EP35(U&Z)

1.9K 227 2
                                    

..[ U ]

ဟိုတုန်းထဲက , လုကျားကအမှီအခိုကင်းစွာ
ကြီးပြင်းလာဖို့ စိတ်အားထက်သန်သူဖြစ်တယ်၊ အလယ်တန်းစတက်ချိန်ကတည်းက
အချိန်ပိုင်းအလုပ်စလုပ်ပြီး ထိုနှစ်များအတွင်း ငွေကြေး အချို့ စုဆောင်းနိုင်ခဲ့တယ်၊
သူအလုပ်သင်ဘဝတွင် ပိုင်အိမ်မှထွက်လာပြီး အိမ်ခန်း တစ်ခန်းငှားနေခဲ့တယ်၊အကြီးတန်း အလုပ်သင်ပြီးတဲ့အခါ လစာငွေကို
အိမ်သို့ ပြန်ပို့နိုင်ခဲ့ပြီး ပိုင်အိမ်အား
ကျေးဇူးပြန်ဆပ်ဖို့ ကြိုးစားခဲ့တယ်။

မုဝမ်ရန် ပြန်ရောက်လာချိန် အရင်ထက်ပို၍
ရင့်ကျက်ပြနိုင်မည်ဟု လုကျား တွေးခဲ့သော်လည်း သူက ယခင်အတိုင်းသာ
ရှိနေသေးကြောင်း တွေ့ရပြန်တယ်။

မုဝမ်ရန် လုကျားအား အိပ်ရာထဲသို့ ဆွဲခေါ်လိုက်တယ်၊လုကျား ခေါင်းငုံ့ပြီး ခြေလက်တွေကို ဆန့်ထုတ်ကာ ရုန်းကန်ရင်း
နောက်ဆုံးတွင် မေးလ်ိုက်မိတယ်။

" ဘာလို့ ကိုကို့ရည်းစားနဲ့အတူပြန်မလာတာလဲ?"

" ဘယ်သူလဲ?"

မုဝမ်ရန် ကလုကျားကိုဆွဲခေါ်ကာသူ့ဘေးတွင်ထိုင်စေတယ်၊

" ဘယ်က ရည်းစားလဲ?"

"ခုမှရူးချင်ယောင်ဆောင်မနေနဲ့, ကိုကို့မှာ
စေ့စပ်မယ့်သူရှိတာကို ကျွန်တော်သိတယ်"

လုကျား ပို၍ ပင်ဝမ်းနည်းလာလေလေ ခေါင်းလေးသာပိုငုံ့နေမိရင်းလုကျားရဲ့
လည်တိုင်လေးကိုသာ မုဝမ်ရန် မြင်ရတယ်။

မုဝမ်ရန် တစ်ယောက်ရယ်ရမလို ငိုရမလို ဖြစ်သွားတယ်၊

" မင်းပြောတာကို ကိုယ်နားမလည်ဘူး"

လုကျား တိတ်ဆိတ်နေတယ်။

မုဝမ်ရန်ရဲ့ လက်တွေက သူ့ လည်တိုင်အနောက်မှတဆင့် ကျောပြင်ထက်သို့
ဖွဖွလေး ကျဆင်းလာတယ်၊

" စိတ်လျော့ကလေး"

လုကျားက တည်ငြိမ်စွာပဲ ခပ်တိုးတိုးလေး ပြောရှာတယ်၊

" ကိုကို့ အမှားမှမဟုတ်တာ..ကျွန်တော်စိတ်
မဆိုးပါဘူး"

"အင်း...စိတ်မဆိုးနဲ့"

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now