ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [...

By No_Shizun_No_Life

51.2K 6.3K 66

||Completed|| Zawgyi: ကံအၿမဲဆိုးတဲ့ အျမႇောက္စာေလး Name: Cannon Fodder is Always Lucky E (炮灰总是幸运E) Original A... More

Introduction
Ch.(1)
Ch.(2)
Ch.(3)
Ch.(4)
Ch.(5)
Ch.(6)
Ch.(8)
Ch.(9)
Ch.(10) The End

Ch.(7)

3.1K 548 15
By No_Shizun_No_Life

Unicode

အမျိုးသားအမြှောက်စာအောင်သွယ်ရေးsystem 007သည် အွန်လိုင်းပေါ်ရောက်လာပြီး ရှားဟမ့်​ကို စိတ်မကောင်းစွာကြေငြာလိုက်သည်။ "host၏ ယခင်မစ်ရှင် မအောင်မြင်တဲ့အတွက် ပင်မsystemက host၏အမှတ်တစ်ဝက်ကို ပြစ်ဒဏ်အဖြစ် နုတ်ယူလိုက်ပါပြီ။"

ထိုအချိန်တွင် ရှားဟမ့်သည် ဟန်းလန်၏လက်ထဲသို့ ရောက်သွားခဲ့သည်။ ဟန်းလန်၏ ပွေ့ဖက်မှု၏ နွေးထွေးမှုကို ခံစားလိုက်ရသောအခါ ရှားဟမ့်၏မူလစိတ်ပျက်အားငယ်မှု အနည်းငယ် ပြန်လည်သက်သာလာခဲ့သည်။

ချန်ခိုင်းမင်သည် ဒီဇိုင်းဌာနမှ ထွက်သွားပြီးဖြစ်ပြီး သူနှင့်ဟန်းလန်တို့သာ ကျန်တော့သည်။ ဟန်းလန်သည် ကြို့ထိုးမသွားရန် ရုန်းကန်နေသည့် မျက်လုံးနီရဲနေသောရှားဟမ့်ကို ကြည့်လိုက်သည်။ သူ့အတွက် အရမ်းသနားမိပေမယ့် အရမ်းကြီးလွန်လွန်ကျူးကျူးမလုပ်ချင်ပေ။ သူသည် ရှားဟမ့်ကိုသူ့ရင်ခွင်ထဲထည့်ထားပြီး စိတ်တည်ငြိမ်သွားအောင် လုပ်ပေးနေသည်။

ရှားဟမ့်သည် ဟန်းလန်နှင့်နေရသည်မှာ အလွန်သက်တောင့်သက်သာရှိသောကြောင့် တစ်ယောက်ယောက် ဝင်လာပါကမြင်ရမည့် သူတို့၏ပုံရိပ်ကို စိတ်မ၀င်စားဘဲ၊ ၎င်းအစား 007ကိုသူ့စိတ်ထဲတွင် မေးသည်။ "ငါကအခုဘာလို့ အမျိုးသားအမြောက်စာလက်တွဲဖော် ဖြစ်လာရတာလဲ"

007သည် ခပ်တန်းတန်းသာနေသည်။ သူ့အသံက အေးစက်နေပြီး ခံစားချက်ကင်းမဲ့နေသည်။ ​​"အမျိုးသားဇာတ်လိုက်က မင်းနဲ့အတူ နှုတ်ထွက်ချင်တယ်ပြောလို့ မင်းရဲ့ဇာတ်ရုပ်ဆက်တင်ကိုထပ်ပြုပြင်ဖို့လိုအပ်တယ်လို့ ပင်မsystemကကောက်ချက်ချလိုက်ပါတယ်။"

"ဒါဆိုအခု ငါ့missionကဘာလဲ" ရှားဟမ့်ကကူကယ်ရာမဲ့စွာ မေးလိုက်သည်။

“ဇာတ်လိုက်gongနဲ့ ဇာတ်လိုက်shouတို့ကြားက ခံစားချက်တွေကို မြှင့်တင်ပေးဖို့ အစွမ်းကုန်အားစိုက်ထုတ်ပါ။” 007က အလွန်အေးစက်စွာပြောသည်။

“ဒါပေမယ့်…ငါမှဘော့စ်နဲ့သိပ်စကားမပြောတာ…” ရှားဟမ့်က ပျော့ညံ့စွာပြောသည်။

"ကိစ္စမရှိပါဘူး၊ မကြာခင်​ အခွင့်​အ​ရေး​ရောက်​လာမှာပါ။" 007က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်သည်။

ရှားဟမ့်​သည် ခဏတာ တိတ်ဆိတ်သွားပြီးသူက ရုတ်တရက် မေးလာသည်။ "ဟန်းလန်က ချန်ခိုင်းမင်နဲ့ပဲ အဆုံးသတ်ရမှာလား?"

007ကစိတ်မရှည်စွာ ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်၊ ဒါမှ မဟုတ်ရင် ဇာတ်ကွက်ကို ရှေ့တိုးဖို့ ဘာလို့မင်းလို အမြောက်စာတွေ လိုရမှာလဲ"

ရှားဟမ့်လည်း သူ့ကိုယ်သူ နှိမ့်ချစွာရယ်မောလိုက်သည်။ ဟုတ်တယ်။ သူတို့နဲ့မတူတာက သူက အမြောက်စာဇာတ်ကောင်လေးသာ၊ ဇာတ်လိုက်နဲ့ ဘယ်လိုလုပ် နီးစပ်နိုင်မှာလဲ...

ရုတ်တရက် ရှားဟမ့်အနည်းငယ် ပင်ပန်းလာသည်။ သူသည်ဟန်းလန်၏ပခုံးပေါ် ညင်သာစွာမှီလိုက်သည်။ ဟန်းလန်၏ရနံ့ကို သူအလွန်နှစ်သက်သည်။ ၎င်းသည်သူ့အား မရေရာသော လုံခြုံမှုကို ခံစားမိစေသည်။

ဒီအချိန်မှာ ရှားဟမ့်ကဘာမှမတွေးချင်တော့ဘဲ ခဏတာသက်တောင့်သက်သာရှိမယ့်သူတစ်ယောက်နဲ့ အချိန်ဖြုန်းချင်ရုံသာ။

ဟန်းလန်သည် ရှားဟမ့်၏သူ့အပေါ် မှီခိုအားထားမှုကို ခံစားခဲ့ရပြီး သူ့နှလုံးသားသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့ရဲ့ ရှည်လျားလှတဲ့ အချစ်မစ်ရှင်မှာ နောက်ဆုံးမှာတော့ နောက်ထပ် မှတ်တိုင်တစ်ခု ရောက်ရှိလာခဲ့လေပြီ။

ဟန်းလန်သည် စိတ်ပျော်နေခဲ့သည်။ သူ့ရဲ့ပျော်ရွှင်မှုဟာ အကြောင်းပြချက်ကောင်းကောင်း ကတော့မဟုတ်ပေမယ့်၊ သူချစ်တဲ့လူက သူ့ကို အကြွင်းမဲ့ယုံကြည်ပြီး အားကိုးနေတယ်ဆိုတာထက် ဘာကပိုစွဲမက်စရာကောင်းနိုင်မှာလဲ။

အဲဒီညမှာ သူတို့နှစ်ယောက်က စာမူတွေအကုန်မဆွဲပြီးခင် မနက် ၂နာရီအထိ အလုပ်လုပ်ခဲ့ကြသည်။ ဟန်းလန်သည် အနည်းငယ်အိပ်ငိုက်နေပြီဖြစ်သော ရှားဟမ့်ကိုကြည့်ကာ အကြံပေးလိုက်သည်။ "သွားရအောင်၊ ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"

ရှားဟမ့်ကအချိန်ကို အလျင်အမြန်ကြည့်ကာ ငြင်းလိုက်သည်။ "ရပါတယ်၊ ကျွန်တော့်အိမ်ကနီးတယ်၊ ဒါပေမယ့်ကောမြန်မြန်ပြန်သင့်တယ်နော်။"

ဟန်းလန်က ရှားဟမ်သူတို့နှစ်​ယောက်ကြား စည်းခြားနေသေးတာကို ကြည့်ပြီးအကြံကောင်း စဉ်းစားမိသည်။

အဲ့တော့သူ့လက်ကို ပွတ်ကာပြောလိုက်သည်။ "မင်းအိမ်ကနီးမှတော့၊ ကိုယ်မင်းအိမ်မှာပဲ အိပ်လိုက်ရင်ကောင်းမလား? အချိန်လည်းမကုန်တော့ဘူးလေ။"

ရှားဟမ့်အံ့သြသွားသည်။ သူဆန္ဒရှိပေမယ့်...သူက007ကို သတိကြီးကြီးနဲ့ မေးလိုက်သည်။ "အမ်...ဇာတ်လိုက်shouကို ငါ့အိမ်ခေါ်သွားရင် ကောင်းပါ့မလား"

007ကချက်ချင်း တုံ့ပြန်လာသည်။ "သူကshouလို့ ဘယ်သူပြောတာလဲ!!"

ရှားဟမ့်​၏ ခေါင်းသည်007၏ ကျယ်လောင်သော အော်သံကြောင့် ပဲ့တင်ထပ်သွားသည်။  သူကရင်းရင်းနှီးနှီး လျင်မြန်စွာပြန်ပြောလိုက်သည်။ “အိုး၊ ဒါဆိုအထင်လွဲတာ၊ အထင်လွဲတာ။  သူကshouမဟုတ်ဘူး။ ဒါဆို သူ့ကိုတစ်ညလောက် အိမ်ခေါ်သွားလို့ရမလား  တကယ်နောက်ကျနေပြီ…"

“သူကအိပ်ရုံပဲအိပ်မှာ၊ မင်းကိုဘာမှလုပ်မှာမဟုတ်ဘူး။ ဒီလိုအသေးအဖွဲ့မေးခွန်းတွေနဲ့ ငါ့ကို နှောက်ယှက်နေစရာ မလိုဘူး” 007ကဂုဏ်ယူစွာပြောသည်။

ရှားဟမ့်သည် 007၏ စကားကိုကြားပြီးနောက် အလွန်ဝမ်းသာသွားသည်။ ဤသည်မှာတစ်ယောက်ယောက်ကို သူ့အိမ်သို့ပထမဆုံးအကြိမ် ဖိတ်ခေါ်ခြင်းပင်။

ခဏလေး၊ ဒါပထမဆုံးပဲလား။  ရှားဟမ့်​က ဒီမေးခွန်းကိုပြန်စဉ်းစားမိသည်။ အချို့သော မြင်ကွင်းများကို သူ ယောင်ဝါးဝါး မှတ်မိလာသော်လည်း ထိုမှတ်ဉာဏ်များသည် မြူလိုမှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

007 တုန်လှုပ်ချောက်ချားစွာ မေးလိုက်သည်။ “တစ်ခုခုကို စဉ်းစားမိလို့လား?"

ရှားဟမ့်​က ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး၊ ထူးဆန်းတဲ့ပုံတွေချည်းပဲ"

007သည် အနည်းငယ် စိတ်ပျက်သွားပုံရသည်၊ "အိုး...၊ ဒါဆိုလည်း ကောင်းပြီ"  ထို့နောက် သူသည်စိတ်အားထက်သန်စွာပြောသည်။– “သူနဲ့အတူပြန်ရင် လမ်းမှာဘေးကင်းဖို့ ဂရုစိုက်ရမယ်။ နောက်ဆုံးတော့ သူက…ဘာမှမဟုတ်တော့ဘူး။ မင်းနားလည်မှာလည်းမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် မင်းလိုဆယ်ယောက်ကို ရောင်းလိုက်ရင်တောင် သူ့အကြွေးကိုပြန်ဆပ်နိုင်မှာမဟုတ်ဘူးဆိုတာပဲ သိထားလိုက်။”

ရှားဟမ့်ကပြုံးပြီး သဘောတူလိုက်ကာ ၎င်းကို “OK” ဖြင့် တုံ့ပြန်ခဲ့သည်။ system007သည် ပိုမိုတင်းကျပ်ပုံပေါက်သော်လည်း ဆက်သွယ်ပြောဆိုမှုကောင်းပြီး တာဝန်ယူမှုအပြည့်ရှိသော systemတစ်ခုဖြစ်နေဆဲဖြစ်ကြောင်း သူနားလည်ခဲ့သည်။

ရှားဟမ့်သည် 007နှင့် ခဏကြာ စကားပြောခဲ့ပြီး ဟန်းလန်သည် သူ့အဖြေကိုစောင့်နေဆဲဖြစ်ကြောင်း သတိရလိုက်သည်။  သူကခေါင်းမော့ပြီး စားပွဲကို သပ်သပ်ရပ်ရပ် ပြင်ဆင်နေတဲ့ ဟန်းလန်ကိုကြည့်ရင်း ပြုံးလိုက်သည်။ "ကောင်းပြီလေ၊ ကျွန်တော့အိမ် တစ်ညလောက်လာအိပ်လို့ရပါတယ်။"

ဟန်းလန်သည် ရှားဟမ့်ကအချိန်အတော်ကြာ တိတ်ဆိတ်နေသောကြောင့် မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။ ဟန်းလန်က ရှားဟမ့်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိကြောင်း ယူဆပြီး အခြေအနေကိုဘယ်လို ကုစားရမလဲဆိုတာအလေးအနက် စဉ်းစားနေခဲ့သည်။

ရှားဟမ့်သည် မထင်မှတ်ပဲ ခဏတာ နှုတ်ဆိတ်နေခဲ့သော်လည်း အမှန်တကယ် သဘောတူခဲ့သည်။

ရိုလာကိုစတာစီးလိုက်ရသလိုပါပဲ။ အခြေအနေတစ်ခုလုံးသည် အတက်အဆင်းနှင့် ပြည့်နေသည်။ အရမ်းလည်းစိတ်လှုပ်ရှားစရာကောင်းသည်။

ယခုမူဟန်းလန်သည် ချိုမြိန်သော ပျားရည်အိုးထဲတွင် သူ့နှလုံးသားလေး လှိမ့်ဝင်သွားသလို ခံစားလိုက်ရသည်။

လူနှစ်ယောက်သည် ကုမ္ပဏီတံခါးမှထွက်လာပြီး အိမ်ပြန်ခဲ့ကြသည်။  လရောင်ကတောက်ပနေပြီး သူတို့အရိပ်တွေက လမ်းဘေးမှာ ရှည်လျားလာသည်။ ရှားဟမ့်သည် သူ့ဘေးမှဟန်းလန်၏ တည်ငြိမ်မှုကိုခံစားလိုက်ရသည်။ သူ့နှလုံးသားက ကျေနပ်မှုအပြည့်နဲ့။

ဒီအချိန်လုံး တခြားသူရဲ့ အကာအကွယ်ကို ခံထားရသလို ခံစားရသည်။

ရှားဟမ့်သည် ဟန်းလန်၏ စိတ်ခံစားမှုများတွင် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ယောင်ဝါးဝါးထင်ခဲ့သော်လည်း ဤထူးဆန်းသောခံစားချက်ကို အမြန်ဖယ်ထားလိုက်သည်။  နောက်ဆုံးတော့ 007ကပြောခဲ့သလိုပဲ၊ သူက အမြောက်စာဇာတ်ကောင်လေးပဲလေ၊ ရာထူးတိုးခံရသော်လည်း သူသည်အမြောက်စာဖြစ်နေတုန်းပင်။ ဇာတ်လိုက်နှင့် သူကြား အကွာအဝေးသည် သူနှင့် ကောင်းကင်ရှိ နေတို့ကြား အကွာအဝေးလောက်ရှိသည်။

ရှားဟမ့်နေထိုင်သည့် ပတ်ဝန်းကျင်သည် အလွန်ဆိတ်ငြိမ်ပြီး အတော်အတန် ရှေးကျသော နေရာဖြစ်သည်။ ထိုအချိန်တွင် လမ်းပေါ်တွင် မည်သူမျှမရှိ၍ မီးများအားလုံးကို ပိတ်ထားသည်။

ဟန်းလန်သည် သူ့ရှေ့မှလေးနက်သော အမူအရာဖြင့်လျှောက်နေသော ရှားဟမ့်ကိုကြည့်ကာ မစဘဲမနေနိုင်တော့ဘဲ ထူးထူးဆန်းဆန်း အော်သံထုတ်လိုက်သည်။ ထိုအသံကြောင့် ရှားဟမ့်သည် အော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။

ကံကောင်းထောက်မစွာ၊ နောက်ဆုံးအခိုက်အတန့်တွင် ဟန်းလန်ကသူ့ကို ပွေ့ဖက်ထားသည်။ ရှားဟမ့်က ဟန်းလန်ကိုလက်သီးနဲ့ ထိုးခဲ့ပေမယ့် ခွန်အားမပါခဲ့ပါဘူး။ အဲဒီအစား ဟန်းလန်ရဲ့ ထိုနေရာတစ်ဝိုက်ကို အနည်းငယ်ယားယံစေတယ်။

ဟန်းလန်သည် မျက်နှာဖြူဖျော့နေသော ရှားဟမ့်ကိုကြည့်ကာ ရယ်မောလိုက်သည်။

ရှားဟမ့်သည်လည်း အနည်းငယ်ပုံကြီးချဲ့မိသည်ဟု ခံစားမိသောကြောင့် သူလည်းလိုက်ရယ်မိသည်။

ဤကဲ့သို့ပင် လူနှစ်ယောက်သည် လမ်းဘေးတွင် အသက်ရှူမဝလောက်အောင် ရယ်မောနေကြသည်။

ဒီအဖြစ်အပျက်လေးပြီးသွားတော့ သူတို့နှစ်ယောက်ကြားက အငွေ့အသက်တွေက ပိုပိုပြီး ရင်းနှီးလာခဲ့ပြီး အဲဒီညက ပဋိပက္ခအကြောင်းကိုပင် မြန်မြန်မေ့သွားကြသည်။ သူတို့သည် လှေကားခုနစ်စင်းကို ပျော်ရွှင်စွာ တက်ခဲ့ကြပြီး နောက်ဆုံးတွင်ရှားဟမ့်၏အခန်း တံခါးရှေ့သို့ရောက်ရှိလာခဲ့သည်။

ရှားဟမ့်သည် မီးကိုဖွင့်လိုက်ပြီး ဖိနပ်အသစ်တစ်ရံကို ထုတ်ယူကာ ဟန်းလန်ထံပေးလိုက်သည်။

ဟန်းလန်သည် နွေးထွေးသန့်ရှင်းပြီး ပရိဘောဂများပြင်ဆင်ထားသော အခန်းကိုကြည့်ကာ သူ့စိတ်နှလုံးထဲတွင်သဘောကျမိသည်။ ဤအခန်းက သူ့ကိုရှားဟမ့်ကဲ့သို့ နွေးထွေးစေပြီး နှစ်သက်ဖွယ်ကောင်းကာ ခွန်အားပြည့်စေသည်။

လူနှစ်ယောက် ရေချိုးပြီးနောက် ဟန်းလန်သည် စောင်ကိုပွေ့ဖက်ကာ ဆိုဖာပေါ်တွင်အိပ်နေသည်။ သူ့မှာလန်းဆန်းစွာ အိပ်စက်နေခဲ့သည်။

ဒုတိယနေ့တွင် သူတို့နှစ်ဦး ကုမ္ပဏီသို့ရောက်ရှိလာပြီး အဖွဲ့E၏ခေါင်းဆောင် ရှလီသည် နံနက်အစောပိုင်းတွင် အထွေထွေမန်နေဂျာရုံးခန်းသို့ ခေါ်ခံခဲ့ရကြောင်းသိရှိရသည်။

အဖွဲ့Eမှ အခြားလူများကိုလည်း HRဌာနအကြီးအကဲက အစည်းအဝေးခေါ်ခဲ့သည်။

ရှားဟမ့်အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ ဟန်းလန်နှင့်ချန်ခိုင်းမင်ကြားက အပြန်အလှန်ဆက်ဆံရေးအတွက် အောင်အောင်မြင်မြင် မနှုတ်ထွက်နိုင်ခဲ့တာကလွဲရင်  ယခင်missionများ ပြီးမြောက်သွားဖွယ်ရှိသော်လည်း နုတ်ယူထားသော အမှတ်များကိုပြန်ပေးမည်မဟုတ်ပါ။ ရှားဟမ့်အနည်းငယ် လန့်သွားသည်။

ဒါပေမယ့်ခဏကြာတော့ သူဒါတွေကို ဂရုမစိုက်တော့ပေ။ ဆောင်းရာသီတိုင်း၊ ကမ္ဘာ့ဖက်ရှင်မြို့တော်ဖြစ်တဲ့ Hနိုင်ငံက လက်ဝတ်ရတနာပြပွဲကို ကျင်းပလေ့ရှိသည်။

ချန်ခိုင်းမင်၏ အကြီးမားဆုံး ရည်မှန်းချက်မှာ လက်ဝတ်ရတနာပြပွဲတွင် ရွှေတံဆိပ်ရရှိရန်ဖြစ်သည်။ ဒီပထမဆုက အရမ်းအရေးကြီးသည်။

ဆုကြီးရရှိရန်အတွက် အဖွဲ့တစ်ဖွဲ့စီသည် လက်ရာသုံးစုံကိုထုတ်လုပ်ကာ အကောင်းဆုံးကိုရွေးချယ်ရမည်ဖြစ်သောကြောင့် ဒီဇိုင်းဌာနတစ်ခုလုံးသည် အပြိုင်အဆိုင်စိတ်ဓာတ်အပြည့်ရှိကြသည်။

လူတိုင်းက အချိန်ပိုလုပ်လာကြသည်။

ဟန်းလန်သည် မူလက စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မြင့်မားသူတစ်ဦးဖြစ်ပြီး ယခုအချိန်တွင်းတွင် သူ၏မြင့်မားသော စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကို မီးမောင်းထိုးပြခဲ့သည်။ သူသည် လူတိုင်းအတွက်နေ့တိုင်း အဆာပြေမုန့် ဝယ်လာပေးသည်။

၎င်းတို့အထဲတွင် အုပ်စုAနှင့် အုပ်စုEအတွက် အဆာပြေစာများက ပိုများသည်။ တစ်ဖက်တွင်၊ သူတို့သည် အလုပ်အရှုပ်ဆုံးဖြစ်သောကြောင့်ဖြစ်ပြီး တစ်ဖက်တွင် ချန်ခိုင်းမင်၏ အစည်းအဝေးအစီအစဉ်များနှင့် တွဲဖက်ထားသည့် ဟန်းလန်၏သရေစာများသည် သူတို့အလိုရှိရာကို အကျိုးသက်ရောက်စေသည်။

အဖွဲ့Eမှလူများသည် ရှားဟမ့်ကိုရည်ရွယ်ချက်ရှိရှိအနိုင်ကျင့်ခြင်းမရှိတော့ပါ။ ရှားဟမ့်နှင့်သူတို့ကြားတွင် တင်းမာမှုအချို့ရှိနေသေးသော်လည်း အများအားဖြင့် ညီညွတ်မှုများစွာရှိခဲ့သည်။ တမင်တကာ အနိုင်ကျင့်တာမျိုးတွေ မရှိတော့ပေ။

တစ်လလောက် ကြိုးစားပြီးနောက် ပြပွဲကိုပို့ရမယ့် မော်ဒယ်ကနောက်ဆုံးမှာ ပြီးသွားခဲ့သည်။ ရှားဟမ့်သည် ဟန်းလန်တင်သွင်းသည့် ဒီဇိုင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။

သူက ဟန်းလန်လောက်တော့ မပျော်ခဲ့ပေ။ သူလည်းအစီအစဉ်တစ်ခုကိုအဆိုပြုခဲ့ဖူးသော်လည်း အဖွဲ့၏ရွေးချယ်ခြင်းမခံခဲ့ရပေ။

ရှားဟမ့်အတွက်ကတော့ နောင်တရစရာတွေ ရှိနေတုန်းပါဘဲ၊ ဒါပေမယ့် ဟန်းလန်အတွက် ပိုပျော်သည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အရမ်းကောင်းသည်။ တစ်ဖက်သားကို မချီးကျူးရင် ဘယ်ကောင်းပါ့မလဲ?

ထို့ကြောင့် ရွေးချယ်ထားသော လက်ရာများကို ကြေငြာသည့် ညနေတွင် ရှားဟမ့်ကဟန်းလန်ကို ညစာစားရန်ဖိတ်ကြားခဲ့ပြီး ဟော့ပေါ့ပဲသွားစားကြသည်။ ဒီတစ်ခါတော့ နှစ်ယောက်စလုံး ဝိုင်တွေ အများကြီးသောက်ခဲ့ကြသည်။

ဟန်းလန်သည် အရက်ကို ခံနိုင်ရည်ရှိသောကြောင့် မမူးပေ။ သို့သော် အရက်သောက်၍ နီရဲနေသော ရှားဟမ့်​ကိုကြည့်ရင်း စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်မှုများအပြည့်ရှိသော မျက်လုံးလေးကို ငုံ့ကာနမ်းလိုက်သည်။

ပါးပြင်ကိုသာ နမ်းလိုက်ပေမယ့်ပေါ့။

နောက်တစ်နေ့ အိပ်ရာထလာသော ရှားဟမ့်သည် သူ၏စနစ်ထပ်မံပြောင်းလဲသွားတာကြောင့် အံ့အားသင့်သွားသည်။

"မင်္ဂလာနံနက်ခင်းပါ host၊ System 002ဝန်ဆောင်မှုပေးရန်အသင့်ပါပဲ။" ဟု စက်သံတစ်ခုက ကြေညာလာသည်။

.................

Zawgyi

အမ်ိဳးသားအျမႇောက္စာေအာင္သြယ္ေရးsystem 007သည္ အြန္လိုင္းေပၚေရာက္လာၿပီး ရွားဟမ့္​ကို စိတ္မေကာင္းစြာေၾကျငာလိုက္သည္။ "host၏ ယခင္မစ္ရွင္ မေအာင္ျမင္တဲ့အတြက္ ပင္မsystemက host၏အမွတ္တစ္ဝက္ကို ျပစ္ဒဏ္အျဖစ္ ႏုတ္ယူလိုက္ပါၿပီ။"

ထိုအခ်ိန္တြင္ ရွားဟမ့္သည္ ဟန္းလန္၏လက္ထဲသို႔ ေရာက္သြားခဲ့သည္။ ဟန္းလန္၏ ေပြ႕ဖက္မႈ၏ ႏြေးေထြးမႈကို ခံစားလိုက္ရေသာအခါ ရွားဟမ့္၏မူလစိတ္ပ်က္အားငယ္မႈ အနည္းငယ္ ျပန္လည္သက္သာလာခဲ့သည္။

ခ်န္ခိုင္းမင္သည္ ဒီဇိုင္းဌာနမွ ထြက္သြားၿပီးျဖစ္ၿပီး သူႏွင့္ဟန္းလန္တို႔သာ က်န္ေတာ့သည္။ ဟန္းလန္သည္ ႀကိဳ႕ထိုးမသြားရန္ ႐ုန္းကန္ေနသည့္ မ်က္လုံးနီရဲေနေသာရွားဟမ့္ကို ၾကည့္လိုက္သည္။ သူ႕အတြက္ အရမ္းသနားမိေပမယ့္ အရမ္းႀကီးလြန္လြန္က်ဴးက်ဴးမလုပ္ခ်င္ေပ။ သူသည္ ရွားဟမ့္ကိုသူ႕ရင္ခြင္ထဲထည့္ထားၿပီး စိတ္တည္ၿငိမ္သြားေအာင္ လုပ္ေပးေနသည္။

ရွားဟမ့္သည္ ဟန္းလန္ႏွင့္ေနရသည္မွာ အလြန္သက္ေတာင့္သက္သာရွိေသာေၾကာင့္ တစ္ေယာက္ေယာက္ ဝင္လာပါကျမင္ရမည့္ သူတို႔၏ပုံရိပ္ကို စိတ္မ၀င္စားဘဲ၊ ၎အစား 007ကိုသူ႕စိတ္ထဲတြင္ ေမးသည္။ "ငါကအခုဘာလို႔ အမ်ိဳးသားအေျမာက္စာလက္တြဲေဖာ္ ျဖစ္လာရတာလဲ"

007သည္ ခပ္တန္းတန္းသာေနသည္။ သူ႕အသံက ေအးစက္ေနၿပီး ခံစားခ်က္ကင္းမဲ့ေနသည္။ ​​"အမ်ိဳးသားဇာတ္လိုက္က မင္းနဲ႕အတူ ႏႈတ္ထြက္ခ်င္တယ္ေျပာလို႔ မင္းရဲ႕ဇာတ္႐ုပ္ဆက္တင္ကိုထပ္ျပဳျပင္ဖို႔လိုအပ္တယ္လို႔ ပင္မsystemကေကာက္ခ်က္ခ်လိဳက္ပါတယ္။"

"ဒါဆိုအခု ငါ့missionကဘာလဲ" ရွားဟမ့္ကကူကယ္ရာမဲ့စြာ ေမးလိုက္သည္။

“ဇာတ္လိုက္gongနဲ႕ ဇာတ္လိုက္shouတို႔ၾကားက ခံစားခ်က္ေတြကို ျမႇင့္တင္ေပးဖို႔ အစြမ္းကုန္အားစိုက္ထုတ္ပါ။” 007က အလြန္ေအးစက္စြာေျပာသည္။

“ဒါေပမယ့္…ငါမွေဘာ့စ္နဲ႕သိပ္စကားမေျပာတာ…” ရွားဟမ့္က ေပ်ာ့ညံ့စြာေျပာသည္။

"ကိစၥမရွိပါဘူး၊ မၾကာခင္​ အခြင့္​အ​ေရး​ေရာက္​လာမွာပါ။" 007က ယုံၾကည္မႈအျပည့္နဲ႕ ေျပာလိုက္သည္။

ရွားဟမ့္​သည္ ခဏတာ တိတ္ဆိတ္သြားၿပီးသူက ႐ုတ္တရက္ ေမးလာသည္။ "ဟန္းလန္က ခ်န္ခိုင္းမင္နဲ႕ပဲ အဆုံးသတ္ရမွာလား?"

007ကစိတ္မရွည္စြာ ျပန္ေျဖလိုက္သည္။ "ဟုတ္ပါတယ္၊ ဒါမွ မဟုတ္ရင္ ဇာတ္ကြက္ကို ေရွ႕တိုးဖို႔ ဘာလို႔မင္းလို အေျမာက္စာေတြ လိုရမွာလဲ"

ရွားဟမ့္လည္း သူ႕ကိုယ္သူ ႏွိမ့္ခ်စြာရယ္ေမာလိုက္သည္။ ဟုတ္တယ္။ သူတို႔နဲ႕မတူတာက သူက အေျမာက္စာဇာတ္ေကာင္ေလးသာ၊ ဇာတ္လိုက္နဲ႕ ဘယ္လိုလုပ္ နီးစပ္နိုင္မွာလဲ...

႐ုတ္တရက္ ရွားဟမ့္အနည္းငယ္ ပင္ပန္းလာသည္။ သူသည္ဟန္းလန္၏ပခုံးေပၚ ညင္သာစြာမွီလိုက္သည္။ ဟန္းလန္၏ရနံ႕ကို သူအလြန္ႏွစ္သက္သည္။ ၎သည္သူ႕အား မေရရာေသာ လုံၿခဳံမႈကို ခံစားမိေစသည္။

ဒီအခ်ိန္မွာ ရွားဟမ့္ကဘာမွမေတြးခ်င္ေတာ့ဘဲ ခဏတာသက္ေတာင့္သက္သာရွိမယ့္သူတစ္ေယာက္နဲ႕ အခ်ိန္ျဖဳန္းခ်င္႐ုံသာ။

ဟန္းလန္သည္ ရွားဟမ့္၏သူ႕အေပၚ မွီခိုအားထားမႈကို ခံစားခဲ့ရၿပီး သူ႕ႏွလုံးသားသည္ အလြန္စိတ္လႈပ္ရွားေနခဲ့သည္။ သူ႕ရဲ႕ ရွည္လ်ားလွတဲ့ အခ်စ္မစ္ရွင္မွာ ေနာက္ဆုံးမွာေတာ့ ေနာက္ထပ္ မွတ္တိုင္တစ္ခု ေရာက္ရွိလာခဲ့ေလၿပီ။

ဟန္းလန္သည္ စိတ္ေပ်ာ္ေနခဲ့သည္။ သူ႕ရဲ႕ေပ်ာ္႐ႊင္မႈဟာ အေၾကာင္းျပခ်က္ေကာင္းေကာင္း ကေတာ့မဟုတ္ေပမယ့္၊ သူခ်စ္တဲ့လူက သူ႕ကို အႂကြင္းမဲ့ယုံၾကည္ၿပီး အားကိုးေနတယ္ဆိုတာထက္ ဘာကပိုစြဲမက္စရာေကာင္းနိုင္မွာလဲ။

အဲဒီညမွာ သူတို႔ႏွစ္ေယာက္က စာမူေတြအကုန္မဆြဲၿပီးခင္ မနက္ ၂နာရီအထိ အလုပ္လုပ္ခဲ့ၾကသည္။ ဟန္းလန္သည္ အနည္းငယ္အိပ္ငိုက္ေနၿပီျဖစ္ေသာ ရွားဟမ့္ကိုၾကည့္ကာ အႀကံေပးလိုက္သည္။ "သြားရေအာင္၊ ကိုယ္အိမ္ျပန္လိုက္ပို႔ေပးမယ္"

ရွားဟမ့္ကအခ်ိန္ကို အလ်င္အျမန္ၾကည့္ကာ ျငင္းလိုက္သည္။ "ရပါတယ္၊ ကြၽန္ေတာ့္အိမ္ကနီးတယ္၊ ဒါေပမယ့္ေကာျမန္ျမန္ျပန္သင့္တယ္ေနာ္။"

ဟန္းလန္က ရွားဟမ္သူတို႔ႏွစ္​ေယာက္ၾကား စည္းျခားေနေသးတာကို ၾကည့္ၿပီးအႀကံေကာင္း စဥ္းစားမိသည္။

အဲ့ေတာ့သူ႕လက္ကို ပြတ္ကာေျပာလိုက္သည္။ "မင္းအိမ္ကနီးမွေတာ့၊ ကိုယ္မင္းအိမ္မွာပဲ အိပ္လိုက္ရင္ေကာင္းမလား? အခ်ိန္လည္းမကုန္ေတာ့ဘူးေလ။"

ရွားဟမ့္အံ့ၾသသြားသည္။ သူဆႏၵရွိေပမယ့္...သူက007ကို သတိႀကီးႀကီးနဲ႕ ေမးလိုက္သည္။ "အမ္...ဇာတ္လိုက္shouကို ငါ့အိမ္ေခၚသြားရင္ ေကာင္းပါ့မလား"

007ကခ်က္ခ်င္း တုံ႕ျပန္လာသည္။ "သူကshouလို႔ ဘယ္သူေျပာတာလဲ!!"

ရွားဟမ့္​၏ ေခါင္းသည္007၏ က်ယ္ေလာင္ေသာ ေအာ္သံေၾကာင့္ ပဲ့တင္ထပ္သြားသည္။  သူကရင္းရင္းႏွီးႏွီး လ်င္ျမန္စြာျပန္ေျပာလိုက္သည္။ “အိုး၊ ဒါဆိုအထင္လြဲတာ၊ အထင္လြဲတာ။  သူကshouမဟုတ္ဘူး။ ဒါဆို သူ႕ကိုတစ္ညေလာက္ အိမ္ေခၚသြားလို႔ရမလား  တကယ္ေနာက္က်ေနၿပီ…"

“သူကအိပ္႐ုံပဲအိပ္မွာ၊ မင္းကိုဘာမွလုပ္မွာမဟုတ္ဘူး။ ဒီလိုအေသးအဖြဲ႕ေမးခြန္းေတြနဲ႕ ငါ့ကို ႏွောက္ယွက္ေနစရာ မလိုဘူး” 007ကဂုဏ္ယူစြာေျပာသည္။

ရွားဟမ့္သည္ 007၏ စကားကိုၾကားၿပီးေနာက္ အလြန္ဝမ္းသာသြားသည္။ ဤသည္မွာတစ္ေယာက္ေယာက္ကို သူ႕အိမ္သို႔ပထမဆုံးအႀကိမ္ ဖိတ္ေခၚျခင္းပင္။

ခဏေလး၊ ဒါပထမဆုံးပဲလား။  ရွားဟမ့္​က ဒီေမးခြန္းကိုျပန္စဥ္းစားမိသည္။ အခ်ိဳ႕ေသာ ျမင္ကြင္းမ်ားကို သူ ေယာင္ဝါးဝါး မွတ္မိလာေသာ္လည္း ထိုမွတ္ဉာဏ္မ်ားသည္ ျမဴလိုေမွးမွိန္ေပ်ာက္ကြယ္သြားခဲ့သည္။

007 တုန္လႈပ္ေခ်ာက္ခ်ားစြာ ေမးလိုက္သည္။ “တစ္ခုခုကို စဥ္းစားမိလို႔လား?"

ရွားဟမ့္​က ေခါင္းခါလိုက္သည္။ "မဟုတ္ဘူး၊ ထူးဆန္းတဲ့ပုံေတြခ်ည္းပဲ"

007သည္ အနည္းငယ္ စိတ္ပ်က္သြားပုံရသည္၊ "အိုး...၊ ဒါဆိုလည္း ေကာင္းၿပီ"  ထို႔ေနာက္ သူသည္စိတ္အားထက္သန္စြာေျပာသည္။– “သူနဲ႕အတူျပန္ရင္ လမ္းမွာေဘးကင္းဖို႔ ဂ႐ုစိုက္ရမယ္။ ေနာက္ဆုံးေတာ့ သူက…ဘာမွမဟုတ္ေတာ့ဘူး။ မင္းနားလည္မွာလည္းမဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္ မင္းလိုဆယ္ေယာက္ကို ေရာင္းလိုက္ရင္ေတာင္ သူ႕အေႂကြးကိုျပန္ဆပ္နိုင္မွာမဟုတ္ဘူးဆိုတာပဲ သိထားလိုက္။”

ရွားဟမ့္ကၿပဳံးၿပီး သေဘာတူလိုက္ကာ ၎ကို “OK” ျဖင့္ တုံ႕ျပန္ခဲ့သည္။ system007သည္ ပိုမိုတင္းက်ပ္ပုံေပါက္ေသာ္လည္း ဆက္သြယ္ေျပာဆိုမႈေကာင္းၿပီး တာဝန္ယူမႈအျပည့္ရွိေသာ systemတစ္ခုျဖစ္ေနဆဲျဖစ္ေၾကာင္း သူနားလည္ခဲ့သည္။

ရွားဟမ့္သည္ 007ႏွင့္ ခဏၾကာ စကားေျပာခဲ့ၿပီး ဟန္းလန္သည္ သူ႕အေျဖကိုေစာင့္ေနဆဲျဖစ္ေၾကာင္း သတိရလိုက္သည္။  သူကေခါင္းေမာ့ၿပီး စားပြဲကို သပ္သပ္ရပ္ရပ္ ျပင္ဆင္ေနတဲ့ ဟန္းလန္ကိုၾကည့္ရင္း ၿပဳံးလိုက္သည္။ "ေကာင္းၿပီေလ၊ ကြၽန္ေတာ့အိမ္ တစ္ညေလာက္လာအိပ္လို႔ရပါတယ္။"

ဟန္းလန္သည္ ရွားဟမ့္ကအခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနေသာေၾကာင့္ ေမွ်ာ္လင့္ခ်က္ကို စြန႔္လႊတ္ခဲ့ၿပီးျဖစ္သည္။ ဟန္းလန္က ရွားဟမ့္ကိုစိတ္အႏွောင့္အယွက္ျဖစ္ေအာင္လုပ္မိေၾကာင္း ယူဆၿပီး အေျခအေနကိုဘယ္လို ကုစားရမလဲဆိုတာအေလးအနက္ စဥ္းစားေနခဲ့သည္။

ရွားဟမ့္သည္ မထင္မွတ္ပဲ ခဏတာ ႏႈတ္ဆိတ္ေနခဲ့ေသာ္လည္း အမွန္တကယ္ သေဘာတူခဲ့သည္။

ရိုလာကိုစတာစီးလိုက္ရသလိုပါပဲ။ အေျခအေနတစ္ခုလုံးသည္ အတက္အဆင္းႏွင့္ ျပည့္ေနသည္။ အရမ္းလည္းစိတ္လႈပ္ရွားစရာေကာင္းသည္။

ယခုမူဟန္းလန္သည္ ခ်ိဳၿမိန္ေသာ ပ်ားရည္အိုးထဲတြင္ သူ႕ႏွလုံးသားေလး လွိမ့္ဝင္သြားသလို ခံစားလိုက္ရသည္။

လူႏွစ္ေယာက္သည္ ကုမၸဏီတံခါးမွထြက္လာၿပီး အိမ္ျပန္ခဲ့ၾကသည္။  လေရာင္ကေတာက္ပေနၿပီး သူတို႔အရိပ္ေတြက လမ္းေဘးမွာ ရွည္လ်ားလာသည္။ ရွားဟမ့္သည္ သူ႕ေဘးမွဟန္းလန္၏ တည္ၿငိမ္မႈကိုခံစားလိုက္ရသည္။ သူ႕ႏွလုံးသားက ေက်နပ္မႈအျပည့္နဲ႕။

ဒီအခ်ိန္လုံး တျခားသူရဲ႕ အကာအကြယ္ကို ခံထားရသလို ခံစားရသည္။

ရွားဟမ့္သည္ ဟန္းလန္၏ စိတ္ခံစားမႈမ်ားတြင္ တစ္စုံတစ္ခု မွားယြင္းေနၿပီဟု ေယာင္ဝါးဝါးထင္ခဲ့ေသာ္လည္း ဤထူးဆန္းေသာခံစားခ်က္ကို အျမန္ဖယ္ထားလိုက္သည္။  ေနာက္ဆုံးေတာ့ 007ကေျပာခဲ့သလိုပဲ၊ သူက အေျမာက္စာဇာတ္ေကာင္ေလးပဲေလ၊ ရာထူးတိုးခံရေသာ္လည္း သူသည္အေျမာက္စာျဖစ္ေနတုန္းပင္။ ဇာတ္လိုက္ႏွင့္ သူၾကား အကြာအေဝးသည္ သူႏွင့္ ေကာင္းကင္ရွိ ေနတို႔ၾကား အကြာအေဝးေလာက္ရွိသည္။

ရွားဟမ့္ေနထိုင္သည့္ ပတ္ဝန္းက်င္သည္ အလြန္ဆိတ္ၿငိမ္ၿပီး အေတာ္အတန္ ေရွးက်ေသာ ေနရာျဖစ္သည္။ ထိုအခ်ိန္တြင္ လမ္းေပၚတြင္ မည္သူမွ်မရွိ၍ မီးမ်ားအားလုံးကို ပိတ္ထားသည္။

ဟန္းလန္သည္ သူ႕ေရွ႕မွေလးနက္ေသာ အမူအရာျဖင့္ေလွ်ာက္ေနေသာ ရွားဟမ့္ကိုၾကည့္ကာ မစဘဲမေနနိုင္ေတာ့ဘဲ ထူးထူးဆန္းဆန္း ေအာ္သံထုတ္လိုက္သည္။ ထိုအသံေၾကာင့္ ရွားဟမ့္သည္ ေအာ္ဟစ္သံႏွင့္အတူ ေျမျပင္ေပၚသို႔ လဲက်လဳနီးပါး ျဖစ္ခဲ့ရသည္။

ကံေကာင္းေထာက္မစြာ၊ ေနာက္ဆုံးအခိုက္အတန႔္တြင္ ဟန္းလန္ကသူ႕ကို ေပြ႕ဖက္ထားသည္။ ရွားဟမ့္က ဟန္းလန္ကိုလက္သီးနဲ႕ ထိုးခဲ့ေပမယ့္ ခြန္အားမပါခဲ့ပါဘူး။ အဲဒီအစား ဟန္းလန္ရဲ႕ ထိုေနရာတစ္ဝိုက္ကို အနည္းငယ္ယားယံေစတယ္။

ဟန္းလန္သည္ မ်က္ႏွာျဖဴေဖ်ာ့ေနေသာ ရွားဟမ့္ကိုၾကည့္ကာ ရယ္ေမာလိုက္သည္။

ရွားဟမ့္သည္လည္း အနည္းငယ္ပုံႀကီးခ်ဲ့မိသည္ဟု ခံစားမိေသာေၾကာင့္ သူလည္းလိုက္ရယ္မိသည္။

ဤကဲ့သို႔ပင္ လူႏွစ္ေယာက္သည္ လမ္းေဘးတြင္ အသက္ရႉမဝေလာက္ေအာင္ ရယ္ေမာေနၾကသည္။

ဒီအျဖစ္အပ်က္ေလးၿပီးသြားေတာ့ သူတို႔ႏွစ္ေယာက္ၾကားက အေငြ႕အသက္ေတြက ပိုပိုၿပီး ရင္းႏွီးလာခဲ့ၿပီး အဲဒီညက ပဋိပကၡအေၾကာင္းကိုပင္ ျမန္ျမန္ေမ့သြားၾကသည္။ သူတို႔သည္ ေလွကားခုနစ္စင္းကို ေပ်ာ္႐ႊင္စြာ တက္ခဲ့ၾကၿပီး ေနာက္ဆုံးတြင္ရွားဟမ့္၏အခန္း တံခါးေရွ႕သို႔ေရာက္ရွိလာခဲ့သည္။

ရွားဟမ့္သည္ မီးကိုဖြင့္လိုက္ၿပီး ဖိနပ္အသစ္တစ္ရံကို ထုတ္ယူကာ ဟန္းလန္ထံေပးလိုက္သည္။

ဟန္းလန္သည္ ႏြေးေထြးသန႔္ရွင္းၿပီး ပရိေဘာဂမ်ားျပင္ဆင္ထားေသာ အခန္းကိုၾကည့္ကာ သူ႕စိတ္ႏွလုံးထဲတြင္သေဘာက်မိသည္။ ဤအခန္းက သူ႕ကိုရွားဟမ့္ကဲ့သို႔ ႏြေးေထြးေစၿပီး ႏွစ္သက္ဖြယ္ေကာင္းကာ ခြန္အားျပည့္ေစသည္။

လူႏွစ္ေယာက္ ေရခ်ိဳးၿပီးေနာက္ ဟန္းလန္သည္ ေစာင္ကိုေပြ႕ဖက္ကာ ဆိုဖာေပၚတြင္အိပ္ေနသည္။ သူ႕မွာလန္းဆန္းစြာ အိပ္စက္ေနခဲ့သည္။

ဒုတိယေန႕တြင္ သူတို႔ႏွစ္ဦး ကုမၸဏီသို႔ေရာက္ရွိလာၿပီး အဖြဲ႕E၏ေခါင္းေဆာင္ ရွလီသည္ နံနက္အေစာပိုင္းတြင္ အေထြေထြမန္ေနဂ်ာ႐ုံးခန္းသို႔ ေခၚခံခဲ့ရေၾကာင္းသိရွိရသည္။

အဖြဲ႕Eမွ အျခားလူမ်ားကိုလည္း HRဌာနအႀကီးအကဲက အစည္းအေဝးေခၚခဲ့သည္။

ရွားဟမ့္အနည္းငယ္ စိတ္မေကာင္းျဖစ္မိသည္။ ဟန္းလန္ႏွင့္ခ်န္ခိုင္းမင္ၾကားက အျပန္အလွန္ဆက္ဆံေရးအတြက္ ေအာင္ေအာင္ျမင္ျမင္ မႏႈတ္ထြက္နိုင္ခဲ့တာကလြဲရင္  ယခင္missionမ်ား ၿပီးေျမာက္သြားဖြယ္ရွိေသာ္လည္း ႏုတ္ယူထားေသာ အမွတ္မ်ားကိုျပန္ေပးမည္မဟုတ္ပါ။ ရွားဟမ့္အနည္းငယ္ လန႔္သြားသည္။

ဒါေပမယ့္ခဏၾကာေတာ့ သူဒါေတြကို ဂ႐ုမစိုက္ေတာ့ေပ။ ေဆာင္းရာသီတိုင္း၊ ကမၻာ့ဖက္ရွင္ၿမိဳ႕ေတာ္ျဖစ္တဲ့ Hနိုင္ငံက လက္ဝတ္ရတနာျပပြဲကို က်င္းပေလ့ရွိသည္။

ခ်န္ခိုင္းမင္၏ အႀကီးမားဆုံး ရည္မွန္းခ်က္မွာ လက္ဝတ္ရတနာျပပြဲတြင္ ေ႐ႊတံဆိပ္ရရွိရန္ျဖစ္သည္။ ဒီပထမဆုက အရမ္းအေရးႀကီးသည္။

ဆုႀကီးရရွိရန္အတြက္ အဖြဲ႕တစ္ဖြဲ႕စီသည္ လက္ရာသုံးစုံကိုထုတ္လုပ္ကာ အေကာင္းဆုံးကိုေ႐ြးခ်ယ္ရမည္ျဖစ္ေသာေၾကာင့္ ဒီဇိုင္းဌာနတစ္ခုလုံးသည္ အၿပိဳင္အဆိုင္စိတ္ဓာတ္အျပည့္ရွိၾကသည္။

လူတိုင္းက အခ်ိန္ပိုလုပ္လာၾကသည္။

ဟန္းလန္သည္ မူလက စိတ္ပိုင္းဆိုင္ရာ ဉာဏ္ရည္ျမင့္မားသူတစ္ဦးျဖစ္ၿပီး ယခုအခ်ိန္တြင္းတြင္ သူ၏ျမင့္မားေသာ စိတ္ပိုင္းဆိုင္ရာ ဉာဏ္ရည္ဉာဏ္ေသြးကို မီးေမာင္းထိုးျပခဲ့သည္။ သူသည္ လူတိုင္းအတြက္ေန႕တိုင္း အဆာေျပမုန့္ ဝယ္လာေပးသည္။

၎တို႔အထဲတြင္ အုပ္စုAႏွင့္ အုပ္စုEအတြက္ အဆာေျပစာမ်ားက ပိုမ်ားသည္။ တစ္ဖက္တြင္၊ သူတို႔သည္ အလုပ္အရႈပ္ဆုံးျဖစ္ေသာေၾကာင့္ျဖစ္ၿပီး တစ္ဖက္တြင္ ခ်န္ခိုင္းမင္၏ အစည္းအေဝးအစီအစဥ္မ်ားႏွင့္ တြဲဖက္ထားသည့္ ဟန္းလန္၏သေရစာမ်ားသည္ သူတို႔အလိုရွိရာကို အက်ိဳးသက္ေရာက္ေစသည္။

အဖြဲ႕Eမွလူမ်ားသည္ ရွားဟမ့္ကိုရည္႐ြယ္ခ်က္ရွိရွိအနိုင္က်င့္ျခင္းမရွိေတာ့ပါ။ ရွားဟမ့္ႏွင့္သူတို႔ၾကားတြင္ တင္းမာမႈအခ်ိဳ႕ရွိေနေသးေသာ္လည္း အမ်ားအားျဖင့္ ညီၫြတ္မႈမ်ားစြာရွိခဲ့သည္။ တမင္တကာ အနိုင္က်င့္တာမ်ိဳးေတြ မရွိေတာ့ေပ။

တစ္လေလာက္ ႀကိဳးစားၿပီးေနာက္ ျပပြဲကိုပို႔ရမယ့္ ေမာ္ဒယ္ကေနာက္ဆုံးမွာ ၿပီးသြားခဲ့သည္။ ရွားဟမ့္သည္ ဟန္းလန္တင္သြင္းသည့္ ဒီဇိုင္းျဖစ္ေၾကာင္းေတြ႕လိုက္ရသည္။

သူက ဟန္းလန္ေလာက္ေတာ့ မေပ်ာ္ခဲ့ေပ။ သူလည္းအစီအစဥ္တစ္ခုကိုအဆိုျပဳခဲ့ဖူးေသာ္လည္း အဖြဲ႕၏ေ႐ြးခ်ယ္ျခင္းမခံခဲ့ရေပ။

ရွားဟမ့္အတြက္ကေတာ့ ေနာင္တရစရာေတြ ရွိေနတုန္းပါဘဲ၊ ဒါေပမယ့္ ဟန္းလန္အတြက္ ပိုေပ်ာ္သည္။ ေနာက္ဆုံးေတာ့ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက အရမ္းေကာင္းသည္။ တစ္ဖက္သားကို မခ်ီးက်ဴးရင္ ဘယ္ေကာင္းပါ့မလဲ?

ထို႔ေၾကာင့္ ေ႐ြးခ်ယ္ထားေသာ လက္ရာမ်ားကို ေၾကျငာသည့္ ညေနတြင္ ရွားဟမ့္ကဟန္းလန္ကို ညစာစားရန္ဖိတ္ၾကားခဲ့ၿပီး ေဟာ့ေပါ့ပဲသြားစားၾကသည္။ ဒီတစ္ခါေတာ့ ႏွစ္ေယာက္စလုံး ဝိုင္ေတြ အမ်ားႀကီးေသာက္ခဲ့ၾကသည္။

ဟန္းလန္သည္ အရက္ကို ခံနိုင္ရည္ရွိေသာေၾကာင့္ မမူးေပ။ သို႔ေသာ္ အရက္ေသာက္၍ နီရဲေနေသာ ရွားဟမ့္​ကိုၾကည့္ရင္း စိတ္ရင္းမွန္ျဖင့္ ေပ်ာ္႐ႊင္မႈမ်ားအျပည့္ရွိေသာ မ်က္လုံးေလးကို ငုံ႕ကာနမ္းလိုက္သည္။

ပါးျပင္ကိုသာ နမ္းလိုက္ေပမယ့္ေပါ့။

ေနာက္တစ္ေန႕ အိပ္ရာထလာေသာ ရွားဟမ့္သည္ သူ၏စနစ္ထပ္မံေျပာင္းလဲသြားတာေၾကာင့္ အံ့အားသင့္သြားသည္။

"မဂၤလာနံနက္ခင္းပါ host၊ System 002ဝန္ေဆာင္မႈေပးရန္အသင့္ပါပဲ။" ဟု စက္သံတစ္ခုက ေၾကညာလာသည္။

.................

Continue Reading

You'll Also Like

279K 52.2K 68
Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations G...
492K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
988 108 4
ပုံမှန်မဟုတ်တဲ့ Gong တွေပါနေတဲ့ Short stories ၄ပုဒ် Tags -Supernatural / Horror / Yaoi Author -多金少女猫 Chapters -4 {This is just fan translation. I do...