The rebirth of the movie queen as the bloodthirsty queen
Ch.92
ငယ်ရွယ်စဉ်ထဲက ကန့်သတ်ဘောင်အတွင်းမှာပဲ ရှင်သန်နေခဲ့ရတဲ့သူမက သွေးအေးပြီးရက်စက်တတ်လာတာ အပြစ်ဆိုလို့တော့မရဘူးပေါ့
ဒါကြောင့်ပဲ သူမက အချစ်ကိုတမ်းတနေတာကိုသိမ်းဆည်းထားလိုက်ပြီးမာကျောအောင်ပဲလေ့ကျင့်ခဲ့လို့ အခု နှစ်ယောက်သားပြန်တည့်ချင်တယ်ဆိုရင်တောင် အရမ်းနောက်ကျသွားပါပြီ
နောက်ဆုံးတော့လဲ သူတို့က စိမ်းသက်တဲ့သားအဖဆက်ဆံရေးဖြစ်နေဆဲပါပဲ
သူမကို ဂရုမစိုက်တဲ့လူတွေကို သူမကလဲဂရုမစိုက်ဘူး
သူမဂရုစိုက်တဲ့သူတွေကို ဆယ်ဆမက ပြန်ပေးဆပ်မယ်
ဒါ သူမရဲ့ဆောင်ပုဒ်ပဲ
ကျန်းသခင်ကြီးကတော့ သူမရဲ့စာရင်းဝင်လဲမဟုတ် စာရင်းထဲလဲထည့်လို့မရတဲ့အမျိုးအစားလဲမဟုတ်
တော်တော်ခေါင်းကိုက်ရတဲ့အထဲမှာပါတာပေါ့
ကျန်းသခင်ကြီးကလဲ လူသာသေသွားမယ် မာနကတော့မိုးပေါ်ပျံနေတုန်းဆိုတာလိုပဲ
အေးစက်သမှ ရေခဲကတောင် အဖေခေါ်ရမဲ့လူစားမျိုး
မိန်းကလေးတစ်ယောက်ကို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင်သင်ကြားမောင်းနှင်ခဲ့ပြီးမှ အချိန်လွန်သွားခဲ့တဲ့အခါ အဲ့ကလေးကကျောက်ဆောင်ထက်မကမာကျောသွားလေတော့မှ နှောင်းနောင်တရမိလေတဲ့အဖြစ်အပျက်ကိုအခေါင်းထဲထိယူသွားမယ့်ခေါင်းမာလွန်းတဲ့စရိုက်ရှိသူပဲ
အဲ့လိုနဲ့ တစ်ယောက်နဲ့တစ်ယောက်ကျောခိုင်းသွားကြရင်း တစ်ယောက်အမြှီးတစ်ယောက်မမြင်လေတော့မှ ပြန်လှည့်ကြည့်ချင်နေတာ
တရွေ့ရွေ့နဲ့ထွက်ခွာသွားတဲ့ကျောပြင်ကိုကျန်းသခင်ကြီးကြည့်ရင်း နောက်ဆုံးတော့ မနေနိုင်ပဲချောင်းဆိုးလာခဲ့လေတယ်
ဘေးနားရှိနေတဲ့ချင်ယွင်က ချစ်ခင်ပွန်းကျောကို အသာပုတ်ပေးရင်း လက်ကိုင်ပုဝါကို ကျန်းသခင်ကြီးမမြင်အောင်ဆွဲယူလိုခဲ့တယ်
"မလိုဘူး ငါသိပြီးသားပဲ "
ချင်ယွင်ကသက်ပြင်းချကာ တိုက်တိုက်တွန်းတွန်းပြောလိုက်တယ်
"မပြောပြတော့ဘူးလား"
ချင်ယွင်ရဲ့စကားကိုကြားတော့ ကျန်းသခင်ကြီးက ခပ်လေးလေးခေါင်းခါတယ်
"ငါသေသွားရင်တောင် သွားမခေါ်နဲ့ အလောင်းမြေကျပြီးမှ ရှေ့နေ့ကနေဆက်သွယ်ခိုင်းလိုက်"
ချင်ယွင် သက်ပြင်းကျိတ်ချရပြန်တယ်
ရောဂါကဖြင့် ကျွမ်းနေပြီ သူ့သမီးကိုစိတ်ဆင်းရဲမှာမလိုလားသေးဘူး
"ကျန်းလင် တကယ်မပြောတော့ဘူးလား ရှင်လုပ်ခဲ့တာတခုချင်းစီရဲ့နောက်ကွယ်ကအရာတိုင်းက အကြောင်းပြချက်ရှိပြီး သူမကိုကာကွယ်ဖို့လုပ်ခဲ့တယ်ဆိုတာကိုလေ "
"နဂိုထဲက မာကျောနေပြီးသားပဲ သိပ်မခံစားရလောက်ပါဘူး "
"ကျန်းလင် ရှင်တကယ်ပဲ "
"တော်တော့ ငါပြောပြီးသားပဲမလိုဘူးလို့ "
ချင်ယွင် မတတ်နိုင်ပဲ သက်ပြင်းပဲချမိတော့တယ်
........
ရိုးရိုးရှင်းရှင်းပဲ သူမပိုင်ရီအိမ်ကိုပြောင်းလိုက်တယ်
ဘာမှသယ်လာစရာမလိုတော့ သူမလုပ်စရာလိုတာက ဟန်ပြထုတ်ပိုးလာရုံသာ
တံခါးဖွင့်လိုက်တာနဲ့ ချင်းရန်က သူမကိုဆီးပြောတယ်
အထဲမှာမျောက်တကောင်ရှိတယ် ဂရုစိုက်ဝင်တဲ့
သူမ ဧည့်ခန်းထဲကိုဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဆွံ့အသွားခဲ့တယ်
ပါကင်မဖောက်ရသေးတဲ့အထုတ်တွေက နေရာတိုင်းမှာရှိနေပြီး အမိုးပေါ်မှာရောက်တော့မယ်လို့ထင်ရတယ်
ရှုပ်ပွနေတဲ့အထုတ်တွေကြားထဲမှာ ရှိနေတဲ့ပိုင်ရီက သူမကိုမြင်တော့ ခုန်ပေါက်ထွက်လာပြိး သူမလက်ကိုဆွဲကာ အထုတ်တွေဖောက်ခိုင်းဖို့ စိတ်အားထက်သန်စွာနဲ့ဆွဲခေါ်သွားတော့တယ်
"နေပါဦး ဘာတွေဝယ်ထားလို့ အဲ့လောက်များပြားနေရတာလဲ"
သူမ အထုတ်တထုတ်ရဲ့စာညွှန်းကိုဖတ်ပြီးအမှတ်တမဲ့မေးလိုက်တယ်
"ဆေးရုံမှာလှဲနေရတုန်းက မင်းကိုယ့်နဲ့လာပြောင်းနေမယ်ဆိုတော့ mall shop app ထဲဝင်လိုက်တာ တခုနှစ်ခု တစ်ခုနှစ်ခုနဲ့ များသွားတာမသိလိုက်ဘူး "
"အစုံလိုက်တွေလား "
"အင်း သူတို့ပြောတာ ဆယ်နှစ်ခုရင်ဝယ်ရင် တစ်ခုလက်ဆောင်တဲ့ အဲ့ဒါနဲ့မှာလိုက်တာပဲ "
"............"
သူမ ဒီလောက်တုံးအနေတဲ့လူကို ဘယ်လိုရှင်းပြသင့်လဲ အဲ့ဆယ့်နှစ်ခုက တစ်ဒါဇင်ဖြစ်ပြီး တစ်ဒါဇင်ဝယ်ရင် နဂိုထဲက လက်ဆောင်အပိုတခုကထည့်ထားပြီးသားဆိုတာကို ပြောပြလိုက်ရင် ငိုများသွားမလား ရောင်းတဲ့သူကပေးလို့ရတာမဟုတ်ပဲ နဂိုထဲကထုတ်တဲ့စက်ရုံမှာထဲကပါကင်ထုတ်ပေးပြီးသားဆိုတာကို သူမရှင်းပြသင့်လား
သူမ ပိုင်ရီရဲ့အလွန်တရာစိတ်အားထက်သန်နေတာကိုတွေ့တော့ တိတိတ်လေးပဲခေါင်းခါရမ်းလိုက်တယ်
သူမအကြည့်ကတနေရာရောက်သွားတော့
"ဟမ် ဒီသေးသေးကွေးကွေးလေးတွေက ကလေးအသုံးအဆောင်ပစ္စည်းတွေမဟုတ်ဘူးလား"
"ဟုတ်တယ်လေ ကိုယ်တို့ကလေးအတွက်လေ မိန်းကလေးအတွက်ရော ယောကျာ်းလေးအတွက်ရောဝယ်ပြီးသား မူလတန်း အလယ်တန်း အထက်တန်း အိုးးး ကျောင်းဝတ်စုံတွေတောင် မှာထားသေးတယ်"
"........"
"ဘာဖြစ်လို့လဲ "
သူမ ဘာပြန်ပြောသင့်လဲ ကလေးကဘယ်နေရာရောက်နေမှန်းတောင်မသိဘူး
အထက်တန်းဝတ်စုံတွေတောင် ပြင်ဆင်ထားပြီးပြီတဲ့
သူမ ရုတ်တရက် လက်ဖျားခါချင်သွားတယ်
သူမ ဘာမှမပြောပဲ စကားလြွှဲလိုက်ကာ
"ဒါတွေကကော "
"ကစားကွင်းလုပ်မလို့လေ ကလေးတွေအတွက် ဆောက်ပေးမလို့"
"........."
ထားလိုက်ပါတော့ သူမမေးမိတာကပဲမှားတာ
သူမ မျက်နှာသေနဲ့ဖြစ်နေတော့ ပိုင်ရီက သူမကိုပခုံးလာဖက်ကာ
"ကိုယ့်အတွက် ကလေးမွေးပေးနော် အနဲဆုံးငါးယောက်လောက် "
"ငါးယောက် ?"
"ဟုတ်တယ် မိန်းကလေးဆိုလဲငါးယောက် ယောကျာ်းလေးဆိုလဲငါးယောက် အိုးး အားလုံးပေါင်းဆယ်ယောက်ဆိုလဲရတာပဲ "
".........."
သူမ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး အကြည့်ကို ချင်းရန်နားကြည့်လိုက်တယ်
နောက်ဆုံးတော့ ချင်းရန်ဘာလို့ထောင့်ကပ်နေရတာလဲဆိုတာ သူမိသိသွားပြီ
နားဒုက္ခတော်တော်ရောက်ခဲ့လို့ ဘာမှပြောချင်စိတ်လုပ်ချင်စိတ်မရှိတော့ပဲ ခြေပစ်လက်ပစ်ထိုင်နေတာကိုး
သူမလဲ အဲ့လိုသွားထိုင်ချင်လိုက်တာ
တွေးနေတုန်းပဲရှိသေး စုန့်ကျောင်းက လွှားလွှား လွှားလွှားနဲ့ ရောက်လာလေတယ်
သူမ မျက်ဝန်းတို့လင်းလက်သွားခဲ့လေရဲ့
..........🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
Alinkar nang