ေနတာေတြကိုဘယ္သူမွမရိပ္မိ
ေစလိုပါ။Jimin သူ႔ဘက္ကိုေသခ်ာပါၿပီဆိုမွ
JeonJungkook နဲ႔ၿငိခ်င္လည္းၿငိလိုက္မည္။
တေလာကလုံးနဲ႔သတ္ရလည္းသတ္လ္ိုက္မည္။
ေရခ်ယ္ သိရင္ တစ္ဖက္လူဆီခ်က္ခ်င္းျပန္ေရာက္
မွာကိုသိတာေၾကာင့္ ေရခ်ယ့္က္ိုလည္းအပိုင္
ေပါင္းခဲ့သည္။

ေဘးလူကၾကည့္လာရင္ Rioဟာေရခ်ယ္နဲ႔ပဲ
တြဲေနသလိုလိုမ်ိဳး အခ်ိန္မတန္ခင္
မလိုလားအပ္တဲ့အာ႐ုံေတြမေနာက္ေအာင္
ေရခ်ယ္နဲ႔လည္းအဆင္ေျပေအာင္ေနခဲ့တဲ့သူ။

Jimin ျပန္ေရာက္လာတဲ့အခါ၃ေယာက္သား
စိတ္လြတ္ကိုယ္လြတ္ပဲ ဆက္လက္ကခုန္မူး႐ူး
ခဲ့သည္။ TaeHyung သည္ခုတေလာMinYoongi
အားအေျဖလိုက္ေတာင္းေနရ၍သူငယ္ခ်င္း
ေတြဘက္မလွည့္နိုင္ခဲ့တဲ့အခ်ိန္ Rioသည္
ေသခ်ာေသာေနရာတစ္ခုကိုေတာ့ရခဲ့ပါ၏။

Club ၏ဆူညံေသာ Beatေတြ ေတာက္ပေသာ
မီးေရာင္စုံေတြေအာက္ ေရခ်ိန္ကိုက္လာတဲ့အခါ
Hot ရမ္းေနေသာကကြက္မ်ားျဖင့္ကခုန္လၽွက္
တစ္ခါတေလအမူးလြန္ယိုင္နဲစြာ
Rioရင္ခြင္ထဲၿပိဳဆင္းဆင္းသြားေသာ Jimin ကို
ထိန္းေပးရင္း ။တစ္ခါတေလတစ္ေယာက္မ်က္ႏွာ
တစ္ေယာက္ အစြမ္းကုန္ျပဳံးၾကည့္ကာကဲခဲ့ၾကသည္။

လြတ္လပ္ေပ်ာ္ရႊင္တယ္ဟုထင္ခဲ့ေသာ
အခ်ိန္ေတြပဲ။ဒါက ဘဝရဲ့ေပ်ာ္ရႊင္မွုအစစ္ဟု
အထင္လြဲခဲ့တဲ့ပုံစံပါပဲ။Jimin မ်က္လုံးထဲ
သူနဲ႔ထပ္တူ သူ႔အႀကိဳက္အကုန္လိုက္ကာ
အလိုလိုက္ေပးေသာေကာင္ေလးသည္
အလြန္အဆင္ေျပလာသည္။
သူလိုခ်င္တဲ့ပုံစံေလးဟုတစ္ခါတေလလွစ္ခနဲ
လၽွက္ခနဲေတြးမိတာမ်ိဳးေလးေတြလည္းရွိသည္။

သူလိုခ်င္ေအာင္လုပ္ယူေနထိုင္ေနတယ္ဆိုတာ
ေတာ့လွမ္းမေတြးခဲ့ဘူး။Rio RealLifeရဲ့Character
အစစ္ေတြဘာေတြJimin မသိခဲ့ဘူး။
ျပတာအကုန္အမွန္ပဲ။

အျပစ္တင္လို႔မရေအာင္လည္း
တစ္စုံတစ္ေယာက္ကသူ႔ကို "ေမာင္"
ဆိုတဲ့ကမၻာတစ္ခုထဲမွာပဲပိတ္ထားခဲ့တာကို။
အတုအေယာင္ျပတင္းေပါက္ေတြအေၾကာင္း
ေမာင္က ကေလးကိုသင္မေပးဘဲ တားခ်င္လာရင္
အေျပာမတတ္တဲ့ၾကမ္းတမ္းေသာစကားေတြနဲ႔ပဲ
မာန္ေဟာက္ခဲ့ေတာ့ အတုအေယာင္ေတြက
မက္စရာျဖစ္လာၿပီး ေမာင္က လူဆိုးႀကီးျဖစ္လာခဲ့
တာမ်ိဳး။

ည၁နာရီေက်ာ္လာတဲ့အခါ ေရခ်ယ္ကအိမ္ျပန္
သင့္ၿပီျဖစ္တာေၾကာင့္အိမ္ျပန္ဖို႔ရန္ျပင္ဆင္သည္။
ေရခ်ယ္မူးေနၿပီျဖစ္၍ကားထားခဲ့ကာ
Rioကထုံးစံအတိုင္း၂ေယာက္လုံးကိုလိုက္ပို႔
ဖို႔ျဖစ္လာသည္။ေရခ်ယ့္ကိုအရင္ျပန္ပို႔ေပးၿပီး
တဲ့ေနာက္ Jiminရက္ကြက္ထဲကိုကားခ်ိဳးေကြ႕
လာတဲ့အခါ Jimin က ကားေမာင္းေနသည့္
Rioလက္ေတြကို ထိကိုင္ကာလွမ္းတားဟန္ျပဳသည္။

"ဘာျဖစ္လို႔လဲ"

"ဒီမွာပဲရပ္...အိမ္ေရွ႕အထိမေမာင္းနဲ႔ေတာ့
အေမေစာင့္ေနရင္ မင္းကိုေတြ႕လို႔
ေမးခြန္းေတြေမးမွာ အာ႐ုံေနာက္လ္ို႔
လမ္းပဲေလၽွာက္သြားလိုက္မယ္..."

"ျဖစ္လို႔လား...."

"ငါ့ရက္ကြက္ပါ..."

"ေကာင္းပါၿပီ...."

"ဒါဆိုသြားၿပီ ဒီေန႔အတြက္ေက်းဇူးပဲ..."

ႏွုတ္မဆက္ခ်င္ဘူး။အျမဲတမ္းသာအတူတူ
Beatေတြၾကားေပ်ာ္ေမြ႕ေနခ်င္တာပဲ။
ကားေပၚကဆင္းေတာ့မယ့္လက္ေကာက္ဝတ္
ေလးကိုဆြဲထားေတာ့ ျပန္ၾကည့္လာေသာမ်က္လုံး
ေလးေတြ ၇ပတ္ေတာင္မျပည့္ေသးေတြ႕ရတာ
ေတာင္ရင္ဆိုင္ရတိုင္းရင္ထဲလွိုင္းထန္ေနရင္
၇ႏွစ္တာလူေတာ့ဘယ္လိုမ်ားျဖတ္သန္းခဲ့မလဲမသိ။
မနာလိုစရာပဲ။

"ဘာလဲ....."

"ေနာက္ေန႔ေတြလည္းေတြ႕မယ္ေနာ္"

"ေတြ႕ေလ....သြားၿပီ ကားကိုဂ႐ုစိုက္ေမာင္း
မင္းကားေမာင္းတာၾကမ္းလြန္းတယ္..."

"ဟုတ္ကဲ့ဗ်..."

ရိုက်ိဳးသလိုဟန္ျဖင့္သြားစြယ္ေလးေပၚေအာင္
ျပဳံးလၽွက္ညိဳ႕ငင္အားေတြတြင္ Jiminသည္လည္း
ခပ္ပါးပါးေလးျပန္ျပဳံးျပကာ ကားေပၚကဆင္းသြား
ၿပီးတစ္ေယာက္ထဲအိမ္ကိုလမ္းေလၽွာက္ျပန္ခဲ့သည္။

ျပဳံးသြားလိုက္ ျပန္ထိန္းလိုက္ႏွင့္သူကေလးဆန္
ေသာအေတြးေတြအမ်ားႀကီးေတြးခဲ့ေသာပုံ။
ေျခလွမ္းေတြသည္ခပ္ႂကြႂကြေလး။Leather
ဂ်ာကင္ကိုေနာက္ျပန္ဆြဲပုခုံးေပၚတင္လာကာ
လိေမၼာ္ေရာင္ဆံပင္ေတြသည္ေလထဲတလြင့္လြင့္။
အိမ္တံခါးေရွ႕ေရာက္လာတာေတာင္
သူ႔ကိုယ္သူသိပ္မသိခဲ့ပါ။

"ParkJimin....."

အိမ္တံခါးဖြင့္ဝင္ဖို႔ျပင္ဆင္လိုက္ခ်ိန္တြင္
ေနာက္ဘက္မွေအးစက္စက္အသံေၾကာင့္
တုန္ခနဲ။ျပန္လွည့္ၾကည့္ေတာ့အိမ္၏ခပ္လွမ္းလွမ္း
တြင္ထိုင္ေနေသာအနက္ေရာင္လူသားသည္
ငုတ္တုတ္ႀကီး။သူဒါႀကီးကို
ေက်ာ္ခြလာမိတာလား။တကယ္ကိုမေတြ႕တာပါ။

"ဘာလုပ္ေနတာလဲ အခ်ိန္မရွိအခါမရွိအေမွာင္ထဲ.."

Jeon သည္ ထိုင္ေနရာမွထလာကာJimin
ဆီကိုေလၽွာက္လာသည္။

"ဒါ အိမ္ျပန္ခ်ိန္လား..."

"ေအးေလ....."

အလုပ္မွာ ထိထိေရာက္ေရာက္တစ္ခုေအာင္ျမင္
ခဲ့၍ေပ်ာ္ရႊင္မွုအားမၽွေဝရန္Jeonည၇နာရီထဲက
လာေစာင့္ေနျခင္းျဖစ္သည္။အလုပ္နဲ႔ပတ္သတ္ၿပီး
ကေလးဘက္ကမေက်နပ္ခဲ့တာေတြမ်ား၍ျဖစ္ေျမာက္
လာၿပီဆိုတာကိုလည္းသိေစခ်င္ကာေပ်ာ္ေပ်ာ္ရႊင္ရႊင္
စိတ္ေတြသည္ ဝမ္းနည္းမွုနဲ႔ေဒါသ
အသြင္ေျပာင္းသြားသည္။

"ParkJimin...."

"အခ်ိန္မေတာ္ မ်က္စိလည္လမ္းမွားလြင့္လာရင္
လည္း ကိုယ့္အိမ္ျပန္လြင့္လိုက္ ငါမူးလာတယ္
အိပ္ခ်င္ေနၿပီ ရန္မျဖစ္နိုင္ဘူး..."

ခ်ာကနဲလွည့္ထြက္သြားေသာလူ၏လက္ေတြအား
Jeonကျပန္ေဆာင့္ဆြဲေတာ့ပါလာသည္။

"JeonJungkook !!"

"ဘယ္သြားတာလဲ...ဘာလုပ္တာလဲ
ဘယ္သူေတြနဲ႔လဲ....ငါ့ကိုအမွန္ေျဖ"

"ဘာလုပ္မလို႔လဲ...ငါသြားလာေနတာ
ရက္ေပါင္းေျမာက္ျမားစြာၾကာေနၿပီ
ခုမွ လာတေရးနိုးမေနနဲ႔ ဘာေသာက္ျပႆနာ
လုပ္ခ်င္လို႔ ည၁နာရီအထိ ေစာင့္ေနတာလဲ
ဆိုတာပဲ မင္းအရင္ေျဖလိုက္..."

"ငါ....."

မေျပာနိုင္ဘူး။ေျပာလိုက္ရင္အေျခအေနကမဆိုး
နိုင္ေလာက္ေပမယ့္Jiminရဲ့အျပဳအမူစကားလုံး
ေတြတြင္ Jeon ဝမ္းသာစရာကိစၥကိုမေျပာခ်င္ေတာ့ဘူး။

"ျပႆနာလုပ္ခ်င္လို႔သတိရလာလို႔မလား
ျပန္လိုက္ေတာ့...လစ္..."

"မင္းစကားေျပာတဲ့အခ်ိဳးကိုျပင္စမ္း
ငါရန္သူမဟုတ္ဘူး Jiminျမင္တာနဲ႔တိုက္ခိုက္
မေနနဲ႔..."

"ငါမင္းကိုၾကည့္မရဘူးေလ....."

Jimin သည္ အေမွာင္ထဲမွာထပ္မဲေမွာင္ေနတဲ့
ေဒါသသမားႀကီး၏မ်က္ႏွာအားစိတ္ပ်က္သလို
တစ္ခ်က္မၽွၾကည့္ကာ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
ထို႔ေနာက္ Jeonမ်က္ႏွာကိုေသခ်ာမၾကည့္
ေအာက္ငုံ႔လၽွက္....

"Jungkook....ငါတို႔လမ္းခြဲရေအာင္..."

"ေအး ခြဲ ငါ့ကိုမင္းဘယ္သြားတယ္
ဘာလုပ္တယ္ကိုပဲအရင္ေၿဖ ဆယ္ခါျပန္ခြဲ
အခါတစ္ရာခြဲ ခြဲခ်င္သလိုခြဲ....."

မကြဲဘူးေလ။သူယုံၾကည္ခဲ့တာ။
သူစနစ္တက်ျပင္ဆင္ထားမွုေတြနဲ႔
မၾကာခင္အခ်ိန္မွာHappyEndingျဖစ္ေတာ့မွာ။
ကေလးတစ္ေယာက္ရဲ့ကေလးဆန္တဲ့စကားေတြအေပၚ
ေလၽွာက္လိုက္ခံစားေနဖို႔အားမေနခဲ့ဘူး။

"ငါတကယ္ေျပာေနတာ!!!!"

ေအာ္ဟစ္ေျပာပုံကအမွန္တကယ္ႀကီးလို႔
ျဖစ္တာမို႔Jeonက Jiminအားစိုက္ၾကည့္လာသည္။

"ငါတကယ္ကိုေျပာေနတာပါ...ငါမင္းကို
စိတ္ကုန္ေနၿပီ မင္းလည္းငါ့ကိုႏွစ္ေတြအမ်ားႀကီး
တြဲမိခဲ့လို႔ လမ္းခြဲရမွာခက္ေနလို႔ညႇိႏွိုင္းေနေပးေနတာ
မလား ဘာမွအားနာေနစရာမလိုေတာ့ဘူး
ငါတို႔ ျပတ္ဆဲသြားၿပီးရင္လည္းငါမင္းကိုဘာမွ
အျပစ္ေတြမတင္ပါဘူး....ငါတ္ို႔ေတြကငယ္သူငယ္ခ်င္း
ေတြပဲ ေကာင္းမြန္တဲ့ဆက္ဆံေရးေလးနဲ႔..."

"Jimin သား...ဘာျဖစ္ေနတာလဲ...."

အိမ္ေရွ႕မွာအသံေတြက်ယ္သြားၿပီမို႔Jimin
အေဖေရာအေမပါၿခံျပင္ထြက္လာၾကသည္။

"Jungkook နင္ကဘာလုပ္ေနျပန္တာလဲ...."

"စကားေျပာေနတာေလ မျမင္ဘူးလား..."

"အေမတို႔ပါလာရင္မေကာင္းေတာ့ဘူး
သြားျပန္ေတာ့ သြား..."

"ဘာလို႔သြားရမွာလဲ
မင္း....စကားအေျပာအဆိုေတြကိုဆင္ျခင္ေနာ္
မင္းကဘယ္အေျခအေနမွာပဲျဖစ္ျဖစ္
ငါ့အပိုင္ဆိုတာေခါင္းထဲမေသမခ်င္းမွတ္ထား.."

မ်က္ႏွာတည့္တည့္လက္ညိဳးထိုးကာ
သတိေပးပုံကအသဲနာစရာ။
အျပဳအမူသည္ခပ္ရိုင္းရိုင္း။စိတ္ထဲအခ်စ္ေပ်ာက္
ေန၍ Jimin ဒီအမူအယာကိုလုံးဝမႀကိဳက္ေတာ့။

"နင္က ဘာမလို႔ ငါ့သားကို လက္ညိဳးထိုးၿပီး
စကားေျပာတာလဲ ထြက္သြားစမ္း ငါ့ၿခံေရွ႕က!!"

"ParkJimin ဆီလာတာ ParkJimin နဲ႔
စကားေျပာလို႔မၿပီးမခ်င္းမထြက္သြားနိုင္ဘူး.."

"မင္းနဲ႔ငါ ၿပီးေနၿပီေလ...ဘာေတြေျပာစရာရွိေသးလို႔လဲ"

"နင့္ကိုဒီမွာဘယ္သူ႔မွလိုအပ္မေနဘူး
Jungkook လာမရမ္းကားနဲ႔!!"

"အန္တီ့ ခဏေလာက္တိတ္ေနေပးလို႔္မရဘူး
လား ဘာလို႔ထြက္လာတာလဲ ျပန္ဝင္..."

"ဘာ!!!"

"ငါစိတ္ရွုပ္လာၿပီ....ငါစိတ္ေတြလည္းကုန္လြန္းတယ္
မင္းဆိုရင္ ျပႆနာေတြပဲတက္ေနရတာကို
မင္းေပ်ာ္ရႊင္ေနတာလား Jungkook
မင္းမ်က္ႏွာကို ျမင္ရရင္ကိုငါမြန္းက်ပ္တယ္!!"

"စိတ္မေကာင္းဘူးParkJimin
တစ္သက္လုံးၾကည့္သြားရမွာ
မြန္းက်ပ္ပါတယ္ဆိုတဲ့ ဒီမ်က္ႏွာႀကီးကိုပဲ
မိုးလင္းမိုးခ်ဴပ္ၾကည့္ေနရမွာ ငါကလြဲၿပီး
မင္းမွာၾကည့္စရာမ်က္ႏွာမရွိဘူး
မင္းကိုၾကည့္မယ့္မ်က္ႏွာလည္းငါကလြဲၿပီးမရွိဘူး
ဆိုတာက်ပ္က်ပ္မွတ္!!!"

"ဟာသပဲ....ငါ့ကိုၾကည့္မယ့္မ်က္ႏွာတဲ့လား
ဘာေတြျမင္ခဲ့သလဲ ေျပာပါဦး ထြက္သြားစမ္းပါ
ေပ်ာ္ပိုက္သလိုေနစမ္းပါ စိတ္အနာတရေပးဖို႔
က်မွ ေရာက္ေရာက္မလာပါနဲ႔လို႔ ငါေျပာတာ
အထပ္ထပ္အခါခါျဖစ္ေနၿပီ..."

"Jimin ေတာ္ေတာ့ ေဘးမွာပတ္ဝန္းက်င္
နဲ႔ ေအးေဆးေဆးေဆးေနာက္မွစကားေျပာၾကည့္
ၾက..."

Jiminပုခုံးေတြကိုဆြဲဖက္ကာ ၿခံထဲသို႔ျပန္ဝင္
ေတာ့မည့္လူသည္တရားသမားလိုလို။
Jeonသည္ Jiminအားျပန္ေဆာင့္ဆြဲေတာ့သည္။

"JeonJungkook!!!!"

Jiminအေမ၏ထိရာမိရာရိုက္ခ်က္သည္
လက္ေမာင္းတစ္ဖက္ဆီစိမ့္ခနဲ။

"ခင္ဗ်ား သူ႔ကို မထိနဲ႔....ခင္ဗ်ားအေဖအရင္း
မဟုတ္ဘူး Jiminက ခင္ဗ်ားေသြးသားမဟုတ္ဘူး
ခင္ဗ်ားနဲ႔ ဒီကိစၥေတြဟာ လုံးဝမဆိုင္ဘူး..."

"Jimin က ငါ့သားပဲ...Jimin အေမကို
သိပ္ခ်စ္လို႔ Jiminကငါ့သားအရင္း
ငါ့မိသားစုကိုငါကာကြယ္ရမယ္...."

ထိုလူသည္ Jeonလက္ထဲကJimin အား
ျပန္ဆြဲေခၚသည္။

"ငါ့သားကို ထပ္မေႏွာက္ယွက္နဲ႔....
ေသြးရင္းမွ သားမဟုတ္ဘူး တကယ္ခ်စ္ရင္
လည္းသားျဖစ္တယ္"

Jimin ေရာ သူ႔အေမပါ အယုံလြယ္ပုံမ်ား။
Dramaေတြထဲကလိုအဲ့ဒီလူကိုၾကည့္ေနလိုက္ၾကတာ။
ကၽြန္ေတာ္စိတ္မခ်အဲ့တာေတြေပါ့။သူဘာမွမသိဘူး။
သိေအာင္ေျပာလည္းလက္မခံဘူး။၁၈ႏွစ္အရြယ္
ကေနဆက္မဖြံ႕ၿဖိဳးေတာ့တဲ့ဦးေႏွာက္ေလးဟာ
စိစိညက္ညက္ထုေခ်ပစ္ခ်င္စရာပဲ။

"ျပန္ေတာ့ !!!"

ႏွင္သူသည္ လူ၂ေယာက္ၾကား
သူ႔ကိုရက္ရက္စက္စက္။
မၾကာခင္လုပ္ေတာ့မယ့္ႏွစ္ကုန္ဂီတဆုေပးပြဲ
မွာသူ႔လက္ရာသီခ်င္းတစ္ပုဒ္စာရင္းပါခဲ့တဲ့
သတင္းကိုျပရန္ယူလာေသာဖုန္းကို
ေဘာင္းဘီအိတ္ေပၚမွထိကိုင္လိုက္ေသာ
လက္ေတြတုန္ခနဲ။

"ငါ့ကိုႏွင္စရာမလိုဘူး.. မင္းအိမ္ေရွ႕ကို
၁စကၠန့္ေတာင္ရပ္ခ်င္တဲ့ေကာင္မဟုတ္ဘူး
ငါ့ကို မႏွင္နဲ႔!!!ဘယ္ေတာ့မွမႏွင္နဲ႔ParkJimin
ငါနာက်င္တယ္ ..."

ျပင္းထန္တဲ့အၾကည့္ေတြနဲ႔လက္ညိဳးေတြသည္
Jimin အေပၚထပ္က်လာခဲ့ၿပီးေနာက္
Jeonသည္ လွည့္ျပန္သြားခဲ့သည္။
Jiminသည္လည္းေတာက္တစ္ခ်က္ေခါက္ကာ
အိမ္ထဲသို႔ကမူးရွုးထိုးဝင္သြားခဲ့သည္။

"အဲ့လူရိုင္းေကာင္နဲ႔ျမန္ျမန္ကင္းရွင္းခ်င္လွၿပီ....."

~~~~~~~~~~။

Continue Reading

You'll Also Like

1.1M 110K 51
တဖက်ထဲစုန်ခဲ့ပေမယ့်.. သူ့ဘက်ကဆန်တက်လာတဲ့အခါ... ဒီရင်ခွင်မှာခြေရာငယ်တွေအပြည့်🌸
240K 36K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
766K 106K 64
သံသရာတစ်လျှောက်လုံးရဲ့နှင်းဆီနီနီ