အက်ကြောင်းကဗျာ🍂

Autorstwa ThetHmue3

589K 69.6K 28.6K

ဘယ်အက်ကြောင်းတွေကကဗျာဖြစ်လာနိုင်မှာလဲ။🪶 Więcej

Intro🪶
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
🤍ဇာတ်သိမ်းပိုင်း🤍
🍂Extra🍃

အပိုင်း(၃)

16.5K 2.1K 586
Autorstwa ThetHmue3

"ဒီညပွဲကို မင်ဂျွန် နဲ့အတူတူသွားတက်လိုက်"

"ဟုတ်ကဲ့.."

"ဒယ်ဒီ"

"အင်း..."

"ကျွန်တော် လက်ထပ်ပွဲကိုရက်နည်းနည်းရွေ့လို့
ရမလား"

Coffee ခွက်ကိုချကာစိုက်ကြည့်လာသော
မျက်လုံးတွေသည်ကြောက်စရာအမြဲတမ်း
ကောင်းခဲ့သည်။

"ဘာတွေဖြစ်နေတာလဲJimin..
ဆိုးလ်ကို ရောက်တာ တစ်ပတ်တောင်မရှိသေးဘူး
ဟိုကောင်နဲ့.."

"မဟုတ်ဘူး ဒယ်ဒီ သူနဲ့ဘာမှမဆိုင်ပါဘူး
ကျွန်တော်စိတ်နည်းနည်းပင်ပန်းနေလို့..."

"မင်း ရဲ့ အဲ့ဒီမရေမရာစိတ်ခံစားချက်တွေက
ဘယ်တော့မှပျောက်မှာလဲ
ကလေးကစားနေတာမဟုတ်ဘူးနော်"

"ဖျက်သိမ်းနေတာမှမဟုတ်တာ
လနည်းနည်းနောက်ဆုတ်စေချင်တာ..."

"မရဘူး နှစ်ဖက်မိဘအားလုံးပြောဆို
စီစဉ်ပြီးနေပြီ မင်းနဲ့သူပေါင်းဖက်ဖို့က
စီစဉ်နေတုန်းပဲဆိုပေမယ့် စီးပွါးရေးတွေက
ပေါင်းစပ်ပြီးပြီ ငါဘယ်လိုနည်းနဲ့မှ
အပျက်ဆီးမခံနိုင်ဘူး..."

"မင်းဘဝကို အကောင်းဆုံးအမြင့်ဆုံး
လျှောက်နိုင်ဖ်ို့ မင်းဘဝတစ်လျှောက်လုံး
အမှားတွေကြီးလုပ်ခဲ့တာတောင်
အကောင်းဆုံးဒီလိုမျိုးပြန်တည့်မတ်ပေးခဲ့တာကို
ထပ်ပြီးပြဿနာလုပ်ချင်သေးတာလားJimin"

"မဟုတ်ပါဘူး...."

"တစ်ခုခု လွဲချော်ကြည့် မင်းရောမင်းအမေရော
လွယ်မယ်မထင်နဲ့..."

အဖေအရင်းမဟုတ်ခဲ့ဘူး။ဆိုးတယ်လို့လည်း
သတ်မှတ်၍မရသလိုကောင်းသလားဆိုတော့လည်း
သတ်မှတ်မရပါ။Jimin အထက်တန်းကျောင်းသား
ဘဝမှာမေမေ အိမ်ပေါ်ခေါ်လာခဲ့သည်။
အလွန်အေးစက်သောအပြုအမူ မျက်လုံးတွေနဲ့
စီးပွါးအရှာတော်လွန်းတဲ့သူ။သူစေ့စေ့စပ်စပ်
ဦးဆောင်နိုင်တော့ သားအမိနှစ်ယောက်လုံး
အားကိုးအားထားပြုရာဖြစ်လာသည်။

Jungkook နဲ့တွဲခဲ့သောတစ်လျှောက်လုံးတွင်
ရန်ပွဲပေါင်းများစွာထိပ်တိုက်တွေ့ခဲ့ကာ
သူJungkook ကိုလုံးဝကြည့်မရခဲ့ပါ။
Jungkook နဲ့လမ်းခွဲခဲ့ပြီးသည့်နောက်ပိုင်း
စိတ်ထင်နေသလားမပြောတတ် မေမေနဲ့သူ့အပေါ်
ပို၍လွှမ်းမိုးလာသည်။

"ကျွန်တော့်ကိစ္စ မေမေနဲ့ ဘာဆိုင်လို့လဲ.."

"မင်းတို့သားအမိနှစ်ယောက်လုံးရဲ့ဘဝကို
ငါပိုင်တယ် ငါရှာဖွေကျွေးမွေးတာကို
တစ်ချိန်လုံးစားလာကြတာမလား
ငါဒါလုပ်ဆိုလုပ်လိုက်..."

"ဒယ်ဒီ ခုနောက်ပိုင်းကျွန်တော်တို့သားအမိကို
စကားပြောတာ မိသားစုနဲ့မတူတော့ဘူး
ဘာတွေဖြစ်နေတာလဲ..."

"ပြန်မမေးနေနဲ့ ကိုယ်လုပ်ရမယ့်အလုပ်ကိုသာ
လုပ်စမ်းပါ...မင်းကိုJungkook နဲ့ငါတို့တွဲခိုင်းခဲ့လား
မင်းကိုJungkook နဲ့ငါတို့လမ်းခွဲခိုင်းခဲ့လား
မင်းဟာမင်းဆုံးဖြတ်ခဲ့စိတ်ထင်ရာလုပ်ခဲ့တဲ့ကိစ္စတွေ
ပတ်ဝန်းကျင်မှာ နှစ်တွေအကြာကြီး
အတူတူတတွဲတွဲနေ မင်းတို့ပဲပြောင်းလဲ
နာမည်ပျက်တော့ အသိုင်းအဝိုင်းကြီးတဲ့ငါတို့က
ပဲပိုနစ်နာခဲ့တယ် မင်းကောင်ကြောင့်အရှက်တွေ
ကွဲခဲ့ရတယ်..ဒါပေမယ့်မင်းကိုငြိုငြင်ခဲ့လား
ခုမိဘတွေကသင့်လျှော်တာကိုစီစဉ်ပေးနေပြီ
အားနာတတ်ရင် အေးအေးဆေးဆေးနဲ့
ပါဝင်လိုက်..."

"ဟုတ်ပါတယ် ကျွန်တော်အရမ်းဆိုးခဲ့ပါတယ်
ကျွန်တော် သိလည်းမသိတတ်ခဲ့ပါဘူး
ခုဟာကလည်း ...."

စူးခနဲကြည့်လာသောအကြည့်တွေသည်
တစ်နေ့တခြားဘာကြောင့်များကြောက်စရာ
ကောင်းလာရတာလဲ။စိတ်ထဲအဆင်မပြေတော့တာ
ကြောင့်Jimin ခန္ဓာကိုယ်လေးကျုံ့သွားသည်။

သူက ထိလွယ်ရှလွယ်စိတ်ကလေးကို
ပိုင်ဆိုင်တယ်။အလွန်ဝမ်းနည်းလွယ်တယ်။
အကြောက်လွန်တတ်တယ်။မရေမရာလေးတွေ
ခဏခဏဖြစ်တတ်တယ်။စိတ်လှုပ်ရှားရင်
ဆုံးဖြတ်ချက်တွေမြန်တတ်တယ်။သို့သော်
သန်သန်မာမာပဲမော်မော်ကြွားကြွားလေး
ဘဝတစ်လျှောက်လုံး
အပူအပင်ကင်းပျော်ရွှင်နေနိုင်ခဲ့တယ်။

Jimin ကသူ့ကိုယ်သူဘယ်လိုလူမျိုးဖြစ်လဲ
ဆိုတာသေချာသိခဲ့တဲ့ပုံမပေါ်ဘူး။
သိခွင့်မရခဲ့တာမျိုးတွေလည်းဖြစ်လိမ့်မည်။
Jimin ၏အားနည်းချက်တွေကို
တစ်ပါးသူကိုမပြောနဲ့ကိုယ်တိုင်တောင်
မခံစားခဲ့ရဘူး။

ခုနှစ်ပိုင်းတွေရောက်လာတော့
မလုံမခြုံစိတ်အားငယ်မှုတွေနဲ့
ခုလိုလူတွေရဲ့အရောင်ပြောင်းလဲခြင်းတွေမှာ
လောကကြီးကဒီလိုမျိုးတွေဖြစ်တတ်တာလား
ဆိုတဲ့သိမြင်မှုတွေမှာ မသိမသာအားနည်းလာသည်။

"ရပြီ ဒယ်ဒီ အဆင်ပြေသလိုသာ
လုပ်ပါ ကျွန်တော် ပွဲကို ခုသွားလိုက်ပါ့မယ်"

ထရိုက်တော့မလိုမျက်နှာကိုရှင်းရှင်းပြောရရင်
ကြောက်ခဲ့တာကြောင့်စကားပြောနေရင်းမှ
မြန်မြန်ထွက်လာခဲ့မိသည်။
အိမ်အပြင်ရောက် လမ်းပေါ်မတ်တပ်ရပ်မိတော့
ကျယ်လောင်သောအသံတချို့နားထဲဝင်တိုးလာ
သည်။

"မင်း အဖေအရင်းမဟုတ်ဘူး
မင်းအပေါ်ဟန်ဆောင်ကောင်းပြနေတာ
ငါရှိနေလို့ မင်းကို ဘာမှမလုပ်ရဲနေတာ
အဲ့တာကို မင်းရဲ့ ဒီခေါင်းသေးသေးလေးထဲ
စွဲအောင်မှတ်!!!"

"ငါ့အပေါ်ကောင်းတယ်..မင်းဘာမှဝေဖန်စရာ
မလိုဘူး Jungkook...မင်းငါ့က်ိုနိုင်စားတာ
တွေတော်ရုံတန်ရုံပဲကောင်းတယ်
ငါကြာရင်ပေါက်ကွဲထွက်မိတော့မယ်..."

"မင်းကိုငါနိုင်စားနေတာမဟုတ်ဘူး
ဒီကမ္ဘာမှာ မင်းကိုကာကွယ်နိုင်တာ
ငါပဲရှိတာငါသေချာသိလို့ ပြောနေတာ.."

"အရမ်း ကြီးမြတ်တဲ့အထာတွေမဖမ်းစမ်းပါနဲ့
ငါ့ကိုယ်ငါကာကွယ်နိုင်တယ်
ငါ့အသက်၂၀ကျော်လာပြီ ငါလူကြီးဖြစ်လာပြီ
ငါ့ကိစ္စတွေကိုငါ့ဟာငါဝေဖန်ပိုင်းခြားမယ်"

"သောက်ကလေးဦးနှောက်ကဘာကိုဝေဖန်
ပိုင်းခြားမှာလဲ မင်းကိုငါလုပ်မိတော့မယ်နော်
ParkJimin.."

လုပ်ပြီးပြီ။ပါးနှစ်ဖက်ကိုဒေါသဖြစ်လာရင်
ဆွဲဖျစ်တတ်သောအကျင့်သည်ဖျောက်မရတဲ့ပုံ။

"ငါ့ကို မင်း ချူပ်ကိုင်နေတာ....
ပတ်ဝန်းကျင်တစ်ခုလုံးသိတယ်!!!!
ငါ့ဒယ်ဒီ မဟုတ်ဘူး မင်းကသာလူဆိုး!!"

"လာ ခဲ့!!!မင်းနဲ့ငါအတွေ့ပဲ..."

Relationship သက်တမ်း၆နှစ်မြောက်လောက်
ကဖြစ်လိမ့်မည်။အက်ကြောင်းရေးရေးလေး
တွေမြင်ခါစပေါ့။Jimin အိမ်ရှေ့ကလမ်းပေါ်
တင်ပွဲကြမ်းနေရင်း JeonကJiminအား
ဆောင့်ဆွဲခေါ်တဲ့အခါ ကားပေါ်ကရေချယ်
TaeHyung Yoongi တို့ ပြေးဆင်းလာရတော့သည်။

"စိတ်ထိန်းကြပါဦးဟ!!!!"

သွက်လက်သူရေချယ်ကပြေးဝင်ကာ
ဆွဲတော့ Jeonသည်တွန်းလွှတ်လိုက်သည်။
Yoongi နှင့်ပြေးတိုက်ကာYoongi ရင်ခွင်ထဲ
ပစ်ကျတော့ မျက်လုံးပြူးသွားသူကTaeHyung ။

"နင်ဘာလုပ်တာလဲ!!!!"

"Jungkook တွန်းလိုက်တာ လေ!!"

"အစ်ကို့ ရင်ခွင်ထဲက ထွက်စမ်း!!!!"

အစ်ကို့ကိုဖွင့်တောင်မပြောရသေးပေမယ့်
သဲသဲလှုပ်TaeHyung သည်ရေချယ်ကိုထပ်တွန်း
လွှတ်လိုက်ပြန်သည်။
Yoongi သည် TaeHyung ၏အပြုအမူအား
ကြောင်အအကြည့်နေသည်။

"နင်ဘာဖြစ်နေတာလဲ KimTaeHyung!!!"

"ကျော်ဖို့တွေးမနေနဲ့ ရေချယ် နင်ဘယ်တော့မှ
မရစေရဘူး..."

"ရူးနေတာလား!!!!"

"ငါ့ကိုလွှတ် JeonJungkook!!!!!"

ဖြောင်း။

ဖြောင်းတို့ အုန်း တို့ ထိုးသံကြိတ်သံများသည်
သိပ်တော့မထူးဆန်းတော့။လှမ်းကြည့်လိုက်
ချိန်တွင်အရိုက်ခံရသူကဒေါသကုမ္မရ။
သူပဲအမြဲတမ်းဒါလည်းမထူးဆန်း။
ပါးလေးနှစ်ဖက်ဖျစ်တာလောက်ကို
သူက သူ့ကိုယ်သူ သိပ်နှိပ်စက်နိုင်ပြီဟု
ဂုဏ်ဆာတတ်သောတစ်ခြမ်းလွတ်မို့
သူငယ်ချင်းတွေကရိုးနေပြီ။

"ParkJimin!!!!လက်မပါနဲ့လေ!!!"

"သူစ ပါတာလို့ ငါပါရတာ...မကျေနပ်ဘူး
လား မကျေနပ်ရင် ဖြတ်လိုက် လမ်းခွဲလိုက်!!!"

လက်ပါခြေပါရန်ဖြစ်တာကရိုးအီနေပေမယ့်
Jiminနှုတ်ကအပျက်စကားစပြောတာတော့
အဲ့ဒီရန်ပွဲမှာပထမဆုံးအကြိမ်ဖြစ်လိမ့်မည်။
Jeonသည်ပုံမှန်ဒေါသထွက်နေသောမျက်နှာ
နီနီကနေ ဖြူဖျော့သွားကာ
အလွန်ကြောက်လန့်သွားဟန်။

"ဘာစကားပြောတာလဲ
မင်းငါ့ကိုဘာစကားပြောလိုက်တာလဲ..."

"နာကျင်တယ်မလား နာကျင်တတ်ရင်
ငါ့ကိုမနိုင်စားနဲ့ ငါ့ဘဝကိုဆရာကြီးအထာနဲ့
ဝင်မစွက်ဖက်နဲ့...."

Jeonရဲ့ကြောက်လန့်စွာ ပွေ့ဖက်လိုက်သော
အပြုအမူကို ခုထိတိုင်မျက်လုံးထဲကမထွက်ခဲ့ကြ။
သည်းထန်စွာရှိုက်ငိုလာပြီးနောက် အော်ဟစ်ငိုကာ
ပြေးထွက်သွားခဲ့သောကျောပြင်ကျယ်ကျယ်သည်
တုန်ခိုက်နေခဲ့သည်။

"မောင်!!!...မောင်!!!!!"

ပြေးလိုက်သွားသူသည်အူယားဖားရား။
ဘယ်အရာကိုမဆိုခိုင်မြဲအောင်တည်ဆောက်ရတာ
မလွယ်ကူလှပါဘူး။အကုန်သိ အကုန်မြင်
အသက်ရှုသံတစ်ချက် အကြည့်တစ်ချက်
မြင်ရုံခံစားရရုံနဲ့ဘာဖြစ်နေတာလဲဆိုတာ
အစအဆုံးသိမြင်နိုင်ပြီးသော ကြိုးတွေဟာ
ကောင်းလည်းကောင်းတယ် မကောင်းလည်း
မကောင်းခဲ့ဘူး။

ကလေးဆန်ဆန်အလောတကြီးပြေးလိုက်သွားသောJiminအား အေးစက်စက်မျက်ဝန်း
တွေဖြင့်လက်ရှိJiminသည်လမ်းလည်ကောင်
မတ်တပ်ရပ်လျှက်တွေလေးငေးကြည့်နေသည်။

"မြန်မြန်လက်ထပ်လိုက်တာအကောင်းဆုံးပဲ
ငါ့မှာ ဘာမှရွေးချယ်စရာမရှိတော့ဘူး
ရွေးချယ်လို့မရအောင်လည်း ငါကိုယ်တိုင်ပဲ
ဖန်တီးခဲ့တာ...အေးဆေးပေါ့..."

ခေါင်းလေးထပ်ခါထပ်ခါငြိမ့်ပြီးနောက်
ဆန့်ကျင်ဘက်အရပ်သို့လျှောက်လှမ်းသွားခဲ့တော့သည်။
......။

"အစပ်တွေအရမ်းမစားနဲ့ Min..."

"ဟုတ်...."

ပြုံးပြုံးလေးခေါင်းငြိမ့်ပြသောJimin
သည်စားနေသောစားစရာတချို့ကိုထိန်းလိုက်သည်။
ပါတီတစ်ခုလုံး၏မျက်စိကျစရာအတွဲလေးသည်
သိပ်လိုက်ဖက်ညီနေတာကြောင့်အားလုံး
၏စိတ်ဝင်စားမှုကိုအပြည့်အဝရရှိနေသည်။

"Min ကို မြန်မြန်ကို လက်ထပ်ချင်နေပြီ
ငြိုငြင်သွားမှာစိုးလို့သာစိတ်ရှည်နေတာ
Hyungရဲ့ပုံစံကပုံမှန်ဆို
အဲ့လောက်သဘောမကောင်းနေဘူး
ခုလိုချစ်ဖို့ကောင်းလာလေ ပိုလိုချင်လာလေလေပဲ"

"Hyung ကလည်း ဘယ်လိုတွေဖြစ်နေတာလဲ
အားလုံးစီစဉ်ထားပြီးထားတာကို
တစ်နေ့ရောက်လာမယ့်ဟာ နေရခက်အောင်"

"သိပါတယ်...စ်ိတ်မချနေလို့ပါ..."

"ဒယ်ဒီက လည်းစကားပြောရတာတစ်မျိုး
Hyung ကလည်း ဘာတွေလာလောနေမှန်း
မသိဘူး.."

"မလောပါဘူး...ခံစားချက်လေးကိုပြောပြရုံ
ကျန်တာမင်းသဘောအတိုင်းပါပဲ ..."

"လိမ္မာရဲ့သားနဲ့ ပါတီမှာပျော်ပျော်စမ်းပါ..."

"ကောင်းပါပြီ..."

ကင်မင်ဂျွန်သည်နတ်ဘုရားတမျှကြွရွနေသော
ကောင်လေးကိုကြည့်ကာပြုံးယဲ့ယဲ့။
တစ်နေ့သူဘယ်လိုချေချေကိုယ့်လက်ထဲ
အလွယ်တကူလေးရောက်လာမယ့်
အရာလေး။ရှားပါးရတနာလိုတက်မက်စရာ
လေးမို့ အချိန်အခါကောင်းတွင်သူ့ပထွေးဖြစ်သူ
ကိုအပိုင်ပေါင်းပြီး သေသေချာချာကြိုးစားနေရတာ။

စိတ်တော့သိပ်ရှည်လှတယ်မဟုတ်ပေမယ့်
ကြိုက်မိတော့လည်းရှည်ချင်ယောင်ဆောင်ရတာပေါ့။
ဘယ်လိုနေနေ အပိုင်ရမှကိုဖြစ်မှာ။
တစ်ဝက်ပိုင်နေပြီဆိုပေမယ့်ParkJimin က
လောဘတွေကို အတောမသတ်နိုင်အောင်
ထပ်ထပ်ဖန်တီးပေးနိုင်တဲ့သူလေ။

"ငါ့ရည်းစားဟောင်းအကောင်စုတ်ကို
ပြန်ရွဲ့နိုင်ဖို့ကဒါအကောင်းဆုံးနည်းလမ်းပဲ
သူငယ်ချင်း...ကူညီပေးတာကျေးဇူး
ငါအရက်တိုက်မယ် ပြန်ရင်"

"နှစ်စက်လောက်တော့မရဘူးနော်..
ငါမတိုးဘူး..."

"အရက်ဆိုအနံ့တောင်မခံနိုင်တဲ့JeonJungkook
အသဲကွဲCaseမှာ အရက်သမားလုံးလုံးကို
ဖြစ်သွားတော့တာပဲ ..."

"နင်လျှာရှည်ပြန်ပြီနော် ...."

"လာ..လာ ငါ့ပုခုံးကိုဖက် ခါးကိုလည်းဖက်
လက်ကိုလည်းကိုင်..."

"ကိုင်ပေါက်မိတော့မယ်..တော်ရုံဆိုရပြီ..
ငါစိတ်မရှည်ရင်ပြန်မှာ.."

Jeonက သိပ်စည်းကမ်းရှိတဲ့သူ။
ယောကျ်ားဆန်ခြင်းတွေဟာတန်ဖ်ိုးမြင့်စွာ
ဘယ်နေရာကိုရောက်ရောက်ဘယ်အခြေအနေမျိုး
မှာဖြစ်ဖြစ်ဖြစ်တည်တယ်။သူငယ်ချင်းမလေးရဲ့
ပုခုံးတွေကိုထိရုံတင်ပြီး သိပ်ကလေးဆန်တတ်တဲ့
ရေချယ့်ရဲ့ ဇာတ်ထဲပါရပြန်တယ်။
မပါချင်လည်းပါရတယ်ဘယ်လောက်အရှုပ်တွေကို
မုန်းမုန်း ရေချယ်သူ့ကိုကူညီခဲ့တာတွေကနည်းမှမနည်း
တော့ မှုန်တေတေနဲ့ပါတီထဲဝင်လာရတော့သည်။

"ရေချယ်....နင်ငါ့ကိုစမ်းသပ်လိုက်ပြီပဲ..."

စိတ်ထဲသူမကိုကျောသွားသောရည်းစားဟောင်း
ကိုသာပြန်ကျောချင်စိတ်တွေရှိခဲ့ပြီးJungkook
လက်မောင်းတွေကိုသေချာတွဲကာပါတီအလည်
ရောက်သည်နှင့် ဒိုင်းခနဲရောက်လာသော
Jungkookမျက်လုံးတွေသည်အလွန်အေးစက်စက်။
သူ့မျက်ဝန်းရွှေ့ရာအားလိုက်ကြည့်လိုက်တဲ့အခါ
Jimin ။

Jimin သူ့ရဲ့နောက်တစ်ယောက် သူလက်ထပ်မယ့်
သူလား အဲ့လူနဲ့ကြည်ကြည်နူးနူးလေး
ကြည့်ကာရယ်မောနေသည်။Jiminလက်တွေ
ဟာ ထိုလူရဲ့ Necktie ကိုဆော့ကစားနေပြီး
Shirtအရောင်ရဲရဲတောက်ဖြင့် အလွန်ထင်ပေါ်နေလျှက်။

"မဟုတ်ဘူး Jungkook ငါသူရှိမှန်းမသိဘူး
ငါ ဟိုကောင့်ကို ရွဲ့ဖို့ပဲ ငါမသိပါဘူး.."

ရေချယ့်ကိုကြည့်လိုက်ရုံနဲ့
မလိမ်တာသိနေတာကြောင့်Jeonသည်
စိတ်ကိုလျှော့လိုက်သည်။တကယ်ဆိုသိပ်လည်း
မလိုတော့ပါဘူး။ကိုယ်ပဲတွေ့တိုင်းမြင်တ်ိုင်း
ကြားတိုင်းဆက်ဆက်ခါအောင်နာပြနေသလို
ဖြစ်နေတာ သူကခပ်သာသာရယ်။
ခုလည်း မိုးမမြင်လေမမြင်ပဲ။

"ပြန်မယ် ပြန်မယ်....ရပြီ..."

"ငါနင့်ကိုဘာမှမပြောပါဘူး နင်လုပ်စရာ
ရှိတာလုပ်ပါ..."

"မလုပ်တော့ဘူး ထားလိုက် အရေးမကြီးဘူး
နင့်ကိုဒီမြင်ကွင်းတွေကဘယ်လောက်
နာကျင်စေနိုင်လဲ ငါသေချာသိတယ်
ပြန်ရအောင်..."

ရေချယ်သည် ချက်ချင်းပြန်ထွက်ရန်
ပြင်ဆင်ခဲ့သည်။ပြန်မယ်ဆိုတော့လည်း
ပြန်မယ်ဟု ခြေလှမ်းတွေရွေ့လိုက်ချိန်တွင်
ကံဆိုးခဲ့ပုံပဲ။

"ဟိုနေ့ကMin သူငယ်ချင်းမလား ဟုတ်တယ်မလား
ကျွန်တော်မှတ်မိနေတယ် ကောင်မလေး
လည်းပါတာပဲ..ဟိုမှာ Min လေ ...
Min ဒီမှာ မင်း သူငယ်ချင်း..."

ဘယ်အချိန်ဘယ်လိုအနားရောက်လာမှန်း
မသိသောသူသည်အားရဝမ်းသာ။
ဝိုင်းမှာ အရုပ်ကလေးတစ်ရုပ်ချထားသလို
လူရဲ့ လှမ်းကြည့်လာသောအကြည့်တစ်ချက်
ကိုရလိုက်သည်။ရုတ်တရက်ဆိုတော့အံ့ဩသွား
ရုံကလွဲ ကျန်တာတော့သိပ်မရှိနေပါဘူး။
ဟိုနေ့ကအိမ်သာထဲကကိစ္စကြောင့်
ပို၍အေးစက်သွားပုံလည်းရသည်။

အစိတ်စိတ်အမွှာမွှာပြတ်ပြီးသားကြိုးတွေ
ကို အမှုန်ဖြစ်အောင် ကျွန်တော်ကထပ်ခုတ်ထစ်
နေသလိုပဲ။

"လာလေ...ဝိုင်းမှာ အတူလာထိုင်လေ..."

"နေပါစေရှင် ကျွန်မတို့ပြန်တော့မှာပါ..."

"ခဏ ထိုင်ကြမယ်လေ ရေချယ်..
ငါအချိန်ရပါတယ်..."

လှုပ်လှုပ်ခတ်ခတ်မဖြစ်သွား။အမြဲအေးတိ
အေးစက်ပေါ့တိပေါ့ပျက်
ပုံသည်Jeonကိုတွေ့တိုင်းမှာတနုံ့နုံ့။
ဝိုင်းမှာ ဝင်ထိုင်လိုက်တဲ့အခါ တစ်ချက်တော့
ကြည့်လာပြီး သူ့ဘေးက သူ့လူကိုသာ
ဆက်အာရုံစိုက်သည်။
လူမှုရေးတော့နည်းနည်းသိပုံပေါ်သေးသည်။
ရေချယ့်ကိုဝတ်ကျေတန်းကျေနှုတ်ဆက်လာသည်။

"မတွေ့ရတာကြာပြီ ရေချယ်...
နေကောင်းတယ်မလား..."

"အေး ကောင်းပါတယ်...နင်ရော..."

"ပိုကောင်း..."

ParkJiminပြုံးလိုက်ပါကJeonJungkook
သည် ကာလသုံးပါးမေ့တတ်၏ ဆိုတဲ့
ဝါဒသည်ကျောင်းတုန်းအလွန်နာမည်ကြီးခဲ့သည်။
Jimin ရယ်မောပြုံးရွှင်နေလျှင်
သူတို့အားလုံးJungkookကိုရှာတတ်ကြသည်။
မနီးမဝေးတွင် အရာအားလုံးမေ့ကာမျောမျော
နေတတ်သောမျက်ဝန်းတွေကိုဝိုင်းစရတာက
အကျင့်ကြီးတစ်ခုလိုဖြစ်ခဲ့ကြသည်။

ပြုံးရယ်ကာJiminဖြေလိုက်စဉ်
မျက်နှာလွှဲသွားသောလူတစ်ယောက်၏
ဝဋ်ဒုက္ခသည်အလွန်ကြီးလေခဲ့သည်။

"Min တို့သူငယ်ချင်း အတွဲလေးတွေတိုင်းက
သိပ်လိုက်ဖက်ကြတာပဲ..."

"ကျွန်တော်နဲ့ရေချယ်က သူငယ်ချင်းတွေပါ..."

"အော်....ဟုတ်လား..
ချစ်သူတွေထင်လို့ Sorry နော်.."

"ရပါတယ်...ဒီလိုပဲ ကျွန်တော်တို့လိုက်ဖက်
လို့ထင်တယ် တွေ့တဲ့လူတိုင်းကအတွဲထင်နေတာ"

"အဲ့တာတော့ဟုတ်တယ်...မင်းတို့
တော်တော်ကိုလိုက်ဖက်ကြတယ်
အဲ့တာကြောင့်ကိုယ်လည်းအထင်မှားနေတာ"

ရင်းရင်းနှီးနှီး စစနောက်နောက်ဆိုလာ
သော သူကို Jeonက ပြုံးယဲ့ယဲ့ကြည့်လျှက်

"မမှားကြပါနဲ့...စိတ်ညစ်လွန်းလို့..."

"ဘာလို့လဲ...ဒီလောက်လိုက်ဖက်တာ
အတွဲလေးဖြစ်သွားတော့လည်း
ပိုမကောင်းဘူးလား..."

အလွန်ရင်းနှီးလွန်းသော Jeonနဲ့ရေချယ်၏
အပြုအမူများသည်ကင်မင်ဂျွန်ရဲ့ စိတ်ထဲ
ကြိုက်နေကြတာကို
တစ်ယောက်နဲ့တစ်ယောက်မူနေကြခြင်းဟု
ထင်ကာ စကားတွေကြောင်းခဲ့သည်။

"သူငယ်ချင်းတွေကို....ဘယ်လိုအတွဲလဲ..."

"သူငယ်ချင်းလည်း ဘာဖြစ်လို့လဲ.."

"စည်းလေ......"

သူတို့စကားဝိုင်းကိုမသိသလို
မကြားသလို ခပ်တည်တည်လူ၏
မျက်အိမ်ကျဉ်းကျဉ်းတွေသည်
Jeon ထံတန်းတန်းမတ်မတ်ကြီး
ကျလာတော့Jeonက လှလှလေးပြုံးသွားသည်။

"လူ့ဘောင်ပတ်ဝန်းကျင်မှာစည်းတွေက
သိပ်အရေးကြီးတယ်ဗျ...
ရေချယ် မှာချစ်သူရှိတယ်လေ..."

"အာ...အဲ့လိုလား...."

"ချစ်သူရှိရင် စည်းကမ်းရှိရတယ်
လူရော စိတ်ရော...ဟုတ်တယ်မလားရေချယ်"

"Jungkook...ငါတောင်းပန်ပါတယ်
တော်တော့ ဒီမှာပြဿနာတက်လို့မရဘူးလေ"

ရေချယ်သည်အလွန်တိုးရှလွန်းသော
အသံလေးဖြင့် ကောင်းကောင်းပင်မကြားရ။
Jeon သည်ဂရုမစိုက်ခဲ့ပါ။
စကားလုံးဆုံးသည်နှင့် တည့်တည့်ထိတာ
သေချာသွားပုံရသော မျက်နှာသည်ဘယ်လို
ဟန်ဆောင်ထားထား သူ့မျက်နှာလိုပင်
ဖြစ်နေ၍ သူသိနေပြီ။

"အဲ့တာတော့ဟုတ်တယ် ပြီးတော့
သစ္စာတရားကလည်းအဓိကအချက်ပဲ.."

ကင်မင်ဂျွန်
စကားဆုံးသည်နှင့် အလွန်သဘောကျသွားဟန်
တက်တက်ကြွကြွအပြုံးတွေနဲ့စကားဆက်
သူကJeon။

"ဒါပေါ့ ဒါပေါ့..သစ္စာရှိဖို့စဉ်းစားမထားရင်
အချစ်ကို မဖန်တီးသင့်ဘူး
ခင်ဗျား ကတော့ သစ္စာကြီးတဲ့ချစ်သူ
လေးရထားပုံပဲ သစ္စာအကြောင်းကို
ရှေ့ဆုံးကကိုဆိုလာတာ..."

"Jung..kook..."

ရေချယ်သည်လက်တွေကိုဆွဲဆိတ်ကာ
ပြန်ဖို့ကိုပဲကြိုးစားနေသည်။

"Min က ကိုယ်တို့စတွဲထဲက
ပျော်ရွှင်မှုတွေကိုပဲ ကိုယ့်ကိုဖန်တီးပေးခဲ့တာ
ဒီနေ့အထိ စိတ်ဆင်းရဲရတဲ့တစ်စက္ကန့်
လောက်တောင်သူနဲ့ပတ်သတ်ရင်မရှိဘူး
သစ္စာတရားနဲ့ပတ်သတ်ပြီးကတော့
မေးနေစရာကိုမလိုပါဘူး..."

ဟားတိုက်ရယ်ချင်မိပါသည်။ဒေါသသည်
တစ်ကိုယ်လုံးတုန်လာသည်အထိ။
စကားဆုံးသည်နှင့်တရားကျစွာလှမ်းကြည့်တော့
မျက်လုံးတွေလွှဲသွားသည်။
ဘယ်ရင်ဆိုင်ရဲမလဲ။လိပ်ပြာမလုံလေ
အားရလေ။

"ကျွန်တော်ကတော့ ဆိုးဆိုးဝါးဝါး
သစ္စာဖောက်မှုတွေကိုမြင်ထားရတော့
ပြောရရင်သစ္စာတရားကို
သိပ်မယုံကြည်တဲ့သူထဲတော့ပါတယ်"

"......."

"သစ္စာမရှိတဲ့ ဖောက်ပြန်တတ်တဲ့
အကျင့်စာရိတ္တပ်ိုင်း အဆင်မပြေနေတဲ့သူ
တွေဆိုလည်း သိပ်မုန်းတယ်....
ပြောရင်းတောင် ကျွန်တော်မထိန်းနိုင်တော့ဘူး
.ကိုယ်ဟာဘယ်လိုလူမျိုး
ပါဆိုတာကိုဖုံးကွယ်ပြီး အေးအေးလူလူ
အပြစ်မဲ့သလို ဘယ်သူနဲ့မဆို ဖြတ်သန်းနေနိုင်
တာတွေဆို ပိုလို့တောင်မုန်းရင်းအံ့ဩရသေး
နေတတ်တယ်ပေါ့...ဘယ်လိုများနေလဲပေါ့...
စိတ်ပျက်စရာတအားမကောင်းနေဘူးလား"

လက်သီးတွေဆုပ်သွားကာဒဲ့ကြည့်လာ
ပြီးဖြစ်သောမျက်လုံးတွေကို
Jeonက ထပ်မဲ့ပြုံးပြုံးပြသည်။

"Jimin နေမကောင်းဘူးလား"

မသိဟန်မေးသောမေးခွန်းတွင်
နီမြန်းလာသောမျက်အိမ်ကျဉ်းကျဉ်း
တွေဟာ အံကြိတ်ထားဟန်။
ဆက်ဆက်ထိမခံသောစိတ်ပိုင်ရှင်
သည်ဘယ်လောက်တောင်မီးတောက်နေလိုက်မလဲ။
မီးတောက်နေသောမျက်လုံးတွေကို
လောင်စမ်းဟုဘက်ပြိုင်ကြည့်ကာ
တိုက်ခိုက်နေလိုက်သည်။

ပြိုင်နေရင်း ရုတ်တရက်အရောင်မှိန်သွား
ခြင်းနဲ့အတူလက်သီးဆုပ်လေးတွေပါ
ပြေလျှော့သွားသည်။

"Hyung...ကျွန်တော် ...Toilet ခဏ ခွင့်ပြုဦး..."

သေချာပေါက်တစ်ခုခုဖြစ်သွားတာသေချာ
သောပုံစံတွင်စားပွဲဝိုင်းမှရင်ဘက်တွေကို
ဆုပ်ကိုင်ကာသူပြေးထွက်သွားသည်။
Jeonမျက်နှာသည်မှိုင်းညို့သွားကာ
ထွက်ပြေးသွားသောကျောပြင်အား
ကြည့်နေသည်။ကင်မင်ဂျွန်သည် Toilet
ဟုဆိုသွားတာကြောင့် ခေါင်းငြိမ့်ပြကာ
အေးအေးလူလူ။

"ဟို ကျွန်မတို့ပြန်လိုက်ပါဦးမယ်...."

ရေချယ်သည် Jeonအား ကင်မင်ဂျွန်ကိုလည်း
အားမနာနိုင် ကြမ်းတမ်းစွာဆောင့်ဆွဲခေါ်လာ
တော့သည်။

"နင်အဲ့လို သူ့ကိုအနိုင်မကျင့်စမ်းပါနဲ့!!!!"

"ငါအမှန်ပြောတာ...ငါ့မှာ..အဲ့လောက်တောင်ပြောခွင့်
မရှိဘူးလား.."

"မပြောနဲ့!!!သူမှားခဲ့တယ် ဟုတ်တယ်
ဒါပေမယ့် နင်မပြောရဘူး သူနာကျင်နေတာ
နင်မမြင်ဘူးလား သူ့အကြောင်းနင်မသိလို့လား
စိတ်က နုနုလေး ...နင်ပြတ်ပြီဆိုလွှတ်ပေးလိုက်ပါ
စိတ်ဒုက္ခတွေမပေးပါနဲ့..."

"ပျော်ပြနေတာ ရေချယ်...အဲ့ကောင်ကို
တစ်စက္ကန့်တောင် စိတ်ညစ်စရာမပေးဘူးတဲ့
ငါ့ကိုကျ ၇နှစ်လုံး နှိပ်စက်သွားတာ
ငယ်ကျွန်ကြီးလိုပဲ...ငါမနာရဘူးလား!!"

"နင်ပြီးပြီဆို
နင်မုန်းတယ်ဆို ဥပေက္ခာပြုလိုက်တော့လေ
မတိုက်ခိုက်နဲ့ တော့...သူ့ဟာသူဘယ်အကောင်
ဘာလုပ်နေနေ နင်စိတ်မဝင်စားနဲ့တော့လေ!!
Jimin က အနေမှန်တယ် နင်...နင်ပဲရူးနေတာ!!"

"တောက်!!!!"

"ဟဲ့!!!!ဘယ်လဲ....."

ဒေါသတွေသေလောက်အောင်ထွက်နေတဲ့ကြားက
ရုတ်တရက်ပြောင်းလဲသွားသော
မျက်လုံးအရိပ်ကဘာကြောင့်လဲကိုလည်း
တပြိုင်နက်တွေးနေရပြန်၏။ဖျက်ခနဲ
ပြန်မြင်ယောင်မိလိုက်သောမော့ချလိုက်သည့်
ရှန်ပိန်တစ်ခွက်။

"ဝေါ့...!!"

ဓာတ်မတည့်သောရှိန်ပိန်ကိုစိတ်တွေအရမ်း
လှုပ်ရှားခဲ့တာကြောင့်သတိထားနေရင်း
မှားယွင်းမော့မိတဲ့အခါ အသက်ရှု၍မရသော
ဝေဒနာကိုအလူးအလဲခံစားနေရသည်။
ချွေးတွေပြန်လာကာအင်္ကျီကြယ်သီးတွေအား
ချွတ်လျှက်အန်ထုတ်နေပေမယ့််မရ။

ဝေဒနာအရမ်းဆိုးတာရယ် မွန်းကျပ်လွန်းသော
စိတ်အခြေအနေတွေရယ်နှင့်အလွန်ဝမ်းနည်း
လာတဲ့အခါလှိုက်ခါနေအောင်ငိုချမိသည်။
ဘယ်သူမှမရှိနေတာကြောင့်စိတ်လွတ်လက်လွတ်
မျက်နှာတွေအားကြမ်းတမ်းစွာပွတ်တိုက်ကာငိုရင်း
ဝေဒနာသည်လုံးဝမသက်သာလာခဲ့။
ထိုင်ချလ်ိုက်ကာနံရံတစ်ခုကိုမှီလျှက်တစ်ကိုယ်လုံး
တုန်ရီနေခဲ့သည်။

ခြေသံတစ်ခုကြားလိုက်ရပြီးနောက်
လက်ကောက်ဝတ်တွေကနေဆောင့်ဆွဲ
ခံလိုက်ရကာ အန်မယ့်နေရာဆီပြန်ရောက်သွားသည်။
အလွန်မွန်းကျပ်နေသော်လည်းလာဆွဲတာ
ဘယ်သူလဲဟုမေ့ကြည့်လိုက်တဲ့အခါခက်ထန်
လှသောမျက်နှာတစ်ခုကကြိုဆိုနေသည်။

"Jeon..Jung ..kook..."

"အေး ငါ....."

"ငါ့က်ို မထိနဲ့...ငါ့ကိုထိတာနဲ့ ငါဒီနေရာမှာ
သေပစ်လိုက်မယ်..."

ဆွဲထားသောလက်တွေကိုအားကုန်သုံးဖယ်
ကာ အလွန်အမင်းဒေါသသံဖြင့်အံကြိတ်ကာ
ပြောတော့ Jeon သည် ဂရုစိုက်ဟန်မရှိ။
Jiminခန္ဓာကိုယ်ကိုညွှတ်ကိုင်းလ်ိုက်ကာ
ကျောပြင်တွေအားနှိပ်ချပေးနေသည်။

"ငြိမ်ငြိမ်နေ....တစ်ချက်စာပဲရှိတာသိတယ်မလား"

"......"

Key point တွေအား တစ်ချက်ချင်းသေသေချာချာ
ထိမိသွားတာကြောင့် ဗိုက်ထဲကအရာအားလုံး
ပြန်ထွက်လာခဲ့သည်။
အန်ရင် ပို၍မောပန်းတတ်ကာ ချွေးထွက်လွန်
တတ်သည်။ဝေဒနာကိုအလူးအလဲခံနေရသော
လက်ဖျားလေးတွေတုန်ခိုက်နေသည်ကို
Jeonက စိုက်ကြည့်နေသည်။

"အန်တာကို..အရမ်း အားမစိုက်နဲ့တော့
နှိပ်ပေးနေတယ်...."

"မောတယ်....အရမ်းမောတယ်..."

"မောင် သိတယ်..."

ရေဖွင့်ကာ ရေတချို့ယူပြီး မျက်နှာလှလှလေးကို
Jeon ကသန့်စင်ပေးသည်။အဲ့တာကပိုသက်သာ
စေတယ်။နှုတ်ခမ်းက အစာဟောင်းတွေပေကျံ
နေခြင်းကိုသေချာစွာဆေးကြောပေးကာ
မျက်ရည်တွေမရပ်မနားဆက်ကျနေတာကိုတော့
အနည်းငယ်အံ့ဩပေမယ့် Jeonဘာမှမပြော။
မျက်ရည်တွေပါလမ်းကြုံ၍တစ်ခါထဲသုတ်ပေးလိုက်
သည်။

အနည်းငယ်သက်သာသွားတဲ့အခါနံရံမှာပြန်မှီ
ထိုင်ပြီး အသက်မှန်မှန်ပြန်ရှုနေသည်။

"ကိုယ်စားမိသောက်ရင်သေသွားနိုင်တဲ့အထိ
ဖြစ်နိုင်တဲ့ အရာကို မသိတော့လောက်အောင်
မင်း အဲ့လောက်မွှန်နေရလား ParkJimin
ငါရောက်မလာရင် သေသွားမှာ မင်းသိလား.."

မျက်နှာလွှဲသွားသည်။

"မျက်နှာမလွှဲနဲ့..ငါ့ကိုကြည့်စမ်း..."

ကြည့်လာသည်။ချွေးစတွေဝေဒနာတွေနဲ့မို့
သိပ်ပြင်းထန်စွာမကြည့်န်ိုင်။
သနားစရာကောင်းစွာကြည့်လာတာကြောင့်
မျက်နှာလွှဲသွားသူကJeonပဲ။

"Hyung ကိုခေါ်ပေး...မင်းကိုငါ..မလိုဘူး..."

ထွက်လာသောစကားကြောင့်ခြောက်ကပ်ကပ်
ရယ်ကာ ပြန်ကြည့်လာသူကJeon။

နှလုံးသားအပိုင်းအစတွေကတကယ်ဆို
ပြာမှုန်ဖြစ်ခဲ့တာကြာပါပြီ။ပြာမှုန်ဘဝဖြစ်နေ
တာတောင်ကျွန်တော်ဖြင့်နာနေတုန်း။
အသဲနာရတယ်ဆိုတာ ဒါမျိုးဖြစ်လိမ့်မည်။
တစ်ချ်ိန်ထဲမှာဒေါသနဲ့တစ်ချ်ိန်ထဲကစိတ်ကုန်
စိတ်ပျက်မှုတွေဟာ ပြောပြဖို့စကားလုံးရှာမရဘူး။

"မင်းငါ့ကို လူသတ်ချင်လာအောင်မဆွနဲ့နော်..."

Jeonလက်သည်တန်းတန်းကြီးတစ်ခုခုလုပ်ရန်
လာပြန်တော့မျက်နှာကိုဖွက်ကာခန္ဓာကိုယ်လေး
နံရံဆီကျုံ့ဝင်သွားသည်။မကြောက်တာလည်း
မဟုတ်ဘူး။

"ငါမှားခဲ့တဲ့အမှားအတွက် စော်ကားခံရတာ
နှိမ်ချခံရတာ အထင်တသေးအပြောခံရတာ
လုံလောက်ပြီလို့ငါထင်တယ် Jungkook
မကျေနပ်သေးရင် ငါအဆင်ပြေတဲ့အချိန်မှာ
ထပ်နှိမ်ပါ...ခုက မရတော့လို့..."

"မင်း.......မင်း......"

"Min!!!"

ဝင်လာသောခြေသံတွေကြောင့်Jeonလှမ်း
ကြည့်လိုက်သည်။ကင်မင်ဂျွန်သည်Jiminဆီပြေးလာ
ပြီး ရေချယ်ကJeonဆီပြေးလာသည်။

"အဆင်ပြေရဲ့လား"

"ပြေတယ် Hyung ပြန်ရအောင်.."

"အင်း...အင်း"

ပွေ့ချီလိုက်သောခန္ဓာကိုယ်ငယ်သည်
ပေါ့ပေါ့ပါးပါးလေးပါသွားသည်။
စိတ်လွတ်စွာပြေးလုတော့မည့်
Jeonလက်တွေကိုရေချယ်ကတင်းကျပ်စွာ
ဆွဲထားသည်။
အားကိုးတကြီးဖက်တွယ်ကာပါသွား
သူကိုကြည့်ကာ နှလုံးသားတစ်ခုလုံး
အောင့်မျက်လာကာခြေပင်မခိုင်။

"သေစမ်း!!!!!!!"

နံရံကို ပြင်းထန်စွာပြေးထိုးလိုက်သော
လက်သီးချက်သည် သွေးစက်တွေဖြာခနဲ။

"ကျိုးမယ်ဟဲ့!!!!!!"

သွေးစက်လက် လက်တစ်ဖက်နှင့်တစ်ဖက်ကို
လှည့်နေကာ မလှုပ်မယှက်။

"နင်ယောကျ်ားလေးအိမ်သာထဲ
ဘယ်လောက်နေနေမှာလဲ..."

"ငါ အပြင်မှာ စောင့်မယ် သွေးတွေဆေးကြော
ပြီးမြန်မြန် ပြန်ထွက်ခဲ့.."

ရေချယ်ဒေါက်ဖိနပ်သံလေးဝေးသထက်ဝေးသွား
ပြီးသေချာစွာဝေးသွားပြီးတဲ့အခါငုတ်တုတ်ထိုင်
ချလ်ိုက်ပြီး ဒေါသမီးတွေတမြေ့မြေ့။
ဘယ်လောက်များတောင်မုန်းစရာလဲ။

"တောက်!!!!!!"
...။

"ဒီညပြဲကို မင္ဂၽြန္ နဲ႔အတူတူသြားတက္လိုက္"

"ဟုတ္ကဲ့.."

"ဒယ္ဒီ"

"အင္း..."

"ကၽြန္ေတာ္ လက္ထပ္ပြဲကိုရက္နည္းနည္းေရြ႕လို႔
ရမလား"

Coffee ခြက္ကိုခ်ကာစိုက္ၾကည့္လာေသာ
မ်က္လုံးေတြသည္ေၾကာက္စရာအျမဲတမ္း
ေကာင္းခဲ့သည္။

"ဘာေတြျဖစ္ေနတာလဲJimin..
ဆိုးလ္ကို ေရာက္တာ တစ္ပတ္ေတာင္မရွိေသးဘူး
ဟိုေကာင္နဲ႔.."

"မဟုတ္ဘူး ဒယ္ဒီ သူနဲ႔ဘာမွမဆိုင္ပါဘူး
ကၽြန္ေတာ္စိတ္နည္းနည္းပင္ပန္းေနလို႔..."

"မင္း ရဲ့ အဲ့ဒီမေရမရာစိတ္ခံစားခ်က္ေတြက
ဘယ္ေတာ့မွေပ်ာက္မွာလဲ
ကေလးကစားေနတာမဟုတ္ဘူးေနာ္"

"ဖ်က္သိမ္းေနတာမွမဟုတ္တာ
လနည္းနည္းေနာက္ဆုတ္ေစခ်င္တာ..."

"မရဘူး ႏွစ္ဖက္မိဘအားလုံးေျပာဆို
စီစဥ္ၿပီးေနၿပီ မင္းနဲ႔သူေပါင္းဖက္ဖို႔က
စီစဥ္ေနတုန္းပဲဆိုေပမယ့္ စီးပြါးေရးေတြက
ေပါင္းစပ္ၿပီးၿပီ ငါဘယ္လိုနည္းနဲ႔မွ
အပ်က္ဆီးမခံနိုင္ဘူး..."

"မင္းဘဝကို အေကာင္းဆုံးအျမင့္ဆုံး
ေလၽွာက္နိုင္ဖ္ို႔ မင္းဘဝတစ္ေလၽွာက္လုံး
အမွားေတြႀကီးလုပ္ခဲ့တာေတာင္
အေကာင္းဆုံးဒီလိုမ်ိဳးျပန္တည့္မတ္ေပးခဲ့တာကို
ထပ္ၿပီးျပႆနာလုပ္ခ်င္ေသးတာလားJimin"

"မဟုတ္ပါဘူး...."

"တစ္ခုခု လြဲေခ်ာ္ၾကည့္ မင္းေရာမင္းအေမေရာ
လြယ္မယ္မထင္နဲ႔..."

အေဖအရင္းမဟုတ္ခဲ့ဘူး။ဆိုးတယ္လို႔လည္း
သတ္မွတ္၍မရသလိုေကာင္းသလားဆိုေတာ့လည္း
သတ္မွတ္မရပါ။Jimin အထက္တန္းေက်ာင္းသား
ဘဝမွာေမေမ အိမ္ေပၚေခၚလာခဲ့သည္။
အလြန္ေအးစက္ေသာအျပဳအမူ မ်က္လုံးေတြနဲ႔
စီးပြါးအရွာေတာ္လြန္းတဲ့သူ။သူေစ့ေစ့စပ္စပ္
ဦးေဆာင္နိုင္ေတာ့ သားအမိႏွစ္ေယာက္လုံး
အားကိုးအားထားျပဳရာျဖစ္လာသည္။

Jungkook နဲ႔တြဲခဲ့ေသာတစ္ေလၽွာက္လုံးတြင္
ရန္ပြဲေပါင္းမ်ားစြာထိပ္တိုက္ေတြ႕ခဲ့ကာ
သူJungkook ကိုလုံးဝၾကည့္မရခဲ့ပါ။
Jungkook နဲ႔လမ္းခြဲခဲ့ၿပီးသည့္ေနာက္ပိုင္း
စိတ္ထင္ေနသလားမေျပာတတ္ ေမေမနဲ႔သူ႔အေပၚ
ပို၍လႊမ္းမိုးလာသည္။

"ကၽြန္ေတာ့္ကိစၥ ေမေမနဲ႔ ဘာဆိုင္လို႔လဲ.."

"မင္းတို႔သားအမိႏွစ္ေယာက္လုံးရဲ့ဘဝကို
ငါပိုင္တယ္ ငါရွာေဖြေကၽြးေမြးတာကို
တစ္ခ်ိန္လုံးစားလာၾကတာမလား
ငါဒါလုပ္ဆိုလုပ္လိုက္..."

"ဒယ္ဒီ ခုေနာက္ပိုင္းကၽြန္ေတာ္တို႔သားအမိကို
စကားေျပာတာ မိသားစုနဲ႔မတူေတာ့ဘူး
ဘာေတြျဖစ္ေနတာလဲ..."

"ျပန္မေမးေနနဲ႔ ကိုယ္လုပ္ရမယ့္အလုပ္ကိုသာ
လုပ္စမ္းပါ...မင္းကိုJungkook နဲ႔ငါတို႔တြဲခိုင္းခဲ့လား
မင္းကိုJungkook နဲ႔ငါတို႔လမ္းခြဲခိုင္းခဲ့လား
မင္းဟာမင္းဆုံးျဖတ္ခဲ့စိတ္ထင္ရာလုပ္ခဲ့တဲ့ကိစၥေတြ
ပတ္ဝန္းက်င္မွာ ႏွစ္ေတြအၾကာႀကီး
အတူတူတတြဲတြဲေန မင္းတို႔ပဲေျပာင္းလဲ
နာမည္ပ်က္ေတာ့ အသိုင္းအဝိုင္းႀကီးတဲ့ငါတို႔က
ပဲပိုနစ္နာခဲ့တယ္ မင္းေကာင္ေၾကာင့္အရွက္ေတြ
ကြဲခဲ့ရတယ္..ဒါေပမယ့္မင္းကိုၿငိဳျငင္ခဲ့လား
ခုမိဘေတြကသင့္ေလၽွာ္တာကိုစီစဥ္ေပးေနၿပီ
အားနာတတ္ရင္ ေအးေအးေဆးေဆးနဲ႔
ပါဝင္လိုက္..."

"ဟုတ္ပါတယ္ ကၽြန္ေတာ္အရမ္းဆိုးခဲ့ပါတယ္
ကၽြန္ေတာ္ သိလည္းမသိတတ္ခဲ့ပါဘူး
ခုဟာကလည္း ...."

စူးခနဲၾကည့္လာေသာအၾကည့္ေတြသည္
တစ္ေန႔တျခားဘာေၾကာင့္မ်ားေၾကာက္စရာ
ေကာင္းလာရတာလဲ။စိတ္ထဲအဆင္မေျပေတာ့တာ
ေၾကာင့္Jimin ခႏၶာကိုယ္ေလးက်ဳံ႕သြားသည္။

သူက ထိလြယ္ရွလြယ္စိတ္ကေလးကို
ပိုင္ဆိုင္တယ္။အလြန္ဝမ္းနည္းလြယ္တယ္။
အေၾကာက္လြန္တတ္တယ္။မေရမရာေလးေတြ
ခဏခဏျဖစ္တတ္တယ္။စိတ္လွုပ္ရွားရင္
ဆုံးျဖတ္ခ်က္ေတြျမန္တတ္တယ္။သို႔ေသာ္
သန္သန္မာမာပဲေမာ္ေမာ္ႂကြားႂကြားေလး
ဘဝတစ္ေလၽွာက္လုံး
အပူအပင္ကင္းေပ်ာ္ရႊင္ေနနိုင္ခဲ့တယ္။

Jimin ကသူ႔ကိုယ္သူဘယ္လိုလူမ်ိဳးျဖစ္လဲ
ဆိုတာေသခ်ာသိခဲ့တဲ့ပုံမေပၚဘူး။
သိခြင့္မရခဲ့တာမ်ိဳးေတြလည္းျဖစ္လိမ့္မည္။
Jimin ၏အားနည္းခ်က္ေတြကို
တစ္ပါးသူကိုမေျပာနဲ႔ကိုယ္တိုင္ေတာင္
မခံစားခဲ့ရဘူး။

ခုႏွစ္ပိုင္းေတြေရာက္လာေတာ့
မလုံမျခဳံစိတ္အားငယ္မွုေတြနဲ႔
ခုလိုလူေတြရဲ့အေရာင္ေျပာင္းလဲျခင္းေတြမွာ
ေလာကႀကီးကဒီလိုမ်ိဳးေတြျဖစ္တတ္တာလား
ဆိုတဲ့သိျမင္မွုေတြမွာ မသိမသာအားနည္းလာသည္။

"ရၿပီ ဒယ္ဒီ အဆင္ေျပသလိုသာ
လုပ္ပါ ကၽြန္ေတာ္ ပြဲကို ခုသြားလိုက္ပါ့မယ္"

ထရိုက္ေတာ့မလိုမ်က္ႏွာကိုရွင္းရွင္းေျပာရရင္
ေၾကာက္ခဲ့တာေၾကာင့္စကားေျပာေနရင္းမွ
ျမန္ျမန္ထြက္လာခဲ့မိသည္။
အိမ္အျပင္ေရာက္ လမ္းေပၚမတ္တပ္ရပ္မိေတာ့
က်ယ္ေလာင္ေသာအသံတခ်ိဳ႕နားထဲဝင္တိုးလာ
သည္။

"မင္း အေဖအရင္းမဟုတ္ဘူး
မင္းအေပၚဟန္ေဆာင္ေကာင္းျပေနတာ
ငါရွိေနလို႔ မင္းကို ဘာမွမလုပ္ရဲေနတာ
အဲ့တာကို မင္းရဲ့ ဒီေခါင္းေသးေသးေလးထဲ
စြဲေအာင္မွတ္!!!"

"ငါ့အေပၚေကာင္းတယ္..မင္းဘာမွေဝဖန္စရာ
မလိုဘူး Jungkook...မင္းငါ့က္ိုနိုင္စားတာ
ေတြေတာ္႐ုံတန္႐ုံပဲေကာင္းတယ္
ငါၾကာရင္ေပါက္ကြဲထြက္မိေတာ့မယ္..."

"မင္းကိုငါနိုင္စားေနတာမဟုတ္ဘူး
ဒီကမၻာမွာ မင္းကိုကာကြယ္နိုင္တာ
ငါပဲရွိတာငါေသခ်ာသိလို႔ ေျပာေနတာ.."

"အရမ္း ႀကီးျမတ္တဲ့အထာေတြမဖမ္းစမ္းပါနဲ႔
ငါ့ကိုယ္ငါကာကြယ္နိုင္တယ္
ငါ့အသက္၂၀ေက်ာ္လာၿပီ ငါလူႀကီးျဖစ္လာၿပီ
ငါ့ကိစၥေတြကိုငါ့ဟာငါေဝဖန္ပိုင္းျခားမယ္"

"ေသာက္ကေလးဦးေႏွာက္ကဘာကိုေဝဖန္
ပိုင္းျခားမွာလဲ မင္းကိုငါလုပ္မိေတာ့မယ္ေနာ္
ParkJimin.."

လုပ္ၿပီးၿပီ။ပါးႏွစ္ဖက္ကိုေဒါသျဖစ္လာရင္
ဆြဲဖ်စ္တတ္ေသာအက်င့္သည္ေဖ်ာက္မရတဲ့ပုံ။

"ငါ့ကို မင္း ခ်ဴပ္ကိုင္ေနတာ....
ပတ္ဝန္းက်င္တစ္ခုလုံးသိတယ္!!!!
ငါ့ဒယ္ဒီ မဟုတ္ဘူး မင္းကသာလူဆိုး!!"

"လာ ခဲ့!!!မင္းနဲ႔ငါအေတြ႕ပဲ..."

Relationship သက္တမ္း၆ႏွစ္ေျမာက္ေလာက္
ကျဖစ္လိမ့္မည္။အက္ေၾကာင္းေရးေရးေလး
ေတြျမင္ခါစေပါ့။Jimin အိမ္ေရွ႕ကလမ္းေပၚ
တင္ပြဲၾကမ္းေနရင္း JeonကJiminအား
ေဆာင့္ဆြဲေခၚတဲ့အခါ ကားေပၚကေရခ်ယ္
TaeHyung Yoongi တို႔ ေျပးဆင္းလာရေတာ့သည္။

"စိတ္ထိန္းၾကပါဦးဟ!!!!"

သြက္လက္သူေရခ်ယ္ကေျပးဝင္ကာ
ဆြဲေတာ့ Jeonသည္တြန္းလႊတ္လိုက္သည္။
Yoongi ႏွင့္ေျပးတိုက္ကာYoongi ရင္ခြင္ထဲ
ပစ္က်ေတာ့ မ်က္လုံးျပဴးသြားသူကTaeHyung ။

"နင္ဘာလုပ္တာလဲ!!!!"

"Jungkook တြန္းလိုက္တာ ေလ!!"

"အစ္ကို႔ ရင္ခြင္ထဲက ထြက္စမ္း!!!!"

အစ္ကို႔ကိုဖြင့္ေတာင္မေျပာရေသးေပမယ့္
သဲသဲလွုပ္TaeHyung သည္ေရခ်ယ္ကိုထပ္တြန္း
လႊတ္လိုက္ျပန္သည္။
Yoongi သည္ TaeHyung ၏အျပဳအမူအား
ေၾကာင္အအၾကည့္ေနသည္။

"နင္ဘာျဖစ္ေနတာလဲ KimTaeHyung!!!"

"ေက်ာ္ဖို႔ေတြးမေနနဲ႔ ေရခ်ယ္ နင္ဘယ္ေတာ့မွ
မရေစရဘူး..."

"႐ူးေနတာလား!!!!"

"ငါ့ကိုလႊတ္ JeonJungkook!!!!!"

ေျဖာင္း။

ေျဖာင္းတို႔ အုန္း တို႔ ထိုးသံႀကိတ္သံမ်ားသည္
သိပ္ေတာ့မထူးဆန္းေတာ့။လွမ္းၾကည့္လိုက္
ခ်ိန္တြင္အရိုက္ခံရသူကေဒါသကုမၼရ။
သူပဲအျမဲတမ္းဒါလည္းမထူးဆန္း။
ပါးေလးႏွစ္ဖက္ဖ်စ္တာေလာက္ကို
သူက သူ႔ကိုယ္သူ သိပ္ႏွိပ္စက္နိုင္ၿပီဟု
ဂုဏ္ဆာတတ္ေသာတစ္ျခမ္းလြတ္မို႔
သူငယ္ခ်င္းေတြကရိုးေနၿပီ။

"ParkJimin!!!!လက္မပါနဲ႔ေလ!!!"

"သူစ ပါတာလို႔ ငါပါရတာ...မေက်နပ္ဘူး
လား မေက်နပ္ရင္ ျဖတ္လိုက္ လမ္းခြဲလိုက္!!!"

လက္ပါေျခပါရန္ျဖစ္တာကရိုးအီေနေပမယ့္
Jiminႏွုတ္ကအပ်က္စကားစေျပာတာေတာ့
အဲ့ဒီရန္ပြဲမွာပထမဆုံးအႀကိမ္ျဖစ္လိမ့္မည္။
Jeonသည္ပုံမွန္ေဒါသထြက္ေနေသာမ်က္ႏွာ
နီနီကေန ျဖဴေဖ်ာ့သြားကာ
အလြန္ေၾကာက္လန့္သြားဟန္။

"ဘာစကားေျပာတာလဲ
မင္းငါ့ကိုဘာစကားေျပာလိုက္တာလဲ..."

"နာက်င္တယ္မလား နာက်င္တတ္ရင္
ငါ့ကိုမနိုင္စားနဲ႔ ငါ့ဘဝကိုဆရာႀကီးအထာနဲ႔
ဝင္မစြက္ဖက္နဲ႔...."

Jeonရဲ့ေၾကာက္လန့္စြာ ေပြ႕ဖက္လိုက္ေသာ
အျပဳအမူကို ခုထိတိုင္မ်က္လုံးထဲကမထြက္ခဲ့ၾက။
သည္းထန္စြာရွိုက္ငိုလာၿပီးေနာက္ ေအာ္ဟစ္ငိုကာ
ေျပးထြက္သြားခဲ့ေသာေက်ာျပင္က်ယ္က်ယ္သည္
တုန္ခိုက္ေနခဲ့သည္။

"ေမာင္!!!...ေမာင္!!!!!"

ေျပးလိုက္သြားသူသည္အူယားဖားရား။
ဘယ္အရာကိုမဆိုခိုင္ျမဲေအာင္တည္ေဆာက္ရတာ
မလြယ္ကူလွပါဘူး။အကုန္သိ အကုန္ျမင္
အသက္ရွုသံတစ္ခ်က္ အၾကည့္တစ္ခ်က္
ျမင္႐ုံခံစားရ႐ုံနဲ႔ဘာျဖစ္ေနတာလဲဆိုတာ
အစအဆုံးသိျမင္နိုင္ၿပီးေသာ ႀကိဳးေတြဟာ
ေကာင္းလည္းေကာင္းတယ္ မေကာင္းလည္း
မေကာင္းခဲ့ဘူး။

ကေလးဆန္ဆန္အေလာတႀကီးေျပးလိုက္သြားေသာJiminအား ေအးစက္စက္မ်က္ဝန္း
ေတြျဖင့္လက္ရွိJiminသည္လမ္းလည္ေကာင္
မတ္တပ္ရပ္လၽွက္ေတြေလးေငးၾကည့္ေနသည္။

"ျမန္ျမန္လက္ထပ္လိုက္တာအေကာင္းဆုံးပဲ
ငါ့မွာ ဘာမွေရြးခ်ယ္စရာမရွိေတာ့ဘူး
ေရြးခ်ယ္လို႔မရေအာင္လည္း ငါကိုယ္တိုင္ပဲ
ဖန္တီးခဲ့တာ...ေအးေဆးေပါ့..."

ေခါင္းေလးထပ္ခါထပ္ခါၿငိမ့္ၿပီးေနာက္
ဆန့္က်င္ဘက္အရပ္သို႔ေလၽွာက္လွမ္းသြားခဲ့ေတာ့သည္။
......။

"အစပ္ေတြအရမ္းမစားနဲ႔ Min..."

"ဟုတ္...."

ျပဳံးျပဳံးေလးေခါင္းၿငိမ့္ျပေသာJimin
သည္စားေနေသာစားစရာတခ်ိဳ႕ကိုထိန္းလိုက္သည္။
ပါတီတစ္ခုလုံး၏မ်က္စိက်စရာအတြဲေလးသည္
သိပ္လိုက္ဖက္ညီေနတာေၾကာင့္အားလုံး
၏စိတ္ဝင္စားမွုကိုအျပည့္အဝရရွိေနသည္။

"Min ကို ျမန္ျမန္ကို လက္ထပ္ခ်င္ေနၿပီ
ၿငိဳျငင္သြားမွာစိုးလို႔သာစိတ္ရွည္ေနတာ
Hyungရဲ့ပုံစံကပုံမွန္ဆို
အဲ့ေလာက္သေဘာမေကာင္းေနဘူး
ခုလိုခ်စ္ဖို႔ေကာင္းလာေလ ပိုလိုခ်င္လာေလေလပဲ"

"Hyung ကလည္း ဘယ္လိုေတြျဖစ္ေနတာလဲ
အားလုံးစီစဥ္ထားၿပီးထားတာကို
တစ္ေန႔ေရာက္လာမယ့္ဟာ ေနရခက္ေအာင္"

"သိပါတယ္...စ္ိတ္မခ်ေနလို႔ပါ..."

"ဒယ္ဒီက လည္းစကားေျပာရတာတစ္မ်ိဳး
Hyung ကလည္း ဘာေတြလာေလာေနမွန္း
မသိဘူး.."

"မေလာပါဘူး...ခံစားခ်က္ေလးကိုေျပာျပ႐ုံ
က်န္တာမင္းသေဘာအတိုင္းပါပဲ ..."

"လိမၼာရဲ့သားနဲ႔ ပါတီမွာေပ်ာ္ေပ်ာ္စမ္းပါ..."

"ေကာင္းပါၿပီ..."

ကင္မင္ဂၽြန္သည္နတ္ဘုရားတမၽွႂကြရြေနေသာ
ေကာင္ေလးကိုၾကည့္ကာျပဳံးယဲ့ယဲ့။
တစ္ေန႔သူဘယ္လိုေခ်ေခ်ကိုယ့္လက္ထဲ
အလြယ္တကူေလးေရာက္လာမယ့္
အရာေလး။ရွားပါးရတနာလိုတက္မက္စရာ
ေလးမို႔ အခ်ိန္အခါေကာင္းတြင္သူ႔ပေထြးျဖစ္သူ
ကိုအပိုင္ေပါင္းၿပီး ေသေသခ်ာခ်ာႀကိဳးစားေနရတာ။

စိတ္ေတာ့သိပ္ရွည္လွတယ္မဟုတ္ေပမယ့္
ႀကိဳက္မိေတာ့လည္းရွည္ခ်င္ေယာင္ေဆာင္ရတာေပါ့။
ဘယ္လိုေနေန အပိုင္ရမွကိုျဖစ္မွာ။
တစ္ဝက္ပိုင္ေနၿပီဆိုေပမယ့္ParkJimin က
ေလာဘေတြကို အေတာမသတ္နိုင္ေအာင္
ထပ္ထပ္ဖန္တီးေပးနိုင္တဲ့သူေလ။

"ငါ့ရည္းစားေဟာင္းအေကာင္စုတ္ကို
ျပန္ရြဲ႕နိုင္ဖို႔ကဒါအေကာင္းဆုံးနည္းလမ္းပဲ
သူငယ္ခ်င္း...ကူညီေပးတာေက်းဇူး
ငါအရက္တိုက္မယ္ ျပန္ရင္"

"ႏွစ္စက္ေလာက္ေတာ့မရဘူးေနာ္..
ငါမတိုးဘူး..."

"အရက္ဆိုအနံ႔ေတာင္မခံနိုင္တဲ့JeonJungkook
အသဲကြဲCaseမွာ အရက္သမားလုံးလုံးကို
ျဖစ္သြားေတာ့တာပဲ ..."

"နင္လၽွာရွည္ျပန္ၿပီေနာ္ ...."

"လာ..လာ ငါ့ပုခုံးကိုဖက္ ခါးကိုလည္းဖက္
လက္ကိုလည္းကိုင္..."

"ကိုင္ေပါက္မိေတာ့မယ္..ေတာ္႐ုံဆိုရၿပီ..
ငါစိတ္မရွည္ရင္ျပန္မွာ.."

Jeonက သိပ္စည္းကမ္းရွိတဲ့သူ။
ေယာက်္ားဆန္ျခင္းေတြဟာတန္ဖ္ိုးျမင့္စြာ
ဘယ္ေနရာကိုေရာက္ေရာက္ဘယ္အေျခအေနမ်ိဳး
မွာျဖစ္ျဖစ္ျဖစ္တည္တယ္။သူငယ္ခ်င္းမေလးရဲ့
ပုခုံးေတြကိုထိ႐ုံတင္ၿပီး သိပ္ကေလးဆန္တတ္တဲ့
ေရခ်ယ့္ရဲ့ ဇာတ္ထဲပါရျပန္တယ္။
မပါခ်င္လည္းပါရတယ္ဘယ္ေလာက္အရွုပ္ေတြကို
မုန္းမုန္း ေရခ်ယ္သူ႔ကိုကူညီခဲ့တာေတြကနည္းမွမနည္း
ေတာ့ မွုန္ေတေတနဲ႔ပါတီထဲဝင္လာရေတာ့သည္။

"ေရခ်ယ္....နင္ငါ့ကိုစမ္းသပ္လိုက္ၿပီပဲ..."

စိတ္ထဲသူမကိုေက်ာသြားေသာရည္းစားေဟာင္း
ကိုသာျပန္ေက်ာခ်င္စိတ္ေတြရွိခဲ့ၿပီးJungkook
လက္ေမာင္းေတြကိုေသခ်ာတြဲကာပါတီအလည္
ေရာက္သည္ႏွင့္ ဒိုင္းခနဲေရာက္လာေသာ
Jungkookမ်က္လုံးေတြသည္အလြန္ေအးစက္စက္။
သူ႔မ်က္ဝန္းေရႊ႕ရာအားလိုက္ၾကည့္လိုက္တဲ့အခါ
Jimin ။

Jimin သူ႔ရဲ့ေနာက္တစ္ေယာက္ သူလက္ထပ္မယ့္
သူလား အဲ့လူနဲ႔ၾကည္ၾကည္ႏူးႏူးေလး
ၾကည့္ကာရယ္ေမာေနသည္။Jiminလက္ေတြ
ဟာ ထိုလူရဲ့ Necktie ကိုေဆာ့ကစားေနၿပီး
Shirtအေရာင္ရဲရဲေတာက္ျဖင့္ အလြန္ထင္ေပၚေနလၽွက္။

"မဟုတ္ဘူး Jungkook ငါသူရွိမွန္းမသိဘူး
ငါ ဟိုေကာင့္ကို ရြဲ႕ဖို႔ပဲ ငါမသိပါဘူး.."

ေရခ်ယ့္ကိုၾကည့္လိုက္႐ုံနဲ႔
မလိမ္တာသိေနတာေၾကာင့္Jeonသည္
စိတ္ကိုေလၽွာ့လိုက္သည္။တကယ္ဆိုသိပ္လည္း
မလိုေတာ့ပါဘူး။ကိုယ္ပဲေတြ႕တိုင္းျမင္တ္ိုင္း
ၾကားတိုင္းဆက္ဆက္ခါေအာင္နာျပေနသလို
ျဖစ္ေနတာ သူကခပ္သာသာရယ္။
ခုလည္း မိုးမျမင္ေလမျမင္ပဲ။

"ျပန္မယ္ ျပန္မယ္....ရၿပီ..."

"ငါနင့္ကိုဘာမွမေျပာပါဘူး နင္လုပ္စရာ
ရွိတာလုပ္ပါ..."

"မလုပ္ေတာ့ဘူး ထားလိုက္ အေရးမႀကီးဘူး
နင့္ကိုဒီျမင္ကြင္းေတြကဘယ္ေလာက္
နာက်င္ေစနိုင္လဲ ငါေသခ်ာသိတယ္
ျပန္ရေအာင္..."

ေရခ်ယ္သည္ ခ်က္ခ်င္းျပန္ထြက္ရန္
ျပင္ဆင္ခဲ့သည္။ျပန္မယ္ဆိုေတာ့လည္း
ျပန္မယ္ဟု ေျခလွမ္းေတြေရြ႕လိုက္ခ်ိန္တြင္
ကံဆိုးခဲ့ပုံပဲ။

"ဟိုေန႔ကMin သူငယ္ခ်င္းမလား ဟုတ္တယ္မလား
ကၽြန္ေတာ္မွတ္မိေနတယ္ ေကာင္မေလး
လည္းပါတာပဲ..ဟိုမွာ Min ေလ ...
Min ဒီမွာ မင္း သူငယ္ခ်င္း..."

ဘယ္အခ်ိန္ဘယ္လိုအနားေရာက္လာမွန္း
မသိေသာသူသည္အားရဝမ္းသာ။
ဝိုင္းမွာ အ႐ုပ္ကေလးတစ္႐ုပ္ခ်ထားသလို
လူရဲ့ လွမ္းၾကည့္လာေသာအၾကည့္တစ္ခ်က္
ကိုရလိုက္သည္။႐ုတ္တရက္ဆိုေတာ့အံ့ဩသြား
႐ုံကလြဲ က်န္တာေတာ့သိပ္မရွိေနပါဘူး။
ဟိုေန႔ကအိမ္သာထဲကကိစၥေၾကာင့္
ပို၍ေအးစက္သြားပုံလည္းရသည္။

အစိတ္စိတ္အမႊာမႊာျပတ္ၿပီးသားႀကိဳးေတြ
ကို အမွုန္ျဖစ္ေအာင္ ကၽြန္ေတာ္ကထပ္ခုတ္ထစ္
ေနသလိုပဲ။

"လာေလ...ဝိုင္းမွာ အတူလာထိုင္ေလ..."

"ေနပါေစရွင္ ကၽြန္မတို႔ျပန္ေတာ့မွာပါ..."

"ခဏ ထိုင္ၾကမယ္ေလ ေရခ်ယ္..
ငါအခ်ိန္ရပါတယ္..."

လွုပ္လွုပ္ခတ္ခတ္မျဖစ္သြား။အျမဲေအးတိ
ေအးစက္ေပါ့တိေပါ့ပ်က္
ပုံသည္Jeonကိုေတြ႕တိုင္းမွာတႏုံ႔ႏုံ႔။
ဝိုင္းမွာ ဝင္ထိုင္လိုက္တဲ့အခါ တစ္ခ်က္ေတာ့
ၾကည့္လာၿပီး သူ႔ေဘးက သူ႔လူကိုသာ
ဆက္အာ႐ုံစိုက္သည္။
လူမွုေရးေတာ့နည္းနည္းသိပုံေပၚေသးသည္။
ေရခ်ယ့္ကိုဝတ္ေက်တန္းေက်ႏွုတ္ဆက္လာသည္။

"မေတြ႕ရတာၾကာၿပီ ေရခ်ယ္...
ေနေကာင္းတယ္မလား..."

"ေအး ေကာင္းပါတယ္...နင္ေရာ..."

"ပိုေကာင္း..."

ParkJiminျပဳံးလိုက္ပါကJeonJungkook
သည္ ကာလသုံးပါးေမ့တတ္၏ ဆိုတဲ့
ဝါဒသည္ေက်ာင္းတုန္းအလြန္နာမည္ႀကီးခဲ့သည္။
Jimin ရယ္ေမာျပဳံးရႊင္ေနလၽွင္
သူတို႔အားလုံးJungkookကိုရွာတတ္ၾကသည္။
မနီးမေဝးတြင္ အရာအားလုံးေမ့ကာေမ်ာေမ်ာ
ေနတတ္ေသာမ်က္ဝန္းေတြကိုဝိုင္းစရတာက
အက်င့္ႀကီးတစ္ခုလိုျဖစ္ခဲ့ၾကသည္။

ျပဳံးရယ္ကာJiminေျဖလိုက္စဥ္
မ်က္ႏွာလႊဲသြားေသာလူတစ္ေယာက္၏
ဝဋ္ဒုကၡသည္အလြန္ႀကီးေလခဲ့သည္။

"Min တို႔သူငယ္ခ်င္း အတြဲေလးေတြတိုင္းက
သိပ္လိုက္ဖက္ၾကတာပဲ..."

"ကၽြန္ေတာ္နဲ႔ေရခ်ယ္က သူငယ္ခ်င္းေတြပါ..."

"ေအာ္....ဟုတ္လား..
ခ်စ္သူေတြထင္လို႔ Sorry ေနာ္.."

"ရပါတယ္...ဒီလိုပဲ ကၽြန္ေတာ္တို႔လိုက္ဖက္
လို႔ထင္တယ္ ေတြ႕တဲ့လူတိုင္းကအတြဲထင္ေနတာ"

"အဲ့တာေတာ့ဟုတ္တယ္...မင္းတို႔
ေတာ္ေတာ္ကိုလိုက္ဖက္ၾကတယ္
အဲ့တာေၾကာင့္ကိုယ္လည္းအထင္မွားေနတာ"

ရင္းရင္းႏွီးႏွီး စစေနာက္ေနာက္ဆိုလာ
ေသာ သူကို Jeonက ျပဳံးယဲ့ယဲ့ၾကည့္လၽွက္

"မမွားၾကပါနဲ႔...စိတ္ညစ္လြန္းလို႔..."

"ဘာလို႔လဲ...ဒီေလာက္လိုက္ဖက္တာ
အတြဲေလးျဖစ္သြားေတာ့လည္း
ပိုမေကာင္းဘူးလား..."

အလြန္ရင္းႏွီးလြန္းေသာ Jeonနဲ႔ေရခ်ယ္၏
အျပဳအမူမ်ားသည္ကင္မင္ဂၽြန္ရဲ့ စိတ္ထဲ
ႀကိဳက္ေနၾကတာကို
တစ္ေယာက္နဲ႔တစ္ေယာက္မူေနၾကျခင္းဟု
ထင္ကာ စကားေတြေၾကာင္းခဲ့သည္။

"သူငယ္ခ်င္းေတြကို....ဘယ္လိုအတြဲလဲ..."

"သူငယ္ခ်င္းလည္း ဘာျဖစ္လို႔လဲ.."

"စည္းေလ......"

သူတို႔စကားဝိုင္းကိုမသိသလို
မၾကားသလို ခပ္တည္တည္လူ၏
မ်က္အိမ္က်ဥ္းက်ဥ္းေတြသည္
Jeon ထံတန္းတန္းမတ္မတ္ႀကီး
က်လာေတာ့Jeonက လွလွေလးျပဳံးသြားသည္။

"လူ႔ေဘာင္ပတ္ဝန္းက်င္မွာစည္းေတြက
သိပ္အေရးႀကီးတယ္ဗ်...
ေရခ်ယ္ မွာခ်စ္သူရွိတယ္ေလ..."

"အာ...အဲ့လိုလား...."

"ခ်စ္သူရွိရင္ စည္းကမ္းရွိရတယ္
လူေရာ စိတ္ေရာ...ဟုတ္တယ္မလားေရခ်ယ္"

"Jungkook...ငါေတာင္းပန္ပါတယ္
ေတာ္ေတာ့ ဒီမွာျပႆနာတက္လို႔မရဘူးေလ"

ေရခ်ယ္သည္အလြန္တိုးရွလြန္းေသာ
အသံေလးျဖင့္ ေကာင္းေကာင္းပင္မၾကားရ။
Jeon သည္ဂ႐ုမစိုက္ခဲ့ပါ။
စကားလုံးဆုံးသည္ႏွင့္ တည့္တည့္ထိတာ
ေသခ်ာသြားပုံရေသာ မ်က္ႏွာသည္ဘယ္လို
ဟန္ေဆာင္ထားထား သူ႔မ်က္ႏွာလိုပင္
ျဖစ္ေန၍ သူသိေနၿပီ။

"အဲ့တာေတာ့ဟုတ္တယ္ ၿပီးေတာ့
သစၥာတရားကလည္းအဓိကအခ်က္ပဲ.."

ကင္မင္ဂၽြန္
စကားဆုံးသည္ႏွင့္ အလြန္သေဘာက်သြားဟန္
တက္တက္ႂကြႂကြအျပဳံးေတြနဲ႔စကားဆက္
သူကJeon။

"ဒါေပါ့ ဒါေပါ့..သစၥာရွိဖို႔စဥ္းစားမထားရင္
အခ်စ္ကို မဖန္တီးသင့္ဘူး
ခင္ဗ်ား ကေတာ့ သစၥာႀကီးတဲ့ခ်စ္သူ
ေလးရထားပုံပဲ သစၥာအေၾကာင္းကို
ေရွ႕ဆုံးကကိုဆိုလာတာ..."

"Jung..kook..."

ေရခ်ယ္သည္လက္ေတြကိုဆြဲဆိတ္ကာ
ျပန္ဖို႔ကိုပဲႀကိဳးစားေနသည္။

"Min က ကိုယ္တို႔စတြဲထဲက
ေပ်ာ္ရႊင္မွုေတြကိုပဲ ကိုယ့္ကိုဖန္တီးေပးခဲ့တာ
ဒီေန႔အထိ စိတ္ဆင္းရဲရတဲ့တစ္စကၠန့္
ေလာက္ေတာင္သူနဲ႔ပတ္သတ္ရင္မရွိဘူး
သစၥာတရားနဲ႔ပတ္သတ္ၿပီးကေတာ့
ေမးေနစရာကိုမလိုပါဘူး..."

ဟားတိုက္ရယ္ခ်င္မိပါသည္။ေဒါသသည္
တစ္ကိုယ္လုံးတုန္လာသည္အထိ။
စကားဆုံးသည္ႏွင့္တရားက်စြာလွမ္းၾကည့္ေတာ့
မ်က္လုံးေတြလႊဲသြားသည္။
ဘယ္ရင္ဆိုင္ရဲမလဲ။လိပ္ျပာမလုံေလ
အားရေလ။

"ကၽြန္ေတာ္ကေတာ့ ဆိုးဆိုးဝါးဝါး
သစၥာေဖာက္မွုေတြကိုျမင္ထားရေတာ့
ေျပာရရင္သစၥာတရားကို
သိပ္မယုံၾကည္တဲ့သူထဲေတာ့ပါတယ္"

"......."

"သစၥာမရွိတဲ့ ေဖာက္ျပန္တတ္တဲ့
အက်င့္စာရိတၱပ္ိုင္း အဆင္မေျပေနတဲ့သူ
ေတြဆိုလည္း သိပ္မုန္းတယ္....
ေျပာရင္းေတာင္ ကၽြန္ေတာ္မထိန္းနိုင္ေတာ့ဘူး
.ကိုယ္ဟာဘယ္လိုလူမ်ိဳး
ပါဆိုတာကိုဖုံးကြယ္ၿပီး ေအးေအးလူလူ
အျပစ္မဲ့သလို ဘယ္သူနဲ႔မဆို ျဖတ္သန္းေနနိုင္
တာေတြဆို ပိုလို႔ေတာင္မုန္းရင္းအံ့ဩရေသး
ေနတတ္တယ္ေပါ့...ဘယ္လိုမ်ားေနလဲေပါ့...
စိတ္ပ်က္စရာတအားမေကာင္းေနဘူးလား"

လက္သီးေတြဆုပ္သြားကာဒဲ့ၾကည့္လာ
ၿပီးျဖစ္ေသာမ်က္လုံးေတြကို
Jeonက ထပ္မဲ့ျပဳံးျပဳံးျပသည္။

"Jimin ေနမေကာင္းဘူးလား"

မသိဟန္ေမးေသာေမးခြန္းတြင္
နီျမန္းလာေသာမ်က္အိမ္က်ဥ္းက်ဥ္း
ေတြဟာ အံႀကိတ္ထားဟန္။
ဆက္ဆက္ထိမခံေသာစိတ္ပိုင္ရွင္
သည္ဘယ္ေလာက္ေတာင္မီးေတာက္ေနလိုက္မလဲ။
မီးေတာက္ေနေသာမ်က္လုံးေတြကို
ေလာင္စမ္းဟုဘက္ၿပိဳင္ၾကည့္ကာ
တိုက္ခိုက္ေနလိုက္သည္။

ၿပိဳင္ေနရင္း ႐ုတ္တရက္အေရာင္မွိန္သြား
ျခင္းနဲ႔အတူလက္သီးဆုပ္ေလးေတြပါ
ေျပေလၽွာ့သြားသည္။

"Hyung...ကၽြန္ေတာ္ ...Toilet ခဏ ခြင့္ျပဳဦး..."

ေသခ်ာေပါက္တစ္ခုခုျဖစ္သြားတာေသခ်ာ
ေသာပုံစံတြင္စားပြဲဝိုင္းမွရင္ဘက္ေတြကို
ဆုပ္ကိုင္ကာသူေျပးထြက္သြားသည္။
Jeonမ်က္ႏွာသည္မွိုင္းညိဳ႕သြားကာ
ထြက္ေျပးသြားေသာေက်ာျပင္အား
ၾကည့္ေနသည္။ကင္မင္ဂၽြန္သည္ Toilet
ဟုဆိုသြားတာေၾကာင့္ ေခါင္းၿငိမ့္ျပကာ
ေအးေအးလူလူ။

"ဟို ကၽြန္မတို႔ျပန္လိုက္ပါဦးမယ္...."

ေရခ်ယ္သည္ Jeonအား ကင္မင္ဂၽြန္ကိုလည္း
အားမနာနိုင္ ၾကမ္းတမ္းစြာေဆာင့္ဆြဲေခၚလာ
ေတာ့သည္။

"နင္အဲ့လို သူ႔ကိုအနိုင္မက်င့္စမ္းပါနဲ႔!!!!"

"ငါအမွန္ေျပာတာ...ငါ့မွာ..အဲ့ေလာက္ေတာင္ေျပာခြင့္
မရွိဘူးလား.."

"မေျပာနဲ႔!!!သူမွားခဲ့တယ္ ဟုတ္တယ္
ဒါေပမယ့္ နင္မေျပာရဘူး သူနာက်င္ေနတာ
နင္မျမင္ဘူးလား သူ႔အေၾကာင္းနင္မသိလို႔လား
စိတ္က ႏုႏုေလး ...နင္ျပတ္ၿပီဆိုလႊတ္ေပးလိုက္ပါ
စိတ္ဒုကၡေတြမေပးပါနဲ႔..."

"ေပ်ာ္ျပေနတာ ေရခ်ယ္...အဲ့ေကာင္ကို
တစ္စကၠန့္ေတာင္ စိတ္ညစ္စရာမေပးဘူးတဲ့
ငါ့ကိုက် ၇ႏွစ္လုံး ႏွိပ္စက္သြားတာ
ငယ္ကၽြန္ႀကီးလိုပဲ...ငါမနာရဘူးလား!!"

"နင္ၿပီးၿပီဆို
နင္မုန္းတယ္ဆို ဥေပကၡာျပဳလိုက္ေတာ့ေလ
မတိုက္ခိုက္နဲ႔ ေတာ့...သူ႔ဟာသူဘယ္အေကာင္
ဘာလုပ္ေနေန နင္စိတ္မဝင္စားနဲ႔ေတာ့ေလ!!
Jimin က အေနမွန္တယ္ နင္...နင္ပဲ႐ူးေနတာ!!"

"ေတာက္!!!!"

"ဟဲ့!!!!ဘယ္လဲ....."

ေဒါသေတြေသေလာက္ေအာင္ထြက္ေနတဲ့ၾကားက
႐ုတ္တရက္ေျပာင္းလဲသြားေသာ
မ်က္လုံးအရိပ္ကဘာေၾကာင့္လဲကိုလည္း
တၿပိဳင္နက္ေတြးေနရျပန္၏။ဖ်က္ခနဲ
ျပန္ျမင္ေယာင္မိလိုက္ေသာေမာ့ခ်လိုက္သည့္
ရွန္ပိန္တစ္ခြက္။

"ေဝါ့...!!"

ဓာတ္မတည့္ေသာရွိန္ပိန္ကိုစိတ္ေတြအရမ္း
လွုပ္ရွားခဲ့တာေၾကာင့္သတိထားေနရင္း
မွားယြင္းေမာ့မိတဲ့အခါ အသက္ရွု၍မရေသာ
ေဝဒနာကိုအလူးအလဲခံစားေနရသည္။
ေခၽြးေတြျပန္လာကာအကၤ်ီၾကယ္သီးေတြအား
ခၽြတ္လၽွက္အန္ထုတ္ေနေပမယ့္္မရ။

ေဝဒနာအရမ္းဆိုးတာရယ္ မြန္းက်ပ္လြန္းေသာ
စိတ္အေျခအေနေတြရယ္ႏွင့္အလြန္ဝမ္းနည္း
လာတဲ့အခါလွိုက္ခါေနေအာင္ငိုခ်မိသည္။
ဘယ္သူမွမရွိေနတာေၾကာင့္စိတ္လြတ္လက္လြတ္
မ်က္ႏွာေတြအားၾကမ္းတမ္းစြာပြတ္တိုက္ကာငိုရင္း
ေဝဒနာသည္လုံးဝမသက္သာလာခဲ့။
ထိုင္ခ်လ္ိုက္ကာနံရံတစ္ခုကိုမွီလၽွက္တစ္ကိုယ္လုံး
တုန္ရီေနခဲ့သည္။

ေျခသံတစ္ခုၾကားလိုက္ရၿပီးေနာက္
လက္ေကာက္ဝတ္ေတြကေနေဆာင့္ဆြဲ
ခံလိုက္ရကာ အန္မယ့္ေနရာဆီျပန္ေရာက္သြားသည္။
အလြန္မြန္းက်ပ္ေနေသာ္လည္းလာဆြဲတာ
ဘယ္သူလဲဟုေမ့ၾကည့္လိုက္တဲ့အခါခက္ထန္
လွေသာမ်က္ႏွာတစ္ခုကႀကိဳဆိုေနသည္။

"Jeon..Jung ..kook..."

"ေအး ငါ....."

"ငါ့က္ို မထိနဲ႔...ငါ့ကိုထိတာနဲ႔ ငါဒီေနရာမွာ
ေသပစ္လိုက္မယ္..."

ဆြဲထားေသာလက္ေတြကိုအားကုန္သုံးဖယ္
ကာ အလြန္အမင္းေဒါသသံျဖင့္အံႀကိတ္ကာ
ေျပာေတာ့ Jeon သည္ ဂ႐ုစိုက္ဟန္မရွိ။
Jiminခႏၶာကိုယ္ကိုညႊတ္ကိုင္းလ္ိုက္ကာ
ေက်ာျပင္ေတြအားႏွိပ္ခ်ေပးေနသည္။

"ၿငိမ္ၿငိမ္ေန....တစ္ခ်က္စာပဲရွိတာသိတယ္မလား"

"......"

Key point ေတြအား တစ္ခ်က္ခ်င္းေသေသခ်ာခ်ာ
ထိမိသြားတာေၾကာင့္ ဗိုက္ထဲကအရာအားလုံး
ျပန္ထြက္လာခဲ့သည္။
အန္ရင္ ပို၍ေမာပန္းတတ္ကာ ေခၽြးထြက္လြန္
တတ္သည္။ေဝဒနာကိုအလူးအလဲခံေနရေသာ
လက္ဖ်ားေလးေတြတုန္ခိုက္ေနသည္ကို
Jeonက စိုက္ၾကည့္ေနသည္။

"အန္တာကို..အရမ္း အားမစိုက္နဲ႔ေတာ့
ႏွိပ္ေပးေနတယ္...."

"ေမာတယ္....အရမ္းေမာတယ္..."

"ေမာင္ သိတယ္..."

ေရဖြင့္ကာ ေရတခ်ိဳ႕ယူၿပီး မ်က္ႏွာလွလွေလးကို
Jeon ကသန့္စင္ေပးသည္။အဲ့တာကပိုသက္သာ
ေစတယ္။ႏွုတ္ခမ္းက အစာေဟာင္းေတြေပက်ံ
ေနျခင္းကိုေသခ်ာစြာေဆးေၾကာေပးကာ
မ်က္ရည္ေတြမရပ္မနားဆက္က်ေနတာကိုေတာ့
အနည္းငယ္အံ့ဩေပမယ့္ Jeonဘာမွမေျပာ။
မ်က္ရည္ေတြပါလမ္းၾကဳံ၍တစ္ခါထဲသုတ္ေပးလိုက္
သည္။

အနည္းငယ္သက္သာသြားတဲ့အခါနံရံမွာျပန္မွီ
ထိုင္ၿပီး အသက္မွန္မွန္ျပန္ရွုေနသည္။

"ကိုယ္စားမိေသာက္ရင္ေသသြားနိုင္တဲ့အထိ
ျဖစ္နိုင္တဲ့ အရာကို မသိေတာ့ေလာက္ေအာင္
မင္း အဲ့ေလာက္မႊန္ေနရလား ParkJimin
ငါေရာက္မလာရင္ ေသသြားမွာ မင္းသိလား.."

မ်က္ႏွာလႊဲသြားသည္။

"မ်က္ႏွာမလႊဲနဲ႔..ငါ့ကိုၾကည့္စမ္း..."

ၾကည့္လာသည္။ေခၽြးစေတြေဝဒနာေတြနဲ႔မို႔
သိပ္ျပင္းထန္စြာမၾကည့္န္ိုင္။
သနားစရာေကာင္းစြာၾကည့္လာတာေၾကာင့္
မ်က္ႏွာလႊဲသြားသူကJeonပဲ။

"Hyung ကိုေခၚေပး...မင္းကိုငါ..မလိုဘူး..."

ထြက္လာေသာစကားေၾကာင့္ေျခာက္ကပ္ကပ္
ရယ္ကာ ျပန္ၾကည့္လာသူကJeon။

ႏွလုံးသားအပိုင္းအစေတြကတကယ္ဆို
ျပာမွုန္ျဖစ္ခဲ့တာၾကာပါၿပီ။ျပာမွုန္ဘဝျဖစ္ေန
တာေတာင္ကၽြန္ေတာ္ျဖင့္နာေနတုန္း။
အသဲနာရတယ္ဆိုတာ ဒါမ်ိဳးျဖစ္လိမ့္မည္။
တစ္ခ်္ိန္ထဲမွာေဒါသနဲ႔တစ္ခ်္ိန္ထဲကစိတ္ကုန္
စိတ္ပ်က္မွုေတြဟာ ေျပာျပဖို႔စကားလုံးရွာမရဘူး။

"မင္းငါ့ကို လူသတ္ခ်င္လာေအာင္မဆြနဲ႔ေနာ္..."

Jeonလက္သည္တန္းတန္းႀကီးတစ္ခုခုလုပ္ရန္
လာျပန္ေတာ့မ်က္ႏွာကိုဖြက္ကာခႏၶာကိုယ္ေလး
နံရံဆီက်ဳံ႕ဝင္သြားသည္။မေၾကာက္တာလည္း
မဟုတ္ဘူး။

"ငါမွားခဲ့တဲ့အမွားအတြက္ ေစာ္ကားခံရတာ
ႏွိမ္ခ်ခံရတာ အထင္တေသးအေျပာခံရတာ
လုံေလာက္ၿပီလို႔ငါထင္တယ္ Jungkook
မေက်နပ္ေသးရင္ ငါအဆင္ေျပတဲ့အခ်ိန္မွာ
ထပ္ႏွိမ္ပါ...ခုက မရေတာ့လို႔..."

"မင္း.......မင္း......"

"Min!!!"

ဝင္လာေသာေျခသံေတြေၾကာင့္Jeonလွမ္း
ၾကည့္လိုက္သည္။လီသည္Jiminဆီေျပးလာ
ၿပီး ေရခ်ယ္ကJeonဆီေျပးလာသည္။

"အဆင္ေျပရဲ့လား"

"ေျပတယ္ Hyung ျပန္ရေအာင္.."

"အင္း...အင္း"

ေပြ႕ခ်ီလိုက္ေသာခႏၶာကိုယ္ငယ္သည္
ေပါ့ေပါ့ပါးပါးေလးပါသြားသည္။
စိတ္လြတ္စြာေျပးလုေတာ့မည့္
Jeonလက္ေတြကိုေရခ်ယ္ကတင္းက်ပ္စြာ
ဆြဲထားသည္။
အားကိုးတႀကီးဖက္တြယ္ကာပါသြား
သူကိုၾကည့္ကာ ႏွလုံးသားတစ္ခုလုံး
ေအာင့္မ်က္လာကာေျခပင္မခိုင္။

"ေသစမ္း!!!!!!!"

နံရံကို ျပင္းထန္စြာေျပးထိုးလိုက္ေသာ
လက္သီးခ်က္သည္ ေသြးစက္ေတြျဖာခနဲ။

"က်ိဳးမယ္ဟဲ့!!!!!!"

ေသြးစက္လက္ လက္တစ္ဖက္ႏွင့္တစ္ဖက္ကို
လွည့္ေနကာ မလွုပ္မယွက္။

"နင္ေယာက်္ားေလးအိမ္သာထဲ
ဘယ္ေလာက္ေနေနမွာလဲ..."

"ငါ အျပင္မွာ ေစာင့္မယ္ ေသြးေတြေဆးေၾကာ
ၿပီးျမန္ျမန္ ျပန္ထြက္ခဲ့.."

ေရခ်ယ္ေဒါက္ဖိနပ္သံေလးေဝးသထက္ေဝးသြား
ၿပီးေသခ်ာစြာေဝးသြားၿပီးတဲ့အခါငုတ္တုတ္ထိုင္
ခ်လ္ိုက္ၿပီး ေဒါသမီးေတြတေျမ့ေျမ့။
ဘယ္ေလာက္မ်ားေတာင္မုန္းစရာလဲ။

"ေတာက္!!!!!!"
...။

Czytaj Dalej

To Też Polubisz

1.1M 110K 51
တဖက်ထဲစုန်ခဲ့ပေမယ့်.. သူ့ဘက်ကဆန်တက်လာတဲ့အခါ... ဒီရင်ခွင်မှာခြေရာငယ်တွေအပြည့်🌸
134K 15.7K 22
[Unicode+Zawgyi] ဆောင်ကျန်ကွမ်ကျောင်းတော်ကို ဗဟိုပြုပြီး ပေါ်ပေါက်လာတဲ့ ကျောင်းသား ခုနှစ်ယောက်ကြားက ဇာတ်လမ်းလေးတစ်ပုဒ် ေဆာင္က်န္ကြမ္ေက်ာင္းေတာ္ကို ဗဟ...
787K 71.9K 61
" ချစ်ပါတယ်...မချစ်ပါဘူးလို့.. အကို့ကို ကျတော်မလိမ်ခဲ့ဖူးပါဘူး..."