လူနာစောင့်ခုံပေါ်တွင် လက်ကလေးပိုက်ကာ အိပ်ပျော်နေသည့်ခြယ်က မိမိထက်ကြီးသည်ဟုပင်မထင်ရပါ။ဂျင်းဘောင်းဘီရှည်လေးဝတ်ထားသောကြောင့် လုံလုံခြုံခြုံဖြစ်နေသော်လည်း အကဲပိုသည့်မိမိကခြေရင်းကစောင်အပါးလေးကိုကိုယ်ဖုံးရုံလောက်ခြုံပေးပစ်လိုက်သည်။မိမိမှာခြယ်ဟူသောထိုမိန်းကလေးနှင့်ပတ်သက်လျှင် နည်းနည်းလေးတောင်သဘောမကောင်းလိုပါ။
ခြယ်နိုးလာပြီးနောက်....အဘိုးရဲ့ဝတ်ပြီးသားအဝတ်များကို အိမ်သို့ပြန်ယူသွားရန် အထုပ်ထဲခေါက်ထည့်နေသည်။ပုံမှန်အိမ်သို့ပြန်လျှင် ရပ်ကွက်ထဲကအန်တီကြီးအား လူနာစောင့်အဖြစ်ခဏခေါ်ထားလေ့ရှိသည်။ယခုတော့ ဂန်ဟန်ရောက်လာသဖြင့် ဂန်ဟန့်ကိုဘိုးဘိုးနှင့်အတူထားခဲ့ကာ အိမ်သို့ပြန်ဖို့လုပ်သည်။
'ဂန်ဟန် ဘိုးဘိုးရဲ့ဆေးတွေက စားပွဲပေါ်မှာ။ဆရာဝန်တွေက မနက်အတွက်သောက်ဖို့ ရေးထားတာရှိတယ် ဒီမှာ။ဒါက အာဟာရမှုန့်။မနက်၉နာရီလောက်ကျဘိုးဘိုးနဲ့လမ်းလျှောက်ထွက်ပေးရတယ်။ခနတဖြုတ်ပေါ့'
'ဟုတ်ပါပီခြယ် စိတ်ချပါ ဂန်ဟန်သေချာတိုက်ထားလိုက်မယ်။တစ်ယောက်ထဲသွားလို့အဆင်ပြေရဲ့လား'
'ပြေပါတယ်။ခြယ်အမြဲသွားနေကြပဲ။အပြန်ကျဘာဝယ်ခဲ့ပေးရမလဲမနက်စာ။မြီးရှည်စားမလား။မန္တလေးရောက်တုန်း။'
ဘာဝယ်ကျွေးကျွေးဂျီးမများသောဂန်ဟန်က ခြယ်ပြောသမျှသာခေါင်းညိတ်လိုက်သည်။
အဘိုးအားတိုက်ရမည့်ဆေးတွေကို ပြခဲ့ကာ အထုပ်တွေယူ၍ ထွက်လာခဲ့သည်။အထုပ်တွေကများနေသဖြင့် ဒီနေ့မှ မနိုင်မနင်းဖြစ်နေသည်။အထုပ်များကို ဆိုင်ကယ်ခြေနင်းတွင်တစ်ထုပ် ထိုင်ခုံပေါ်တွင်တစ်ထုပ်တင်ကာ ဆိုင်ကယ်ကြိုးဖြင့်တုပ်ရန်ပြင်နေသည်။ဘေးနားတွင် 'ဘယ်သွားမလို့လဲဗျ' ဆိုသောအသံကြောင့် တစ်ချက်လှည့်ကြည့်လိုက်တော့ ကိုနောင်ဖြစ်နေသည်။
'အော်ကိုနောင် ပြန်သွားပြီထင်နေတာခြယ်တို့က။မပြန်သေးဘူးလား'
'ဟုတ်တယ် ကျွန်တော်အစကပြန်မလို့ပဲ ဒီမှာအလုပ်ကိစ္စတစ်ခုမနက်ဖြန်ချိန်းထားတာပေါ်လာလို့ မပြန်တော့တာ၊အဲ့တာနဲ့ ကျွန်တော်ဆေးရုံကိုလာလိုက်တာ'
YOU ARE READING
"ခြယ်"
Romance'ခြယ်'ဆိုတဲ့ GL ficလေးကပထမဆုံးဖန်တီးဖူးတဲ့အရာလေးဖြစ်လို့ လိုအပ်ချက်များရှိခဲ့ရင် ခင့်အမှားသာဖြစ်ပါတယ်ရှင့်🧡