๐ˆ'๐ฆ ๐ฒ๐จ๐ฎ๐ซ ๐๐ฌ๐ฒ๐œ๐ก๐จ |...

By huangmingzhuu

3.2K 440 60

โ ๐—œ'๐—น๐—น ๐˜๐—ฎ๐—ธ๐—ฒ ๐˜†๐—ผ๐˜‚๐—ฟ ๐—ต๐—ฒ๐—ฎ๐—ฟ๐˜ ๐—ฎ๐—ป๐—ฑ ๐—ฟ๐—ถ๐—ฝ ๐—ถ๐˜ ๐—ฎ๐—น๐—น ๐—ฎ๐˜„๐—ฎ๐˜†.. ๐—ฌ๐—ผ๐˜‚'๐—ฟ๐—ฒ ๐—บ๐˜† ๐—ฎ๐—ฑ๐—ฟ๐—ฒ๐—ป๐—ฎ๐—น๐—ถ... More

๐Ÿญ. ๐—ฆ๐˜๐—ฟ๐—ฎ๐—ป๐—ด๐—ฒ ๐—›๐—ผ๐˜‚๐˜€๐—ฒ
๐Ÿฎ. ๐—ก๐—ถ๐—ด๐—ต๐˜๐—บ๐—ฎ๐—ฟ๐—ฒ
๐Ÿฏ. ๐—Ÿ๐—ผ๐—ป๐—ฒ๐—น๐˜† ๐—•๐—ผ๐˜†
๐Ÿฐ. ๐—ง๐—ต๐—ฒ ๐—ช๐—ต๐—ถ๐˜๐—ฒ ๐—–๐—ฎ๐˜
๐Ÿฑ. ๐—ง๐—ต๐—ฒ ๐—ฃ๐—ฎ๐—ถ๐—ป๐˜๐—ถ๐—ป๐—ด๐˜€
๐Ÿฒ. ๐—ฅ๐—ฒ๐—ฑ ๐—•๐—น๐—ผ๐—ผ๐—ฑ
๐Ÿณ. ๐—ฃ๐—ฎ๐˜€๐˜
๐Ÿด. ๐—ง๐—ต๐—ฒ ๐—ฉ๐—ผ๐—ถ๐—ฐ๐—ฒ
๐Ÿต. ๐— ๐—ผ๐—ป๐˜€๐˜๐—ฒ๐—ฟ
๐Ÿญ๐Ÿฌ. ๐—›๐—ถ๐—ฑ๐—ฒ ๐—ฎ๐—ป๐—ฑ ๐—ฆ๐—ฒ๐—ฒ๐—ธ
๐Ÿญ๐Ÿญ. ๐—–๐—ต๐—ถ๐—น๐—ฑ๐—ต๐—ผ๐—ผ๐—ฑ
๐Ÿญ๐Ÿฎ. ๐—ž๐—ถ๐˜€๐˜€
๐Ÿญ๐Ÿฏ. ๐—จ๐—ป๐—น๐˜‚๐—ฐ๐—ธ๐˜† ๐—ก๐˜‚๐—บ๐—ฏ๐—ฒ๐—ฟ
๐Ÿญ๐Ÿฑ. ๐—ง๐˜„๐—ถ๐—ป๐˜€
๐Ÿญ๐Ÿฒ. ๐—ฆ๐˜๐—ผ๐—ฟ๐˜†
๐Ÿญ๐Ÿณ. ๐—™๐—ถ๐—ป๐—ฎ๐—น

๐Ÿญ๐Ÿฐ. ๐—ง๐—ผ๐—บ๐—ฏ

83 21 1
By huangmingzhuu

၁၄။ အုတ်ဂူ


ငယ်စဉ်ကတည်းက ဖြတ်သန်းခဲ့ရတဲ့ နာရေးနဲ့နှစ်ပတ်လည်တွေမှာ ဘေးမှာအမြဲအဖော်ပြုပေးသူဆိုလို့ အန့်ဆယ်ရာတစ်ယောက်သာရှိခဲ့တဲ့ကောင်လေးကြောင့် အခုတစ်ခေါက်မှာ ချစ်သူအနေနဲ့ရော ဆရာအနေနဲ့ပါ သူက အဖော်အဖြစ် လိုက်ပါပေးသင့်သည်။ ငြင်းဆန်လို့မကောင်းတဲ့ ဖိတ်ခေါ်ခြင်းဖြစ်သလို မငြင်းသင့်တဲ့ ဆက်ဆံရေးကို တည်ဆောက်ကြပြီးဖြစ်တဲ့အတွက် အထီးကျန်ခြင်းများနဲ့ နေသားကျနေပါသော ကောင်ငယ်လေးအား အဖော်သဟဲပြုသောအားဖြင့် အေးစက်စက်လက်လေးများကို ဆုပ်ကိုင်ကာ အုတ်ဂူဆီကို လျှောက်လှမ်းလာခဲ့ကြသည်။

ညနေဘက်ဆိုပေမယ့် ရာသီဥတုက ကြည်လင်သာယာခြင်းမရှိပဲ သူ့စိတ်အစဉ်လို မှောင်ပိန်းရီဝေနေသည်။ တဖြူးဖြူးတိုက်ခတ်နေတဲ့ လေပြေလေးတွေကိုတော့ အပြစ်မဆိုသာပေမယ့် မှုန်မှိုင်းနေတဲ့ ကောင်းကင်ပြင်ကြီးဟာတော့ နှစ်ပတ်လည်နေ့ဖြစ်လို့ သူတို့နဲ့အတူ ဝမ်းနည်းပေးနေသလားမသိပါ။ ဆောင်းတွင်းဖြစ်လို့ ညတာရှည်တဲ့အတွက် ပတ်ဝန်းကျင်က မှောင်မိုက်စပြုလာတာလည်း စောသည်။ ထို့အတွက်ကြောင့် သူတို့နှစ်ယောက်အတူ အုတ်ဂူရှိရာ ခြံအနောက်ဘက်ကို ထွက်လာကြချိန်မှာ အနည်းငယ် အုံ့ငြှိုးနေခြင်းဖြစ်၏။

အုတ်ဂူဆီကိုရောက်တော့ အမြဲလိုလိုဆေးသုတ်ပြီး တန်ဆာဆင်ထားပုံရတဲ့ မိဘနှစ်ပါးရဲ့ ငြိမ်းချမ်းရာရပ်ဝန်းဟာ ဖြူဖွေးရှင်းသန့်နေသည်။ ဖွေးဖွေးလှုပ်နေသော အုတ်ဂူပေါ်သို့ မင်ဟျောင်းဟာ သူယူလာတဲ့ ပန်းစည်းလေးအား တင်ပေးလိုက်သည်။ ယုတ သူ့စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေပေမယ့် ကောင်လေးမျက်နှာကိုလည်း ကြည့်ရသေး၏။ ဝမ်းနည်းရင် ဖေးမပေးမယ့်သူဆိုတာ အခုချိန်မှာ သူတစ်ယောက်ပဲရှိတာမလား။ မင်ဟျောင်းရဲ့ ဆရာအနေနဲ့ရော ချစ်သူအနေနဲ့ပါ ဖြစ်တည်ပြီးတဲ့နောက်မှာတော့ ကောင်လေးအတွက် နှစ်မြုပ်ထားတဲ့ သူ့နှလုံးသားလေးဟာလည်း သန်မာနေမှဖြစ်မည်။ လေးလံနေတဲ့ စိတ်တွေကို လျစ်လျူရှုပြီး မင်ဟျောင်းနဲ့အတူ ဆုပ်ကိုင်ထားတဲ့ လက်လေးများကို တင်းကျပ်ကာ အုတ်ဂူရှေ့မှာ နှုတ်ခွန်းဆက်ဖို့ပြင်လိုက်၏။

"မာမီ.. ဒယ်ဒီ.. ဒီနေ့တော့ ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ဘူး"

သူ့ဘက်က နှုတ်ဆက်ဖို့ပြင်နေတဲ့အချိန်မှာပဲ နှုတ်သွက်တဲ့ မင်ဟျောင်းက ဦးစီးကာ မိတ်ဆက်လိုက်သည်။ ကောင်လေးက သူ့လက်ပေါ်ကို ပြန်လည်အုပ်မိုးကာ ဆုပ်ကိုင်လာပြီး ဖျော့တော့သော လေသံလေးနှင့်ပြောသည်။

အမြဲတစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့ ကာလတွေမှာ ဘယ်လောက်တောင် ပင်ပန်းခဲ့လိုက်မလဲ။ အသက်ငယ်ငယ်လေးနဲ့ ကြီးမားတဲ့ အခက်အခဲတွေကို သူတစ်ယောက်တည်း ကြံ့ကြံ့ခံပြီးကျော်ဖြတ်ခဲ့ရတာ သိပ်ကိုပင်ပန်းဝမ်းနည်းခဲ့မှာပဲ။ ခိုင်မာတဲ့ စိတ်ဓာတ်အရင်းခံလေးရှိနေလို့သာ အခုချိန်ထိ သာမာန်ကလေးတွေလို ရှိနေနိုင်သေးတာ။ စိတ်ဓာတ်ပျော့ညံ့တဲ့သူသာဆို ခံနိုင်ရည်မရှိလို့ ကိုယ့်ကိုယ်ကို စွန့်လွှတ်ပြီး သက်သေသွားမှာအမှန်ပါပဲ။

သူ့အနေနဲ့လည်း ကြမ်းတမ်းတဲ့ ငယ်ဘဝကို ဖြတ်သန်းကြုံတွေ့ခဲ့ရသော်ငြား ကိုယ့်ကိုပြုစုမွေးမြူပေးမယ့် မိခင်တစ်ယောက်တော့ ရှိခဲ့သေးသည်လေ။ မင်ဟျောင်းမှာကျတော့ အန့်ဆယ်ရာကလွဲပြီး တခြားမရှိခဲ့။ ကျောင်းနေခဲ့ပေမယ့် အားလုံးက သူ့ရဲ့ထူးဆန်းတဲ့အပြုအမူတွေကို ကြောက်ရွံ့ခဲ့လို့ သူငယ်ချင်းဆိုတာမျိုးလည်း မရခဲ့သလို အခုလို Home schooling အနေနဲ့သာ တက်ရောက်နေရသည်မလား။ ခေါ်သင်ခဲ့တဲ့ ဆရာတွေကလည်း တစ်ယောက်ပြီးတစ်ယောက် သူ့ကိုထားသွားကြသည်တဲ့လေ။

ဒီအကြောင်းကိုတွေးမိမှ ဘာလို့ထားသွားကြလဲဆိုတဲ့အချက်ကို ပြန်သတိရလာသည်။ ပိုက်ဆံတွေအများကြီး ရပါလျက်နဲ့ ဆရာတွေအားလုံးက ဘာလို့များ ထွက်သွားကြသလဲ။ သူကိုယ်တိုင်လည်း ထူးဆန်းတဲ့အရာတွေကို မြင်နေတာမှန်ပေမယ့် ကောင်လေးကို ချစ်စိတ်နဲ့ ထွက်သွားဖို့ စိတ်ကူးမရှိခဲ့။ အရင်ဆရာတွေလည်း သူ့လိုပဲ မြင်တွေ့ခဲ့ရလို့များ ကြောက်လန့်ပြီး ထွက်သွားကြလေသလား။ အဲ့လိုသာဆိုရင်တော့ ဒီအိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုခုရှိနေပြီဆိုတာ ကျိန်းသေသည်။

"အရေးကြီးတဲ့ လူတစ်ယောက်ကိုပါ ခေါ်လာခဲ့တယ်"

သူဟာ မင်ဟျောင်းအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို ကြားသိရပြီးနောက် လက်လေးတွေကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း လေးနက်သော မျက်နှာအနေအထားဖြင့် အုတ်ဂူကို ကြည့်နေမိသည်။

"သူက ကျွန်တော့်ကို စာသင်ပေးတဲ့ ဆရာဆိုလည်း ဟုတ်ပေမယ့် ကျွန်တော့်ချစ်သူဆိုလည်း ဟုတ်တယ်.. ဟားဟား.. ရယ်ရတယ်မလား.."

မင်ဟျောင်းရဲ့ ရယ်သံလေးကိုကြားတော့လည်း စိတ်ထဲဝမ်းသာမိသလိုရှိပေမယ့် ကောင်လေးဟာ လိုလိုလားလားနဲ့ ရယ်နေတာမဟုတ်ပြန်တော့ စိတ်ပူရပြန်သည်။

"ကိုယ့်ကိုစာသင်ပေးတဲ့ဆရာကိုမှ ချစ်မိလို့ မာမီတို့က ဆူဦးမှာလားဟင်.. အချစ်မှာ ဒီလိုတွေမရှိပါဘူးနော်"

ကလေးလေးလိုပြောနေတဲ့ ကောင်လေးကြောင့် ယုတမပြုံးမိပဲမနေနိုင်။ ကောင်လေးရဲ့ အပြုအမူတွေက သိပ်ကိုမြတ်နိုးဖွယ်ကောင်းလွန်းသည်။

"ကျွန်တော်ချစ်တဲ့သူကလေ ကိုရီးယားလူမျိုးတော့မဟုတ်ဘူးသိလား.. ဂျပန်လူမျိုးပဲ.. ဒါပေမယ့် ကိုရီးယားစကား အရမ်းကျွမ်းတယ်.. ဟီးဟီး.."

သူ့ရှေ့မှာ ဝမ်းနည်းတဲ့ပုံရိပ်ကို မပြချင်လို့ပဲလားမသိ။ ရယ်သံလွင်လွင်လေးနဲ့ ပေါ့ပေါ့ပါးပါးစကားပြောနေပုံက ဝမ်းနည်းစိတ်လေးတွေကို အတင်းအကျပ် ဖုံးကွယ်ထားသယောင်။

"ဆရာ.. မိတ်ဆက်လိုက်လေ.."

ကောင်လေးဘက်က သူ့ကိုမိတ်ဆက်ခိုင်းမှပဲ သူလည်း မင်ဟျောင်းရဲ့ မိဘနှစ်ပါးရှေ့ကို ဦးညွတ်ကာ အရိုအသေပေးလိုက်သည်။

"မင်ဟျောင်းရဲ့အမေနဲ့အဖေ.. ကျွန်တော်က မင်ဟျောင်းလေးကို စာသင်ပေးရတဲ့ဆရာ.. နာမည်က နာကာမိုတို ယုတလို့ခေါ်ပါတယ်ဗျ... နောက်ပြီး.. မင်ဟျောင်းရဲ့ချစ်သူဆိုလည်း ဟုတ်ပါတယ်... ကလေးအရွယ်ကို ချစ်မိလို့ ပေါ့ပျက်တယ်လို့တော့ မယူဆပါနဲ့.. ကျွန်တော်က မင်ဟျောင်းလေးကို တကယ်စိတ်ရင်းနဲ့ ချစ်တာပါ... ရှေ့လျှောက်လည်း မင်ဟျောင်းကို ကာကွယ်ပေးသွားမယ်လို့ ကတိပေးတာမို့ အေးချမ်းစွာအနားယူပါနော်.. ကျွန်တော့်ဆီကို စိတ်ချလက်ချနဲ့ အပ်ထားလိုက်လို့ရတာမို့ပါ"

လေးနက်တည်ကြည်စွာပြောနေသော သူ့စကားလုံးတွေကို မင်ဟျောင်းဟာ သေချာဂရုတစိုက်နဲ့ နားထောင်နေရင်း ချောမောသောရုပ်ရည်အား ပြုံးကာကြည့်နေ၏။

"မာမီနဲ့ ဒယ်ဒီ တွေ့တယ်မလား.. ဆရာက ကျွန်တော့်ကို ဘယ်လောက်ချစ်လဲဆိုတာ.."

ကလေးလေးရဲ့ ကလေးဆန်သောအပြုအမူလေးများကြောင့် ဆံနွယ်အိအိလေးတွေကို တိုးဖွလိုက်ရင်း ပုခုံးလေးကို သူ့နားသို့ဆွဲခေါ်ကာ ဖက်ထားမိသည်။ ထိုစဉ်ခဏမှာ တိုက်ခတ်လာသော လေကြမ်းများကြောင့် ခြံထဲမှာ သစ်ပင်ကြီးများဟာ လှုပ်ယမ်းသွားကြသည်။ လေတိုက်လို့ သစ်ရွက်အချင်းချင်းပွတ်တိုက်သံများ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ဟာ ရုတ်ချည်းအေးစက်လာသည်။ စိတ်ထဲက လေးလံမှုတွေပင် ပို၍လေးလံပြင်းပြလာတာကြောင့် ယုတဟာ ကောင်လေးကိုခေါ်ပြီး အုတ်ဂူအနားမှ အမြန်ပြန်လှည့်ချင်နေပြီ။

"မင်ဟျောင်း.. ပြန်ရအောင်.. လေတွေတိုက်နေပြီ"

"ဆရာချမ်းလို့လား..."

"အင်း.."

"ဟုတ်.. ဒါဆိုလည်း ပြန်ကြတာပေါ့.. မာမီနဲ့ ဒယ်ဒီ.. ကျွန်တော်တို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ပြန်တော့မယ်နော်.. နောက်တစ်ခေါက် နှစ်ပတ်လည်နေ့တွေကျရင်လည်း ဆရာ့ကို သေချာပေါက်ခေါ်လာခဲ့ဦးမယ်"

ကောင်းကင်ပြင်ဟာ တဖြည်းဖြည်းမည်းတက်လာပြီး ကမ္ဘာမြေပြင်တစ်ခွင်အား အမှောင်နဲ့ကြီးစိုးပိတ်ပင်တော့မည့်အလား အုံ့ဆိုင်းလာသည်။ လေတိုက်နှုန်းတွေလည်း မြန်ဆန်ပြင်းထန်လာပြီး သစ်ရွက်သစ်ခတ်များမှာ အပင်ပေါ်မှ ကြွေဆင်းပေးရတော့မည့်အလား လှုပ်ခတ်လာ၏။ ယုတတစ်ကိုယ်လုံးလည်း ချမ်းတက်လာပြီး အသွေးအသားထဲကနေပါ တုန်ခိုက်လာသည်။ စိတ်ထဲမှာ တစ်မျိုးကြီး ခံစားနေရပြီး ထိုခံစားမှုက သူ့ကိုပိုခြောက်လှန့်နေသလို ခြောက်ခြားလာစေသည်။

မင်ဟျောင်းလက်ကိုဆွဲကာ ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းနေတဲ့အထိ ကျယ်ဝန်းတဲ့ခြံကြီးဆီကနေ အိမ်ထဲကို မရောက်နိုင်သေး။ ဒီနေ့မှ ပေအကွာအဝေးဟာ ပို၍ပင်တိုးချဲ့ထားသလားထင်ရလောက်အောင် ရှည်ကြာနေသေးသည်။ မူးမိုက်သလိုဖြစ်လာတဲ့ ခေါင်းနဲ့အတူ စိတ်ထဲက ကြောက်ရွံ့မှုတွေနဲ့ ချမ်းစိမ့်နေတဲ့ ကိုယ်ခန္ဓာဟာ အိမ်နားကို မရောက်ခင်မှာပင် ခိုက်ခိုက်တုန်လာသည်။

"ဆရာ.. ဆရာ.."

ဒါသူ့ကို မင်ဟျောင်းမိဘတွေ ကြိုဆိုတဲ့ နည်းလမ်းများလား။

အသိပြန်ဝင်လာချိန်ဟာ ညအချိန်ပင်ရောက်လို့နေပြီး ထမင်းစားချိန်ကိုတောင် ကျော်လွန်သွားပြီဖြစ်သည်။ ညနေမစောင်းခင်လောက်က အုတ်ဂူကိုသွားခဲ့ပြီး ပြန်လာချိန်မှာ ညစာစားချိန်ဖြစ်ပေမယ့် ရုတ်တရက် ထူးဆန်းမှုတွေဖြစ်သွားတဲ့ ကိုယ်ခန္ဓာကြောင့် မင်ဟျောင်းနဲ့ အန့်ဆယ်ရာက ကူညီပေးခဲ့ရသည်။ ညစာလည်းမစားမိပဲ သူ့အခန်းထဲမှာသူပြန်ရောက်နေကြောင်း သိရပြီးတဲ့နောက် ဘေးဘီကိုကြည့်တဲ့အခါ သူ့လက်တွေကို ဆုပ်ကိုင်ပြီး စိုးရိမ်တကြီးစောင့်စားနေတဲ့ ချစ်ရသူအား တွေ့ရသည်။

"ဘယ်လိုနေသေးလဲဟင်.."

"သက်သာပါတယ်.."

"ဘယ်လိုဖြစ်ရတာလဲဗျာ.. ကျွန်တော်ဖြင့် စိတ်ပူသွားတာပဲ.."

"ငါလည်းမသိဘူး မင်ဟျောင်း.. ငါဘာလို့ ဒီလိုဖြစ်သွားလဲဆိုတာ.."

စဉ်းစားစရာအမေးကိုမေးလာတဲ့အတွက် ဖြေစရာအဖြေဟာ သူ့မှာမရှိ။ သူကိုယ်တိုင်လည်း စဉ်းစားနေရဆဲကာလဖြစ်သည်။ ရုတ်တရက်ကြီး မူးမိုက်မိုက်ဖြစ်ပြီး အချမ်းဒဏ်ကို မတွန်းလှန်နိုင်ပဲ စိတ်ခြောက်ခြားသလိုဖြစ်သွားတာက အဖြေရှာဖို့ရန် ခဲယဉ်းသည်။ ထင်ကြေးပေးရမယ်ဆိုရင်တော့ လေတိုက်ကြမ်းမှုကြောင့် အနည်းငယ်အအေးပတ်သွားတယ်လို့ပဲ ဆိုရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ထူးတော့ထူးဆန်းသည်။

"အဲ့ဒါကြောင့် ကျွန်တော် ဆရာဝန်ခေါ်ပေးမယ်နော်.. ဆရာဘာမှမဖြစ်စေရဘူး"

"တော်ပြီ.. ရတယ် မင်ဟျောင်း.. ငါအဆင်ပြေတယ်.. အခုတကယ် သက်သာနေပြီမို့.."

ဆရာဝန်ခေါ်ရလောက်အောင် ရောဂါတစ်ခုဖြစ်နေတာလည်းမဟုတ်သည်လေ။ ဒီတိုင်းစိတ်ခြောက်ခြားပြီး တုန်လှုပ်သွားတယ်ပဲပြောရမလား။ ထူးဆန်းတာက ဒီတစ်ခါဖြစ်တဲ့ကိစ္စမှာ အရင်လိုမြင်တွေ့နေရတဲ့အရာတွေကို မမြင်ရပဲကို သူ့အလိုလိုကြောက်လန့်လာမိတာပါပဲ။ အုတ်ဂူကို လိုက်မသွားခင်ကတည်းက အကြောင်းပြချက်မယ်မယ်ရရမရှိပဲ စိတ်လေးလံနေမှုကြီးက ဖြည့်စွက်ပေးလိုက်တဲ့ အုံ့မှိုင်းမှိုင်းရာသီဥတုကြောင့် ပိုဆိုးလာကာ ကိုယ့်စိတ်ကကိုယ့်ကို ပြန်ခြောက်နေသလို ခံစားခဲ့ရသည်။

"ဒီည ကျွန်တော်ရှိနေမယ်နော်.. ဆရာ့ဘေးမှာ စောင့်နေပေးမယ်.. စိတ်ချလက်ချအိပ် သိလား.."

"ရပါတယ်.. မင်းလည်းအိပ်ရမှာပေါ့.. ဒီလောက်ကြီးဂရုမစိုက်ပါနဲ့.. ငါတကယ် ဘာမှမဖြစ်ဘူး"

"ဟူး.. စိတ်ပူလို့ပါဗျာ.. အဲ့ဒါဆိုလည်း ပြီးတာပဲ"

၁၃ဂဏန်းက အကျိုးမပေးတာ မင်ဟျောင်းအတွက်တင်မဟုတ်ပဲ သူ့အတွက်ပါဖြစ်နေပြီလားမသိ။ ဒီနေ့မှ ထူးထူးဆန်းဆန်း ခန္ဓာကိုယ်က အားနည်းနေသလိုခံစားနေရတာ။ သန်မာချင်တဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ပါလျက်၊ ကိုယ့်ချစ်သူကို ကာကွယ်ပေးဖို့ ကတိပေးထားပါလျက်နဲ့ အခုထိသူ့အနားမှာ စောင့်ပေးရသူက သူကာကွယ်ပေးချင်တဲ့ ကလေးငယ်ဖြစ်နေတာကို စိတ်ထဲလည်း အားမလိုအားမရဖြစ်မိသည်။

အခုထိ သူက ကောင်လေးအနားမှာ စောင့်ကြပ်ပေးရသူမဟုတ်ပဲ ကောင်လေးကသာ သူ့ကိုစောင့်ရှောက်ပေးရသူဖြစ်နေတာမျိုးကို စိတ်ထဲမှာ မလိုမကျဖြစ်လာမိသည်။

"မင်ဟျောင်း.."

"ဟင်.."

"ကိုယ်တို့နှစ်ယောက်အတူ သီးသန့်ခွဲနေကြမလား.. ဒီအိမ်ကြီးမှာမဟုတ်ပဲနဲ့လေ.."

ဒီအိမ်မှာ ခြောက်ခြောက်ခြားခြားကြီး နေနေရမှာထက် အပြင်မှာပဲ စျေးနည်းတဲ့ ကိုယ်ပိုင်အိမ်ခန်းလေးတစ်ခန်းဝယ်ပြီး သူချစ်ရတဲ့ကောင်လေးကို စာသင်ပေးရင်း အတူတကွ အေးအေးချမ်းချမ်းနေချင်မိသည်။

"ဒီမှာက ဘာဖြစ်လို့လဲ.."

"မနေချင်တော့လို့.. မင်းနဲ့အတူနှစ်ယောက်တည်းနေချင်တယ်.. ကိုယ်ဝယ်ထားတဲ့ အိမ်လေးမှာ မင်းနဲ့အတူနေချင်တာ မင်ဟျောင်း.."

"ကျွန်တော်လည်း နေချင်ပါတယ်.. ဒါပေမယ့် ကျွန်တော် ဒီအိမ်က ထွက်လို့မရလောက်ဘူး.."

"ဘာလို့လဲ.."

"မသိဘူး.. ဘာလို့မှန်းမသိ ဒီအိမ်ကထွက်ရင် တစ်ခုမဟုတ်တစ်ခုဖြစ်တတ်တယ်.. အဲ့ဒါကြောင့် ဒီမှာပဲနေတာက ကျွန်တော့်အတွက် အလုံခြုံဆုံးပဲ.."

"အထင်မှားပြီး အယူစွဲနေတာနေမှာပါကွာ.. ကိုယ်နဲ့အတူနေရင် မင်းကို ဒီထက်ပိုပြီး လုံခြုံရစေမယ်လို့ အာမခံတယ်.. မဟုတ်ဘူး.. အဲ့လိုဖြစ်အောင် ကိုယ်က စောင့်ရှောက်ပေးမယ်.."

သူ့ဘက်က အာမခံချက်တွေပေးပြီး တာဝန်ယူစောင့်ရှောက်ပါမယ်လို့ပြောနေတာတောင် မင်ဟျောင်းရဲ့မျက်လုံးတွေက တုပ်တုပ်မှမလှုပ်။ ကြည့်ရတာ ဒီအိမ်ကနေ ထွက်သွားရမှာကို ပြစ်မှုတစ်ခုလို သတ်မှတ်ပြီး တွန့်ဆုတ်နေသည့်ပုံပင်။

"မင်ဟျောင်း.."

"တစ်ရက်ကျရင်တော့ ဖြစ်လာမှာပေါ့..."

သေချာရေရာခြင်းမရှိပဲ တုံ့ပြန်စကားဆိုလိုက်ပြီး သူ့ဘေးမှာဝင်လဲကာ အိပ်စက်ဖို့ရာပြင်နေသည်။

"အိပ်ရအောင်လေ.. ကျွန်တော်ပင်ပန်းနေပြီ.."

တစ်နေကုန်စာသင်ပြီးလို့ ညနေရောက်တော့လည်း အုတ်ဂူဆီသွားကာ မိတ်ဆက်ပေးခဲ့ရပြီး ပြန်ရောက်တော့လည်း သူ့ကိုစိုးရိမ်စိတ်နဲ့ စောင့်ကြပ်ပေးခဲ့ရတာကြောင့် ပင်ပန်းပြီးအိပ်ချင်နေပုံရသည်။ သူလည်း အတင်းပြောဖို့ မကြိုးစားတော့ပဲ ရင်ဘတ်ထဲကို တိုးဝင်ဖက်တွယ်လာတဲ့ ကောင်လေးအား ပြန်လည်ဖက်ပေးလိုက်ရင်း ကျောကုန်းလေးအား ပုတ်သိပ်ကာ သူ့အလိုကျ မျက်လုံးများကို အနားပေးလိုက်သည်။

နှစ်ယောက်လုံးမျက်လုံးမှိတ်ပြီး အနားယူနေကြတာ တိတ်ဆိတ်သောအခန်းထဲမှာဖြစ်တဲ့အတွက် အသက်ရှုသံတွေဟာ ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ စိတ်ရောလူရောပင်ပန်းသွားသလို အားရုတ်ပြီး နုံးကျသွားတာမှန်ပေမယ့် ဦးနှောက်က အခုထိအလုပ်လုပ်နေသေးကာ အိပ်ပျော်တဲ့အဆင့်ကို မရောက်နိုင်သေး။ ပင်ပန်းနွမ်းနယ်နေပါလျက်နဲ့ ဘာလို့များ သူ့ဦးနှောက်က နိုးကြားနေရသလဲဆိုတာ နားမလည်နိုင်တော့။ ခေါင်းထဲမှာ ဝူးဝူးဝါးဝါးအသံတွေထွက်ပေါ်လာပြီး ရင်ခွင်ထဲမှာ မြုပ်ဝင်နေတဲ့ ကလေးငယ်ဟာ ရုန်းထွက်လာသည်။

မျက်လုံးများကို မှိတ်ထားလျက်နဲ့ ကောင်လေးကို ပြန်ဖက်မယ်လုပ်တော့ ဘေးနေရာက လွတ်လပ်ကင်းစင်လျက်ရှိနေကြောင်းကို ခြေဖျားလက်ဖျားများ အေးစက်စွာနဲ့ စမ်းသပ်တွေ့ရှိသွားမိသည်။ မျက်မှောင်ကျုံ့ပြီး မျက်ခွံများကို ဖွင့်ကြည့်မိတော့ မင်ဟျောင်းဟာ သူ့ကိုကျောပေးထားလျက် ကုတင်ပေါ်မှာ ထိုင်နေကြောင်းကို တွေ့လိုက်ရသည်။

ဒီကလေး ခုနကပဲ အိပ်ချင်တယ်ပြောပြီး အခုဘယ်လိုဖြစ်လို့များ ထထိုင်နေရသလဲဟု စိတ်ထဲစဉ်းစားမိလိုက်သည်။

"မင်ဟျောင်း.. မအိပ်ဘူးလား.."

မင်ဟျောင်းဟာ သူ့ကိုခေါ်နေတာမဟုတ်သည့်အလား မလှုပ်မယှက် နေရာမှာပဲ ထိုင်လျက်ရှိနေသည်။ သူလည်း အာရုံစိုက်ခြင်းမခံရမှုကြောင့် ကောင်လေးကို အနည်းငယ်တော့ စိတ်တိုသွားမိသည်။ တရေးနိုးကြီး ထပြီးစိတ်ကောက်နေလားဟု တွေးရအောင်လည်း သူတို့ကြားမှာ ရန်ဖြစ်ထားခြင်းကိစ္စဆိုတာမရှိ။

"မင်ဟျောင်း.. ကိုယ်ခေါ်နေတယ်လေ.."

ယုတဟာ အိပ်လျက်နဲ့ပဲ ကောင်လေးကိုကြည့်ကာ ထပ်ခေါ်လိုက်သည်။ ထပ်ပြီးငြိမ်သက်နေဆဲ။ ထိုင်နေဆဲ။

"အီမင်ဟျောင်း..."

အိပ်ချင်မူးတူးနဲ့များ ထထိုင်ပြီး ထိုင်လျက်ကြီး အိပ်နေသလားမသိ။ ကောင်လေးဟာ အသက်ရှုသံပင် ထွက်မလာတဲ့ထိ ငြိမ်ဝပ်နေဆဲ။

ယုတ ထထိုင်လိုက်ပြီး မင်ဟျောင်းပုခုံးကိုကိုင်ကာ အနောက်ကနေ ဆွဲလှည့်လိုက်သည်။ သူ့ဘက်ကို လှည့်ကြည့်လာတဲ့ မင်ဟျောင်းရဲ့မျက်နှာအရောင်ဟာ ဖြူဖျော့လွန်းနေသည်။ ထိတွေ့လိုက်မိတဲ့ ပုခုံးသားတွေဟာလည်း အေးစက်နေသည်။ သူ့ကိုကြည့်လာတဲ့ အကြည့်တွေဟာလည်း ထိုနည်းတူပဲ အေးစက်နေသည်။ ခံစားချက်မရှိပဲ မှေးမှိန်နေသည်။ မထင်ကောင်းပေမယ့် လူသေတစ်ယောက်က သူ့ကိုကြည့်နေသလို ခံစားရသည်။

"မင်.. မင်ဟျောင်း.. ဘာဖြစ်နေတာလဲ.."

သူ့အမေးကိုလည်း လျစ်လျူရှုထားလျက် ပြန်ဖြေကြားလာခြင်းမရှိ။

"မင်ဟျောင်း.. ငါမေးနေတာကြားလား.. ဘာဖြစ်နေတာလဲလို့.."

စိတ်ထဲမှာ သံသယဖြစ်မိပြီး ခြောက်ခြားလာသလို ခံစားရပေမယ့် ကောင်လေးကို ထပ်ခေါ်ကာ မေးလိုက်မိသည်။

"ကျွန်တော့်နာမည် မင်ဟျောင်းမဟုတ်ဘူး"

"ဟ-ဟမ်.. မင်ဟျောင်း.. ကိုယ့်ကို အဲ့လိုမစနဲ့ကွာ"

မစနဲ့လို့သာ ရယ်ကျဲကျဲနဲ့ ပြောလိုက်ပေမယ့် ကောင်လေးရဲ့ အေးစက်မှုအငွေ့အသက်တွေက သူ့ဆီကို လာရိုက်ခတ်နေပြီး တစ်ကိုယ်လုံးတုန်လှုပ်အေးစက်ကာ ကြက်သီးထလာသည်။ ခြောက်ခြားမှုတွေက သူ့နှလုံးသားထဲမှာ ခိုအောင်းဝင်နှောင့်လာပြန်သည်။

"မင်ဟျောင်းမဟုတ်ဘူးလို့ပြောနေတယ်လေ.. ဘာလို့ ခဏခဏ မင်ဟျောင်း မင်ဟျောင်းလို့ပဲ ခေါ်နေတာလဲ.. အဲ့နာမည်ကို မကြားချင်တော့ဘူး.."

"မင်ဟျောင်း.."

မဟုတ်ဘူးလို့ပြောထားပေမယ့် သူ့ရှေ့မှာရှိနေတာက အီမင်ဟျောင်းမဟုတ်လို့ ဘယ်သူဖြစ်မှာလဲ။ တစ်ခါမှ မအော်ဖူးတဲ့ ကောင်လေးက သူ့ကို စိတ်ဆိုးဒေါသဖြစ်ပြီး ထအော်လိုက်တာကို အံ့အားသင့်မိလို့ နှုတ်ဖျားကနေ သူ့နာမည်ကိုပဲ ထပ်ထွက်မိသည်။

"ခင်ဗျားကို မခေါ်နဲ့လို့ ပြောနေတယ်လေ.."

သူ့ရှေ့ကိုထပ်တိုးလာပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဝူးဝူးဝါးဝါးအော်လိုက်ပုံက ချစ်စရာကောင်းတဲ့ တပည့်လေး အီမင်ဟျောင်းနဲ့မတူပဲ ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတစ်ကောင်က အစွယ်များ ထုတ်ပြနေသလိုနှင့်တူသည်။

ကြောက်ရွံ့သွားမှုကြောင့် ယုတ အနောက်သို့လက်ထောက်ကာ အနည်းငယ် ဆုတ်ခွါလိုက်သည်။ သူ့ကောင်လေးဟာ ညတွင်းချင်း ဘယ်လိုအခြေအနေကိုများ ပြောင်းလဲသွားခဲ့တာလဲ။

သေချာပြန်စဉ်းစားကြည့်မှ ဟိုတစ်ခါ ရေကူးကန်မှာ ရေကူးနေတဲ့ မင်ဟျောင်းအကြောင်းကို တွေးမိသွားသည်။ သူဆင်းလာကြည့်တော့ မင်ဟျောင်းဟာ ရေစိုနေခြင်းမရှိပဲ ခြောက်ကပ်နေပေမယ့် သူတွေ့လိုက်တာကလည်း ရေကန်ထဲမှာ ရေကူးနေတဲ့ မင်ဟျောင်းဆိုတာ သေချာသည်။

အတွေးတွေကို ပြန်လည်ဆက်စပ်ကြည့်ရင် ခေါင်းတွေမူးနောက်လာတာသာ အဖတ်တင်ပြီး အရာမဝင်တာကြောင့် သူ့ရှေ့က ကောင်လေးနဲ့သာ အရင် စာရင်းရှင်းရတော့မည်။

"အီမင်ဟျောင်းက ဘာကောင်မို့လို့ ဒီလောက်တောင် ချစ်နေရတာလဲ.. မကောင်းဆိုးဝါးကောင်ကိုများ.."

ခုနကလိုမဟုတ်ပဲ ဒေါသတွေ ငြိမ်းသက်ကာ သူ့ကိုစိုက်ကြည့်လျက်ပဲ ပြောလာတဲ့ စကားလုံးတွေဟာ နားလည်ရခက်ခဲလွန်းသည်။ မင်ဟျောင်းက သူ့ကိုယ်သူ မင်ဟျောင်းမဟုတ်သလိုနဲ့ ပြောနေပြီး မကောင်းဆိုးဝါးလို့တောင် ပြောလာသေးသည်။ အဲ့လိုပြောကြေးဆို အခုသူ့ရှေ့မှာရှိနေတာကမှ မကောင်းဆိုးဝါးမဟုတ်ပေဘူးလား။

"မင်း.. မင်းက.. မင်ဟျောင်းမဟုတ်ရင်.. ဘယ်သူလဲ.."

ထိတ်လန့်မှုကြားက မေးလိုက်တော့ သူ့ရှေ့ကို ထပ်တိုးပြလာကာ မျက်လုံးပြူးပြူးနဲ့ စိုက်ကြည့်နေသည်။ မင်ဟျောင်းက သူ့ကို တစ်ခါမှ ဒီလိုမကြည့်ဖူး။ ကြည့်ဖို့နေနေ စိတ်တိုဒေါသထွက်တာတောင် မရှိခဲ့တဲ့ ကောင်လေးက အခုများတော့ ဘယ်လိုဖြစ်လို့ တခြားလူတစ်ယောက်လို ပြောင်းလဲသွားရတာလဲ။

"ဘယ်သူလဲ သိချင်လား.."

ယုတက အနောက်ဆုတ်လေ ကောင်လေးက ထပ်တိုးလာလေဖြစ်တာကြောင့် အခုဆို သူ့အပေါ်မှာ တဖြည်းဖြည်းအုပ်မိုးလာတဲ့ အနေအထားကို ရောက်နေပြီပင်ဖြစ်သည်။

"သိချင်နေတော့လည်း ပြရတာပေါ့.."

လက်နှစ်ဖက်ထောက်ကာ ယုတအပေါ်ကနေ အုပ်မိုးလိုက်ရင်း လှုပ်ရှားနေသော မျက်လုံးများကို စူးစူးရဲရဲကြည့်လာသည်။ သူ့မျက်လုံးတွေကို ဖတ်ရှုနေသည့်အလား ကြည့်လာကာ ပြောလိုက်တဲ့ လေသံမှာ အေးစိမ့်သောလေထုကို ဆောင်ကျဉ်းလာသလိုပင်။

နောက်ပြီး ထောက်ထားတဲ့ သူ့လက်တစ်ဖက်ကို မြှောက်တင်ကာ သူ့ပါးသူကိုင်လျက် လက်သည်းများနဲ့ ကုတ်ခြစ်ပြနေသည်။ မလုပ်နဲ့လို့ ဟန့်တားချင်သော်ငြား မြင်တွေ့နေရတဲ့အရာဟာ ရူးနှမ်းလွန်းတာကြောင့် ယုတ မျက်လုံးပြူးလျက်နဲ့ပဲ မှင်သက်စွာကြည့်နေမိသည်။

အရူးတစ်ယောက်လို သူ့မျက်နှာသူ ကုတ်ခြစ်ပြနေတဲ့ ကောင်လေးက သူ့အပေါ်ကို စိုးမိုးထားလျက်နဲ့မို့ မရုန်းထွက်နိုင်၍ ပိုပြီးကြောက်ရွံ့မိသည်။

ဖြည်းဖြည်းချင်းကနေ ခပ်မြန်မြန် ကုတ်ခြစ်ပြလာတဲ့အခါ အရေပြားတွေ ပေါက်ထွက်လာသလိုနဲ့ သွေးတွေယိုစိမ့်ထွက်လာကာ အသားအရည်တွေ ပွန်းပဲ့လာသည်။ နာကျင်ရကောင်းမှန်းမသိသလိုနဲ့ ဆက်ပြီးကုတ်ခြစ်နေတဲ့ ကောင်လေးကလည်း ထိုအနာပေါ်ကိုပဲ အရေပြားကွာကျတဲ့ထိ ကုတ်နေသည်။

ကြာလာတော့ ပါးပေါ်က အရေပြားလေးတွေဟာ ပေါက်ထွက်လာပြီး သွေးတွေဟာ သူ့မျက်နှာပေါ် တစက်စက်ကျလာသည်။ မျက်နှာတစ်ခြမ်းလုံးလည်း ရစရာမရှိအောင် ပေါက်ပြဲနေပြီး ရုပ်ဆိုးအကျည်းတန်လာသည်။

"ကျွန်တော်က ချစ်ဖို့ကောင်းတယ်မလားဟင်.. ကိုကို.."

မခေါ်ဝေါ်ဖူးသေးတဲ့ နာမည်ကိုပါ တပ်ခေါ်လာတာက ပိုပြီးထူးဆန်းလွန်းသည်။ သူတို့အသက်အရွယ်ဟာ ကိုကိုနဲ့ကလေးမဟုတ်။ ဦးလေးနဲ့တူအရွယ်ဖြစ်သည်။ ဒါပေမယ့် ကောင်လေးဟာ သူ့ကို ကိုကိုဆိုပြီး ချွဲကာခေါ်နေသည်။

ထပ်ပြီး ကုတ်ခြစ်နေတော့ ပါးတစ်ဖက်ဟာ အက်ကွဲသွားပြီး အထဲကနေ သွေးအစိုင်အခဲများ ပျစ်နှစ်ကာ ထွက်ကျလာသည်။ အော့အန်ချင်သလိုဖြစ်လာလို့ ယုတ သူ့ပါးစပ်သူပိတ်ကာ မျက်ရည်များ ဝဲတက်နေတဲ့ကြားက မျက်စံအိမ်များ လှုပ်ခတ်ကာ ကြည့်နေမိသည်။

ကောင်လေးဟာတော့ သူ့မျက်နှာပေါ်က သွေးစက်များကို ဖယ်သုတ်ပေးကာ မျက်ခုံးလေးပင့်လျက် ပြောဆိုလာသည်။

"ဘယ်လိုလဲ.. ကျွန်တော့်ကို ချစ်သေးလား.. ဆရာ့ရဲ့ မင်ဟျောင်းလေ..."














_TBC 𓁹














၁၄။ အုတ္ဂူ


ငယ္စဥ္ကတည္းက ျဖတ္သန္းခဲ့ရတဲ့ နာေရးနဲ႔ႏွစ္ပတ္လည္ေတြမွာ ေဘးမွာအၿမဲအေဖာ္ျပဳေပးသူဆိုလို႔ အန္႔ဆယ္ရာတစ္ေယာက္သာရွိခဲ့တဲ့ေကာင္ေလးေၾကာင့္ အခုတစ္ေခါက္မွာ ခ်စ္သူအေနနဲ႔ေရာ ဆရာအေနနဲ႔ပါ သူက အေဖာ္အျဖစ္ လိုက္ပါေပးသင့္သည္။ ျငင္းဆန္လို႔မေကာင္းတဲ့ ဖိတ္ေခၚျခင္းျဖစ္သလို မျငင္းသင့္တဲ့ ဆက္ဆံေရးကို တည္ေဆာက္ၾကၿပီးျဖစ္တဲ့အတြက္ အထီးက်န္ျခင္းမ်ားနဲ႔ ေနသားက်ေနပါေသာ ေကာင္ငယ္ေလးအား အေဖာ္သဟဲျပဳေသာအားျဖင့္ ေအးစက္စက္လက္ေလးမ်ားကို ဆုပ္ကိုင္ကာ အုတ္ဂူဆီကို ေလွ်ာက္လွမ္းလာခဲ့ၾကသည္။

ညေနဘက္ဆိုေပမယ့္ ရာသီဥတုက ၾကည္လင္သာယာျခင္းမရွိပဲ သူ႔စိတ္အစဥ္လို ေမွာင္ပိန္းရီေဝေနသည္။ တျဖဴးျဖဴးတိုက္ခတ္ေနတဲ့ ေလေျပေလးေတြကိုေတာ့ အျပစ္မဆိုသာေပမယ့္ မႈန္မႈိင္းေနတဲ့ ေကာင္းကင္ျပင္ႀကီးဟာေတာ့ ႏွစ္ပတ္လည္ေန႔ျဖစ္လို႔ သူတို႔နဲ႔အတူ ဝမ္းနည္းေပးေနသလားမသိပါ။ ေဆာင္းတြင္းျဖစ္လို႔ ညတာရွည္တဲ့အတြက္ ပတ္ဝန္းက်င္က ေမွာင္မိုက္စျပဳလာတာလည္း ေစာသည္။ ထို႔အတြက္ေၾကာင့္ သူတို႔ႏွစ္ေယာက္အတူ အုတ္ဂူရွိရာ ၿခံအေနာက္ဘက္ကို ထြက္လာၾကခ်ိန္မွာ အနည္းငယ္ အုံ႔ျငႇိဳးေနျခင္းျဖစ္၏။

အုတ္ဂူဆီကိုေရာက္ေတာ့ အၿမဲလိုလိုေဆးသုတ္ၿပီး တန္ဆာဆင္ထားပုံရတဲ့ မိဘႏွစ္ပါးရဲ႕ ၿငိမ္းခ်မ္းရာရပ္ဝန္းဟာ ျဖဴေဖြးရွင္းသန္႔ေနသည္။ ေဖြးေဖြးလႈပ္ေနေသာ အုတ္ဂူေပၚသို႔ မင္ေဟ်ာင္းဟာ သူယူလာတဲ့ ပန္းစည္းေလးအား တင္ေပးလိုက္သည္။ ယုတ သူ႔စိတ္ထဲမွာ ေလးလံထိုင္းမႈိင္းေနေပမယ့္ ေကာင္ေလးမ်က္ႏွာကိုလည္း ၾကည့္ရေသး၏။ ဝမ္းနည္းရင္ ေဖးမေပးမယ့္သူဆိုတာ အခုခ်ိန္မွာ သူတစ္ေယာက္ပဲရွိတာမလား။ မင္ေဟ်ာင္းရဲ႕ ဆရာအေနနဲ႔ေရာ ခ်စ္သူအေနနဲ႔ပါ ျဖစ္တည္ၿပီးတဲ့ေနာက္မွာေတာ့ ေကာင္ေလးအတြက္ ႏွစ္ျမဳပ္ထားတဲ့ သူ႔ႏွလုံးသားေလးဟာလည္း သန္မာေနမွျဖစ္မည္။ ေလးလံေနတဲ့ စိတ္ေတြကို လ်စ္လ်ဴရႈၿပီး မင္ေဟ်ာင္းနဲ႔အတူ ဆုပ္ကိုင္ထားတဲ့ လက္ေလးမ်ားကို တင္းက်ပ္ကာ အုတ္ဂူေရွ႕မွာ ႏႈတ္ခြန္းဆက္ဖို႔ျပင္လိုက္၏။

"မာမီ.. ဒယ္ဒီ.. ဒီေန႔ေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္းမဟုတ္ေတာ့ဘူး"

သူ႔ဘက္က ႏႈတ္ဆက္ဖို႔ျပင္ေနတဲ့အခ်ိန္မွာပဲ ႏႈတ္သြက္တဲ့ မင္ေဟ်ာင္းက ဦးစီးကာ မိတ္ဆက္လိုက္သည္။ ေကာင္ေလးက သူ႔လက္ေပၚကို ျပန္လည္အုပ္မိုးကာ ဆုပ္ကိုင္လာၿပီး ေဖ်ာ့ေတာ့ေသာ ေလသံေလးႏွင့္ေျပာသည္။

အၿမဲတစ္ေယာက္တည္းျဖတ္သန္းခဲ့ရတဲ့ ကာလေတြမွာ ဘယ္ေလာက္ေတာင္ ပင္ပန္းခဲ့လိုက္မလဲ။ အသက္ငယ္ငယ္ေလးနဲ႔ ႀကီးမားတဲ့ အခက္အခဲေတြကို သူတစ္ေယာက္တည္း ႀကံ့ႀကံ့ခံၿပီးေက်ာ္ျဖတ္ခဲ့ရတာ သိပ္ကိုပင္ပန္းဝမ္းနည္းခဲ့မွာပဲ။ ခိုင္မာတဲ့ စိတ္ဓာတ္အရင္းခံေလးရွိေနလို႔သာ အခုခ်ိန္ထိ သာမာန္ကေလးေတြလို ရွိေနႏိုင္ေသးတာ။ စိတ္ဓာတ္ေပ်ာ့ညံ့တဲ့သူသာဆို ခံႏိုင္ရည္မရွိလို႔ ကိုယ့္ကိုယ္ကို စြန္႔လႊတ္ၿပီး သက္ေသသြားမွာအမွန္ပါပဲ။

သူ႔အေနနဲ႔လည္း ၾကမ္းတမ္းတဲ့ ငယ္ဘဝကို ျဖတ္သန္းႀကဳံေတြ႕ခဲ့ရေသာ္ျငား ကိုယ့္ကိုျပဳစုေမြးျမဴေပးမယ့္ မိခင္တစ္ေယာက္ေတာ့ ရွိခဲ့ေသးသည္ေလ။ မင္ေဟ်ာင္းမွာက်ေတာ့ အန္႔ဆယ္ရာကလြဲၿပီး တျခားမရွိခဲ့။ ေက်ာင္းေနခဲ့ေပမယ့္ အားလုံးက သူ႔ရဲ႕ထူးဆန္းတဲ့အျပဳအမူေတြကို ေၾကာက္႐ြံ႕ခဲ့လို႔ သူငယ္ခ်င္းဆိုတာမ်ိဳးလည္း မရခဲ့သလို အခုလို Home schooling အေနနဲ႔သာ တက္ေရာက္ေနရသည္မလား။ ေခၚသင္ခဲ့တဲ့ ဆရာေတြကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ သူ႔ကိုထားသြားၾကသည္တဲ့ေလ။

ဒီအေၾကာင္းကိုေတြးမိမွ ဘာလို႔ထားသြားၾကလဲဆိုတဲ့အခ်က္ကို ျပန္သတိရလာသည္။ ပိုက္ဆံေတြအမ်ားႀကီး ရပါလ်က္နဲ႔ ဆရာေတြအားလုံးက ဘာလို႔မ်ား ထြက္သြားၾကသလဲ။ သူကိုယ္တိုင္လည္း ထူးဆန္းတဲ့အရာေတြကို ျမင္ေနတာမွန္ေပမယ့္ ေကာင္ေလးကို ခ်စ္စိတ္နဲ႔ ထြက္သြားဖို႔ စိတ္ကူးမရွိခဲ့။ အရင္ဆရာေတြလည္း သူ႔လိုပဲ ျမင္ေတြ႕ခဲ့ရလို႔မ်ား ေၾကာက္လန္႔ၿပီး ထြက္သြားၾကေလသလား။ အဲ့လိုသာဆိုရင္ေတာ့ ဒီအိမ္ႀကီးမွာ ထူးဆန္းတာေတြ တစ္ခုခုရွိေနၿပီဆိုတာ က်ိန္းေသသည္။

"အေရးႀကီးတဲ့ လူတစ္ေယာက္ကိုပါ ေခၚလာခဲ့တယ္"

သူဟာ မင္ေဟ်ာင္းအတြက္ ဘယ္ေလာက္အေရးႀကီးလဲဆိုတာကို ၾကားသိရၿပီးေနာက္ လက္ေလးေတြကို ပို၍တင္းက်ပ္စြာ ဆုပ္ကိုင္လိုက္ရင္း ေလးနက္ေသာ မ်က္ႏွာအေနအထားျဖင့္ အုတ္ဂူကို ၾကည့္ေနမိသည္။

"သူက ကြၽန္ေတာ့္ကို စာသင္ေပးတဲ့ ဆရာဆိုလည္း ဟုတ္ေပမယ့္ ကြၽန္ေတာ့္ခ်စ္သူဆိုလည္း ဟုတ္တယ္.. ဟားဟား.. ရယ္ရတယ္မလား.."

မင္ေဟ်ာင္းရဲ႕ ရယ္သံေလးကိုၾကားေတာ့လည္း စိတ္ထဲဝမ္းသာမိသလိုရွိေပမယ့္ ေကာင္ေလးဟာ လိုလိုလားလားနဲ႔ ရယ္ေနတာမဟုတ္ျပန္ေတာ့ စိတ္ပူရျပန္သည္။

"ကိုယ့္ကိုစာသင္ေပးတဲ့ဆရာကိုမွ ခ်စ္မိလို႔ မာမီတို႔က ဆူဦးမွာလားဟင္.. အခ်စ္မွာ ဒီလိုေတြမရွိပါဘူးေနာ္"

ကေလးေလးလိုေျပာေနတဲ့ ေကာင္ေလးေၾကာင့္ ယုတမၿပဳံးမိပဲမေနႏိုင္။ ေကာင္ေလးရဲ႕ အျပဳအမူေတြက သိပ္ကိုျမတ္ႏိုးဖြယ္ေကာင္းလြန္းသည္။

"ကြၽန္ေတာ္ခ်စ္တဲ့သူကေလ ကိုရီးယားလူမ်ိဳးေတာ့မဟုတ္ဘူးသိလား.. ဂ်ပန္လူမ်ိဳးပဲ.. ဒါေပမယ့္ ကိုရီးယားစကား အရမ္းကြၽမ္းတယ္.. ဟီးဟီး.."

သူ႔ေရွ႕မွာ ဝမ္းနည္းတဲ့ပုံရိပ္ကို မျပခ်င္လို႔ပဲလားမသိ။ ရယ္သံလြင္လြင္ေလးနဲ႔ ေပါ့ေပါ့ပါးပါးစကားေျပာေနပုံက ဝမ္းနည္းစိတ္ေလးေတြကို အတင္းအက်ပ္ ဖုံးကြယ္ထားသေယာင္။

"ဆရာ.. မိတ္ဆက္လိုက္ေလ.."

ေကာင္ေလးဘက္က သူ႔ကိုမိတ္ဆက္ခိုင္းမွပဲ သူလည္း မင္ေဟ်ာင္းရဲ႕ မိဘႏွစ္ပါးေရွ႕ကို ဦးၫြတ္ကာ အ႐ိုအေသေပးလိုက္သည္။

"မင္ေဟ်ာင္းရဲ႕အေမနဲ႔အေဖ.. ကြၽန္ေတာ္က မင္ေဟ်ာင္းေလးကို စာသင္ေပးရတဲ့ဆရာ.. နာမည္က နာကာမိုတို ယုတလို႔ေခၚပါတယ္ဗ်... ေနာက္ၿပီး.. မင္ေဟ်ာင္းရဲ႕ခ်စ္သူဆိုလည္း ဟုတ္ပါတယ္... ကေလးအ႐ြယ္ကို ခ်စ္မိလို႔ ေပါ့ပ်က္တယ္လို႔ေတာ့ မယူဆပါနဲ႔.. ကြၽန္ေတာ္က မင္ေဟ်ာင္းေလးကို တကယ္စိတ္ရင္းနဲ႔ ခ်စ္တာပါ... ေရွ႕ေလွ်ာက္လည္း မင္ေဟ်ာင္းကို ကာကြယ္ေပးသြားမယ္လို႔ ကတိေပးတာမို႔ ေအးခ်မ္းစြာအနားယူပါေနာ္.. ကြၽန္ေတာ့္ဆီကို စိတ္ခ်လက္ခ်နဲ႔ အပ္ထားလိုက္လို႔ရတာမို႔ပါ"

ေလးနက္တည္ၾကည္စြာေျပာေနေသာ သူ႔စကားလုံးေတြကို မင္ေဟ်ာင္းဟာ ေသခ်ာဂ႐ုတစိုက္နဲ႔ နားေထာင္ေနရင္း ေခ်ာေမာေသာ႐ုပ္ရည္အား ၿပဳံးကာၾကည့္ေန၏။

"မာမီနဲ႔ ဒယ္ဒီ ေတြ႕တယ္မလား.. ဆရာက ကြၽန္ေတာ့္ကို ဘယ္ေလာက္ခ်စ္လဲဆိုတာ.."

ကေလးေလးရဲ႕ ကေလးဆန္ေသာအျပဳအမူေလးမ်ားေၾကာင့္ ဆံႏြယ္အိအိေလးေတြကို တိုးဖြလိုက္ရင္း ပုခုံးေလးကို သူ႔နားသို႔ဆြဲေခၚကာ ဖက္ထားမိသည္။ ထိုစဥ္ခဏမွာ တိုက္ခတ္လာေသာ ေလၾကမ္းမ်ားေၾကာင့္ ၿခံထဲမွာ သစ္ပင္ႀကီးမ်ားဟာ လႈပ္ယမ္းသြားၾကသည္။ ေလတိုက္လို႔ သစ္႐ြက္အခ်င္းခ်င္းပြတ္တိုက္သံမ်ား ထြက္ေပၚလာၿပီးေနာက္ ပတ္ဝန္းက်င္ဟာ ႐ုတ္ခ်ည္းေအးစက္လာသည္။ စိတ္ထဲက ေလးလံမႈေတြပင္ ပို၍ေလးလံျပင္းျပလာတာေၾကာင့္ ယုတဟာ ေကာင္ေလးကိုေခၚၿပီး အုတ္ဂူအနားမွ အျမန္ျပန္လွည့္ခ်င္ေနၿပီ။

"မင္ေဟ်ာင္း.. ျပန္ရေအာင္.. ေလေတြတိုက္ေနၿပီ"

"ဆရာခ်မ္းလို႔လား..."

"အင္း.."

"ဟုတ္.. ဒါဆိုလည္း ျပန္ၾကတာေပါ့.. မာမီနဲ႔ ဒယ္ဒီ.. ကြၽန္ေတာ္တို႔ ဒီေန႔ေတာ့ ဒီေလာက္နဲ႔ပဲ ျပန္ေတာ့မယ္ေနာ္.. ေနာက္တစ္ေခါက္ ႏွစ္ပတ္လည္ေန႔ေတြက်ရင္လည္း ဆရာ့ကို ေသခ်ာေပါက္ေခၚလာခဲ့ဦးမယ္"

ေကာင္းကင္ျပင္ဟာ တျဖည္းျဖည္းမည္းတက္လာၿပီး ကမာၻေျမျပင္တစ္ခြင္အား အေမွာင္နဲ႔ႀကီးစိုးပိတ္ပင္ေတာ့မည့္အလား အုံ႔ဆိုင္းလာသည္။ ေလတိုက္ႏႈန္းေတြလည္း ျမန္ဆန္ျပင္းထန္လာၿပီး သစ္႐ြက္သစ္ခတ္မ်ားမွာ အပင္ေပၚမွ ေႂကြဆင္းေပးရေတာ့မည့္အလား လႈပ္ခတ္လာ၏။ ယုတတစ္ကိုယ္လုံးလည္း ခ်မ္းတက္လာၿပီး အေသြးအသားထဲကေနပါ တုန္ခိုက္လာသည္။ စိတ္ထဲမွာ တစ္မ်ိဳးႀကီး ခံစားေနရၿပီး ထိုခံစားမႈက သူ႔ကိုပိုေျခာက္လွန္႔ေနသလို ေျခာက္ျခားလာေစသည္။

မင္ေဟ်ာင္းလက္ကိုဆြဲကာ ေျခလွမ္းေတြကို ခပ္သြက္သြက္လွမ္းေနတဲ့အထိ က်ယ္ဝန္းတဲ့ၿခံႀကီးဆီကေန အိမ္ထဲကို မေရာက္ႏိုင္ေသး။ ဒီေန႔မွ ေပအကြာအေဝးဟာ ပို၍ပင္တိုးခ်ဲ႕ထားသလားထင္ရေလာက္ေအာင္ ရွည္ၾကာေနေသးသည္။ မူးမိုက္သလိုျဖစ္လာတဲ့ ေခါင္းနဲ႔အတူ စိတ္ထဲက ေၾကာက္႐ြံ႕မႈေတြနဲ႔ ခ်မ္းစိမ့္ေနတဲ့ ကိုယ္ခႏၶာဟာ အိမ္နားကို မေရာက္ခင္မွာပင္ ခိုက္ခိုက္တုန္လာသည္။

"ဆရာ.. ဆရာ.."

ဒါသူ႔ကို မင္ေဟ်ာင္းမိဘေတြ ႀကိဳဆိုတဲ့ နည္းလမ္းမ်ားလား။

အသိျပန္ဝင္လာခ်ိန္ဟာ ညအခ်ိန္ပင္ေရာက္လို႔ေနၿပီး ထမင္းစားခ်ိန္ကိုေတာင္ ေက်ာ္လြန္သြားၿပီျဖစ္သည္။ ညေနမေစာင္းခင္ေလာက္က အုတ္ဂူကိုသြားခဲ့ၿပီး ျပန္လာခ်ိန္မွာ ညစာစားခ်ိန္ျဖစ္ေပမယ့္ ႐ုတ္တရက္ ထူးဆန္းမႈေတြျဖစ္သြားတဲ့ ကိုယ္ခႏၶာေၾကာင့္ မင္ေဟ်ာင္းနဲ႔ အန္႔ဆယ္ရာက ကူညီေပးခဲ့ရသည္။ ညစာလည္းမစားမိပဲ သူ႔အခန္းထဲမွာသူျပန္ေရာက္ေနေၾကာင္း သိရၿပီးတဲ့ေနာက္ ေဘးဘီကိုၾကည့္တဲ့အခါ သူ႔လက္ေတြကို ဆုပ္ကိုင္ၿပီး စိုးရိမ္တႀကီးေစာင့္စားေနတဲ့ ခ်စ္ရသူအား ေတြ႕ရသည္။

"ဘယ္လိုေနေသးလဲဟင္.."

"သက္သာပါတယ္.."

"ဘယ္လိုျဖစ္ရတာလဲဗ်ာ.. ကြၽန္ေတာ္ျဖင့္ စိတ္ပူသြားတာပဲ.."

"ငါလည္းမသိဘူး မင္ေဟ်ာင္း.. ငါဘာလို႔ ဒီလိုျဖစ္သြားလဲဆိုတာ.."

စဥ္းစားစရာအေမးကိုေမးလာတဲ့အတြက္ ေျဖစရာအေျဖဟာ သူ႔မွာမရွိ။ သူကိုယ္တိုင္လည္း စဥ္းစားေနရဆဲကာလျဖစ္သည္။ ႐ုတ္တရက္ႀကီး မူးမိုက္မိုက္ျဖစ္ၿပီး အခ်မ္းဒဏ္ကို မတြန္းလွန္ႏိုင္ပဲ စိတ္ေျခာက္ျခားသလိုျဖစ္သြားတာက အေျဖရွာဖို႔ရန္ ခဲယဥ္းသည္။ ထင္ေၾကးေပးရမယ္ဆိုရင္ေတာ့ ေလတိုက္ၾကမ္းမႈေၾကာင့္ အနည္းငယ္အေအးပတ္သြားတယ္လို႔ပဲ ဆိုရမလား။ ဘယ္လိုပဲျဖစ္ျဖစ္ ထူးေတာ့ထူးဆန္းသည္။

"အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဆရာဝန္ေခၚေပးမယ္ေနာ္.. ဆရာဘာမွမျဖစ္ေစရဘူး"

"ေတာ္ၿပီ.. ရတယ္ မင္ေဟ်ာင္း.. ငါအဆင္ေျပတယ္.. အခုတကယ္ သက္သာေနၿပီမို႔.."

ဆရာဝန္ေခၚရေလာက္ေအာင္ ေရာဂါတစ္ခုျဖစ္ေနတာလည္းမဟုတ္သည္ေလ။ ဒီတိုင္းစိတ္ေျခာက္ျခားၿပီး တုန္လႈပ္သြားတယ္ပဲေျပာရမလား။ ထူးဆန္းတာက ဒီတစ္ခါျဖစ္တဲ့ကိစၥမွာ အရင္လိုျမင္ေတြ႕ေနရတဲ့အရာေတြကို မျမင္ရပဲကို သူ႔အလိုလိုေၾကာက္လန္႔လာမိတာပါပဲ။ အုတ္ဂူကို လိုက္မသြားခင္ကတည္းက အေၾကာင္းျပခ်က္မယ္မယ္ရရမရွိပဲ စိတ္ေလးလံေနမႈႀကီးက ျဖည့္စြက္ေပးလိုက္တဲ့ အုံ႔မႈိင္းမႈိင္းရာသီဥတုေၾကာင့္ ပိုဆိုးလာကာ ကိုယ့္စိတ္ကကိုယ့္ကို ျပန္ေျခာက္ေနသလို ခံစားခဲ့ရသည္။

"ဒီည ကြၽန္ေတာ္ရွိေနမယ္ေနာ္.. ဆရာ့ေဘးမွာ ေစာင့္ေနေပးမယ္.. စိတ္ခ်လက္ခ်အိပ္ သိလား.."

"ရပါတယ္.. မင္းလည္းအိပ္ရမွာေပါ့.. ဒီေလာက္ႀကီးဂ႐ုမစိုက္ပါနဲ႔.. ငါတကယ္ ဘာမွမျဖစ္ဘူး"

"ဟူး.. စိတ္ပူလို႔ပါဗ်ာ.. အဲ့ဒါဆိုလည္း ၿပီးတာပဲ"

၁၃ဂဏန္းက အက်ိဳးမေပးတာ မင္ေဟ်ာင္းအတြက္တင္မဟုတ္ပဲ သူ႔အတြက္ပါျဖစ္ေနၿပီလားမသိ။ ဒီေန႔မွ ထူးထူးဆန္းဆန္း ခႏၶာကိုယ္က အားနည္းေနသလိုခံစားေနရတာ။ သန္မာခ်င္တဲ့ ေယာက်ၤားတစ္ေယာက္ျဖစ္ပါလ်က္၊ ကိုယ့္ခ်စ္သူကို ကာကြယ္ေပးဖို႔ ကတိေပးထားပါလ်က္နဲ႔ အခုထိသူ႔အနားမွာ ေစာင့္ေပးရသူက သူကာကြယ္ေပးခ်င္တဲ့ ကေလးငယ္ျဖစ္ေနတာကို စိတ္ထဲလည္း အားမလိုအားမရျဖစ္မိသည္။

အခုထိ သူက ေကာင္ေလးအနားမွာ ေစာင့္ၾကပ္ေပးရသူမဟုတ္ပဲ ေကာင္ေလးကသာ သူ႔ကိုေစာင့္ေရွာက္ေပးရသူျဖစ္ေနတာမ်ိဳးကို စိတ္ထဲမွာ မလိုမက်ျဖစ္လာမိသည္။

"မင္ေဟ်ာင္း.."

"ဟင္.."

"ကိုယ္တို႔ႏွစ္ေယာက္အတူ သီးသန္႔ခြဲေနၾကမလား.. ဒီအိမ္ႀကီးမွာမဟုတ္ပဲနဲ႔ေလ.."

ဒီအိမ္မွာ ေျခာက္ေျခာက္ျခားျခားႀကီး ေနေနရမွာထက္ အျပင္မွာပဲ ေစ်းနည္းတဲ့ ကိုယ္ပိုင္အိမ္ခန္းေလးတစ္ခန္းဝယ္ၿပီး သူခ်စ္ရတဲ့ေကာင္ေလးကို စာသင္ေပးရင္း အတူတကြ ေအးေအးခ်မ္းခ်မ္းေနခ်င္မိသည္။

"ဒီမွာက ဘာျဖစ္လို႔လဲ.."

"မေနခ်င္ေတာ့လို႔.. မင္းနဲ႔အတူႏွစ္ေယာက္တည္းေနခ်င္တယ္.. ကိုယ္ဝယ္ထားတဲ့ အိမ္ေလးမွာ မင္းနဲ႔အတူေနခ်င္တာ မင္ေဟ်ာင္း.."

"ကြၽန္ေတာ္လည္း ေနခ်င္ပါတယ္.. ဒါေပမယ့္ ကြၽန္ေတာ္ ဒီအိမ္က ထြက္လို႔မရေလာက္ဘူး.."

"ဘာလို႔လဲ.."

"မသိဘူး.. ဘာလို႔မွန္းမသိ ဒီအိမ္ကထြက္ရင္ တစ္ခုမဟုတ္တစ္ခုျဖစ္တတ္တယ္.. အဲ့ဒါေၾကာင့္ ဒီမွာပဲေနတာက ကြၽန္ေတာ့္အတြက္ အလုံၿခဳံဆုံးပဲ.."

"အထင္မွားၿပီး အယူစြဲေနတာေနမွာပါကြာ.. ကိုယ္နဲ႔အတူေနရင္ မင္းကို ဒီထက္ပိုၿပီး လုံၿခဳံရေစမယ္လို႔ အာမခံတယ္.. မဟုတ္ဘူး.. အဲ့လိုျဖစ္ေအာင္ ကိုယ္က ေစာင့္ေရွာက္ေပးမယ္.."

သူ႔ဘက္က အာမခံခ်က္ေတြေပးၿပီး တာဝန္ယူေစာင့္ေရွာက္ပါမယ္လို႔ေျပာေနတာေတာင္ မင္ေဟ်ာင္းရဲ႕မ်က္လုံးေတြက တုပ္တုပ္မွမလႈပ္။ ၾကည့္ရတာ ဒီအိမ္ကေန ထြက္သြားရမွာကို ျပစ္မႈတစ္ခုလို သတ္မွတ္ၿပီး တြန္႔ဆုတ္ေနသည့္ပုံပင္။

"မင္ေဟ်ာင္း.."

"တစ္ရက္က်ရင္ေတာ့ ျဖစ္လာမွာေပါ့..."

ေသခ်ာေရရာျခင္းမရွိပဲ တုံ႔ျပန္စကားဆိုလိုက္ၿပီး သူ႔ေဘးမွာဝင္လဲကာ အိပ္စက္ဖို႔ရာျပင္ေနသည္။

"အိပ္ရေအာင္ေလ.. ကြၽန္ေတာ္ပင္ပန္းေနၿပီ.."

တစ္ေနကုန္စာသင္ၿပီးလို႔ ညေနေရာက္ေတာ့လည္း အုတ္ဂူဆီသြားကာ မိတ္ဆက္ေပးခဲ့ရၿပီး ျပန္ေရာက္ေတာ့လည္း သူ႔ကိုစိုးရိမ္စိတ္နဲ႔ ေစာင့္ၾကပ္ေပးခဲ့ရတာေၾကာင့္ ပင္ပန္းၿပီးအိပ္ခ်င္ေနပုံရသည္။ သူလည္း အတင္းေျပာဖို႔ မႀကိဳးစားေတာ့ပဲ ရင္ဘတ္ထဲကို တိုးဝင္ဖက္တြယ္လာတဲ့ ေကာင္ေလးအား ျပန္လည္ဖက္ေပးလိုက္ရင္း ေက်ာကုန္းေလးအား ပုတ္သိပ္ကာ သူ႔အလိုက် မ်က္လုံးမ်ားကို အနားေပးလိုက္သည္။

ႏွစ္ေယာက္လုံးမ်က္လုံးမွိတ္ၿပီး အနားယူေနၾကတာ တိတ္ဆိတ္ေသာအခန္းထဲမွာျဖစ္တဲ့အတြက္ အသက္ရႈသံေတြဟာ က်ယ္ေလာင္စြာ ထြက္ေပၚေန၏။ စိတ္ေရာလူေရာပင္ပန္းသြားသလို အား႐ုတ္ၿပီး ႏုံးက်သြားတာမွန္ေပမယ့္ ဦးေႏွာက္က အခုထိအလုပ္လုပ္ေနေသးကာ အိပ္ေပ်ာ္တဲ့အဆင့္ကို မေရာက္ႏိုင္ေသး။ ပင္ပန္းႏြမ္းနယ္ေနပါလ်က္နဲ႔ ဘာလို႔မ်ား သူ႔ဦးေႏွာက္က ႏိုးၾကားေနရသလဲဆိုတာ နားမလည္ႏိုင္ေတာ့။ ေခါင္းထဲမွာ ဝူးဝူးဝါးဝါးအသံေတြထြက္ေပၚလာၿပီး ရင္ခြင္ထဲမွာ ျမဳပ္ဝင္ေနတဲ့ ကေလးငယ္ဟာ ႐ုန္းထြက္လာသည္။

မ်က္လုံးမ်ားကို မွိတ္ထားလ်က္နဲ႔ ေကာင္ေလးကို ျပန္ဖက္မယ္လုပ္ေတာ့ ေဘးေနရာက လြတ္လပ္ကင္းစင္လ်က္ရွိေနေၾကာင္းကို ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္စြာနဲ႔ စမ္းသပ္ေတြ႕ရွိသြားမိသည္။ မ်က္ေမွာင္က်ဳံ႔ၿပီး မ်က္ခြံမ်ားကို ဖြင့္ၾကည့္မိေတာ့ မင္ေဟ်ာင္းဟာ သူ႔ကိုေက်ာေပးထားလ်က္ ကုတင္ေပၚမွာ ထိုင္ေနေၾကာင္းကို ေတြ႕လိုက္ရသည္။

ဒီကေလး ခုနကပဲ အိပ္ခ်င္တယ္ေျပာၿပီး အခုဘယ္လိုျဖစ္လို႔မ်ား ထထိုင္ေနရသလဲဟု စိတ္ထဲစဥ္းစားမိလိုက္သည္။

"မင္ေဟ်ာင္း.. မအိပ္ဘူးလား.."

မင္ေဟ်ာင္းဟာ သူ႔ကိုေခၚေနတာမဟုတ္သည့္အလား မလႈပ္မယွက္ ေနရာမွာပဲ ထိုင္လ်က္ရွိေနသည္။ သူလည္း အာ႐ုံစိုက္ျခင္းမခံရမႈေၾကာင့္ ေကာင္ေလးကို အနည္းငယ္ေတာ့ စိတ္တိုသြားမိသည္။ တေရးႏိုးႀကီး ထၿပီးစိတ္ေကာက္ေနလားဟု ေတြးရေအာင္လည္း သူတို႔ၾကားမွာ ရန္ျဖစ္ထားျခင္းကိစၥဆိုတာမရွိ။

"မင္ေဟ်ာင္း.. ကိုယ္ေခၚေနတယ္ေလ.."

ယုတဟာ အိပ္လ်က္နဲ႔ပဲ ေကာင္ေလးကိုၾကည့္ကာ ထပ္ေခၚလိုက္သည္။ ထပ္ၿပီးၿငိမ္သက္ေနဆဲ။ ထိုင္ေနဆဲ။

"အီမင္ေဟ်ာင္း..."

အိပ္ခ်င္မူးတူးနဲ႔မ်ား ထထိုင္ၿပီး ထိုင္လ်က္ႀကီး အိပ္ေနသလားမသိ။ ေကာင္ေလးဟာ အသက္ရႈသံပင္ ထြက္မလာတဲ့ထိ ၿငိမ္ဝပ္ေနဆဲ။

ယုတ ထထိုင္လိုက္ၿပီး မင္ေဟ်ာင္းပုခုံးကိုကိုင္ကာ အေနာက္ကေန ဆြဲလွည့္လိုက္သည္။ သူ႔ဘက္ကို လွည့္ၾကည့္လာတဲ့ မင္ေဟ်ာင္းရဲ႕မ်က္ႏွာအေရာင္ဟာ ျဖဴေဖ်ာ့လြန္းေနသည္။ ထိေတြ႕လိုက္မိတဲ့ ပုခုံးသားေတြဟာလည္း ေအးစက္ေနသည္။ သူ႔ကိုၾကည့္လာတဲ့ အၾကည့္ေတြဟာလည္း ထိုနည္းတူပဲ ေအးစက္ေနသည္။ ခံစားခ်က္မရွိပဲ ေမွးမွိန္ေနသည္။ မထင္ေကာင္းေပမယ့္ လူေသတစ္ေယာက္က သူ႔ကိုၾကည့္ေနသလို ခံစားရသည္။

"မင္.. မင္ေဟ်ာင္း.. ဘာျဖစ္ေနတာလဲ.."

သူ႔အေမးကိုလည္း လ်စ္လ်ဴရႈထားလ်က္ ျပန္ေျဖၾကားလာျခင္းမရွိ။

"မင္ေဟ်ာင္း.. ငါေမးေနတာၾကားလား.. ဘာျဖစ္ေနတာလဲလို႔.."

စိတ္ထဲမွာ သံသယျဖစ္မိၿပီး ေျခာက္ျခားလာသလို ခံစားရေပမယ့္ ေကာင္ေလးကို ထပ္ေခၚကာ ေမးလိုက္မိသည္။

"ကြၽန္ေတာ့္နာမည္ မင္ေဟ်ာင္းမဟုတ္ဘူး"

"ဟ-ဟမ္.. မင္ေဟ်ာင္း.. ကိုယ့္ကို အဲ့လိုမစနဲ႔ကြာ"

မစနဲ႔လို႔သာ ရယ္က်ဲက်ဲနဲ႔ ေျပာလိုက္ေပမယ့္ ေကာင္ေလးရဲ႕ ေအးစက္မႈအေငြ႕အသက္ေတြက သူ႔ဆီကို လာ႐ိုက္ခတ္ေနၿပီး တစ္ကိုယ္လုံးတုန္လႈပ္ေအးစက္ကာ ၾကက္သီးထလာသည္။ ေျခာက္ျခားမႈေတြက သူ႔ႏွလုံးသားထဲမွာ ခိုေအာင္းဝင္ေႏွာင့္လာျပန္သည္။

"မင္ေဟ်ာင္းမဟုတ္ဘူးလို႔ေျပာေနတယ္ေလ.. ဘာလို႔ ခဏခဏ မင္ေဟ်ာင္း မင္ေဟ်ာင္းလို႔ပဲ ေခၚေနတာလဲ.. အဲ့နာမည္ကို မၾကားခ်င္ေတာ့ဘူး.."

"မင္ေဟ်ာင္း.."

မဟုတ္ဘူးလို႔ေျပာထားေပမယ့္ သူ႔ေရွ႕မွာရွိေနတာက အီမင္ေဟ်ာင္းမဟုတ္လို႔ ဘယ္သူျဖစ္မွာလဲ။ တစ္ခါမွ မေအာ္ဖူးတဲ့ ေကာင္ေလးက သူ႔ကို စိတ္ဆိုးေဒါသျဖစ္ၿပီး ထေအာ္လိုက္တာကို အံ့အားသင့္မိလို႔ ႏႈတ္ဖ်ားကေန သူ႔နာမည္ကိုပဲ ထပ္ထြက္မိသည္။

"ခင္ဗ်ားကို မေခၚနဲ႔လို႔ ေျပာေနတယ္ေလ.."

သူ႔ေရွ႕ကိုထပ္တိုးလာၿပီး စိတ္ဆိုးမာန္ဆိုးနဲ႔ ဝူးဝူးဝါးဝါးေအာ္လိုက္ပုံက ခ်စ္စရာေကာင္းတဲ့ တပည့္ေလး အီမင္ေဟ်ာင္းနဲ႔မတူပဲ ေၾကာက္စရာေကာင္းတဲ့ မေကာင္းဆိုးဝါးတစ္ေကာင္က အစြယ္မ်ား ထုတ္ျပေနသလိုႏွင့္တူသည္။

ေၾကာက္႐ြံ႕သြားမႈေၾကာင့္ ယုတ အေနာက္သို႔လက္ေထာက္ကာ အနည္းငယ္ ဆုတ္ခြါလိုက္သည္။ သူ႔ေကာင္ေလးဟာ ညတြင္းခ်င္း ဘယ္လိုအေျခအေနကိုမ်ား ေျပာင္းလဲသြားခဲ့တာလဲ။

ေသခ်ာျပန္စဥ္းစားၾကည့္မွ ဟိုတစ္ခါ ေရကူးကန္မွာ ေရကူးေနတဲ့ မင္ေဟ်ာင္းအေၾကာင္းကို ေတြးမိသြားသည္။ သူဆင္းလာၾကည့္ေတာ့ မင္ေဟ်ာင္းဟာ ေရစိုေနျခင္းမရွိပဲ ေျခာက္ကပ္ေနေပမယ့္ သူေတြ႕လိုက္တာကလည္း ေရကန္ထဲမွာ ေရကူးေနတဲ့ မင္ေဟ်ာင္းဆိုတာ ေသခ်ာသည္။

အေတြးေတြကို ျပန္လည္ဆက္စပ္ၾကည့္ရင္ ေခါင္းေတြမူးေနာက္လာတာသာ အဖတ္တင္ၿပီး အရာမဝင္တာေၾကာင့္ သူ႔ေရွ႕က ေကာင္ေလးနဲ႔သာ အရင္ စာရင္းရွင္းရေတာ့မည္။

"အီမင္ေဟ်ာင္းက ဘာေကာင္မို႔လို႔ ဒီေလာက္ေတာင္ ခ်စ္ေနရတာလဲ.. မေကာင္းဆိုးဝါးေကာင္ကိုမ်ား.."

ခုနကလိုမဟုတ္ပဲ ေဒါသေတြ ၿငိမ္းသက္ကာ သူ႔ကိုစိုက္ၾကည့္လ်က္ပဲ ေျပာလာတဲ့ စကားလုံးေတြဟာ နားလည္ရခက္ခဲလြန္းသည္။ မင္ေဟ်ာင္းက သူ႔ကိုယ္သူ မင္ေဟ်ာင္းမဟုတ္သလိုနဲ႔ ေျပာေနၿပီး မေကာင္းဆိုးဝါးလို႔ေတာင္ ေျပာလာေသးသည္။ အဲ့လိုေျပာေၾကးဆို အခုသူ႔ေရွ႕မွာရွိေနတာကမွ မေကာင္းဆိုးဝါးမဟုတ္ေပဘူးလား။

"မင္း.. မင္းက.. မင္ေဟ်ာင္းမဟုတ္ရင္.. ဘယ္သူလဲ.."

ထိတ္လန္႔မႈၾကားက ေမးလိုက္ေတာ့ သူ႔ေရွ႕ကို ထပ္တိုးျပလာကာ မ်က္လုံးျပဴးျပဴးနဲ႔ စိုက္ၾကည့္ေနသည္။ မင္ေဟ်ာင္းက သူ႔ကို တစ္ခါမွ ဒီလိုမၾကည့္ဖူး။ ၾကည့္ဖို႔ေနေန စိတ္တိုေဒါသထြက္တာေတာင္ မရွိခဲ့တဲ့ ေကာင္ေလးက အခုမ်ားေတာ့ ဘယ္လိုျဖစ္လို႔ တျခားလူတစ္ေယာက္လို ေျပာင္းလဲသြားရတာလဲ။

"ဘယ္သူလဲ သိခ်င္လား.."

ယုတက အေနာက္ဆုတ္ေလ ေကာင္ေလးက ထပ္တိုးလာေလျဖစ္တာေၾကာင့္ အခုဆို သူ႔အေပၚမွာ တျဖည္းျဖည္းအုပ္မိုးလာတဲ့ အေနအထားကို ေရာက္ေနၿပီပင္ျဖစ္သည္။

"သိခ်င္ေနေတာ့လည္း ျပရတာေပါ့.."

လက္ႏွစ္ဖက္ေထာက္ကာ ယုတအေပၚကေန အုပ္မိုးလိုက္ရင္း လႈပ္ရွားေနေသာ မ်က္လုံးမ်ားကို စူးစူးရဲရဲၾကည့္လာသည္။ သူ႔မ်က္လုံးေတြကို ဖတ္ရႈေနသည့္အလား ၾကည့္လာကာ ေျပာလိုက္တဲ့ ေလသံမွာ ေအးစိမ့္ေသာေလထုကို ေဆာင္က်ဥ္းလာသလိုပင္။

ေနာက္ၿပီး ေထာက္ထားတဲ့ သူ႔လက္တစ္ဖက္ကို ေျမႇာက္တင္ကာ သူ႔ပါးသူကိုင္လ်က္ လက္သည္းမ်ားနဲ႔ ကုတ္ျခစ္ျပေနသည္။ မလုပ္နဲ႔လို႔ ဟန္႔တားခ်င္ေသာ္ျငား ျမင္ေတြ႕ေနရတဲ့အရာဟာ ႐ူးႏွမ္းလြန္းတာေၾကာင့္ ယုတ မ်က္လုံးျပဴးလ်က္နဲ႔ပဲ မွင္သက္စြာၾကည့္ေနမိသည္။

အ႐ူးတစ္ေယာက္လို သူ႔မ်က္ႏွာသူ ကုတ္ျခစ္ျပေနတဲ့ ေကာင္ေလးက သူ႔အေပၚကို စိုးမိုးထားလ်က္နဲ႔မို႔ မ႐ုန္းထြက္ႏိုင္၍ ပိုၿပီးေၾကာက္႐ြံ႕မိသည္။

ျဖည္းျဖည္းခ်င္းကေန ခပ္ျမန္ျမန္ ကုတ္ျခစ္ျပလာတဲ့အခါ အေရျပားေတြ ေပါက္ထြက္လာသလိုနဲ႔ ေသြးေတြယိုစိမ့္ထြက္လာကာ အသားအရည္ေတြ ပြန္းပဲ့လာသည္။ နာက်င္ရေကာင္းမွန္းမသိသလိုနဲ႔ ဆက္ၿပီးကုတ္ျခစ္ေနတဲ့ ေကာင္ေလးကလည္း ထိုအနာေပၚကိုပဲ အေရျပားကြာက်တဲ့ထိ ကုတ္ေနသည္။

ၾကာလာေတာ့ ပါးေပၚက အေရျပားေလးေတြဟာ ေပါက္ထြက္လာၿပီး ေသြးေတြဟာ သူ႔မ်က္ႏွာေပၚ တစက္စက္က်လာသည္။ မ်က္ႏွာတစ္ျခမ္းလုံးလည္း ရစရာမရွိေအာင္ ေပါက္ၿပဲေနၿပီး ႐ုပ္ဆိုးအက်ည္းတန္လာသည္။

"ကြၽန္ေတာ္က ခ်စ္ဖို႔ေကာင္းတယ္မလားဟင္.. ကိုကို.."

မေခၚေဝၚဖူးေသးတဲ့ နာမည္ကိုပါ တပ္ေခၚလာတာက ပိုၿပီးထူးဆန္းလြန္းသည္။ သူတို႔အသက္အ႐ြယ္ဟာ ကိုကိုနဲ႔ကေလးမဟုတ္။ ဦးေလးနဲ႔တူအ႐ြယ္ျဖစ္သည္။ ဒါေပမယ့္ ေကာင္ေလးဟာ သူ႔ကို ကိုကိုဆိုၿပီး ခြၽဲကာေခၚေနသည္။

ထပ္ၿပီး ကုတ္ျခစ္ေနေတာ့ ပါးတစ္ဖက္ဟာ အက္ကြဲသြားၿပီး အထဲကေန ေသြးအစိုင္အခဲမ်ား ပ်စ္ႏွစ္ကာ ထြက္က်လာသည္။ ေအာ့အန္ခ်င္သလိုျဖစ္လာလို႔ ယုတ သူ႔ပါးစပ္သူပိတ္ကာ မ်က္ရည္မ်ား ဝဲတက္ေနတဲ့ၾကားက မ်က္စံအိမ္မ်ား လႈပ္ခတ္ကာ ၾကည့္ေနမိသည္။

ေကာင္ေလးဟာေတာ့ သူ႔မ်က္ႏွာေပၚက ေသြးစက္မ်ားကို ဖယ္သုတ္ေပးကာ မ်က္ခုံးေလးပင့္လ်က္ ေျပာဆိုလာသည္။

"ဘယ္လိုလဲ.. ကြၽန္ေတာ့္ကို ခ်စ္ေသးလား.. ဆရာ့ရဲ႕ မင္ေဟ်ာင္းေလ..."














_TBC 𓁹

Continue Reading

You'll Also Like

4.6K 199 36
sk fic แ€œแ€ฑแ€ธแ€•แ€ซแ€”แ€ฑแ€ฌแ€บ...sk แ€€แ€ญแ€ฏแ€œแ€ฝแ€™แ€บแ€ธแ€œแ€ญแ€ฏแ€ทแ€›แ€ฑแ€ธแ€•แ€ซแ€žแ€Šแ€บ....แ€แ€…แ€บแ€…แ€ฏแ€ถแ€แ€…แ€บแ€แ€ฏแ€™แ€€แ€ปแ€ฑแ€”แ€•แ€บแ€…แ€›แ€ฌแ€™แ€ปแ€ฌแ€ธแ€–แ€ผแ€…แ€บแ€žแ€ฝแ€ฌแ€ธแ€แ€ฒแ€ทแ€›แ€„แ€บ แ€€แ€ญแ€ฏแ€šแ€บแ€ทแ€กแ€•แ€ผแ€…แ€บแ€•แ€ซแ€”แ€ฑแ€ฌแ€บ.... แ€กแ€›แ€™แ€บแ€ธแ€œแ€ฝแ€™แ€บแ€ธแ€แ€šแ€บ.... forever peraya..... int...
1.7M 105K 49
" แ€›แ€ฑแ€…แ€€แ€บแ€™แ€•แ€ผแ€แ€บแ€œแ€ญแ€ฏแ€ท แ€แ€…แ€บแ€•แ€แ€บแ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€œแ€ฌแ€แ€ฒแ€ท แ€žแ€ถแ€žแ€›แ€ฌแ€Ÿแ€ฌ แ€žแ€ถแ€žแ€šแ€”แ€ฒแ€ท แ€กแ€…แ€•แ€ผแ€ฏแ€›แ€แ€ฌแ€™แ€ปแ€ญแ€ฏแ€ธแ€แ€ฑแ€ฌแ€ท แ€˜แ€šแ€บแ€แ€ฑแ€ฌแ€ทแ€™แ€พแ€™แ€–แ€ผแ€…แ€บแ€…แ€ฑแ€แ€ปแ€„แ€บแ€•แ€ซ แ‹ แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€กแ€ฌแ€ธแ€–แ€ผแ€„แ€ทแ€บ แ€แ€…แ€บแ€แ€ซแ€œแ€ฑแ€ฌแ€€แ€บแ€แ€ฑแ€ฌแ€ท แ€„แ€ผแ€ญแ€™แ€บแ€ธแ€แ€ปแ€™แ€บแ€ธแ€แ€ปแ€„แ€บแ€™แ€ญแ€•แ€ซ...
425K 88.8K 106
เถธเทš เถฝเทเถšเท™ เถšเทเถญเถบเท’ เถšเท’เถบเถฝเท เถดเทเถงเถšเทŠ เถฑเท‘... เท„เทเถธ เถดเทเถงเถธ เถฝเทƒเทŠเทƒเถฑเถบเท’.... เถ”เถบเท เทƒเท”เถฏเท” เถดเทเถงเถง เถ†เทƒเถบเท’... เถธเถธ เถšเถฝเท”เถดเทเถงเถง เถ†เทƒเถบเท’... เทƒเถปเถฝเถบเท’ ... เถ”เถบเท เถ†เทƒ เถฏเทš เถธเถธ เถ†เทƒ เถฏเทš เถฑเทœเท€เท™เถฑเทŠเถฑ เถดเท”เถฝเท”เท€เถฑเทŠ ... เถ’เถญเทŠ เถธเถธ...
25.6K 3.7K 29
เถขเท“เท€เท’เถญเทš เถดเทŠโ€เถปเทšเถธเถฑเท“เถบ เถดเถปเท’เถ เทŠเถกเทšเถฏ เถฝเท’เถบเท€เท”เถฑเทšเถธ เถ†เถฏเถปเถฑเท“เถบ เท„เถธเท”เท€เท“เถธเทŠ เถ‘เถšเทŠเถš.... ......โค๏ธ