ကမ်းကုန်အောင်အလိုလိုက်ခံထားရသ...

By Deity_YuZhang

504K 65.2K 1.7K

Title - Strongly Pampered Male Wife Author - The Road Under Those Bare Feet Genre - Romance, Slice of life, Y... More

Description
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19.1
19.2
20
21
22
23
24.1
24.2
25
26.1
26.2
27
28
29
Notice
30
31
32
33
34.1
34.2
35
36.1
36.2
37.1
37.2
38.1
38.2
38.3
39.1
39.2
39.3
40.1 + 40.2
42
43
44
45
46
47
48

41

6K 709 70
By Deity_YuZhang

U••

[ယင်မိသားစု၏အဆုံးသတ်-၃]

ရှန်ယွီရှန်း သည် သူ့လက်ထဲတွင် ဝိုင်တစ်ခွက်ကို ကိုင်ကာ ဟယ့်ချန်းနင် အနားတွင် အမြဲရှိနေခဲ့သည်။ တစ်ယောက်ယောက်က စကားစမြည်လာပြောတိုင်း သူ့မျက်နှာမှာ ဘာအမူအရာမှမရှိပဲကိုင်တွယ်ဖြေရှင်း၏။ ဟယ့်ချန်းနင် ကလည်း ပြုံးပြုံးရွှင်ရွှင်သာစကားပြောရင်း မျက်လုံးထောင့်ကနေ လင်ကျင်းရှန်၏ဖျော့တော့နေသော မျက်နှာကိုကည့်လျက်။ သူ့ကို စိုက်ကြည့်နေတဲ့ သွေးရောင်မျက်လုံးတွေနဲ့ ထိုမျက်နှာက တုန်လှုပ်ခြောက်ခြားနေသလို တွန့်လိမ်နေ၏။ ရှန်ယွီရှန်း ကိုကြည့်သောအခါတွင်မူ မထင်မရှား စွဲလမ်းမှုများစွာကအထင်းသား။ ဟယ့်ချန်းနင် သည် သူ့စိတ်ထဲတွင် ပျို့အန်ချင်လာရုံမှတပါး မကူညီနိုင်ပေ။

တော်တော်မိုက်မဲတဲ့မိန်းမပဲ။ စိတ်ခံစားမှုနှစ်ခုကြား ပြောင်းလဲနေတဲ့မျက်နှာကို သူမကပေါ်သွားမှာတောင်မကြောက်တော့ဘူး။ အဲ့လောက်တောင်မျက်နှာကြွက်သားတွေကို ပြင်းပြင်းထန်ထန် အလုပ်ပေးနေလို့ကတော့ မျက်နှာတစ်ခုလုံး ပုံပျက်သွားတော့မှာပဲ ကျစ် ကျစ်~

ယင်ဟောက်သည် ဟယ့်ချန်းနင်ကို တစ်ယောက်တည်း ပြင်ဆင်ထားသည့်နေရာသို့ ခေါ်သွားဖို့ ရှန်ယွီရှန်း ကို ဖယ်ထုတ်ရန် အခွင့်အလမ်းကို အမြဲရှာချင်နေ၏။ သို့သော်လည်း ဤလူနှစ်ယောက်က ကိုယ်ချင်းဆက်အမြွှာများကဲ့သို့ တစ်ယောက်က ရွေ့သွားတိုင်းနောက်တစ်ယောက်က အတူလိုက်သွားသည်မှာ တစ်စက်လေးပင်မခွဲခွာကြ။

မင်္ဂလာပွဲ ပြီးဆုံးတော့မှာမို့ ယင်ဟောက်က အလုပ်မဖြစ်မည်ကိုစိုးရိမ်နေကာ တခြားယောက်ျားကို ကြည့်ရင်း စွဲစွဲလန်းလန်းဖြစ်နေသော သူ့ဇနီးအမျိုးသမီးကို လှည်ကြည့်လိုက်မိ။ သူ့နှလုံးသားက မီးတောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုရှိလာမည်စိုးသဖြင့် နှလုံးသားထဲက ဒေါသတွေကို ထိန်းဖို့ ပိုကြိုးစားရင်း ပိုကြိုးစားနေရသည်။ ထို့နောက်သူက ခပ်တိုးတိုးဆိုလာ၏။ 

"Jingxian မင်း ပင်ပန်းနေလား? ပင်ပန်းရင် အနားယူလေ"

ယင်ဟောက် ၏မေးခွန်းသည် လင်ကျင်းရှန် ကို လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိစေပြီး သူမ၏အပြုအမူကို ဖုံးကွယ်ဖို့ကြိုးစားလိုက်၏။

"ရတယ်၊ ကျွန်မအဆင်ပြေပါတယ်။" 

သူကလက်ထဲမှဖျော်ရည်ကိုသောက်ပြီး သဘာဝအတိုင်း ဟန်ဆောင်နေလျက်။

"ရှင့်ကြည့်စမ်းပါ၊ ဟယ့်ချန်းနင်ဆိုတဲ့ ဒီမြေခွေးကောင် နေရာတိုင်းက လူတွေကို မြှူဆွယ်ဖို့ ဖြစ်နေလိုက်တာများ... သူ့မျက်နှာနဲ့ တကယ်ထိုက်တန်ပါပေတယ်"

ယင်ဟောက်အနည်းငယ်စိတ်ညစ်သွား၏။ သူ့မိန်းမတခြားယောက်ျားတစ်ယောက်ကို ဂျေဝင်နေတယ် ဒါကဘယ်လိုသောက်ကျိုးနည်းတာလဲ?!

"ငါ မင်းကို အရင်က ကတိပေးခဲ့တဲ့ကိစ္စ အခု မင်းကို ကူညီပေးမယ်၊ ဒါပေမယ့် မင်း ငါနဲ့ ပူးပေါင်းရမယ်"

"ဘယ်လိုပူးပေါင်းရမှာလဲ?"

ယင်ဟောက် က...

"ရှန်ယွီရှန်း နဲ့ စကားပြောဖို့ အခွင့်ကောင်း မတွေ့ချင်ဘူးလား? သူက မင်းကို ကောင်းချီးမပေးရသေးဘူး၊ သွားလေ၊ သူနဲ့သွားစကားပြောတာက ငါတို့အတွက်လဲကောင်းတယ်"

သူ့မိန်းမကို ပိုက်ဆံရှာဖို့ တခြားယောက်ျားကို သွေးဆောင်ဖို့ အသုံးပြုနေသည့် လူဆင်းရဲတစ်ယောက်လိုပင်။ လင်ကျင်းရှန်ကို ရှန်ယွီရှန်းကိုရှာဖို့ စေလွှတ်လိုက်ပြီး သူကတော့ ဟယ့်ချန်းနင် ကိုလှည့်စားဖို့ အခွင့်အရေးရှာနေခဲ့လေ၏။

လင်ကျင်းရှန် သည် သူမ၏မိတ်ကပ်ကို အနည်းငယ်ပြင်ဆင်ပြီး ရှန်ယွီရှန်း ဆီသို့ လှပသောခြေလှမ်းများဖြင့် လျှောက်သွားခဲ့သည်။ ဤလူမှာ သူမ နှစ်ပေါင်းများစွာ တောင့်တခဲ့သော လူဖြစ်သည်။  ဒါကြောင့် သူ့ရှေ့မှာ လမ်းလျှောက်တာဟာ မင်္ဂလာဘုရားကျောင်းရဲ့ ကော်ဇောနီပေါ်မှာ သူ့ချစ်သူဆီ ခြေလှမ်းပြီးလှမ်းနေသလိုပါပဲ။  သူမဆီသာ ဒီလူကလက်ကမ်းပေးမယ်ဆိုရင် သူမဆီမှာရှိသမျှအ ရာအားလုံးကိုပုံအောပေးပစ်နိုင်တယ်။  သူ့နောက်ကို လိုက်ဖို့ပြောနေသရွေ့တော့ သူမကကမ္ဘာအဆုံးထိတိုင် သူ့နောက်ကို လိုက်ဖို့ အရာအားလုံးကို ချန်ထားခဲ့နိုင်တယ်။

ဒါပေမယ့်လဲ ဒါက သူမရဲ့ဗလာကျင်းနေတဲ့နှလုံးသားလေးကို ကျေနပ်စေနိုင်မယ့် သောက်အဓိပ္ပါယ်မရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲလေ။ လက်တွေ့မှာတော့ သူက သူမကိုကြည့်ဖို့တောင်အချိန်ဖြုန်းမနေခဲ့ဘူး။ အဲ့ဒီလူကသူ့ဘေးမှာရပ်နေတဲ့၊ ဈေးပေါတဲ့လူ၊ သူ့ကိုယ်သူရောင်းစားတဲ့ ဈေးပေါပေါကောင်ကိုသာ နူးညံ့မှုတွေအကြည့်တွေအကုန်ပုံပေးထားလေတယ်။

သူမစိတ်ကူးထဲကပုံရိပ်လေးတွေကိုတွေးမိတိုင်း သူမဟယ့်ချန်းနင်ကိုပိုရွံလာမိတယ်။ ဒါပေမဲ့လည်းလင်ကျင်းရှန်က အမုန်းတရားတွေကိုသည်းခံရင်း ရှန်ယွီရှန်းကို တိုးညှင်းစွာ နှုတ်ဆက်လေသည်။

"ယွီရှန်း... ရှင့်ကိုမြင်ရတာ အရမ်းဝမ်းသာတာပဲ၊ ကျွန်မ မင်္ဂလာပွဲကို လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနှစ်ပိုင်းတွေအတွင်းမှာ ရှင်ကကျွန်မအတွက်တော့ အရေးကြီးဆုံးလူဖြစ်ခဲ့တယ်လို့ပြောရမှာပါပဲ" 

ပြောပြီးသည့်နောက် ရှန်ယွီရှန်း က သူမကို နွေးထွေးသည့်အထိအတွေ့ ပေးလိမ့်မယ်လို့ မျှော်လင့်ရင်း သူ့လက်ကို ဆန့်ထုတ်လိုက်၏။

သို့သော်လည်း သူမ စိတ်ပျက်ဖို့ကံပါလာပုံပါပင်။  ရှန်ယွီရှန်း၏မျက်လုံးများတွင် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိ။ သူ့အသံထဲ၌ ဒေါသအနည်းငယ်ပင်ရောစွက်နေလျက်။

"sorry ပါ မဒမ်ယင် ၊ ကျွန်တော်က ကျွန်တော့်ဇနီးလေးကိုလာအဖော်ပြုပေးရုံပါပဲ "

လင်ကျင်းရှန် သည် ရှက်ရွံ့သွားပြီး တွင်းတစ်ခုသာ ရှာချင်လာတော့သည်။  သူမ၏ဆန့်တန်းထားသောလက်သည် လေထဲတွင်ရှိနေဆဲ၊ သူမ၏မျက်နှာက ဖြူတစ်လှည့်ပြာတစ်လှည့်။ သူမ၏မျက်လုံးများမှ မျက်ရည်ဥလေးများကို ကြွေကျမလာစေရန် ထိန်းထားရလေသည်။ ထိုသနားစရာပုံရိပ်က သာမာန်ယောက်ျားအများစုအတွက်တော့ သွေးဆောင်မှုဖြစ်ပြီး သနားစိတ်ဝင်သွားနိုင်ကြသော်လည်း ရှန်ယွီရှန်း သည် သာမန်လူမဟုတ်။ သူကဒီသွေးဆောင်မှုအတွက်ကျရှုံးမနေပါချေ။  သူ့အတွက်တော့ ဟယ့်ချန်းနင် တစ်ယောက်အတွက်သာ ခံစားချက်တွေရှိပြီး အခြားလူများတွေအတွက်တော့ဗလာနတ္တိ။

လင်ကျင်းရှန် ရဲ့ အလှနဲ့ဆွဲဆောင်မှုက အလုပ်မဖြစ်တော့ မျက်နှာပျက်သွားသလို ခံစားလိုက်ရသည်။ စိတ်ပျက်မှုကြောင့် သူမရဲ့ အသံက အက်ကွဲလျက်။

"ယွီရှန်း ၊ ရှင်ကျွန်မကို သူငယ်ချင်းတစ်ယောက်အနေနဲ့တောင် တကယ်အသိအမှတ်မပြုဘူးလား ? ကျွန်မက ကျွန်မဘယ်လောက်ပဲကြာကြာပဲထွက်သွားပါစေ ရှင်ကတော့ကျွန်မကိုမှတ်မိနေပေးမယ်လို့ထင်ထားခဲ့တာ"

ရှန်ယွီရှန်း ၏ ခိုင်ခံ့သော မျက်ခုံးများက မျက်မှောင်ကြုတ်သွားသည်။ ဒီမိန်းမက ယင်ကောင်လို တကယ်ကို ရွံရှာစရာကောင်းလွန်းပါ၏။  သူမရဲ့စကားတွေက သူ့မိသားစုကချန်းနင်လေးကို အထင်လွဲသွားစေနိုင်သည်လေ။ 

"မစ္စယင် စကားကိုကြည့်ပြောပါ။ မင်းစကားက ကျွန်တော့်ချစ်သူကို အထင်လွဲစေလိမ့်မယ်။ ကျွန်တော့်ချစ်သူကို အရေးမပါတဲ့သူကြောင့် စိတ်မရှုပ်စေချင်ဘူး။"

ဧည့်သည်တွေ ပါးစပ်အဟောင်းသားဖြစ်သွားကာ အချိန်အကြာကြီးထိ မပိတ်နိုင်ခဲ့ကြပါချေ။ ဒါကဘယ်လိုအခြေအနေလဲ? အဲ့လောက်ကြီး မျက်နှာဖြတ်ရိုက်ဖို့လိုလို့လားကွာ?

လင်ကျင်းရှန် ၏ မျက်နှာက အရောင်ငါးရောင်နှင့် ခြောက်ရောင်အကြားပြောင်းလဲနေကာ နောက်ဆုံးတွင် အရောင်မဲ့ အဖြူရောင်စက္ကူအဖြစ် ပြောင်းလဲသွား၍ သူမ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။

"ယွီရှန်း ၊ ရှင်..."

ရှန်ယွီရှန်း သည် အခြားသူများ မည်သို့ထင်မြင်သည်ကို ဂရုမစိုက်ဘဲ ဟယ့်ချန်းနင် ၏လက်ကို ဆုပ်ကိုင်လိုက်ကာ သူ၏စကားများသည်ကားချစ်ခင်တွယ်တာမှုအပြည့်ဖြင့်။

"မင်းပင်ပန်းနေပြီလား? ကိုယ်တို့ရပ်နေတာကြာပြီ၊ မင်းကို အနားယူဖို့အိမ်ပြန်ပို့ပေးမယ်"

ဟယ့်ချန်းနင်က အနည်းငယ် ပြုံးပြီး ရှန်ယွီရှန်းကို သူ့ကိုခေါ်ဆောင်သွားခွင့်ပြုလိုက်လေသည်။

လင်ကျင်းရှန် က ထိတ်လန့်စွာ တုံ့ပြန်လိုက်ပြီး ရှန်ယွီရှန်း ဆီသို့ ခြေလှမ်းအနည်းငယ် ပြေးသွားကာလက်ကိုဆန့်၍ သူ့လမ်းကို ပိတ်ဆို့လိုက်လေသည်။ 

"ယွီရှန်း... ကျွန်မ ဘာအမှားလုပ်မိလို့ ရှင်ကျွန်မဒီလိုဆက်ဆံရတာလဲ? ဒါ ကျွန်မအတွက်မတရားဘူး"

ဟယ့်ချန်းနင် က...

"မစ္စယင်... ဒီနေ့က မင်းမင်္ဂလာဆောင်တဲ့နေ့နော် ကိုယ့်သိက္ခာကိုယ်ထိန်းပါဦး" 

ထိုစကားက လင်ကျင်းရှန်ကို ချောက်နက်ထဲသို့ပစ်ချလိုက်သလိုလိုပါပင်။

လင်ကျင်းရှန် ဒေါသထွက်သွားပြီး ဟယ့်ချန်းနင် ကို ကုတ်ဆွဲဖို့ သူ့လက်ကို ဆန့်လိုက်တော့သည်။

"အရှက်မရှိတဲ့ ယောက်ျားပြည့်တန်ဆာကောင်! ဘယ်လိုအကြောင်းပြချက်မျိုးနဲ့နင်ကငါ့ရဲ့ယွီရှန်းကိုလုသွားရတာလဲ? ငါဒီနေ့နင့်ကိုကျိန်တယ် နင်ယောက်ျားထောင်ပေါင်းများစွာကခွတဲ့အရသာကိုခံရပြီး လူတစ်သောင်းလောက်ရဲ့ခေါင်းအုံးပေါ်အုံးရတဲ့အရသာကိုမြည်းခိုင်းဦးမယ်! နင့်လိုကျက်သရေတုံးတဲ့ကောင်! ငါနင့်ကိုနုတ်နုတ်စဉ်းပစ်မယ်! ငါနင့်ကိုသတ်မယ်! ငါနင့်ကိုသတ်ပစ်မယ်!"

ရှောင်ဝူ နှင့် ရှစ်စန်းတို့က လင်ကျင်းရှန် ရှေ့တွင် ပိတ်ဆို့ကာ သူတို့၏သခင်အား အနည်းငယ်မျှသော ထိခိုက်မှုမှမခံရအောင် ကာကွယ်ပေးသည်။

ဒီအမျိုးသမီးက တကယ်ကို ရူးသွပ်နေပြီ။ သူမရဲ့ ထက်မြက်တဲ့ လက်သည်းတွေက ရှောင်ဝူနဲ့ ရှစ်စန်း တို့ရဲ့ ကျောပြင်နဲ့ လက်မောင်းတွေကို ကုတ်ခြစ်ပစ်တော့တယ်။ ရှောင်ဝူရဲ့ မသိစိတ်က အလိုလိုတုန့်ပြန်မိပြီး အဲ့အရူးမရဲ့ဗိုက်ကို အညှာအတာမဲ့ကန်ချလိုက်တော့ အရုပ်လို လွင့်သွားတော့သည်။ သူမလဲကျသွားသည့်နေရာမှာရှိနေသောသူများက လင်ကျင်းရှန် က သူတို့ကိုပါ ငရဲကိုအတူခေါ်သကဲ့သို့ ခံစားလိုက်ရတော့သည်။ လင်ကျင်းရှန် ကတော့ မြေပြင်ပေါ်ထိုင်ပြီး မထနိုင်ဘဲ မျက်နှာတစ်ခုလုံးရှုံ့မဲ့လျက်။  နာကျင်မှုက ပြင်းထန်လွန်းပါသဖြင့် အသက်ရှူဖို့တောင်ခက်ခဲနေ၏။ ၎င်းကရှောင်ဝူ သူမကိုကန်ဖို့ဘယ်လောက်အင်အားသုံးလိုက်သလဲဆိုတာပြနေ၏။

ရုတ်တရတ် အခြေအနေက လူအားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။  ယင်ဟောက် ကအသိပြန်ဝင်သွားကာ ဒီအရှက်မရှိတဲ့လင်ကျင်းရှန်းကိုစိတ်ထဲက ကြိမ်းမောင်းလိုက်ပါ၏။ ရှေ့ကိုလျှောက်လာပြီးနောက်
လင်ကျင်းရှန်ကို ထူပေးရင်းသူကဆိုသည်။ 

"တောင်းပန်ပါတယ် ရှန်ယွီရှန်း၊ ကျင်းရှန်းက အရမ်းပင်ပန်းနေလို့ အဓိပ္ပာယ်မရှိတာတွေလျှောက်ပြောနေတာ ကျေးဇူးပြုပြီး မင်းသူမနဲ့ငြင်းခုန်မနေပါနဲ့တော့" 

လင်ကျင်းရှန် ကိုဆွဲထူရာ၌ စာနာစိတ်တစ်စက်မှမရှိပဲ မြေပြင်ပေါ်မှဖြစ်သလိုထူလိုက်တာ သူ့မျက်လုံးထဲတွင်တော့ သူမအတွက်နွေးထွေးမှုတစ်စက်ကလေးမှမရှိပါချေ။

"ကျင်းရှန်၊ မင်းပင်ပန်းနေပြီ၊ အခန်းထဲပြန်သွားပြီး အနားယူလိုက်တော့ စကားနားထောင်နော်" 

သူကလင်ကျင်းရှန်၏လက်ကို အတင်းဖိညှစ်ထားသည်မို့ ထိုနေရာတွင်ခရမ်းရောင်သန်းနေသည်မှာသေချာသည်။

လင်ကျင်းရှန်က နာကျင်မှုကြောင့် သူမ၏ အသိစိတ် ပြန်လည်ကောင်းမွန်လာသည်။  သူမလဲ ကိုယ့်ဘာသာထိန်းချုပ်မှုကင်းမဲ့သွားတာကိုသိတာကြောင့် ယင်ယောက်သူမကိုအတင်းဖိညှစ်ပြီးဆွဲခေါ်သွားတာကိုလက်ခံနိုင်ရုံသာတတ်နိုင်တယ်။  ဖြူစင်သော မင်္ဂလာဝတ်စုံသည် အစွန်းအထင်းများ စွန်းထင်းနေပြီး သူမ၏ ဆံပင်များမှာလည်း ညစ်ပတ်နေလျက်။ ကြက်မတစ်ကောင်ကဲ့သို့အမွှေးစုတ်ဖွားဖြင့် သူမပုံစံကသနားချင့်စဖွယ်။

အရာအားလုံးပြီးဆုံးသွားပြီဟု လူတိုင်းထင်ခဲ့ကြသော်လည်း အေးစက်နေသောအငွေ့ကိုထုတ်လွှတ်နေသည့် ရှန်ယွီရှန်းက ဖိနှိပ်မှုအပြည့်ဖြင့်ဆိုလာ၏။

"မင်းကိုဘယ်သူက ထွက်သွားဖို့ခွင့်ပြုလို့လဲ?" 

ယင်ဟောက် နှင့် လင်ကျင်းရှန် ကို အေးစက်စွာ စိုက်ကြည့်နေသည်မှာ သူ့သားကောင်ကို စိုက်ကြည့်နေသော ကြမ်းကြုတ်သည့် ကျားသစ်တစ်ကောင်အလား။  ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်သည် အတွင်းမှ လူများကိုပင် တုန်လှုပ်ချောက်ချားစေ၏။

ယင်ဟောက် သည် သူ့ကိုယ်သူစိတ်ထိန်းလိုက်ရင်း မသိစိတ်က တံတွေးမျိုချမိသည်။ 

"ဥက္ကဌရှန် ကျွန်တော်ရှင်းပြပြီးပြီလေ? ကျွန်တော့်ဇနီးက မင်္ဂလာပွဲကြောင့် ပင်ပန်းနေတော့ မင်းကို စော်ကားသလိုဖြစ်သွားရုံပါ။ ဘာပဲဖြစ်ဖြစ် သူမက အမျိုးသမီးတစ်ယောက်ပဲလေ အဲဒါကို မေ့လိုက်ကြရအောင်ဗျာ ဟုတ်ပြီလား?"

ရှန်ယွီရှန်း၏မျက်လုံးများက အေးစက်သောအငွေ့ဖြင့်ဖြတ်သန်းသွား၏။

"မင်းကလူတွေအကုန်လုံးကိုအရူးလို့ထင်နေတာလား?"

ယင်ဟောက် က ရှန်ယွီရှန်း ရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်နေရပြီး အသံတုန်တုန်နဲ့...

"ဥက္ကဌရှန်... ငါမင်းကို ထပ်ပြီးတောင်းပန်ပါတယ်။ နောက်ကျမှ မင်းအိမ်ကိုလက်ဆောင်တစ်ခု ယူလာပေးပြီးအပြစ်ကိုလက်ခံပါ့မယ်"

ရှန်ယွီရှန်းကမျက်နှာသေသာဖြစ်သော်လည်း သူ့အသံကတော့ကြောက်မက်ဖွယ်။ 

"မင်းက ငါ့ချစ်သူကို စော်ကားတယ်။ အခု မင်းမိန်းမကိုခေါ်လာပြီး ငါ့ချစ်သူကိုချက်ချင်းတောင်းပန်ချေ" 

ယင်ဟောက် သည် သွားများ အံကြိတ်ကာ သူ့မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။  သူ မတောင်းပန်ချင်ပါချေ။ အထူးသဖြင့်ဒီလိုအဆင့်နိမ့်တဲ့ကောင်ကို ဘယ်တော့မှ တောင်းပန်မှာ မဟုတ်ဘူး။

ယင်မိသားစုက ကိစ္စတွေကို ကြည့်ပြီး လောလောဆယ် အခြေအနေမကောင်းဟုတွေးကာ ချက်ချင်းပြေးလာကြတော့၏။ ယင်မိသားစု၏ အဘွားကြီးသည် အဖြစ်အပျက်ကို အရင်ဆုံးညှိနှိုင်းလာသူပင်။ 

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ Mr.ရှန် ၊ မိန်းကလေးတွေက အိမ်ထောင်ကျရင် အမြဲတမ်း စိတ်မသက်မသာဖြစ်တတ်ပါတယ် ၊ စကားမှားပြီးပြောတာမျိုးကထွေထွေထူးထူးမဟုတ်ပါဘူး။ မင်္ဂလာပွဲပြီးရင် မင်းကို တောင်းပန်ဖို့ ငါကိုယ်တိုင် ခေါ်လာခဲ့ပါ့မယ် "

ထိုလေသံက အပြောအဆိုညက်ညောကာ သူမ၏လူကြီးဟူသောနေရာကိုထောက်ပြလျက်။

သူမရဲ့ လေးစားစရာကောင်းတဲ့ဒီပုံစံကို ယင်မိသားစုဆီမှာသာ လုပ်လို့ရပေမဲ့ ရှန်ယွီရှန်း ကတော့မဝယ်ပါချေ။

"ယင်ဟောက်၊ ငါထပ်ပြောမယ်... ငါ့ချစ်သူကို ချက်ချင်းတောင်းပန်ပါ၊ မဟုတ်ရင် ဖြစ်လာသမျှအတွက်ငါ့ကို အပြစ်မတင်နဲ့နော်"

ဖိအားကပြင်းလွန်းပါသဖြင့် သူတို့အနီးနားက လူတွေတောင် ခပ်ဝေးဝေးကိုဖယ်သွားကြ၏။

ယင်ဟောက် သည် ဖိနှိပ်ချုပ်ချယ်မှုကို မခံနိုင်တော့ဘဲ သူ့မျက်နှာက ဖြူဖွေးနေပြီး သူ့နဖူးမှာ အေးစက်နေသော ချွေးများဖြင့် ပြည့်နေလျက်။ ခက်ခက်ခဲခဲနှင့် လင်းကျင်းရှန်၏ကိုဆွဲခေါ်ကာ ရှန်ယွီရှန်းနှင့် ဟယ့်ချန်းနင်တို့ရှေ့ သုံးလှမ်းအကွာတွင်ရပ်နေရ၏။

လင်ကျင်းရှန် သည် ယင်ဟောက် ၏နောက်တွင် ပုန်းရှောင်နေကာ မြင့်မြတ်သော ယင်မိန်းကလေး၏ သဏ္ဌာန် ပျောက်ကွယ်နေ၏။ ခန္ဓာကိုယ်မှနာကျင်ကိုက်ခဲမှုနှင့် စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုများကြောင့် သတိလစ်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း သူမ ရှန်ယွီရှန်း ၏ခွင့်လွှတ်မှာကို မရသေးသရွေ့ သတိမလစ်ရဲပါချေ။ မဟုတ်ရင် ရှန်ယွီရှန်း က သူမကို ဘယ်လိုနည်းနဲ့ နှိပ်စက်မယ်ဆိုတာ သူမ တွေးကြည့်လို့ မရဘူး။  သူမ မျက်လုံးတွေ တဖျပ်ဖျပ်ခတ်လျက်။ သူမ အပိုင်းပိုင်းကွဲသွားမှာကို စိုးရိမ်တာကြောင့် ရှန်ယွီရှန်း ရဲ့ အေးစက်နေတဲ့ မျက်လုံးတွေကို မကြည့်ဝံ့ခဲ့ပါချေ။  ယခု သူမသည် ရှန်ယွီရှန်း ကို မစော်ကားသင့်ဘဲ စော်ကားမိသည်ကို နောင်တရနေချေပြီ။ မဟုတ်ဘူး၊ ဟယ့်ချန်းနင် ကို သူမသွားမထိခဲ့သင့်တာ။ နောင်တကြောင့်သူမ၏ အူမကြီးတစ်ခုလုံးပင် စိမ်းဖန့်နေတော့၏။

ယင်ဟောက် က သူမထက် ပိုကောင်းနေတာတော့မဟုတ်ဘူး။  ရှန်ယွီရှန်း ကိုရင်ဆိုင်ရသည်မှာ ယင်ဟောက်အတွက် အခြားသူများထက် ဖိအားပိုများသည်။  ယောက်ျားတစ်ယောက်အနေနဲ့ သူရဲဘောကြောင်တာကို လူတွေရှေ့မှာ လွယ်လွယ်မပြနိုင်ပေမယ့် အကြောင်းအရာက ရှန်ယွီရှန်း အဖြစ်ပြောင်းလိုက်ရင်တော့ အစေခံလိုဦးညွှတ်လိုက်ရင်တောင် သူ့မိသားစုကဘာတစ်ခွန်းမှဟရဲမှာမဟုတ်ပေ။

သူကက တုန်ယင်နေသည့်အသံဖြင့်ဆိုလာ၏။

"ချန်းနင်၊ ကျင်းရှန်အစား မင်းကိုငါ တောင်းပန်လိုက်မယ် တောင်းပန်ပါတယ်... အဆင့်အတန်းမြင့်တဲ့လူတွေက အဆင့်နိမ့်တဲ့လူတွေရဲ့လုပ်ရက်သေးသေးလေးတွေလောက်ကို ဗွေမယူကြဘူးလေ ဒီမိန်းမနဲ့တန်းတူမင်းကိုယ်မင်းမညှိနေပါနဲ့တော့"

ကောင်းလိုက်တဲ့ယင်ဟောက်! ဒီလိုအချိန်မျိုးမှာတောင် သူကသူ့(ဟယ့်ချန်းနင်)ကို ထေ့ဖို့မမေ့သေးဘူး။ ဟယ့်ချန်းနင်က ရုတ်တရပ်ပြုံးကာဆိုလေ၏။

"ဒီလိုချီးမြှောက်မှုမျိုးကိုမခံယူဝံ့ပါဘူး နောက်ပြီးခင်ဗျားရဲ့ဇနီးကလည်း သာမန်အမျိုးသမီးမှမဟုတ်ပဲ"

သူကယင်ဟောက်ကိုအဓိပ္ပါယ်ပါပါကြည့်ရင်းဆိုလေ၏။

"ကျွန်တော်ကအမြဲတမ်း စကားပြောရလွယ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါတယ်၊ ဒါပေမဲ့လဲ တွေ့ကရာလူကစော်ကားပြီးအရယ်ခံရလောက်တဲ့အဆင့်အထိတော့မဟုတ်သေးဘူးရယ်... ကျွန်တော်က ရှန်မျိုးရိုးက အသိအမှတ်ပြုတဲ့ ရှန်ယွီရှန်း ရဲ့ တရားဝင်လက်တွဲဖော်တစ်ယောက်ပါ။ ကျွန်တော့်မျက်နှာက ဘာမှမဟုတ်ပေမယ့် ရှန်မိသားစုရဲ့မျက်နှာအတွက်တော့ ကျွန်တော်ငြိမ်ခံနေမှာမဟုတ်ဘူး၊ ဒီနေ့တော့ မင်းတို့လင်မယားနှစ်ယောက် ငါ့ကို ရှင်းပြဖို့ အသင့်တော်ဆုံးအကြောင်းပြချက်ပေးရလိမ့်မယ် မဟုတ်ရင်တော့ ရှန်မိသားစုတစ်ခုလုံးအပါအဝင် ငါ့ချစ်သူကိုအမျက်ရှစေတော့မှာပဲ။ အဲ့တော့ ယင်ဟောက်..မဒမ်ယင် ခင်ဗျားတို့ ဘယ်လိုထင်လဲ "

ဟယ့်ချန်းနင် ရဲ့ မျက်လုံးတွေမှာ နွေးထွေးမှာ အရိပ်အယောင်မရှိ၊ တောက်ပတဲ့ မျက်လုံးတွေနဲ့  မျက်လုံးဝိုင်းများသည် ယခုအခါ နှင်းခဲများဖြင့် ဖုံးလွှမ်းနေပြီး၊ သူ့ခန္ဓာကိုယ်မှ ကြီးကျယ်ခမ်းနားမှုတို့က မည်သူတစ်ဦးတစ်ယောက်ကိုမျှ နင်းချေခွင့်မပြုနိုင်ကြောင်း ဖော်ပြလျက်။

ရှန်ယွီရှန်းဒေါသကိုရုတ်သိမ်းလိုက်တာ သူ့ဇနီးလေးကို မြတ်နိုးချစ်ခင်စွာဖြင့်ကြည့်လိုက်မိ၏။ ၎င်းမှာ သူ့ချစ်သူလေးက ညတွင်းချင်း ကြီးပြင်းလာသလိုပင်။ ယခုအချိန်၌သူ၏နူးညံ့သိမ်မွေ့၍ ခန့်ညားသောအမူအရာတို့ကိုထုတ်ဖော်နေ၏။ ဒါမှသူ့ဇနီးလေးပါပင်။

ယင်ဟောက်၏ နဖူးမှ ချွေးများ တလိမ့်လိမ့်ကျလာတော့သည်။  သူသည် အရည်အချင်းမရှိသဖြင့် ရှန်မိသားစုတစ်ခုလုံးကို ရင်မဆိုင်ဝံ့ပါချေ။ သူ့လည်ချောင်းမှာ သဲတွေနဲ့ ပြည့်နေပုံရပေမယ့် သူ့အရိုးတွေ ထိခိုက်ရင်တောင် တစ်ခုခုတော့ပြောရဦးမှာပါပဲ။ ထို့နောက် သူ့နောက်မှာ ပုန်းနေတဲ့ လင်ကျင်းရှန် ကိုဆွဲခေါ်ကာဆိုသည်။

"ကျင်းရှန်... တောင်းပန်လိုက်လေ"

လင်ကျင်းရှန်၏ခန္ဓာကိုယ်ကကြောက်ရွံ့မှုကြောင့် တုန်ယင်နေ၏။ သူမကို မိသားစုက စွန့်ပစ်လိုက်ကတည်းက ယင်ဟောက်ကိုပဲ အားကိုးနိုင်ခဲ့တယ်။  ယခု သူမသည် ဟယ့်ချန်းနင် ကို စော်ကားခဲ့သည်။  သူချက်ချင်းသေသွားရင်တောင်မှ ယင်ဟောက်ရဲ့ ညွှန်ကြားချက်အတိုင်း ဟယ့်ချန်းနင် ကို တောင်းပန်ရမှာပဲ။  သူမ ရှန်မိသားစုတစ်ခုလုံးကို မစော်ကားနိုင်ခဲ့သောကြောင့် မရိုမသေမလုပ်ပြရဲပါ။ သူမက ဟယ့်ချန်းနင် ကို မနာလိုဖြစ်ပြီး သူ့ကိုချက်ချင်းသေစေလိုသော်လည်း ၎င်းကိုသူမစိတ်ထဲတွင်သာ တွေးနေနိုင်သည်လေ။ 

"တောင်းပန်ပါတယ် Mr.ဟယ့်.. ကျွန်မ ခဏလောက် စိတ်ရှုပ်သွားလို့ဖြစ်သွားတာမို့တောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ ဟုတ်ပြီလား?"

ဆိုရင်းဖြင့် ခေါင်းကို ရင်ဘတ်သို့ ငုံ့ထားကာ ခန္ဓာကိုယ်အား ကိုးဆယ်ဒီဂရီ ထောင့်ချိုးတွင် ကွေးညွတ်ကာ တောင်းပန်လိုက်သည်မှာ ရိုးရိုးသားသားပင်။

ဟယ့်ချန်းနင် သည် စကားတစ်ခွန်းမှ မပြောဘဲ ယင်ဟောက်ကို မျက်လုံးမှေးကျဉ်းကာ ကြည့်လိုက်သည်။

ယင်ဟောက် အံကြိတ်၍ ဟယ့်ချန်းနင် ကို ခေါင်းငုံ့ကာတောင်းပန်ရတော့သည်။

"ချန်းနင် တောင်းပန်ပါတယ် ငါမှားသွားတယ် ခွင့်လွှတ်ပါ"

ဟယ့်ချန်းနင်ပြန်ပြောမည်ကို လူတိုင်း စောင့်မျှော်နေကြစဉ်အချိန်၌ပင် လူတစ်ဦးက အရူးကဲ့သို့ထွက်ပေါ်လာတော့၏။ ထိုသူ၏မျက်လုံးများက သွေးထွက်နေသကဲ့သို့နီရဲနေကာ သူ့အဝတ်အစားများက ညစ်ပတ်လျက်၊ ပြဲစုတ်နေကာ သူ့မမြင်အပ်သည့်နေရာကလည်းနီရဲနေ၏။ အတွေ့အကြုံရှိသူတိုင်းကတော့ ဒီလူဆေးတစ်မျိုးမျိုးခတ်ခံထားရမှန်းသိကြသည်။ ဖြစ်နိုင်တာက အခုဆေးရဲ့ အာနိသင်က ရူးသွပ်သွားမယ့် အဆင့်ကို ရောက်နေပါပြီ။

တစ်ယောက်ယောက်ကိုတွေ့တာနဲ့ သူကအပြေးတက်လာပြီး သူတို့ရဲ့အဝတ်အစားတွေကို ရူးသွပ်စွာစုတ်ဖြဲပြီး ညစ်ပတ်တဲ့စကားလုံးတွေကို ပါးစပ်ကပြောတော့တာမို့ ဧည့်သည်တွေက ကြောက်လန့်ပြီး အော်ဟစ်ကြတော့တယ်။

ရှန်ယွီရှန်း သည် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းလိုက်လေ၏။ ဟယ့်ချန်းနင်နှင့်သူ့အရှေ့တွင်တော့ ရှောင်ဝူနှင့်ရှစ်စန်းတို့က အကာအကွယ်ပေးလျက်။

ယင်ဟောက် ထိတ်လန့်စွာ မျက်လုံးပြူးသွားရ၏။ ဒီလူကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ? သူတို့နားနေတဲ့အခန်းမှာစောင့်နေမယ်လို့ကတိပေးထားရက်နဲ့ဘယ်လိုဖြစ်လို့ဒီကိုရောက်လာရတာလဲ? နောက်ပြီး အဲ့ဒီရူးသွပ်နေတဲ့ပုံစံကရောဘယ်လိုဖြစ်ရတာလဲ?

သူတွေးနေရင်းနှင့်ပင် တစ်ဖက်၌ လင်းကျင်းရှန်းကို အားတက်သရောဖြင့် အခန်းထဲဆွဲခေါ်လာခဲ့၏။

ပန်းခြံထဲတွင် ပရမ်းပတာ အော်ဟစ်သံများ နှင့် ဟင်းသီး ဟင်းရွက်ဈေးကဲ့သို့ ဆူညံလျက်။

ထိုယောက်ျားကငိုသံတွေကြားပို၍စိတ်မရှည်ဖြစ်လာကာ ယောက်ျား၊ မိန်းမမရှောင်တော့ချေ။ တွေ့သမျှလူကိုတက်ဖိ၍ အဝတ်တွေကိုစုတ်ဖြဲဖို့သာစိတ်အားထက်သန်နေ၏။ အဝတ်ဖြဲသံ၊ အော်သံတွေနဲ့ ငိုကြွေးသံတွေက လူတွေရဲ့ နားစည်ကို ကွဲသွားစေမတတ်ပင်။

ထိုအချိန်တွင် ယင်မိသားစု၏အိမ်အပြင်ဘက်မှ တံခါးပွင့်သွားကာ ယူနီဖောင်းဝတ် ရဲတပ်သားတစ်စု ဝင်လာသည်။ ရဲများဝင်ရောက်မှုကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်မှု ခေတ္တတိတ်ဆိတ်သွားသည်။  ထိုလူ(အရူး)၏အောက်တွင်ဖိခံထားရသည့်လူမှလွဲ၍။ ထိုလူကတော့အော်ဟစ်ငိုကြွေးနေ၏။

ရဲတွေက အောက်ကလူကိုကယ်ဖို့ အဲဒီလူကို အမြန်ဆွဲဖယ်လိုက်ရတော့သည်။ အဲ့အချိန်ကျမှသာ လူတွေကရပ်ကုန်ကြပြီး အဖိခံလိုက်ရတဲ့လူကိုကြည့်မိကြတော့၏။

အဆိုပါအမျိုးသားအား ရဲများက မြေပြင်ပေါ်သို့ လှဲချခိုင်းခဲ့သော်လည်း ၎င်း၏ ခန္ဓာကိုယ်သည် မူးယစ်ဆေးဝါး၏ လွှမ်းမိုးမှုကြောင့် ပြင်းထန်စွာ ရုန်းကန်နေရဆဲဖြစ်သည်။  နီမြန်းသောမျက်လုံးများသည် ရောက်ရှိလာသူအားလုံးကို စိုက်ကြည့်နေပြီး သူ့အောက်တွင်ဖိနှိပ်ရန် မစောင့်နိုင်တော့သည့်အလား။

ကယ်တင်ခြင်းခံရသောလူမှာ အမျိုးသားဖြစ်သည်။  ကယ်တင်ပြီးနောက်မှာတော့ ကြောက်လန့်ပြီးသတိလစ်သွားတော့၏။

ထိုလူမူးလဲသွားသဖြင့် ရဲတပ်ဖွဲ့က ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ပြီး အခြေအနေကို ခေတ္တထိန်းထားနိုင်ခဲ့သည်။

°°

Z••

[ယင္မိသားစု၏အဆုံးသတ္-၃]

ရွန္ယြီရွန္း သည္ သူ႕လက္ထဲတြင္ ဝိုင္တစ္ခြက္ကို ကိုင္ကာ ဟယ့္ခ်န္းနင္ အနားတြင္ အၿမဲရွိေနခဲ့သည္။ တစ္ေယာက္ေယာက္က စကားစျမည္လာေျပာတိုင္း သူ႕မ်က္ႏွာမွာ ဘာအမူအရာမွမရွိပဲကိုင္တြယ္ေျဖရွင္း၏။ ဟယ့္ခ်န္းနင္ ကလည္း ၿပဳံးၿပဳံး႐ႊင္႐ႊင္သာစကားေျပာရင္း မ်က္လုံးေထာင့္ကေန လင္က်င္းရွန္၏ေဖ်ာ့ေတာ့ေနေသာ မ်က္ႏွာကိုကည့္လ်က္။ သူ႕ကို စိုက္ၾကည့္ေနတဲ့ ေသြးေရာင္မ်က္လုံးေတြနဲ႔ ထိုမ်က္ႏွာက တုန္လႈပ္ေျခာက္ျခားေနသလို တြန႔္လိမ္ေန၏။ ရွန္ယြီရွန္း ကိုၾကည့္ေသာအခါတြင္မူ မထင္မရွား စြဲလမ္းမႈမ်ားစြာကအထင္းသား။ ဟယ့္ခ်န္းနင္ သည္ သူ႕စိတ္ထဲတြင္ ပ်ိဳ႕အန္ခ်င္လာ႐ုံမွတပါး မကူညီနိုင္ေပ။

ေတာ္ေတာ္မိုက္မဲတဲ့မိန္းမပဲ။ စိတ္ခံစားမႈႏွစ္ခုၾကား ေျပာင္းလဲေနတဲ့မ်က္နွာကို သူမကေပၚသြားမွာေတာင္မေၾကာက္ေတာ့ဘူး။ အဲ့ေလာက္ေတာင္မ်က္ႏွာႂကြက္သားေတြကို ျပင္းျပင္းထန္ထန္ အလုပ္ေပးေနလို႔ကေတာ့ မ်က္ႏွာတစ္ခုလုံး ပုံပ်က္သြားေတာ့မွာပဲ က်စ္ က်စ္~

ယင္ေဟာက္သည္ ဟယ့္ခ်န္းနင္ကို တစ္ေယာက္တည္း ျပင္ဆင္ထားသည့္ေနရာသို႔ ေခၚသြားဖို႔ ရွန္ယြီရွန္း ကို ဖယ္ထုတ္ရန္ အခြင့္အလမ္းကို အၿမဲရွာခ်င္ေန၏။ သို႔ေသာ္လည္း ဤလူႏွစ္ေယာက္က ကိုယ္ခ်င္းဆက္အႁမႊာမ်ားကဲ့သို႔ တစ္ေယာက္က ေ႐ြ႕သြားတိုင္းေနာက္တစ္ေယာက္က အတူလိုက္သြားသည္မွာ တစ္စက္ေလးပင္မခြဲခြာၾက။

မဂၤလာပြဲ ၿပီးဆုံးေတာ့မွာမို႔ ယင္ေဟာက္က အလုပ္မျဖစ္မည္ကိုစိုးရိမ္ေနကာ တျခားေယာက္်ားကို ၾကည့္ရင္း စြဲစြဲလန္းလန္းျဖစ္ေနေသာ သူ႔ဇနီးအမ်ိဳးသမီးကို လွည္ၾကည့္လိုက္မိ။ သူ႕ႏွလုံးသားက မီးေတာက္သြားေပမယ့္ အမွားအယြင္းတစ္ခုခုရွိလာမည္စိုးသျဖင့္ ႏွလုံးသားထဲက ေဒါသေတြကို ထိန္းဖို႔ ပိုႀကိဳးစားရင္း ပိုႀကိဳးစားေနရသည္။ ထို႔ေနာက္သူက ခပ္တိုးတိုးဆိုလာ၏။ 

"Jingxian မင္း ပင္ပန္းေနလား? ပင္ပန္းရင္ အနားယူေလ"

ယင္ေဟာက္ ၏ေမးခြန္းသည္ လင္က်င္းရွန္ ကို လက္ေတြ႕ဘဝသို႔ ျပန္လည္ေရာက္ရွိေစၿပီး သူမ၏အျပဳအမူကို ဖုံးကြယ္ဖို႔ႀကိဳးစားလိုက္၏။

"ရတယ္၊ ကြၽန္မအဆင္ေျပပါတယ္။" 

သူကလက္ထဲမွေဖ်ာ္ရည္ကိုေသာက္ၿပီး သဘာဝအတိုင္း ဟန္ေဆာင္ေနလ်က္။

"ရွင့္ၾကည့္စမ္းပါ၊ ဟယ့္ခ်န္းနင္ဆိုတဲ့ ဒီေျမေခြးေကာင္ ေနရာတိုင္းက လူေတြကို ျမႇဴဆြယ္ဖို႔ ျဖစ္ေနလိုက္တာမ်ား... သူ႕မ်က္ႏွာနဲ႕ တကယ္ထိုက္တန္ပါေပတယ္"

ယင္ေဟာက္အနည္းငယ္စိတ္ညစ္သြား၏။ သူ႔မိန္းမတျခားေယာက္်ားတစ္ေယာက္ကို ေဂ်ဝင္ေနတယ္ ဒါကဘယ္လိုေသာက္က်ိဳးနည္းတာလဲ?!

"ငါ မင္းကို အရင္က ကတိေပးခဲ့တဲ့ကိစၥ အခု မင္းကို ကူညီေပးမယ္၊ ဒါေပမယ့္ မင္း ငါနဲ႕ ပူးေပါင္းရမယ္"

"ဘယ္လိုပူးေပါင္းရမွာလဲ?"

ယင္ေဟာက္ က...

"ရွန္ယြီရွန္း နဲ႕ စကားေျပာဖို႔ အခြင့္ေကာင္း မေတြ႕ခ်င္ဘူးလား? သူက မင္းကို ေကာင္းခ်ီးမေပးရေသးဘူး၊ သြားေလ၊ သူနဲ႔သြားစကားေျပာတာက ငါတို႔အတြက္လဲေကာင္းတယ္"

သူ႕မိန္းမကို ပိုက္ဆံရွာဖို႔ တျခားေယာက္်ားကို ေသြးေဆာင္ဖို႔ အသုံးျပဳေနသည့္ လူဆင္းရဲတစ္ေယာက္လိုပင္။ လင္က်င္းရွန္ကို ရွန္ယြီရွန္းကိုရွာဖို႔ ေစလႊတ္လိုက္ၿပီး သူကေတာ့ ဟယ့္ခ်န္းနင္ ကိုလွည့္စားဖို႔ အခြင့္အေရးရွာေနခဲ့ေလ၏။

လင္က်င္းရွန္ သည္ သူမ၏မိတ္ကပ္ကို အနည္းငယ္ျပင္ဆင္ၿပီး ရွန္ယြီရွန္း ဆီသို႔ လွပေသာေျခလွမ္းမ်ားျဖင့္ ေလွ်ာက္သြားခဲ့သည္။ ဤလူမွာ သူမ ႏွစ္ေပါင္းမ်ားစြာ ေတာင့္တခဲ့ေသာ လူျဖစ္သည္။  ဒါေၾကာင့္ သူ႕ေရွ႕မွာ လမ္းေလွ်ာက္တာဟာ မဂၤလာဘုရားေက်ာင္းရဲ႕ ေကာ္ေဇာနီေပၚမွာ သူ႕ခ်စ္သူဆီ ေျခလွမ္းၿပီးလွမ္းေနသလိုပါပဲ။  သူမဆီသာ ဒီလူကလက္ကမ္းေပးမယ္ဆိုရင္ သူမဆီမွာရွိသမ်ွအ ရာအားလံုးကိုပံုေအာေပးပစ္နိုင္တယ္။  သူ႔ေနာက္ကို လိုက္ဖို႔ေျပာေနသေ႐ြ႕ေတာ့ သူမကကမာၻအဆံုးထိတိုင္ သူ႕ေနာက္ကို လိုက္ဖို႔ အရာအားလုံးကို ခ်န္ထားခဲ့နိုင္တယ္။

ဒါေပမယ့္လဲ ဒါက သူမရဲ႕ဗလာက်င္းေနတဲ့ႏွလုံးသားေလးကို ေက်နပ္ေစနိုင္မယ့္ ေသာက္အဓိပၸါယ္မရွိတဲ့ ဇာတ္လမ္းတစ္ပုဒ္ပဲေလ။ လက္ေတြ႕မွာေတာ့ သူက သူမကိုၾကည့္ဖို႔ေတာင္အခ်ိန္ျဖဳန္းမေနခဲ့ဘူး။ အဲ့ဒီလူကသူ႕ေဘးမွာရပ္ေနတဲ့၊ ေဈးေပါတဲ့လူ၊ သူ႕ကိုယ္သူေရာင္းစားတဲ့ ေဈးေပါေပါေကာင္ကိုသာ ႏူးညံ့မႈေတြအၾကည့္ေတြအကုန္ပံုေပးထားေလတယ္။

သူမစိတ္ကူးထဲကပံုရိပ္ေလးေတြကိုေတြးမိတိုင္း သူမဟယ့္ခ်န္းနင္ကိုပို႐ြံလာမိတယ္။ ဒါေပမဲ့လည္းလင္က်င္းရွန္က အမုန္းတရားေတြကိုသည္းခံရင္း ရွန္ယြီရွန္းကို တိုးညွင္းစြာ ႏႈတ္ဆက္ေလသည္။

"ယြီရွန္း... ရွင့္ကိုျမင္ရတာ အရမ္းဝမ္းသာတာပဲ၊ ကြၽန္မ မဂၤလာပြဲကို လာလည္တဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ ဒီနွစ္ပိုင္းေတြအတြင္းမွာ ရွင္ကကြၽန္မအတြက္ေတာ့ အေရးႀကီးဆံုးလူျဖစ္ခဲ့တယ္လို႔ေျပာရမွာပါပဲ" 

ေျပာၿပီးသည့္ေနာက္ ရွန္ယြီရွန္း က သူမကို ေႏြးေထြးသည့္အထိအေတြ႕ ေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ရင္း သူ႕လက္ကို ဆန႔္ထုတ္လိုက္၏။

သို႔ေသာ္လည္း သူမ စိတ္ပ်က္ဖို႔ကံပါလာပံုပါပင္။  ရွန္ယြီရွန္း၏မ်က္လုံးမ်ားတြင္ ေျပာင္းလဲမႈတစ္စုံတစ္ရာမရွိ။ သူ႔အသံထဲ၌ ေဒါသအနည္းငယ္ပင္ေရာစြက္ေနလ်က္။

"sorry ပါ မဒမ္ယင္ ၊ ကြၽန္ေတာ္က ကြၽန္ေတာ့္ဇနီးေလးကိုလာအေဖာ္ျပဳေပးရံုပါပဲ "

လင္က်င္းရွန္ သည္ ရွက္႐ြံ႕သြားၿပီး တြင္းတစ္ခုသာ ရွာခ်င္လာေတာ့သည္။  သူမ၏ဆန႔္တန္းထားေသာလက္သည္ ေလထဲတြင္ရွိေနဆဲ၊ သူမ၏မ်က္ႏွာက ျဖဴတစ္လွည့္ျပာတစ္လွည့္။ သူမ၏မ်က္လုံးမ်ားမွ မ်က္ရည္ဥေလးမ်ားကို ေႂကြက်မလာေစရန္ ထိန္းထားရေလသည္။ ထိုသနားစရာပံုရိပ္က သာမာန္ေယာက္်ားအမ်ားစုအတြက္ေတာ့ ေသြးေဆာင္မႈျဖစ္ၿပီး သနားစိတ္ဝင္သြားနိုင္ၾကေသာ္လည္း ရွန္ယြီရွန္း သည္ သာမန္လူမဟုတ္။ သူကဒီေသြးေဆာင္မႈအတြက္က်ရံႈးမေနပါေခ်။  သူ႔အတြက္ေတာ့ ဟယ့္ခ်န္းနင္ တစ္ေယာက္အတြက္သာ ခံစားခ်က္ေတြရွိၿပီး အျခားလူမ်ားေတြအတြက္ေတာ့ဗလာနတၲိ။

လင္က်င္းရွန္ ရဲ႕ အလွနဲ႔ဆြဲေဆာင္မႈက အလုပ္မျဖစ္ေတာ့ မ်က္ႏွာပ်က္သြားသလို ခံစားလိုက္ရသည္။ စိတ္ပ်က္မႈေၾကာင့္ သူမရဲ႕ အသံက အက္ကြဲလ်က္။

"ယြီရွန္း ၊ ရွင္ကြၽန္မကို သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕ေတာင္ တကယ္အသိအမွတ္မျပဳဘူးလား ? ကြၽန္မက ကြၽန္မဘယ္ေလာက္ပဲၾကာၾကာပဲထြက္သြားပါေစ ရွင္ကေတာ့ကြၽန္မကိုမွတ္မိေနေပးမယ္လို႔ထင္ထားခဲ့တာ"

ရွန္ယြီရွန္း ၏ ခိုင္ခံ့ေသာ မ်က္ခုံးမ်ားက မ်က္ေမွာင္ၾကဳတ္သြားသည္။ ဒီမိန္းမက ယင္ေကာင္လို တကယ္ကို ႐ြံရွာစရာေကာင္းလြန္းပါ၏။  သူမရဲ႕စကားေတြက သူ႕မိသားစုကခ်န္းနင္ေလးကို အထင္လြဲသြားေစနိုင္သည္ေလ။ 

"မစၥယင္ စကားကိုၾကည့္ေျပာပါ။ မင္းစကားက ကြၽန္ေတာ့္ခ်စ္သူကို အထင္လြဲေစလိမ့္မယ္။ ကြၽန္ေတာ့္ခ်စ္သူကို အေရးမပါတဲ့သူေၾကာင့္ စိတ္မရႈပ္ေစခ်င္ဘူး။"

ဧည့္သည္ေတြ ပါးစပ္အေဟာင္းသားျဖစ္သြားကာ အခ်ိန္အၾကာႀကီးထိ မပိတ္နိုင္ခဲ့ၾကပါေခ်။ ဒါကဘယ္လိုအေျခအေနလဲ? အဲ့ေလာက္ႀကီး မ်က္ႏွာျဖတ္ရိုက္ဖို႔လိုလို႔လားကြာ?

လင္က်င္းရွန္ ၏ မ်က္ႏွာက အေရာင္ငါးေရာင္ႏွင့္ ေျခာက္ေရာင္အၾကားေျပာင္းလဲေနကာ ေနာက္ဆုံးတြင္ အေရာင္မဲ့ အျဖဴေရာင္စကၠဴအျဖစ္ ေျပာင္းလဲသြား၍ သူမ၏ မ်က္လုံးမ်ား ျပဴးက်ယ္သြားေတာ့သည္။

"ယြီရွန္း ၊ ရွင္..."

ရွန္ယြီရွန္း သည္ အျခားသူမ်ား မည္သို႔ထင္ျမင္သည္ကို ဂ႐ုမစိုက္ဘဲ ဟယ့္ခ်န္းနင္ ၏လက္ကို ဆုပ္ကိုင္လိုက္ကာ သူ၏စကားမ်ားသည္ကားခ်စ္ခင္တြယ္တာမႈအျပည့္ျဖင့္။

"မင္းပင္ပန္းေနၿပီလား? ကိုယ္တို႔ရပ္ေနတာၾကာၿပီ၊ မင္းကို အနားယူဖို႔အိမ္ျပန္ပို႔ေပးမယ္"

ဟယ့္ခ်န္းနင္က အနည္းငယ္ ၿပဳံးၿပီး ရွန္ယြီရွန္းကို သူ႕ကိုေခၚေဆာင္သြားခြင့္ျပဳလိုက္ေလသည္။

လင္က်င္းရွန္ က ထိတ္လန႔္စြာ တုံ႕ျပန္လိုက္ၿပီး ရွန္ယြီရွန္း ဆီသို႔ ေျခလွမ္းအနည္းငယ္ ေျပးသြားကာလက္ကိုဆန္႔၍ သူ႕လမ္းကို ပိတ္ဆို႔လိုက္ေလသည္။ 

"ယြီရွန္း... ကြၽန္မ ဘာအမွားလုပ္မိလို႔ ရွင္ကြၽန္မဒီလိုဆက္ဆံရတာလဲ? ဒါ ကြၽန္မအတြက္မတရားဘူး"

ဟယ့္ခ်န္းနင္ က...

"မစၥယင္... ဒီေန႕က မင္းမဂၤလာေဆာင္တဲ့ေန႕ေနာ္ ကိုယ့္သိကၡာကိုယ္ထိန္းပါဦး" 

ထိုစကားက လင္က်င္းရွန္ကို ေခ်ာက္နက္ထဲသို႔ပစ္ခ်လိုက္သလိုလိုပါပင္။

လင္က်င္းရွန္ ေဒါသထြက္သြားၿပီး ဟယ့္ခ်န္းနင္ ကို ကုတ္ဆြဲဖို႔ သူ႕လက္ကို ဆန႔္လိုက္ေတာ့သည္။

"အရွက္မရွိတဲ့ ေယာက္်ားျပည့္တန္ဆာေကာင္! ဘယ္လိုအေၾကာင္းျပခ်က္မ်ိဳးနဲ႔နင္ကငါ့ရဲ႕ယြီရွန္းကိုလုသြားရတာလဲ? ငါဒီေန႔နင့္ကိုက်ိန္တယ္ နင္ေယာက္်ားေထာင္ေပါင္းမ်ားစြာကခြတဲ့အရသာကိုခံရၿပီး လူတစ္ေသာင္းေလာက္ရဲ႕ေခါင္းအံုးေပၚအံုးရတဲ့အရသာကိုျမည္းခိုင္းဦးမယ္! နင့္လိုက်က္သေရတံုးတဲ့ေကာင္! ငါနင့္ကိုႏုတ္ႏုတ္စဥ္းပစ္မယ္! ငါနင့္ကိုသတ္မယ္! ငါနင့္ကိုသတ္ပစ္မယ္!"

ေရွာင္ဝူ ႏွင့္ ရွစ္စန္းတို႔က လင္က်င္းရွန္ ေရွ႕တြင္ ပိတ္ဆို႔ကာ သူတို႔၏သခင္အား အနည္းငယ္မွ်ေသာ ထိခိုက္မႈမွမခံရေအာင္ ကာကြယ္ေပးသည္။

ဒီအမ်ိဳးသမီးက တကယ္ကို ရူးသြပ္ေနၿပီ။ သူမရဲ႕ ထက္ျမက္တဲ့ လက္သည္းေတြက ေရွာင္ဝူနဲ႕ ရွစ္စန္း တို႔ရဲ႕ ေက်ာျပင္နဲ႕ လက္ေမာင္းေတြကို ကုတ္ျခစ္ပစ္ေတာ့တယ္။ ေရွာင္ဝူရဲ႕ မသိစိတ္က အလိုလိုတုန္႔ျပန္မိၿပီး အဲ့အ႐ူးမရဲ႕ဗိုက္ကို အညႇာအတာမဲ့ကန္ခ်လိုက္ေတာ့ အ႐ုပ္လို လြင့္သြားေတာ့သည္။ သူမလဲက်သြားသည့္ေနရာမွာရွိေနေသာသူမ်ားက လင္က်င္းရွန္ က သူတို႔ကိုပါ ငရဲကိုအတူေခၚသကဲ့သို႔ ခံစားလိုက္ရေတာ့သည္။ လင္က်င္းရွန္ ကေတာ့ ေျမျပင္ေပၚထိုင္ၿပီး မထနိုင္ဘဲ မ်က္နွာတစ္ခုလံုးရံႈ႕မဲ့လ်က္။  နာက်င္မႈက ျပင္းထန္လြန္းပါသျဖင့္ အသက္ရႉဖို႔ေတာင္ခက္ခဲေန၏။ ၎ကေရွာင္ဝူ သူမကိုကန္ဖို႔ဘယ္ေလာက္အင္အားသံုးလိုက္သလဲဆိုတာျပေန၏။

႐ုတ္တရတ္ အေျခအေနက လူအားလုံးကို တုန္လႈပ္ေျခာက္ျခားသြားေစသည္။  ယင္ေဟာက္ ကအသိျပန္ဝင္သြားကာ ဒီအရွက္မရွိတဲ့လင္က်င္းရွန္းကိုစိတ္ထဲက ႀကိမ္းေမာင္းလိုက္ပါ၏။ ေရွ႕ကိုေလ်ွာက္လာၿပီးေနာက္
လင္က်င္းရွန္ကို ထူေပးရင္းသူကဆိုသည္။ 

"ေတာင္းပန္ပါတယ္ ရွန္ယြီရွန္း၊ က်င္းရွန္းက အရမ္းပင္ပန္းေနလို႔ အဓိပၸာယ္မရွိတာေတြေလ်ွာက္ေျပာေနတာ ေက်းဇူးျပဳၿပီး မင္းသူမနဲ႔ျငင္းခုန္မေနပါနဲ႔ေတာ့" 

လင္က်င္းရွန္ ကိုဆြဲထူရာ၌ စာနာစိတ္တစ္စက္မွမရွိပဲ ေျမျပင္ေပၚမွျဖစ္သလိုထူလိုက္တာ သူ႔မ်က္လံုးထဲတြင္ေတာ့ သူမအတြက္ေႏြးေထြးမႈတစ္စက္ကေလးမွမရွိပါေခ်။

"က်င္းရွန္၊ မင္းပင္ပန္းေနၿပီ၊ အခန္းထဲျပန္သြားၿပီး အနားယူလိုက္ေတာ့ စကားနားေထာင္ေနာ္" 

သူကလင္က်င္းရွန္၏လက္ကို အတင္းဖိညႇစ္ထားသည္မို႔ ထိုေနရာတြင္ခရမ္းေရာင္သန္းေနသည္မွာေသခ်ာသည္။

လင္က်င္းရွန္က နာက်င္မႈေၾကာင့္ သူမ၏ အသိစိတ္ ျပန္လည္ေကာင္းမြန္လာသည္။  သူမလဲ ကိုယ့္ဘာသာထိန္းခ်ဳပ္မႈကင္းမဲ့သြားတာကိုသိတာေၾကာင့္ ယင္ေယာက္သူမကိုအတင္းဖိညႇစ္ၿပီးဆြဲေခၚသြားတာကိုလက္ခံနိုင္ရံုသာတတ္နိုင္တယ္။  ျဖဴစင္ေသာ မဂၤလာဝတ္စုံသည္ အစြန္းအထင္းမ်ား စြန္းထင္းေနၿပီး သူမ၏ ဆံပင္မ်ားမွာလည္း ညစ္ပတ္ေနလ်က္။ ၾကက္မတစ္ေကာင္ကဲ့သို႔အေမႊးစုတ္ဖြားျဖင့္ သူမပံုစံကသနားခ်င့္စဖြယ္။

အရာအားလံုးၿပီးဆံုးသြားၿပီဟု လူတိုင္းထင္ခဲ့ၾကေသာ္လည္း ေအးစက္ေနေသာအေငြ႕ကိုထုတ္လႊတ္ေနသည့္ ရွန္ယြီရွန္းက ဖိနိွပ္မႈအျပည့္ျဖင့္ဆိုလာ၏။

"မင္းကိုဘယ္သူက ထြက္သြားဖို႔ခြင့္ျပဳလို႔လဲ?" 

ယင္ေဟာက္ ႏွင့္ လင္က်င္းရွန္ ကို ေအးစက္စြာ စိုက္ၾကည့္ေနသည္မွာ သူ႕သားေကာင္ကို စိုက္ၾကည့္ေနေသာ ၾကမ္းၾကဳတ္သည့္ က်ားသစ္တစ္ေကာင္အလား။  ေၾကာက္မက္ဖြယ္ေကာင္းေသာ အရွိန္အဟုန္သည္ အတြင္းမွ လူမ်ားကိုပင္ တုန္လႈပ္ေခ်ာက္ခ်ားေစ၏။

ယင္ေဟာက္ သည္ သူ႕ကိုယ္သူစိတ္ထိန္းလိုက္ရင္း မသိစိတ္က တံေတြးမ်ိဳခ်မိသည္။ 

"ဥကၠဌရွန္ ကြၽန္ေတာ္ရွင္းျပၿပီးၿပီေလ? ကြၽန္ေတာ့္ဇနီးက မဂၤလာပြဲေၾကာင့္ ပင္ပန္းေနေတာ့ မင္းကို ေစာ္ကားသလိုျဖစ္သြားရံုပါ။ ဘာပဲျဖစ္ျဖစ္ သူမက အမ်ိဳးသမီးတစ္ေယာက္ပဲေလ အဲဒါကို ေမ့လိုက္ၾကရေအာင္ဗ်ာ ဟုတ္ၿပီလား?"

ရွန္ယြီရွန္း၏မ်က္လုံးမ်ားက ေအးစက္ေသာအေငြ႕ျဖင့္ျဖတ္သန္းသြား၏။

"မင္းကလူေတြအကုန္လံုးကိုအရူးလို႔ထင္ေနတာလား?"

ယင္ေဟာက္ က ရွန္ယြီရွန္း ရဲ႕ ဖိႏွိပ္မႈကို ရင္ဆိုင္ေနရၿပီး အသံတုန္တုန္နဲ႕...

"ဥကၠဌရွန္... ငါမင္းကို ထပ္ၿပီးေတာင္းပန္ပါတယ္။ ေနာက္က်မွ မင္းအိမ္ကိုလက္ေဆာင္တစ္ခု ယူလာေပးၿပီးအျပစ္ကိုလက္ခံပါ့မယ္"

ရွန္ယြီရွန္းကမ်က္နွာေသသာျဖစ္ေသာ္လည္း သူ႔အသံကေတာ့ေၾကာက္မက္ဖြယ္။ 

"မင္းက ငါ့ခ်စ္သူကို ေစာ္ကားတယ္။ အခု မင္းမိန္းမကိုေခၚလာၿပီး ငါ့ခ်စ္သူကိုခ်က္ခ်င္းေတာင္းပန္ေခ်" 

ယင္ေဟာက္ သည္ သြားမ်ား အံႀကိတ္ကာ သူ႕မ်က္လုံးမ်ားတြင္ ေဒါသမ်ားျဖင့္ ျပည့္ႏွက္ေနသည္။  သူ မေတာင္းပန္ခ်င္ပါေခ်။ အထူးသၿဖင့္ဒီလိုအဆင့္နိမ့္တဲ့ေကာင္ကို ဘယ္ေတာ့မွ ေတာင္းပန္မွာ မဟုတ္ဘူး။

ယင္မိသားစုက ကိစၥေတြကို ၾကည့္ၿပီး ေလာေလာဆယ္ အေျခအေနမေကာင္းဟုေတြးကာ ခ်က္ခ်င္းေျပးလာၾကေတာ့၏။ ယင္မိသားစု၏ အဘြားႀကီးသည္ အျဖစ္အပ်က္ကို အရင္ဆံုးညႇိနိႈင္းလာသူပင္။ 

"ေက်းဇူးျပဳၿပီး ခြင့္လႊတ္ပါ Mr.ရွန္ ၊ မိန္းကေလးေတြက အိမ္ေထာင္က်ရင္ အၿမဲတမ္း စိတ္မသက္မသာျဖစ္တတ္ပါတယ္ ၊ စကားမွားၿပီးေျပာတာမ်ိဳးကေထြေထြထူးထူးမဟုတ္ပါဘူး။ မဂၤလာပြဲၿပီးရင္ မင္းကို ေတာင္းပန္ဖို႔ ငါကိုယ္တိုင္ ေခၚလာခဲ့ပါ့မယ္ "

ထိုေလသံက အေျပာအဆိုညက္ေညာကာ သူမ၏လူႀကီးဟူေသာေနရာကိုေထာက္ျပလ်က္။

သူမရဲ႕ ေလးစားစရာေကာင္းတဲ့ဒီပံုစံကို ယင္မိသားစုဆီမွာသာ လုပ္လို႔ရေပမဲ့ ရွန္ယြီရွန္း ကေတာ့မဝယ္ပါေခ်။

"ယင္ေဟာက္၊ ငါထပ္ေျပာမယ္... ငါ့ခ်စ္သူကို ခ်က္ခ်င္းေတာင္းပန္ပါ၊ မဟုတ္ရင္ ျဖစ္လာသမ်ွအတြက္ငါ့ကို အျပစ္မတင္နဲ႔ေနာ္"

ဖိအားကျပင္းလြန္းပါသျဖင့္ သူတို႔အနီးနားက လူေတြေတာင္ ခပ္ေဝးေဝးကိုဖယ္သြားၾက၏။

ယင္ေဟာက္ သည္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈကို မခံနိုင္ေတာ့ဘဲ သူ႕မ်က္ႏွာက ျဖဴေဖြးေနၿပီး သူ႕နဖူးမွာ ေအးစက္ေနေသာ ေခြၽးမ်ားျဖင့္ ျပည့္ေနလ်က္။ ခက္ခက္ခဲခဲနွင့္ လင္းက်င္းရွန္၏ကိုဆြဲေခၚကာ ရွန္ယြီရွန္းနွင့္ ဟယ့္ခ်န္းနင္တို႔ေရွ႕ သံုးလွမ္းအကြာတြင္ရပ္ေနရ၏။

လင္က်င္းရွန္ သည္ ယင္ေဟာက္ ၏ေနာက္တြင္ ပုန္းေရွာင္ေနကာ ျမင့္ျမတ္ေသာ ယင္မိန္းကေလး၏ သဏၭာန္ ေပ်ာက္ကြယ္ေန၏။ ခႏၶာကိုယ္မွနာက်င္ကိုက္ခဲမႈႏွင့္ စိတ္ႏွလုံးထဲတြင္ ေၾကာက္႐ြံ႕မႈမ်ားေၾကာင့္ သတိလစ္လုနီးပါး ျဖစ္ေနၿပီျဖစ္ေသာ္လည္း သူမ ရွန္ယြီရွန္း ၏ခြင့္လႊတ္မွာကို မရေသးသေ႐ြ႕ သတိမလစ္ရဲပါေခ်။ မဟုတ္ရင္ ရွန္ယြီရွန္း က သူမကို ဘယ္လိုနည္းနဲ႕ ႏွိပ္စက္မယ္ဆိုတာ သူမ ေတြးၾကည့္လို႔ မရဘူး။  သူမ မ်က္လုံးေတြ တဖ်ပ္ဖ်ပ္ခတ္လ်က္။ သူမ အပိုင္းပိုင္းကြဲသြားမွာကို စိုးရိမ္တာေၾကာင့္ ရွန္ယြီရွန္း ရဲ႕ ေအးစက္ေနတဲ့ မ်က္လုံးေတြကို မၾကည့္ဝံ့ခဲ့ပါေခ်။  ယခု သူမသည္ ရွန္ယြီရွန္း ကို မေစာ္ကားသင့္ဘဲ ေစာ္ကားမိသည္ကို ေနာင္တရေနေခ်ၿပီ။ မဟုတ္ဘူး၊ ဟယ့္ခ်န္းနင္ ကို သူမသြားမထိခဲ့သင့္တာ။ ေနာင္တေၾကာင့္သူမ၏ အူမႀကီးတစ္ခုလုံးပင္ စိမ္းဖန္႔ေနေတာ့၏။

ယင္ေဟာက္ က သူမထက္ ပိုေကာင္းေနတာေတာ့မဟုတ္ဘူး။  ရွန္ယြီရွန္း ကိုရင္ဆိုင္ရသည္မွာ ယင္ေဟာက္အတြက္ အျခားသူမ်ားထက္ ဖိအားပိုမ်ားသည္။  ေယာက္်ားတစ္ေယာက္အေနနဲ႕ သူရဲေဘာေၾကာင္တာကို လူေတြေရွ႕မွာ လြယ္လြယ္မျပနိုင္ေပမယ့္ အေၾကာင္းအရာက ရွန္ယြီရွန္း အျဖစ္ေျပာင္းလိုက္ရင္ေတာ့ အေစခံလိုဦးၫႊတ္လိုက္ရင္ေတာင္ သူ႔မိသားစုကဘာတစ္ခြန္းမွဟရဲမွာမဟုတ္ေပ။

သူကက တုန္ယင္ေနသည့္အသံျဖင့္ဆိုလာ၏။

"ခ်န္းနင္၊ က်င္းရွန္အစား မင္းကိုငါ ေတာင္းပန္လိုက္မယ္ ေတာင္းပန္ပါတယ္... အဆင့္အတန္းျမင့္တဲ့လူေတြက အဆင့္နိမ့္တဲ့လူေတြရဲ႕လုပ္ရက္ေသးေသးေလးေတြေလာက္ကို ေဗြမယူၾကဘူးေလ ဒီမိန္းမနဲ႔တန္းတူမင္းကိုယ္မင္းမညႇိေနပါနဲ႔ေတာ့"

ေကာင္းလိုက္တဲ့ယင္ေဟာက္! ဒီလိုအခ်ိန္မ်ိဳးမွာေတာင္ သူကသူ႔(ဟယ့္ခ်န္းနင္)ကို ေထ့ဖို႔မေမ့ေသးဘူး။ ဟယ့္ခ်န္းနင္က ရုတ္တရပ္ၿပံဳးကာဆိုေလ၏။

"ဒီလိုခ်ီးေျမႇာက္မႈမ်ိဳးကိုမခံယူဝံ့ပါဘူး ေနာက္ၿပီးခင္ဗ်ားရဲ႕ဇနီးကလည္း သာမန္အမ်ိဳးသမီးမွမဟုတ္ပဲ"

သူကယင္ေဟာက္ကိုအဓိပၸါယ္ပါပါၾကည့္ရင္းဆိုေလ၏။

"ကြၽန္ေတာ္ကအၿမဲတမ္း စကားေျပာရလြယ္တဲ့လူတစ္ေယာက္ျဖစ္ခဲ့ပါတယ္၊ ဒါေပမဲ့လဲ ေတြ႕ကရာလူကေစာ္ကားၿပီးအရယ္ခံရေလာက္တဲ့အဆင့္အထိေတာ့မဟုတ္ေသးဘူးရယ္... ကြၽန္ေတာ္က ရွန္မ်ိဳးရိုးက အသိအမွတ္ျပဳတဲ့ ရွန္ယြီရွန္း ရဲ႕ တရားဝင္လက္တြဲေဖာ္တစ္ေယာက္ပါ။ ကြၽန္ေတာ့္မ်က္ႏွာက ဘာမွမဟုတ္ေပမယ့္ ရွန္မိသားစုရဲ႕မ်က္နွာအတြက္ေတာ့ ကြၽန္ေတာ္ၿငိမ္ခံေနမွာမဟုတ္ဘူး၊ ဒီေန႕ေတာ့ မင္းတို႔လင္မယားနွစ္ေယာက္ ငါ့ကို ရွင္းျပဖို႔ အသင့္ေတာ္ဆုံးအေၾကာင္းျပခ်က္ေပးရလိမ့္မယ္ မဟုတ္ရင္ေတာ့ ရွန္မိသားစုတစ္ခုလုံးအပါအဝင္ ငါ့ခ်စ္သူကိုအမ်က္ရွေစေတာ့မွာပဲ။ အဲ့ေတာ့ ယင္ေဟာက္..မဒမ္ယင္ ခင္ဗ်ားတို႔ ဘယ္လိုထင္လဲ "

ဟယ့္ခ်န္းနင္ ရဲ႕ မ်က္လုံးေတြမွာ ေႏြးေထြးမွာ အရိပ္အေယာင္မရွိ၊ ေတာက္ပတဲ့ မ်က္လုံးေတြနဲ႕  မ်က္လုံးဝိုင္းမ်ားသည္ ယခုအခါ ႏွင္းခဲမ်ားျဖင့္ ဖုံးလႊမ္းေနၿပီး၊ သူ႕ခႏၶာကိုယ္မွ ႀကီးက်ယ္ခမ္းနားမႈတို႔က မည္သူတစ္ဦးတစ္ေယာက္ကိုမွ် နင္းေခ်ခြင့္မျပဳနိုင္ေၾကာင္း ေဖာ္ျပလ်က္။

ရွန္ယြီရွန္းေဒါသကိုရုတ္သိမ္းလိုက္တာ သူ႔ဇနီးေလးကို ျမတ္နိုးခ်စ္ခင္စြာျဖင့္ၾကည့္လိုက္မိ၏။ ၎မွာ သူ႔ခ်စ္သူေလးက ညတြင္းခ်င္း ႀကီးျပင္းလာသလိုပင္။ ယခုအခ်ိန္၌သူ၏ႏူးညံ့သိမ္ေမြ့၍ ခန္႔ညားေသာအမူအရာတို႔ကိုထုတ္ေဖာ္ေန၏။ ဒါမွသူ႔ဇနီးေလးပါပင္။

ယင္ေဟာက္၏ နဖူးမွ ေခြၽးမ်ား တလိမ့္လိမ့္က်လာေတာ့သည္။  သူသည္ အရည္အခ်င္းမရွိသျဖင့္ ရွန္မိသားစုတစ္ခုလုံးကို ရင္မဆိုင္ဝ့ံ့ပါေခ်။ သူ႕လည္ေခ်ာင္းမွာ သဲေတြနဲ႕ ျပည့္ေနပုံရေပမယ့္ သူ႕အရိုးေတြ ထိခိုက္ရင္ေတာင္ တစ္ခုခုေတာ့ေျပာရဦးမွာပါပဲ။ ထို႔ေနာက္ သူ႕ေနာက္မွာ ပုန္းေနတဲ့ လင္က်င္းရွန္ ကိုဆြဲေခၚကာဆိုသည္။

"က်င္းရွန္... ေတာင္းပန္လိုက္ေလ"

လင္က်င္းရွန္၏ခႏၶာကိုယ္ကေၾကာက္႐ြံ႕မႈေၾကာင့္ တုန္ယင္ေန၏။ သူမကို မိသားစုက စြန႔္ပစ္လိုက္ကတည္းက ယင္ေဟာက္ကိုပဲ အားကိုးနိုင္ခဲ့တယ္။  ယခု သူမသည္ ဟယ့္ခ်န္းနင္ ကို ေစာ္ကားခဲ့သည္။  သူခ်က္ခ်င္းေသသြားရင္ေတာင္မွ ယင္ေဟာက္ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ဟယ့္ခ်န္းနင္ ကို ေတာင္းပန္ရမွာပဲ။  သူမ ရွန္မိသားစုတစ္ခုလုံးကို မေစာ္ကားနိုင္ခဲ့ေသာေၾကာင့္ မရိုမေသမလုပ္ျပရဲပါ။ သူမက ဟယ့္ခ်န္းနင္ ကို မနာလိုျဖစ္ၿပီး သူ႕ကိုခ်က္ခ်င္းေသေစလိုေသာ္လည္း ၎ကိုသူမစိတ္ထဲတြင္သာ ေတြးေနနိုင္သည္ေလ။ 

"ေတာင္းပန္ပါတယ္ Mr.ဟယ့္.. ကြၽန္မ ခဏေလာက္ စိတ္ရႈပ္သြားလို႔ျဖစ္သြားတာမို႔ေတာင္းပန္ပါတယ္ ခြင့္လႊတ္ေပးပါ ဟုတ္ၿပီလား?"

ဆိုရင္းျဖင့္ ေခါင္းကို ရင္ဘတ္သို႔ ငုံ႕ထားကာ ခႏၶာကိုယ္အား ကိုးဆယ္ဒီဂရီ ေထာင့္ခ်ိဳးတြင္ ေကြးၫြတ္ကာ ေတာင္းပန္လိုက္သည္မွာ ရိုးရိုးသားသားပင္။

ဟယ့္ခ်န္းနင္ သည္ စကားတစ္ခြန္းမွ မေျပာဘဲ ယင္ေဟာက္ကို မ်က္လုံးေမွးက်ဥ္းကာ ၾကည့္လိုက္သည္။

ယင္ေဟာက္ အံႀကိတ္၍ ဟယ့္ခ်န္းနင္ ကို ေခါင္းငံု႕ကာေတာင္းပန္ရေတာ့သည္။

"ခ်န္းနင္ ေတာင္းပန္ပါတယ္ ငါမွားသြားတယ္ ခြင့္လႊတ္ပါ"

ဟယ့္ခ်န္းနင္ျပန္ေျပာမည္ကို လူတိုင္း ေစာင့္ေမွ်ာ္ေနၾကစဥ္အခ်ိန္၌ပင္ လူတစ္ဦးက အရူးကဲ့သို႔ထြက္ေပၚလာေတာ့၏။ ထိုသူ၏မ်က္လုံးမ်ားက ေသြးထြက္ေနသကဲ့သို႔နီရဲေနကာ သူ႕အဝတ္အစားမ်ားက ညစ္ပတ္လ်က္၊ ၿပဲစုတ္ေနကာ သူ႔မျမင္အပ္သည့္ေနရာကလည္းနီရဲေန၏။ အေတြ႕အႀကံဳရွိသူတိုင္းကေတာ့ ဒီလူေဆးတစ္မ်ိဳးမ်ိဳးခတ္ခံထားရမွန္းသိၾကသည္။ ျဖစ္နိုင္တာက အခုေဆးရဲ႕ အာနိသင္က ႐ူးသြပ္သြားမယ့္ အဆင့္ကို ေရာက္ေနပါၿပီ။

တစ္ေယာက္ေယာက္ကိုေတြ႕တာနဲ႔ သူကအေျပးတက္လာၿပီး သူတို႔ရဲ႕အဝတ္အစားေတြကို ႐ူးသြပ္စြာစုတ္ၿဖဲၿပီး ညစ္ပတ္တဲ့စကားလုံးေတြကို ပါးစပ္ကေျပာေတာ့တာမို႔ ဧည့္သည္ေတြက ေၾကာက္လန႔္ၿပီး ေအာ္ဟစ္ၾကေတာ့တယ္။

ရွန္ယြီရွန္း သည္ မ်က္လုံးမ်ားကို အနည္းငယ္ေမွးက်ဥ္းလိုက္ေလ၏။ ဟယ့္ခ်န္းနင္နွင့္သူ႔အေရွ႕တြင္ေတာ့ ေရွာင္ဝူနွင့္ရွစ္စန္းတို႔က အကာအကြယ္ေပးလ်က္။

ယင္ေဟာက္ ထိတ္လန႔္စြာ မ်က္လုံးျပဴးသြားရ၏။ ဒီလူကဘယ္လိုလုပ္ဒီကိုေရာက္လာတာလဲ? သူတို႔နားေနတဲ့အခန္းမွာေစာင့္ေနမယ္လို႔ကတိေပးထားရက္နဲ႔ဘယ္လိုျဖစ္လို႔ဒီကိုေရာက္လာရတာလဲ? ေနာက္ၿပီး အဲ့ဒီရူးသြပ္ေနတဲ့ပံုစံကေရာဘယ္လိုျဖစ္ရတာလဲ?

သူေတြးေနရင္းနွင့္ပင္ တစ္ဖက္၌ လင္းက်င္းရွန္းကို အားတက္သေရာျဖင့္ အခန္းထဲဆြဲေခၚလာခဲ့၏။

ပန္းၿခံထဲတြင္ ပရမ္းပတာ ေအာ္ဟစ္သံမ်ား ႏွင့္ ဟင္းသီး ဟင္း႐ြက္ေဈးကဲ့သို႔ ဆူညံလ်က္။

ထိုေယာက္်ားကငိုသံေတြၾကားပို၍စိတ္မရွည္ျဖစ္လာကာ ေယာက္်ား၊ မိန္းမမေရွာင္ေတာ့ေခ်။ ေတြ႕သမ်ွလူကိုတက္ဖိ၍ အဝတ္ေတြကိုစုတ္ၿဖဲဖို႔သာစိတ္အားထက္သန္ေန၏။ အဝတ္ၿဖဲသံ၊ ေအာ္သံေတြနဲ႕ ငိုေႂကြးသံေတြက လူေတြရဲ႕ နားစည္ကို ကြဲသြားေစမတတ္ပင္။

ထိုအခ်ိန္တြင္ ယင္မိသားစု၏အိမ္အျပင္ဘက္မွ တံခါးပြင့္သြားကာ ယူနီေဖာင္းဝတ္ ရဲတပ္သားတစ္စု ဝင္လာသည္။ ရဲမ်ားဝင္ေရာက္မႈေၾကာင့္ ႐ုန္းရင္းဆန္ခတ္ျဖစ္မႈ ေခတၱတိတ္ဆိတ္သြားသည္။  ထိုလူ(အရူး)၏ေအာက္တြင္ဖိခံထားရသည့္လူမွလြဲ၍။ ထိုလူကေတာ့ေအာ္ဟစ္ငိုေႂကြးေန၏။

ရဲေတြက ေအာက္ကလူကိုကယ္ဖို႔ အဲဒီလူကို အျမန္ဆြဲဖယ္လိုက္ရေတာ့သည္။ အဲ့အခ်ိန္က်မွသာ လူေတြကရပ္ကုန္ၾကၿပီး အဖိခံလိုက္ရတဲ့လူကိုၾကည့္မိၾကေတာ့၏။

အဆိုပါအမ်ိဳးသားအား ရဲမ်ားက ေျမျပင္ေပၚသို႔ လွဲခ်ခိဳင္းခဲ့ေသာ္လည္း ၎၏ ခႏၶာကိုယ္သည္ မူးယစ္ေဆးဝါး၏ လႊမ္းမိုးမႈေၾကာင့္ ျပင္းထန္စြာ ႐ုန္းကန္ေနရဆဲျဖစ္သည္။  နီျမန္းေသာမ်က္လုံးမ်ားသည္ ေရာက္ရွိလာသူအားလုံးကို စိုက္ၾကည့္ေနၿပီး သူ႕ေအာက္တြင္ဖိႏွိပ္ရန္ မေစာင့္နိုင္ေတာ့သည့္အလား။

ကယ္တင္ျခင္းခံရေသာလူမွာ အမ်ိဳးသားျဖစ္သည္။  ကယ္တင္ၿပီးေနာက္မွာေတာ့ ေၾကာက္လန႔္ၿပီးသတိလစ္သြားေတာ့၏။

ထိုလူမူးလဲသြားသျဖင့္ ရဲတပ္ဖြဲ႕က ေဆး႐ုံသို႔ အျမန္ပို႔ေဆာင္ခဲ့ၿပီး အေျခအေနကို ေခတၱထိန္းထားနိုင္ခဲ့သည္။

°°

Continue Reading

You'll Also Like

400K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
280K 16.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
2.4M 154K 98
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...