Copper Coins《铜钱龛世》

By OSH-love

213K 38.1K 2.8K

Novel : tongqiankanshi(铜钱龛世) Author : Mu Su Li 木苏里 English translator : jiaqikangjiaqi Chapters : 102+extra တ... More

နိဒါန်း
အခန်း ၁(စက္ကူလူသား ၁)
အခန်း ၂[စက္ကူလူသား ၂]
အခန်း ၃[စက္ကူလူသား ၃]
အခန်း ၄[စက္ကူလူသား ၄]
အခန်း ၅[ရွှေချောင်းများ ၁]
အခန်း ၆[ရွှေချောင်းများ ၂]
အခန်း ၇[ရွှေချောင်းများ ၃]
အခန်း ၈[ရွှေချောင်းများ ၄]
အခန်း ၉[ရွှေချောင်းများ ၅]
အခန်း ၁၀[ကျိတ်ဆုံအလွတ် ၁]
အခန်း ၁၁[ကျိတ်ဆုံအလွတ် ၂]
အခန်း ၁၂[ကျိတ်ဆုံအလွတ် ၃]
အခန်း ၁၃[ကျိတ်ဆုံအလွတ် ၄]
အခန်း ၁၄[ကျိတ်ဆုံအလွတ် ၅]
အခန်း ၁၅[သမားတော်သုံးငွေခေါင်းလောင်း ၁]
အခန်း ၁၆[သမားတော်သုံးငွေခေါင်းလောင်း ၂]
အခန်း ၁၇[သမားတော်သုံးငွေခေါင်းလောင်း ၃]
အခန်း ၁၈[မျက်မမြင်ဟူးရား ၁]
အခန်း ၁၉[မျက်မမြင်ဟူးရား ၂]
အခန်း ၂၀[မျက်မမြင်ဟူးရား ၃]
အခန်း ၂၁[မျက်မမြင်ဟူးရား ၄]
အခန်း ၂၂[မျက်မမြင်ဟူးရား ၅]
အခန်း ၂၃.၁[မျက်မမြင်ဟူးရား ၆]
အခန်း ၂၃.၂[မျက်မမြင်ဟူးရား ၆]
အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]
အခန်း ၂၅[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၂]
အခန်း ၂၆[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၃]
အခန်း ၂၇[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၄]
အခန်း ၂၈[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၅]
အခန်း ၂၉[ထွင်းထုထားသောသော့ခလောက် ၁]
အခန်း ၃၀[ထွင်းထုထားသောသော့ခလောက် ၂]
အခန်း ၃၁[ထွင်းထုထားသောသော့ခလောက် ၃]
အခန်း ၃၂[ထွင်းထုထားသောသော့ခလောက် ၄]
အခန်း ၃၃[ကျောက်တုံးကျန်း ၁]
အခန်း ၃၄[ကျောက်တုံးကျန်း ၂]
အခန်း ၃၅[ကျောက်တုံးကျန်း ၃]
အခန်း ၃၆[ဇာတ်သဘင်အဖွဲ့ ၁]
အခန်း ၃၇[ဇာတ်သဘင်အဖွဲ့ ၂]
အခန်း ၃၈[ဇာတ်သဘင်အဖွဲ့ ၃]
အခန်း ၃၉(ဇာတ်သဘင်အဖွဲ့ ၄)
အခန်း ၄၀(စားပွဲထိုး ၁)
အခန်း ၄၁(စားပွဲထိုး ၂)
အခန်း ၄၂(စားပွဲထိုး ၃)
အခန်း ၄၃(ကပ်ဆိုက်သောဒေသ ၁)
အခန်း ၄၄(ကပ်ဆိုက်သောဒေသ ၂)
အခန်း ၄၅(ကပ်ဆိုက်သောဒေသ ၃)
အခန်း ၄၆(​တာ့ရှန်းရမ် ၁)
အခန်း ၄၇(တာ့ရှန်းရမ် ၂)
အခန်း ၄၈(တာ့ရှန်းရမ် ၃)
အခန်း ၄၉(တာ့ရှန်းရမ် ၄)
အခန်း ၅၀(လေဟုန်စီးခြင်းအစီအရင် ၁)
အခန်း ၅၁(လေဟုန်စီးခြင်းအစီအရင် ၂)
အခန်း ၅၂(လေဟုန်စီးခြင်းအစီအရင် ၃)
အခန်း ၅၃(လေဟုန်စီးခြင်းအစီအရင် ၄)
အခန်း ၅၄(ရှေးဗုံသံ ၁)
အခန်း ၅၅(ရှေးဗုံသံ ၂)
အခန်း ၅၆(အရိုးချည်မျှင် ၁)
အခန်း ၅၇(အရိုးချည်မျှင် ၂)
အခန်း ၅၈(အရိုးချည်မျှင် ၃)
အခန်း ၅၉(အရိုးချည်မျှင် ၄)
အခန်း ၆၁(ထုန်ရှုန်းပင့်ကူ ၁)

အခန်း ၆၀(အရိုးချည်မျှင် ၅)

1.7K 370 72
By OSH-love

[ပေါ်တော်မူtranslator-nimပြန်လာပါပြီT-T]

Unicode

ပေါ်ကျိတောင်သည် ပုံသဏ္ဍာန်ကိုယူ၍ အမည်မှည့်ခေါ်ထားခြင်းဖြစ်သည်။ တောအုပ်ငယ်၏နောက်ကွယ်၌ တိုးဝင်ပျောက်ကွယ်လျက်ရှိပြီး ချင်းဖင်းစီရင်စုနယ်မြေ နယ်နိမိတ်အနီးရှိ ရွာအနားတွင် တည်ရှိသည်။ နေထွက်ရာသို့ မျက်နှာမူနေသောအခြမ်းကို စပါးခင်းများက ဖုံးလွှမ်းလျက် မြူခိုးမြူငွေ့များ ဝေနေသည့်အကြား သစ်လွင်လန်းဆန်းလို့နေသည်။

ပေါ်ကျိတောင်ဟု ခေါ်ရခြင်းမှာ အခြားတစ်ဖက်ခြမ်း၌ ခုံးလျက်အသွင်ရှိသော မြေကြီးထုကြောင့်ဖြစ်သည်။ ထိုနေရာသည် အမြဲတစေ မြူခိုးများထဲ ပုန်းကွယ်လျက်ရှိနေသည်ဖြစ်ရာ တောင်ခြေမှကြည့်လျှင် မည်သည်ကိုမှ မြင်ရမည်မဟုတ်။ တစ်ခေါက်ရယ်မှတစ်ခါ မတော်တဆနယ်ကျွံသွားသူ၊ စူးစမ်းလို၍တက်သွားသူများရှိပေမဲ့ ပြန်သတင်းမကြားခဲ့ရ။

ပေါ်ကျိတောင်နှင့်ပတ်သတ်ပြီး နယ်ခံများ၏ စကားများကလဲ ရှိသေးသည်။ တချို့ကောလဟာလများအရ သင်္ချိုင်းဂူနှယ် အရိုးဖြူများနှင့် ပြည့်နေသည်ဟူ၍၊ တချို့ကလည်း ထိုနေရာတွင် လူများနေထိုင်ကြသည်ဟု ဆိုကြသလို ကလေးငိုသံကိုတောင် တစ်ခါတရံကြားရသည်ဟုဆိုသည်။ ထိုအသံပိုင်ရှင်က လူလော နာနာဘာဝလောကိုတော့ မည်သူမှမသိရှိကြ။

ထိုကောလဟာလများသည် ယုံလောက်ဖွယ်ရာများရှိသလို စိတ်ရူးပေါက်ဖွယ်ရာအထိ အမျိုးအစားစုံလင်လှသည်။ တစ်ခုတစ်လေကမှ လက်ဆုပ်လက်ကိုင်ပြနိုင်တာမရှိ။

လွန်ခဲ့သောဆယ်စုနှစ်တွေကတော့ တချို့တလေမှာ မိုက်ရူးရဲဆန်ပြီး သွားရောက်စူးစမ်းကြပေမယ့် လက်ရှိမှာတော့ သေတွင်းထဲ သွားလိုသူမရှိ။ လူအများပါးစပ်ဖျား၌တောင် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ မျိုးဆက်သစ်လူငယ်များမှာ ပေါ်ကျိတောင်ပေါ် မသွားသင့်ကြောင်းသိပေမယ့် အဘယ်ကြောင့်ဆိုတာကိုတော့ ရေရေရာရာမသိကြ။

နတ်သဘင်အခမ်းအနားကျင်းပရေးမှ အရာရှိများသည် ရွာငယ်နှင့်စပါးခင်းများကိုဖြတ်ကာ တောင်ငယ်၏တစ်ဖက်ခြမ်းသို့ ဦးတည်၍လာကြသည်။ များမကြာခင်မှာ မြူစိုင်များကို လှမ်းမြင်နေရပြီဖြစ်သည်။

ထိုက်ကျူသည် လက်ကိုမြှောက်ကာ နောက်ပါမှ မြင်းတပ်ဖွဲ့ကို ရပ်တန့်လိုက်၏။

"မိန်းမငယ်..ဘယ်လမ်းကိုဦးတည်သွားရမလဲ?"

အရှေ့၌ လမ်းနှစ်လမ်း ကွဲလို့နေသည်။ တစ်လမ်းမှာ တောင်၏အနိမ့်ပိုင်းကို ရောက်ရှိမည်ဖြစ်ပြီး တစ်လမ်းမှာတော့ မြူခိုးများနှင့် အလုံးစုံဖုံးကွယ်လို့နေသည်။ အေးမြစိုထိုင်းလျက် အဆမတန်သော ယင်စွမ်းအင်ကိုပေးလို့နေသည်။ သစ်သားနံ့ဖျဖျကလည်း လေအဝှေ့မှာပါလာရာ ဆေးနံ့လို့တောင်ထင်ရသည်။ အဆိပ်ရှိပုံပင်။

ထိုက်ပုသည် လမ်းတစ်လျှောက်လုံး ခရီးစဥ်ကို အကြိမ်ကြိမ်စစ်ဆေးခဲ့ပြီးပြီ ဖြစ်ပေမယ့်လည်း အရှေ့ကမြင်ကွင်းကိုကြည့်ကာ မျက်မှောင်ကျုတ်လို့နေသည်။ နောက်ဆုံးမှာ မြူစိုင်ထုကို လက်ညိုးညွှန်လျက်

"အဲ့ဒီဘက်"

ထိုက်ကျူသက်ပြင်းချလျက် အနောက်တွင် လိုက်ပါလာသူများအား

"မျက်နှာကိုကာဖို့မမေ့ကြနဲ့..မျက်လုံးကိုရောပဲ"

အထိအခိုက်လွယ်သော လူ့ခန္ဓာကိုယ်ပိုင်ရှင်များဖြစ်သည်မို့ မရေရာသော အခြေအနေမျိုးမှာ မတုံးအသင့်ကြောင်းကို နားလည်ကြသည်။

ထိုက်ကျူအမိန့်ကို ကြားပြီးနောက်မှာ မြင်းစီးလိုက်ပါလာသူများသည် ရင်ဘတ်အိတ်ထောင်ထဲမှာ ထည့်ထားသော ချည်သားအိတ်ငယ်အတွင်းမှ ဆေးလုံးကို ထုတ်ယူလိုက်ကြ၏။ ဆေးလုံးကို ဝါးစားလိုက်ကြပြီး အိတ်ငယ်များကို မျက်နှာဖုံးနှယ် နှာခေါင်းအောက်၌ အုပ်ကာထားလိုက်သည်။

ထိုက်ပုသည် မြင်းအိတ်ထဲမှ မျက်နှာရှစ်ဖက်ရှိသော ခေါင်းလောင်းအသွင်ကို ထွင်းထုထားသည့် လခြမ်းပုံသဏ္ဍာန်ခေါင်းလောင်းကို ထုတ်ယူလိုက်၏။

အင်းစာရွက်ချပ်များထဲမှ တစ်ရွက်ကို ထုတ်ယူလိုက်သည်။ မန္တန်ရွတ်ပြီး ခေါင်းလောင်းသုံးချက်တီးကာ မြင်းကိုခြေဖြင့်တော့လိုက်တော့သည်။ မြင်းမှာလည်း ခေါင်းလောင်းသံအတိုင်း စတင်လှုပ်ရှားလာ၏။

ထိုက်ပုနောက်တွင် ထိုက်ကျူမှ လိုက်ပါသွားသည်။ အနောက်မှ ရထားလုံးတန်းသည်လည်း မြူစိုင်များအတွင်းသို့ တစ်စတစ်စနှင့် တိုးဝင်ပျောက်ကွယ်သွားလေသည်။

အဖြူရောင်တစ်သားတည်းဖြစ်နေသော မြူခိုးများထဲ အဘယ်ကိုမှမမြင်ရ။ မြင်းများပင် ခေါင်းမပါသောတစ္ဆေနှယ် ပျောက်ကွယ်နေသည်။ ရုတ်ချည်းကျရောက်သွားသော အခြေအနေက တုန်လှုပ်ဖွယ်တော့ကောင်းလှသည်။

သို့သော်လည်း ထိုက်ပုသည် တည်ငြိမ်မြဲရှိ၏။ မျက်ခုံးရိုးများက အတန်ငယ်တွန့်ကွေးလျက် သွားနေစဲအရှိန်ကိုသာ အာရုံစိုက်ထားသည်။ ခေါင်းလောင်းတစ်ချက်တီးတိုင်း ခြေလှမ်းငါးလှမ်း လှမ်းသည်။ တစ်ဝက်ခန့်ရောက်လုခင်တွင် ရထားတန်းဆီမှ ဤကဲ့သို့ အခြေအနေမျိုးနှင့် မတွေ့ကြုံဖူးသော လုလင်ငယ်သည် စတင်မျက်သလဲဆန်ပြာ ဖြစ်လာတော့၏။

စိတ်လှုပ်ရှားလျှင် အသက်ရှူမြန်ဆန်လာမည်။ လုလင်ငယ်သည် မြူအုပ်ထဲဝင်ကတည်းက ကြောက်လန့်တကြား အသက်လုရှူနေသည်ဖြစ်ရာ မြူခိုးအများအပြားက နှာခေါင်းပေါက်ထဲ ဝင်ရောက်လို့သွားသည်။

နောက်ထပ်သုံးလှမ်းမလှမ်းခင်မှာ မြင်းပေါ်မှနေ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။ လည်ပင်းတစ်လျှောက်အား အသားများနီရဲတက်သည်အထိ ပွတ်သပ်လို့နေပြီး မောဟိုက်လျက်ရှိသည်။ နောက်ကလူများမှာလည်း စိတ်မရှည်ကြတော့။ အသက်ရှူခြင်းကို ပြန်လည်ထိန်းချုပ်ပြီး လူငယ်ကို မြင်းပေါ်သို့ ပြန်လည်ဆွဲတင်ကြသည်။

"ခြေလှမ်းတွေနဲ့အသက်ရှူတာကိုငြိမ်ငြိမ်ထား"

အဝေးတစ်ရာမှ ပြောနေသည့်နှယ် ထိုက်ပု၏အသံကို ကြားလိုက်ရသည်။

သတိပေးထားသော်လည်း ခုနှစ်ယောက်ရှစ်ယောက်မက မြူခိုးဒဏ်အား မိသွားကြသေးသည်။ အပြင်းအထန်တုန်ယင်လာကြပြီးလျှင် သွေးအန်၍ သေဆုံးသွားကြလေသည်။
   
လခြမ်းပုံခေါင်းလောင်းသည် ဆက်တိုက်ငါးကြိမ်မြည်လာပြီး ဤသည်မှာ ထိုက်ပုဦးတည်ရာနေရာသို့ ရောက်ရှိပြီဖြစ်ကြောင်းပင်။

တောင်ကြားရှေ့၌ ရောက်ရှိနေပုံရသည်။ ထူးဆန်းသည်မှာ ထိုတောင်ကြားသည် တောင်ခြေမှာမြင်ရစဥ်တုန်းကနဲ့ ကွဲပြားနေ၏။ ဤနေရာတွင်ရှိသောမြူခိုးများမှာ မိုးရွာခါစ အငွေ့တက်သလောက်သာရှိပြီး ဝင်စကနှယ် ကြောက်မက်ဖွယ်ထူထဲမနေ။ ပါးလွှာသောမြူခိုးများကြား၌ ဝါးဆောင်တစ်ဆောင်အား လှမ်းမြင်ရသည်။ သုံးထပ်ဆောင်ဖြစ်ပြီး တင့်တယ်စွာတည်ရှိလို့နေ၏။

မြုခိုးများကြားထဲ နစ်မြုပ်နေသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ဝါးဆောင်အားဆောက်လုပ်ထားသော ဝါးတစ်လုံးချင်းဆီသည် သန့်ရှင်းတောက်ပြောင်လို့နေ၏။ အဆိပ်ငွေ့များကြားထဲ တည်ရှိနေခြင်းမဟုတ်လျှင် တင့်တယ်ထည်ဝါသော တည်းခိုဆောင်လို့တောင် ထင်မှတ်ရသည်။

ထိုက်ပုနှင့်ထိုက်ကျူသည် ဝါးဆောင်အား တစ်ခဏမျှ လေ့လာစမ်းစစ်နေရင်း ကျန်သူများအား အသင့်ဝန်းရံနေစေသည်။ မျက်နှာဖုံးများအား ချွတ်လိုက်ပြီဖြစ်သော အရာရှိများ၏ မျက်နှာထက် မပျော်ရွှင်မှုများက လစ်ဟာလို့နေသည်။ တည်နေရာအား အတည်ပြုရန်သာ တာဝန်ပေးအပ်ခြင်းခံခဲ့ရပေမဲ့ အသက်များစွာ ဆုံးရှုံးခဲ့ရသည်မို့ မည်သူမှ ဝမ်းမမြောက်နိုင်ကြ။

"သတိကပ်ထား..ဒီလေထဲမှာလဲအဆိပ်ရှိတယ်"

အနောက်မှအရာရှိများအား ထိုက်ပုလှမ်းသတိပေးလိုက်သည်။ ထို့နောက် ထိုက်ကျူနှင့် အကြည့်ချင်းဆုံသွား၏။ ပြီးလျှင် နှစ်ဦးစလုံး မြင်းပေါ်မှဆင်းကာ ဝါးဆောင်ပတ်လည်အား အင်းစာရွက်များနှင့် အစီအရင်ချလိုက်သည်။

ရုတ်ချည်းဆိုသလို မြူခိုးများသည် လွင့်ပါးပျောက်ကွယ်သွားလေ၏။ ယခုဆိုလျှင်တော့ သူတို့ပတ်လည်၌ သန့်ရှင်းသောလေသာ ကျန်နေခဲ့သည်။

ကျန်သူများလည်း မျက်နှာဖုံးများကိုချွတ်ကာ မြင်းပေါ်မှဆင်းပြီး ခေါင်းဆောင်နှစ်ဦးရှိရာသို့ စုဝေးလာကြသည်။

ဤနေရာကို တစ်စုံတစ်ယောက်အားရှာရန် လာခဲ့ကြောင်းသိကြပေမယ့် ဘယ်သူဘယ်ဝါဆိုတာကို ရာထူးနိမ့်သောကျန့်ဇီများကတော့ မသိ။ ထိုသူ မည်သည်ကိုကျူးလွန်ခဲ့ကြောင်း၊ ထိုသူကို အဘယ်ကြောင့်လိုက်ရှာနေကြောင်းကို ထိုက်ပုနှင့်ထိုက်ကျူသာ သိသည်။

"ဒီမှာဆိုတာသေချာရဲ့လား?"

ဝါးဆောင်အား တစ်ချက်ကြည့်ပြီး ထိုက်ပုကို လှမ်းမေးသည်။ ထိုက်ပုကိုယ်တိုင်တောင်မှ သံသယဝင်နေမိသည်။ ဤနေရာတွင် ပုန်းနေပါက ဖမ်းရခက်ခဲသလို လွယ်ကူသည်ဆိုလည်းမမှား။ မြူခိုးများကြောင့် အပြင်လူများ လာရောက်ရန်ခက်ခဲပေမယ့် မြူစိုင်များကို ဖြတ်နိုင်ခဲ့ပါက အထဲကသူမှာ ပြေးစရာမြေမရှိတော့ပေ။

"အရင်ဆုံးရှာကြည့်တာပေါ့"

ထိုက်ကျူသည် စကားဆုံးသည်နှင့် နောက်ပါကျန့်ဇီများအား အမိန့်ပေးလိုက်သည်။

မကြာခင်မှာ ထိုနှစ်ဦးသည် ကျန့်ဇီငါးဦးကို ဦးဆောင်ပြီး ဝါးဆောင်အတွင်းသို့ ဝင်သွား၏။ ရာချီသောကျန်သူများက အပြင်တွင် အသင့်အနေအထား စောင့်ဆိုင်းနေကြသည်။

ကျဥ်းမြောင်းလှသော သုံးထပ်ဆောင်အား တစ်ခဏအတွင်းမှာ ရှာဖွေလို့ပြီးစီးသွားကြသည်။

"ကဲ"

ထိုက်ကျူသည် အပေါ်ဆုံးထပ်ကနေ အလျင်အမြန်ပြေးဆင်းလာ၏။ လက်ထဲတွင် စာလိပ်တစ်လိပ်ကို ကိုင်ထားပြီး သဲလွန်စများရလေမလား ဖြန့်ကြည့်သည်။ ပြီးလျှင် ခေါင်းယမ်းကာ အနီးရှိစားပွဲပေါ်သို့ စာလိပ်ကိုပစ်တင်လိုက်သည်။
   

ပထမထပ်တွင်ရပ်နေသော ထိုက်ပုသည် အကောင်းအတိုင်းရှိနေသေးသော ဧည့်သည်ဆောင်ကို လှမ်းကြည့်နေ၏။

"ဘာမှမရှိဘူး"

ထိုက်ကျူသည် လက်နှစ်ဖက်ပိုက်လျက် တဖန်လိုက်ကြည့်နေပြန်၏။

"မိန်းမငယ်..မင်းရှေ့ဖြစ်ဟောတာမှားယွင်းနေတယ်လို့ပြောတာမဟုတ်ဘူး..တစ်နေရာရာမှာငါတို့မျက်စိရှန်းပြီးလမ်းလွဲသွားတာမဖြစ်နိုင်ဘူးလား?"

ဤသို့သောအခြေအနေရောက်နေမှတော့ ယခုလိုမေးလာသည်အား ထိုက်ပုအမျက်မထွက်မိ။ စားပွဲတွင်ထိုင်ကာ မြက်ထုံးနှင့်လိပ်ခွံကို ထုတ်ယူပြီး သေချာကြည့်ရှု၏။

"နောက်တစ်ခွံကိုသုံးပြီး.. ကြည့်ကြည့်ချင်လား?"

"မရဘူး..အကြောင်းအရာတစ်ခုတည်းအတွက်နဲ့တစ်ရက်ထဲမှာနှစ်ခါပြန်ကြည့်လို့မရဘူး..သေချာထပ်ကြည့်လိုက်မယ်"

မကြာခင်မှာပဲ သူမထံမှ စိတ်လှုပ်ရှား၍ အာမေဍိတ်သံထွက်ပေါ်လာသည်။

"ဘာများလဲ?"

"မဟုတ်ဘူး..ခုနကပြောခဲ့တဲ့သူလေ..အရင်ကြည့်တုန်းကမြို့ထဲမှာရှိနေတာ..အခုလိပ်ခွံပေါ်ကိုရောက်လာကြပြီ"

"ချင်းဖင်းမှာရှိမနေသင့်တဲ့သူကိုပြောတာလား? အဲ့ဒါဘယ်သူလဲ?"

ထိုက်ပုသည် ခေါင်းမော့လျက် ပြန်ကြည့်လာ၏။ သူမ၏ နက်မှောင်သောမျက်ဝန်းတစ်စုံ၌ ရတတ်မအေးမှုများကို မြင်နေရသည်။

"မွေးနေ့တူဇာတာတူတဲ့အခြားတစ်ယောက်လည်းဖြစ်နိုင်တယ်..အဲ့ဒီသူတော့မဖြစ်နိုင်ပါဘူး..သေချာတယ်"

"လိုရင်းကိုပြော..ဘယ်သူလဲ?"

ထိုက်ကျူက ပေါက်ကွဲလုနီးပါးဖြစ်နေပြီ။
   
ထိုက်ပုသည် အိတ်ထောင်ထဲမှ စက္ကူခေါက်ကိုထုတ်ပြီး အနီရောင်ဖြင့် ထုန်တန်းဟုရေးသားထားသော စာလုံးများကို ညွှန်ပြရင်း

"ကောရှီး"

"ဘာ!?"

ထိုက်ကျူသည် သူ့နားသူတောင် မယုံနိုင်ဖြစ်သွားချေသည်။ ထိုက်ပုမှာ သူ့ကိုကြည့်ကာ နောက်တစ်ခေါက် ထပ်ပြော၏။

"ကောရှီး"

"မဖြစ်နိုင်ဘူး..မဖြစ်နိုင်ဘူး..ဘယ်လိုလုပ်.. "

ထိုက်ကျူသည် ခေါင်းတယမ်းယမ်းနှင့်

"ကောရှီးကဖါးမန်ကျောင်းဆောင်ထိပ်ဆုံးထပ်မှာရှိနေတာ..ငါတို့လဲမထွက်ခွာခင်မြင်ခဲ့တာပဲ..အဆောင်ပိတ်တရားကျင့်ကြံနေတဲ့သူကဘယ်လိုလုပ်ချင်းဖင်းကိုရောက်နေမှာလဲ? အဆောင်ပိတ်ကျင့်ကြံတယ်ဆိုတာကဘယ်လိုမျိုးလဲဆိုတာမင်းလဲသိနေတာပဲ..တစ်ဝက်တစ်ပျက်နဲ့ထွက်ရင်အကုန်လုံးအရာဝင်တော့မှာမဟုတ်ဘူး"

"ငါသိတာပေါ့..ဒါကြောင့်မလို့ဆင်တူတဲ့သူဖြစ်မှာပါလို့ပြောတာပေါ့..ဒါပေမယ့်လည်း".."

"ဒါပေမဲ့ဆိုတာမရှိဘူး..လက်ရှိအရေးကိုပဲအာရုံစိုက်ထားရအောင်"

ဝင်ဟန့်လိုက်ပေမဲ့လည်း စိတ်ထဲ၌ ကြောက်စိတ်က ဝင်ရောက်လို့နေသည်။

ထိုက်ပုလည်း လိပ်ခွံအားပြန်ကြည့်ရန်ပြင်စဥ်မှာ မြူခိုးစိုင်များထံမှ တိုးသသအသံက လွင့်ပျံ့လို့လာသည်။ တစ်စုံတစ်ယောက်မှ ဝါးရွက်များအား မတော်တဆ တက်နင်းလိုက်သည့်နှယ်။

တစ်ချိန်တည်းမှာပဲ လေပြည်ညင်းမှ တိုးဝှေ့လိုက်သကဲ့သို့ စားပွဲပေါ်မှမြက်ထုံးသည် နေရာပြောင်းသွားလေ၏။

ထိုက်ပုသည် ထရပ်ကာ ပစ္စည်းများကိုသိမ်းပြီး အောက်ထပ်သို့ပြေးဆင်းတော့သည်။

"ပြောင်းသွားပြီ..တောင်ကြားကနေအခုချက်ချင်းထွက်ရမယ်..မဟုတ်ရင်လွတ်သွားလိမ့်မယ်"

×××

များမကြာခင်မှာ လူတစ်စုသည် တောင်ကြားထဲမဝင်ခင် အရာရှိများရပ်ခဲ့ရာ လမ်းဆုံလမ်းခွသို့ ရောက်ရှိလာကြသည်။

"ဘယ်ဘက်သွားကြမလဲ? ဝင်တာနဲ့အသက်ပျောက်မယ့်ပုံပေါ်တဲ့မြူခိုးတွေရှိတဲ့လမ်းလား..လုံခြုံမယ်ထင်ရတဲ့လမ်းလား?"

ပုပုဝဝ သတ်လတ်ပိုင်းအမျိုးသားက ကတုန်ကယင်နှင့် ပြောလာရှာသည်။

ထိုသူများမှာ ရွှဲရှန်တို့မှလွဲပြီး တစ်ပါးမရှိ။

နောက်နှစ်ရက်နေလျှင် ကျန်းရှီနင်မွေးနေ့ကျရောက်တော့မည်ဖြစ်၍ အစ်မဖြစ်သူနှင့် အချိန်ကုန်ဆုံးနိုင်ရန် ခေါ်မလာတော့။ ထို့အစား လုညန့်ချီ၊ ရှီထို့ကျန်းနဲ့ ရွှမ်းမင်ကိုခေါ်လာခဲ့သည်။

လုညန့်ချီကတော့ လူသားသံလိုက်အိမ်မြောင်ဖြစ်သည်။ မတိကျသော်လည်း ရွှဲရှန်လို လမ်းကြောင်းမရွေးချယ်နိုင်သူအတွက်တော့ အထူးအသုံးဝင်လှသည်။ ရှီထို့ကျန်းသည်လည်း မျက်လုံးစည်းခဲ့သူကို မှတ်မိသည်ဖြစ်သောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတုပြုနိုင်ရာ အသုံးဝင်ပြန်သည်။ ရွှမ်းမင်ကတော့..

အသုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ လိုက်ကိုလိုက်ခဲ့ရမည်။

ဤသို့သောစံညွှန်း ဘယ်ကရောက်လာမှန်း ရွှဲရှန်သေချာမသိ။ ရွှမ်းမင်နှင့် အတူသွားနေကျဖြစ်နေလို့လည်း ဖြစ်နိုင်သည်။ ရွှမ်းမင်မပါလျှင် ပျင်းရိနေမှာ စိုးသောကြောင့်လည်း ဖြစ်နိုင်သည်။
   
ရွှမ်းမင်ပါလိုက်ခဲ့ရန် ရေရာသော အကြောင်းပြချက်မရှိပဲ ကိုယ်တိုင်ကိုယ်ကျ ခေါ်လာခဲ့ပြီး အခုမှ ရွှဲရှန်တစ်ယောက် နောင်တရချင်သလို ဖြစ်လာသည်။ ညတုန်းက အဖြစ်အပျက်တွေလည်း ရှိသေးသလို မနက်ကတည်းက ရွှမ်းမင်ကိုကြည့်ရတာ တမျိုးဖြစ်နေသည်။ ပြီးတော့ ဖောင်ချောင်းပြောစကားအရ

နဂါးသွားရည်အစွမ်းက တစ်ရက်နှစ်ရက်လောက်နဲ့ ပျောက်ကွယ်သွားမှာမဟုတ်။

ဟ..ဟား

ပေါ်ကျိတောင်ကို ရွှမ်းမင်အား မရမကခေါ်လာသော ကိုယ့်အဖြစ်ကို သွက်ချာပါဒဖြစ်နေကြောင်း ဝန်ခံရမည်။ လုညန့်ချီသည် မြူစိုင်ထဲ ညွှန်ပြရင်း ရှီထို့ကျန်းအား

"မေးစရာလိုသေးလား? အသက်ပျောက်မယ့်လမ်းထဲဝင်ရမှာပေါ့"
   
"ဒီမြူတွေက.. အ-အ-အဆိပ်ရှိတာလား?"

"ကဲ..ဘယ်လိုဝင်ကြ-"

မျက်နှာထားခပ်တန်းတန်းနဲ့ပင် လုညန့်ချီက

"တဟုန်ထိုးဝင်မယ်"

-ီးထဲမှ

ရှီထို့ကျန်းမှာ ထွက်သာပြေးလိုက်ချင်တော့သည်။ အဆိုးဆုံးကတော့ မြူစိုင်များထံမှလာသည့် သစ်သားနံ့အတူ ကပ်ပါလာသော လတ်လတ်ဆတ်ဆတ်သွေးနံ့ပင်ဖြစ်သည်။
   
သူ့ခြေထောက်များက တုန်ယင်လာသည်။ အခုအချိန်မှာ ထငိုလိုက်လျှင် ရွှဲရှန်များ သနားသွားလေမလားလည်း တွေးမိသည်။

မျက်ရည်များကို ရှီထို့ကျန်း ညစ်မထုတ်နိုင်သေးခင် ကံကောင်းထောက်မစွာနှင့် ရွှမ်းမင်မှာ

"ကြောက်စရာမလိုဘူး"

ရွှမ်းမင်သည် အင်းစာရွက်ကို ထုတ်ယူလိုက်၏။ သိမ်မွေ့သော ရွှမ်းမင်၏အပြုအမှုက ရှီထို့ကျန်းရင်ကို ငြိမ်းအေးချမ်းသာသွားစေသည်။ ရွှမ်းမင်သည် အမြဲတမ်း အားကိုးအားထားပြုထိုက်သော ပုဂ္ဂိုလ်ဖြစ်ရာ အဆိပ်ငွေ့များကို ရှင်းထုတ်ရန်နည်းလမ်း ရှိမှာသေချာသည်။

အင်းစာရွက်ကိုမြင်သည်နှင့် ရွှမ်းမင် အစီအရင်ချတော့မည်ဖြစ်ကြောင်း ရှီထို့ကျန်း တပ်အပ်သိသည်။ နောက်သို့ဆုတ်ပေးသည့်အပြင် လုညန့်ချီကိုပါ ဘေးကိုတွန်းလိုက်သေးသည်။

သို့ပေမယ့် ရွှမ်းမင်မှ အင်းစာရွက်ကို ရွေးချယ်ပြီးသည်နှင့် အတွေးများနေပုံရသောသူသည် ရုတ်တရက်အသိဝင်လာလေ၏။ ရွှမ်းမင်လက်ကို တွန်းဖယ်ကာ

"ဒီလောက်လေးများရေးကြီးခွင်ကျယ်လုပ်နေစရာမလိုဘူး"

စကားဆုံးသည်နှင့် ကုလားထိုင်လက်ရန်းကို လက်နှင့်ရိုက်လိုက်သည်။ ချက်ကနဲအသံနှင့်အတူ ထောင်သောင်းချီသော စစ်သည်များ စစ်ချီလာသကဲ့သို့ ကြီးမားသောလေလုံးကြီးက ဒုန်းဆိုင်းထွက်သွားတော့သည်။

နှစ်ပေါင်းများစွာ အုပ်ကာနေခဲ့သောမြူအုပ်ကြီးသည် ရွှဲရှန်လေတစ်ဝှေ့မှာ တက်တက်စင်အောင် လွင့်မျောသွားချေသည်။ အခုအချိန်မှာတော့ တောင်ကြားသို့ဝင်ရာလမ်းကြောင်းကို ရှင်းလင်းစွာ မြင်နေရပြီ။

ရွှမ်းမင်ရှိရာဘက်သို့လှည့်ကာ မေးနန့်ပြလာသည်။ မျက်နှာထားကတော့ ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲဆန်လှပေမယ့် အမူအရာကတော့ ငါဘယ်လောက်တောင်ကြီးမြတ်လဲဆိုတာ ချီးမွမ်းလေတော့ဟု ပြောနေသယောင်ယောင်။

ရွှမ်းမင်သည် တစ်ချက်သာပြန်ကြည့်ပြီး

"ကုလားထိုင်လက်ရန်းကျိုးသွားပြီ"

သူ့လေသံက ငေါ့တူးလို့နေသည်။

ရွှဲရှန်; "…"

မျက်နှာရိပ်မျက်နှာကဲမကြည့် တချိန်လုံးရိုင်းစိုင်းနေတဲ့သူကို ပင်လယ်ထဲသာ ပစ်ချလိုက်သင့်တယ်

••••

Zawgyi

ေပၚက်ိေတာင္သည္ ပံုသ႑ာန္ကိုယူ၍ အမည္မွၫ့္ေခၚထားျခင္းျဖစ္သည္။ ေတာအုပ္ငယ္၏ေနာက္ကြယ္၌ တိုးဝင္ေပ်ာက္ကြယ္လ်က္ရိွၿပီး ခ်င္းဖင္းစီရင္စုနယ္ေျမ နယ္နိမိတ္အနီးရိွ ရြာအနားတြင္ တည္ရိွသည္။ ေနထြက္ရာသို႔ မ်က္ႏွာမူေနေသာအျခမ္းကို စပါးခင္းမ်ားက ဖံုးလႊမ္းလ်က္ ျမဴခိုးျမဴေငြ့မ်ား ေဝေနသၫ့္အၾကား သစ္လြင္လန္းဆန္းလို႔ေနသည္။

ေပၚက်ိေတာင္ဟု ေခၚရျခင္းမွာ အျခားတစ္ဖက္ျခမ္း၌ ခံုးလ်က္အသြင္ရိွေသာ ေျမၾကီးထုေၾကာင့္ျဖစ္သည္။ ထိုေနရာသည္ အၿမဲတေစ ျမဴခိုးမ်ားထဲ ပုန္းကြယ္လ်က္ရိွေနသည္ျဖစ္ရာ ေတာင္ေျခမွၾကၫ့္လ်ွင္ မည္သည္ကိုမွ ျမင္ရမည္မဟုတ္။ တစ္ေခါက္ရယ္မွတစ္ခါ မေတာ္တဆနယ္ကၽြံသြားသူ၊ စူးစမ္းလို၍တက္သြားသူမ်ားရိွေပမဲ့ ျပန္သတင္းမၾကားခဲ့ရ။

ေပၚက်ိေတာင္ႏွင့္ပတ္သတ္ၿပီး နယ္ခံမ်ား၏ စကားမ်ားကလဲ ရိွေသးသည္။ တခ်ိဳ႕ေကာလဟာလမ်ားအရ သခ်ၤိဳင္းဂူႏွယ္ အရိုးျဖဴမ်ားႏွင့္ ျပၫ့္ေနသည္ဟူ၍၊ တခ်ိဳ႕ကလည္း ထိုေနရာတြင္ လူမ်ားေနထိုင္ၾကသည္ဟု ဆိုၾကသလို ကေလးငိုသံကိုေတာင္ တစ္ခါတရံၾကားရသည္ဟုဆိုသည္။ ထိုအသံပိုင္ရွင္က လူေလာ နာနာဘာဝေလာကိုေတာ့ မည္သူမွမသိရိွၾက။

ထိုေကာလဟာလမ်ားသည္ ယံုေလာက္ဖြယ္ရာမ်ားရိွသလို စိတ္ရူးေပါက္ဖြယ္ရာအထိ အမ်ိဳးအစားစံုလင္လွသည္။ တစ္ခုတစ္ေလကမွ လက္ဆုပ္လက္ကိုင္ျပႏိုင္တာမရိွ။

လြန္ခဲ့ေသာဆယ္စုႏွစ္ေတြကေတာ့ တခ်ိဳ႕တေလမွာ မိုက္ရူးရဲဆန္ၿပီး သြားေရာက္စူးစမ္းၾကေပမယ့္ လက္ရိွမွာေတာ့ ေသတြင္းထဲ သြားလိုသူမရိွ။ လူအမ်ားပါးစပ္ဖ်ား၌ေတာင္ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနၿပီ။ မ်ိဳးဆက္သစ္လူငယ္မ်ားမွာ ေပၚက်ိေတာင္ေပၚ မသြားသင့္ေၾကာင္းသိေပမယ့္ အဘယ္ေၾကာင့္ဆိုတာကိုေတာ့ ေရေရရာရာမသိၾက။

နတ္သဘင္အခမ္းအနားက်င္းပေရးမွ အရာရိွမ်ားသည္ ရြာငယ္ႏွင့္စပါးခင္းမ်ားကိုျဖတ္ကာ ေတာင္ငယ္၏တစ္ဖက္ျခမ္းသို႔ ဦးတည္၍လာၾကသည္။ မ်ားမၾကာခင္မွာ ျမဴစိုင္မ်ားကို လွမ္းျမင္ေနရၿပီျဖစ္သည္။

ထိုက္က်ူသည္ လက္ကိုၿမွောက္ကာ ေနာက္ပါမွ ျမင္းတပ္ဖဲြ႔ကို ရပ္တန႔္လိုက္၏။

"မိန္းမငယ္..ဘယ္လမ္းကိုဦးတည္သြားရမလဲ?"

အေရ႔ွ၌ လမ္းႏွစ္လမ္း ကဲြလို႔ေနသည္။ တစ္လမ္းမွာ ေတာင္၏အနိမ့္ပိုင္းကို ေရာက္ရိွမည္ျဖစ္ၿပီး တစ္လမ္းမွာေတာ့ ျမဴခိုးမ်ားႏွင့္ အလံုးစံုဖံုးကြယ္လို႔ေနသည္။ ေအးျမစိုထိုင္းလ်က္ အဆမတန္ေသာ ယင္စြမ္းအင္ကိုေပးလို႔ေနသည္။ သစ္သားနံ႔ဖ်ဖ်ကလည္း ေလအေဝ႔ွမွာပါလာရာ ေဆးနံ႔လို႔ေတာင္ထင္ရသည္။ အဆိပ္ရိွပံုပင္။

ထိုက္ပုသည္ လမ္းတစ္ေလ်ွာက္လံုး ခရီးစဥ္ကို အႀကိမ္ႀကိမ္စစ္ေဆးခဲ့ၿပီးၿပီ ျဖစ္ေပမယ့္လည္း အေရ႔ွကျမင္ကြင္းကိုၾကၫ့္ကာ မ်က္ေမွာင္က်ဳတ္လို႔ေနသည္။ ေနာက္ဆံုးမွာ ျမဴစိုင္ထုကို လက္ညိုးၫႊန္လ်က္

"အဲ့ဒီဘက္"

ထိုက္က်ူသက္ျပင္းခ်လ်က္ အေနာက္တြင္ လိုက္ပါလာသူမ်ားအား

"မ်က္ႏွာကိုကာဖို႔မေမ့ၾကနဲ႔..မ်က္လံုးကိုေရာပဲ"

အထိအခိုက္လြယ္ေသာ လူ႔ခႏၶာကိုယ္ပိုင္ရွင္မ်ားျဖစ္သည္မို႔ မေရရာေသာ အေျခအေနမ်ိဳးမွာ မတံုးအသင့္ေၾကာင္းကို နားလည္ၾကသည္။

ထိုက္က်ူအမိန႔္ကို ၾကားၿပီးေနာက္မွာ ျမင္းစီးလိုက္ပါလာသူမ်ားသည္ ရင္ဘတ္အိတ္ေထာင္ထဲမွာ ထၫ့္ထားေသာ ခ်ည္သားအိတ္ငယ္အတြင္းမွ ေဆးလံုးကို ထုတ္ယူလိုက္ၾက၏။ ေဆးလံုးကို ဝါးစားလိုက္ၾကၿပီး အိတ္ငယ္မ်ားကို မ်က္ႏွာဖံုးႏွယ္ ႏွာေခါင္းေအာက္၌ အုပ္ကာထားလိုက္သည္။

ထိုက္ပုသည္ ျမင္းအိတ္ထဲမွ မ်က္ႏွာရွစ္ဖက္ရိွေသာ ေခါင္းေလာင္းအသြင္ကို ထြင္းထုထားသၫ့္ လျခမ္းပံုသ႑ာန္ေခါင္းေလာင္းကို ထုတ္ယူလိုက္၏။

အင္းစာရြက္ခ်ပ္မ်ားထဲမွ တစ္ရြက္ကို ထုတ္ယူလိုက္သည္။ မႏၲန္ရြတ္ၿပီး ေခါင္းေလာင္းသံုးခ်က္တီးကာ ျမင္းကိုေျချဖင့္ေတာ့လိုက္ေတာ့သည္။ ျမင္းမွာလည္း ေခါင္းေလာင္းသံအတိုင္း စတင္လႈပ္ရွားလာ၏။

ထိုက္ပုေနာက္တြင္ ထိုက္က်ူမွ လိုက္ပါသြားသည္။ အေနာက္မွ ရထားလံုးတန္းသည္လည္း ျမဴစိုင္မ်ားအတြင္းသို႔ တစ္စတစ္စႏွင့္ တိုးဝင္ေပ်ာက္ကြယ္သြားေလသည္။

အျဖဴေရာင္တစ္သားတည္းျဖစ္ေနေသာ ျမဴခိုးမ်ားထဲ အဘယ္ကိုမွမျမင္ရ။ ျမင္းမ်ားပင္ ေခါင္းမပါေသာတစၧေႏွယ္ ေပ်ာက္ကြယ္ေနသည္။ ရုတ္ခ်ည္းက်ေရာက္သြားေသာ အေျခအေနက တုန္လႈပ္ဖြယ္ေတာ့ေကာင္းလွသည္။

သို႔ေသာ္လည္း ထိုက္ပုသည္ တည္ၿငိမ္ၿမဲရိွ၏။ မ်က္ခံုးရိုးမ်ားက အတန္ငယ္တြန႔္ေကြးလ်က္ သြားေနစဲအရိွန္ကိုသာ အာရံုစိုက္ထားသည္။ ေခါင္းေလာင္းတစ္ခ်က္တီးတိုင္း ေျခလွမ္းငါးလွမ္း လွမ္းသည္။ တစ္ဝက္ခန႔္ေရာက္လုခင္တြင္ ရထားတန္းဆီမွ ဤကဲ့သို႔ အေျခအေနမ်ိဳးႏွင့္ မေတြ့ႄကံုဖူးေသာ လုလင္ငယ္သည္ စတင္မ်က္သလဲဆန္ျပာ ျဖစ္လာေတာ့၏။

စိတ္လႈပ္ရွားလ်ွင္ အသက္ရႉျမန္ဆန္လာမည္။ လုလင္ငယ္သည္ ျမဴအုပ္ထဲဝင္ကတည္းက ေၾကာက္လန႔္တၾကား အသက္လုရႉေနသည္ျဖစ္ရာ ျမဴခိုးအမ်ားအျပားက ႏွာေခါင္းေပါက္ထဲ ဝင္ေရာက္လို႔သြားသည္။

ေနာက္ထပ္သံုးလွမ္းမလွမ္းခင္မွာ ျမင္းေပၚမွေန ေျမျပင္ေပၚသို႔ ျပဳတ္က်သြားေတာ့သည္။ လည္ပင္းတစ္ေလ်ွာက္အား အသားမ်ားနီရဲတက္သည္အထိ ပြတ္သပ္လို႔ေနၿပီး ေမာဟိုက္လ်က္ရိွသည္။ ေနာက္ကလူမ်ားမွာလည္း စိတ္မရွည္ၾကေတာ့။ အသက္ရႉျခင္းကို ျပန္လည္ထိန္းခ်ဳပ္ၿပီး လူငယ္ကို ျမင္းေပၚသို႔ ျပန္လည္ဆဲြတင္ၾကသည္။

"ေျခလွမ္းေတြနဲ႔အသက္ရႉတာကိုၿငိမ္ၿငိမ္ထား"

အေဝးတစ္ရာမွ ေျပာေနသၫ့္ႏွယ္ ထိုက္ပု၏အသံကို ၾကားလိုက္ရသည္။

သတိေပးထားေသာ္လည္း ခုႏွစ္ေယာက္ရွစ္ေယာက္မက ျမဴခိုးဒဏ္အား မိသြားၾကေသးသည္။ အျပင္းအထန္တုန္ယင္လာၾကၿပီးလ်ွင္ ေသြးအန္၍ ေသဆံုးသြားၾကေလသည္။
   
လျခမ္းပံုေခါင္းေလာင္းသည္ ဆက္တိုက္ငါးႀကိမ္ျမည္လာၿပီး ဤသည္မွာ ထိုက္ပုဦးတည္ရာေနရာသို႔ ေရာက္ရိွၿပီျဖစ္ေၾကာင္းပင္။

ေတာင္ၾကားေရ႔ွ၌ ေရာက္ရိွေနပံုရသည္။ ထူးဆန္းသည္မွာ ထိုေတာင္ၾကားသည္ ေတာင္ေျခမွာျမင္ရစဥ္တုန္းကနဲ႔ ကဲြျပားေန၏။ ဤေနရာတြင္ရိွေသာျမဴခိုးမ်ားမွာ မိုးရြာခါစ အေငြ့တက္သေလာက္သာရိွၿပီး ဝင္စကႏွယ္ ေၾကာက္မက္ဖြယ္ထူထဲမေန။ ပါးလႊာေသာျမဴခိုးမ်ားၾကား၌ ဝါးေဆာင္တစ္ေဆာင္အား လွမ္းျမင္ရသည္။ သံုးထပ္ေဆာင္ျဖစ္ၿပီး တင့္တယ္စြာတည္ရိွလို႔ေန၏။

ျမဳခိုးမ်ားၾကားထဲ နစ္ျမဳပ္ေနသည္မွာ ၾကာျမင့္ၿပီျဖစ္ေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။ ဝါးေဆာင္အားေဆာက္လုပ္ထားေသာ ဝါးတစ္လံုးခ်င္းဆီသည္ သန႔္ရွင္းေတာက္ေျပာင္လို႔ေန၏။ အဆိပ္ေငြ့မ်ားၾကားထဲ တည္ရိွေနျခင္းမဟုတ္လ်ွင္ တင့္တယ္ထည္ဝါေသာ တည္းခိုေဆာင္လို႔ေတာင္ ထင္မွတ္ရသည္။

ထိုက္ပုႏွင့္ထိုက္က်ူသည္ ဝါးေဆာင္အား တစ္ခဏမ်ွ ေလ့လာစမ္းစစ္ေနရင္း က်န္သူမ်ားအား အသင့္ဝန္းရံေနေစသည္။ မ်က္ႏွာဖံုးမ်ားအား ခၽြတ္လိုက္ၿပီျဖစ္ေသာ အရာရိွမ်ား၏ မ်က္ႏွာထက္ မေပ်ာ္ရႊင္မႈမ်ားက လစ္ဟာလို႔ေနသည္။ တည္ေနရာအား အတည္ျပဳရန္သာ တာဝန္ေပးအပ္ျခင္းခံခဲ့ရေပမဲ့ အသက္မ်ားစြာ ဆံုးရႈံးခဲ့ရသည္မို႔ မည္သူမွ ဝမ္းမေျမာက္ႏိုင္ၾက။

"သတိကပ္ထား..ဒီေလထဲမွာလဲအဆိပ္ရိွတယ္"

အေနာက္မွအရာရိွမ်ားအား ထိုက္ပုလွမ္းသတိေပးလိုက္သည္။ ထို႔ေနာက္ ထိုက္က်ူႏွင့္ အၾကၫ့္ခ်င္းဆံုသြား၏။ ၿပီးလ်ွင္ ႏွစ္ဦးစလံုး ျမင္းေပၚမွဆင္းကာ ဝါးေဆာင္ပတ္လည္အား အင္းစာရြက္မ်ားႏွင့္ အစီအရင္ခ်လိုက္သည္။

ရုတ္ခ်ည္းဆိုသလို ျမဴခိုးမ်ားသည္ လြင့္ပါးေပ်ာက္ကြယ္သြားေလ၏။ ယခုဆိုလ်ွင္ေတာ့ သူတို႔ပတ္လည္၌ သန႔္ရွင္းေသာေလသာ က်န္ေနခဲ့သည္။

က်န္သူမ်ားလည္း မ်က္ႏွာဖံုးမ်ားကိုခၽြတ္ကာ ျမင္းေပၚမွဆင္းၿပီး ေခါင္းေဆာင္ႏွစ္ဦးရိွရာသို႔ စုေဝးလာၾကသည္။

ဤေနရာကို တစ္စံုတစ္ေယာက္အားရွာရန္ လာခဲ့ေၾကာင္းသိၾကေပမယ့္ ဘယ္သူဘယ္ဝါဆိုတာကို ရာထူးနိမ့္ေသာက်န႔္ဇီမ်ားကေတာ့ မသိ။ ထိုသူ မည္သည္ကိုက်ူးလြန္ခဲ့ေၾကာင္း၊ ထိုသူကို အဘယ္ေၾကာင့္လိုက္ရွာေနေၾကာင္းကို ထိုက္ပုႏွင့္ထိုက္က်ူသာ သိသည္။

"ဒီမွာဆိုတာေသခ်ာရဲ့လား?"

ဝါးေဆာင္အား တစ္ခ်က္ၾကၫ့္ၿပီး ထိုက္ပုကို လွမ္းေမးသည္။ ထိုက္ပုကိုယ္တိုင္ေတာင္မွ သံသယဝင္ေနမိသည္။ ဤေနရာတြင္ ပုန္းေနပါက ဖမ္းရခက္ခဲသလို လြယ္ကူသည္ဆိုလည္းမမွား။ ျမဴခိုးမ်ားေၾကာင့္ အျပင္လူမ်ား လာေရာက္ရန္ခက္ခဲေပမယ့္ ျမဴစိုင္မ်ားကို ျဖတ္ႏိုင္ခဲ့ပါက အထဲကသူမွာ ေျပးစရာေျမမရိွေတာ့ေပ။

"အရင္ဆံုးရွာၾကၫ့္တာေပါ့"

ထိုက္က်ူသည္ စကားဆံုးသည္ႏွင့္ ေနာက္ပါက်န႔္ဇီမ်ားအား အမိန႔္ေပးလိုက္သည္။

မၾကာခင္မွာ ထိုႏွစ္ဦးသည္ က်န႔္ဇီငါးဦးကို ၪီးေဆာင္ၿပီး ဝါးေဆာင္အတြင္းသို႔ ဝင္သြား၏။ ရာခ်ီေသာက်န္သူမ်ားက အျပင္တြင္ အသင့္အေနအထား ေစာင့္ဆိုင္းေနၾကသည္။

က်ဥ္းေျမာင္းလွေသာ သံုးထပ္ေဆာင္အား တစ္ခဏအတြင္းမွာ ရွာေဖြလို႔ၿပီးစီးသြားၾကသည္။

"ကဲ"

ထိုက္က်ူသည္ အေပၚဆံုးထပ္ကေန အလ်င္အျမန္ေျပးဆင္းလာ၏။ လက္ထဲတြင္ စာလိပ္တစ္လိပ္ကို ကိုင္ထားၿပီး သဲလြန္စမ်ားရေလမလား ျဖန႔္ၾကၫ့္သည္။ ၿပီးလ်ွင္ ေခါင္းယမ္းကာ အနီးရိွစားပဲြေပၚသို႔ စာလိပ္ကိုပစ္တင္လိုက္သည္။
   

ပထမထပ္တြင္ရပ္ေနေသာ ထိုက္ပုသည္ အေကာင္းအတိုင္းရိွေနေသးေသာ ဧၫ့္သည္ေဆာင္ကို လွမ္းၾကၫ့္ေန၏။

"ဘာမွမရိွဘူး"

ထိုက္က်ူသည္ လက္ႏွစ္ဖက္ပိုက္လ်က္ တဖန္လိုက္ၾကၫ့္ေနျပန္၏။

"မိန္းမငယ္..မင္းေရ႔ျွဖစ္ေဟာတာမွားယြင္းေနတယ္လို႔ေျပာတာမဟုတ္ဘူး..တစ္ေနရာရာမွာငါတို႔မ်က္စိရွန္းၿပီးလမ္းလဲြသြားတာမျဖစ္ႏိုင္ဘူးလား?"

ဤသို႔ေသာအေျခအေနေရာက္ေနမွေတာ့ ယခုလိုေမးလာသည္အား ထိုက္ပုအမ်က္မထြက္မိ။ စားပဲြတြင္ထိုင္ကာ ျမက္ထံုးႏွင့္လိပ္ခြံကို ထုတ္ယူၿပီး ေသခ်ာၾကၫ့္ရႈ၏။

"ေနာက္တစ္ခြံကိုသံုးၿပီး.. ၾကၫ့္ၾကၫ့္ခ်င္လား?"

"မရဘူး..အေၾကာင္းအရာတစ္ခုတည္းအတြက္နဲ႔တစ္ရက္ထဲမွာႏွစ္ခါျပန္ၾကၫ့္လို႔မရဘူး..ေသခ်ာထပ္ၾကၫ့္လိုက္မယ္"

မၾကာခင္မွာပဲ သူမထံမွ စိတ္လႈပ္ရွား၍ အာေမဍိတ္သံထြက္ေပၚလာသည္။

"ဘာမ်ားလဲ?"

"မဟုတ္ဘူး..ခုနကေျပာခဲ့တဲ့သူေလ..အရင္ၾကၫ့္တုန္းကၿမိဳ႔ထဲမွာရိွေနတာ..အခုလိပ္ခြံေပၚကိုေရာက္လာၾကၿပီ"

"ခ်င္းဖင္းမွာရိွမေနသင့္တဲ့သူကိုေျပာတာလား? အဲ့ဒါဘယ္သူလဲ?"

ထိုက္ပုသည္ ေခါင္းေမာ့လ်က္ ျပန္ၾကၫ့္လာ၏။ သူမ၏ နက္ေမွာင္ေသာမ်က္ဝန္းတစ္စံု၌ ရတတ္မေအးမႈမ်ားကို ျမင္ေနရသည္။

"ေမြးေန့တူဇာတာတူတဲ့အျခားတစ္ေယာက္လည္းျဖစ္ႏိုင္တယ္..အဲ့ဒီသူေတာ့မျဖစ္ႏိုင္ပါဘူး..ေသခ်ာတယ္"

"လိုရင္းကိုေျပာ..ဘယ္သူလဲ?"

ထိုက္က်ူက ေပါက္ကဲြလုနီးပါးျဖစ္ေနၿပီ။
   
ထိုက္ပုသည္ အိတ္ေထာင္ထဲမွ စကၠူေခါက္ကိုထုတ္ၿပီး အနီေရာင္ျဖင့္ ထုန္တန္းဟုေရးသားထားေသာ စာလံုးမ်ားကို ၫႊန္ျပရင္း

"ေကာရွီး"

"ဘာ!?"

ထိုက္က်ူသည္ သူ႔နားသူေတာင္ မယံုႏိုင္ျဖစ္သြားေခ်သည္။ ထိုက္ပုမွာ သူ႔ကိုၾကၫ့္ကာ ေနာက္တစ္ေခါက္ ထပ္ေျပာ၏။

"ေကာရွီး"

"မျဖစ္ႏိုင္ဘူး..မျဖစ္ႏိုင္ဘူး..ဘယ္လိုလုပ္.. "

ထိုက္က်ူသည္ ေခါင္းတယမ္းယမ္းႏွင့္

"ေကာရွီးကဖါးမန္ေက်ာင္းေဆာင္ထိပ္ဆံုးထပ္မွာရိွေနတာ..ငါတို႔လဲမထြက္ခြာခင္ျမင္ခဲ့တာပဲ..အေဆာင္ပိတ္တရားက်င့္ႀကံေနတဲ့သူကဘယ္လိုလုပ္ခ်င္းဖင္းကိုေရာက္ေနမွာလဲ? အေဆာင္ပိတ္က်င့္ႀကံတယ္ဆိုတာကဘယ္လိုမ်ိဳးလဲဆိုတာမင္းလဲသိေနတာပဲ..တစ္ဝက္တစ္ပ်က္နဲ႔ထြက္ရင္အကုန္လံုးအရာဝင္ေတာ့မွာမဟုတ္ဘူး"

"ငါသိတာေပါ့..ဒါေၾကာင့္မလို႔ဆင္တူတဲ့သူျဖစ္မွာပါလို႔ေျပာတာေပါ့..ဒါေပမယ့္လည္း".."

"ဒါေပမဲ့ဆိုတာမရိွဘူး..လက္ရိွအေရးကိုပဲအာရံုစိုက္ထားရေအာင္"

ဝင္ဟန႔္လိုက္ေပမဲ့လည္း စိတ္ထဲ၌ ေၾကာက္စိတ္က ဝင္ေရာက္လို႔ေနသည္။

ထိုက္ပုလည္း လိပ္ခြံအားျပန္ၾကၫ့္ရန္ျပင္စဥ္မွာ ျမဴခိုးစိုင္မ်ားထံမွ တိုးသသအသံက လြင့္ပ်ံ႔လို႔လာသည္။ တစ္စံုတစ္ေယာက္မွ ဝါးရြက္မ်ားအား မေတာ္တဆ တက္နင္းလိုက္သၫ့္ႏွယ္။

တစ္ခ်ိန္တည္းမွာပဲ ေလျပည္ညင္းမွ တိုးေဝ႔ွလိုက္သကဲ့သို႔ စားပဲြေပၚမျွမက္ထံုးသည္ ေနရာေျပာင္းသြားေလ၏။

ထိုက္ပုသည္ ထရပ္ကာ ပစၥည္းမ်ားကိုသိမ္းၿပီး ေအာက္ထပ္သို႔ေျပးဆင္းေတာ့သည္။

"ေျပာင္းသြားၿပီ..ေတာင္ၾကားကေနအခုခ်က္ခ်င္းထြက္ရမယ္..မဟုတ္ရင္လြတ္သြားလိမ့္မယ္"

×××

မ်ားမၾကာခင္မွာ လူတစ္စုသည္ ေတာင္ၾကားထဲမဝင္ခင္ အရာရိွမ်ားရပ္ခဲ့ရာ လမ္းဆံုလမ္းခြသို႔ ေရာက္ရိွလာၾကသည္။

"ဘယ္ဘက္သြားၾကမလဲ? ဝင္တာနဲ႔အသက္ေပ်ာက္မယ့္ပံုေပၚတဲ့ျမဴခိုးေတြရိွတဲ့လမ္းလား..လံုႃခံုမယ္ထင္ရတဲ့လမ္းလား?"

ပုပုဝဝ သတ္လတ္ပိုင္းအမ်ိဳးသားက ကတုန္ကယင္ႏွင့္ ေျပာလာရွာသည္။

ထိုသူမ်ားမွာ ရႊဲရွန္တို႔မွလဲြၿပီး တစ္ပါးမရိွ။

ေနာက္ႏွစ္ရက္ေနလ်ွင္ က်န္းရွီနင္ေမြးေန့က်ေရာက္ေတာ့မည္ျဖစ္၍ အစ္မျဖစ္သူႏွင့္ အခ်ိန္ကုန္ဆံုးႏိုင္ရန္ ေခၚမလာေတာ့။ ထို႔အစား လုညန႔္ခ်ီ၊ ရွီထို႔က်န္းနဲ႔ ရႊမ္းမင္ကိုေခၚလာခဲ့သည္။

လုညန႔္ခ်ီကေတာ့ လူသားသံလိုက္အိမ္ေျမာင္ျဖစ္သည္။ မတိက်ေသာ္လည္း ရႊဲရွန္လို လမ္းေၾကာင္းမေရြးခ်ယ္ႏိုင္သူအတြက္ေတာ့ အထူးအသံုးဝင္လွသည္။ ရွီထို႔က်န္းသည္လည္း မ်က္လံုးစည္းခဲ့သူကို မွတ္မိသည္ျဖစ္ေသာေၾကာင့္ မည္သူမည္ဝါျဖစ္ေၾကာင္း အတုျပဳႏိုင္ရာ အသံုးဝင္ျပန္သည္။ ရႊမ္းမင္ကေတာ့..

အသံုးဝင္သည္ျဖစ္ေစ မဝင္သည္ျဖစ္ေစ လိုက္ကိုလိုက္ခဲ့ရမည္။

ဤသို႔ေသာစံၫႊန္း ဘယ္ကေရာက္လာမွန္း ရႊဲရွန္ေသခ်ာမသိ။ ရႊမ္းမင္ႏွင့္ အတူသြားေနက်ျဖစ္ေနလို႔လည္း ျဖစ္ႏိုင္သည္။ ရႊမ္းမင္မပါလ်ွင္ ပ်င္းရိေနမွာ စိုးေသာေၾကာင့္လည္း ျဖစ္ႏိုင္သည္။
   
ရႊမ္းမင္ပါလိုက္ခဲ့ရန္ ေရရာေသာ အေၾကာင္းျပခ်က္မရိွပဲ ကိုယ္တိုင္ကိုယ္က် ေခၚလာခဲ့ၿပီး အခုမွ ရႊဲရွန္တစ္ေယာက္ ေနာင္တရခ်င္သလို ျဖစ္လာသည္။ ညတုန္းက အျဖစ္အပ်က္ေတြလည္း ရိွေသးသလို မနက္ကတည္းက ရႊမ္းမင္ကိုၾကၫ့္ရတာ တမ်ိဳးျဖစ္ေနသည္။ ၿပီးေတာ့ ေဖာင္ေခ်ာင္းေျပာစကားအရ

နဂါးသြားရည္အစြမ္းက တစ္ရက္ႏွစ္ရက္ေလာက္နဲ႔ ေပ်ာက္ကြယ္သြားမွာမဟုတ္။

ဟ..ဟား

ေပၚက်ိေတာင္ကို ရႊမ္းမင္အား မရမကေခၚလာေသာ ကိုယ့္အျဖစ္ကို သြက္ခ်ာပါဒျဖစ္ေနေၾကာင္း ဝန္ခံရမည္။ လုညန႔္ခ်ီသည္ ျမဴစိုင္ထဲ ၫႊန္ျပရင္း ရွီထို႔က်န္းအား

"ေမးစရာလိုေသးလား? အသက္ေပ်ာက္မယ့္လမ္းထဲဝင္ရမွာေပါ့"
   
"ဒီျမဴေတြက.. အ-အ-အဆိပ္ရိွတာလား?"

"ကဲ..ဘယ္လိုဝင္ၾက-"

မ်က္ႏွာထားခပ္တန္းတန္းနဲ႔ပင္ လုညန႔္ခ်ီက

"တဟုန္ထိုးဝင္မယ္"

-ီးထဲမွ

ရွီထို႔က်န္းမွာ ထြက္သာေျပးလိုက္ခ်င္ေတာ့သည္။ အဆိုးဆံုးကေတာ့ ျမဴစိုင္မ်ားထံမွလာသၫ့္ သစ္သားနံ႔အတူ ကပ္ပါလာေသာ လတ္လတ္ဆတ္ဆတ္ေသြးနံ႔ပင္ျဖစ္သည္။
   
သူ႔ေျခေထာက္မ်ားက တုန္ယင္လာသည္။ အခုအခ်ိန္မွာ ထငိုလိုက္လ်ွင္ ရႊဲရွန္မ်ား သနားသြားေလမလားလည္း ေတြးမိသည္။

မ်က္ရည္မ်ားကို ရွီထို႔က်န္း ညစ္မထုတ္ႏိုင္ေသးခင္ ကံေကာင္းေထာက္မစြာႏွင့္ ရႊမ္းမင္မွာ

"ေၾကာက္စရာမလိုဘူး"

ရႊမ္းမင္သည္ အင္းစာရြက္ကို ထုတ္ယူလိုက္၏။ သိမ္ေမြ့ေသာ ရႊမ္းမင္၏အျပဳအမႈက ရွီထို႔က်န္းရင္ကို ၿငိမ္းေအးခ်မ္းသာသြားေစသည္။ ရႊမ္းမင္သည္ အၿမဲတမ္း အားကိုးအားထားျပဳထိုက္ေသာ ပုဂၢိုလ္ျဖစ္ရာ အဆိပ္ေငြ့မ်ားကို ရွင္းထုတ္ရန္နည္းလမ္း ရိွမွာေသခ်ာသည္။

အင္းစာရြက္ကိုျမင္သည္ႏွင့္ ရႊမ္းမင္ အစီအရင္ခ်ေတာ့မည္ျဖစ္ေၾကာင္း ရွီထို႔က်န္း တပ္အပ္သိသည္။ ေနာက္သို႔ဆုတ္ေပးသၫ့္အျပင္ လုညန႔္ခ်ီကိုပါ ေဘးကိုတြန္းလိုက္ေသးသည္။

သို႔ေပမယ့္ ရႊမ္းမင္မွ အင္းစာရြက္ကို ေရြးခ်ယ္ၿပီးသည္ႏွင့္ အေတြးမ်ားေနပံုရေသာသူသည္ ရုတ္တရက္အသိဝင္လာေလ၏။ ရႊမ္းမင္လက္ကို တြန္းဖယ္ကာ

"ဒီေလာက္ေလးမ်ားေရးႀကီးခြင္က်ယ္လုပ္ေနစရာမလိုဘူး"

စကားဆံုးသည္ႏွင့္ ကုလားထိုင္လက္ရန္းကို လက္ႏွင့္ရိုက္လိုက္သည္။ ခ်က္ကနဲအသံႏွင့္အတူ ေထာင္ေသာင္းခ်ီေသာ စစ္သည္မ်ား စစ္ခ်ီလာသကဲ့သို႔ ႀကီးမားေသာေလလံုးႀကီးက ဒုန္းဆိုင္းထြက္သြားေတာ့သည္။

ႏွစ္ေပါင္းမ်ားစြာ အုပ္ကာေနခဲ့ေသာျမဴအုပ္ႀကီးသည္ ရႊဲရွန္ေလတစ္ေဝ႔ွမွာ တက္တက္စင္ေအာင္ လြင့္ေမ်ာသြားေခ်သည္။ အခုအခ်ိန္မွာေတာ့ ေတာင္ၾကားသို႔ဝင္ရာလမ္းေၾကာင္းကို ရွင္းလင္းစြာ ျမင္ေနရၿပီ။

ရႊမ္းမင္ရိွရာဘက္သို႔လွၫ့္ကာ ေမးနန႔္ျပလာသည္။ မ်က္ႏွာထားကေတာ့ ပံုမွန္အတိုင္း ပ်င္းရိပ်င္းတဲြဆန္လွေပမယ့္ အမူအရာကေတာ့ ငါဘယ္ေလာက္ေတာင္ႀကီးျမတ္လဲဆိုတာ ခ်ီးမြမ္းေလေတာ့ဟု ေျပာေနသေယာင္ေယာင္။

ရႊမ္းမင္သည္ တစ္ခ်က္သာျပန္ၾကၫ့္ၿပီး

"ကုလားထိုင္လက္ရန္းက်ိဳးသြားၿပီ"

သူ႔ေလသံက ေငါ့တူးလို႔ေနသည္။

ရႊဲရွန္; "…"

မ်က္ႏွာရိပ္မ်က္ႏွာကဲမၾကၫ့္ တခ်ိန္လံုးရိုင္းစိုင္းေနတဲ့သူကို ပင္လယ္ထဲသာ ပစ္ခ်လိုက္သင့္တယ္

••••

Continue Reading

You'll Also Like

526K 61.7K 181
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
1.5M 183K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
31.3K 3.3K 41
ဘာသာပြန်သူ စွဲညို့အသင်း
738K 94.5K 198
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...