"ခြယ်"

By KhinPhone2001

4K 207 12

'ခြယ်'ဆိုတဲ့ GL ficလေးကပထမဆုံးဖန်တီးဖူးတဲ့အရာလေးဖြစ်လို့ လိုအပ်ချက်များရှိခဲ့ရင် ခင့်အမှားသာဖြစ်ပါတယ်ရှင့်🧡 More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Announcement
'စားပွဲပေါ်ကဓာတ်ပုံ'
Part 15
Part 16
Part 17
Part 18

Part 13

193 9 0
By KhinPhone2001

Part 13

ဂန်ဟန်ရဲ့ဆိုင်လေးမှာ လမ်းမကြီးပေါ်တွင်လက်ညှိုးထိုးမလွဲရှိနေသောအထပ်မြင့်တိုက်များကြားထဲတွင်ရှိသည်။တစ်သီးတစ်သန့်ဆန်ဆန်အဖြူရောင်တစ်ထပ်တိုက်ဖြင့်ဖွင့်လှစ်ထားသည့်ဆိုင်ကလေးဖြစ်သည်။ရှေ့မျက်နှာစာအားလုံးကိုမှန်ဘောင်များဖြင့်လုပ်ထားသောကြောင့် ဆိုင်ထဲရှိပိုးထည်လိပ်များနှင့်စင်ပေါ်တွင်သေသပ်စွာစီရီခင်းကျင်းထားသော ပိုးပုဆိုး၊ပိုးချိတ်ထဘီများကိုလဲတွေ့နိုင်သည်။ဆိုင်တွင်းခင်းကျင်းထားသောအပြင်အဆင်များကိုကြည့်ခြင်းဖြင့် အဖြူရောင်ကိုအသားပေးသုံးထားမှန်းသိသာသည်။ချိတ်နှင့်ပိုးရုံများကိုအလှပြခင်းကျင်းထားသည့်နံရံကပ်ဘီရိုမှအစ၊ကိုယ်လုံးပေါ်မှန်များနှင့်ပါကေးပေါ်တွင်ခင်းထားသော အမွှေးနုနုအဖြူရောင်ကော်ဇောလေးများပင်သက်သေ။

ဆိုင်ကိုအမြဲနေ့လည်မှလာတတ်သဖြင့် နေ့လည်စာကိုလဲဆိုင်ရောက်မှစားတတ်သည်။ဆိုင်ထဲဝင်သွားတော့ မန်နေဂျာအမကနေ့လည်စာစားဖို့ပုံမှန်နေ့တွေလိုပဲပြင်ဆင်ပေးထားသည်။ခြယ်ကတော့ ဆိုင်ထဲရှိအထည်အလိပ်များကို စိတ်ဝင်တစားနဲ့လိုက်ကြည့်နေသည်။

'ခြယ် နောက်မှကြည့် နေ့လည်စာစားကြမယ်'

'ဟိုစင်ပေါ်ကချိတ်ကလေးတွေလှတယ်နော်ဂန်ဟန်'

'အင်းဟုတ်တယ် အဲ့အပေါ်ကမင်္ဂလာဆောင်မယ့်သတို့သမီးတို့၊ပွဲတတ်တဲ့သူတွေအဝယ်များတယ် ထည်လဲထည်တော့ ပြီးရင်သွားကြည့်ကြမယ်လေ အခုတော့ထမင်းအရင်စားကြရအောင် ဗိုက်ဆာနေပီ'

ထမင်းစားပြီးနောက် ခြယ့်ကိုမန်နေဂျာအမနှင့်ဆိုင်ရှိဝန်ထမ်းကောင်မလေးများနှင့်မိတ်ဆက်ပေးသည်။

'ခြယ်ကဒီမှာဂန်ဟန်နဲ့အတူဆိုင်ကိုကူကြည့်ပေးမှာ။ဂန်ဟန်သူငယ်ချင်းမို့ အားလုံးတစ်ခုခုဆိုလဲခြယ့်ကိုကူညီပေးလိုက်ကြနော်'

'ရော့ဒီမှာ ခြယ့်အတွက်'

'အမ် ဘာဘူးလေးလဲ'

'ဖောက်ကြည့်လိုက်ပါ ဆိုင်ကိုပထမဆုံးရောက်တဲ့အထိမ်းအမှတ်အနေနဲ့ပေးတာ'

ခြယ်ကမြန်မာဝတ်စုံလေးတွေနဲ့လိုက်ဖက်သူမို့ ဆိုင်မှာအလုပ်လုပ်မယ်ကြားကြားချင်း ဆိုင်ကိုချက်ချင်းလှမ်းဆက်ကာ ပြင်ထားခိုင်းခြင်းဖြစ်သည်။

'ချည်သားလေး လှလိုက်တာအေးမယ့်ပုံလေးပဲ'

'ဟုတ်တယ် အဲ့တာဒီလမှထွက်ထားတဲ့အင်းလေးချည်ပန်းထိုးအဆင်လေး။ဟိုတစ်ခါဘုရားပေါ်မှာတွေ့တုန်းက ချည်ထည်လေးဝတ်ထားတာ ခြယ်နဲ့သိပ်လိုက်တာမှတ်မိလို့။ဒါလေးထွက်ကတည်းကပေးချင်နေခဲ့တာ၊အခုမှပဲကြုံတယ်'

ခြယ်ကတစ်ယုတစ်ယနှင့်အထည်လေးကိုဖြန့်ကြည့်ပြီး သဘောကျနေတော့ ရှက်သလိုလိုတောင်ဖြစ်မိသည်။နောက်တော့ဆိုင်ထဲကပိုးရုံနှင့်ဇာတွေလိုက်ပြတော့ စိတ်ဝင်တစားနဲ့ပြောသမျှကိုခေါင်းတညိတ်ညိတ်လုပ်ကာနားထောင်နေသည်။

'နောက်ကျရင် ခြယ်အားလုံးသိသွားမှာပါ ဖြေးဖြေးချင်းကြည့်ပေါ့ ဟုတ်ပီလား'

ဒီလိုနဲ့ညနေကျတော့အိမ်အပြန်ကိုလဲအလာတုန်းကအတိုင်း အတူရှိချင်သည်။

​'ခြယ် ညနေကျရင်တူတူပြန်မယ်နော် ခြယ့်ကိုဝင်ပို့ခဲ့ပေးမယ်'

'အင်း ရတယ်လေ'

'ညနေကျအပင်ဆိုင်ဝင်ချင်လို့ ခြယ်လိုက်ခဲ့မလား'

'အပင်ဆိုင်ဟုတ်လား ဂန်ဟန်ဘာပင်ဝယ်စရာရှိလို့လဲ'

'ဒီတိုင်းပဲလေ ဆိုင်မှာဝင်ကြည့်ချင်တာပါ ဂန်ဟန်ကမသိပါဘူး ခြယ်ရွေးပေးပေါ့။အိမ်ထဲနဲ့ဆိုင်ထဲမှာထားဖို့ indoor plantလဲနည်းနည်းလောက်ကြည့်ချင်လို့'

အမှန်တော့ထိုဆိုင်လေးသည်ကိုယ်လိုအပင်စိုက်ဝါသနာမပါသည့်သူကိုတောင်သလောကျစေသည့်ဆိုင်ကလေးဖြစ်သည်။မေမေနှင့်တူသော သူမသာဆိုလျှင်လဲသဘောကျမည်ဖြစ်ကြောင်းသိသဖြင့်ခေါ်သွားချင်သည်။

'အင်း အင်း ခြယ်သေချာကြည့်ပေးမယ်။အိမ်ထဲစိုက်လို့ကောင်းတဲ့အပင်လေးတွေသိတယ်။ခြယ့်အိမ်မှာစိုက်ထားသလိုလေးတွေရော သဘောကျလား။နောက်ရက်ခြယ်ပျိုးထားတဲ့ marigoldအပင်လေးခွဲပြီး ယူလာခဲ့မယ် အိမ်မှာစိုက်ပေါ့။မနက်ကျလိုက်ကာလေးလှပ်ထား ဒါဆိုရပီ'

ခနအကြာတော့

'ဘန်ကောက်ကနေရောက်တဲ့စာရင်းတွေပါအမ'ဝန်ထမ်းညီမလေးကမ်းပေးသောစာအုပ်ယူကာ စာရင်းများကိုပြန်စစ်နေချိန် ကိုနောင်ရောက်လာသည်။

'အော်ကိုနောင်ပါလား လာဒီမှာထိုင်'

'မေမေလဲပါတယ်ကားထဲမှာဖုန်းပြောနေလို့။ပြီးရင်ဆင်းခဲ့မယ်တဲ့'

'ဟုတ်လား လမ်းကြုံလို့ဝင်လာတာလား'

'မဟုတ်ဘူးနောက်လအလှူသွားစရာရှိတော့ချုပ်ဖို့အစလေးဝင်ကြည့်မယ်လိုက်ပို့ပေးဆိုတာနဲ့လိုက်ပို့ပေးရတာ'

'ကိုနောင်ကိုမိတ်ဆက်ပေးရဦးမယ်။ဒါ ခြယ်တဲ့ ဂန်ဟန်သူငယ်ချင်း'

'ဟုတ်လား တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်ခွန်နောင်ပါ'

'ဟုတ်ကဲ့ ကျွန်မကခြယ်ပါ'

'ဟောဟိုမှာ လာပါပီ၊အန်တီဆွေအကြိုက်တွေအသစ်ရောက်ထားတယ်။ရောင်းဖို့စာရင်းလုပ်နေတုန်းမလို့ ရောင်းတောင်မရောင်းရသေးဘူး။ဒီမှာ'

ဂန်ဟန်နဲ့ခြယ်ကခုံပေါ်တွင်တင်ထားသော ဇာပန်းထိုးအဆင်အသစ်များကိုတစ်ခုချင်းဖြန့်ပြသည်။

ပတ်ဝန်းကျင်ကိုအမြဲဂရုစိုက်တတ်သောအန်တီဆွေ့မျက်လုံးများက ခြယ့်ဆီသို့ရောက်သွားသည်။

​'သမီးကဝန်ထမ်းအသစ်ထင်တယ်'

'ဟုတ်တော့ဟုတ်တယ် ဒါမယ့်ဂန်ဟန့်သူငယ်ချင်းပါ။ဂန်ဟန်ပျင်းလို့ဆိုင်မှာတစ်ခါတစ်လေလိုက်လာခိုင်းထားတာ'ဟုကြားထဲမှအမြန်ဖြေပေးလိုက်သည်။ခြယ့်လိုခပ်အေးအေးမိန်းကလေးနှင့်အန်တီဆွေလို အနည်းငယ်စပ်စပ်စုစုနိုင်ပုံနှင့်ဆို လျှောက်မေးနေလိမ့်မည်။

ပြောရင်းအထည်များကိုသာဆက်ရွေးနေသောကြောင့်တော်သေးသည်။

'အဖြူရောင် ချိတ်လေးပဲဝတ်တော့မယ်၊အလှူဆိုတော့ အဖြူလေးပေါ့။သမီးအန်တီဆွေတို့ပြန်တော့မယ်။သမီးမေကြီးကိုလဲပြောလိုက်ဦး ဆိုင်ကိုလာသွားတယ်လို့။အိမ်ကိုလဲလာလည်ကြပါဦးအန်တီဆွေဟင်းတွေရှယ်ချက်ထားမယ်'

'ဟုတ်အန်တီဆွေ မေကြီးကိုအန်တီဆွေလာတာပြောလိုက်ပါမယ်။လာမယ့်နေ့ကိုလည်းမေကြီးကိုဖုန်းဆက်ခိုင်းလိုက်မယ်'

အန်တီဆွေတို့ပြန်ပြီးသိပ်မကြာခင်ပဲ ဆိုင်ကနေပြန်လာခဲ့ကြပြီး အပင်ဆိုင်ရှိရာသို့ထွက်ခဲ့သည်။

'ဟိုရှေ့ဆိုရောက်ပြီ'

'ဂန်ဟန်ကပန်းပင်လေးတွေရောကြိုက်လား'

'ပန်းပင်လေးတွေလားသဘောကျပါတယ် ကိုယ်တိုင်မစိုက်တတ်ပေမယ့် မေမေကပန်းကြိုက်တယ်လေ ဂန်ဟန်ငယ်ငယ်တုန်းကနေတဲ့အိမ်မှာဆိုမေမေကပန်းပင်လေးတွေကို ခြံထဲမှာဘောင်လေးတွေခတ်ပြီးသေချာစိုက်တာ။မှတ်ဉာဏ်ထဲဝိုးတဝါးဆိုပေမယ့် မေမေပန်းပင်လေးတွေချစ်တာတော့မှတ်မိတယ်။မေမေကတော့မရှိတော့ပေမယ့် သူစိုက်ပျိုးခဲ့တဲ့ပန်းပင်လေးတွေကတော့အခုထိရှင်သန်ဖူးပွင့်နေကြတုန်းပဲ။အဲ့အိမ်ကပြင်ဦးလွင်မှာ။မေမေ့ကိုလွမ်းလို့ တစ်နှစ်တစ်ခါအဲ့အိမ်ကိုပြန်ဖြစ်တယ်'

စကားပြောရင်းဆိုင်သို့ရောက်လာခဲ့ကြသည်။မိုးဖွဲလေးများကျနေသောကြောင့် 'ခြယ်ခနလေးမဆင်းနဲ့ဦး မိုးဖွဲတွေကျနေတယ်။'

ထီးကိုယူကာခြယ့်တံခါးဖက်စီသွားပြီးတံခါးဖွင့်ပေးလိုက်သည်။မိုးဖွဲလေးဆိုရုံသာရွာသော်လည်း ပုခုံးနှစ်ဖက်ကိုထိကပ်စေသောဤမိုးအား စိတ်ထဲမှကျေးဇူးတင်နေမိသည်။

အပင်ဆိုင်ဆိုသော်လည်း ရှေးခေတ်ပစ္စည်းလေးတွေ၊ပန်းချီလေးတွေဖြင့် တန်ဆာဆင်ထားသောကြောင့် ရောက်လာသူတိုင်းရဲ့စိတ်ကိုဆွဲဆောင်နိုင်သည်။အဝါရောင်အခန်းအပြင်အဆင်နှင့် အပင်လေးတွေ၏စိမ်းစိုမှုကပနံသင့်လျက်ရှိနေသည်။အပင်အကြောင်းဘာမှမသိသော မိမိစိတ်ကိုတောင်ဆွဲဆောင်နိုင်သည်ဆိုလျှင် ခြယ့်စိတ်ထဲမည်မျှသဘောကျနေမည်ကိုခန့်မှန်းနိုင်သည်။

'ဂန်ဟန် ဒီဆိုင်လေးကချစ်စရာကောင်းလိုက်တာ။ဒီဆိုင်ကိုနေ့တိုင်းတောင်လာလည်ချင်တယ်'

'နေ့တိုင်းတောင်လာလည်ချင်တယ်ဟုတ်လား။သိသားပဲ ခြယ့်ကိုဒီသာခေါ်လာရင်ပြန်ချင်တော့မှာမဟုတ်ဘူးလို့'

'ဟုတ်တယ် ခြယ်လဲနောက်ကျရင်ဒီလိုအပင်ဆိုင်လေးသေချာပေါက်ဖွင့်မှာ'

'အပင်ဆိုင်မဖွင့်ခင်အပင်ဆိုင်လောက်နီးနီးစိမ်းစိုသွားအောင်ဘာတွေစိုက်ရမလဲခြယ်ကပြောပြပေးမလား။ဂန်ဟန်ကစိုက်မယ်'

ရွက်နုလေးများထိုးထွက်နေသော အိုးလေးတစ်လုံးကိုအနားယူလာကာ 'ဂန်ဟန် ဒါလေးကဆိုင်မှာရောအိမ်မှာရော ဂန်ဟန်ကြိုက်တဲ့နေရာမှာစိုက်။ဆိုင်မှာစိုက်ရင်တော့ပိုကောင်းတယ်။ရွှေလာငွေလာပင်လေးမို့ ဆိုင်မှာဆိုပိုအဆင်ပြေတာပေါ့'

'ဟုတ်ကဲ့'
သူမပြောသောစကားတိုင်းကိုနာခံနေသကဲ့သို့။

'ခြယ်စိုက်စေချင်ရင်အဲ့တာလေးယူမယ်။နောက်အပင်တွေလဲရွေးပေးဦး'

'ဟုတ်သားပဲ။ပန်းပင်ပန်းပင် မေ့နေတာ။ဟိုသွားမယ်လာ'

ဆွဲခေါ်ရာနောက်သို့ပါသွားခဲ့ပြန်သည်။ခြယ်နဲ့တွေ့တော့ ဒီဆိုင်ကိုမရောက်ဖူးသည့်သူအလား အသစ်တစ်ဖန်ပင်ဖြစ်နေသည်။

'ရော့ ဒီအပင်လေးစိုက်'

'အော်ဒီအပင်လေးမြင်ဖူးတယ် ဒါခြယ့်အိမ်ကစားပွဲပေါ်မှာတင်ထားတဲ့ပန်းမဟုတ်လား'

'ဟုတ်တယ် marigoldလို့ခေါ်တယ်သူ့ကို။မြန်မာလိုဆိုထပ်တရာပန်းပေါ့။ဂန်ဟန်ကိုပြောပြဖူးလားမသိဘူး ဒီပန်းလေးတွေကပျော်ရွှင်ခြင်းကိုယူဆောင်လာပေးတဲ့ပန်းလေးတွေလေ။ဒီပန်းလေးတွေကိုသိပ်သဘောကျတာပဲ။ဖေဖေကအိမ်ကအပင်လေးကို ခြယ့်အသက်၁၈နှစ်ပြည့်တုန်းက လက်ဆောင်ပေးခဲ့ဖူးတာ။ဖေဖေကခြယ့်ရဲ့ကမ္ဘာကြီးလေ။ဒါကြောင့်ဒီအပင်လေးကိုလဲ သိပ်သဘောကျတာပေါ့။ခြယ့်အပင်လေးကိုလဲခွဲပေးမယ်။ရော့ဒါလေးလဲယူ'

'ဒါကိုအိမ်မှာစိုက်မယ်၊အခန်းထဲမှာစိုက်ထားလိုက်မယ်'

'ဂန်ဟန်သိလား ပထမဆုံးကားshowroomမှာဂန်ဟန်တွေ့တဲ့နေ့က ခြယ့်အိမ်မှာစိုက်ထားတဲ့အပင်လေးကအဖူးလေးတွေထွက်လာတယ်။'

'အင် ဆက်ပြောပါဦး'

'ဒုတိယအကြိမ်အိမ်အောက်မှာကားရပ်ပြီးနောက်ကနေလိုက်လာတဲ့နေ့ကျ အဖူးတွေကလဲတိုက်တိုက်ဆိုင်ဆိုင်ပွင့်နေကြတယ်'

'ခြယ်ကမှတ်မိတယ်ပေါ့'

'မှတ်မိတာပေါ့ စားပွဲပေါ်မှာအမြဲတင်ထားတဲ့အပင်လေးမို့ ပန်းပွင့်တာ၊ဖူးတာသေချာသိတယ်'

ခြယ့်နှုတ်ခမ်းပါးလေးတွေကတစ်ဆင့်ထွက်လာသောစကားများကိုနားထောင်ရင်းမျက်ဝန်းများကိုသာစိုက်ကြည့်နေမိသည်။

'ဂန်ဟန်ကအဲ့ဒီmarigoldပန်းလေးလို ခြယ့်ဘဝထဲပျော်ရွှင်မှုမဆိုတောင်ကံကောင်းခြင်းတွေတစ်ဖြည်းဖြည်းယူဆောင်လာပေးခဲ့တဲ့သူဖြစ်မယ်ထင်တယ်'

ကိုယ့်မျက်ဝန်းတွေကိုပြုံးပြုံးလေးစိုက်ကြည့်ကာအလေးအနက်ပြောနေသောသူမမျက်ဝန်းထဲတွင် မစိုသလောက်ဝမ်းနည်းရိပ်တို့သမ်းနေသည်ကိုသတိထားမိသည်။

'ဘာဖြစ်လို့ကံကောင်းမှုတွေယူလာတယ်လို့ခြယ်ကထင်ရတာလဲ'

'အော်ဒီလို ဂန်ဟန်နဲ့မတွေ့ခင်ကအထိခြယ်ကကံဆိုးနေခဲ့သလိုပဲအရာရာအဆင်မပြေဘူး။ပထမဆုံး ဈေးထဲမှာလူတွေကြပ်လို့တိုးရင်းမတော်တဆ ခြယ့်နားကပ်လေးတစ်ဖက်ကျပျောက်ခဲ့တယ်။နောက် လမ်းသွားရင်းစက်ဘီးတစ်စီးကဝင်တိုက်သွားလို့ တံတောင်ဆစ်နဲ့ခြေမျက်စိနား ပွန်းသွားတယ်။တတိယတစ်ခုက ခြယ့်မိထွေးကြောင့်။ဂန်ဟန်ယုံမလားတော့မသိပေမယ့် အဲ့ဒီပထမဆုံးကားshowroomမှာ တွေ့တဲ့နေ့ကတစ်ကယ်ပဲသူဌေးကခြယ့်ကိုကားလိုက်ဝယ်ပေးခဲ့တာပါ။အလုပ်ကိစ္စကြီးတစ်ခုခြယ့်ကြောင့်အောင်မြင်ခဲ့လို့ ကားတစ်စီးအလုပ်သွားအလုပ်ပြန်အဆင်ပြေအောင်ဝယ်ပေးမယ်လို့ပြောခဲ့တယ်။ခြယ့်အနေနဲ့ကူညီခဲ့ရတာဘာမှမပြောပလောက်လို့ အဲ့လိုတန်ဖိုးကြီးပစ္စည်းကိုခြယ် လက်မခံချင်လို့ငြင်းခဲ့တယ်။အဲ့တော့သူဌေးကတစ်ရက်အိမ်ကိုလိုက်လာပြီး ကားကိုလက်ခံဖို့လူကြီးတွေကိုပြောပေးမယ်ဆိုပြီးလာတာ ခြယ့်မိထွေးနဲ့တွေ့သွားပြီးသူကလက်ခံပါတယ်ဆိုပြီးသူဌေးကိုပြောလိုက်တယ်။အဲ့တာနဲ့မရပ်ပဲ ခြယ့်ကိုပါသူဌေးဆီကရတာနဲ့သူ့ကိုပေးဖို့ပြောတာပဲ။နောက်ဆုံး အလုပ်လဲထွက်ခဲ့ရတယ်။ဒါပေမယ့် အလုပ်ထွက်ခဲ့ရတာကတော့ ဂန်ဟန်နဲ့တွေ့ဖို့ဖြစ်လာသလိုပဲမို့ ကံဆိုးတာကနေကံကောင်းခြင်းပြောင်းလာတာပေါ့။ထပ်ပြီးကံကောင်းလာတဲ့အရာတွေက အလုပ်လဲရတဲ့အပြင်ညီမလေးတစ်ယောက်ရလိုက်သလိုပဲ။'

​ခြယ်ပြောနေသောစကားလုံးတစ်ခုချင်းဆီရဲ့အဓိပ္ပာယ်အားဂရုတစိုက်နားထောင်နေသည့်မိမိကို ညီမလေးတစ်ယောက်ရလိုက်သလိုပဲဆိုသည့် စကားကြောင့် မျက်ခုံးများတောင် တွန့်သွားရသည်။ထိုမိန်းကလေးသည် မပြောရင်လဲမပြော ပြောပြန်ရင်လည်းတစ်ချက်တစ်ချက်နင့်ခနဲ။'ခြယ်ရေ ကိုယ်ကတော့ဘယ်လိုမှညီမလေးမလုပ်ချင်ပါဘူးနော်'လို့စိတ်ထဲတွင်ခွန်းတုံ့ပြန်လိုက်သည်။ပြီးမှ ဝမ်းနည်းရိပ်ပေါ်လာသည့်သူမကို ပန်းချီကားလေးတွေထောင်ထားသည့်နားသို့ မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ဆွဲခေါ်သွားလိုက်သည်။
(အစကouoကနေတင်ပြီးတစ်ဖက်တစ်လှမ်းကနေကူဖို့လုပ်ပေမယ့်မအားတာရောတင်ဖို့မတင်တတ်တာတွေရောအပြင်စာဖတ်သူတွေဝင်ဖို့အဆင်မပြေမှာစိုးလို့ဒီကနေပဲဆက်တင်ပေးသွားပါမယ်။ဟိုကလှူဖို့ကလဲခင်အပြင်ကနေပဲလှူသွားလိုက်ပါမယ်🤍)

(အားတဲ့ချိန်တော့အပိုင်းသစ်ကိုမျှော်ရင်းအပိုင်းဟောင်းလေးတွေပြန်ဖတ်ချင်လဲရပါတယ်။ခင်အပိုင်းတိုင်းကိုထပ်ဖြည့်ထားတာလေးတွေရှိလို့။ဂတ်ဟန်နာမည်အရင်းလေးလဲထပ်ဖြည့်ထားပါတယ်)

Continue Reading

You'll Also Like

3.7M 294K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
497K 14.5K 61
Silent, unforgiving and strikingly gorgeous, Rylan Parker is a cold-hearted businessman. An intimidating CEO, perfectly fitted in tailored suits and...
507K 1.5K 11
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
1.3M 69.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...