ParkJihoonဆိုတာအစကတည်းကိုယ်ပိုင်တဲ့ပစ္စည်း တခြားသူနဲ့မျှသုံးရမှာမလိုလားတဲ့သူ။ ကိုယ်မပိုင်တော့မှန်းသိရင် အဲ့အရာကိုစွန့်လွှတ်ပစ်တတ်တဲ့သူ။ အဲ့အစားတန်ရာတန်းကြေးတော့ပြန်ယူတတ်၏။
နောက်တစ်ခုက တဇွတ်ထိုးလုပ်တတ်တဲ့အကျင့်။တစ်ခုခုအလိုမကျရင်ဘာမှမတွေးတော့ပဲစိတ်ထင်တိုင်းသာလုပ်တက်သည့်တဇွတ်ထိုးသမားဆိုလည်းမမှား။
စိတ်ထင်တိုင်းလုပ်နေတဲ့ Jihoon အတွက်တော့ ဘယ်အရာမှအလေးထားရကောင်းမှန်းမသိခဲ့ပါ။
_____________________________
''hmm?မင်းကျောင်းလာတယ်?''
တပတ်တရက်တောင်ပုံမှန် ကျောင်းမလာတက်တဲ့တက္ကသိုလ်ကျောင်းသားကြီး ParkJihoon ကိုမြင်တော့ Yoshinori သရဲမြင်လိုက်ရသလိုပင်။
"ဟက် မင်းကလည်းငါ့မြင်တာအဲ့လောက်လန့်ရလား ''
Jihoon ပြောပြီး Yoshi ဘေးဝင်ထိုင်လိုက်သည်။ ထိုအခါYoshi က Jihoon နှဖူးပေါ်လက်တင်ကြည့်ရင်း
"မင်းနေမှကောင်းပါတယ်နော် ဟိုတရက်ကမှကျောင်းလာထားတာမလား''
သူများတွေ နေမကောင်းရင်အိမ်ပြန်တယ် သူကျမှပြောင်းပြန်
"မဟုတ်ဘူး ပါးပါးက ငါကျောင်းပျက်တဲ့ကိစ္စတွေဘယ်လိုသိသွားလဲမသိဘူး ကောနေလို့ ''
" ဖြစ်ရမယ်''
"အတန်းချိန်တက်မှာလား Yoshi ''
"ငါမတက်လို့မရဘူး babe ဆူလိမ့်မယ် ''
"မင်းကလည်း...''
Jihoonခေါင်းခါရင်းသာ
အထက်တန်းကျောင်းသားဘဝကတည်းကဆိုးဖော်ဆိုးဖက် Yoshi က အခုDoyoung ဆိုတဲ့ကောင်လေးနဲ့မှ သိသိသာသာလိမ္မာသွားတာလေ။
အဲ့အချက်ကို Jihoonသိပ်သဘောမတွေ့ပေ သူ့အပိုင်ကိုတခြားသူလုယူသွားသလိုမျိုးခံစားရသည်။သို့ပေမယ့်လည်းJihoon စိတ်မပါပေမယ့်အတန်းချိန်ပြီးအောင်တော့သင်ခဲ့လိုက်သည်။
အတန်းချိန်ပြီးတော့
"Yoshi ငါတို့ Canteen သွားကြမလား''
"ဆောတီး ဟိုမှာ..''
Yoshi က အတန်းအပြင်ဘက်ကိုမေးငေါ့ပြရင်း Doyoung ကိုထိုးပြသည်။
သူ့babe စောင့်နေသည်မလို့ အမြန်ပင်ပြေးထွက်သွားလေသည်။
Jihoon နည်းနည်းတော့အလိုမကျပေ။
ရည်းစားမျက်နှာတကမ္ဘာလုပ်နေတဲ့ Yoshi ကြောင့် စိတ်တိုမိသည်လို့ဆိုရမလား။
အတန်းရှေ့မှာ အနွေးထည်အဖြူရောင်လေးဝတ်ထားတဲ့ လုံးလုံးလေးနဲ့ Doyoung ဆိုတဲ့ကောင်လေးကိုစိုက်ကြည့်ရင်း
အတွေးတစ်ခုဝင်လာခဲ့လေသည်။
________________________________
လူရှင်းတဲ့လမ်းကြားတစ်ခုမှ Jihoon ကားရပ်ရင်း တစ်စုံတစ်ယောက်ကိုစောင့်နေသည်။
ကားတံခါးကိုမှီလျက် လက်ပိုက်ပြီး ခြေထောက်တစ်ဖက်ကို မြေပြင်ပေါ် ရှက်တိုက်ရင်းသာ
လက်ကနာရီကိုတချက်ကြည့်ရင်းအတော်ပင်မှောင်နေလေပြီ လမ်းမီးတောင် လင်းနေတဲ့အချိန်။
"ကျစ်ကြာတယ်!''
Jihoon စိတ်မရှည်တော့ပြီမလို့ပြန်ဖို့လုပ်လိုက်ပေမယ့် စောင့်နေတဲ့ကောင်လေးလာပြီမလို့ ရပ်တန့်လိုက်ရသည်။
ထိုကောင်လေးက တခြားသူတော့မဟုတ် ဒိုယောင်းသာဖြစ်သည်။
Jihoon တစ်ခြားနည်းတစ်ခုကိုစဥ်းစားထားပေမယ့် ဖြစ်ရပ်တစ်ခုကြောင့် ဇာတ်ကိုပြောင်းရတော့မယ်ထင်ပါရဲ့ မဲ့ပြုံးတချက်ပြုံးရင်းသာ ဒီအဖြစ်ကိုကြည့်နေလိုက်သည်။
Doyoung ကို အမူးသမားတစ်ယောက်ကနောက်ကလိုက်ပြီးနှောက်ယှက်နေတဲ့မြင်ကွင်း။
Doyoung နောက်ကလိုက်နေတဲ့အမူးသမားကို လှည့်လှည့်ကြည့်ရင်း ခပ်သုတ်သုတ်လျှောက်နေသည်။ မနီးမဝေးမှာကားရပ်ပြီးစောင့်နေတဲ့ Jihoon ကိုတော့မြင်ပုံမရ
ရုတ်တရက် ထိုအမူးသမားက Doyoung ကိုအမှီလိုက်ရင်းလက်ကိုဆွဲလိုက်လေတော့အလန့်တကြားဖြင့်။
"လွှတ်ခဗျားဘာလုပ်တာလဲ''
"တစ်ယောက်ထဲလား ကောင်လေးက''
ထိုအမူးသမားကပြောရင်း ဒိုယောင်းပါးလေးကို မထိတထိကိုင်လိုက်တော့ချက်ချင်းပဲDoyoung သူ့ပါးကိုထိလာတဲ့ လက်တွေကိုပုတ်ချလိုက်၏။
"တစ်ယောက်ထဲဆိုတော့ဘာဖြစ်ချင်လို့လဲ ခဗျားက ကျွန်တော့်လက်ကိုလွှတ်''
"လာပါ... ''
Doyoung အတင်းရုန်းပေးမယ့်မရ ထိုအမူးသမားက သူ့နှစ်ဆလောက်ဖြစ်နေတော့
"ခဗျား လွှတ်လို့''
"လိမ်မာပါတယ် ကလေးက ''
"လွှတ်...''
"ဟိတ်လူ!..''
လမ်းမီးတိုင်ကြားက အသံတစ်ခုထွက်ပေါ်လာသောကြောင့်ထိုအမူးသမားရော ဒိုယောင်းရောအသံလာရာ ကိုလှည့်ကြည့်လိုက်လေသည်။
"မင်းကဘာလဲ ကိုယ့်လမ်းကိုလျှောက်စမ်းပါ''
"ဟက်...babe လက်ကိုဆွဲထားတဲ့ခဗျားလက်ကိုလွှတ်လိုက်ရင်ကောင်းမယ်နော်''
"Babe? ...''
သူ့ကိုbabe လို့ခေါ်လိုက်သော Jihoon ကြောင့် Doyoung ပင်ကြောင်အသွားလေသည်။
"ဟူးး...''
အမူးသမားက လေပူတစ်ချက်မှုတ်ထုတ်ရင်း ဒိုယောင်းလက်ကိုလွှတ်လိုက်သည်။
ထို့နောက် Jihoon ရှိရာကိုပြေးပြီး ထိုးဖို့ရွယ်လိုက်ပေမယ့် Jihoonကလက်ဦးသွားလေသည်။
"ခွပ်..''
"ခွပ်''
"ခွပ်''
"ခွပ်''
မူးနေလို့ပဲလား Jihoon ရန်ဖြစ်နေကျမလို့ပဲလားတော့မသိ အမူးသမား လဲကျသွားလေသည်။ Jihoon လည်းတချက်နှစ်ချက်အထိုးခံလိုက်ရပါသေးတယ်
Doyoung ကတော့ မီးတိုင်အနောက်ဘက်မှာကုတ်ကုတ်လေးရပ်နေလျက်သာ။
Jihoon နှုတ်ခမ်းက သွေးစတွေကိုအနည်းငယ်သုတ်ရင်း ဒိုယောင်းရှိရာကိုလျှောက်လာလိုက်၏။
"မင်းအဆင်ပြေရဲ့လား babe ''
"ဗျာ?..''
"သြော်အကိုက Yoshi သူငယ်ချင်း ပါ''
"ဟုတ်..သိ..သိပါတယ် အကို Jihoon ''
ဒိုယောင်း Babe လို့ခေါ်လိုက်တာကိုခဏမေ့ပြီး သွေးထွက်နေသေးတယ် Jihoon နှုတ်ခမ်းတွေကိုသုတ်ပေးဖို့ အိတ်ထဲက ပုဝါတစ်ခုထုတ်လိုက်သည်။
ထို့နောက်
"အကို ကျွန်တော့်အိမ်လိုက်ခဲ့မလား ရှေ့နားဆိုရောက်တော့မှာ အကို့နှုတ်ခမ်းသွေးထွက်နေသေးတယ် ''
Jihoon ပြုံးရင်းသာ ခေါင်းငြိမ့်လိုက်သည်။
_______________________________
တိုက်ခန်းကျဥ်းကျဥ်းလေးတစ်ခုရှေ့ရောက်တော့ ဒိုယောင်းတံခါးဖွင့်ရင်း ။
"အကိုလာ ကျွန်တော်တစ်ယောက်ထဲနေတာ ''
"သြော်...''
Jihoon အခန်းပတ်ပတ်လည်ကြည့်ရင်း အခန်း ကသေးပေမယ့် သပ်သပ်ရပ်ရပ်ရှိသည်။ ပစ္စည်းတစ်ခုစီက သူ့နေရာနဲ့သူစနစ်တကျပဲ။
"အကို ထိုင်လေ ကျွန်တော်ဆေးသွားယူပေးမယ်''
"Ok babe. ..''
ဒိုယောင်းစိတ်ထဲ တမျိုးဖြစ်သွားပေမယ့် ဒီအတိုင်းခေါ်တာဖြစ်မှာပါလေလို့တွေးရင်း လျစ်လျူရှူ့လိုက်လေသည်။
"နာရင်ပြောနေကျွန်တော့်ဆေးထည့်ပေးမယ်''
"အွန်း..''
Jihoon Doyoung ဆေးထည့်ပေးတာဒီအတိုင်းငြိမ်ခံနေတာဖြစ်သည်။
"ပြီးပြီ..ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် အကိုသာမကယ်ရင် ''
"ဟက်..ရပါတယ် ''
"ဟုတ်ဒါနဲ့ အကိုကဘယ်လိုလုပ်ဒီလမ်းထဲမှာရှိနေတာလဲ''
"အာ...''
Jihoonခဏစဥ်းစားရင်း..
"ဒီနားမှာသူငယ်ချင်းတစ်ယောက်ရှိလို့ ''
"အော်ဟုတ်... ''
ဒိုယောင်း ပြောရင်း ထသွားပြီးမီးဖိုထဲဝင်သွားလျက်။
"ကိုကိုတောင် ကျွန်တော့်အိမ်ရောက်ဖူးသေး တာမဟုတ်ဘူး မအားတာနဲ့ ''
ဒိုယောင်းတစ်ခုခုကိုချက်နေရင်းလှမ်းပြောလိူက်တာဖြစ်သည်။
ကိုကိုဆိုတာ Yoshi ကိုပြောတာပါ
"သြော်... ''
"အကို ဒီနေ့ကိစ္စ ကိုကို့ကိုပြန်မပြောပါနဲ့နော် သူစိတ်ပူရင် အိမ်ပြန်လိုက်ပို့နေလိမ့်မယ် သူ့ကိုဝန်မပိစေချင်ဘူး ''
". .အွန်း Babe.... ''
"ဟုတ် အစ်ကို''
"ဒါဆို..အစ်ကိုပြန်တော့မယ်နော် ''
"ပြန်တော့မှာလား တစ်ခုခုစားသွားဦးလေ''
"အင်းနေပါစေတော့''
"ဟုတ် ဘာနဲ့ပြန်မှာလဲအစ်ကို''
"အစိကိုကားပါတယ် babe. .''
"ဟုတ်ကျွန်တော်အပြင်ထိလိုက်ပို့မယ်''
"နေပါစေ နေပါစေ... ''
_____________________________
ဒီရက်ပိုင်း Jihoon ကျောင်းမှန်နေတာ တပတ်လောက်ရှိပြီ။ ညနေတိုင်းလည်း Doyoung ကိုအကြောင်းအမျိုးမျိုးရှာပြီး သူ့အချိန်ပိုင်းအလုပ်ကနေအိမ်ပြန်လိုက်ပို့နေတာ ပုံမှန်လိုတောင်ဖြစ်နေသည်။
တစ်ရက်
ဒိုယောင်း သူအလုပ်လုပ်နေသော ဆိုင်ထဲကနေ Jihoon ကိုလှမ်းမြင်လိုက်တာကြောင့် သက်ပြင်းချလိုက်လေသည်။
ဆိုင်ကတခြားဝန်ထမ်းတွေတောင် သူတို့ကိုတွဲနေတယ်ထင်နေကြပြီမလို့
"Doyoung မင်းရည်းစားလာကြိုနေပြီနော်''
"သူက ကျွန်တော့ရည်းစားမဟုတ်ပါဘူးဗျာ ဒီအတိုင်းအသိပါ..''
ဝန်ထမ်းအမက တခစ်ခစ်ရယ်ရင်း
"မလိမ်လည်းရပါတယ် ဒိုယောင်းရယ်ကဲအလုပ်ဆင်းတော့လေ ''
ရှင်းပြနေလည်းမယုံမယ့်အတူ ဒိုယောင်းဆက်မပြောတော့ပဲ အလုပ်ဆင်းခဲ့လိုက်သည်။
ရှေ့မှာစောင့်နေတဲ့ Jihoon ဆီလျှောက်လာရင်း
"အကို..''
"အော် babe. .''
"ဟိုဟာ.....''
ပြောဖို့အားနာနေတဲ့ ဒိုယောင်းကိုကြည့်ရင်း သူဘာပြောချင်လည်း Jihoonတန်းသိလိုက်တာကြောင့်
"သွားရအောင် babe..''
Doyoung လက်ကိုဆွဲဖို့လုပ်လိုက်ပေမယ့် Doyoung ကနောက်ဆုတ်သွားသည်။
"ကျွန်တော့်ကိုလိုက်မပို့ပါနဲ့တော့ ကျွန်တော့်ကိုယ့်ဘာကိုပြန်လဲအဆင်ပြေပါတယ်''
"အကိုမှစိတ်မချတာဘေဘီရယ်''
"ကိုကို သိရင်လည်းကြိုက်မှာမဟုတ်လို့ အကို Jihoon ကျွန်တော့်ကိုလိုက်မပို့ပါနဲ့တော့နော်''
"အော်ဘာများလဲလို့ Yoshi သိမှာကြောက်နေတာလား ..သူက babe ကိုအကို့လိုတောင်မစောင့်ရှောက်နိုင်ဘဲနဲ့ သူဒါတွေလည်းစိတ်ဝင်စားမှာမဟုတ်ပါဘူး''
"ဘာပဲ ဖြစ်ဖြစ်...ကျွန်တော့်ကိုလိုက်မပို့ပါနဲ့တော့ ''
"ကျစ်!! မကြောက်ပါနဲ့ အကိုရှိတာမလို့ သူစိတ်ဆိုးလည်းဘာဖြစ်လဲ''
Jihoon ပုခုံးပင့်ပြရင်း Doyoung ကိုကားပေါ်ဆွဲခေါ်သွားလေသည်။
Doyoung လည်းဆက်ပြောရအားနာတာကြောင့် သာ Jihoon ခေါ်ရာနောက်လိုက်လာခဲ့လိုက်သည်။
________________________
Jihoon က Doyoung နေ့တဲ့တိုက်ခန်းရှေ့ထိလိုက်ပို့ရင်း
"ရောက်ပြီ!''
"ဟုတ်အကို ကျေးဇူးပါ ဒါပေမယ့်...''
"ပြွတ်စ်..''
ဒိုယောင်းဆက်ပြောဖို့လုပ်နေတဲ့ နှုတ်ခမ်းတွေကိုအနမ်းနဲ့ပိတ်လိုက်လေသည်။
Doyoung အလန့်တကြားဖြင့် Jihoonကိုအနောက်သို့တွန်းရင်း
"ဘာ..ဘာလုပ်တာလဲ''
"ရှူးးး ''
"အကို့ သူငယ်ချင်းရဲ့ရည်းစားကိုဒီလိုမလုပ်သင့်ဘူးထင်တယ် ''
"ဟက်...ဘာဖြစ်လို့လဲ babe ကစကားများနေတာကို ''
"ဗျာ...ဒါဆိုကျွန်တော် သွားတော့မယ် ''
ဒိုယောင်းချက်ချင်းကားပေါ်ကဆင်းလိုက်ပြီး ကားထဲကိုတချက်ကြည့်လိုက်သည်။
Winku တစ်ပွင့်ပေးလာသော ParkJihoon ကြောင့် ကျောတစ်ခုလုံးအေးစိမ့်သွားလေသည်။
ထို့နောက်
နောက်သို့လှည့်မကြည့်တော့ပဲအခန်းဆီသို့တည့်တည့်သာဝင်ခဲ့ဖို့ပြင်၏။တံခါးဖွင့်ဖို့အလုပ် ဖုန်းတစ်ခုဝင်လာတာကြောင့် ဒိုယောင်းသက်ပြင်းချမိလိုက်သည်။
"ကိုကို! ငါဒီအတိုင်းဆက်သွားနေရင် ကိုကို့အပေါ်အမှားလုပ်မိလိမ့်မယ် ''