-ဆု-|Prize|/JAY AND JUNGWON...

By thaw_thaw_bhone

7.7K 766 71

It's like being filled with longing I don't want to destroy it again after longing Sometimes I'm too afraid o... More

-ဆု-|prize|(intro)
-ဆု-|Prize| Part-1
-ဆု-|Prize| Part-2
-ဆု-|Prize| Part-3
-ဆု-|Prize| Part-4
-ဆု-|Prize| Part-5
-ဆု-|Prize| Part-6
For Galaxy
-ဆု-|Prize| Part-7
Jaywon special (Love & Sweet)
-ဆု-|Prize| Part-8
-ဆု-|Prize| Part-9
Attention please ❗
-ဆု-|Prize| Part-10
-ဆု-|Prize| Part-11
-ဆု-|Prize| Part-12
-ဆု-|Prize| Part-13
Final
Hello
နှုတ်ဆက်ခြင်း ႏႈတ္ဆက္ျခင္း
10 October
JAYWON special part-2

Part-14 [Sunki special]

201 28 2
By thaw_thaw_bhone

SUNKI SPECIAL PART

Unicode

နေရောင်ခြည်သည်တောက်ပစွာဖြာကျနေသည်။
အဖြူရောင်ကြာပန်းတို့က တင့်တယ်စွာ ရေပေါ်၌ ပေါ်ပေါက်နေလေသည်။

ထိုသည်ထက် ပိုမိုလှပစေနိုင်သည်က လူသားတစ်ဦး။
ဖြူနုနုနှင့် ပန်းချီကားတစ်ချပ်ကဲ့သို့လှပသည့် လူသားတစ်ဦး။ ပြီးတော့သူက အမျိုးသားတစ်ယောက်။

သတိလက်လွတ်ငေးကြည့်မိနေသည်က ဘယ်လောက်ကြာသွားတယ်ရယ်မသိ။ ထိုလူသားလေးက သူ့ကို တွေ့လိုက်သည်ထင်။ ပါးပြင်မို့မို့ ဖောင်းဖောင်းလေးက အရှက်သည်းစွာရဲတက်လာ၏။

"Kiki"

"အင်း"

"ဘယ်တုန်းထဲကရောက်နေတာလည်း ‌ကြာရင်ခေါ်ရောပေါ့"

"အကိုကသိပ်လှလို့ ငေးကြည့်နေတာလေ"

"မင်းကလဲကွာ"

"ကိုယ်တကယ်ပြောတာ"

"ယုံပါတယ်"

"ဒီမှာနေရတာ  အဆင်ရောပြေရဲ့လား"

"မင်းရှိနေမှတော့ ဘာမပြေစရာရှိမလဲ"

"ဒီညပွဲတစ်ခုလုပ်ပေးမယ် ဂျုံဆောင်းhyungနဲ့ onedam hyungကိုလည်းဖိတ်ထားတယ်"

"ဟုတ်လား...ဘာပွဲများလည်း"

"ဒီတိုင်း ပွဲတော်လုပ်မယ် မုန့်ဈေးတန်းတွေနဲ့ မျက်လှည့်ဆရာတွေနဲ့ အကတွေအဆိုတွေနဲ့ အဲ့လိုမျိုး"

"ငါ့အတွက်လား"

"မဟုတ်ရင်ဘာလို့လုပ်နေရမှာလဲ"

"အဲ့ဒါကြောင့်ချစ်နေရတာပေါ့ ဟိဟိ ဟိုနေ့ကအသစ်ချုပ်ထားတဲ့ ရိုးရာ၀တ်စုံလေး၀တ်ရမယ်"

အလျင်အမြန်ပင်ပြေးထွက်ဖို့လုပ်နေသူကို ချုပ်ဖမ်းထားရင်း...

"ဘယ်သွားမလို့လဲ"

"ပွဲတော်အတွက်ပြင်ရမယ်လေ"

"ညနေမှကို..."

"ဒါတွေမင်းမသိပါဘူး ဖယ်"

ဆောနူက သူ့အား တိုးတိုက်ရင်း ထွက်ပြေးသွားလေ၏။

တကယ်ပါ လောကကြီးထဲ ပြသာနာပေါင်း သောင်းခြောက်ထောင်ရှိရင်ရှိမယ် ဒါကိုသူကိုင်တွယ်နိုင်တယ်။

ဒီ ကင်မ်ဆောနူကတော့ ထိန်းသိမ်းရခက်တဲ့လူတန်းစားပဲ။

သူအမှတ်မထင်တွေထထလုပ်ရင် ဒီလူက တောင့်တောင့်ကြီး ရပ်ကျန်နေခဲ့ရတာပဲမလား။

သခင်ကြီး‌အီဟီဆွန်းရှိစဉ်ကလည်း Nikiဟာ မျက်နှာတည်တံ့စွာနေပြီး စွမ်းရည်မြင့်သူမို့အားလုံးက ရှိန်ကြရသည်။

ယခုသခင်ကြီးဖြစ်တော့လည်း သူ့ဂုဏ်ဝါတွေက ပိုလို့ တက်လာသည်။ မကျေနပ်သူရှိသော်လည်း မထိရဲခဲ့ကြ။

ယခု ကြင်သူ အမျိုးသားလောင်းနဲ့တွေ့မှ ရှိသမျှ မာနတွေဟာ ‌ကြက်ပျောက်ငှက်ပျောက်နှင့်။

ယနေ့ညပွဲတော်မှာလည်း ဘယ်လောက်တောင် ထိန်းရအုံးမလဲဆိုတာ....။

ပြောကိုမပြောချင်တော့ပါ....


__


"ငြိုငြင်နေပြီမလား"

"မဟုတ်ဘူးလေကွာ"

"ဟုတ်ပြီ မင်းမငြိုငြင်ရအောင် ငါအဆောင်ပြန်တော့မယ်"

"အဲ့လိုမဟုတ်...."

ရုတ်တရပ်ပွဲတော်ထဲမှ ထထွက်သွားတဲ့ အချစ်တော်ကြောင့် Nikiပျာယာခတ်နေသည်။ သူသာထလိုက်သွားရင် ဟိုသက်ကြားအိုတွေက အပြစ်တင်စရာလမ်းစရအုံးမည်။ မလိုက်ပြန်ရင်လည်း အချစ်ကလေးက စိတ်တော်ငြိုးနွမ်း ဘ၀င်မကျဖြစ်ပေမည်။

နောက်ဆုံးတော့ မနေနိုင်စွာ ပွဲတော်ထဲမှ ထထွက်လာခဲ့၏။

ဂျောင်၀န်းကို အားကိုးရမည်မလား။

သူ့လက်ထောက်မှူးလေးကတော့ ပျော်သွားပုံပါ။

ဂုဏ်သိက္ခာကိုထိန်းဖို့ ပြောခဲ့ပုံက

"ငါရှိနေရင်မင်းတို့မလွတ်လပ်မှာစိုးလို့" ဟူသော...

___





"အကို..ကျွန်တော့်ကိုစိတ်ဆိုးနေတယ်လား"

"မဆိုးဘူး"

"ဆိုးနေတာပဲကို"

"မင်းပဲပြောတော့ငါ့ကိုအလိုလိုက်မယ်ဆို အခုကျ ငြိုငြင်နေတယ်မလား ငါ့ကိုစိတ်ပျက်နေပြီမလား ငါ့ကိုထားခဲ့တော့မှာမလား အီး.....အဟင့်"

"ဘာတွေလျှောက်တွေးနေတာလဲ ဘယ်သူက ငြိုငြင်လို့လဲ ခုနက အစပ်တွေအများကြီးစားနေလို့ပြောရတာလေ အဲ့ဒိ ငရုတ်သီးမှုန့်တွေကို သကြားလိုဖြူးစားနေပြီးတော့"

"ငါကြိုက်တာကို..."

"ဗိုက်အောင့်မှာပေါ့"

"...."

"ကျွန်တော်ကလေ အကို့ကိုသိပ်ချစ်တာ အရမ်းချစ်တာမို့ ဘာဆိုဘာမှမဖြစ်စေချင်ဘူး ဘာနာကျင်မှု ဘာထိခိုက်ဒဏ်ရာမှမရှိစေချင်ဘူး ဖြစ်နိုင်ရင် ဘယ်သူမှမသိအောင်ဖွက်ထားချင်တာ"

"ဟွန့် အပိုတွေ"

"အပိုတွေမဟုတ်ရပါဘူး"

"မယုံဘူး"

"ယုံအောင်ဘယ်လိုသက်သေပြရမလဲ"

"တကယ်တော့ မင်းကငါ့ကိုမချစ်ဘူး... အကိုဂျုံဆောင်းဆို ဂျောင်၀န်းကို ခနခနနမ်းတယ်"

"ဟမ်"

"ခုနက ပွဲတော်မစခင်ထဲက အကိုဂျုံဆောင်းနဲ့ ဂျောင်၀န်းနီးတို့ နမ်းနေတာကိုတွေ့လိုက်တယ်"

"..."

"မင်းဆိုငါ့ကိုတစ်ခါမှမနမ်းဘူး မဟုတ်မှလွဲ မိန်းကလေးတွေနဲ့ဖောက်ပြန်နေတာလား"

ဘယ်ဘ၀က၀ဋ်ကြွေးတွေကြောင့်များ ခုလို အထင်လွဲခံရပါသလဲလေ။

သူ့ကိုမြတ်နိုးလွန်းလို့ ပြီးတော့ကိုယ်ထက် ကြီးတဲ့သူဖြစ်နေတာကြောင့်ရော လက်ဖျားလေးနဲ့တောင်ထိဖို့ မဝံ့မရဲဖြစ်နေတာ မသိလေရော့သလား။

"နမ်းရင်စိတ်ဆိုးပြေမှာလား"

"သွားစမ်းပါ တခြားသူတွေနဲ့နမ်းထားတဲ့ နှုတ်ခမ်းကြီးနဲ့ ငါမနမ်းဘူး"

"ခင်ဗျားကပထမဆုံး"

"ဟမ်"

"ကျွန်တော့်ရဲ့အရာအားလုံးအတွက် ခင်ဗျားက ပထမဆုံးပဲ"

"...."

ဆောနူ ခနလောက်တော့ ဆွံ့အနေသည်။ လိမ်ညာနေတယ်လို့ ထင်နေပေမယ့် ဆက်ပြီးစိတ်ဆိုးချင်နေပေမယ့် မရ။

ဒါဟာ အမှန်တွေပါလို့ သူယုံကြည်နေသည်။

ပြီးတော့ အဲ့သည့် ခင်ဗျားဆိုတဲ့ နာမ်စားလေး။
စစချင်းခေါ်တုန်းက သူစိမ်းဆန်တယ်ဆိုပြီး ၀မ်းနည်းခဲ့ရသလောက် အခုနောက်ပိုင်း အဲ့လိုခေါ်ရင် သိပ်ရင်ခုန်တာပဲ။

"ငါ့ကို အပိုင်ယူမလား မောင်"

"...."

ဒီတစ်ခါဆွံ့အသွားရသူက Niki

ဆောနူကိုယ်တိုင်လဲပြောပြီးမှ ကိုယ့်ဘာသာအံ့အြရ၏။

ဘာလို့ပြောထွက်သွားမှန်းမသိပေမယ့် ဒါဟာ သူ့ရဲ့ ချစ်မြတ်နိုးမှုကြောင့် အခုလို..ရဲရဲကြီးဆုံးဖြတ်ခဲ့တာ။

ပြီးတော့ မသိလိုက်ခင်မှာပဲ သုံးနှုန်းလိုက်တဲ့နာမ်စားလေး။

'မောင်' တဲ့လား။

ချစ်ခြင်းတရားတွေက သိပ်ဆန်းကြယ်တယ်မောင်။

ငါအရင်က လူတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်ခဲ့ဖူးတယ်။

မဖြစ်နိုင်တဲ့အိမ်မက်တွေကိုမက်ရင်း ငါအရူးလိုဖြစ်ခဲ့ဖူးတယ်။

ငါထားခဲ့ခံရတယ်။ ငါ့အိမ်မက်တွေ ငါ့မျှော်လင့်ချက်တွေအားလုံး ပြိုကျသွားခဲ့ရတယ်။

ငါ့နှလုံးသားလေးက နှလုံးခုန်သံတွေရပ်တန့်သွားပြီလို့တောင် ထင်ခဲ့တယ်။

ဒါပေမယ့်ငါသိလိုက်ရတယ်

ငါနှလုံးသားက အဲ့သည့်မိုးတွေရွာတဲ့နေ့ကမှ စတင် ခုန်လာခဲ့ရတာ။

အဲ့ဒါကလည်း မောင့်ကြောင့်....ပါပဲ။

ငါ့ရှင်သန်ခြင်းတွေဟာ မောင့်ကြောင့်ဖြစ်လာခဲ့တယ်။

ငါ့အချစ်တွေဟာ မောင့်အတွက် ဖြစ်လာခဲ့တယ်။

မောင်လည်း...ငါ့လိုပဲမလား။

ချစ်ပြပုံခြင်းမတူရင်တောင် ငါတို့အချစ်တွေက ထပ်တူညီပါတယ်။

သက်ဆုံးတိုင်အထိ......

SUNKI SPECIAL PART

ZawGyi

ေနေရာင္ျခည္သည္ေတာက္ပစြာျဖာက်ေနသည္။
အျဖဴေရာင္ၾကာပန္းတို႔က တင့္တယ္စြာ ေရေပၚ၌ ေပၚေပါက္ေနေလသည္။

ထိုသည္ထက္ ပိုမိုလွပေစနိုင္သည္က လူသားတစ္ဦး။
ျဖဴႏုႏုႏွင့္ ပန္းခ်ီကားတစ္ခ်ပ္ကဲ့သို႔လွပသည့္ လူသားတစ္ဦး။ ၿပီးေတာ့သူက အမ်ိဳးသားတစ္ေယာက္။

သတိလက္လြတ္ေငးၾကည့္မိေနသည္က ဘယ္ေလာက္ၾကာသြားတယ္ရယ္မသိ။ ထိုလူသားေလးက သူ႕ကို ေတြ႕လိုက္သည္ထင္။ ပါးျပင္မို႔မို႔ ေဖာင္းေဖာင္းေလးက အရွက္သည္းစြာရဲတက္လာ၏။

"Kiki"

"အင္း"

"ဘယ္တုန္းထဲကေရာက္ေနတာလည္း ၾကာရင္ေခၚေရာေပါ့"

"အကိုကသိပ္လွလို႔ ေငးၾကည့္ေနတာေလ"

"မင္းကလဲကြာ"

"ကိုယ္တကယ္ေျပာတာ"

"ယုံပါတယ္"

"ဒီမွာေနရတာ အဆင္ေရာေျပရဲ႕လား"

"မင္းရွိေနမွေတာ့ ဘာမေျပစရာရွိမလဲ"

"ဒီညပြဲတစ္ခုလုပ္ေပးမယ္ ဂ်ဳံေဆာင္းhyungနဲ႕ onedam hyungကိုလည္းဖိတ္ထားတယ္"

"ဟုတ္လား...ဘာပြဲမ်ားလည္း"

"ဒီတိုင္း ပြဲေတာ္လုပ္မယ္ မုန႔္ေဈးတန္းေတြနဲ႕ မ်က္လွည့္ဆရာေတြနဲ႕ အကေတြအဆိုေတြနဲ႕ အဲ့လိုမ်ိဳး"

"ငါ့အတြက္လား"

"မဟုတ္ရင္ဘာလို႔လုပ္ေနရမွာလဲ"

"အဲ့ဒါေၾကာင့္ခ်စ္ေနရတာေပါ့ ဟိဟိ ဟိုေန႕ကအသစ္ခ်ဳပ္ထားတဲ့ ရိုးရာ၀တ္စုံေလး၀တ္ရမယ္"

အလ်င္အျမန္ပင္ေျပးထြက္ဖို႔လုပ္ေနသူကို ခ်ဳပ္ဖမ္းထားရင္း...

"ဘယ္သြားမလို႔လဲ"

"ပြဲေတာ္အတြက္ျပင္ရမယ္ေလ"

"ညေနမွကို..."

"ဒါေတြမင္းမသိပါဘူး ဖယ္"

ေဆာႏူက သူ႕အား တိုးတိုက္ရင္း ထြက္ေျပးသြားေလ၏။

တကယ္ပါ ေလာကႀကီးထဲ ျပသာနာေပါင္း ေသာင္းေျခာက္ေထာင္ရွိရင္ရွိမယ္ ဒါကိုသူကိုင္တြယ္နိုင္တယ္။

ဒီ ကင္မ္ေဆာႏူကေတာ့ ထိန္းသိမ္းရခက္တဲ့လူတန္းစားပဲ။

သူအမွတ္မထင္ေတြထထလုပ္ရင္ ဒီလူက ေတာင့္ေတာင့္ႀကီး ရပ္က်န္ေနခဲ့ရတာပဲမလား။

သခင္ႀကီးအီဟီဆြန္းရွိစဥ္ကလည္း Nikiဟာ မ်က္ႏွာတည္တံ့စြာေနၿပီး စြမ္းရည္ျမင့္သူမို႔အားလုံးက ရွိန္ၾကရသည္။

ယခုသခင္ႀကီးျဖစ္ေတာ့လည္း သူ႕ဂုဏ္ဝါေတြက ပိုလို႔ တက္လာသည္။ မေက်နပ္သူရွိေသာ္လည္း မထိရဲခဲ့ၾက။

ယခု ၾကင္သူ အမ်ိဳးသားေလာင္းနဲ႕ေတြ႕မွ ရွိသမွ် မာနေတြဟာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ႏွင့္။

ယေန႕ညပြဲေတာ္မွာလည္း ဘယ္ေလာက္ေတာင္ ထိန္းရအုံးမလဲဆိုတာ....။

ေျပာကိုမေျပာခ်င္ေတာ့ပါ....


__


"ၿငိဳျငင္ေနၿပီမလား"

"မဟုတ္ဘူးေလကြာ"

"ဟုတ္ၿပီ မင္းမၿငိဳျငင္ရေအာင္ ငါအေဆာင္ျပန္ေတာ့မယ္"

"အဲ့လိုမဟုတ္...."

႐ုတ္တရပ္ပြဲေတာ္ထဲမွ ထထြက္သြားတဲ့ အခ်စ္ေတာ္ေၾကာင့္ Nikiပ်ာယာခတ္ေနသည္။ သူသာထလိုက္သြားရင္ ဟိုသက္ၾကားအိုေတြက အျပစ္တင္စရာလမ္းစရအုံးမည္။ မလိုက္ျပန္ရင္လည္း အခ်စ္ကေလးက စိတ္ေတာ္ၿငိဳးႏြမ္း ဘ၀င္မက်ျဖစ္ေပမည္။

ေနာက္ဆုံးေတာ့ မေနနိုင္စြာ ပြဲေတာ္ထဲမွ ထထြက္လာခဲ့၏။

ေဂ်ာင္၀န္းကို အားကိုးရမည္မလား။

သူ႕လက္ေထာက္မႉးေလးကေတာ့ ေပ်ာ္သြားပုံပါ။

ဂုဏ္သိကၡာကိုထိန္းဖို႔ ေျပာခဲ့ပုံက

"ငါရွိေနရင္မင္းတို႔မလြတ္လပ္မွာစိုးလို႔" ဟူေသာ...

___





"အကို..ကြၽန္ေတာ့္ကိုစိတ္ဆိုးေနတယ္လား"

"မဆိုးဘူး"

"ဆိုးေနတာပဲကို"

"မင္းပဲေျပာေတာ့ငါ့ကိုအလိုလိုက္မယ္ဆို အခုက် ၿငိဳျငင္ေနတယ္မလား ငါ့ကိုစိတ္ပ်က္ေနၿပီမလား ငါ့ကိုထားခဲ့ေတာ့မွာမလား အီး.....အဟင့္"

"ဘာေတြေလွ်ာက္ေတြးေနတာလဲ ဘယ္သူက ၿငိဳျငင္လို႔လဲ ခုနက အစပ္ေတြအမ်ားႀကီးစားေနလို႔ေျပာရတာေလ အဲ့ဒိ င႐ုတ္သီးမႈန႔္ေတြကို သၾကားလိုျဖဴးစားေနၿပီးေတာ့"

"ငါႀကိဳက္တာကို..."

"ဗိုက္ေအာင့္မွာေပါ့"

"...."

"ကြၽန္ေတာ္ကေလ အကို႔ကိုသိပ္ခ်စ္တာ အရမ္းခ်စ္တာမို႔ ဘာဆိုဘာမွမျဖစ္ေစခ်င္ဘူး ဘာနာက်င္မႈ ဘာထိခိုက္ဒဏ္ရာမွမရွိေစခ်င္ဘူး ျဖစ္နိုင္ရင္ ဘယ္သူမွမသိေအာင္ဖြက္ထားခ်င္တာ"

"ဟြန႔္ အပိုေတြ"

"အပိုေတြမဟုတ္ရပါဘူး"

"မယုံဘူး"

"ယုံေအာင္ဘယ္လိုသက္ေသျပရမလဲ"

"တကယ္ေတာ့ မင္းကငါ့ကိုမခ်စ္ဘူး... အကိုဂ်ဳံေဆာင္းဆို ေဂ်ာင္၀န္းကို ခနခနနမ္းတယ္"

"ဟမ္"

"ခုနက ပြဲေတာ္မစခင္ထဲက အကိုဂ်ဳံေဆာင္းနဲ႕ ေဂ်ာင္၀န္းနီးတို႔ နမ္းေနတာကိုေတြ႕လိုက္တယ္"

"..."

"မင္းဆိုငါ့ကိုတစ္ခါမွမနမ္းဘူး မဟုတ္မွလြဲ မိန္းကေလးေတြနဲ႕ေဖာက္ျပန္ေနတာလား"

ဘယ္ဘ၀က၀ဋ္ေႂကြးေတြေၾကာင့္မ်ား ခုလို အထင္လြဲခံရပါသလဲေလ။

သူ႕ကိုျမတ္နိုးလြန္းလို႔ ၿပီးေတာ့ကိုယ္ထက္ ႀကီးတဲ့သူျဖစ္ေနတာေၾကာင့္ေရာ လက္ဖ်ားေလးနဲ႕ေတာင္ထိဖို႔ မဝံ့မရဲျဖစ္ေနတာ မသိေလေရာ့သလား။

"နမ္းရင္စိတ္ဆိုးေျပမွာလား"

"သြားစမ္းပါ တျခားသူေတြနဲ႕နမ္းထားတဲ့ ႏႈတ္ခမ္းႀကီးနဲ႕ ငါမနမ္းဘူး"

"ခင္ဗ်ားကပထမဆုံး"

"ဟမ္"

"ကြၽန္ေတာ့္ရဲ႕အရာအားလုံးအတြက္ ခင္ဗ်ားက ပထမဆုံးပဲ"

"...."

ေဆာႏူ ခနေလာက္ေတာ့ ဆြံ႕အေနသည္။ လိမ္ညာေနတယ္လို႔ ထင္ေနေပမယ့္ ဆက္ၿပီးစိတ္ဆိုးခ်င္ေနေပမယ့္ မရ။

ဒါဟာ အမွန္ေတြပါလို႔ သူယုံၾကည္ေနသည္။

ၿပီးေတာ့ အဲ့သည့္ ခင္ဗ်ားဆိုတဲ့ နာမ္စားေလး။
စစခ်င္းေခၚတုန္းက သူစိမ္းဆန္တယ္ဆိုၿပီး ၀မ်းနည်းခဲ့ရသေလာက် အခုေနာက္ပိုင္း အဲ့လိုေခၚရင္ သိပ္ရင္ခုန္တာပဲ။

"ငါ့ကို အပိုင္ယူမလား ေမာင္"

"...."

ဒီတစ္ခါဆြံ႕အသြားရသူက Niki

ေဆာႏူကိုယ္တိုင္လဲေျပာၿပီးမွ ကိုယ့္ဘာသာအံ့ျအရ၏။

ဘာလို႔ေျပာထြက္သြားမွန္းမသိေပမယ့္ ဒါဟာ သူ႕ရဲ႕ ခ်စ္ျမတ္နိုးမႈေၾကာင့္ အခုလို..ရဲရဲႀကီးဆုံးျဖတ္ခဲ့တာ။

ၿပီးေတာ့ မသိလိုက္ခင္မွာပဲ သုံးႏႈန္းလိုက္တဲ့နာမ္စားေလး။

'ေမာင္' တဲ့လား။

ခ်စ္ျခင္းတရားေတြက သိပ္ဆန္းၾကယ္တယ္ေမာင္။

ငါအရင္က လူတစ္ေယာက္ကိုႏွစ္ႏွစ္ကာကာခ်စ္ခဲ့ဖူးတယ္။

မျဖစ္နိုင္တဲ့အိမ္မက္ေတြကိုမက္ရင္း ငါအ႐ူးလိုျဖစ္ခဲ့ဖူးတယ္။

ငါထားခဲ့ခံရတယ္။ ငါ့အိမ္မက္ေတြ ငါ့ေမွ်ာ္လင့္ခ်က္ေတြအားလုံး ၿပိဳက်သြားခဲ့ရတယ္။

ငါ့ႏွလုံးသားေလးက ႏွလုံးခုန္သံေတြရပ္တန႔္သြားၿပီလို႔ေတာင္ ထင္ခဲ့တယ္။

ဒါေပမယ့္ငါသိလိုက္ရတယ္

ငါႏွလုံးသားက အဲ့သည့္မိုးေတြ႐ြာတဲ့ေန႕ကမွ စတင္ ခုန္လာခဲ့ရတာ။

အဲ့ဒါကလည္း ေမာင့္ေၾကာင့္....ပါပဲ။

ငါ့ရွင္သန္ျခင္းေတြဟာ ေမာင့္ေၾကာင့္ျဖစ္လာခဲ့တယ္။

ငါ့အခ်စ္ေတြဟာ ေမာင့္အတြက္ ျဖစ္လာခဲ့တယ္။

ေမာင္လည္း...ငါ့လိုပဲမလား။

ခ်စ္ျပပုံျခင္းမတူရင္ေတာင္ ငါတို႔အခ်စ္ေတြက ထပ္တူညီပါတယ္။

သက္ဆုံးတိုင္အထိ......

Continue Reading

You'll Also Like

644K 32.4K 60
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.3M 58K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
464K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
28.9K 617 31
So basically on a mission chrollo finds you and takes an interest in you and your nen so you run away with him from what's left for your faimly and j...