..[ U ]
မုဝမ်ရန် အနီးမှာ ဘယ်သူမှမရှိဘူး,
စေ့စပ်ထားသူကိုလည်းမတွေ့ရ, အဲ့ဒီအပြင်သူ့ကိုလာကြိုတဲ့မိသားစု ဝင်တွေကိုပါမတွေ့ရဘူး။အစပထမတွင်မုရှန်းလာကြိုမည်ဟု လုကျားထင်ခဲ့သော်လည်း ယခုတွင်သူတစ်ယောက်တည်းမုဝမ်ရန် ပြန်လာမည်ကို
မသိခြင်းကအံ့သြစရာတော့မဟုတ်ဘူး။
မုဝမ်ရန်ကလည်း အခြားသူတွေသူ့အား
လာမကြိုစေချင်ပုံရတယ်၊ ထိုအတွေးလေး
ရုတ်တရက် သူ့နှလုံးသားထဲမှပေါ်လာချိန်
သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်လျက်
လုကျား တစ်ယောက် တောင်ကြည့်မြောက်ကြည့်တွေဖြစ်ကုန်တယ်။
ကံကောင်းစွာပဲ မုဝမ်ရန် သူ့ကိုပြောလာတယ်,
" ကိုယ်က မင်းအံ့သြသွားအောင်မင်းအိမ်ကို တန်းလာပြီးမင်းကိုလာရှာမလို့"
လုကျား ခေါင်းလေး မော့ပြီး,
"....ကျွန်တော့်ကို မလိမ်ရဘူးနော်"
"ကိုယ်ကဘာလို့မင်းကိုလိမ်ရမှာလဲ?"
"ဒါဆို အခုတော့ ယုံပေးလိုက်မယ်"
လုကျား အားတင်းကာပြုံးရင်းပြောလိုက်တယ်။
မုဝမ်ရန် ဆက်ပြောလာတယ်,
" ကိုယ်မင်းအိမ်မှာ ခဏလိုက်နေမယ်"
"ဘယ်လို?!"
လုကျား အံ့အားသင့်သွားပြီးနောက်,
" ဘယ်အချိန်ထိ...ဘာလို့ ကျွန်တော်မသိ...
ကျွန်တော်သဘောတူမိလို့လား?"
"ဒါဆို ခုရော သဘောတူပြီလား?"
"....ရပါတယ်"
"ဒါဆို ကောင်းပြီ"
လေဆိပ်ထဲမှထွက်လာပြီး လုကျား
မနေနိုင်စွာ မေးလိုက်မိပြန်တယ်၊
" ကိုကို နဲ့ ကိုကို့အဖေတို့ထပ်ပြီး
စကားများကြပြန်ပြီလား?"
"မဟုတ်ပါဘူး"
မုဝမ်ရန် ပြုံးလာရင်း,
" မင်းကိုယ့်ဆီက လိုချင်တာရှိရင်
တောင်းဆိုလို့ရတယ်နော်"
" ဟမ်...အင်း"
လုကျား အံ့သြစွာပင်တုံ့ပြန်လိုက်တယ်၊
မုဝမ်ရန် သူ့ကို ကြည့်နေတာကို သူသိပေမဲ့
သူနောက်သို့ ပြန်လှည့်မကြည့်ရဲဘူး ။
လေဆိပ်ကို မရောက်ခင် ကျတဲ့နှင်းတွေပင်
အရည်ပျော်သွားပြီ၊ သူဘာလို့ရုတ်တရက်
ချက်ခြင်းကြီး မဝံ့မရဲ ဖြစ်သွားတာလဲ?
သူတို့နှစ်ယောက် အနီးနားရှိတက်စီတစ်စီးကို ခေါ်လိုက်ပြီး မုဝမ်ရန်က ရှေ့ခုံတွင်ထိုင်ပြီး
လုကျားက နောက်တွင်ထိုင်ကာတစ်ယောက်နဲ့ တစ်ယောက်စကားမပြောဘဲခဏမျှ တိတ်ဆိတ်နေကြတယ်။ လုကျားကကားမှန် ပြတင်းကို ခေါင်းလေးမှီထားချိန် ကားက
ကုန်းမြင့်ကို တက်သွားတာမို့ သူ့ ခန္ဓာကိုယ်လေး ယိမ်းယိုင်သွားတယ်၊ ရှေ့တွင်ထိုင်နေသည့်မုဝမ်ရန်ထံမှရယ်သံကြားလိုက်ရတာမို့
နောက်ကြည့်မှန်ထဲမှ မုဝမ်ရန် သူ့ကို ကြည့်နေကြောင်း လုကျား သိလိုက်တယ်။
တက်စီက သူတို့ အိမ်ရာဂိတ်ပေါက်ဝမှာရပ်
သွားတယ်၊ လုကျား ကားထဲမှထွက်ပြီး ခရီးဆောင်အိတ် ကို ကားထဲမှဆွဲယူလိုက်တယ်။ထိုအချိန် မုဝမ်ရန်လည်း သူ့နောက်တွင်မတ်တပ်ရပ်ပြီး အိတ်ကို လှမ်းဆွဲလာရာ
သူတို့လက်တွေထိမိသွားတာမို့ လုကျား အလျင်အမြန် သူ့လက်ကို ပြန်ရုတ်လိုက်တယ်၊ မုဝမ်ရန်က သူ့အပြုအမူ ကို မြင်လိုက်ပေမယ့် ဘာမှတော့ ပြောမလာဘူး။
ဓာတ်လှေကားထဲသို့ ရောက်တဲ့အခါ လုကျား တစ်ယောက် သူ့ဖိနပ်ပေါ်မှ ပန်းတွေ ပွင့်တော့မည့်အလား လည်ပင်းတွေပင်နာကျင်စေဦးခေါင်းလေးပင်မော့ကြည်မလာတော့၊
အိမ်တံခါးဖွင့်လိုက်သည်နှင့် သူမနက်အိပ်ရာနိုးချိန်က စောင်မခေါက်ထားခဲ့တာကိုလုကျား
သတိရသွားတယ်၊တံခါးဘောင်ကို
ခပ်တင်းတင်းဆုပ်ကိုင်ကာ အချို့သော အကြောင်း ကိစ္စတို့ကြောင့် တံခါးကို
ပြန်ပိတ် လိုက်တယ်။
မုဝမ်ရန် မေးလာတယ်,
"ကိုယ့်ကို မလာစေချင်လို့လား?"
"မဟုတ်ဘူး"
လုကျား အလျင်အမြန် ရှင်းပြလိုက်ရတယ်,
" အိမ်က နည်းနည်းလေး ရှုပ်နေ...."
မုဝမ်ရန်ရဲ့ အကြည့်တွေက လုကျား အပေါ်
စက္ကန့်ပိုင်းမျှ ကျရောက် ပြီးနောက်တဖက်သို့
လှည့်ကာ ရယ်မောလိုက်မိတယ်၊
" ရပါတယ်"
ခရီးဆောင်အိတ်ကို လက်တဖက်ဖြင့်မယူပြီး နောက် လုကျားရဲ့ ပါးလေးကို ဖွဖွလေး
ပုတ်ရင်း,
" ကိုယ်တို့ကြားအဲ့လောက်ထိ
အားနာစရာမလိုဘူး"
လုကျား တစ်ယောက်မသိစိတ်ဖြင့်,
"ကျွန်တော်မဟုတ်..."
လုကျား ခေါင်းလေး ငုံ့၍ တံခါးပြန်ဖွင့်ပေးရင်း ပြောလိုက်တယ်၊
" ....မရှင်းတာအတော်ကြာပြီ"
သူတကယ်ကြီး မုဝမ်ရန်ကို လွမ်းဆွတ်နေခဲ့ပေမယ့်ခုလက်ရှိတွင် လုကျားသူ့ခံစားချက်တွေကို ထုတ်မပြောနိုင်ခဲ့ဘူး။မုဝမ်ရန်ကို မြင်နေရတာတောင် အစစ်အမှန်ဟုတ်ပါ့မလား
ဟု သူ့ကို တွေဝေနေစေတယ်၊ သူနဲ့ အတူရှိခဲ့တဲ့ ခုနှစ်နှစ်တာကာလက တဖြေးဖြေးမှုန်ဝါးနေလျက် သုံးနှစ်တာကာလကနောက်ဆက်တွဲ အနေနဲ့ ခွဲခွာရခြင်းပင်။
အချိန်ကာလနှင့်ကွာဝေးမှုကသူတို့ကို
အနည်းငယ်စိမ်းသက်နေစေတယ်။
ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲ၌အဆင်
ပြေသလို ထားလိုက်တယ်။ မုဝမ်ရန်က ထမင်းစားပွဲတွင်ဝင်ထိုင်ပြီး သစ်သီးဆေးနေတဲ့လုကျားကို ငေးကြည့်နေတယ်၊လုကျားက
ရေဆေးပြီးစပန်းသီးလေးကို မုဝမ်ရန်ထံ
ပေးရင်း စားမလားဟု မေးလာတယ်။
မုဝမ်ရန် လုကျားကို တချက်ကြည့်ပြီး
လုကျား လက်ကောက်ဝတ်လေးကို
ကိုက်လိုက်တယ်။
"......."
လုကျားက မုဝမ်ရန်ရဲ့ ပါးစပ်အနီးသို့
ပန်းသီးလေးတိုးပေးရင်း,
" ကိုကို စားချင်ရင်စားလေ,
မစားချင်မှကျွန်တော့်ကိုပေး"
မုဝမ်ရန် ကလုကျားလက်ကို နောက်တစ်ချက်ထပ်ကိုက်လိုက်ပြီးဘာမှမပြောဘဲ သူ့လက်ကို တွန်းထုတ်ပစ်လိုက်တယ်။
လုကျား မုဝမ်ရန်ရဲ့ ဆန့်ကျင်ဘက်တွင်
ထိုင်ပြီး လက်လေးကို ခါရမ်းလိုက်တယ်၊
" ဒီနှစ်တွေနိုင်ငံခြားမှာပညာသွားသင်တာ ဘယ်လိုများ ကြီးပြင်းပြီးဘာလို့ဒီလောက်
ကလေးဆန်လာရတာလဲ?"
ထို့နောက်သူက ပန်းသီးလေးကို ပြန်ယူကာ
နှစ်ကိုက်လောက်ကိုက်လိုက်တယ်,
" ကိုကို မကြိုက်ရင် မစားနဲ့လေ...ပန်းသီးက
မချိုလို့လား? "
သူ့ပါးစပ်ထဲမှ ပန်းသီးကို မြိုချလိုက်ပြီး,
" အရသာရှိသားပဲ"
လုကျားမော့ကြည့်လိုက်တဲ့အခါ မုဝမ်ရန်
သူ့ကို ပြုံးပြီးကြည့်နေတာကို တွေ့လိုက်ရတယ်၊ ပန်းသီးလေးက ချိုတာထက်
ပိုပြီးတော့ချိုနေသလိုပဲ။
မုဝမ်ရန်က ပန်းသီးသိပ်မစားပေမယ့်
လိမ္မော်သီးတော့ကြိုက်တယ်၊သုံးနှစ်ကြာသွားခဲ့ပေမယ့် မုဝမ်ရန်အကြောင်းလုကျား
သိနေဆဲ၊သူလည်းခုထိတစ်ယောက်တည်း
မုဝမ်ရန်ကြောင့်ရှိနေခြင်းပင်။
သူက လွန်ခဲ့သောသုံးနှစ်ကလိုအသက်
(18/ 19)လည်း မဟုတ်တော့ဘူး၊မုဝမ်ရန်
က သူ့အမြင်အရ ယုံကြည်ထိုက်သူ ဖြစ်လာပြီးသူ့အပေါ်လည်းအကောင်းဆုံးနားလည်
သူဖြစ်တယ်၊ဒါဆိုမုဝမ်ရန်ကရော...သူ့လို
ပဲလား?
မုဝမ်ရန် လေယာဥ်မူးသောကြောင့် အနားမယူမီ, လုကျားက ပန်းသီးအူတိုင်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီး သူ့နှုတ်ခမ်းပေါ်မှ ပန်းသီး
အရည်ကြည်တွေကို လျှာဖြင့် သပ်လိုက်တယ်၊
" ကိုကို အရင်အိပ်ချင်လား, မနက်ထဲက
စောင်တွေ မခေါက်ရသေးတာမို့ စောင်ကတော့ နွေးနေလောက်သေးတယ်"
လုကျားမုဝမ်ရန်ကို ကြည့်ကာရယ်ပြလိုက်ရင်း,
" ...ကျွန်တော်က နောက်တာပါ , ကိုကို
ခဏအိပ်လိုက်, ကျွန်တော်စားဖို့တစ်ခုခု
လေး သွားဝယ်လိုက်ဦးမယ်"
မုဝမ်ရန်ထိုင်ရာမှထပြီး အိပ်ခန်းထဲသို့ဝင်သွားတယ်၊ လုကျား တစ်ယောက် မုဝမ်ရန်
အိပ်ပျော်သွားလောက်ပြီဆိုမှအပြင်
ထွက်ရန်ပြင်တယ်။
အိမ်ရာဝန်း ပြင်ပတွင်မူ သက်ဝင်လှုပ်ရှားနေဆဲ၊ခရစ္စမတ်အငွေ့အသက်က အားကောင်းလွန်းသည်မို့လူငယ်အများစုက ဖက်ရှင်ကျကျ ဝတ်စားကာ ပွဲတော်ကို ဆင်နွှဲကြတယ်၊
လုကျားက စူပါမားကတ်တွင်နေ့လည်စာထမင်းဘူးနဲ့ အချိုရည် တစ်ပုလင်းဝယ်ဖို့
လာလိုက်တယ်၊ခရစ္စမတ်နေ့ကနိုင်ငံခြားမှာဆိုအရေးကြီးတဲ့ ရက်တစ်ရက် ဖြစ်တယ်၊
ဒါပေမဲ့ အဲ့လို အချိန်မှာပဲ မုဝမ်ရန် ပြန်ရောက်
လာတယ်။
အိပ်ခန်းထဲမှာ မှောင်နေတာမို့ မုဝမ်ရန် အိပ်ပျော်နေဆဲ ဖြစ်လောက်တယ် ၊ လုကျား
တိတ်တဆိတ်ပင်လျှောက်လာပြီး ခုတင်ဘေးတွင် ငုတ်တုတ်လေး ထိုင်ကာ ကလေးဘဝတုန်းက အတိုင်းမုဝမ်ရန်ကို ငေးကြည့်နေမိတယ်။
လုကျား ခဏတာမျှ တွေးနေပြီးမှ ပြောလိုက်တယ်၊
" မုဝမ်ရန်....ကျွန်တော်လေ အရမ်းလွမ်းနေခဲ့တာ"
မေးလိုသည့် မေးခွန်း အချို့အားမမေးနိုင်သေးပေမယ့် နှလုံးသားထဲ၌ တုန်လှုပ်
ချောက်ခြားမှုတို့ ပြည့်နှက်နေတာတောင်
သူအရမ်း လွမ်းနေတုန်းပဲ။
" အဲ့ဒီစကားကို မင်း ကိုယ်ရှေ့မှာ
ပြောတာပိုကောင်းမယ်"
မုဝမ်ရန် မျက်လုံးတွေ ပွင့်လာချိန်လုကျား
တောင့်တင်းသွားတယ်၊ ချက်ခြင်းပင်ထ
ထိုင်လိုက်ပြီးနက်မှောင်နေတဲ့ မျက်လုံးတွေ
ကလုကျားကိုသာ စူးနစ်စွာစိုက်ကြည့်မိနေလျက် လုကျားကလည်းမုဝမ်ရန်ကိုသာကြောင်အလျက်ကြည့်နေတယ်။
မုဝမ်ရန် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်တယ်၊
" မင်းဘာတွေးနေလဲကိုယ်တကယ်မသိတော့ဘူး"
"ကျွန်တော်ဘာတွေတွေးနေမိလဲ ကျွန်တော်လည်း မသိတော့ဘူး"
လုကျားက ခုတင်အစွန်းလေးမှာထိုင်လျက်
ပြန်ပြောလာတယ်။
မုဝမ်ရန် လုကျားရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပြီး နားရွက်ဖျားလေးကို ထိကိုင်လိုက်တယ်၊
" ကိုယ်မင်းကို အံ့သြစေချင်လို့ ကြိုမပြောမိတာ"
မုဝမ်ရန် လုကျားနားရွက်နားလေးသို့
ငုံ့ကိုင်းကာတိုးကပ်ရင်း,
" ကိုယ်မင်းကို မလိမ်ပါဘူး"
လုကျား ခေါင်းမော့ကြည့်လိုက်ချိန် လုကျား
ရဲ့ မျက်လုံးလေးတွေကယခင်အတိုင်း ကြည်လင်နေလျက် ပါးစပ်လေး ပွင့်ဟနေပြီး သွားတန်း ဖြူလေးတွေပင် ပေါ်နေတယ်၊
မုဝမ်ရန်ရဲ့ မျက်ဆံအိမ်လေးကတော့ မသိမသာ မည်းမှောင်နေလျက် လက်ချောင်းလေးများက လုကျားရဲ့ နှုတ်ခမ်းပါးလေးကို
ပွတ်သပ်ရင်း ,
"ကိုယ့်ကို မယုံဘူးလား?"
မုဝမ်ရန် တစ်ယောက်ခုချိန်မှာတော့ လုကျားကို ရိုးရိုးသားသားပင် မကြည့်နိုင်တော့ပဲ
သူ့ မျက်လုံးတွေထဲ 1500 မေတ္တာအခိုးအငွေ့ များဖြင့် ပြည့်နှက်လျက်မှောင်မိုက်နေတယ်။
" မဟုတ်ဘူး"
လုကျားဒီထက်ပိုပြီး ထပ်မပြောခဲ့၊စေ့စပ်မယ့် မိန်းကလေးကရောဘယ်လိုလဲဆိုတာကိုမေးချင်တယ်၊ ဒါပေမဲ့ သူဘယ်လို မေးရမလဲဆိုတာကို မသိဘူး၊ အဲ့လိုမေးမယ်ဆို သူက သူငယ်ချင်းအနေနဲ့လား? ဆွေမျိုးအနေနဲ့လား...?အဲ့ဒီလိုလည်း မဟုတ်ဘူး။
" လုကျား"
မုဝမ်ရန်က သူ့နဖူးလေးကို ထိကိုင်ပြီး
သူ့ကို ရုတ်တရက် ခေါ်လာတယ်၊
မုဝမ်ရန်ရဲ့မျက်လုံးလေးတွေကအလွန်တောက်ပနေပြီး အပြင်ဘက်ရှိလရောင်
ကပြတင်းမှ တဆင့် ကြမ်းပြင်ပေါ်သို့ ဖောက်ထွင်းကာ ကျဆင်းစေလျက်
သူတို့နှစ်ဦး ၏အရိပ်တွေကိုပိုမိုရှည်လျား
စေတယ်။
သူတို့နှစ်ဦးက အမြဲတစေနီးကပ်စွာရှိခဲ့ကြတယ် ၊လက်ချင်းလည်းတွဲခဲ့ကြဖူးတယ်၊
လုကျားကမုဝမ်ရန်ရဲ့ရင်ခွင်ထဲမှာထိုင်ပြီး
ဂိမ်းဆော့ဖူးတယ်၊ ရံဖန်ရံခါမုဝမ်ရန်ရဲ့
ခေါင်းလေးကို ထိချင်ပေမဲ့ ဒါကပုံမှန်ပဲလား?
သူက ရှုပ်ထွေးတဲ့အရာတွေကို သဘော
မကျဘူး၊အဓိပ္ပါယ်ကိုလည်းမတွေးခဲ့ဖူးဘူး သို့တည်းမဟုတ် လုံးဝ မတွေးချင်ခဲ့ဘူး။
မုဝမ်ရန်တွင် စေ့စပ်မည့်သူရှိပြီ ဆိုတာကို
သိပြီးနောက်စိတ်တည်ငြိမ်မှု မရှိနိုင်တော့
သလို အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ
အမြဲလိုသူစိတ်ရှုပ်နေခဲ့တယ်၊ အချိန်အကြာကြီးလူတစ်ယောက်ကို မစောင့်ချင်တော့ဘူး၊
တကယ်ကျဘယ်သူမှလည်းသူ့ကိုမစောင့်ခိုင်းခဲ့ဘူးလေ။
အရာအားလုံးက အရှေ့သို့သာလှမ်းနေကြလျက် သူတစ်ဦးသာ နောက်ပြန်လျှောက်
နေခဲ့ခြင်းပင်။
W2391
20.4.2022
20.4.2022 Update EP32+33+34 ❤
........................................................................
[ Z ]
မုဝမ္ရန္ အနီးမွာ ဘယ္သူမွမရွိဘူး,
ေစ့စပ္ထားသူကိုလည္းမေတြ႕ရ, အဲ့ဒီအျပင္သူ႕ကို
လာႀကိဳတဲ့မိသားစု ဝင္ေတြကိုပါမေတြ႕ရဘူး။အစပထမ
တြင္မုရွန္းလာႀကိဳမည္ဟု လုက်ားထင္ခဲ့ေသာ္လည္း
ယခုတြင္သူတစ္ေယာက္တည္းမုဝမ္ရန္ ျပန္လာမည္ကို
မသိျခင္းကအံ့ၾသစရာေတာ့မဟုတ္ဘူး။
မုဝမ္ရန္ကလည္း အျခားသူေတြသူ႕အား
လာမႀကိဳေစခ်င္ပုံရတယ္၊ ထိုအေတြးေလး
႐ုတ္တရက္ သူ႕ႏွလုံးသားထဲမွေပၚလာခ်ိန္
သူ႕ကိုယ္သူပင္ မထိန္းခ်ဳပ္နိုင္လ်က္ လုက်ား
တစ္ေယာက္ ေတာင္ၾကည့္ေျမာက္ၾကည့္ေတြ
ျဖစ္ကုန္တယ္။
ကံေကာင္းစြာပဲ မုဝမ္ရန္ သူ႕ကိုေျပာလာတယ္,
" ကိုယ္က မင္းအံ့ၾသသြားေအာင္မင္းအိမ္ကို
တန္းလာၿပီးမင္းကိုလာရွာမလို႔"
လုက်ား ေခါင္းေလး ေမာ့ၿပီး,
"....ကြၽန္ေတာ့္ကို မလိမ္ရဘူးေနာ္"
"ကိုယ္ကဘာလို႔မင္းကိုလိမ္ရမွာလဲ?"
"ဒါဆို အခုေတာ့ ယုံေပးလိုက္မယ္"
လုက်ား အားတင္းကာၿပဳံးရင္းေျပာလိုက္တယ္။
မုဝမ္ရန္ ဆက္ေျပာလာတယ္,
" ကိုယ္မင္းအိမ္မွာ ခဏလိုက္ေနမယ္"
"ဘယ္လို?!"
လုက်ား အံ့အားသင့္သြားၿပီးေနာက္,
" ဘယ္အခ်ိန္ထိ...ဘာလို႔ ကြၽန္ေတာ္မသိ...
ကြၽန္ေတာ္သေဘာတူမိလို႔လား?"
"ဒါဆို ခုေရာ သေဘာတူၿပီလား?"
"....ရပါတယ္"
"ဒါဆို ေကာင္းၿပီ"
ေလဆိပ္ထဲမွထြက္လာၿပီး လုက်ား
မေနနိုင္စြာ ေမးလိုက္မိျပန္တယ္၊
" ကိုကို နဲ႕ ကိုကို႔အေဖတို႔ထပ္ၿပီး
စကားမ်ားၾကျပန္ၿပီလား?"
"မဟုတ္ပါဘူး"
မုဝမ္ရန္ ၿပဳံးလာရင္း,
" မင္းကိုယ့္ဆီက လိုခ်င္တာရွိရင္
ေတာင္းဆိုလို႔ရတယ္ေနာ္"
" ဟမ္...အင္း"
လုက်ား အံ့ၾသစြာပင္တုံ႕ျပန္လိုက္တယ္၊
မုဝမ္ရန္ သူ႕ကို ၾကည့္ေနတာကို သူသိေပမဲ့
သူေနာက္သို႔ ျပန္လွည့္မၾကည့္ရဲဘူး ။
ေလဆိပ္ကို မေရာက္ခင္ က်တဲ့ႏွင္းေတြပင္
အရည္ေပ်ာ္သြားၿပီ၊ သူဘာလို႔႐ုတ္တရက္
ခ်က္ျခင္းႀကီး မဝံ့မရဲ ျဖစ္သြားတာလဲ?
သူတို႔ႏွစ္ေယာက္ အနီးနားရွိတက္စီတစ္စီးကို
ေခၚလိုက္ၿပီး မုဝမ္ရန္က ေရွ႕ခုံတြင္ထိုင္ၿပီး
လုက်ားက ေနာက္တြင္ထိုင္ကာတစ္ေယာက္နဲ႕
တစ္ေယာက္စကားမေျပာဘဲခဏမွ် တိတ္ဆိတ္ေန
ျကတယ္။ လုက်ားကကားမွန္ ျပတင္းကို ေခါင္းေလးမွီထားခ်ိန္ ကားက ကုန္းျမင့္ကို တက္သြားတာမို႔
သူ႕ ခႏၶာကိုယ္ေလး ယိမ္းယိုင္သြားတယ္၊ ေရွ႕တြင္
ထိုင္ေနသည့္မုဝမ္ရန္ထံမွရယ္သံၾကားလိုက္ရတာမို႔
ေနာက္ၾကည့္မွန္ထဲမွ မုဝမ္ရန္ သူ႕ကို ၾကည့္ေနေၾကာင္း လုက်ား သိလိုက္တယ္။
တက္စီက သူတို႔ အိမ္ရာဂိတ္ေပါက္ဝမွာရပ္
သြားတယ္၊ လုက်ား ကားထဲမွထြက္ၿပီး ခရီးေဆာင္အိတ္ ကို ကားထဲမွဆြဲယူလိုက္တယ္။ထိုအခ်ိန္ မုဝမ္ရန္လည္း သူ႕ေနာက္တြင္မတ္တပ္ရပ္ၿပီး အိတ္ကို လွမ္းဆြဲလာရာ
သူတို႔လက္ေတြထိမိသြားတာမို႔ လုက်ား အလ်င္အျမန္ သူ႕လက္ကို ျပန္႐ုတ္လိုက္တယ္၊ မုဝမ္ရန္က သူ႕အျပဳအမူ ကို ျမင္လိုက္ေပမယ့္ ဘာမွေတာ့ ေျပာမလာဘူး။
ဓာတ္ေလွကားထဲသို႔ ေရာက္တဲ့အခါ လုက်ား
တစ္ေယာက္ သူ႕ဖိနပ္ေပၚမွ ပန္းေတြ ပြင့္ေတာ့မည့္
အလား လည္ပင္းေတြပင္နာက်င္ေစဦးေခါင္းေလး
ပင္ေမာ့ၾကည္မလာေတာ့၊
အိမ္တံခါးဖြင့္လိုက္သည္ႏွင့္ သူမနက္အိပ္ရာ
နိုးခ်ိန္က ေစာင္မေခါက္ထားခဲ့တာကိုလုက်ား
သတိရသြားတယ္၊တံခါးေဘာင္ကို
ခပ္တင္းတင္းဆုပ္ကိုင္ကာ အခ်ိဳ႕ေသာ
အေၾကာင္း ကိစၥတို႔ေၾကာင့္ တံခါးကို
ျပန္ပိတ္ လိုက္တယ္။
မုဝမ္ရန္ ေမးလာတယ္,
"ကိုယ့္ကို မလာေစခ်င္လို႔လား?"
"မဟုတ္ဘူး"
လုက်ား အလ်င္အျမန္ ရွင္းျပလိုက္ရတယ္,
" အိမ္က နည္းနည္းေလး ရႈပ္ေန...."
မုဝမ္ရန္ရဲ႕ အၾကည့္ေတြက လုက်ား အေပၚ
စကၠန့္ပိုင္းမွ် က်ေရာက္ ၿပီးေနာက္တဖက္သို႔
လွည့္ကာ ရယ္ေမာလိုက္မိတယ္၊
" ရပါတယ္"
ခရီးေဆာင္အိတ္ကို လက္တဖက္ျဖင့္မယူၿပီး ေနာက္
လုက်ားရဲ႕ ပါးေလးကို ဖြဖြေလးပုတ္ရင္း,
" ကိုယ္တို႔ၾကားအဲ့ေလာက္ထိ
အားနာစရာမလိုဘူး"
လုက်ား တစ္ေယာက္မသိစိတ္ျဖင့္,
"ကြၽန္ေတာ္မဟုတ္..."
လုက်ား ေခါင္းေလး ငုံ႕၍ တံခါးျပန္ဖြင့္ေပးရင္း ေျပာလိုက္တယ္၊
" ....မရွင္းတာအေတာ္ၾကာၿပီ"
သူတကယ္ႀကီး မုဝမ္ရန္ကို လြမ္းဆြတ္ေနခဲ့ေပမယ့္
ခုလက္ရွိတြင္ လုက်ားသူ႕ခံစားခ်က္ေတြကို ထုတ္
မေျပာနိုင္ခဲ့ဘူး။မုဝမ္ရန္ကို ျမင္ေနရတာေတာင္
အစစ္အမွန္ဟုတ္ပါ့မလားဟု သူ႕ကို ေတြေဝေနေစတယ္၊ သူနဲ႕ အတူရွိခဲ့တဲ့ ခုႏွစ္ႏွစ္တာကာလက တေျဖးေျဖးမႈန္ဝါးေနလ်က္ သုံးႏွစ္တာကာလကေနာက္ဆက္တြဲ အေနနဲ႕ ခြဲခြာရျခင္းပင္။အခ်ိန္ကာလႏွင့္ကြာေဝးမႈကသူတို႔ကို
အနည္းငယ္စိမ္းသက္ေနေစတယ္။
ခရီးေဆာင္အိတ္ကို ဧည့္ခန္းထဲ၌အဆင္
ေျပသလို ထားလိုက္တယ္။ မုဝမ္ရန္က
ထမင္းစားပြဲတြင္ဝင္ထိုင္ၿပီး သစ္သီးေဆးေန
တဲ့လုက်ားကို ေငးၾကည့္ေနတယ္၊လုက်ားက
ေရေဆးၿပီးစပန္းသီးေလးကို မုဝမ္ရန္ထံ
ေပးရင္း စားမလားဟု ေမးလာတယ္။
မုဝမ္ရန္ လုက်ားကို တခ်က္ၾကည့္ၿပီး
လုက်ား လက္ေကာက္ဝတ္ေလးကို
ကိုက္လိုက္တယ္။
"......."
လုက်ားက မုဝမ္ရန္ရဲ႕ ပါးစပ္အနီးသို႔
ပန္းသီးေလးတိုးေပးရင္း,
" ကိုကို စားခ်င္ရင္စားေလ,
မစားခ်င္မွကြၽန္ေတာ့္ကိုေပး"
မုဝမ္ရန္ ကလုက်ားလက္ကို ေနာက္တစ္ခ်က္
ထပ္ကိုက္လိုက္ၿပီးဘာမွမေျပာဘဲ သူ႕လက္ကို
တြန္းထုတ္ပစ္လိုက္တယ္။
လုက်ား မုဝမ္ရန္ရဲ႕ ဆန့္က်င္ဘက္တြင္
ထိုင္ၿပီး လက္ေလးကို ခါရမ္းလိုက္တယ္၊
" ဒီႏွစ္ေတြနိုင္ငံျခားမွာပညာသြားသင္တာ
ဘယ္လိုမ်ား ႀကီးျပင္းၿပီးဘာလို႔ဒီေလာက္
ကေလးဆန္လာရတာလဲ?"
ထို႔ေနာက္သူက ပန္းသီးေလးကို ျပန္ယူကာ
ႏွစ္ကိုက္ေလာက္ကိုက္လိုက္တယ္,
" ကိုကို မႀကိဳက္ရင္ မစားနဲ႕ေလ...ပန္းသီးက
မခ်ိဳလို႔လား? "
သူ႕ပါးစပ္ထဲမွ ပန္းသီးကို ၿမိဳခ်လိဳက္ၿပီး,
" အရသာရွိသားပဲ"
လုက်ားေမာ့ၾကည့္လိုက္တဲ့အခါ မုဝမ္ရန္
သူ႕ကို ၿပဳံးၿပီးၾကည့္ေနတာကို ေတြ႕လိုက္
ရတယ္၊ ပန္းသီးေလးက ခ်ိဳတာထက္
ပိုၿပီးေတာ့ခ်ိဳေနသလိုပဲ။
မုဝမ္ရန္က ပန္းသီးသိပ္မစားေပမယ့္
လိေမၼာ္သီးေတာ့ႀကိဳက္တယ္၊သုံးႏွစ္ၾကာ
သြားခဲ့ေပမယ့္ မုဝမ္ရန္အေၾကာင္းလုက်ား
သိေနဆဲ၊သူလည္းခုထိတစ္ေယာက္တည္း
မုဝမ္ရန္ေၾကာင့္ရွိေနျခင္းပင္။
သူက လြန္ခဲ့ေသာသုံးႏွစ္ကလိုအသက္
(18/ 19)လည္း မဟုတ္ေတာ့ဘူး၊မုဝမ္ရန္
က သူ႕အျမင္အရ ယုံၾကည္ထိုက္သူ ျဖစ္လာၿပီး
သူ႕အေပၚလည္းအေကာင္းဆုံးနားလည္
သူျဖစ္တယ္၊ဒါဆိုမုဝမ္ရန္ကေရာ...သူ႕လို
ပဲလား?
မုဝမ္ရန္ ေလယာဥ္မူးေသာေၾကာင့္ အနားမယူမီ,
လုက်ားက ပန္းသီးအူတိုင္ကို အမွိုက္ပုံးထဲသို႔
ပစ္ထည့္ၿပီး သူ႕ႏႈတ္ခမ္းေပၚမွ ပန္းသီး
အရည္ၾကည္ေတြကို လွ်ာျဖင့္ သပ္လိုက္တယ္၊
" ကိုကို အရင္အိပ္ခ်င္လား, မနက္ထဲက
ေစာင္ေတြ မေခါက္ရေသးတာမို႔ ေစာင္ကေတာ့
ေႏြးေနေလာက္ေသးတယ္"
လုက်ားမုဝမ္ရန္ကို ၾကည့္ကာရယ္ျပလိုက္ရင္း,
" ...ကြၽန္ေတာ္က ေနာက္တာပါ , ကိုကို
ခဏအိပ္လိုက္, ကြၽန္ေတာ္စားဖို႔တစ္ခုခု
ေလး သြားဝယ္လိုက္ဦးမယ္"
မုဝမ္ရန္ထိုင္ရာမွထၿပီး အိပ္ခန္းထဲသို႔
ဝင္သြားတယ္၊ လုက်ား တစ္ေယာက္ မုဝမ္ရန္
အိပ္ေပ်ာ္သြားေလာက္ၿပီဆိုမွအျပင္
ထြက္ရန္ျပင္တယ္။
အိမ္ရာဝန္း ျပင္ပတြင္မူ သက္ဝင္လႈပ္ရွားေနဆဲ၊ခရစၥမတ္အေငြ႕အသက္က အားေကာင္းလြန္းသည္မို႔လူငယ္အမ်ားစုက ဖက္ရွင္က်က် ဝတ္စားကာ ပြဲေတာ္ကို ဆင္ႏႊဲၾက
တယ္၊ လုက်ားက စူပါမားကတ္တြင္ေန႕လည္စာထမင္းဘူးနဲ႕ အခ်ိဳရည္ တစ္ပုလင္းဝယ္ဖို႔ လာလိုက္တယ္၊
ခရစၥမတ္ေန႕ကနိုင္ငံျခားမွာဆိုအေရးႀကီးတဲ့
ရက္တစ္ရက္ ျဖစ္တယ္၊ဒါေပမဲ့ အဲ့လို အခ်ိန္မွာပဲ
မုဝမ္ရန္ ျပန္ေရာက္လာတယ္။
အိပ္ခန္းထဲမွာ ေမွာင္ေနတာမို႔ မုဝမ္ရန္
အိပ္ေပ်ာ္ေနဆဲ ျဖစ္ေလာက္တယ္ ၊ လုက်ား
တိတ္တဆိတ္ပင္ေလွ်ာက္လာၿပီး ခုတင္ေဘးတြင္
ငုတ္တုတ္ေလး ထိုင္ကာ ကေလးဘဝတုန္းက
အတိုင္းမုဝမ္ရန္ကို ေငးၾကည့္ေနမိတယ္။
လုက်ား ခဏတာမွ် ေတြးေနၿပီးမွ ေျပာလိုက္တယ္၊
" မုဝမ္ရန္....ကြၽန္ေတာ္ေလ အရမ္းလြမ္းေနခဲ့တာ"
ေမးလိုသည့္ ေမးခြန္း အခ်ိဳ႕အားမေမးနိုင္ေသးေပမယ့္
ႏွလုံးသားထဲ၌ တုန္လႈပ္ေခ်ာက္ျခားမႈတို႔ ျပည့္ႏွက္ေနတာေတာင္သူအရမ္း လြမ္းေနတုန္းပဲ။
" အဲ့ဒီစကားကို မင္း ကိုယ္ေရွ႕မွာ
ေျပာတာပိုေကာင္းမယ္"
မုဝမ္ရန္ မ်က္လုံးေတြ ပြင့္လာခ်ိန္လုက်ား
ေတာင့္တင္းသြားတယ္၊ ခ်က္ျခင္းပင္ထ
ထိုင္လိုက္ၿပီးနက္ေမွာင္ေနတဲ့ မ်က္လုံးေတြ
ကလုက်ားကိုသာ စူးနစ္စြာစိုက္ၾကည့္မိေနလ်က္
လုက်ားကလည္းမုဝမ္ရန္ကိုသာေၾကာင္အလ်က္
ၾကည့္ေနတယ္။
မုဝမ္ရန္ ကူကယ္ရာမဲ့စြာသက္ျပင္းခ်လိဳက္တယ္၊
" မင္းဘာေတြးေနလဲကိုယ္တကယ္မသိေတာ့ဘူး"
"ကြၽန္ေတာ္ဘာေတြေတြးေနမိလဲ ကြၽန္ေတာ္လည္း
မသိေတာ့ဘူး"
လုက်ားက ခုတင္အစြန္းေလးမွာထိုင္လ်က္
ျပန္ေျပာလာတယ္။
မုဝမ္ရန္ လုက်ားရဲ႕ ဆံပင္ေလးေတြကို ပြတ္သပ္ၿပီး
နား႐ြက္ဖ်ားေလးကို ထိကိုင္လိုက္တယ္၊
" ကိုယ္မင္းကို အံ့ၾသေစခ်င္လို႔ ႀကိဳမေျပာမိတာ"
မုဝမ္ရန္ လုက်ားနား႐ြက္နားေလးသို႔
ငုံ႕ကိုင္းကာတိုးကပ္ရင္း,
" ကိုယ္မင္းကို မလိမ္ပါဘူး"
လုက်ား ေခါင္းေမာ့ၾကည့္လိုက္ခ်ိန္ လုက်ား
ရဲ႕ မ်က္လုံးေလးေတြကယခင္အတိုင္း ၾကည္လင္ေန
လ်က္ ပါးစပ္ေလး ပြင့္ဟေနၿပီး သြားတန္း ျဖဴေလးေတြ
ပင္ ေပၚေနတယ္၊ မုဝမ္ရန္ရဲ႕ မ်က္ဆံအိမ္ေလးကေတာ့ မသိမသာ မည္းေမွာင္ေနလ်က္ လက္ေခ်ာင္းေလးမ်ား
က လုက်ားရဲ႕ ႏႈတ္ခမ္းပါးေလးကို ပြတ္သပ္ရင္း ,
"ကိုယ့္ကို မယုံဘူးလား?"
မုဝမ္ရန္ တစ္ေယာက္ခုခ်ိန္မွာေတာ့ လုက်ားကို
ရိုးရိုးသားသားပင္ မၾကည့္နိုင္ေတာ့ပဲ
သူ႕ မ်က္လုံးေတြထဲ 1500 ေမတၱာအခိုးအေငြ႕
မ်ားျဖင့္ ျပည့္ႏွက္လ်က္ေမွာင္မိုက္ေနတယ္။
" မဟုတ္ဘူး"
လုက်ားဒီထက္ပိုၿပီး ထပ္မေျပာခဲ့၊ေစ့စပ္မယ့္ မိန္းကေလးကေရာဘယ္လိုလဲဆိုတာကိုေမးခ်င္တယ္၊ ဒါေပမဲ့
သူဘယ္လို ေမးရမလဲဆိုတာကို မသိဘူး၊ အဲ့လိုေမးမယ္ဆို သူက သူငယ္ခ်င္းအေနနဲ႕လား? ေဆြမ်ိဳးအေနနဲ႕လား...?အဲ့ဒီလိုလည္း မဟုတ္ဘူး။
" လုက်ား"
မုဝမ္ရန္က သူ႕နဖူးေလးကို ထိကိုင္ၿပီး
သူ႕ကို ႐ုတ္တရက္ ေခၚလာတယ္၊
မုဝမ္ရန္ရဲ႕မ်က္လုံးေလးေတြကအလြန္ေတာက္ပေနၿပီး အျပင္ဘက္ရွိလေရာင္ကျပတင္းမွ တဆင့္ ၾကမ္းျပင္ေပၚသို႔ ေဖာက္ထြင္းကာ က်ဆင္းေစလ်က္သူတို႔ႏွစ္ဦး ၏
အရိပ္ေတြကိုပိုမိုရွည္လ်ားေစတယ္။
သူတို႔ႏွစ္ဦးက အၿမဲတေစနီးကပ္စြာရွိခဲ့ၾကတယ္ ၊
လက္ခ်င္းလည္းတြဲခဲ့ၾကဖူးတယ္၊
လုက်ားကမုဝမ္ရန္ရဲ႕ရင္ခြင္ထဲမွာထိုင္ၿပီး
ဂိမ္းေဆာ့ဖူးတယ္၊ ရံဖန္ရံခါမုဝမ္ရန္ရဲ႕
ေခါင္းေလးကို ထိခ်င္ေပမဲ့ ဒါကပုံမွန္ပဲလား?
သူက ရႈပ္ေထြးတဲ့အရာေတြကို သေဘာ
မကျဘူး၊အဓိပ္ပါယ်ကိုလည်းမတွေးခဲ့ဖူးဘူး
သို႔တည္းမဟုတ္ လုံးဝ မေတြးခ်င္ခဲ့ဘူး။
မုဝမ္ရန္တြင္ ေစ့စပ္မည့္သူရွိၿပီ ဆိုတာကို
သိၿပီးေနာက္စိတ္တည္ၿငိမ္မႈ မရွိနိုင္ေတာ့
သလို အေၾကာင္းျပခ်က္မယ္မယ္ရရမရွိဘဲ
အၿမဲလိုသူစိတ္ရႈပ္ေနခဲ့တယ္၊ အခ်ိန္အၾကာႀကီး
လူတစ္ေယာက္ကို မေစာင့္ခ်င္ေတာ့ဘူး၊
တကယ္က်ဘယ္သူမွလည္းသူ႕ကိုမေစာင့္ခိုင္းခဲ့ဘူးေလ။
အရာအားလုံးက အေရွ႕သို႔သာလွမ္းေနၾကလ်က္
သူတစ္ဦးသာ ေနာက္ျပန္ေလွ်ာက္ေနခဲ့ျခင္းပင္။
W2391
20.4.2022
20.4..Update..EP 32+33+34❤
........................................................................