EP46(U&Z)

1.8K 185 0
                                    

..[ U ]

လုကျားတစ်ယောက် မုဝမ်ရန် အိမ်သို့
နှစ်ရက်ဆက်တိုက်မသွားတော့ဘဲ စိတ်တွေ လေလွင့်နေလျက် ပိုင်အိမ်သို့သာညစာစားရန် သွားခဲ့တယ်။

ထိုနေ့ရဲ့ညနေစာစားပြီးချိန်တံခါးဘဲလ်သံ ရုတ်တရက်လေးမြည်လာတယ်၊လုကျားက
မာမားပိုင်ကိုပန်းကန်ကူဆေးပေးနေခဲ့တယ်၊
မာမားပိုင်တံခါး သွားဖွင့်ချိန်ရောက်လာသူ
ကို မြင်တော့ အံ့အားသင့်သွားပြီးရောက်လာသူအား ဆိုဖာတွင်ထိုင်စေလျက် လုကျားကို
အော်ပြောလာတယ်,

"လုကျားရေ...မြန်မြန်လာ...ဘယ်သူရောက်တာလဲ လာကြည့်?"

လုကျား ခေါင်းလေး စောင်းပြီး လှမ်းကြည့်လိုက်ချိန် ဆေးလက်စလက်ထဲမှပန်းကန်လေးပင် ဘေစင်ထဲသို့ ပြုတ်ကျသွားပြီး
ရေတွေစင်လာတယ်။

မာမားပိုင်က သူတို့နှစ်ယောက် မတွေ့ရတာကြာပြီလို့ထင်နေတာမို့ လုကျားကို အမြန်လက်ဆေးခိုင်းပြီး သူတို့နှစ်ယောက်အား
ဧည့်ခန်းထဲတွင်ထိုင်ကာစကားပြောစေတယ်။

လုကျားမုဝမ်ရန် ရှေ့တွင်ဝင်ထိုင်ပြီး နှစ်ယောက်သားစကားမပြောဘဲ တစ်ယောက်နဲ့
တစ်ယောက်အချိန်အတော်ကြာ ကြည့်နေမိတယ်။

ခဏအကြာလုကျားကပဲ စကားစလိုက်တယ်,

" ဘာလို့ ဒီထိရောက်လာတာလဲ?"

မုဝမ်ရန် တဖက်သို့ မျက်နှာလွှဲသွားပြီး
ပြန်မဖြေဘူး။

လုကျား သစ်သီး ပန်းကန်လေးကို မုဝမ်ရန်ရှေ့သို့ တိုးပေး လိုက်ပြီး,

"....သစ်သီးစား"

မုဝမ်ရန်ကလည်း လိမ္မော် သီး တစ်လုံးယူကာ
တကယ်စားတယ်၊လုကျား လိမ္မော်သီးလေးရဲ့ မွှေးရနံ့ကို ရူရှိူက်ကာတံတွေးမျိုချလိုက်တယ်။လိမ္မော်သီး စားချင်လို့မဟုတ်ဘဲ
မုဝမ်ရန်ကို ရင်မဆိုင်ရဲခြင်းပင်။

မာမားပိုင်က ဧည့်ခန်းထဲမှ ကလေးနှစ်ယောက်ရဲ့ အခြေအနေကို တိတ်တဆိတ်
စောင့်ကြည့်နေတယ်, နှစ်ယောက်စလုံးက
ခပ်ခွာခွာလုပ်နေကြတာမို့ တစ်ခုခု ဝင်ပြောဖို့ရာ ကြိုးစားမိချင်ပေမဲ့ မုဝမ်ရန်ရဲ့ လက်ရှိ
အခြေအနေနဲ့ လုကျားရဲ့ လက်ရှိအနေအ ထားက တမျိုးချည်းလို သူခံစားနေရတယ်၊
ထို နှစ်ယောက်မတွေ့ဖြစ်ကြသည်မှာ သုံးနှစ်ပင်ရှိလောက်ပြီဟုသာသိပြီး လွန်ခဲ့သော
ညကပင်အတော်ခရီးပေါက်နေသော သူတို့
အကြောင်းကို မသိတာမို့ တစ်ခုခု လုပ်ဖို့ရာ
အကြောင်းရှာလျက် ရစ်သီရစ်သီ လုပ်နေတယ်။

ဖက်ထုပ်လေးရဲ့ကိုကို (Complete)Where stories live. Discover now