EP25(U&Z)

1.7K 204 0
                                    

..[ U]

လုကျား လှည့်ကြည့်လိုက်တဲ့အခါ မုရှန်း ကို တွေ့လိုက်တာမို့ ခဏမျှအံ့အားသင့်နေပြီးနောက် ခေါ်လိုက်တယ်၊

" ရှူရှု "

မုရှန်းကစားသောက်ဆိုင််ဆီလာရန်လက်ပြလာတယ်၊

" မင်း ကိုကိုလည်း အထဲမှာရှိတယ်,
သူ့ကို ခေါ်လိုက်ရမလား? မင်းခုလိုက ..."

မုရှန်းက လုကျားနောက်ကို လှမ်းကြည့်လိုက်တယ်၊

"...မသင့်တော်လောက်ဘူးမလား?"

လုကျား အလျင်အမြန် ခေါင်းခါလိုက်တယ်၊

"မဟုတ်ဘူး..မဟုတ်ဘူး...ကျွန်တော့် အတန်းဖော်..ကျွန်တော့် အတန်းဖော်"

မုရှန်းက အပြုံးလေးဖြင့် ခေါင်းညိတ်ပြရင်း
သူနားလည်တယ်ဆိုတဲ့ ပုံစံဖြင့် ကြည့်လာတယ်၊

" မင်းတောင် အသက်17ရှိပြီဆိုတော့
လူကြီး ဖြစ်လာပြီ"

လုကျား ဆွံ့အသွားတယ်။

ဒီနေ့က , မစ္စတာမုရဲ့ မွေးနေ့ မို့ မိသားစု
တစ်စုလုံး ညစာစားဖို့ လာကြတယ်၊မုရှန်း
က စီးကရက် တစ်လိပ်လောက်သောက်ရန် အပြင်သို့ထွက်လာခိုက်လုကျားနဲ့တွေ့ခြင်း ပင်။ထို့နောက်အထဲသို့ပြန်ဝင်လာလိုက်တယ်။

လုကျား စားသောက်ဆိုင် တံခါးဝကို ခဏမျှကြည့်ပြီး ဖန်းယွီကန်ကိုလည်းလက်လွှဲလို့မရတာမို့ သူတို့ သုံးယောက်အနီးဆုံး BBQဆိုင်ထဲ ဝင်လာလိုက်တယ်။

ကောင်မလေး က ပြောလာတယ်,

"အခုဘယ်လိုလုပ်ကြမလဲ, သူအမူးပြေတဲ့ အထိ စောင့်ရမှာလား? ငါက အိမ်ကိုခြောက်နာရီ အရောက်ပြန်ရမှာ, ခုပဲ ငါးနာရီရှိပြီ"

"ကိစ္စမရှိဘူး, ငါလည်းစောင့်ပေးမယ်"

ညနေ 5နာရီခွဲ ပြီးနောက် ကောင်မလေးက အရင်ပြန်သွားတယ်၊ ဖန်းယွီကန် နည်းနည်း အမူးပြေလာပြီ၊ စပျစ်ရည် တခွက်တောင်းပြီး
သောက်ရင်း သူ့ကောင်လေး အကြောင်းငြီးတွားကာ ပြောဆိုလာတယ်။

သူမ ပြောနေစဥ် တဝက်တပျက်မှာပဲ လုကျား
စားသောက်ဆိုင်ထဲသို့ ခေါင်းလေးစောင်းပြီး ကြည့်နေမိတယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now