..[ U ]
လုကျားတစ်ယောက်စိတ်ရှုပ်သွားပြီး ကျောင်းရှေ့အင်တာနက်ကဖေးတွင်
သူရှိနေကြောင်းမုဝမ်ရန်ကိုပြောလိုက်တယ် ။
မုဝမ်ရန် : [ဘယ်သူနဲ့လဲ?]
လုကျား တစ်ယောက်တည်းတော့ အင်တာနက်ကဖေးဆိုင်ကိုသွားမှာမဟုတ်ဘူးလို့
သူတွေးမိတယ်။
လုကျား :..
[ ကျွန်တော်ခုနပြောတယ်လေ, ဖန်းရမ်နဲ့လို့]
မုဝမ်ရန် : [ မင်းက သူနဲ့ ရင်းနှီးလို့လား?]
လုကျား: [ ကိုကိုရော သူနဲ့မရင်းနှီးဘူးလား?]
မုဝမ်ရန် : [ မင်းဘယ်အချိန်အိမ်ပြန်မှာလဲ?]
လုကျား : [ ခဏနေရင်ပြန်မှာ ..နောက်ထပ် နာရီဝက်လောက်ပဲ]
မုဝမ်ရန် : [ အင်း ]
ဖန်းရမ်ကသောက်စရာတွေနဲ့အတူပြန်လာပြီး လုကျားရဲ့ ပခုံးကိုပုတ်ရင်းပြောလာတယ်၊
"မင်းဘယ်သူနဲ့ စကားပြောနေတာလဲ?"
လုကျားကကော်ဖီသောက်ရင်းအေးဆေးစွာ
ပဲ ပြန်ဖြေတယ်၊
"မုဝမ်ရန်"
ဖန်းရမ့်:"....."
ခဏအကြာသူထပ်မေးလိုက်တယ်,
"မင်းတို့ ဘာတွေပြောနေတာလဲ?"
လုကျားက ခုံကို ဆွဲယူရင်း ,
"အဟမ်း..ခင်ဗျားအကြောင်း.."
သူတော့မိုင်းဗုံးပေါ်သို့ ခြေတင်ထားမိသကဲ့သို့ခံစားမိနေတယ်။
လုကျားက ထပ်ပြောလာတယ်,
" ကြည့်ဦး..ကျွန်တော်တို့ ဆုံတဲ့အချိန်တိုင်း
သူ့ အကြောင်းပဲ ပြောမိကြတယ်"
ထို့နောက် လုကျားခေါင်းလေး မော့ပြီး
နူးညံ့စွာ ပြောလာတယ်၊
" ခင်ဗျားက သူ့ကို တွေ့ချင်နေတာဖြစ်
မယ်လို့ ကျွန်တော်ထင်တယ်,သူနဲ့တွေ့ရင် စကားပြောပါ,သူကတကယ့်တကယ်ကျ
သဘောလည်း ကောင်းတယ်,စကားပြောလည်း ကောင်းတယ်"
သူခြေထောက်လေး ကြွလိုက်သည်နှင့်မိုင်းပေါက်ကွဲသလို ဖန်းရမ့်တစ်ယောက်သေချင်မိသွားတယ်၊ခဏအကြာမှလုကျားဘာပြောချင်လဲဆိုတာကို သူနားလည်သွားတယ်၊
" မင်းစိတ်ထဲမှာ ငါကမုဝမ်ရန်ကိုရှာချင်တာကြောင့်မင်းကို လာတွေ့တယ်လို့ထင်နေတာလား?"
လုကျားပါးစပ်လေးဟပြီး မျက်လုံးလေးတွေဝိုင်းလာရင်း ,
"မဟုတ်ဘူးလား?"
ဖန်းရမ့်တစ်ယောက်ပို၍ပင်ကြိတ်မနိုင်ခဲမရဖြစ်နေလျက်ဘာစကားမှပင်မဆိုနိုင်တော့၊ သူ့ထိုင်ခုံမှာထိုင်ပြီးကော်ဖီသောက်ရင်း
ခေါင်းကိုက်လာတာမို့ဦးခေါင်းတွေပင်
ထုံကျင်လာတယ်။
သူခန့်မှန်းတာမှားသွားတဲ့အခါလုကျား
တစ်ယောက်ပါးစပ်ပိတ်သွားတယ်။
ဖန်းရမ့်က လုကျားကို မဝံ့မရဲကြည့်ပြီး,
" မင်းရဲ့ မျက်လုံးတွေထဲမှာ မုဝမ်ရန်က
အရာရာတိုင်းကောင်းနေတာပဲမလား?
ငါကတော့ သူ့ ပုံစံကို အလေးအနက်ထားတယ်၊လူအချို့လောက်ပဲသူနဲ့ပတ်သက်ဖို့
ဆန္ဒရှိကြတယ်...မျက်မှောင်မကြုတ်နဲ့,
မင်းကတော့ အရင်တုန်းကလိုပဲ, ....သူ့ကို
မကောင်းပြောတဲ့လူတွေကိုမင်းမတွေ့ဖူး
လို့လား?"
ဒါက အတော်လေးကိုမှ အဓိပ္ပာယ်မရှိလွန်းတာမလား? လုကျားကကုလားထိုင်ကိုပြန်မှီပြီး ကျွန်တော့် ကိုကိုကအဆင်မပြေလို့လား?
လို့ မေးလာတယ်။
ဖန်းရမ့် သက်ပြင်းချလိုက်မိတယ်၊သူခုလို
တဲ့တိုးကြီး ပြောဖို့ မရည်ရွယ်ဘူး၊ ဒါပေမဲ့
ကြာရှည်ကြာများရင်ထဲမှာဆက်ပြီး သိမ်းထားလို့ အဆင်မပြေနိုင်ဘူး။
"မင်း..မင်းမုဝမ်ရန်ကိုများသဘောကျနေတာလား?"
လုကျားခဏတာမျှအံ့အားသင့်နေပြီးမှ
နှုတ်ခမ်းတွေကို သပ်တင်ပြီး ပြောလာတယ်၊
"....သဘောကျတယ်"
လုကျား ပုံမှန်လေးအတိုင်းပြောလိုက်တယ်၊
"အဲ့လိုသဘောကျတာမျိုးကို ပြောတာမဟုတ်ဘူး,ငါပြောချင်တာက..."
ဖန်းရမ့်၏ဦးရေပြားတွေထုံကျင်လာတယ်,
သူက ကလေးဆိုးလေးတစ်ယောက်ကိုသင်ကြားပေးနေရသလိုပဲ၊ လုကျားက
ခုဆို အသက်17နှစ်ပင် ကျော်နေပြီလေ၊
" ငါပြောတာက....ချစ်သူစုံတွဲတွေကြားက
အချစ်ကို ပြောတာ"
လုကျား ပြန်မဖြေဘဲ ဖန်းရမ့်ကိုသာ
အချိန်အတော်ကြာ ကြောင်ကြည့်နေတယ်၊
ဖန်းရမ့်ကသူ့ကို တုန်လှုပ်အောင်လုပ်လိုက်
မိပုံရတယ်၊
"ခင်ဗျား ဘာလို့ အဲ့လိုမေးတာလဲ?
မုဝမ်ရန် ရော ကျွန်တော်ရောနှစ်ယောက်လုံးယောကျ်ားလေးတွေလေ"
လုကျားတစ်ယောက် စိတ်အားထက်သန်စွာ ငြင်းဆိုနေပေမယ့် သူ့ရင်ထဲမှာတော့ အတွေး တချို့ရှိနေတယ်၊စက္ကန့်ပိုင်းလောက်မျှချီတုံ ချတုံ ဖြစ်နေပြီးမှဖန်းရမ့်ကို မေးလိုက်မိတယ်၊
" ခင်ဗျား..ခင်ဗျားရောကျွန်တော့်ကို သဘောကျနေတာလား?"
ဖန်းရမ့်အများကြီးပင်ပြန်စဥ်းစားလိုက်မိတယ်၊လုကျားရဲ့တည်ငြိမ်မှုကသူ့ကိုထိတ်
လန့်စေတယ်၊သူလုကျားကို ကြည့်လိုက်မိစဥ် ကောင်လေးရဲ့ မျက်လုံးတွေက လွန်ခဲ့သော
နှစ်အနည်းငယ်တုန်းကလိုပဲ ကြည်လင်တောက်ပနေမြဲ၊ ထို မျက်လုံးလေးတွေကကမ္ဘာကြီး အကြောင်း တခါတရံတောင်
မတွေးမိလေရော့သလား...တုံးအလွန်း
လိုက်တာ။
"မင်း..." သူအားတင်း၍ ပြုံးပြလိုက်တယ်,
"မင်း ဘာပြောတာလဲ? ငါတို့က ..မင်းထင်တာငါက...?"
လုကျား ချက်ခြင်းပြောလာတယ်,
" ဒါက ကျွန်တော်အထင်မှားသွားတာ,
တောင်းပန်ပါတယ်, ကျွန်တော်အတွေး
လွန် သွားတယ်"
ထို့နောက်လုကျားလက်လေးပိုက်ပြီး
ရှက်ရွံ့စွာပြုံးပြလာတယ်။
လုကျားက သူ့ခြေလှမ်းတွေကို ရပ်တန့်စေ
ရုံမျှမက လုကျားရဲ့ တုံ့ပြန်မှုကအရာအား
လုံးကို ရှင်းလင်းပြီး ဖြစ်နေတယ်၊သူ့ကို
လုံးဝ စိတ်ဝင်စားမှု မရှိကြောင်းအား
ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ခြင်းပင်။
ဖန်းရမ့် သက်ပြင်းချလိုက်မိတယ်၊ထို အကြောင်းအရာနှင့် ပတ်သက်ပြီး အချိန်အတော်ကြာဆွေးနွေးဖို့ရာမသင့်တာမို့
သူ့ဘက်မှစတင်၍အဆုံးသတ်လိုက်မိတယ်၊
" ငါ့ကို မင်းဘာလို့ အဲ့လိုထင်တာလဲ?
ငါတို့ နှစ်ယောက်လုံးကယောကျ်ားလေး
တွေချည်းပဲလေ"
သူ့မေးခွန်းက အမှန်တကယ်အားဖြင့်
ဝိရောဓိဖြစ်စေတယ်၊နောက်ဆုံးတွင်
လုကျားနဲ့ မုဝမ်ရန် တို့ ကြားဆက်ဆံရေး
ကလည်း ထိုမေးခွန်းအတိုင်းဝိရောဓိအခြေအနေပင်။
လုကျားက gameတစ်ခုကို ကလစ်လိုက်ပြီး
ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ရင်း တုံ့ပြန်လာတယ်၊
" အင်း...ကျွန်တော့် ကျောင်းက အတန်းဖော်ကလည်းကျွန်တော့်ကိုဖွင့်ပြောတယ်"
ဖန်းရမ့် ပါးစပ်အဟောင်းသားဖြစ်သွားတယ်,
"...ကောင်လေးလား?"
လုကျား ဖန်းရမ့်ကို လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလာတယ်။
ဖန်းရမ့် အံ့အားသင့်နေမိတယ်။
ဖန်းရမ့်၏အံ့သြနေတဲ့အမူအရာကိုတွေ့မြင်ရတဲ့အခါ လုကျားရယ်ချင်လာတယ်၊
"ကျွန်တော်က 17နှစ်ရှိပြီလေ..7နှစ်သားလေးမှမဟုတ်တာ...ကျွန်တော်သိသင့်သလောက်တော့ သိတယ်...မုဝမ်ရန်ကတော့ ကျွန်တော့်ကို ကလေးတစ်ယောက်လို ဆက်ဆံတယ်.."
လုကျားခေါင်းလေးလှည့်ပြီးနှုတ်ခမ်းလေးတွေကို သပ်လိုက်ချိန်ဖန်းရမ့်ကသူ့ပုံစံကို
ကြည့်နေတယ်၊
"ခင်ဗျားရောပဲ?"
ဖန်းရမ့် သတိလက်လွတ်ဖြင့် ပြန်ဖြေမိတယ်။
" မဟုတ်ဘူး"
"မစိုးရိမ်ပါနဲ့......ကျွန်တော်စိတ်မဆိုးပါဘူး...
ဒါဆို ကျွန်တော်အိမ်ပြန်တော့မယ်"
ဖန်းရမ့် ကတော့ တုန်လှုပ်နေဆဲရှိနေလျက်,
" အင်း..အင်း...ဒါဆို မင်းအရင်ပြန်နှင့်လေ"
လုကျား ကျောပိုးအိတ်ကိုယူကာသူ့ကို ပြုံးပြပြီး နောက်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်တယ်။
ဆိုင်အပြင်ရောက်ချိန်မှ စိတ်သက်သာရာရစွာဖြင့် လုကျား သက်ပြင်းချလိုက်မိတယ်၊
သူလုံးဝ သက်တောင့်သက်သာမဖြစ်သေးခင်
ရင်းနှီး ကျွမ်းဝင်တဲ့ အသံကိုသူကြားလိုက်
ရတယ်၊
"နာရီဝက်တောင်မပြည့်သေးဘဲဘယ်လို ထွက်လာတာလဲ?"
လုကျား လှည့်ကြည့်လိုက်ရာမုဝမ်ရန်ကို
တွေ့လိုက်ရတယ်၊ တည်ငြိမ်မှုတွေပင် ပျောက်ကွယ်နေလျက် အံ့သြမှု နှင့်အတူ
ပါးစပ်လေးပင်ပွင့်ဟနေပြီးမုဝမ်ရန်ကို
ကြည့်နေမိတယ်၊ခဏအကြာမုဝမ်ရန်ရဲ့ လက်မောင်းကို ဆုပ်ကိုင်ရင်းပြောလိုက်တယ်၊
"သွားစို့..သွားစို့...မြန်မြန်သွားကြမယ်"
မုဝမ်ရန်သည်လည်း သူဆွဲခေါ်ရာနောက်သို့
ပါလာပြီး စိတ်လှုပ်ရှား မှုကြောင့် လုကျားရဲ့
လက်ဖဝါးတို့က ချွေးစေးများနှင့် ပူနွေးနေတယ်။
အင်တာနက်ကဖေးဆိုင်မှ ခပ်ဝေးဝေးသို့ လမ်းလျှောက်လာခဲ့ပြီး နောက်ဆုံး၌
မုဝမ်ရန်ကိုဆုပ်ကိုင်ထားတဲ့လက်တွေကို လွှတ်ပေး လိုက်တယ်။
" ဘာလို့ ဒီကိုရောက်လာတာလဲ?"
မုဝမ်ရန် ပြန်မဖြေဘူး။
မုဝမ်ရန်သူ့ကို စိတ်ပူနေတယ်ဆိုတာကို
လုကျားသိတယ်၊မုဝမ်ရန် ကို ရုတ်တရက်တွေ့လိုက်ရချ်ိန် သူလည်းအချိန်အတော်ကြာ
မှင်သက်နေခဲ့မိတယ်။
သူတို့နှစ်ယောက်ပန်းခြံထောင့်လေးမှာရပ်လိုက်ကြတယ်၊ လုကျားက မေးစေ့လေးကို ကုတ်ပြီး စဥ်းစားနေတယ်၊မုဝမ်ရန်ရဲ့အကျီလက်ကိုဆွဲယူလှုပ်ရမ်းပြီးဘာမှမပြောဘဲတိတ်တဆိတ်လေး စောင့်နေမိတယ်။
လုကျား စဥ်းစားပြီးမုဝမ်ရန်ကို ပြောလိုက်တယ်၊
" ကိုကို့ရဲ့ အဲ့ဒီအတန်းဖော်က...သူက...အင်း,
ကိုကို နဲ့ သူငယ်ချင်းဖြစ်ချင်လို့ကျွန်တော်ဆီလာတာ"
ပြီးနောက် သူဆက်ပြောလိုက်တယ်,
"ဒီတော့ ကိုကိုလည်းစိတ်ဆိုးမနေနဲ့တော့"
ဘာကြောင့်စိတ်ဆိုးမိနေလည်းဆိုတာကို
မုဝမ်ရန် မသိသော်လည်း လုကျားဆီမှ
ဖန်းရမ့် အကြောင်းကြားရတဲ့အခါတိုင်း
အလွန်အမင်းစိတ်အနှောင့်အယှက်
ဖြစ်ရတယ်။
လုကျားပါးစပ်မှတခြားသူအကြောင်း
ပြောတာကို သူတကယ်ကြီး မကြားချင်ဘူး,
အထူးသဖြင့်အထက်တန်းကျောင်းက
သူ့အတန်းဖော်အကြောင်းကိုပေါ့။
"သူ...အိုက်ယား...ဘယ်လို ပြောရမလဲ..."
လုကျား ခေါင်းကုတ်ပြီး ,
" ကိုကို့ကို အရင်ကကျွန်တော်မပြောရသေးတာ,.အဲ့ဒါက..ကျွန်တော်မကြာသေး
မီကပဲ ကျောင်းမှာဖွင့်ပြောခံရတယ်"
မုဝမ်ရန် နားထောင်နေမြဲ။
"ကောင်လေးတစ်ယောက်ဆီက.."
လုကျား ထို စကားကို ပြောပြီးတဲ့နောက်
မျက်လုံးတွေကို မှိတ်ပြီးမှ တဝက်လောက်
ပြန်ဖွင့်၍ မုဝမ်ရန်ကို ခိုးကြည့်လိုက်တယ်။
မုဝမ်ရန်၏နှုတ်ခမ်းထောင့်လေးတွေတွန့်ကွေးသွားပြီးနောက်နံရံကို မှီလိုက်တယ်။
လုကျားကတော့ သူ့အကျီလက်တွေကို ဆွဲကိုင်ထားရင်း သူ့တုံ့ပြန်မှုကိုစောင့်မျှော်
နေဆဲ။
"မင်းဘာပြောချင်တာလဲ?"
"ဖန်းရမ့်က သူ့ကိုကို့ကိုသဘောကျတယ်တဲ့?"
မုဝမ်ရန် လက်ကိုမြှောက်ပြီးလုကျားခေါင်းကိုခါးကိုင်းသည်ဖိချရင်း ,
" အဲ့လိုဟုတ်လို့လား?"
"ကျွန်တော်ကိုကို့ကို ကြောက်လာပြီ.."
လုကျားက သူ့ခေါင်းပေါ်မှမုဝမ်ရန်လက်ကို အောက်သို့ဆွဲချပြီး ,
" အဲ့လို မဟုတ်ဘူး"
သူဖန်းရမ့်ကို ဘဝကို ကယ်တင်မိနေဆဲပဲ၊
" ကျွန်တော်ခံစားမိတယ်...ကျွန်တော့်ကို
ဘာလို့ ကောင်လေးအတော်များများ သဘောကျကြတာလဲ?သူတို့တွေရဲ့
လိင်စိတ်တိမ်းညွတ်မှုကပုံမှန်လိုပဲ"
မုဝမ်ရန် က သူ့လက်ဗလာကို ခါရမ်းပြီး
ပို၍ပင်ရယ်မောလိုက်မိတယ်၊ အပြုံးလေးနဲ့တောင် အလွန်ဆွဲဆောင်မှုရှိတယ်၊မျက်လုံးလေးတွေမှေးကျဥ်းလာပြီး နှုတ်ခမ်းထောင့်လေးမသိမသာတွန့်ကွေးသွားပုံက ချောမော ခန့်ညားခြင်းနှင့်အတူ ကြက်သီးထစေတယ်။
လုကျားရုတ်တရက်မုဝမ်ရန် လက်လေးကို ပြန်ဆွဲယူကာသူ့ခေါင်းလေးပေါ်ပြန်တင်လိုက်တယ်။
" ကိုကို အဲ့ဒါ ဘာဖြစ်တာလဲ ? ကိုကို
ကျွန်တော့်ကို ယုံကြည်သင့်တယ်, ကျွန်တော်ဘယ်သူ့ကိုမှ မချစ်ဘူး, ကျွန်တော့် လိင်စိတ်တိမ်းညွတ်မှုကလည်း ပုံမှန်ပဲ, ကိုကိုခုလို
ဖြစ်နေတာက ကျွန်တော့်ကိုစိုးရိမ်စေတယ်"
မုဝမ်ရန် အရယ်ရပ်ပြီး သူ့ခေါင်းလေးကို ပုတ်လိုက်တယ်၊လုကျား စကားမပြောခင်မုဝမ်ရန်က သူ့ နားရွက်ဖျားလေးကိုဖျစ်ညှစ်ရင်းပြောလာတယ်။
" သူနဲ့ ဝေးဝေးနေ"
"OK "
ဖန်းရမ့်ဘက်မှ လုကျားအပေါ် ထိုသို့ဆက်ဆံခြင်းက လုကျားအားတစ်စုံတစ်ရာကို သတိ ပြုမိသွားစေတယ်၊သူ့ကို ဘာမှပြန်မပြောဘူးဆိုရင်တောင်, လုကျားက ဖန်းရမ့်ရဲ့နောက်တကြိမ် ချဥ်းကပ်မှုအားလက်မခံလောက်တော့ဘူးဆိုတာကို မုဝမ်ရန် သိတယ်။
ဒါပေမဲ့ သူဒါကို ပြောချင်နေတုန်းပဲ။
လုကျားက နူးညံ့သိမ်မွေ့ ပြီး အနိုင်ကျင့်ဖို့
လှည့်စားဖို့လွယ်တယ်လို့ လူတိုင်းကထင်
ကြပေမယ့် အမှန်တကယ်တွင် လုကျားက
နူးညံ့သိမ်မွေ့ သည်မှန်သော်ငြား သူကြီးပြင်း လာသည့် ပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေစွာအရာရာကို နားလည်သိရှိနေခဲ့တယ်။
လုကျားက ပြင်ပကမ္ဘာကြီးနှင့်ဆိုပါက လွန်စွာအကဲဆတ်လှသူလေးပင်၊ထိုအကျင့်လေးကလည်းသူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ အလေ့အကျင့်လေးတစ်ခု ဖြစ်ခဲ့တယ်၊ သူ့ဘိုးဘိုးနဲ့ ဘွားဘွားတို့သူ့ဆီမှထွက်ခွာသွားချိန် သူ့အတွက်တစ်ခုတည်းသောမှီခိုရာက သူ့ဦးလေးရဲ့မိသားစုသာကျန်ရှိနေတယ်။
မုဝမ်ရန် ကသာသူ့ခံစားချက်တွေကို နားလည်မှုအပေးနိုင်ဆုံးနဲ့ သူ့အပေါ်ကို
ဂရစိုက်နိုင်ဆုံးတစ်ဦးတည်းသောသူဖြစ်တယ်၊မုဝမ်ရန်ကလုကျားအတွက်အဖိုးတန်တဲ့သီးသန့်ဖြစ်တည်မှုလေးမို့လုကျားကသူ့အပေါ် အရမ်းမှီခိုတယ်။
ထိုကြောင့်ပင်...
မုဝမ်ရန်လုကျားရဲ့ လက်ကောက်ဝတ်လေးကို ကိုင်ပြီး သူ့နဖူးလေးပေါ်တင်လိုက်တယ်။
လုကျား တခဏတာမျှအံ့သြသွားရာမှ ခဏအကြာရယ်မောလာတယ်၊ မျက်တောင်လေးများပင် ပိတ်ကျသွားလျက် အရိပ်ငယ်လေး တခုပမာဖုံးလွှမ်းသွားတယ်၊ မျက်လုံးလေးများ ပြန်ဖွင့်လာတဲ့အခါ ကြယ်စုလေးများပမာတောက်ပနေလျက် မုဝမ်ရန်ရဲ့ နှလုံးသားလေးထဲသို့ဝိုင်စီးကြောင်းလေးတစ်ခုစီးဝင်သွားသည့်ပမာနွေးထွေးလှိုက်ခုန်လာတယ်။
လုကျား သူ့အပေါ်ဒီထက်ပို၍မှီခိုလာပြီး
အမြဲထာဝရလုကျားလိုအပ်သမျှတွေ ဖြည့်ဆည်းပေးနိုင်ဖို့ သူမျှော်လင့်မိတယ်။
W2631
23.2.2022
....................................................................
[ Z ]
လုက်ားတစ္ေယာက္စိတ္ရႈပ္သြားၿပီး ေက်ာင္းေရွ႕
အင္တာနက္ကေဖးတြင္သူရွိေနေၾကာင္းမုဝမ္ရန္
ကိုေျပာလိုက္တယ္ ။
မုဝမ္ရန္ : [ဘယ္သူနဲ႕လဲ?]
လုက်ား တစ္ေယာက္တည္းေတာ့ အင္တာနက္ကေဖး
ဆိုင္ကိုသြားမွာမဟုတ္ဘူးလို႔သူေတြးမိတယ္။
လုက်ား :..
[ ကြၽန္ေတာ္ခုနေျပာတယ္ေလ, ဖန္းရမ္နဲ႕လို႔]
မုဝမ္ရန္ : [ မင္းက သူနဲ႕ ရင္းႏွီးလို႔လား?]
လုက်ား: [ ကိုကိုေရာ သူနဲ႕မရင္းႏွီးဘူးလား?]
မုဝမ္ရန္ : [ မင္းဘယ္အခ်ိန္အိမ္ျပန္မွာလဲ?]
လုက်ား : [ ခဏေနရင္ျပန္မွာ ..ေနာက္ထပ္
နာရီဝက္ေလာက္ပဲ]
မုဝမ္ရန္ : [ အင္း ]
ဖန္းရမ္ကေသာက္စရာေတြနဲ႕အတူျပန္လာၿပီး
လုက်ားရဲ႕ ပခုံးကိုပုတ္ရင္းေျပာလာတယ္၊
"မင္းဘယ္သူနဲ႕ စကားေျပာေနတာလဲ?"
လုက်ားကေကာ္ဖီေသာက္ရင္းေအးေဆးစြာ
ပဲ ျပန္ေျဖတယ္၊
"မုဝမ္ရန္"
ဖန္းရမ့္:"....."
ခဏအၾကာသူထပ္ေမးလိုက္တယ္,
"မင္းတို႔ ဘာေတြေျပာေနတာလဲ?"
လုက်ားက ခုံကို ဆြဲယူရင္း ,
"အဟမ္း..ခင္ဗ်ားအေၾကာင္း.."
သူေတာ့မိုင္းဗုံးေပၚသို႔ ေျခတင္ထားမိသကဲ့သို႔ခံစားမိေန
တယ္။
လုက်ားက ထပ္ေျပာလာတယ္,
" ၾကည့္ဦး..ကြၽန္ေတာ္တို႔ ဆုံတဲ့အခ်ိန္တိုင္း
သူ႕ အေၾကာင္းပဲ ေျပာမိၾကတယ္"
ထို႔ေနာက္ လုက်ားေခါင္းေလး ေမာ့ၿပီး
ႏူးညံ့စြာ ေျပာလာတယ္၊
" ခင္ဗ်ားက သူ႕ကို ေတြ႕ခ်င္ေနတာျဖစ္
မယ္လို႔ ကြၽန္ေတာ္ထင္တယ္,သူနဲ႕ေတြ႕ရင္
စကားေျပာပါ,သူကတကယ့္တကယ္က်
သေဘာလည္း ေကာင္းတယ္,စကားေျပာ
လည္း ေကာင္းတယ္"
သူေျခေထာက္ေလး ႂကြလိုက္သည္ႏွင့္မိုင္းေပါက္ကြဲသလို ဖန္းရမ့္တစ္ေယာက္ေသခ်င္မိသြားတယ္၊ခဏအၾကာမွ
လုက်ားဘာေျပာခ်င္လဲဆိုတာကို သူနားလည္သြားတယ္၊
" မင္းစိတ္ထဲမွာ ငါကမုဝမ္ရန္ကိုရွာခ်င္တာေၾကာင့္
မင္းကို လာေတြ႕တယ္လို႔ထင္ေနတာလား?"
လုက်ားပါးစပ္ေလးဟၿပီး မ်က္လုံးေလးေတြဝိုင္းလာရင္း ,
"မဟုတ္ဘူးလား?"
ဖန္းရမ့္တစ္ေယာက္ပို၍ပင္ႀကိတ္မနိုင္ခဲမရျဖစ္ေနလ်က္ဘာစကားမွပင္မဆိုနိုင္ေတာ့၊ သူ႕ထိုင္ခုံမွာထိုင္ၿပီးေကာ္ဖီေသာက္ရင္း ေခါင္းကိုက္လာတာမို႔ဦးေခါင္းေတြပင္
ထုံက်င္လာတယ္။
သူခန့္မွန္းတာမွားသြားတဲ့အခါလုက်ား
တစ္ေယာက္ပါးစပ္ပိတ္သြားတယ္။
ဖန္းရမ့္က လုက်ားကို မဝံ့မရဲၾကည့္ၿပီး,
" မင္းရဲ႕ မ်က္လုံးေတြထဲမွာ မုဝမ္ရန္က
အရာရာတိုင္းေကာင္းေနတာပဲမလား?
ငါကေတာ့ သူ႕ ပုံစံကို အေလးအနက္
ထားတယ္၊လူအခ်ိဳ႕ေလာက္ပဲသူနဲ႕ပတ္သက္ဖို႔
ဆႏၵရွိၾကတယ္...မ်က္ေမွာင္မၾကဳတ္နဲ႕,
မင္းကေတာ့ အရင္တုန္းကလိုပဲ, ....သူ႕ကို
မေကာင္းေျပာတဲ့လူေတြကိုမင္းမေတြ႕ဖူးလို႔လား?"
ဒါက အေတာ္ေလးကိုမွ အဓိပၸာယ္မရွိလြန္းတာမလား?
လုက်ားကကုလားထိုင္ကိုျပန္မွီၿပီး ကြၽန္ေတာ့္
ကိုကိုကအဆင္မေျပလို႔လား?လို႔ ေမးလာတယ္။
ဖန္းရမ့္ သက္ျပင္းခ်လိဳက္မိတယ္၊သူခုလို
တဲ့တိုးႀကီး ေျပာဖို႔ မရည္႐ြယ္ဘူး၊ ဒါေပမဲ့
ၾကာရွည္ၾကာမ်ားရင္ထဲမွာဆက္ၿပီး
သိမ္းထားလို႔ အဆင္မေျပနိုင္ဘူး။
"မင္း..မင္းမုဝမ္ရန္ကိုမ်ားသေဘာက်ေနတာလား?"
လုက်ားခဏတာမွ်အံ့အားသင့္ေနၿပီးမွ
ႏႈတ္ခမ္းေတြကို သပ္တင္ၿပီး ေျပာလာတယ္၊
"....သေဘာက်တယ္"
လုက်ား ပုံမွန္ေလးအတိုင္းေျပာလိုက္တယ္၊
"အဲ့လိုသေဘာက်တာမ်ိဳးကို ေျပာတာမဟုတ္ဘူး,
ငါေျပာခ်င္တာက..."
ဖန္းရမ့္၏ဦးေရျပားေတြထုံက်င္လာတယ္,
သူက ကေလးဆိုးေလးတစ္ေယာက္ကို
သင္ၾကားေပးေနရသလိုပဲ၊ လုက်ားက
ခုဆို အသက္17ႏွစ္ပင္ ေက်ာ္ေနၿပီေလ၊
" ငါေျပာတာက....ခ်စ္သူစုံတြဲေတြၾကားက
အခ်စ္ကို ေျပာတာ"
လုက်ား ျပန္မေျဖဘဲ ဖန္းရမ့္ကိုသာ
အခ်ိန္အေတာ္ၾကာ ေၾကာင္ၾကည့္ေနတယ္၊
ဖန္းရမ့္ကသူ႕ကို တုန္လႈပ္ေအာင္လုပ္လိုက္
မိပုံရတယ္၊
"ခင္ဗ်ား ဘာလို႔ အဲ့လိုေမးတာလဲ? မုဝမ္ရန္ ေရာ
ကြၽန္ေတာ္ေရာႏွစ္ေယာက္လုံးေယာက်္ားေလးေတြေလ"
လုက်ားတစ္ေယာက္ စိတ္အားထက္သန္စြာ ျငင္းဆိုေနေပမယ့္ သူ႕ရင္ထဲမွာေတာ့ အေတြး တခ်ိဳ႕ရွိေနတယ္၊စကၠန့္
ပိုင္းေလာက္မွ်ခ်ီတုံ ခ်တဳံ ျဖစ္ေနၿပီးမွဖန္းရမ့္ကို ေမးလိုက္မိတယ္၊
" ခင္ဗ်ား..ခင္ဗ်ားေရာကြၽန္ေတာ့္ကို သေဘာက်ေနတာလား?"
ဖန္းရမ့္အမ်ားႀကီးပင္ျပန္စဥ္းစားလိုက္မိတယ္၊လုက်ားရဲ႕တည္ၿငိမ္မႈကသူ႕ကိုထိတ္လန့္ေစတယ္၊သူလုက်ားကို ၾကည့္လိုက္မိစဥ္ ေကာင္ေလးရဲ႕ မ်က္လုံးေတြက
လြန္ခဲ့ေသာ ႏွစ္အနည္းငယ္တုန္းကလိုပဲ ၾကည္လင္
ေတာက္ပေနၿမဲ၊ ထို မ်က္လုံးေလးေတြကကမၻာႀကီး အေၾကာင္း တခါတရံေတာင္မေတြးမိေလေရာ့သလား...တုံးအလြန္းလိုက္တာ။
"မင္း..." သူအားတင္း၍ ၿပဳံးျပလိုက္တယ္,
"မင္း ဘာေျပာတာလဲ? ငါတို႔က ..မင္းထင္တာငါက...?"
လုက်ား ခ်က္ျခင္းေျပာလာတယ္,
" ဒါက ကြၽန္ေတာ္အထင္မွားသြားတာ,
ေတာင္းပန္ပါတယ္, ကြၽန္ေတာ္အေတြး
လြန္ သြားတယ္"
ထို႔ေနာက္လုက်ားလက္ေလးပိုက္ၿပီး
ရွက္႐ြံ႕စြာၿပဳံးျပလာတယ္။
လုက်ားက သူ႕ေျခလွမ္းေတြကို ရပ္တန့္ေစ
႐ုံမွ်မက လုက်ားရဲ႕ တုံ႕ျပန္မႈကအရာအား
လုံးကို ရွင္းလင္းၿပီး ျဖစ္ေနတယ္၊သူ႕ကို
လုံးဝ စိတ္ဝင္စားမႈ မရွိေၾကာင္းအား
ျပတ္ျပတ္သားသား ျငင္းဆိုလိုက္ျခင္းပင္။
ဖန္းရမ့္ သက္ျပင္းခ်လိဳက္မိတယ္၊ထို အေၾကာင္းအရာႏွင့္ ပတ္သက္ၿပီး အခ်ိန္အေတာ္ၾကာေဆြးႏြေးဖို႔ရာမသင့္တာမို႔
သူ႕ဘက္မွစတင္၍အဆုံးသတ္လိုက္မိတယ္၊
" ငါ့ကို မင္းဘာလို႔ အဲ့လိုထင္တာလဲ?
ငါတို႔ ႏွစ္ေယာက္လုံးကေယာက်္ားေလး
ေတြခ်ည္းပဲေလ"
သူ႕ေမးခြန္းက အမွန္တကယ္အားျဖင့္
ဝိေရာဓိျဖစ္ေစတယ္၊ေနာက္ဆုံးတြင္
လုက်ားနဲ႕ မုဝမ္ရန္ တို႔ ၾကားဆက္ဆံေရး
ကလည္း ထိုေမးခြန္းအတိုင္းဝိေရာဓိအေျခအေနပင္။
လုက်ားက gameတစ္ခုကို ကလစ္လိုက္ၿပီး
ကြန္ပ်ဴတာမ်က္ႏွာျပင္ကို ၾကည့္ရင္း တုံ႕ျပန္လာတယ္၊
" အင္း...ကြၽန္ေတာ့္ ေက်ာင္းက အတန္းေဖာ္က
လည္းကြၽန္ေတာ့္ကိုဖြင့္ေျပာတယ္"
ဖန္းရမ့္ ပါးစပ္အေဟာင္းသားျဖစ္သြားတယ္,
"...ေကာင္ေလးလား?"
လုက်ား ဖန္းရမ့္ကို လွည့္ၾကည့္ၿပီး ေခါင္းညိတ္ျပလာ
တယ္။
ဖန္းရမ့္ အံ့အားသင့္ေနမိတယ္။
ဖန္းရမ့္၏အံ့ၾသေနတဲ့အမူအရာကိုေတြ႕ျမင္ရတဲ့အခါ
လုက်ားရယ္ခ်င္လာတယ္၊
"ကြၽန္ေတာ္က 17ႏွစ္ရွိၿပီေလ..7ႏွစ္သားေလးမွမဟုတ္တာ...ကြၽန္ေတာ္သိသင့္သေလာက္ေတာ့ သိတယ္...
မုဝမ္ရန္ကေတာ့ ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို ဆက္ဆံတယ္.."
လုက်ားေခါင္းေလးလွည့္ၿပီးႏႈတ္ခမ္းေလးေတြကို
သပ္လိုက္ခ်ိန္ဖန္းရမ့္ကသူ႕ပုံစံကို ၾကည့္ေနတယ္၊
"ခင္ဗ်ားေရာပဲ?"
ဖန္းရမ့္ သတိလက္လြတ္ျဖင့္ ျပန္ေျဖမိတယ္။
" မဟုတ္ဘူး"
"မစိုးရိမ္ပါနဲ႕......ကြၽန္ေတာ္စိတ္မဆိုးပါဘူး...
ဒါဆို ကြၽန္ေတာ္အိမ္ျပန္ေတာ့မယ္"
ဖန္းရမ့္ ကေတာ့ တုန္လႈပ္ေနဆဲရွိေနလ်က္,
" အင္း..အင္း...ဒါဆို မင္းအရင္ျပန္ႏွင့္ေလ"
လုက်ား ေက်ာပိုးအိတ္ကိုယူကာသူ႕ကို ၿပဳံးျပၿပီး
ေနာက္ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္တယ္။
ဆိုင္အျပင္ေရာက္ခ်ိန္မွ စိတ္သက္သာရာရစြာျဖင့္
လုက်ား သက္ျပင္းခ်လိဳက္မိတယ္၊
သူလုံးဝ သက္ေတာင့္သက္သာမျဖစ္ေသးခင္
ရင္းႏွီး ကြၽမ္းဝင္တဲ့ အသံကိုသူၾကားလိုက္ရတယ္၊
"နာရီဝက္ေတာင္မျပည့္ေသးဘဲဘယ္လိုထြက္လာတာလဲ?"
လုက်ား လွည့္ၾကည့္လိုက္ရာမုဝမ္ရန္ကို
ေတြ႕လိုက္ရတယ္၊ တည္ၿငိမ္မႈေတြပင္
ေပ်ာက္ကြယ္ေနလ်က္ အံ့ၾသမႈ ႏွင့္အတူ
ပါးစပ္ေလးပင္ပြင့္ဟေနၿပီးမုဝမ္ရန္ကို
ၾကည့္ေနမိတယ္၊ခဏအၾကာမုဝမ္ရန္ရဲ႕
လက္ေမာင္းကို ဆုပ္ကိုင္ရင္းေျပာလိုက္တယ္၊
"သြားစို႔..သြားစို႔...ျမန္ျမန္သြားၾကမယ္"
မုဝမ္ရန္သည္လည္း သူဆြဲေခၚရာေနာက္သို႔
ပါလာၿပီး စိတ္လႈပ္ရွား မႈေၾကာင့္ လုက်ားရဲ႕
လက္ဖဝါးတို႔က ေခြၽးေစးမ်ားႏွင့္ ပူႏြေးေနတယ္။
အင္တာနက္ကေဖးဆိုင္မွ ခပ္ေဝးေဝးသို႔
လမ္းေလွ်ာက္လာခဲ့ၿပီး ေနာက္ဆုံး၌
မုဝမ္ရန္ကိုဆုပ္ကိုင္ထားတဲ့လက္ေတြကို
လႊတ္ေပး လိုက္တယ္။
" ဘာလို႔ ဒီကိုေရာက္လာတာလဲ?"
မုဝမ္ရန္ ျပန္မေျဖဘူး။
မုဝမ္ရန္သူ႕ကို စိတ္ပူေနတယ္ဆိုတာကို
လုက်ားသိတယ္၊မုဝမ္ရန္ ကို ရုတ္တရက္
ေတြ႔လိုက္ရခ်ိန္ သူလည္းအခ်ိန္အေတာ္ၾကာ
မွင္သက္ေနခဲ့မိတယ္။
သူတို႔ႏွစ္ေယာက္ပန္းၿခံေထာင့္ေလးမွာရပ္လိုက္ၾကတယ္၊ လုက်ားက ေမးေစ့ေလးကို ကုတ္ၿပီး စဥ္းစားေနတယ္၊
မုဝမ္ရန္ရဲ႕အက်ီလက္ကိုဆြဲယူလႈပ္ရမ္းၿပီးဘာမွ
မေျပာဘဲတိတ္တဆိတ္ေလး ေစာင့္ေနမိတယ္။
လုက်ား စဥ္းစားၿပီးမုဝမ္ရန္ကို ေျပာလိုက္တယ္၊
" ကိုကို႔ရဲ႕ အဲ့ဒီအတန္းေဖာ္က...သူက...အင္း,
ကိုကို နဲ႕ သူငယ္ခ်င္းျဖစ္ခ်င္လို႔ကြၽန္ေတာ္ဆီလာတာ"
ၿပီးေနာက္ သူဆက္ေျပာလိုက္တယ္,
"ဒီေတာ့ ကိုကိုလည္းစိတ္ဆိုးမေနနဲ႕ေတာ့"
ဘာေၾကာင့္စိတ္ဆိုးမိေနလည္းဆိုတာကို
မုဝမ္ရန္ မသိေသာ္လည္း လုက်ားဆီမွ
ဖန္းရမ့္ အေၾကာင္းၾကားရတဲ့အခါတိုင္း
အလြန္အမင္းစိတ္အႏွောင့္အယွက္
ျဖစ္ရတယ္။
လုက်ားပါးစပ္မွတျခားသူအေၾကာင္း
ေျပာတာကို သူတကယ္ႀကီး မၾကားခ်င္ဘူး,
အထူးသျဖင့္အထက္တန္းေက်ာင္းက
သူ႕အတန္းေဖာ္အေၾကာင္းကိုေပါ့။
"သူ...အိုက္ယား...ဘယ္လို ေျပာရမလဲ..."
လုက်ား ေခါင္းကုတ္ၿပီး ,
" ကိုကို႔ကို အရင္ကကြၽန္ေတာ္မေျပာရေသး
တာ,.အဲ့ဒါက..ကြၽန္ေတာ္မၾကာေသး
မီကပဲ ေက်ာင္းမွာဖြင့္ေျပာခံရတယ္"
မုဝမ္ရန္ နားေထာင္ေနၿမဲ။
"ေကာင္ေလးတစ္ေယာက္ဆီက.."
လုက်ား ထို စကားကို ေျပာၿပီးတဲ့ေနာက္
မ်က္လုံးေတြကို မွိတ္ၿပီးမွ တဝက္ေလာက္
ျပန္ဖြင့္၍ မုဝမ္ရန္ကို ခိုးၾကည့္လိုက္တယ္။
မုဝမ္ရန္၏ႏႈတ္ခမ္းေထာင့္ေလးေတြတြန့္ေကြးသြား
ၿပီးေနာက္နံရံကို မွီလိုက္တယ္။
လုက်ားကေတာ့ သူ႕အက်ီလက္ေတြကို ဆြဲကိုင္ထားရင္း သူ႕တုံ႕ျပန္မႈကိုေစာင့္ေမွ်ာ္ေနဆဲ။
"မင္းဘာေျပာခ်င္တာလဲ?"
"ဖန္းရမ့္က သူ႕ကိုကို႔ကိုသေဘာက်တယ္တဲ့?"
မုဝမ္ရန္ လက္ကိုျမႇောက္ၿပီးလုက်ားေခါင္းကိုခါးကိုင္းသည္ဖိခ်ရင္း ,
" အဲ့လိုဟုတ္လို႔လား?"
"ကြၽန္ေတာ္ကိုကို႔ကို ေၾကာက္လာၿပီ.."
လုက်ားက သူ႕ေခါင္းေပၚမွမုဝမ္ရန္လက္ကို ေအာက္သို႔ဆြဲခ်ၿပီး ,
" အဲ့လို မဟုတ္ဘူး"
သူဖန္းရမ့္ကို ဘဝကို ကယ္တင္မိေနဆဲပဲ၊
" ကြၽန္ေတာ္ခံစားမိတယ္...ကြၽန္ေတာ့္ကို
ဘာလို႔ ေကာင္ေလးအေတာ္မ်ားမ်ား
သေဘာက်ၾကတာလဲ?သူတို႔ေတြရဲ႕
လိင္စိတ္တိမ္းၫြတ္မႈကပုံမွန္လိုပဲ"
မုဝမ္ရန္ က သူ႕လက္ဗလာကို ခါရမ္းၿပီး
ပို၍ပင္ရယ္ေမာလိုက္မိတယ္၊ အၿပဳံးေလးနဲ႕ေတာင္ အလြန္ဆြဲေဆာင္မႈရွိတယ္၊မ်က္လုံးေလးေတြေမွးက်ဥ္းလာၿပီး
ႏႈတ္ခမ္းေထာင့္ေလးမသိမသာတြန့္ေကြးသြားပုံက
ေခ်ာေမာ ခန့္ညားျခင္းႏွင့္အတူ ၾကက္သီးထေစတယ္။
လုက်ား႐ုတ္တရက္မုဝမ္ရန္ လက္ေလးကို ျပန္ဆြဲယူကာသူ႕ေခါင္းေလးေပၚျပန္တင္လိုက္တယ္။
" ကိုကို အဲ့ဒါ ဘာျဖစ္တာလဲ ? ကိုကိုကြၽန္ေတာ့္ကို
ယုံၾကည္သင့္တယ္, ကြၽန္ေတာ္ဘယ္သူ႕ကိုမွ မခ်စ္ဘူး, ကြၽန္ေတာ့္ လိင္စိတ္တိမ္းၫြတ္မႈကလည္း ပုံမွန္ပဲ,
ကိုကိုခုလို ျဖစ္ေနတာက ကြၽန္ေတာ့္ကိုစိုးရိမ္ေစတယ္"
မုဝမ္ရန္ အရယ္ရပ္ၿပီး သူ႕ေခါင္းေလးကို ပုတ္လိုက္တယ္၊လုက်ား စကားမေျပာခင္မုဝမ္ရန္က သူ႕ နား႐ြက္ဖ်ားေလးကိုဖ်စ္ညွစ္ရင္းေျပာလာတယ္။
" သူနဲ႕ ေဝးေဝးေန"
"OK "
ဖန္းရမ့္ဘက္မွ လုက်ားအေပၚ ထိုသို႔ဆက္ဆံျခင္းက
လုက်ားအားတစ္စုံတစ္ရာကို သတိ ျပဳမိသြားေစတယ္၊သူ႕ကို ဘာမွျပန္မေျပာဘူးဆိုရင္ေတာင္, လုက်ားက
ဖန္းရမ့္ရဲ႕ေနာက္တႀကိမ္ ခ်ဥ္းကပ္မႈအားလက္
မခံေလာက္ေတာ့ဘူးဆိုတာကို မုဝမ္ရန္ သိတယ္။
ဒါေပမဲ့ သူဒါကို ေျပာခ်င္ေနတုန္းပဲ။
လုက်ားက ႏူးညံ့သိမ္ေမြ႕ ၿပီး အနိုင္က်င့္ဖို႔
လွည့္စားဖို႔လြယ္တယ္လို႔ လူတိုင္းကထင္
ၾကေပမယ့္ အမွန္တကယ္တြင္ လုက်ားက
ႏူးညံ့သိမ္ေမြ႕ သည္မွန္ေသာ္ျငား သူႀကီးျပင္း
လာသည့္ ပတ္ဝန္းက်င္ႏွင့္လိုက္ေလ်ာ
ညီေထြစြာအရာရာကို နားလည္သိရွိေနခဲ့တယ္။
လုက်ားက ျပင္ပကမၻာႀကီးႏွင့္ဆိုပါက လြန္စြာအကဲဆတ္လွသူေလးပင္၊ထိုအက်င့္ေလးကလည္းသူကိုယ္တိုင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ အေလ့အက်င့္ေလးတစ္ခု ျဖစ္ခဲ့တယ္၊ သူ႕ဘိုးဘိုးနဲ႕ ဘြားဘြားတို႔သူ႕ဆီမွထြက္ခြာသြားခ်ိန္
သူ႕အတြက္တစ္ခုတည္းေသာမွီခိုရာက သူ႕ဦးေလးရဲ႕မိသားစုသာက်န္ရွိေနတယ္။
မုဝမ္ရန္ ကသာသူ႕ခံစားခ်က္ေတြကို
နားလည္မႈအေပးနိုင္ဆုံးနဲ႕ သူ႕အေပၚကို
ဂရစိုက္နိုင္ဆုံးတစ္ဦးတည္းေသာသူျဖစ္တယ္၊
မုဝမ္ရန္ကလုက်ားအတြက္အဖိုးတန္တဲ့သီးသန့္ျဖစ္တည္မႈေလးမို႔လုက်ားကသူ႕အေပၚ အရမ္းမွီခိုတယ္။
ထိုေၾကာင့္ပင္...
မုဝမ္ရန္လုက်ားရဲ႕ လက္ေကာက္ဝတ္ေလးကို
ကိုင္ၿပီး သူ႕နဖူးေလးေပၚတင္လိုက္တယ္။
လုက်ား တခဏတာမွ်အံ့ၾသသြားရာမွ ခဏအၾကာ
ရယ္ေမာလာတယ္၊ မ်က္ေတာင္ေလးမ်ားပင္ ပိတ္က်သြားလ်က္ အရိပ္ငယ္ေလး တခုပမာဖုံးလႊမ္းသြားတယ္၊
မ်က္လုံးေလးမ်ား ျပန္ဖြင့္လာတဲ့အခါ ၾကယ္စုေလးမ်ား
ပမာေတာက္ပေနလ်က္ မုဝမ္ရန္ရဲ႕ ႏွလုံးသားေလးထဲသို႔
ဝိုင္စီးေၾကာင္းေလးတစ္ခုစီးဝင္သြားသည့္ပမာေနြးေထြး
လွိုက္ခုန္လာတယ္။
လုက်ား သူ႕အေပၚဒီထက္ပို၍မွီခိုလာၿပီး
အၿမဲထာဝရလုက်ားလိုအပ္သမွ်ေတြ
ျဖည့္ဆည္းေပးနိုင္ဖို႔ သူေမွ်ာ္လင့္မိတယ္။
W2631
23.2.2022
....................................................................