Part 3

187 12 0
                                    

ညဘက်အိမ်ပြန်ရောက်သည်အထိ ဂန်ဟန် ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာများအားတွေးနေမိသည်။ဖုန်းကိုထုတ်၍

"တန် ငါနင့်ကိုအကူအညီတောင်းစရာရှိတယ်။daddyရုံးက မိန်းကလေးတွေရဲ့အချက်အလက်တွေကိုရှာပေးပါလား။ဒီလိုလုပ်နိုင်တာနင်ပဲရှိတာ ငါသိချင်တာလေးတွေရှိလို့"။'တန်'သည်သူမအတွက်တော့အမြဲအားကိုးလို့ရသောအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သည့်အပြင် သူမဖြစ်ချင်သိချင်သောအရာမှန်သမျှဘေးကလိုက်လံဖြေရှင်းပေးတတ်သည့်မန်နေဂျာတစ်ဦးနှင့်ပင်တူသည်။

နောက်တစ်နေ့-

အခန်းlockကိုpwသိနေသည့်အလျောက်အိပ်ခန်းထဲသို့မရောက်ခင်ထဲကပူညံပူညံနှင့်အော်နေသည့်'lexiနဲ့တန်'
'အခုထိမထသေးဘူးလားထတော့ထတော့။ဒီမှာမနက်စာဝယ်လာတယ်။ညကဘယ်ချိန်မှအိပ်လဲမသိဘူးဒီကောင်'

မထချင်ထချင်နှင့်အိပ်ယာပေါ်မှမျက်လုံးမပွင့်ပဲထကာရေချိုးခန်းဆီသို့ဦးတည်သွားလိုက်သည်။

ဧည့်ခန်းထဲတွင်စကားတစ်ပြောပြောဖြစ်နေကြသည့်ထိုနှစ်ကောင်အားကြည့်ကာ'ဂန်ဟန်'သဘောကျနေမိတာအမှန်။မပြောမဆိုရောက်ရောက်လာတတ်တာသူတို့နဲ့ခင်ကာစ လွန်ခဲ့သည့်နှစ်တွေမှယခုတိုင်ပင်ဖြစ်သည်။

စားပွဲပေါ်တွင်တင်ထားသောစာရွက်အဖြူရောင်ဖိုင်တစ်ခုတွေ့လိုက်သည်နှင့်ထိုအရာပေါ်အာရုံများရောက်သွားမိသည်။တစ်ရွက်ချင်းဓာတ်ပုံတွေလှန်လိုက်တော့တွေ့လိုက်ရသည့်မျက်နှာမှာ မနေ့ကတွေ့ခဲ့ရသည့် သက်လတ်ပိုင်းအမျိုးသမီး။အရပ်ရှည်ရှည်အသားညိုညိုနှင့်မဲနက်မှောင်နေသောထိုဆံပင်ပုံတို့ကိုမြင်သည်နှင့် တန်းမှတ်မိလွယ်သော ထူးခြားသည့်ရုပ်ရည်မျိုးပိုင်ဆိုင်ထားပုံကြောင့် သူမအဖေသဘောကျနှစ်သက်သူဖြစ်မည်ဟုတွေးနေမိသည်။

သူမအကြောင်းအရာတွေကိုကြည့်မိတော့ နာမည်မှာ "ခြယ်"။လိပ်စာကိုကြည့်မိတော့
ဟိုဖက်ရပ်ကွက်မှာနေကြောင်းသိလိုက်ရသဖြင့် 'ဂန်ဟန်' သူမအားလိုက်ချောင်းဖို့ကြံနေစဉ်မှာပင် အောက်ဆုံးတွင်အလုပ်ထွက်စာတင်ထားကြောင်းပါတစ်ပါတည်းတွေ့လိုက်ရသည်။

"ခြယ်"Where stories live. Discover now