Together with you

By Thaesulay-155

165K 4.9K 86

ဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထား... More

အမှာစာ
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀⚠⚠
အပိုင်း 11
အပိုင်း12
အပိုင်း 13
အပိုင်း13 (Zawgyi)
အပိုင်း 14
အပိုင်း 14(Zawgyi)
အပိုင်း 15
အပိုင်း 15 (zawgyi)
အပိုင်း 16
အပိုင်း 16 (zawgyi)
အပိုင်း 17
အပိုင်း 17(zawgyi)
အပိုင်း 18
အပိုင်း 18 (zawgyi)
အပိုင်း 19
အပိုင်း 19
အပိုင်း 20
အပိုင်း20(zawgyi)
အပိုင်း21⚠⚠
အပိုင်း21 ⚠⚠(zawgyi)
အပိုင်း22⚠⚠
အပိုင်း22⚠⚠(zawgyi)
အပိုင်း23
အပိုင်း23 (zawgyi)
အပိုင်း24
အပိုင်း24(zawgyi)
အပိုင်း25
25(zawgyi)
26⚠⚠⚠
26⚠⚠⚠(zawgyi)
27
27(zawgyi)
28 (zawgyi)
29
29(zawgyi)
30
30(zawgyi)
31
31 (zawgyi))
32
32(zawgyi)
33
33(zawgyi)
34
34(zawgyi)
35
35(zawgyi)
36
36(zawgyi)
37
37(zawgyi)
38
38 (zawgyi)
39
39(zawgyi)
40
40(zawgyi)
41⚠⚠
41(zawgyi)
42⚠⚠
42 ⚠⚠⚠(zawgyi)
43 final
43(zawgyi)final

28

2.2K 94 1
By Thaesulay-155

TV မှာလာတဲ့အစီအစဥ်ကိုကြည့်ပြီး နှုတ်ခမ်းသားများကွေးသွားသည့်အထိပြုံးလိုက်မိသည်။

" အဟက်....မနက်စောစောသတင်းကောင်းပဲ အဟင်း....နင်တင်မကဘူး နင့်အကောင် ဟိုမသာလေးပါ ပါရမှာ အဟက် အခုတော့ ငါရှင်းစရာတစ်ယောက်ပဲကျန်ပြီးပေါ့ ဟားဟား"

ထိုချိန်

"သမီး သီရိ ဒီနေ့ ထူးထူးဆန်းဆန်း အပြင်တွေထွက်ပြီး TV တွေဘာတွေကြည့်လို့ပါလား အဟင်း...အမေ့သမီးလေးကိုအမေ အခုလို့မြင်ချင်နေခဲ့တာ လာပါဦးအမေ့ဆီကို"

လက်၂ဖက်ကိုဆန့်တန်းပြီးခေါ်နေတဲ့ ဒေါ်သီရိခိုင်ရဲ့ရင်ခွင်ထဲကို မြတ်သီရိခိုင်တစ်ယောက်တိုးဝင်လိုက်ပြီး ဖက်ထားလိုက်သည်။

"ဒီနေ့ သမီးဝမ်းသာစရာသတင်းတစ်ခုမြင်လိုက်ရလို့ပါ မေမေရဲ့ အဲ့သတင်းကြောင့် နောက်ဆိုရင်သမီး အခန်းမအောင်းတော့ဘူး အရင်လိုပဲတတ်တတ်ကြွကြွပဲနေတော့မှာ"

"အဟားဟား...ဟုတ်ပါပြီရှင့် နေပါဦး အဲ့သတင်းကဘာများလဲ"

"အခုတော့ပြောလိူ့မရသေးဘူး နောက်သေချာမှပဲပြောတော့မယ် အဟိ"

"ကောင်းပါပြီရှင့် "

ဘာပဲဖြစ်ဖြစ်လေ သမီးဖြစ်သူက အဲ့နေ့ကကိစ္စပြီးတဲ့နောက်ပိုင်း အခန်းထဲကအပြင်ကိုတောင်သိပ်မထွက်ပေ။ထမင်းကိုတောင်အခန်းထဲသွားပို့မှစားသည်။အမြဲတမ်းတမှိုင်မှိုင်တထွေထွေနဲ့သာ သူ့အဖေဆုံးတော့ ကျန့်ခဲ့တဲ့ ဦးလင်မြတ်ရှိန်ရဲ့ ပစ္စည်များကိုထုခွဲရောင်းချပြီးစားနေခြင်းဖြစ်သည်။

အခုတော့ သမီးဖြစ်သူက အရင်ပြန်ဖြစ်လာတာကြောင့် အနည်းငယ်စိတ်ချမ်းသာမိသည်။ မြတ်သီရိခိုင်ပြောတဲ့သတင်းဆိုတာကိုလည်း သူ့သမီးစိတ်ချမ်းသာအောင်မမေးဖြစ်တော့ပေ။

ဒေါ်သီရိခိုင်တစ်ယောက် သမီးဖြစ်သူမြတ်သီရိခိုင်လူယုတ်မာပြုံးပြုံးလိုက်သည်ကိုတော့မမြင်လိုက်ပေ။

🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕

"စိတ်ထိန်းပါ လင်းရယ် ရဲတွေလည်းရှာနေတာပဲ တွေ့မှာပါ"

"အဟင့်.....အသွေး.... မောင် ငါ့ကိုအရမ်းချစ်တာ သူပြန်လာမှာပါနော် "

"ဒါပေါ့ လင်းရဲ့ နင့်မှာသူ့ရင်သွေးလေးရှိနေတာ သူကျိန်းသေပေါက်ပြန်လာလိမ့််မယ်"

"ဟုတ်တယ်မောင်ပြန်လာမှာ အဟင်း....မောင့်...ဟင့်...မောင်ပြန်လာခဲ့ပါ လင်းမောင်ပြန်မလာရင် ဒီကလေးကိုမမွေးဘူးလို့ မောင့် အဟင့်...အီး...ဟီး"

ကျိုးပဲ့နေတဲ့အဂ်တေတွေကိုမှာ အဝါရောင်ကြိုးတန်းတွေနဲ့ကာထားပြီးအထဲမှာ ရှိတဲ့လူတွေ ပိတ်မိနေတဲ့လူကို တစ်ယောက်ပြီးတစ်ယောက် ကန့်နဲ့တင်ကာ ထုတ်လာတိုင်း လင်းမှာ လိုက်လိုက်ကြည့်ရတာအမောပင်။

အထဲကိုလည်းဝင်လို့မရတာကြောင့် ကြိုးတန်းအပြင်ဘက်ကနေ အော်ပြောရင်း တရှံ့ရှံ့ငိုနေတဲ့လင်ကိုကြည့်ပြီး ရောင်နီသွေး သနားမိသည်။ သူလည်းသတင်းကြားကြားချင်းလာခဲ့တာပဲ ဟိုရောက်တော့ မျက်ရည်တွေနဲ့ တငိုငိုတရီရီဖြစ်နေတဲ့သူငယ်ချင်းလေးကိုကြည့်ပြီး သူပါရောငိုမိသည်။

ရက်စက်လိုက်တာကံကြမ္မာရယ် သူ့သူငယ်လျင်းလေးအပေါ်ရက်စက်မှုတွေက ဘာလို့အခုထိမကုန်နိုင်သေးရတာလဲ ဘာများနောက်ထပ် ထပ်ပြီးပေးရဦးမှာလဲ လူ့လောကကြီးထဲမှာ နိုပ်စက်မှုတွေနဲ့နေခဲ့ရတဲ့သူ့သူငယ်ချင်းလေးကို ပျော်ရွင်မှုတွေရခါနီးမှထပ်ပြီးနှိပ်စက်လိုက်ပြန်ပြီး

လူ့လောကထဲကိုမရောက်သေးတဲ့ သူ့သူငယ်ချင်းလေးရဲ့ဗိုက်ထဲက ကလေးလေးက အဖေမရှိပဲ ကြီးပြင်လာရတော့မှာလား

🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

ဒေါ်နန်းသုသုသော်တစ်ယောက် နိုက်ကလပ်မှာ ဧည်သည်တွေကိုစကားပြောနေတုန်း ထမြည်တဲ့ဖုန်းကြောင့် ဧည့်သည်တွေကိုခဏထားခဲ့ကာဖုန်းပြောရန်အပြင်သိုခဏထွက်လာခဲ့တော့သည်။

"ဟယ်လို...."

"........."

"ဘာ!. ..... ဘယ်ဆေးရုံလဲ....ကောင်းပြီး...ငါအခုလာခဲ့မယ် လင်းလက်သစ်ရောအခုဘယ်မှာလဲ"

"........."

" အင်း....သူကိုအရမ်းအပင်ပန်းမခံနဲ့ သူမှာ မပေါ့မပါးကြီးနဲ့ ပြီးတော့ သီဟ လင်းလက်သစ်ကိုသေချာစောက်ရှောက်ထားပါ ဘယ်သူမှသူ့ကိုထိခိုက်တာမျိုးငါမလိုချင်ဘူး ဒီကိစ္စက မရုိးဘူးဆိုတာနင်လည်းသိမှာပါ ငါအခုလာခဲ့မယ်"

"......"

"အင်း ကောင်းပြီး"

ဒေါ်နန်းသုတစ်ယောက်ဖုန်းပြောပြီးတာနဲ့ တင်းထားသမျှစိတ်တွေကိုလွှတ်ချလိုက်ပြီး ကြမ်းပြင်ပေါ်ကိုထိုင်ချလိုက်ပြီး ရှိက်ကြီးတငင်ငိုတော့သည်။

သူနောက်ထပ် ထပ်ပြီးဆုံးရှုံးရပြန်ပြီလား အမဖြစ်သူကိုလည်းမစောက်ရှောက်နိုင် အခုအမရဲ့ကိုယ်ပွားဖြစ်တဲ့ တူဖြစ်သူ နေခကိုပါ သူမစောက်ရှောက်နိုင်ပြန်ဘူး သူတော်တော်အသုံးမကျတာပဲ

"မသု...."

သူ့ကိုဖက်ပြီးနှစ်သိပ်ပေးတဲ့ သူ့ရဲ့အတွင်းရေးမှုးမလေး ကြည်ပြာ ကြောင့် နန်းသုတစ်ယောက်ပိုပြီးငိုမိသည်။

"ကြည်ပြာ...ငါတို့အဲ့ကိုသွားကြမယ် ပြီးတော့နောက်ကွယ်ကလူကို ငါ့ကိုစုံစမ်းပေးပါ"

"ဟုတ်"

🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓

"အဟားဟား....မိုက်လိုက်တာအမေရာ ကျနော်အဲ့ကောင်ကို တစ်စက်ကလေးတောင်ကြည့်ရတာမဟုတ်ဘူး အခုအမေလုပ်လိုက်တာအရမ်းမိုက်တယ်"

"အဟင်း....ငါက မင်းအမေပါ အဟင်းဟင်း....အခုတော့ဘယ်နှယ့်ရှိစ အဟက် မြင့်မြတ်ခင်ကို ဒါမျိုးလာလုပ်လို့တော့မရဘူးလေ"

"ဟားဟား....ဟုတ်ပါပြီဗျာ အဲ့ဒါကြောင့်အမေ့ကိုချစ်နေရတာ....နေမင်းခလည်းမရှိတော့ဘူးဆိုတော့ လင်းလက်သစ်ကိုကျနော်ပိုင်ပြီးပဲ ဟားဟားဟား"

"တော်စမ်း ဘာမှမဟုတ်တဲ့အကောက်ကိုပဲစိတ်ထဲရောက်နေတယ် သူကလဲဲပီးတစ်ခြားတစ်ယောက်ရှာ"

"ဟာအမေကလည်း....သားကသူ့ကိုပဲချစ်တာမရဘူးသားသူ့ကိုပဲယူမှာ"

ပြောပြီးထသွားတဲ့သား​ဖြစ်သူကြောင့် ဒေါ်မြက်မြတ်ခင်တသိယောက်သွေးတတ်ရတော့သည်။

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

"အား...အင်း ကျွတ်...ကျွတ်...ဟင်ငါဘယ်ကိုရောက်နေတာလဲ"

နေမင်းခတစ်ယောက်ဘေပတ်ပတ်ကိုကြည့်လိုက်တော့မှအသိဝင်တော့သည်။ သူ့ဘေးနားကအဂ်တွေအကျိူးတွေကြောင့် သူဆေးရုံကားပါကင်မှာ ကားထဲကိုဝင်ခါနီး ဗုံးပေါက်ပြီး ပြိုကျလာတဲ့အုပ်ချပ်တွေကြောင့် ကားဘေးမှာထိုင်ချလိုက်ပြီးခေါင်းကိုငုတ်ထားလိုက်မိသည်။

တော်သေးသည်။ ကားဘေးမှာသူ့ဆီကိုသိပ်မထိခဲ့ပေ။ အနည်းများတော့ထိမိတာပေါ့ ကျိုးကျလာတဲ့အုပ်ချပ်ကိုလက်နဲ့ကာမိတာကြောင့်လက်ကိုထိမိသွားပြီးဘယ်ဘက်လက်က အခုလှုပ်လို့သိပ်မရပေ။ လှုပ်လိုက်လျင်လည်းအရမ်းနာနေသည်။

ခေါင်းမှာလည်းခိုက်မိထားရာသွေးတွေက အနက်ရောင် suitမှာပေကျံနေပြီး မျက်နှာမှာလည်း ဒဏ်ရာအနည်းကယ်ရထားတော့သည်။

ဒါဆို လင်းရော လင်းကသူ့ကိုမျှော်နေလိုက်မယ် သူသတိမေ့နေတာဘယ်၂ရက်ရှိမှန်မသိပေ။ သူ လင်းဆီကိုပြန်ရဦးပေမည်။ လင်းနဲ့သူ့ရင်သွေးလေးကိုကြည့်ရပေဦးမည်။

ထိုချိန် သူဆီကိုလာနေတဲ့ခြေသံအချို့ကြောင့် နေမင်းခ လည်း အားယူကာ

"ကယ်....ကြပါ....ကယ်.....ကယ်ကြပါဦး"

"ဟာ ဒီမှာ လူတစ်ယောက်ဟေ့ ပိတ်မိနေတယ်ဟ လာကြဦး"

🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊

ဒီနေ့ ရေရတာသိပ်ပြီး feelမလာဘူး



Continue Reading

You'll Also Like

23.2K 1.4K 30
ព្រោះតែការយល់ច្រឡំមួយ ទើបធ្វើអោយក្មេងប្រុសស្លូតត្រង់ម្នាក់ ហ៊ានធ្វើគ្រប់យ៉ាងដើម្បី សងសឹក គេវិញអោយបាន.....!!! ថេហ្យុង ជុងហ្គុក
438K 6K 30
Emmett loves to be a rebel. He skips school to hang out, drink, and smoke with his two friends when suddenly he and his best friend are cornered and...
99.9K 5.7K 135
𝐭𝐡𝐞 𝟐𝐧𝐝 𝐛𝐨𝐨𝐤 𝐨𝐟 𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬 𝐚𝐛𝐨𝐮𝐭 𝐨𝐥𝐢𝐯𝐢𝐚 𝐫𝐨𝐝𝐫𝐢𝐠𝐨 𝐚𝐧𝐝 𝐲/𝐧'𝐬 𝐦𝐞𝐞𝐭-𝐜𝐮𝐭𝐞𝐬/𝐥𝐨𝐯𝐞 𝐬𝐭𝐨𝐫𝐢�...
15.5K 768 44
" arey aap ayse kase bath kar sakte ho , inse lo mein paise deti hu " she while giving 20 rupees note to bus conductor . " arey aap yaha bhi , chal...