EP27(U&Z)

1.5K 203 0
                                    

..[ U ]

မျက်စိတမှိတ် အတွင်းမှာပဲနွေရာသီအား
လပ်ရက်က ကုန်ဆုံးသွားခဲ့ပြီ၊လုကျားသည်လည်း အထက်တန်းတတိယနှစ်သို့ရောက် လာပြီမို့အားလပ်ချိန် ပင်သိပ်မရှိတော့၊မြောက်များစွာသော စာသင်ချိန်တွေ
နှင့်အတူ စာအုပ်တွေကြားထဲခေါင်း
စိုက်နေရတယ်။

နောက်ဆုံးကျောင်းနှစ်ရက်ပိတ်ချိန် ,
သူတို့ အုပ်စု သီချင်းသွားဆိုဖို့ စုရုံးကြတယ်၊
ဆရာတွေနဲ့ ဆုံမှာလည်းကြောက်တာမို့
ဘယ်လိုလုပ်ကြမလဲဆိုပြီးတိုင်ပင်ကြတယ်။

လုကျားနဲ့ ပိုင်ရီကနောက်ဆုံးမှလိုက်လာ
ကြပြီး သူတို့ရှေ့မှသွားတဲ့အတန်းဖော်မိန်းကလေးတွေက သူ့တို့ကို ခဏခဏ
လှည့်ကြည့်နေကြတယ်။

မလာခင်ကတော့ သူတို့ အတန်းသီးသန့်
ပါတီဟု သိထားပေမယ့်သူတို့နှစ်ယောက်ရောက်တဲ့အချိန်မှာ အခြားအတန်းကကျောင်းသားတွေကိုပါ တွေ့လိုက်ရတယ်။

ပိုင်ရီက လုကျားနားနားကပ်ပြီးတိုးတိုးပြောလာတယ်၊

"မင်းကို လာကြည့်ကြတာထင်တယ်"

"မဟုတ်လောက်ဘူး...မျောက်ပွဲ လာကြည့်ကြတာမလား?"

"ကျစ်!"....မင်းဘယ်သူ့ကိုပြောတာလဲ?"

လုကျား ပြုံးပြီး ပြောလိုက်တယ်၊

"မင်းနေရာကိုငါမလုပါဘူး"

ပိုင်ရီလက်သီးဆုပ်ပြီး လက်ကို မြှောက်လိုက်တယ်၊စက္ကန့် အနည်းငယ်ကြာအောင်လက်ကို မြှောက်ပြီးမှအောက်သို့ ချလိုက်ကာခေါင်းမော့ပြီးနောက်သက်ပြင်းချလိုက်တယ်၊
အရိုးသားဆုံးပြောရမယ်ဆိုရင်, သူ့ညီအစ်
ကိုခုလက်ရှိတွင် ရိုက်လို့မဖြစ်တာမို့ စကား
မပြောဘဲ သည်းခံနေရတယ်။

သီးသန့်ခန်းထဲ၌ လုကျားကသူ့အတန်းဖော်တွေနဲ့ သီချင်းသံတွေကို နားထောင်ပြီးဆိုဖာ
ထောင့်၌ ငြိမ်သက်စွာဖြင့်ထိုင်နေတယ်၊သူတို့ဒီနေ့ ဒီကိုလာဖို့မစီစဥ်ထားပေမယ့်သူ့အတန်းဖော်အများစုနှင့် အတူ ပိုင်ရီလည်းရှိနေတယ်၊
သူက လိုက်လာပေမယ့် ခုလို ပတ်ဝန်းကျင်နဲ့
အဆင်မပြေဘူး။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now