Unforgivable [completed]

By xiaopaing105

119K 8.9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 27
Part 28 End

Part 26

4.1K 356 11
By xiaopaing105


🐇Zawgyi🐇



ဖွင့်ပေးလို့လဲ "


ဝင်ထိုင်ပြီး
ပြောလာတယ်



.....

ဘာအလုပ်မှမရှိသေး

"ဘယ်သွားမို့လဲ အဲ့တာ "







ဘာလားဒီကောင်လေး



သွားခဲ့လိုက်သည်

"ခေါ်တယ်ဆို "

"ရှောင်း အလုပ်ရှိတယ် "







"အင်း အင်းး"

......





လီယိုရာ'''





တခြားသူမလိုချင်ဘူး ''''


ရှောင်းကျန်နားထောင်ရင် ရေရေလည်လည် သဘောပေါက်သွားပြီး​ကေ် toiletထဲတွင် လီဖန်အာနဲ့ အတူရှိသောကောင်လေးအား



🐰Xiao Paing🐰

ရှောင်းကျန့်က သူ့သူဌေးအား
အားနာနာနဲ့ အလုပ်ထွက်ဖို့ပြောခဲ့သည်
ခွင့်ရက်အများကြီး ယူပြီးနောက် အလုပ်ပြန်ဝင်တာရက်ပိုင်းပဲ ရှိသေး
အခု ထွက်ဖို့ပြောရတော့ မျက်နှာပူလှသည်
သို့သော် မထွက်လို့ကလည်း မဖြစ်ပါ
ဝမ်ရိပေါ်ကို အတွင်းရေးမှူးရာထူးမှာ လုပ်ပါ့မယ်လို့ပြောထားပြီး
လီဖန်အာကလည်း ဝမ်ရိပေါ်ဆီမှာ လက်ထောက်အတွင်းရေးမှူး ရာထူးနဲ့ အလုပ်ဝင်နေပြီဖြစ်သည်
ဒီတိုင်းတော့ လွှတ်မထားချင်ပါ
ဘယ်လောက်ပဲ ညီဖြစ်သူက တောင်းဆိုထားလို့ဆိုပြီး ရှင်းပြထားထား
ဝမ်ရိပေါ်နဲ့လီဖန်အာကို စိတ်မချနိုင်တဲ့ နဂို ဓာတ်ခံလေးကတော့ ရှိနေသည်

ဒါကြောင့် ဒီနေ့မှာ ရှောင်းကျန့်ဟာ ဝမ်ရပေါ်နဲ့အတူ အလုပ်သွားတော့ မှာ ဖြစ်တယ်
ကားနား ရောက်နှင့်နေပြီ ဖြစ်တဲ့ ဝမ်ရိပေါ်က သူအိမ်ပေါ်က ဆင်းလာတာနဲ့ ကားတံခါးကို အရံသင့် ဖွင့်ပေးလာတယ်
ရှောင်းကျန့်က ဝမ်ရိပေါ်ဆို ရွတ်ချင်တာမို့

"ဘယ်သူဌေးက အတွင်းရေးမှူးကို ကားတံခါး
ဖွင့်ပေးလို့လဲ "

ရှောင်းကျန့်က အတွန့်လေးတက်ပြီးမှ ခပ်ခပ်တည်နဲ့ ဝင်ထိုင်လိုက်တယ်

ဝမ်ရိပေါ်ကတော့ ကားမောင်းသူနေရာ
ဝင်ထိုင်ပြီး
သူ့အား seat beltတတ်ပေးရင်း
ပြောလာတယ်

"ကိုယ့်ရဲ့ special secretary လေးမို့
အထူးဂရုစိုက်ပေးရမယ်လေ "

အနီးကပ်ဆုံးအနေအထားမှာ ရှိနေပြီး
flirtလာတဲ့ ဝမ်ရိပေါ်ကြောင့်
ရှောင်းကျန့် အနည်းငယ်ပင် စိတ်ခုန်သွားလေသည်

.....

Wang Companyကိုရောက်တော့
ရှောင်းကျန့်က လီဖန်အာနဲ့လက်တွဲလုပ်ရတာမို့ နီးကပ်နေရသည်
အလုပ်ဝင်နှင့်ထားသူမို့ ခိုင်းထားတဲ့ စာရင်းဇယားတွေ ဖြည့်နေပုံရသည်
ရှောင်းကျန့်ကတော့ လောလောဆယ်အထိ
ဘာအလုပ်မှမရှိသေး
ခနနေတော့ အလုပ်လုပ်ရာမှ ထလာပြီး တစ်နေရာကို သွားဖို့ လုပ်နေတဲ့ လီဖန်အာကြောင့်
ရှောင်းကျန့်မှာ မနေနိုင်မထိုင်နိုင်မေးမြန်းလိုက်သည်

"ဘယ်သွားမို့လဲ အဲ့တာ "

"သူဌေးဝမ်ကို ကော်ဖီပို့ပေးရမယ့် အချိန်မို့ပါ "

လီဖန်အာရဲ့အဖြေကြောင့် ရှောင်းကျန့်မှာ အလိုမကျ အဲ့လောက်ထိ ဂရုစိုက်ပေးဖို့လိုလို့လား
သူ့ဘာသာ သောက်ချင်တဲ့အချိန် မှာပါစေပေါ့

ရှောင်းကျန့်မှာ အလိုမကျလွန်းလို့ လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်

ခနကြာတော့ ကော်ဖီဖျော်ပြီးပြန်ရောက်လာတဲ့ လီဖန်အာက ဝမ်ရိပေါ်ရဲ့ ရုံးခန်းထဲဝင်းသွားလေသည်

ရှောင်းကျန့်မှာ လုပ်စရာမရှိလို့ ပျင်းနေတာကြောင့် ရုံးခန်းတံခါးနား နားသွားကပ်မိသည်

ဘာမှလည်းမကြားရဘူး အသံလုံခန်းဆိုတော့
တစ်စွန်းတစလေးများ ကြားရလေမလားဆိုပြီး ပိုတိုးကပ်တော့ အထဲက တံခါးဆွဲဖွင့်လိုက်တဲ့ လီဖန်အာကြောင့် အထဲသို့ အနည်းငယ်ယိုင်သွားရသည်

ဖရိုဖရဲအခြေအနေကြောင့် ပြီတီတီနဲ့ကြည့်လာတဲ့ လီဖန်အာ
ရှောင်းကျန့်မှာ အရှက်ပြေ မျက်နှာ လွှဲလိုက်တော့ ခိုးခိုးခစ်ခစ်နဲ့ ခိုးရယ်နေလေသည်
ဘာလားဒီကောင်လေး
မာယာများတဲ့အတိတ်က ပုံစံနဲ့ သိသိသာသာ
ကွဲထွက်နေတာကိုတော့ သတိပြုလိုက်မိလေသည်

"သူဌေးဝမ်က ခေါ်ခိုင်းထားသေးတယ်
ရောက်နေပြီဆိုတော့ ပြောဖို့မလိုတော့ဘူးမလား ကော "

စနောက်သွားသေးတဲ့ကောင်လေးရဲ့အမူအရာအပြုအမူများအရတော့
ဝမ်ရိပေါ်အပေါ် စိတ်ဝင်စားမှုမတွေ့ရ
အချိန်မတန်သေးလို့များလား

ရှောင်းကျန့်လည်း လီဖန်အာကို ပြန်ပြောမနေတော့ ဝမ်ရိပေါ်ရှိရာဆီသာ
သွားခဲ့လိုက်သည်

"ခေါ်တယ်ဆို "

"ရှောင်း အလုပ်ရှိတယ် "

ကြည်သာသော မျက်နှာထားကြောင့်
ဝမ်ရိပေါ်က အတော်လေး စိတ်ကြည်နေကြောင်း သတိထားမိလိုက်သည်
လီဖန်အာဖျော်ပေးတဲ့ ကော်ဖီကြောင့်များလား

"ခိုင်းလေ ခိုင်းစရာရှိတာ
ရောက်ကတည်းက ထိုင်နေတာ ဘာအလုပ်မှ မရှိဘူး "

မကြည်သာတဲ့စိတ်အခြေအနေအရ ကန့်လန့်သာ တိုက်ချင်နေသည်

"အပြင်သွားရမှာ ရှောင်း "

"အလုပ်ကိစ္စပဲ သွားရမှာပေါ့ "

"ဒါဆို ရှောင်းပြင်ထားနှင့်လိုက်
ကိုယ့်ဒီကအလုပ်လေးနည်းနည်း လက်စသတ်လိုက်အုံးမယ်"

"အင်း အင်းး"

......

ရှောင်းကျန့် ဝမ်ရိပေါ် ရုံးခန်းထဲက ပြန်ထွက်လာတော့ နေရာမှာ ရှိမနေတဲ့ လီဖန်အာကြောင့် ဝေ့ဝဲပြီးလိုက်ရှာမိသည်

သူက ဘာလဲ အလုပ်လာပြီး အလုပ်မလုပ်ဘဲ ဘယ်ရောက်သွားတာလဲ
ငါတို့ဝမ်ရိပေါ်ဆီက လစာလာလိမ်ယူနေတာလား

မကျေမချမ်းတွေးပြီး toiletဘက်ထွက်လာခဲ့သည် အပြင်မသွားခင် ပေါ့ပေါ့ပါးပါး ဖြစ်အောင် လုပ်ထားဖို့လိုသည်

ရှောင်းကျန့် သန့်စင်ခန်းထဲ ဝင်ဖို့လုပ်နေတုန်းမှာဘဲ အထဲမှ ငြင်းခုံနေတဲ့အသံအချို့ကြောင့် မဝင်ဖြစ်သေး
စပ်စုဖို့ မရည်ရွယ်ပေမယ့် ကြားလိုက်တဲ့ အသံအချို့ကြောင့် ရပ်နားထောင်လိုက်မိသည်

'''သူဌေးဝမ်တို့ကို လွှတ်ထားလိုက်စမ်းပါ
လီယိုရာ'''

''''နောက်ဆုံး တစ်ခါပဲ ကူညီပေးပါ
ဖန်အာ ဒူးထောက်ပြီး တောင်းဆိုပါ့မယ်'''

'''သူဌေးဝမ်က သူ့ခင်ပွန်းကို သိပ်ချစ်တာဟ ငါကြားဝင်ဖို့ ကြိုးစားလည်း ရမှာမဟုတ်ဘူး လီယိုရ ''''

''''မင်းနဲ့ ဝမ်ကော မငြိလည်းရတယ် ဖန်အာ ကောအထင်လွဲအောင်ပဲ ပြောဆိုနေပေး
ငါနဲ့ဝမ်ကောက ရုပ်တူနေတာပဲဟာ တို့နှစ်ယောက်ပေါင်းပြီး ​လှည့်စား လိုက်ရင် ကောယုံမှာပါ
နဂိုကောလဟာလတွေက လည်းရှိနေသေးတာပဲ ဝမ်ကောမင်းနဲ့ ဖောက်ပြန်တယ်လို့ ဟန်ပြဖို့က အလွယ်လေး ''''

'''ဒါမကောင်းတဲ့အလုပ်နော် လီယို
မင်းမှာလည်းအချစ်သစ်ပေါ်လာမှာပါ '''

'''မဟုတ်ဘူးဖန်အာ ငါက ရှောင်းကျန့်ကောကောမှ ဖြစ်မှာ
တခြားသူမလိုချင်ဘူး ''''

'''လီယိုရာ မင်းတောင်းဆိုရင်ငါမငြင်းနိုင်တာ သိရက်နဲ့ ဒီလောက်ထိခိုင်းမှ ဖြစ်မှာလား
တော်တော်ဆိုးဝါးတဲ့ ကိစ္စနော် '''

ရှောင်းကျန်နားထောင်ရင် ရေရေလည်လည် သဘောပေါက်သွားပြီး​ေကေ် toiletထဲတွင် လီဖန်အာနဲ့ အတူရှိသောကောင်လေးအား
လက်သီးနဲ့ ဆွဲထိုးခဲ့လိုက်သည်

"ငါ့ဘဝ ငါအိမ်ထောင်ရေးကို ဖျက်စီးတာမင်းကိုးး "

တကယ်ကိုဝမ်ရိပေါ်နဲ့ချွတ်စွပ်တူနေတဲ့မျက်နှာနဲ့ပဲ
အတိတ်မှာ ဒီမျက်နှာနဲ့ ဝမ်ရိပေါ်နဲ့သူ့ကြား ဝင်နှောက်ခဲ့တာလား

🐰Xiao Paing🐰

Continue Reading

You'll Also Like

254K 45.2K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
151K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
31.7K 6.9K 40
tk sinhala
94.3K 11.4K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...