အက်ကြောင်းကဗျာ🍂
By ThetHmue3
589K 69.6K 28.6K
ဘယ်အက်ကြောင်းတွေကကဗျာဖြစ်လာနိုင်မှာလဲ။🪶 More
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း(၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
🤍ဇာတ်သိမ်းပိုင်း🤍
🍂Extra🍃
Intro🪶
47K 2.8K 635
By ThetHmue3
December 30 ။
"Congratulations KimTaeHyung!!!!"
နောက်ဆုံးတော့ MinYoongiကိုလက်ထပ်နိုင်ခဲ့ပြီ"
အဖြူရောင်မင်္ဂလာအခမ်းအနားတစ်ခုတွင်
Yoongi၏နှုတ်ခမ်းတွေအားအရှိန်ဖြင့်ခိုနားပြီးနောက်TaeHyungအသံအကျယ်ကြီး
ထွက်ပေါ်လာတဲ့အခါမင်္ဂလာဆောင်ကသူငယ်ချင်း
တချို့၏မျက်နှာတွေသည်ရှုံ့မဲ့သွားကြသည်။
သတို့သားMinYoongiလည်းအပါအဝင်။
"ထိန်းဦး လူတွေအများကြီးပဲ"
"ဘာဖြစ်လဲ နမ်းမှာပဲ"
"မင်္ဂလာဆောင်ရတာငါစိတ်ရှုပ်တယ်"
Yoongi ကအနေအလွန်တည်လွန်းတဲ့သူမို့
လူကြီးဆန်လွန်းတဲ့သူမို့ Kimရဲ့ တစ်ခါတလေ
ဗရုတ်ဗရက်အပြုအမူတွေ၏ဒဏ်ကို
ရုပ်တည်ကြီးဖြင့်လှိမ့်ပိန့်ခံနေရ၏။
"အစ်ကို မပျော်ဘူးလား....."
အဖြူရောင်တွေဝတ်တိုင်းနတ်သားတစ်ပါးနှင့်
မခြားတော့သောKimရဲ့နွေးထွေးစွာကြည့်ရင်း
မေးလာသောမေးခွန်းကိုYoongiက ခပ်တည်တည်ပဲ
ပြန်ကြည့်ရင်းဖြေသည်။
"မပျော်ဘဲနေမလား...."
"အဲ့တာကို ဘာတွေငြိုငြင်...."
"လူတွေရှေ့မှာငါ့Imageတွေကျလို့...."
"မင်္ဂလာဆောင်တဲ့အချိန်တော့မချေနဲ့လေဗျာ
အစ်ကို တည်ငြိမ်ရင့်ကျက်တာဒီကလူတွေ
အားလုံးသိတာပဲကို..."
"သိသိ အေးဆေးနေ မျက်စိနောက်တယ်..."
"မချစ်လို့လား...."
"ချစ်တယ်....ချစ်လို့ အာရုံတွေမနောက်စမ်းနဲ့"
ကျောင်းတုန်းထဲက ရေခဲတုံးနောက်
တကောက်ကောက်လိုက်နှစ်ပေါင်းများစွာ
Crushခဲ့တဲ့Kimဟာတစ်ဦးတစ်ယောက်ထဲကို
ပဲချစ်ခဲ့ပြီးတစ်ဦးတစ်ယောက်ထဲကိုပဲလက်ထပ််ခဲ့သည်။
Yoongi နဲ့ လက်ထပ်ဖို့အထိဖြစ်လာရတဲ့အချိန်ကို
အချိန်ရှစ်နှစ်လောက်ယူခဲ့ရသည်။
ဘယ်လိုတွေဗရုတ်ဗရက်တွေနဲ့ နောက်ဆုံးမင်္ဂလာ
ဆောင်သည်အထိဖြစ်လာခဲ့ရသောအခြေအနေကို
ဒီပွဲထဲရှိ တက္ကသိုလ်တုန်းကသူငယ်ချင်းဟောင်း
တွေအားလုံးသိကြ၏။ဘာလိုပဲဖြစ်ဖြစ်ဒီနေ့လေး
ဟာအလွန်ကြည်နူးဖွယ်ရာပါ။
Yoongi လည်း ခံစားချက်ကိုသိပ်မထုတ်ပြတတ်
သော်ငြားပျော်နေမှန်း Kimကို Kimမသိခင်
မပွင့်တပွင့်ပြုံးကာခိုးခိုးကြည့်တတ်သော
အကြည့်တွေကသက်သေ။Kimကတော့ပွင့်လင့်
တတ်သူမို့ ခြေလှမ်းတွေလေပေါ်မြောက်နေလျှက်။
"Jungkook!!!!!ဟ Jungkook လာတာလား..!!"
အဖြူရောင်ဆင်တူတွေနဲ့ချစ်မဝဖြစ်နေရင်း
ပွဲထဲမှသူငယ်ချင်းတစ်ယောက်၏အော်လိုက်သံ
ကြောင့် TaeHyungရောYoongiပါလှမ်းကြည့်
တော့ တကယ်ကြီး Jungkook။
ခပ်ဟောင်းဟောင်းအနွေးထည်အနက်နှင့်
ဘောင်းဘီအနက်ကို
တွဲဝတ်ထားကာရှုပ်ပွထနေသောဆံပင်တွေ
အိမ်စီးဖိနပ်တစ်ရံနှင့်စီးကရက်တစ်လိပ်လက်ကြား
ညှပ်ထားသေးသည်။
မျက်လုံးတွေကိုဆံပင်တွေဖုံးနေတာကြောင့်
မမြင်ရ ။ခန္ဓာကိုယ်ကိုမတ်မတ်လျှောက်မလာ
ခေါင်းငိုက်စိုက်ဖြင့် ပွဲထဲဝင်လာပုံသည်
အားလုံးကိုတအံ့တဩ။ဒါပေမယ့်မငြိုငြင်
မကဲ့ရဲ့ကြပါ။
TaeHyungနှင့်Yoongiသည်အားရဝမ်းသာ
ခြေကုန်လက်ပန်းကျနေသောဟန်ဖြင့်
ပွဲထဲဝင်လာသောJungkookဆီပြေးသွားကြသည်။
"သူငယ်ချင်းကြီး!!!!တကယ်လာတာလား
ဒါက အိမ်မက်လား....မင်း တကယ်လား..."
Kimသည်Jungkookမျက်နှာအားဆွဲလှုပ်ကာ
အကြမ်းပတမ်းစမ်းသပ်တော့လက်တွေကို
ပုတ်ထုတ်ပစ်သည်။
" လာတာတွေ့နေတယ်မလား ..."
"တွေ့ပါတယ် ဖိတ်သာဖိတ်ရတာ မင်းလာလိမ့်မယ်
လုံးဝမထင်ဘူး...တကယ်ပါ..."
"သူငယ်ချင်းအရင်းကြီးတွေရဲ့မင်္ဂလာဆောင်
ကို မလာချင်တဲ့အထိ ငါလူမှုရေးမညံ့ပါဘူး..."
မှိုင်းပြပြပုံစံနှင့်ခပ်ပြတ်ပြတ်စကားဆိုဟန်သည်
ပြောင်းလဲသွားမှုတွေအများကြီး။
Jungkookလူမှုရေးကိစ္စတွေရှောင်ကာ
လူတွေခပ်ဝေးဝေးတွင်နေနေခြင်းသည်နှစ်နှစ်
ကျော်မျှရှိလောက်ပြီ။
သူတို့ချစ်သူဖြစ်သွားကြပြီဆိုတဲ့အကြောင်းတောင်
Jungkookကိုမပြောခဲ့ရ။ပြောလို့မရသောလွန်ခဲ့တဲ့
နှစ်ပိုင်းတွေကအခြေအနေတွေဟာတိတ်တိတ်သာ
နေသင့်ခဲ့ခြင်းကြောင့်။ခုပွဲကိုလည်းသူမလာလည်း
အပြစ်မြင်ဖို့အစီအစဉ်မရှိကြ။ဒါပေမယ့်ဘယ်လိုဆိုဆို
ရောက်လာခဲ့တာကြောင့်ပိုပျော်သွားရသည်။
"အေးပါကွာ...လာပေးတာကျေးဇူးအထူးပါ
မင်းကို ငါတို့တွေသတိတွေရနေတာ..
မင်းကအိမ်လည်းအလာမခံ တွေ့လည်းအတွေ့မခံ
တော့ ခက်နေခဲ့ကြတာ..."
"အင်း....."
တခြားသူငယ်ချင်းတွေသည်လည်းJungkook
ကိုလှမ်းကြည့်ကာ ပျော်ရွှင်နေကြသည်။
"လာ ..လာ ထိုင် ..."
"ငါ ခဏပဲနေမယ် ဒီမှာ လက်ဖွဲ့..."
လက်ဆောင်ဘူးကိုTaeHyungလက်ထဲကို
ထည့်ပေးတော့ TaeHyungကချက်ချင်းဖွင့်
ကြည့်သည်။မာဖလာနီနီလေး....။
ဖျက်ခနဲ Jungkookကို ကြည့်လိုက်သော
Kim မျက်ဝန်းတွေထဲမှာဝမ်းနည်းမှုတွေနှင့်။
Jungkookကတော့ နည်းနည်းလေးမှKim
မျက်ဝန်းတွေကိုဂရုမစိုက်ဘဲ မသိကျိုးနွံပြုသွားသည်။
"ခဏမနေနဲ့ ကြာကြာနေလေ ညပါတီဆက်ဦးမှာ"
"အင်း အခြေအနေ အရ..."
Yoongi ၏ဖိတ်ခေါ်မှုအားအဆင်ပြေအောင်
ဖြေသူသည် စီးကရက်တော့မဖွာနေတော့
မင်္ဂလာဆောင်ရောက်ပြီမို့အနည်းငယ်အဆင်ပြေ
အောင်ကိုယ်နေဟန်ထားကိုပြုပြင်သည်။
"တခြားသူတွေ သွားဧည့်ခံလေ
ငါ့ဆီပဲနေနေတော့မှာလား..."
"သွားမှာ ....ကျေးဇူး သူငယ်ချင်းရာ..."
Kimရဲ့ပွေ့ဖက်လာမှုအပေါ်အေးစက်စက်နှင့်
ခေါင်းငြိမ့်ပြကာKimရဲ့ကျောကိုတစ်ချက်နှစ်ချက်
ပုတ်ပေးလိုက်သည်။တခြားဧည့်သည်တွေအများကြီး
ရှိသေးတာမို့ Yoongiတို့အနားမှခွါသွားတဲ့အခါ
မှိုင်းပြပြ မျက်ဝန်းတွေသည်ပို၍မှိုင်းပြသွားခဲ့သည်။
Yoongi နဲ့ TaeHyung တို့မင်္ဂလာဆောင်....။
အပြင်အဆင်တွေ သွားလာလှုပ်ရှားမှုတွေ
လူတွေအားလုံးပျော်ပျော်ရွှင်ရွှင်။
သူကဘာလာလုပ်မိတာလဲ။သူဒီကိုဘာကြောင့်
ရောက်လာမိတာလဲ။ မလာလည်းဒီသူငယ်ချင်း
တွေက ဘာမှအပြစ်ဆိုစိတ်ဆိုးကြမှာမဟုတ်တာ
သိနေတာကို။
"မင်းကိုမတွေ့ရတာ နှစ်နှစ်လောက်တောင်
ရှိနေပြီ..တစ်မြို့ထဲနေနေပြီး ဘာတွေလုပ်နေတာလဲ"
"အိမ်မှာပဲ တစ်ခါတလေသောက်ဖို့
အပြင်ထွက်ပါတယ် ကျန်တဲ့အချိန်ကတော့
ပျင်းလို့ ဒီလိုပါပဲ...."
"မင်း အဆင်ရောပြေနေပြီလား..."
"မပြေရအောင် ငါကဘာဖြစ်နေလို့လဲ..."
ကျောင်းတုန်းကသူငယ်ချင်းဟောင်းတွေသည်
အေးအေးလူလူJungkookပုံစံအားကြည့်ကာ
ခေါင်းညိတ်ခဲ့ကြသည်။
အေးလေ ၂နှစ်တောင်ကျော်လာပြီပဲကို။
ဘာဖြစ်ရတော့မှာလဲ။ဒါပေမယ့်သူတို့လွမ်းနေတယ်။
Jungkookကိုမြင်လိုက်တာနဲ့အတိတ်တွေအားလုံး
သည်တစ်ရစ်ချင်းပေါ်လာတာမို့အရမ်းကိုလွမ်းစိမ့်
သွားကြတယ်။
လက်ရှိရဲ့အနက်ရောင်တွေကြားမှိုင်းပြနေတဲ့
သူတို့ရဲ့ခင်စရာအကောင်းဆုံးသူငယ်ချင်းရဲ့
အတိတ်၏ ပျော်ရွှင်လွတ်လပ်မှုတွေနဲ့
သူတို့သိပ်အားကျခဲ့ရသော ဘဝလေးကို
Jungkookတော့မသိဘူး သူတို့ကြားထဲကအရမ်း
သတိရနေတာပဲ။ မကြည့်တတ် တစ်ယောက်ထဲ
ဒီလို ဖြစ်နေတာကိုလည်းမျက်လုံးတွေထဲအသားမကျပါ။
"ည အထိနေကွာ...မင်းကိုတစ်ခါတွေ့ပြီးရင်
နောက်ပြန်တွေ့ရဖို့ကမလွယ်ဘူး"
ပြီးပြီးရော ခေါင်းငြိမ့်ပြသူသည်စားစရာတွေကို
သာအာရုံရှိသွားသည်။သေချာစားသောက်နေကာ
ကျော့မော့နေသောလူတွေကြား
တစ်ယောက်ထဲကွက် ဟောင်းနွမ်းနေရင်း။
"ကျွန်တော့်သူငယ်ချင်းဟောင်းတွေကြီး
ရှိတဲ့နေရာဖြစ်မှာမလို့ အနေအထိုင်ကတော့
နည်းနည်းလေးဆင်ခြင်ရမယ်..."
အဝါနုရောင်Shirtလှလှလေးဘောင်းဘီကျပ်ကျပ်
လေးနှင့်ဆံပင်တွေကိုဖုန်းCameraဖွင့်ကာ
ပြင်ရင်း နှုတ်ခမ်းတွေကိုပိုမိုဖူးဖူးလေးဖြစ်အောင်
အဆီလေးထပ်ဆိုးနေသည်။
"ကျွန်တော် သူတို့နဲ့မတွေ့ရတာ၂နှစ်တောင်
ရှိပြီ ဖေဖေ့န်ိုင်ငံဆီထွက်သွားထဲက
ပြန်မတွေ့ရတော့တာ ခုမင်္ဂလာဆောင်တာက
သူငယ်ချင်းအရင်းကြီးတွေ တက္ကသိုလ်ကျောင်းသား
ဘဝတစ်လျှောက်လုံးဘွဲ့ရသည်အထိအတူတူပဲ
အရမ်းခင်မင်တယ်"
"Min သဘောပါ..ကိုယ်ကဘယ်လိုနေရနေရ..."
"ကျွန်တော့်ကို ဝတ္တရားရှိကြလို့သာဖိတ်ကြတဲ့ပုံ
လာမယ်လို့ထင်မှာမဟုတ်ဘူး ကျွန်တော်က
ဘယ်တော့မှကိုရီးယားကိုပြန်မလာတော့ဘူးလို့
ပြောထားတာကို ကျွန်တော့်ကို
ကြည့်လည်းကြည့်မရကြဘူးလေ
ခုလိုSuprise ဆိုပြီး ပေါ်ချလာလို့ လိပ်ပြာတွေလွင့်ကုန်
ကြမှာ..."
"သူငယ်ချင်းအရင်းကြီးတွေဆို
ဘာလို့ကြည့်မရကြတာလဲ
ကိုယ်လာလို့ သူတို့ပျော်သွားမှာလဲမဟုတ်တာကို
ဂျပန်ကနေ ခရီးကနည်းတာမဟုတ်ဘူး"
"Hyung ကျွန်တော့်ကိုသဘောကျတယ်ဆို
ဒီလောက်လေးကိုစိတ်မရှည်နေတာလား
ပြန်လို့ရတယ်နော်...ခုထဲက..."
ရှင်းရှင်းပြတ်ပြတ်မျက်အိမ်ကျဉ်းကျဉ်းတွေက
သူကပဲစိတ်မရှည်နေတာပါ။သူ့ကိုပဲလား
ဆိုတော့လည်းမဟုတ် တစ်လောကလုံးကို
မရှည်နေတာ။ ကိုရီးယားတင်မက
ဂျပန်အထိပေါက်ရောက်နေသောဒိတ်ဒိတ်ကျဲ
လုပ်ငန်းရှင်သူဌေးတစ်ယောက်ဖြစ်သော်ငြား
ထိုPowerတွေကို ဤမျက်အိမ်ကျဉ်းကျဉ်းတွေ
အပေါ်ဘယ်တော့မှအသုံးချ၍မရခဲ့။
"ဆင်းမယ်...."
ကားတံခါးပွင့်သွားသည်နှင့်နှစ်ယောက်အတူတူ
ဆင်းကာဘေးချင်းယှဉ်လျှက်မင်္ဂလာဆောင်
သို့ဝင်သွားကြသည်။
လုပ်ငန်းရှင် "ကင်မင်ဂျွန်"ကိုမသိတဲ့သူ
မရှိနိုင် စီးပွါးရေးနယ်ပယ်တွင်အတော်အသင့်
နာမည်ရနေသူဖြစ်တာရယ် အလွန်ချောမောပြီး
Modelတစ်ယောက်နီးနီး ပြီးပြည့်စုံနေမှုတွေ
ကြောင့် ဝင်လာသည်နှင့်လူတွေရဲ့အကြည့်တွေကို
တန်းရသည်။
လုပ်ငန်းရှင်ဘေးကဖြစ်တည်မှုအကြောင်းပြောရရင်
တော့ အရောင်နုနုလေးဝတ်ထားပြီးစိတ်မနုသော
လုပ်ငန်းရှင်ပါပဲ။ မော့ချီနေသောမျက်နှာပေါ်
တွင်မာနရိပ်တွေ ယုံကြည်မှုတွေ အပြည့်။
တစ်ချိန်ကတက္ကသိုလ်တစ်ခုလုံးမှာအလှဆုံး
အချောဆုံး ချစ်ဖို့အကောင်းဆုံး ဆွဲဆောင်မှုအရှိဆုံး
အန္တရာယ်အများဆုံး ထိုသို့သောဂုဏ်ပုဒ်တွေကို
ခွဲဝေပေးစရာမလို သူ့တစ်ယောက်ထဲအားလုံး
ရရှိခဲ့သည်။ မော်မော်ကြွားကြွားမျက်နှာဖြင့်
အတူတူပွဲတက်လာသောပါတနာသည်လည်း
တော်ရုံတန်ရုံမဟုတ်တာကြောင့် ခပ်မြောက်မြောက်။
"ဆေးလိပ်စွဲနေတာလား ..."
"စွဲတယ်လည်းမဟုတ်ပါဘူး စိတ်ညစ်ရင်
နည်းနည်း..."
"ဟင်!!!! ဝင်လာတာ ParkJimin မလား!!!"
သူငယ်ချင်းတွေနဲ့ ဆုံရတုန်းဟိုဟိုဒီဒီစကား
တွေပြောနေစဉ် နားထဲဝင်လာသောဆိုးဆိုးဝါးဝါး
စကားလုံးတွေကြောင့် ဆံပင်တွေအောက်က
Jeonမျက်လုံးတွေအရောင်တွေလက်ခနဲ။
ကြားလိုက်ရသောစကားသည်ယုံချင်စရာ
နည်းနည်းတောင်မရှိတာမို့ ချက်ချင်းလှမ်းကြည့်
လိုက်တဲ့အခါ တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။
Jeonမျက်နှာပေါ်တွင်ဒေါသလှိုင်းတွေချက်ချင်း
ထန်သွားခဲ့ကာမျက်ခုံးတန်းတွေတွန့်ချိုးသွားသည်။
သူငယ်ချင်းတွေသည် လုပ်ငန်းရှင်သူဌေးတစ်
ယောက်နှင့်စကားတွေဖောင်ဖွဲ့ပြောကာပြုံးပြုံးလေး
ဝင်လာသော Jimin ကိုတစ်လှည့် လူထသတ်
တော့မလိုJungkookကိုတစ်လှည့်ကြည့်ကာ
မှင်သက်နေကြချ်ိန် စားပွဲပေါ်မှဝုန်းခနဲထကာ
ထွက်သွားသူက Jeon။
မိုးမမြင်လေမမြင် ပြုံးပြုံးလေးကတော့
ရှေ့ကိုသာအာရုံရှိနေတာမို့ မမြင်ခဲ့။
Jeonသည်ခြေလှမ်းကျဲကြီးတွေဖြင့်
သွားနေသောဦးတည်ရာသည်
TaeHyung နဲ့Yoongi ဆီကို။
"KimTaeHyung!!!!!"
Jeonသည် မင်္ဂလာဆောင်နေသော
သတို့သား၏အင်္ကျီစတွေကိုကြမ်းတမ်းစွာ
ဆောင့်ဆွဲလိုက်တာကြောင့်Kimမျက်လုံးတွေ
ပြူးသွားသည်။
"ဟေ့ ကောင် ဘာဖြစ်..တာလဲ...."
Jeonသည် TaeHyung အားလူကွယ်ရာ
အရပ်တစ်ခုဆီကိုဆောင့်ဆွဲခေါ်သွားတော့
Yoongi သည် TaeHyung နှင့်Jungkook
၏လက်တွေကိုဆွဲခွါရင်းပြေးလိုက်ရသည်။
"ဘာဖြစ်တာလဲလို့!!!!"
"မင်း.....မင်း.....သူ့ကိုဖိတ်ခဲ့တာလား..."
Jungkookဒေါသကိုကျောင်းထဲကဖြုံရပြီး
အသံသည်အံကြိတ်သံတွေပါပါကာ
မျက်လုံးတွေသည်အလွန်အမင်းကြောက်စရာ။
TaeHyung သည်နံရံမှာကပ်နေကာ
Yoongi ကိုစစ်ကူခေါ်နေပေမယ့်Yoongi
သည်လည်းJungkook ကို မဆွဲရဲနေ။
"ဘယ်သူ့ကိုလဲ....ဘယ်သူလဲ..."
"သူ.....သူ ဆိုရင် သိ...."
"မသိဘူး....ငါ..ဖိတ်တာ လူက များ...."
"ParkJimin!!!!!!!"
Yoongi ရော TaeHyung ပါ မျက်လုံးတွေ
ပြူးသွားကြကာ တုန်တက်သွားကြသည်။
Jeon အော်သံတွင်တံတွေးကိုယ်စီမျိုချ
မိကြကာ မယုံကြည်နိုင်။
"ရောက် ...လာ..လို့လား...."
"ငါ့ကို....ငါ့ကို လှောင်တာလား TaeHyung
ပြောစမ်း....ငါနာကျင်ရတာတွေက
မလုံလောက်နေလို့လား...တော်သင့်ပြီလို့
မင်းတို့မထင်ဘူးလား...ငါ.သူငယ်ချင်းဆိုတဲ့
သံယောဇဉ် ခင်မင်မှုတွေကိုတန်ဖိုးထားလို့
ငါ လာခဲ့တာ....ဘာလုပ်ခဲ့ကြတာလဲ...."
နီမြန်းနေသောမျက်အိမ်တွေသည်မျက်ရည်တွေ
ကျမလာသော်ငြားသူစကားတွေကိုလေသံ
ဆက်အောင်မနည်းပြောနေရသည်။
ချောင်ကျနေသောမျက်နှာသည်စိတ်ဒုက္ခတွေ၏
ဒဏ်တွေကိုအလူးအလဲခံနေရသည့်ပုံစံ။
"သူ လည်း သူငယ်ချင်းမို့ ငါဒီတိုင်းဖိတ်မိပါတယ်
အသိပေးရုံပါကွာ မပြောဘဲနေတာကျJimin
ကိုငါအဲ့လောက်မဖယ်ရှားနိုင်ဘူး
ဂျပန်မှာဆိုတော့ လာမယ်လည်းမထင်လို့ပါ
သူကိုယ်တိုင်ကလည်း မလာဖြစ်ဘူးလ်ို့ငါ့ကို
ပြောတယ်...ငါ မင်းကို နာကျင်စေချင်လို့
မဟုတ်ပါဘူး ငါသ်ိပါတယ်..."
"သူ့ကိုအသိပေးမယ်ဆိုရင်
ငါ့ကိုအသိပေးဖို့မလိုဘူး ငါသူနဲ့
ဘယ်ဖြစ်ရပ် ဘယ်ဒေသ ဘယ်နယ်ပယ်မှာဖြစ်ဖြစ်
အတူတူမရှိနိုင်ဘူး...ငါသောက်ရမ်းမုန်းတယ်
ဆိုတာမင်းတို့မသိနေလို့လား!!!"
"Jungkook...စိတ်လျှော့ပါကွာ
အချိန်တွေလည်း နည်းနည်းကြာလာပြီပဲ..
တအားမခံစားနေပါနဲ့..."
"ငါ ဝမ်းနည်းနေတယ်ထင်နေတာလား
ငါခံပြင်းနေတာ ငါဒေါသထွက်နေတာ
ကြေကွဲနေတာမဟုတ်ဘူး
အကုန်လုံးကိုထိုးချင်နေတာ!!!!
ဘာတစ်ခုမှခံစားမနေဘူး!!!!"
တရားချသောYoongi ဘက်လှည့်ကာ
အော်ဟစ်လိုက်သောအသံသည်အလွန်ကျယ်
တာကြောင့် Yoongi အော်တိုတိတ်ကျသွားသည်။
ဟုတ်ပါသည် သူဝမ်းနည်းခံစားနေတာမျိုး
မဟုတ်ဘဲ တကယ်ထိုးချင်နေတာအသိသာကြီးပဲကို။
"Hey Jimin ပြန်လာတာလား...."
"ဒါပေါ့ ငါ့လူတွေရဲ့ပွဲပဲပြန်မလာဘဲနေပါ့မလား
နေကောင်းကြတယ်မလား.."
"ကောင်းပါတယ် မင်းပိုပြီးကြည့်ကောင်းလာတယ်"
"ငါက အချိန်တိုင်းကြည့်ကောင်းနေတာပဲ
ဒါထူးဆန်းတဲ့ကိစ္စတွေမဟုတ်ပါဘူး...
ဒါနဲ့ သတို့သားတွေဘယ်ရောက်နေတာလဲ"
"ဟို နားမှာတွေ့လိုက်တယ်..."
"ကျေးဇူးပဲ..ငါသွားနှုတ်ဆက်လိုက်ဦးမယ်နော်
ပြီးရင် မင်းတို့ဝိုင်းကိုပြန်လာခဲ့မယ်.."
"ဟုတ်ပြီ"
"Jimin.....ဘေးက ချစ်သူလား..."
ပြုံးယဲ့ယဲ့မျက်နှာလေးသည်မချိသလို
တစ်မျိုးလေးပြောင်းလဲသွားပြီးနောက်
သူငယ်ချင်းတွေကိုမျက်လုံးလေးတစ်ဖက်မှိတ်ပြကာ
ထွက်သွားခဲ့သည်။
မင်္ဂလာဆောင်နေပြီး ဘယ်ချောင်သွားခွေနေ
မှန်းမသိသောသတို့သားနှစ်ယောက်သည်
ကျောင်းတုန်းကအတိုင်းကြောင်နေတုန်းလားမသိ။
လမ်းညွှန်လိုက်ရာ နေရာဆီလျှောက်သွားလိုက်
ပြီး Yoongi ကိုတွေ့တဲ့အခါJimin မျက်နှာလေး
ဝင်းပသွားသည်။TaeHyung သည်လူတစ်ယောက်
နှင့်စကားပြောနေကာ ပြဿနာရှိနေတဲ့ပုံ။
ကျောခိုင်းနေသော
မဲမဲသဲသဲနှင့်လူသည် မင်္ဂလာဆောင်အရောင်
လှလှလေးတွေကြား ဘာကောင်ကြီးလဲ။
"Yoongi!!! TaeHyung!!!"
ချွေးပြန်ကာ Jungkookကိုနှစ်ယောက်လုံး
ခြေထောက်တစ်ချောင်းဆီဖက်တောင်းပန်လု
မတတ်ဆဲဆဲ အသံဆာဆာလေးစွာခနဲ
ထွက်လာတဲ့အခါ TaeHyungရောYoongiပါ
မိုးကြိုးတည့်တည့်ပစ်ချကာပွဲသိမ်းပြီဆိုသော
Feeling ပါပဲ။
"မင်း တို့ သတို့သားတွေဖြစ်ပြီး ဘာလုပ်နေကြ
တာလဲ..ငါရောက်လာပြီ ကြိုဆိုကြဦးလေ.."
မလာနဲ့ မလာနဲ့ လို့ဆုတောင်းနေရင်းက
Jimin သည် စမတ်ကျကျလှမ်းလျှောက်လာ
တော့သည်။
အသံ...။နှစ်နှစ်လောက်မကြားခဲ့ရဘဲပထမဆုံး
နားထဲဝင်လာသည့်အသံ။ဒေါသကိုမီးပိုမွှေး
ပေးလိုက်သလို ထိုအသံသည်အသားတွေပင်
တုန်လာတဲ့အထိ။
"Suprise!!!!Park Jimin ပါ...."
အနီးဆုံးရောက်သည်နှင့်ခြေလှမ်းတွေရပ်လိုက်ပြီး
ပါးနှစ်ဖက်ကိုလက်ဖဝါးတွေဖြင့်ပန်းပွင့်သဏ္ဍာန်
လေးလုပ်ကာသူ့မူပိုင်ချစ်စဖွယ်ဟန်တွေထဲက
တစ်ခုဖြင့်နှုတ်ဆက်လိုက်သည်နှင့် ဆက်ခနဲ
လှည့်လာသော မျက်နှာတစ်ခု။
အပြင်းထန်ဆုံးနှလုံးခုန်သံတစ်ချက်သည်
ဒ်ိန်းခနဲဖြစ်သွားကာ ပန်းပွင့်ပုံလုပ်ထားသော
လက်ကလေးတွေပြေလျှော့သွားပြီးအသံလေး
တိတ်ကျသွားသည်။ ဒေါသတွေနဲ့နီမြန်းနေသော
မျက်နှာ ဆံပင်ရှည်တွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေသော
မျက်နှာတစ်ခု။ ပြုံးနေသောမျက်နှာလေးသည်
ချက်ချင်းပျက်ယွင်းသွားခဲ့ပြီးခြေလှမ်းတစ်လှမ်း
နောက်သ်ို့ယောင်ယမ်းဆုတ်မိသွားသည်။
"Min ဘာဖြစ်လို့လဲ....."
ခါးသေးသေးလေးကိုထိန်းဖက်လာကာ
ဂရုတစိုက်မေးသောသူသည် Jimin
မျက်နှာအပြောင်းအလဲကိုအရိပ်တကြည့်ကြည့်
ကြည့်နေပုံရပါ၏။
"ဘာမှမဖြစ်ဘူး Hyung...."
Jeonသည် မျက်စိရှေ့တည့်တည့်ကမြင်ကွင်းအား
စူးစူးရဲရဲကြည့်နေပြီးTaeHyung ဆီကိုအကြည့်တွေ
ပို့တဲ့အခါ TaeHyung ကမျက်နှာလွှဲသွားသည်။
"ငါပြန်ပြီ....နောက်နောင် ဒီလိုမျိုး
စိတ်ပျက်စရာ မုန်းစရာကိစ္စမျိူးကိုထပ်လုပ်လို့
ကတော့ မင်းတို့နှစ်ယောက်လုံးနဲ့ငါသေခန်းပြတ်ပဲ.."
၂နှစ်ဆိုတဲ့အချိန်တစ်ခုရောက်လာသည်အထိ
တောင် တဟုန်းဟုန်းတောက်နေဆဲ မာန
အတ္တ လောဘ တွေနဲ့ ပြတ်ရှနေတဲ့ဒီယောကျ်ား
ရဲ့ထုဆစ်ထားမှုဟာ ဘယ်သောအခါမှမပြောင်းလဲခဲ့။
ကြမ်းတမ်းသည်။ရက်စက်သည်။
အားမနာတတ် တစ်ကိုယ်ကောင်းသမားပီပီသသ
ဇာတ်ရုပ်ဝင်နေဆဲ။JeonJungkook ကတော့
JeonJungkook ပါပဲ။
စိတ်ပျက်စရာ....မုန်းစရာဆိုသော
အသုံးအနှုန်းသည် ပြင်းထန်လွန်းပါ၏။
Jimin စိတ်ထဲဖျင်းခနဲ။
ဒီနိုင်ငံကိုသူပြန်လာတာမို့
တကွေ့ကွေ့တော့တွေ့လောက်မှာပဲတွေးမိခဲ့ပေမယ့်
ဒီလောက်ကြီးအထိ မမျှော်လင့်ထားခဲ့ပါ။
ဘယ်အရာကိုမဆိုအကဲပိုတတ်ပြီး
တစ်ဖက်သတ်ဇာတ်နာတတ်သောအကျင့်သည်
သေရင်တောင်ပျောက်ပါ့မလားမသိ။
ပျော်နေသောစိတ်မှ အလွန်အမင်းညစ်နွမ်းကာ
ဂျပန်ကိုချက်ချင်းပြန်ချင်သွားသည်။
"Jungkook ....Jungkook!!!!"
ချက်ချင်းကျောခိုင်းထွက်သွားသည့်သူသည်
တစ်ချက်မှပင်ပြန်လှည့်မကြည့်။TaeHyung နဲ့
Yoongi တို့၏အော်ခေါ်သံများသည်
ဆူညံသွားခဲ့သည်။
"မင်း ဒီပုံစံနဲ့ဘာလာလုပ်တာလဲ ParkJimin !!!!"
"မင်းဖိတ်လို့ငါလာတာလေ...ငါလည်း
သူငယ်ချင်းပဲကို...."
"မင်းဘယ်အချိန်အထိပြဿနာတွေရှာနေဦးမှာလဲ!!"
"ဘာပြဿနာရှာနေလို့လဲ!!!"
TaeHyung ၏ငြ်ိုငြင်လွန်းသောစကား
ကြောင့်မခံချင်ပြန်အော်လိုက်တဲ့အခါ
Yoongi က TaeHyung အားမျက်နှာရိပ်ပြကာ
တားဆီးသည်။
"ရောက်နေပြီပဲကို Jungkook ကိုစိတ်ထဲမထား
နေကြနဲ့ ဒီကောင်ကအမြဲစိတ်အလိုမကျနေတာပဲကို
ဧည့်သည်လည်းရှိနေတဲ့ဟာ...လာလာ အရှေ့ပြန်
ထွက်ကြမယ်...."
ဘာမှမဖြစ်သလိုမျက်နှာပေးကိုသိပ်အသဲယား
တာ။အနည်းဆုံးJungkookကဒေါသကြီး
တတ်ပေမယ့်အရှိကိုအရှိအတိုင်းအမြဲတမ်း
ပြုမူတတ်သည်။သူကသာခုလည်းဘာမှသူ
မလုပ်သလို သူ့အလွန်ကကိုယ့်အလွန်ဖြစ်တော့မည်။
"ထယ်...စိတ်ကိုထိန်းမှပေါ့..
သူအဝေးကြီးကနေ
ရောက်အောင်လာပေးတာလေ"
"ပြဿနာလုပ်ဖို့လာတာလေ.....
အရင်အတိုင်း ဒုက္ခတွေပေးဖို့
ပွဲပြီးတာနဲ့ ParkJimin နဲ့
ကျွန်တော်တွေ့ပြီပဲ....."
ခံစားချက်မရှိသောမျက်နှာမျိုးဖြင့်
ဘေးက ဘယ်လို့ပတ်သတ်လဲမသိသော
လူနားကပ်လိုက် ရယ်လိုက် ပြုံးလိုက်
သူအေးဆေး။ခိုးခိုးခစ်ခစ်ရယ်သံလေးများ
သည်လည်းအဆက်မပြတ်။
ကြည့်ရမြင်ရတာဘယ်နေရာမှအဆင်မပြေ
နေပေမယ့် မင်္ဂလာပွဲမပျက်သွားတာကို
ဘုရားမတယ်ဆိုရမည်။
အရင်လိုစိတ်တွေသာဆို သေချာပါသည်
ဒီနေရာရော သူရော အစ်ကိုပါ
တစစီဖြစ်မှာအသေအချာ။
အက်ကြောင်းကဗျာ။🪶
~~~~~~~~~
Adrian လို ပဲရုပ်ရှင်လေးတစ်ခုလိုကြည့်ပေးနော်။
သိတဲ့အတိုင်းအဆင်တွေမပြေလာရင်
ဇာတ်တစ်ခုကတော့ထွက်လာတတ်တယ်။
သိတဲ့အတိုင်းပဲပျော်စရာကောင်းနေမှာမဟုတ်ဘူး။
သိပ်ပြီးဝမ်းနည်းရတာ လောင်ရတာမကြိုက်တဲ့သူ
ပြီးတော့ လူပုဂ္ဂိုလ်နည်းနည်းအစွဲအလန်းလေးရှိနေရင်
သိပ်အကြိုက်တွေ့လိမ့်မယ်တော့မထင်ဘူး။
Relationship တစ်ခုရဲ့Story မလို့ စာရေးသူလည်း
မြင်စေချင်တာတွေကိုနည်းနည်းလေးကြိုးစားထား
တာမို့ အဆင်မပြေဖြစ်သွားရင်ကြိုတောင်းပန်ထား
ပါတယ်။🍂
December 30 ။
"Congratulations KimTaeHyung!!!!"
"ဘာဖြစ်လဲ နမ်းမှာပဲ"
"အစ်ကို မပျော်ဘူးလား....."
ပြန်ကြည့်ရင်းဖြေသည်။
"မပျော်ဘဲနေမလား...."
အားလုံးသိတာပဲကို..."
"မချစ်လို့လား...."
ပဲချစ်ခဲ့ပြီးတစ်ဦးတစ်ယောက်ထဲကိုပဲလက်ထပ်ခဲ့သည်။
အကြည့်တွေကသက်သေ။Kimကတော့ပွင့်လင့်
ဘောင်းဘီအနက်ကို
ညှပ်ထားသေးသည်။
အားလုံးကိုတအံ့တဩ။ဒါပေမယ့်မငြိုငြင်
မကဲ့ရဲ့ကြပါ။
ပုတ်ထုတ်ပစ်သည်။
" လာတာတွေ့နေတယ်မလား ..."
လုံးဝမထင်ဘူး...တကယ်ပါ..."
ကျော်မျှရှိလောက်ပြီ။
တော့ ခက်နေခဲ့ကြတာ..."
"အင်း....."
"လာ ..လာ ထိုင် ..."
ကြည့်သည်။မာဖလာနီနီလေး....။
"အင်း အခြေအနေ အရ..."
သူကဘာလာလုပ်မိတာလဲ။သူဒီကိုဘာကြောင့်
ရောက်လာမိတာလဲ။ မလာလည်းဒီသူငယ်ချင်း
သိနေတာကို။
ပျင်းလို့ ဒီလိုပါပဲ...."
ခေါင်းညိတ်ခဲ့ကြသည်။
သွားကြတယ်။
သတိရနေတာပဲ။ မကြည့်တတ် တစ်ယောက်ထဲ
သာအာရုံရှိသွားသည်။သေချာစားသောက်နေကာ
အဆီလေးထပ်ဆိုးနေသည်။
ရှိပြီ ဖေဖေ့နိုင်ငံဆီထွက်သွားထဲက
အရမ်းခင်မင်တယ်"
ကြမှာ..."
ဘာလို့ကြည့်မရကြတာလဲ
မရှည်နေတာ။ ကိုရီးယားတင်မက
"ဆင်းမယ်...."
သို့ဝင်သွားကြသည်။
တန်းရသည်။
"ဆေးလိပ်စွဲနေတာလား ..."
နည်းနည်း..."
မှင်သက်နေကြခ်ျိန် စားပွဲပေါ်မှဝုန်းခနဲထကာ
ထွက်သွားသူက Jeon။
သွားနေသောဦးတည်ရာသည်
"KimTaeHyung!!!!!"
ပြူးသွားသည်။
"ဟေ့ ကောင် ဘာဖြစ်..တာလဲ...."
"ဘာဖြစ်တာလဲလို့!!!!"
"ဘယ်သူ့ကိုလဲ....ဘယ်သူလဲ..."
"သူ.....သူ ဆိုရင် သိ...."
"ParkJimin!!!!!!!"
မိကြကာ မယုံကြည်နိုင်။
"ရောက် ...လာ..လို့လား...."
သူကိုယ်တိုင်ကလည်း မလာဖြစ်ဘူးလို့ငါ့ကို
မဟုတ်ပါဘူး ငါသိပါတယ်..."
တအားမခံစားနေပါနဲ့..."
ကြေကွဲနေတာမဟုတ်ဘူး
"Hey Jimin ပြန်လာတာလား...."
နေကောင်းကြတယ်မလား.."
"ဟုတ်ပြီ"
"Jimin.....ဘေးက ချစ်သူလား..."
ထွက်သွားခဲ့သည်။
ကျောခိုင်းနေသော
"Yoongi!!! TaeHyung!!!"
Feeling ပါပဲ။
တော့သည်။
နားထဲဝင်လာသည့်အသံ။ဒေါသကိုမီးပိုမွှေး
တုန်လာတဲ့အထိ။
"Suprise!!!!Park Jimin ပါ...."
ဒိန်းခနဲဖြစ်သွားကာ ပန်းပွင့်ပုံလုပ်ထားသော
နောက်သို့ယောင်ယမ်းဆုတ်မိသွားသည်။
"Min ဘာဖြစ်လို့လဲ....."
ကြည့်နေပုံရပါ၏။
"ဘာမှမဖြစ်ဘူး Hyung...."
စိတ်ပျက်စရာ မုန်းစရာကိစ္စမျိုးကိုထပ်လုပ်လို့
အတ္တ လောဘ တွေနဲ့ ပြတ်ရှနေတဲ့ဒီယောက်ျား
ကြမ်းတမ်းသည်။ရက်စက်သည်။
ဇာတ်ရုပ်ဝင်နေဆဲ။JeonJungkook ကတော့
JeonJungkook ပါပဲ။
Jimin စိတ်ထဲဖျင်းခနဲ။
"Jungkook ....Jungkook!!!!"
ဆူညံသွားခဲ့သည်။
သူငယ်ချင်းပဲကို...."
"ဘာပြဿနာရှာနေလို့လဲ!!!"
TaeHyung ၏ငြိုငြင်လွန်းသောစကား
တားဆီးသည်။
ထွက်ကြမယ်...."
ပြုမူတတ်သည်။သူကသာခုလည်းဘာမှသူ
သူအဝေးကြီးကနေ
ရောက်အောင်လာပေးတာလေ"
"ပြဿနာလုပ်ဖို့လာတာလေ.....
ကျွန်တော်တွေ့ပြီပဲ....."
သည်လည်းအဆက်မပြတ်။
ဘုရားမတယ်ဆိုရမည်။
တစစီဖြစ်မှာအသေအချာ။
အက်ကြောင်းကဗျာ။🪶
~~~~~~~~~
ပါတယ်။🍂
Continue Reading
You'll Also Like
284K 14.6K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.2M 63.3K 50
448K 10.8K 87
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
766K 106K 64
သံသရာတစ်လျှောက်လုံးရဲ့နှင်းဆီနီနီ