Unforgivable [completed]

Por xiaopaing105

119K 8.9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... Más

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 28 End

Part 27

4.4K 345 4
Por xiaopaing105


🐇Zawgyi🐇







ထင်တယ်

........



"ရှောင်း သွားရအောင်လေ "

"အင်း အင်း သွားမယ်လေ "


"ရှောင်း menuရွေးလေ "


"အလုပ်ကိစ္စ လာတာမလား

"အဲ့တာက .... ဟို.....




အချိန်ကုန်ချင်တာ


"ဘယ်သူမှ မပြောပေမယ့်..... "






"ပြီးတာပဲ"






အဆင်မပြေဘူးပဲ

ရိပေါ်ရွေးကြည့်မလား "





🐰Xiao Paing🐰






လီယိုကို ထပ်ထိုးဖို့ပြင်နေတဲ့ ရှောင်းကျန့်ကောကောကြောင့် လီဖန်အာမှာ မနည်းဆွဲထား ရသည်
လီယိုကို ပြန်လိုက်ဖို့ ပြောနေပေမယ့်
ခေါင်းမာတဲ့သူ ဖြစ်တဲ့အလျှောက် ပေကပ်ကပ်နဲ့သာရပ်နေသေးတာ
ရှောင်းကျန့်ကောက လတ်တလောအခြေအနေအရ လီယိုကို ကြည့်လေကြည့်လေ ဒေါသပိုထွက်လာလေပဲ

"လီယို အခုတော့ ပြန်လိုက်ပါတော့
ကောစိတ်အေးသွားမှ ပြန်တောင်းပန်တော့ "

လီယိုက အနည်းငယ် စဉ်းစားပုံပြပြီး ဆက်ပြီးသာ ရပ်နေခဲ့သည်

"ကော စိတ်ဆိုးအောင်လုပ်မိလို့ တောင်းပန်ပါတယ်
ကျန်တာကို ကြိုက်သလောက်စိတ်ဆိုးလို့ရပေမယ့် ကောအပေါ်ထားတဲ့ကျနော့ရဲ့အချစ်ကိုတော့ စိတ်မဆိုးပါနဲ့ကော "

လီယိုရဲ့ မျက်နှာငယ်လေးနဲ့ တောင်းပန်စကားက ရှောင်းကျန့်ကောအား စိတ်ပြေဖို့မပြောနဲ့ ပိုတိုးလို့ စိတ်တိုလာပုံရသည်
တောက်စ် ခေါက်သံ ကျယ်ကျယ်က ကောကိုဆွဲထားတဲ့ ဖန်အာကို အတော်လေး လန့်စေသည်

အဲ့ဒီနောက်ရှောင်းကျန့်ကောက သူ့လက်ထဲမှာ ရုန်းထွက်ကာ လီယို့ကို သတိပေးသလိုပြောခဲ့ပြီး ထိုနေရာမှ ထွက်သွားလေသည်

"အချစ်ကိုအကြောင်းပြပြီး တခြားသူတွေရဲ့ဘဝကို လိုက်နှောင့်ယှက်မနေနဲ့ "တဲ့
ရှောင်းကျန့်ကောပြောသွားတာ မှန်တယ်လို့
ထင်တယ်
လီယိုအနေနဲ့ ချစ်တာကိုအကြောင်းပြပြီး သူတပါးပိုင်ဆိုင်ရာကို လုယူလို့မှ မဖြစ်ဘဲ
လီယိုမကူညီလိုက်ရလို့ အားနာနေရမယ်ထင်ခဲ့တာ အခုတော့ ပြသနာတစ်ခုပြီးသွားသလို ဖန်အာရဲ့စိတ်တွေ ပေါ့ပါးနေခဲ့သည်
မဟုတ်ရင် ရှောင်းကျန့်ကောနဲ့ တွေ့တိုင်း နောင်တရသလို ခံစားချက်ကြီး ဝင်လာတတ်သည်လေ

........

ရှောင်းကျန့်  Toiletကပြန်လာတော့ ဝမ်ရိပေါ်က သူ့ရဲ့ အလုပ်စားပွဲအနားမှာ ရပ်စောင့်နေခဲ့သည်
ရှောင်းကျန့်လည်း ဒီလူအပေါ် အထင်လွဲမိခဲ့တာမို့ မလုံမလဲဖြစ်ကာ
ဝမ်ရိပေါ်အနား တွန့်ဆုတ် တွန့်ဆုတ်နဲ့ သွားခဲ့ရသည်

အတိတ်မှာရော လက်တွေ့မှာပါ ဒီလူအပေါ်အထင်လွဲပီး ဆိုးခဲ့တာတွေအတွက်
တွေးပြီး ဒီလူနဲ့ မျက်နှာချင်းဆိုင်ဖို့ တွန့်ဆုတ်နေတာပင်

"ရှောင်း သွားရအောင်လေ "

"အင်း အင်း သွားမယ်လေ "

ရှောင်းကျန်ဆီက replyရတာနဲ့ ဝမ်ရိပေါ်က
သူ့ကိုခေါ်ကာနာမည်ကြီး Hotelတစ်ခုက စားသောက်ခန်းဆီ ခေါ်သွားခဲ့လေသည်
အလုပ်ကိစ္စ ချိန်းထားလို့ ထင်ပါရဲ့

"ရှောင်း menuရွေးလေ "

waiterမှတစ်ဆင့် ကမ်းပေးလာသော
menuအားပေးကာသူ့အား အစားအစာအသောက်မှာရန် ပြောလာသည်
ဒါပေမယ့် ချိန်းထားသူအားမစောင့်လျှင် ရိုင်းရာ မကျပေဘူးလား

"အလုပ်ကိစ္စ လာတာမလား
တစ်ဖက်ကို စောင့်သင့်တယ် ထင်တယ် "

"အဲ့တာက .... ဟို.....
အရေးပေါ်ကိစ္စပေါ်လာလို့တဲ့ ချိန်းထားတာ
ဖျက်လိုက်မယ်တဲ့ စာပို့လာတာ"

ဂနာမငြိမ်ဖြစ်နေပုံက ဝမ်ရိပေါ် လိမ်နေကြောင်း သိသာစေတဲ့အချက်ပင်
ဝမ်ရိပေါ်က ကောင်းကောင်းမလိမ်နိုင်သူဖြစ်လေသည်

"အလုပ်ကိစ္စဆိုပြီး ညာခေါ်လာတာလား"

တည့်မေးလိုက်တော့ မျက်နှာလေး ငယ်ကျသွားသူ

"စိတ်မဆိုးပါနဲ့ ရှောင်း ကိုယ်က ရှောင်းနဲ့
အချိန်ကုန်ချင်တာ
အမှန်တိုင်းပြောရင် ရှောင်းက လိုက်လာမှာ မဟုတ်ဘူးလား "

"ဘယ်သူပြောတာလဲ  ငါက ရိပေါ်နဲ့အတူမရှိချင်ပါဘူးလို့ "

"ဘယ်သူမှ မပြောပေမယ့်..... "

တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပုံက ဝမ်ရိပေါ်ရဲ့ ပုံစံမဟုတ် သူ့ရဲ့စိတ်ဆိုးမှာ ကြောက်နေလို့သာ ခုလိုတွေဖြစ်နေခဲ့တာ
ဒီလိုလူမျိုးကိုမှ အထင်လွဲခဲ့တဲ့ ကိုယ်ကလည်း လူဆိုးဖြစ်ခဲ့တာပဲ
ပြန်ပေးဆပ်ရမှာ ဝမ်ရိပေါ်ရဲ့ ပျော်ရွှင်မှုတွေအတွက်

"အလုပ်မရှိတော့ဘူးဆိုရင်လည်း
ဒီနေ့ ရှောင်းနဲ့ ဒိတ်ကြမလား ရိပေါ်"

ကြားလိုက်ရတဲ့ စကားအတွက် အပျော်လွန်ရသူက ဝမ်ရိပေါ်
အခု ရှောင်းက သူ့ကို ဒိတ်ဖို့ ပြောလိုက်တာတဲ့လား
နောက်ပြီး သူ့ကိုယ်သူ ရှောင်းလို့သုံးနှုန်းသွားပုံက ဝမ်ရိပေါ်ရဲ့အရင်က ရှောင်း ပြန်ရောက်လာတာမဟုတ်ဘူးလား
သူ့ဆိုခါးသီးနေတဲ့ရှောင်း မဟုတ်တော့ဘဲလေ

"ဘာလဲ မဖြေဘူးဆိုတော့ မဒိတ်ချင်တာလား "

"မဟုတ်ရပါဘူး ရှောင်းရဲ့
ဒိတ်မှာပေါ့ ငြင်းစရာလား "

"ပြီးတာပဲ"

ရှောင်းကျန့်က ဝမ်ရိပေါ် ဘယ်လောက်ပျော်နေမှန်း ခံစားမိနေတာမို့ မပြုံးဘဲမနေနိုင်ဝမ်ရိပေါ်က သူ့အပေါ်အများကြီးချစ်ပေးနေတာပဲ
တော်သေးတာပေါ့ တောက်လျှောက်မှားနေတဲ့ သူ့ကို ဝမ်ရိပေါ်က စိတ်ပျက်ပြီး ပစ်မသွားလို့

"ရှောင်း ကိုယ်တို့ ဘယ်မှာ ဒိတ်ကြမလဲ
သွားချင်တဲ့နေရာရှိလား "

"ခနလေး စဉ်းစားချိန်ပေးအုံး
အင်း..ဘယ်နေရာဆို အဆင်ပြေမလဲ "

ရှောင်းကျန့်က ချက်ချင်းပဲ ဖုန်းထုတ်ကာ
google မှာ ဒိတ်လို့ကောင်းမယ့် နေရာများအားရိုက်ရှာလိုက်က်သည်

ဝမ်ရိပေါ်ကတော့ ဒိတ်ဖို့တက်ကြွ နေတဲ့ ရှောင်းကိုကြည့်ပြီး ကျေနပ်လို့မဆုံး

"ဒီမယ် တောင်တက်ရင်း ဒိတ်ရင်မဆိုးဘူးတဲ့
ကြွေထည်စတူဒီယိုမှာ ဒိတ်ဖို့လည်း လူပြောများနေတာပဲ
coffee dateတော့ညွှန်းပေမယ့်
ခုမှ စားသောက်ပြီးတာဆိုတော့
အဆင်မပြေဘူးပဲ

ရိပေါ်ရွေးကြည့်မလား "

"ကိုယ်က ရှောင်းနဲ့ အတူရှိနေရရင်ကို ပျော်နေပြီ ရှောင်းဘာလုပ်ချင်ချင် ကိုယ်ကအဆင်ပြေတယ် "

"ဒါဆို အိမ်မှာပဲ movieဒိတ်ကြမလား
ဝမ်ပါးရဲ့ အိမ်မှာမဟုတ်ဘဲ
တို့နှစ်ယောက်ရဲ့အိမ်မှာပဲလေ "

"အကောင်းဆုံးပဲ ရှောင်း "

ဝမ်ရိပေါ်က သူ့အားစိတ်ပြန်ဖွင့်ပေးလာတဲ့ရှောင်းကြောင့် ပျော်ရွှင်ရတဲ့အချိန်ကောင်းလေးအား ပိုင်ဆိုင်ခဲ့ရသည်

🐰Xiao Paing🐰

Seguir leyendo

También te gustarán

241K 43.4K 55
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
419K 83.9K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
3.4K 613 17
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
53.9K 14.4K 51
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥