Saw Nay Say's Travel Blogger...

By moewathane

1.5M 139K 14.4K

#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော... More

Author Note 📌
Description
အပိုင်း { ၁ }
အပိုင်း { ၂ }
အပိုင်း { ၃ }
အပိုင်း { ၄ }
အပိုင်း { ၅ }
အပိုင်း { ၆ }
အပိုင်း { ၇ }
အပိုင်း { ၈ }
အပိုင်း { ၉ }
အပိုင်း { ၁၀ }
အပိုင်း { ၁၁ }
အပိုင်း { ၁၂ }
အပိုင်း { ၁၃ }
အပိုင်း { ၁၄ }
အပိုင်း { ၁၅ }
အပိုင်း { ၁၆ }
အပိုင်း { ၁၇ }
အပိုင်း { ၁၈ } 🌚🚫
အပိုင်း { ၁၉ }
အပိုင်း { ၂၀ }
အပိုင်း { ၂၁ }
အပိုင်း { ၂၂ } 🔞🚫
အပိုင်း { ၂၃ }
အပိုင်း { ၂၄ }
အပိုင်း { ၂၅ }
အပိုင်း { ၂၆ }
အပိုင်း { ၂၇ }
အပိုင်း { ၂၈ }
အပိုင်း { ၂၉ }
အပိုင်း { ၃၀ }
အပိုင်း { ၃၁ }
အပိုင်း { ၃၂ }
အပိုင်း { ၃၃ }
အပိုင်း { ၃၄ }
အပိုင်း { ၃၆ }
အပိုင်း { ၃၇ }
အပိုင်း { ၃၈ }
အပိုင်း { ၃၉ }
{ အပိုင်း ၄၀ } ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ💓
စာအုပ်ထပ်တိုးထုတ်ဝေခြင်း

အပိုင်း { ၃၅ }

22.5K 2.2K 112
By moewathane

Unicode

တောင်အောက်ခြေနားမှာမြေလဲနေတဲ့ ခွန်စိုင်းကိုနေစေးတွေ့လိုက်ရတာကြောင့် နှလုံးဆောင့်တတ်သွားပြီလားထင်ရအောင်ကြောက်လန့်တကြား ခွန်စိုင်းအနားပြေးသွားပွေ့လိုက်သည်။

" စိုင်းဟွမ်.. "

နေစေးသည် ခွန်စိုင်းကိုပွေ့လျှက်ပါးလေးကိုပုတ်ပုတ်နှိုးကာ ခြေတွေလက်တွေကိုဘယ်လောက်ထိခိုက်သွားသလဲဆိုတာသေချာစစ်ဆေးနေသည်။ ပြီးနောက် ခြေမျက်စိနားမှာ အညိုပုတ်အရောင်ဖြစ်နေတာတွေ့မှခြေခေါက်လဲတာဖြစ်မှန်းသိလိုက်သည်။ နေစေးသည် ခွန်စိုင်းလက်ကလေးကဒဏ်ရာတစ်ချို့နဲ့အခုလိုတွေ့လိုက်ရတာ သူ့ရင်ထဲတကယ်မချိပေ။ သူအမြတ်တနိုးအထိခိုက်မရှိထွေးပွေ့ထားတဲ့ ဒီလူသားလေးအပေါ် သူကာကွယ်မှု့လိုအပ်ချက်ကြောင့် အခုလိုတွေဖြစ်သွားရ​ပြန်ပြီ။

သို့သော် အခုလောက်လေးဖြစ်တာမို့ဘုရားသခင်ကိုသာကျေးဇူးတင်ရင်း ခွန်စိုင်းကိုပွေ့ကာ စခန်းကိုပြန်လာခဲ့သည်။ လမ်းမှာ ဘွား နဲ့မော့တို့လည်းစုံတာကြောင့် အားလုံးစခန်းသို့သာပြန်ခဲ့သည်။ နေစေးတို့စခန်းရောက်တဲ့အချိန်မှာ မိုးပင်ချုပ်နေလေပြီ။

စခန်းရောက်တာနှင့် နေစေးသည်အားလုံးကိုအပြင်ထွက်စေကာ စခန်းမှာအသင့်ထားတဲ့ဆေးသေတ္တာကိုယူပြီး ခွန်စိုင်းရဲ့မိုးစိုနေတဲ့အဝတ်စားတွေအကုန်ချွတ်ပြစ်လိုက်သည်။ ပြီးနောက် အဝတ်တစ်ခုရေစွတ်ကာခွန်စိုင်းကိုရေပတ်တိုက်ပေး၏။ အဲ့အချိန်မှာ သတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ ခွန်စိုင်းသည် သူ့ခေါင်းတစ်ခုလုံးတစ်ယောက်ယောက်ရိုက်ထားသကဲ့သို့နာကျင်မှုနဲ့နိုးလာပြီးမျက်လုံးဖွင့်ကြည့်သည်။

" အက်...ဒွက် "

အသံဟာလုံးဝမထွက်သလိုတိုးညှင်းပေမယ့် လှုပ်ရှားမှု့ကြောင့် နေစေးကြည့်လိုက်တော့သူ့အားကြည့်နေတဲ့ လူကြီးလေး။ နေစေးသည် ခွန်စိုင်းလက်ကလေးကိုဆုတ်ကိုင်ကာ အားရဝမ်းသာနှင့်။

" စိုင်းဟွမ် ခင်ဗျားသတိရလာပြီလား။ ကျုပ်လေ ခင်ဗျားကို..သေလောက်အောင်စိတ်ပူနေခဲ့တာ "

ထိုသို့ပြောပြီး ဝေ့သီလာတဲ့မျက်ရည်ကြည်တွေကမထင်မှတ်စွာ ခွန်စိုင်းလက်ဖမိုးလေးပေါ်ကျလို့သွားသည်။ နေစေး ဘဝမှာချစ်ရသူကိုဆုံးရှုံးရမယ့်နောက်တစ်ကြိမ်ရှိလာမှာသေလောက်အောင်ကြောက်တာ သူကိုယ်တိုင်ပဲသိမည်။ သူကကြမ်းတမ်းရိုင်းစိုင်းသော်လည်း သူ့ချစ်တဲ့ ဒီလူကြီးလေးကသူ့အား တခြားအရာများနှင့်ယှဥ်ရင်တောင် သူ့ကိုသာဦးစားပေးအဖြစ်ရွေးချယ်ခဲ့တယ်။ ဒါပေမယ့် ဒီလူကြီးလေးရဲ့ လုံခြုံမှု့ကိုတော့သူအပြည့်အဝမပေးနိုင်ခဲ့လို့ဒီလိုတွေခံစားရတာ နှစ်ကြိမ်မျှရှိခဲ့ပြီ။
ထိုသို့တွေးလိုက်တိုင်း နေစေးရင်ထဲသူ့အသုံးမကျမှု့ကိုအပြစ်တင်ရင်းပို၍ငိုမိသည်။

" ကျုပ်တောင်းပန်ပါတယ်စိုင်းဟွမ်။ ထပ်ပြီး ကျုပ်အသုံးမကျမှု့ကြောင့်..."

"... "

" ကျုပ်တကယ်တောင်းပန်ပါတယ်ဗျာ.. "

အိမ်မက်လား တကယ်လားမသဲကွဲတဲ့ခွန်စိုင်းဟာ နေစေးငိုနေတာတွေ့တော့ သူခေါင်းကနာကျင်မှု့ထက်နှလုံးသားကနာကျင်မှု့ကကြီးစိုးနေ၏။

* မငိုပါနဲ့.. ကိုယ်မင်းကိုအပြစ်မတင်ဘူးလေ *

သူ့မသိစိတ်ထဲမှာသာပြောချင်သော်လည်း ဒဏ်ရာအရှိန်ကြောင့်ရော အဖျားကြီးလာတာမို့ပါပြန်၍သတိလစ်သွားချေပြီ။

နေစေးက ခွန်စိုင်းပြန်သတိလစ်သွားမှန်းသိတာကြောင့် သူ့လုပ်လက်စတွေကိုမြန်မြန်လုပ်ကိုင်ပြီး ခွန်စိုင်းကိုနွေးထွေးစေမယ့်အဝတ်စားဝတ်ပေး၍စောင်အထပ်ထပ်သေချာခြုံပေးလိုက်သည်။ ထိုစဥ်။

" နေစေး ကျုပ်ပါ.. ဝင်လာလို့အဆင်ပြေမလား "

နေစေးက ခွန်စိုင်းလက်လေးကိုစောင်အောက်ထည့်ပြီးလုံခြံစိတ်ချရပြီဆိုမှ။

" ဝင်ခဲ့ချည် "

ဘွား က လက်ထဲမှာဆေးပန်ကန်လုံးအသေးကိုင်ပြီး နောက်တွင်မော့ပါလာခဲ့သည်။

" ဒီမှာ နောင်ကြီးအတွက်ဆေး "

နေစေးက ဆေးခွက်ကိုယူပြီး အပူအေးစေရန်လေမှုတ်နေလိုက်သည်။ နေစေးရဲ့ပုံစံကတည်ငြိမ်နေသလိုထင်ရပေမယ့် သူစိတ်ထဲဘယ်လောက်ထိခက်ထန်နေမလဲတွေးကြည့်လို့ပင်မလွယ်ပေ။ မော့ က သူ့အမှားအတွက်ရှေ့ထွက်ကာ နေစေးကိုပြောလိုက်သည်။

" နေစေး ကျုပ်တောင်းပန်ပါတယ်။ နောင်ကြီးကို ကျုပ်ဂရုမစိုက်နိုင်ခဲ့ဘူး ကျုပ်ကိုအပြစ်ပေးပါ "

အဲ့လိုပြောပြီးပြီချင်း နေစေးရှေ့မှာဒူးထောက်ချလိုက်တဲ့ မော့ကြောင့် ဘွား မျက်နှာပျက်ကာ မော့အားချက်ချင်းဆွဲထူလိုက်ပေမယ့် မော့ကလက်မခံပေ။ နေစေးကတော့ မော့ပြောနေတာရော လုပ်ရက်ရောဘာတစ်ခုမှဝင်မပြောပေ။ မော့ က သူ့သူငယ်ချင်းအရင်းဖြစ်သော်လည်း ခွန်စိုင်းကိုစောင့်ရှောက်ခိုင်းတဲ့အကြိမ်တိုင်းမှာ အကြိမ်ကြိမ်ပင်ကျရှုံးခဲ့တယ်။ ဒါသူဘယ်လိုမှစိတ်ထဲကောင်းမနေ။ ဒါ့အပြင် သူရှိနေရက်နဲ့ ဘာမဟုတ်တဲ့သစ္စာဖောက်ကောင်ကသူ့လူကြီးလေးကိုအနိုင်ကျင့်ဖို့အခွင့်အရေးရှိခဲ့တယ် အဲ့တာတွေတွေးမိတိုင်း တခ်မူးကိုသူသတ်ချင်တယ်..မဟုတ်ဘူးသူသတ်ကိုသတ်ပြစ်မှာ ။ အဲ့ကောင် နေမထွက်စေရဘူး!။

မော့ က နေစေးတိတ်ဆိတ်နေတာတွေ့ပြီး ကိုယ့်ကိုကိုယ်ပိုပို၍အပြစ်တင်စိတ်ဖြစ်လာခဲ့သည်။ သူငယ်ချင်းရဲ့ယုံကြည်မှု့နှစ်ကြိမ်မှတာဝန်မကျေခဲ့သည့်သူ..သေသင့်တယ်။

" ကျုပ်ကိုသတ်ချင်သတ်လိုက်ပါနေစေး ကျုပ်အပြစ်အတွက် ကျုပ်တာဝန်ယူရဲတယ် "

" မော့ "

ဘွား က မော့စကားကိုအထိတ်တလန့်ဝင်တားသည်။ နေစေးသည်လည်း ဘယ်လောက်ပင်စိတ်ဆိုးပါစေဦး..မော့ စိတ်ဓာတ်ကိုသိနေတဲ့သူမို့ အပြစ်တင်ရင်တောင် သူလစ်လျှုမရှူနိုင်။

" ထပါ။ "

" မထဘူး။ ကျုပ်ကိုအပြစ်ပေးပါနေစေး "

မော့ ခေါင်းမာတတ်တာသိတဲ့နေစေးက သူ့လက်ထဲဆေးခွက်ချကာ သူကိုယ်တိုင်ပင်သက်ပြင်းရှည်တစ်ချက်ချပြီး မော့ကိုထူလိုက်သည်။

" နေစေး "

" ကျုပ်မင်းကိုအပြစ်မတင်ဘူးလို့မလိမ်ချင်ဘူးမော့။ ဒါပေမယ့် ကျုပ်ဧည့်သည်လေးရဲ့လုံခြုံရေးအတွက် မင်းကိုအတန်တန်အပ်ခဲ့၊ တာဝန်ပေးခဲ့ပေမယ့် သက်ဆိုင်သူဖြစ်တဲ့ကျုပ်ကိုယ်တိုင်မှာလည်း တာဝန်အပြည့်ရှိတယ် အမှန်ဆို ကျုပ်အတ္တကြောင့်သူ့ကိုဒီကိုခေါ်မလာပဲ လုံခြုံတဲ့နေရာဆီပို့ခဲ့ရမှာ။ အဲ့ဒါကြောင့် "

နေစေး ပြောပြီးတာနှင့် ခွန်စိုင်းအနားပြန်သွားတာ သူ့လက်ကလေးကိုဆုတ်ကိုင်ပြီးမျက်နှာလေးအားတစိမ့်စိမ့်ကြည့်ကာ။

" ကျုပ်အပြစ်လည်းအများကြီးပါပါတယ် "

နေစေး ပြောတဲ့အထဲ ' သက်ဆိုင်သူ ' ဆိုတဲ့အချက်ကြောင့် နဂိုခေါင်းငုံ့ထားတဲ့မော့တစ်ယောက်ချက်ချင်းပင်နေစေးကိုမော့ကြည့်ကာ တဖက်ခွန်စိုင်းကိုကြည့်လိုက်သည်။ သူများနားကြားမှားတာလား ဒါမှမဟုတ် နေစေးပြောတဲ့သက်ဆိုင်သူဆိုတဲ့ အဓိပ္ပာယ်ကပဲလွဲနေတာလား?ထုတ်မမေးသောလည်း ဒွိဟဖြစ်နေရှာသည်။ သူ့ဘေးနားက ဘွားကိုကြည့်လိုက်တော့ ဒီအခြေအနေကပုံမှန်ဖြစ်ပြီးလွဲမှားနေတာမရှိသကဲ့သို့ပင်။

ထိုစဥ်နေစေးတို့ရှိရာဆီသို့ တပ်သားတစ်ယောက်ကဝတ်စုံလက်နက်အပြည့်အစုံနဲ့ရောက်လာသည်။ ထိုသူက အယ်ထူး။

" ခေါင်းဆောင် "

အယ်ထူးအသံကြားတော့ ဘွား ကအခြေအနေကိုသိလိုက်တာကြောင့် ခေါင်းညှိမ့်ပြလိုက်တာနှင့် အယ်ထူးချက်ချင်းပြန်ထွက်သွားသည်။ ခွန်စိုင်းအဖျားတွေအရမ်းတတ်နေတာကြောင့် နှဖူးပေါ်ရေဝတ်တင်ပေးနေတဲ့ နေစေးကိုကြည့်ပြီး ဘွားပြောလိုက်သည်။

" နေစေး အချိန်ကျပြီ "

" ....... "

ဘာအတွက် အချိန်လဲဆိုတာသိနေတဲ့ နေစေးတစ်ယောက်။ ရှေ့သွားလို့နောက်စိတ်မဖြောင့်ဖြစ်လို့နေသည်။

" ဒီစစ်ဆင်ရေးကို မင်းဦးဆောင်နိုင်မလားဘွား "

ဒီစကားကြောင့် မော့ အံသြသွားသည်။ ဘွား ကတော့သိနေပြီးဖြစ်တာကြောင့် လက်မခံ။

" နေစေး ကျုပ်ဦးမဆောင်နိုင်ဘူး။ ဒီစစ်ဆင်ရေးက မင်းကိုယ်တိုင်ဦးဆောင်မှရမယ်ဆိုတာ မင်းကိုယ်တိုင်သိနေတာပဲမဟုတ်လား။ နောက် ဒီစစ်ဆင်ရေးအတွက်ကျုပ်တို့အများကြီးအချိန်ကုန်လူပန်းထားရတာ။အခုချိန်မှမတိုက်ရင်ကျုပ်တို့အားလုံးကြိုးစားထားသမျှအလဟသဖြစ်ကုန်မှာမလွဲပဲ "

" .... "

နေစေး က ဘွားပြောတာကိုနားလည်တယ်။ ဒါပေမယ့် ခွန်စိုင်းရဲ့လက်ရှိအခြေအနေက သူစိတ်ချလက်ချသွားနိုင်ပါ့မလားဆိုတာတောင်သူမသိဘူး။ မတော်လို့ အဖျားမကျပဲ ငှက်ဖျားပိုးဝင်သွားရင်ရော ဘယ်လိုလုပ်ကြမလဲ။

ဘွားနဲ့မော့ က နေစေးရဲ့ဝေခွဲရခက်နေတဲ့စိတ်ကြောင့် မော့ကဝင်ပြောလိုက်သည်။

" နေစေး ဒီတကြိမ်တော့နောက်ဆုံးအကြိမ်အဖြစ် ကျုပ်ကိုယုံကြည်ပေးပါ။ ကျုပ်မင်းပြန်လာတဲ့အထိ နောင်ကြီးအနားကဘယ်မှမခွာပဲစောင့်ရှောက်ပေးနေပါ့မယ်။"

အခိုင်အမာကြီးပြောလာတဲ့ မော့ကိုကြည့်ပြီး ဘွားလည်းဝင်ထောက်ခံသည်။

" ဟုတ်တယ်နေစေး။ တောသူတောင်သားတွေတိုက်ပွဲကြောင့်အသေအကြေမများဖို့အတွက် သူတို့တွေလက်နက်စောင့်နေတဲ့အချိန်ကိုအသုံးချပြီး ကျုပ်တို့ဒီညအမြစ်ဖြတ်မှဖြစ်မယ် "

" ကောင်းပြီ ကျုပ်ဒီတစ်ချိန်တော့ မင်းကိုထပ်ယုံကြည်ပေးလိုက်မယ်မော့။ ကျုပ်ဧည့်သည်လေးကိုအတတ်နိုင်ဆုံးဂရုစိုက်ပေးဖို့မျှော်လင့်တယ် "

" စိတ်ချပါ "

နေစေးသည် သူတို့နှစ်ယောက်ရှေ့မှာပင် ခွန်စိုင်းရဲ့ပူခြစ်နေတဲ့နှဖူးလေးကိုတမြတ်တနိုးနမ်းရှိုက်ကာ။

" ကျုပ်ပြန်လာရင် ခင်ဗျားအပြုံးလေးနဲ့ကြိုနေတာမြင်ချင်တာမို့ မြန်မြန်သတိရနေပါ "

ဘွား ကအသားကျနေသလိုရှိပေမယ့် မော့ကတော့ဒီအခြေအနေကို ခေါင်းထဲမှာတကယ်ကြီး ?? ပြည့်လို့နေသည်။ သို့ပေမယ့် အခုချိန်မှာမေးလို့ကောင်းတာမရှိပေ။

ခဏကြာပြီးနောက် နေစေးလိုအပ်တာတွေအပြင် လက်နက်တစ်ချို့ကိုပါပြင်ဆင်ပြီးဘွားနဲ့အတူထွက်လာခဲ့သည်။ တဲအပြင်ဘက်မှာစောင့်နေတဲ့ အယ်ထူး နဲ့ ဗြောရယ်အပြင် တတ်သားတွေအားလုံးဟာပြောက်ကျားဝတ်စုံကိုယ်စီ၊လက်နက်အပြည့်အစံနှင့် ဒီစစ်ဆင်ရေးအတွက်ပြင်ဆင်မှု့အသေးစိတ်မှာ သူတို့မျက်နှာတွင်ပင် အမည်းဆီဖြင့်လက်ချောင်းရာများသုတ်လို့ထား၏ နေစေးတို့ရောက်လာတာမြင်တာနဲ့ချက်ချင်းအဆင်သင့်အနေအထားနှင့်ဖြစ်လို့နေသည်။

ကြီးမားပြီးတောင့်ဖြောင့်တဲ့ခန္ဓာကိုယ်နှင့် ခါးတွက် ပစ်စတိုသေနတ်တစ်လက်ရှိပြီး တကိုယ်လုံးရဲ့သင့်တင့်နေရာတွေမှာ လက်နက်အပြည့်အစုံထည့်ထားသည့် နေစေးဟာ ဒီစစ်ဆင်ရေးအတွက်သွေးဆူနေတော့သည်။

" အားလုံးအသင့်ဖြစ်ပြီလား "

" ဖြစ်ပါပြီ "

" အယ်ထူး မင်းကကျုပ်တို့စီစဥ်ထားတဲ့အတိုင်း အနောက်ဘက်ရေကြောင်းကနေ သူတို့ခွဲတန်းချထားတဲ့အဖွဲ့ကိုကိုင်တွယ်ပါ။ဗြောရယ် မင်းတို့က ကျုပ်ပြောတဲ့လမ်းကြောင်းအတိုင်းအဖွဲ့ခွဲပြီးတိုက်၊ စိုင်းလုံ ရှိတဲ့ဘက်ကတပ်သားတွေကို ဘွား တို့အဖွဲ့တာဝန်ယူ။ ကျုပ်က ဂျင်မီတို့အဖွဲ့ဘက်ကိုသွားမယ်။ "

" ဟုတ်ကဲ့ဦးဆောင်သူ "

အဖွဲ့ခွဲတမ်းချပြီးချိန်မှာ အယ်ထူးက အမည်းဆီဗူးကိုနေစေးတို့ဆီကမ်းပေးတာကြောင့်နေစေးနဲ့ဘွားနဲ့ယူပြီး လက်ချောင်းတွေသုတ်ကာ မျက်နှာပေါ်ပြန်သုတ်လိုက်သည်။ ထို့အပြင်နေစေးသည် သူ့အကျင့်အတိုင်း ခေါင်းပတ်တဲ့သဘတ်တစ်ထည်ကိုခေါင်းမှာချည်၍ သိပ်ကိုခန့်ငြားလို့နေသည်။

အားလုံးအသီးသီးတာဝန်တွေပေးခဲ့သော်လည်း ဒီနယ်စပ်တပ်စခန်းအတွက် သူ့ဧည့်သည်လေးရဲ့လုံခြုံရေးကိုတော့မမေ့သေးချေ။ ဒါ့ကြောင့် နေစေးသည် ဘွား ကို တခ်မူးကိုသူ့ဆီခေါ်လာခိုင်းလိုက်သည်။

ခေါင်းနဲ့မျက်နှာပေါ်မှာသွေးအလိမ်းလိမ်းနဲ့ဖူးရောင်နေတဲ့ တခ်မူးသည် သေချာပေါက်ခြေထောက်ရိုက်ချိုးခံထားရတယ်ထင်၏ ဘွား ခေါ်လာတဲ့အချိန်မှာပင် တရွတ်တိုက်လျှောက်လာရသည်။ တပ်သားတွေအားလုံးကနေ့ချင်းညချင်းထိုသို့ဖြစ်သွားတဲ့ တခ်မူးကိုကြည့်ကာ နေစေးကိုပိုပို၍ကြောက်လန့်လာကြသည်။

နေစေးက သေနတ်ဝ'ကိုအသံတိတ်ပြောင်းတပ်ဆင်၍။

" ကျုပ်တို့စစ်ဆင်ရေးသွားတဲ့အချိန်မှာ မင်းတို့ရဲ့တာဝန်က ဒီစခန်းကိုစောင့်ရှောက်ဖို့ပဲ။ သို့သော် ဒီစခန်းနဲ့ဦးစားပေးယှဥ်လိုက်ရင် အဓိကဦးစားပေးကာကွယ်ရမှာက တဲအိမ်ထဲမှာရှိတဲ့ ကျုပ်ဧည့်သည်လေးပဲ။ "

နေစေးက တခ်မူးဘက်ကြည့်ကာ သေနတ်နဲ့ထိုးပြ၍။

" မင်းတို့ထဲကတစ်ယောက်ယောက်က ဒီကောင့်လိုမျိုး ကျုပ်ဧည့်သည်လေးအပေါ်စကားနဲ့ဖြစ်စေ ကိုယ်ထိလပ်ရောက်ဖြစ်စေ ထိပါးရဲရင်... "

ပြောပြီးနောက် တခ်မူးရဲ့ပါးစပ်ထဲသို့သေနတ်တေ့ကာ ပစ်ထည့်လိုက်သည်။

" သူ့ထက်ဆိုးတဲ့အဆုံးသတ်ကိုခံစားစေရမယ်။ တခ်မူးဟာရန်သူနဲ့လက်တွဲပြီးစခန်းအတွင်းသစ္စာဖောက်တယ်။ သူ့လုပ်ရက်က ဆွေစဥ်မျိုးဆက်အထိပါလိုက်သတ်ပြစ်ဖို့လုံလောက်ပေမယ့် ဒီကောင်ကဆွေမျိုးမိသားစုမရှိတာသနားစရာပဲ "

နေစေးဟာ သူ့ကိုကြည့်ပြီးအားလုံးဟာနှဖူးချွေးစေပြန်ပြီးတောင်းတင်းနေတာတွေ့တော့။

" ကိုယ့်တာဝန်ကိုယ်ကျေဖို့မျှော်လင့်တယ် "

" ကျုပ်တို့တာဝန်ကျေပွန်အောင်ကြိုးစားပါ့မယ် " All !!

နယ်စပ်စခန်းမှာ လူအင်အားနည်းပေမယ့် နေစေးသည် အကောင်းဆုံးနှင့်အတော်ဆုံးတွေကိုသာ ထားပေးခဲ့သည်။ အနည်းဆုံးတော့သူ့တာဝန်ကိုမြန်မြန်အဆုံးသတ်ပြီးတာနဲ့ ခွန်စိုင်းအနားပြန်လာလို့ရပြီဆိုတော့ သူအလျှင်လိုနေသည်။

နေစေးတို့လူအင်အားအများစုကဖြန့်ကျက်ကာရောက်နေပြီမို့ နေစေးတို့ရောက်သွားချိန်မှာ အချိန်ကောင်းကိုပဲစောင့်ရန်လိုတော့သည်။

စိုင်းလုံနဲ့ ဂျင်မီတို့အဖွဲ့ဟာ သေမင်းအနီးကပ်ရောက်နေတာကိုမသိဘဲ ဒီညအတွက်အကြိုအောင်ပွဲခံခြင်းဆိုတဲ့ခေါင်းစဥ်နဲ့ တပ်စခန်းမှာ စားသောက်ပျော်ပါးနေပြီး လူတိုင်းကမူးရူးနေချိန်ဖြစ်ကြသည်။ နေစေးကဒီအကွက်ကိုစောင့်နေခြင်းဖြစ်သည်။ ဒီညမှာ စိုင်းလုံနဲ့ဂျင်မီတို့အဖွဲ့တွေထိုသို့ပြုလုပ်မယ်ဆိုတာ ကြိုသိပြီးသားမိုပင် ဒီညကိုရွေးချယ်ကာ စစ်ဆင်ရေးစဖို့အတွက်သူတို့အများကြီးအားစိုက်ထုတ်ထားရသည်။

ပြောရမယ်ဆိုရင် စိုင်းလုံနဲ့ဂျင်မီဟာ စောနေစေးရဲ့အင်အားကိုအထင်သေးနေတာဖြစ်သည်။
နေစေးဟာဒီနယ်မြေတကျောကိုသူ့အစွမ်းစနဲ့ယူခဲ့ခြင်းရဲ့နောက်ကွယ်မှာ လူမသိတဲ့ဘယ်လိုအာဏာလက်ဝါးကြီးရှိနေမယ်ဆိုတာသူတို့လုံးဝသိခဲ့ခြင်းမရှိတာကြောင့်ပင်။

နေစေးဟာ သူတို့တပ်ဖွဲ့လောက်ကိုနေ့ချင်းညချင်းရှင်းပြစ်ဖို့လွယ်ပေမယ့် အချိန်အတိုင်းတာတစ်ခုထိအသေးစိတ်စီစဥ်ခဲ့တယ် အဲ့တာတွေရဲ့အကြောင်းပြချက်က ခွန်စိုင်းဟွမ်ဖြစ်သည်။ နေစေး အစကခွန်စိုင်းမပြန်အောင်အတင်းပိတ်လှောင်ထားမယ့်စိတ်ကူးရှိပေမယ့် သူ့အားချစ်သည့်ခွန်စိုင်းဟာ နေစေးကို အန္တရယ်ကြားထဲထားခဲ့မှာမဟုတ်မှန်နေစေးသိသည်။ ဒါ့ကြောင့် ဒီလိုအခြေအနေကိုဆက်ဖြစ်စေခဲ့တာပင် ဒါကိုပင်မသိတဲ့ တခ်မူးတစ်ယောက်ကြားထဲက လောဘစိတ်ကြောင့် သစ္စာဖောက်မြေဇာပင်ဖြစ်သွားတော့သည်။

အချိန်အားဖြင့် ညနက်သတတ်နက်လာပြီးနောက် အချိန်ကျလာပြီဖြစ်သည်။ နေစေးသည် အယ်ထူးတို့တပ်ဖွဲ့ကိုအရင်ချီတတ်စေပြီးနောက် ဗြောရယ်နဲ့ ဘွားကိုလည်း မရှေးမနောင်းပင်ချီတတ်စေသည်။

တဖက်တွင် စိုင်းလုံဟာ အရက်သောက်တာများနေပြီမို့ ကိုယ့်ကိုကိုယ်ပင်မနိုင်တော့ပေ။ ဒါပေမယ့် ဂျင်မီကတော့အစာအိမ်သမားမို့ သိပ်အများကြီးမသောက်နိုင်။ ဒါ့ကြောင့် သူ့လူတွေသောက်တာကိုသာကြည့်ပြီး သူ့တပ်သားတွေကိုတိုက်ပွဲမစခင်မှာပျော်ပါးစေသည်။ မကြာခင် သူ့ပန်းတိုင်နဲ့သူ့ရည်ရွယ်ချက်တွေပြည့်တော့မယ်ဆိုတဲ့အသိနဲ့စိတ်ထဲမှာကြည်နူးနေခဲ့သည်။

" ခွမ်းး!! "

" ဟားဟား စိုင်းလုံကတော့ကွာ တကယ်ကြီးမှောက်သွားတာပဲ "

စိုင်းလုံအမူးလွန်ပြီးမှောက်သွားတာကြောင့် ဂျင်မီကစိုင်းလုံကိုသူ့တဲကိုထမ်းပြီးပြန်ပို့ခိုင်းလိုက်တော့သည်။ သူ့စခန်းကတပည့်တွေလည်းအားလုံးကမူးနေကြပေမယ့်အသိတော့ရှိသေးသည်။

" ကဲ နှောင်းဖဲ မင်းတို့သောက်စားပြီးရင် ကင်းလှည့်တာဝန်အတွက်လည်းမေ့မနေနဲ့ ငါအနားယူတော့မယ် "

" ဟုတ်ကဲ့ခေါင်းဆောင် "

ပြောပြီးတာနဲ့ ဂျင်မီကသူ့အိပ်တဲ့နေရာဆီအနားယူဖို့ပြန်သွားသည်။ အဲ့နောက်ပိုင်းမှာ တဖက်က နေစေးတို့အဖွဲ့ရဲ့တိတ်တဆိတ်သတ်ဖြတ်ခြင်းခံနေရတဲ့လူတွေဟာ အသိစိတ်ပင်ဝင်ချိန်မရလိုက်ပဲ နေစေးတို့လူတွေရဲ့လက်အောက်မှာ အသက်ဆုံးရှုံးခဲ့ရတော့သည်။

" ဟေ့ အဲ့မှာ ဘယ်သူလဲကွ ! "

" အားးး !!!"

နှောင်းဖဲတို့အုပ်စုသည် အဝေးကလာနေတဲ့ နေစေးတို့ကိုတွေ့ပြီးစခန်းကကျန်လူတွေကိုအသံပေးကာ တဖက်နှင့်တဖက်စတင်တိုက်ခိုက်ကြတော့သည်။ နေစေးသည် သူ့လူတွေကိုတစ်ယောက်မကျန်အကုန်သတ်ပြစ်ခိုင်းထားတာမို့ အဖွဲ့သားတွေက အခွင့်အရေးရတုန်းအားလုံးကိုအလွတ်မပေးပဲ စတင်သတ်ဖြတ်ကြတော့သဘ်။ နေစေးသည်လည်း လက်ထဲက ဓားတိုနှင့် သူ့ဆီလာတဲ့လူတွေရဲ့ဓားကိုခုခံပြီးတိုက်ခိုက်နေတော့သည်။

" ဒိုင်း "

ထိုအချိန် ဂျင်မီတို့အဖွဲ့ဘက်က သေနတ်နဲ့ထုတ်ပစ်ကာ အားလုံးရှဲသွားကြပြီး သူတပြန်ကိုယ်တပြန်ပစ်ခတ်ကြတော့သည်။ တိုက်ခိုက်တဲ့အသံတွေ၊သေနတ်သံတွေကြောင့် ဂျင်မီဟာ သူ့အိပ်ရာဘေးရှိသေနတ်ကိုဆွဲထုတ်ယူကာ တဲအပြင်သို့ထွက်မယ်ပြင်လိုက်စဥ်။

" ဘယ်ကိုပြေးမလို့ကြံနေတာလဲ ဂျင်မီ "

မျက်နှာအမဲကြောင်းတွေဘယ်လောက်ပဲပုံဖျက်ထားပါစေ အေးစက်တဲ့လေသံနဲ့အရှိန်အဝါးတွေက ဂျင်မီကိုကြောက်စိတ်အနည်းငယ်ဝင်စေသည်။ ဂျင်မီဟာ ဒီနယ်မြေတကြောမှာ သူအင်အားကိုယှဥ်တိုက်မယ့်သူမရှိတာအတော်ကြာပြီ ဒါ့အပြင် စိုင်းလုံတို့အဖွဲ့ပူးပေါင်းထားတာကြောင့် တော်ရုံလူကကိုယ့်သေတွင်းကိုယ်မတူးပေ။ ဒါ့ကြောင့်သူ့အားအသားစီးချိန်ဝင်တိုက်နိုင်တဲ့လူဟာ စောနေစေး တစ်ယောက်သာရှိသည်။

" စောနေစေး "

-------

တဖက် နယ်စပ်စခန်းတွက် ခွန်စိုင်းဟာ အဖျားလုံးဝမကျပေ။ ဒါ့ကြောင့် မော့က ရေဝတ်ကိုသေချာတင်ပေးပြီး ဂရုစိုက်​နေရတဲ့အပြင် ခွန်စိုင်းကချွေးတွေအများကြီးထွက်နေတာကြောင့် ခွန်စိုင်းအိတ်ထဲကအဝတ်ထုတ်ကာ မော့ကိုယ်တိုင်ဝတ်လဲ လုပ်ပေးနေရသည်။

" နောင်ကြီး.. နောက်ကြီး.. ဒီမယ် ဆေးလေးသောက်လိုက်နော် "

မော့ သည် ဆေးခွက်ကိုကိုင်ပြီး ခွန်စိုင်းပါးစပ်ဆီတေ့ပေးပေမယ့် ဆေးတော့ပြန်ထွက်ကျလာတာကြောင့် အခက်တွေ့နေတော့သည်။ နောက်ကြံရာမရတဲ့အဆုံး တဲအပြင်ထွက်ကာ တပ်သားတစ်ယောက်ကိုခေါ်လိုက်သည်။

" ကျုပ်ဘာလုပ်ပေးရမလဲ ခေါင်းဆောင် "

" မင်းဟိုဘက်သွားထိုင်ပြီး နောင်ကြီးကိုထိန်းထား ငါဆေးတိုက်မလို့ "

" ဗျာ "

" မကြားဘူးလား။ ထပ်ပြောရမှာလား! "

" မ မဟုတ်ပါဘူး "

မော့ ကိုကြောက်တာနဲ့ ထိုတပ်သားလည်း ခပ်မြန်မြန်ပင် ခွန်စိုင်းခေါင်းရင်းဘက်သွားပြီးအနည်းငယ်ထစေကာ သူ့ကိုမှီခိုင်းထားရင်း ထိန်းထားပေးသည်။ အဲ့တော့မှ မော့လည်းခွန်စိုင်းကိုဆေးတိုက်လို့ရတော့သည်။ ဆေးအကုန်သောက်ပြီးတာနဲ့ ခွန်စိုင်းသည် သူမှီထားတဲ့အရာက မရင်းနှီးသည့်နှယ် ရုန်းကန်နေတာကြောင့် မော့ ချက်ချင်းပဲခွန်စိုင်းကိုအိပ်ရာပေါ်ပြန်ချပေးပြီး တပ်သားကိုထွက်သွားခိုင်းလိုက်သည်။

နာရီအတော်ကြာတဲ့အထိ မော့ မှာ ခွန်စိုင်းကိုအဲ့လိုလုပ်ပေးရင်းတစ်ရေးတောင်မအိပ်မနေပြုစုနေရတော့သည်။
.....

ဂျင်မီတစ်ယောက်သူ့လည်ပင်းပေါ်ကသွေးစွန်းနေတဲ့ဓားကအသားထဲဝင်လာတာကြောင့် သွေးစီးကျနေတာကိုခံစားမိသည်။ ဒါ့ကြောင့် သူမလှုပ်ရဲချေ။

ဒါကိုမြင်တော့ နေစေးက စက်စုတ်ရွံ့ရှာသလိုမျက်လုံးမျိုးနဲ့ကြည့်ကာ။

" မင်းက ကျုပ်ပိုင်နက်ထဲမှာ ဒီအချိန်ထိအသက်ဆက်ရှင်နေခဲ့တာ မင်းကိုယ်မင်းတော်လှချည်တွေးနေတာလား "

" မင်းဘာကိုပြောချင်တာလဲ နေစေး.."

နေစေးက ဂျင်မီရဲ့မသိချင်ယောင်ဆောင်တဲ့မျက်လုံးတွေကိုကြည့်ပြီး။

" မင်းသေချာမှတ်မိလောက်ပါတယ် ကျုပ်မင်းအဖေကိုသတ်ခဲ့တုန်းကဘယ်လိုသေခြင်းတရားမျိုးဖြစ်သွားလဲဆိုတာ

" ....... ဘာ "

ဂျင်မီ တုန်လှုပ်သွားခဲ့သည်။ တချိန်တုန်းက ဂျင်မီအဖေဟာ နေစေးတို့ငြိမ်းချမ်းနေတဲ့ရွာကလေးကိုအပိုင်စီးချင်တာကြောင့် အဲ့ရွာကလူတစ်ယောက်နဲ့အပေးအယူလုပ်ကာ နေစေးအမေဖြစ်သူက သူ့အဖေလက်ထဲမှာအရှက်ကြီးစွာသေဆုံးခဲ့ရသည်။

ဒါ့အပြင် နေစေးတို့အားလုံးလည်း စစ်ဘေးရှောင်ပြေးခဲ့ရတယ် အဲ့အကြောင်းတွေကိုဂျင်မီကောင်းစွာမှတ်မိနေတုန်းပဲ။ ဒါပေမယ့် ဘယ်သူထင်မှာလည်း တချိန်ကအားနည်းပြီးသေငယ်တဲ့ကောင်လေးက အရွယ်ပင်မရောက်သေးတဲ့အချိန်မှာ ရဲဝင့်စွာနဲ့ သူ့အဖေရဲ့အောက်ပိုင်းကိုဖြတ်ထုတ်ကာ ရက်ရက်စက်စက်သေခြင်းမျိုးပေးခဲ့တယ်။

နောက်ပိုင်းမှာ ဂျင်မီအတွက် အဲ့နေ့ကအဖြစ်ပျက်တွေကအိမ်မက်ဆိုးတစ်ခုလိုဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် ဂျင်မီအင်အားကြီးအောင်စုဆောင်းပြီး နေစေးကိုတိုပ်ဖို့အတွက်အမြဲမျှော်လင့်နေခဲ့တယ်။ ဒါပေမယ့်.... သူပန်းတိုင်ပြည့်ခါနီးမှာ..တောက်!! ။

" ဟက် မင်းကအားလုံးသိနေမှပဲ။ ဟုတ်တယ် အဲ့တုန်းကမင်းသတ်လိုက်တဲ့ ငါ့အဖေရဲ့ပုံရိပ်ကြောင့်ငါ့သွေးထဲမှာ မင်းကိုသတ်ချင်တဲ့စိတ်တွေတစ်နေ့မှမငြိမ်းချမ်းခဲ့ဘူး။ "

" ...... "

ရှုံးနိမ့်ခြင်းကိုလှောင်ပြောင်ကာရယ်ရင်း နေစေးကိုပြောနေတဲ့ ဂျင်မီ့မျက်ဝန်းတွေထဲမှာ အမုန်းတရားတွေဟာ တျုင်းဆလို့ပင်မရချေ။

"  ကံတရားကမင်းဘက်မှာဆိုတော့ အခု ငါရှုံးသွားပြီ။ ဒါပေမယ့် မင်းကံကောင်းတယ် ငါသာဒီပွဲမှာနိုင်ခဲ့ရင် မင်းအတွက် အဲ့အချိန်တုန်းကလိုမျိုးထပ်တူညီတဲ့လက်ဆောင်မျိုးပြင်ထားခဲ့တာ ဟားဟား "

ဂျင်မီဟာ နေစေးလက်ထဲမှာ သေတော့မယ်ဆိုတာ သိနေမှတော့ ဘာလို့ဒါတွေပြောမနေရမှာလဲ အနည်းဆုံးတော့ စကားနဲ့စိတ်ဒဏ်ရာပေးလိုက်ရလည်းအမြတ်ပဲမဟုတ်လား။

ဂျင်မီပြောတဲ့ တချိန်ကဆိုတဲ့အဖြစ်အပျက်ကြောင့် နေစေး အံကြိတ်ကာ မျက်လုံးတွေကစူးရဲလျှက်။

" မင်းဘာစကားပြောလိုက်တယ်!! ပြန်ပြောကြည့်စမ်း "

နေစေးရဲ့သွေးအေးရက်စက်တဲ့အသံကြောင့် ဂျင်မီကြောထဲစိမ့်သွားပေမယ့် ဘာပဲဖြစ်ဖြစ် သူကသေမယ့်လူမဟုတ်လား။

" မင်းစခန်းမှာရှိတဲ့ ဧည့်သည်ဆိုတဲ့တစ်ယောက်။ ဟက် အဲ့တစ်ယောက်ကမင်းရဲ့အားနည်းချက်မှန်းငါသိထားတယ်လေ အဲ့တော့ အဲ့ဒီ့ဖြူဖြူဖွေးဖွေးလေးရဲ့အရသာကိုမြည့်ကြည့်လိုက်ရ... အ့ "

ဂျင်မီစကားပင်မဆုံးသေး နေစေးရဲ့ဓားချွန်က ဂျင်မီလည်စိထဲဖောက်ဝင်သွားပြီး ပြန်ဆွဲထုတ်ကာ ဒူးထောက်ကျသွားတဲ့ ဂျင်မီဦးခေါင်းထိတ်ကနေ ပြန်ထိုးစိုက်ချလိုက်တော့သည်။

" မင်းသေခြင်းနဲ့အတူ ယုတ်ညံ့တဲ့အတွေးတွေပါ ယူသွား။ မုဆိုးကပဲ သားကောင်ကိုအမဲလိုက်မယ်..သားကောင်က မုဆိုးကိုအမဲလိုက်တာမျိုး နေစေးဘဝမှာမရှိစေရဘူး! "

ဂျင်မီကိုလက်စသတ်ပြီးနောက် တဲအပြင်ဘက်ထွက်လာတော့ ဘွား၊အယ်ထူး၊ဗြောရယ် တို့ဟာ ဂျင်မီ့အဖွဲ့သားတွေအားလုံးကိုနောက်ပြန်ကြိုးတုတ်ဒူးထောက်ထိုင်ခိုင်းထားပြီး နေစေးကိုအမိန့်ကိုစောင့်နေတာတွေ့လိုက်ရသည်။

နေစေးမို့ကိုတစ်ချက်မော့ကြည့်လိုက်တော့ အနည်းငယ်မှောင်နေပေမယ့် မိုးလင်းခါးနီးပြီဆိုတာသိလိုက်သည်။

* လူကြီးလေး အဖျားသက်သာရဲ့လား * စိုးရိမ်နေတော့သည်။ ဘွား ကပြောသည်။

" ဒီကောင်တွေကိုဘာလုပ်လိုက်ရမလဲ "

နေစေးက အရှင်ကျန်နေသေးတဲ့လူအုပ်ကိုကြည့်ပြီး မျက်တောင်တစ်ချက်မခတ် ။

" စိုင်းလုံရော "

" သေပြီ "

" ကောင်းတယ်။ ကျုပ်မှာ အချိန်မရှိဘူးဘွား။ မြန်မြန်လက်စသတ်ပြီး စခန်းကိုပြန်လိုက်ခဲ့ "

" ကောင်းပြီ "

နေစေး က လက်ကျန်ကိစ္စတွေကို ဘွားကိုအပ်ခဲ့ပြီး အယ်ကိုတစ်ယောက်ကိုသာခေါ်ပြီး နယ်စပ်စခန်းမှာကျန်ခဲ့တဲ့ သူ့လူကြီးလေးဆီခရီးနှင်လာတော့သည်။

* ကျုပ်ပြန်လာပြီစိုင်းဟွမ် *

စခန်းမှာတော့ မိုးလင်းတော့မည့်တိုင် မော့ တစ်ယောက်မနားရဲပေ။ သူအခုချိန်ထိ လုပ်ကိုင်ပေးနေတာတောင် ခွန်စိုင်းအဖျားကျယုံလေးတင်ရှိသေးတယ်။

" ငါဆေးကြိုခိုင်းထားတာ ရပြီလား "

" ရတော့မယ် ခေါင်းဆောင်။ ဒါနဲ့ အဲ့ဧည့်သည်လေးသက်သာရဲ့လား "

" နည်းနည်းသက်သာလာပါတယ် "

တပ်သားကြည့်ရတာ ခွန်စိုင်းကိုစိုးရိမ်နေသလိုပဲမို့ မော့မေးကြည့်လိုက်သည်။

" မင်းက ဧည့်သည်လေးကိုစိုးရိမ်နေတာလား "

" ကျွန်တော်ကသူ့ကိုလည်းစိုးရိမ်ပါတယ် ဒါပေမယ့် ကျုပ်တို့အသက်လေးကိုပိုစိုးရိမ်တာဗျ။ ခေါင်းဆောင်ကြားတဲ့အတိုင်းပဲ ဦးဆောင်သူကသူ့ဧည့်သည်လေးနဲ့ပက်သတ်ရင်အမှားဖြစ်လို့မရဘူးလေ။ ဧည့်သည်လေးသက်သာမှ ကျုပ်တို့လည်းအသက်ရှုချောင်မှာ "

ဒီတစ်ခါတော့ တပ်သားလေးစကားကိုမော့ထောက်ခံလိုက်သည်။ ဟုတ်တော့လည်းဟုတ်သည်။ နေစေးပြန်လာတဲ့အချိန်မှာ နောင်ကြီးခွန်စိုင်းမသက်သာသေးတဲ့အပြင်ပိုဆိုးလာမယ်ဆိုရင် သူတို့အားလုံးခေါင်းပြတ်မှာမလွဲပဲ။

" ကဲကဲ ကြောက်တယ်ဆိုရင် ဆေးသာအမြန်သွားလုပ်ချည်။ ဆေးတစ်ခွက်တိုက်ရဦးမယ် "

" ဟုတ်ဟုတ် "

ပြောပြီးတာနဲ့ တပ်သားကဆေးကြိုးနေတဲ့ဆီကိုပြေးသွားတော့သည်။ မော့ လည်း တဲအိမ်ထဲပြန်ဝင်ပြီး ခွန်စိုင်းကိုကြည့်တော့ ထပ်ပြီး ချွေးတွေစိုရွဲနေတာမှ ရေချိုးထားတဲ့အတိုင်းပဲ။ အဲ့တာကြောင့် မော့က ခွန်စိုင်းစောင်ကိုဖယ်ကာ အကျီကျယ်သီးတွေ စဖြုတ်နေတဲ့အချိန် ။

" မင်းဘာလုပ်နေတာလဲ! !!! "

" နေစေး ပြန်လာပြီလား "

နေစေးသည် မျက်မှောင်ကျုံ့၍ မော့ကိုတွန်းဖယ်ကာ ခွန်စိုင်းဆီအပြေးသွားပြီးအကျီကျယ်သီးတွေပြန်တပ်ကာ မော့ အားစိမ်းစိမ်းဝါးဝါးကြည့်လျှက်။

" ကျုပ်မေးတာ မင်းအခုဘာလုပ်နေသလဲလို့ "

" ဟမ်.. အော် ကျုပ်လား။ နောင်ကြီးကိုအကျီလဲပေးမလို့လေ။ သူချွေးတွေအတော်လေးထွက်နေတာရော် "

နေစေး ကြည့်လိုက်တော့ တကယ်ပင် ခွန်စိုင်းခန္ဓာကိုယ်ကချွေးတွေစိုနေတာကြောင့် နံဘေးကိုကြည့်လိုက်တော့ ခွန်စိုင်းအကျီလေးငါးထည်ကိုတွေ့လိုက်သည်။ နေစေး ထိုအကျီတွေကိုလက်ညှိုးထိုးပြကာ ။

" အဲ့အကျီတွေ။ မင်းလဲပေးထားတာလား "

" ဟုတ်တယ်လေ။ ကျုပ်လဲပေးထားတာ တညလုံးပဲ "

" အခုမလိုတော့ဘူး ထွက်သွားတော့! "

" ဟမ်.. မင်းတစ်ယောက်တည်းရပါ့... "

" ရတယ် အရင်ထွက်သွားချည် "

နေစေးရဲ့မှုန်ကုတ်နေတဲ့မျက်နှာကဘာကြောင့်မှန်းမသိပေမယ့် မော့ လည်းထွက်လာပေးလိုက်သည်။ အပြင်ရောက်တော့ တပ်သားလေးကဆေးခွက်ကိုင်ပြီး။

" ခေါင်းဆောင် ဒီမှာဆေး ကျွန်တော်အထဲမှာသွားထားပေးရမလား "

မော့ က တွေးနေရင်း ချိန်ဆဆနှင့်။

" မင်းအခုနေသွားရင် နေစေးသတ်လိမ့်မယ် သွား အဲ့တာနောက်မှာသွားထားလိုက်။ လိုမှပြန်နွေးလိုက်ချည် "

" ဦးဆောင်သူပြန်ရောက်နေတာလား "

" အင်း "

" ဟုတ်.. ဟုတ်ကဲ့ "

တပ်သားလည်းနေစေးရောက်နေတယ်ကြားတာနဲ့ပြေးတာတန်းနေရောပဲ ။

မော့ အတွေးစကိုပြန်တွေးနေသည်။ မိုးမလင်းခင် နေစေးပြန်ရောက်လာတယ်ဆိုကတည်းက သူတို့စစ်ဆင်ရေးအောင်နိုင်သွားလို့ပဲ။ ဒါဆို မနယ်ဖြန်နေ့လည်လောက် ဘွား ပြန်လာလိမ့်မယ်..သူပြန်လာရင် ပြောစရာတွေရှိနေတာပဲ။

တဲအိမ်ထဲက နေစေးကတော့ မျက်နှာဆူပုတ်မှုန်ကုတ်ကာစိတ်မကြည်မလင်ဖြစ်လို့နေသည်။ ခွန်စိုင်းကျန်းမာရေးအတွက်လိုအပ်လိုဆိုပေမယ့် သူပိုင်တဲ့ခွန်စိုင်းရဲ့ခန္ဓကိုယ်ကို တခြားတစ်ယောက်ထိကိုင်တာမျိုး အတွေးနဲ့တင်ရူးမလောက်သဝန်တို၏။

နေစေးသည် သူ့ခါးကပစ်စတိုနှင့် ဓားတို့ကိုအနားကခုံပေါ်သို့တင်ကာ ခွန်စိုင်းကိုအကျီချွတ်လဲပေးရင်း သက်ပြင်းရှည်တစ်ချက်ချကာ ။

" အဲ့ဒါတွေအကုန် ခင်ဗျားလေးကြောင့်ပဲ။ ခင်ဗျားလေးနေပြန်ကောင်းလာမှကျုပ်နဲ့စရင်းရှင်းရမယ် "

အပြစ်ဆိုသံမပါတဲ့ အလိုလိုက်သံအပြည့်မာန်မဲနေပုံက ခွန်စိုင်းချစ်တဲ့ အက်ဒွက်ကြီးပါပင်။

အကျီအဝတ်လဲပေးပြီးနောက် နေစေးကခွန်စိုင်းကိုစောင်သေချာလေးခြုံပေးပြီးအပြင်ထွက်မည်အပြု ခွန်စိုင်းမသိစိတ်က နေစေးအကျီလက်ကိုဆုတ်ကိုင်ထားတာတွေ့တော့ နေစေးမှာပြုံးမိပြန်သည်။ ခွန်စိုင်းဟာ သူ့အားအချိန်တိုင်းလိုအပ်နေတဲ့ခံစားချက်နဲ့စိတ်လေးကို နေစေးသဘောကျမိသည်။ ထို့ကြောင့် ပြုံးနေမိရင်းပင် ခွန်စိုင်းနှဖူးလေးသို့အနမ်းခြွေကာ။

" ကျုပ်ကိုအပြင်မသွားစေချင်ဘူးပေါ့။ ကောင်းပြီ ကျုပ်ဒီမှာရှိနေပေးမယ်နော် "

ထိုသို့ပြောပြီး နေစေးသည် ခွန်စိုင်းနံဘေးသို့ဝင်လှဲကာ သူ့လက်မောင်းပေါ်သို့ခွန်စိုင်းကိုခေါင်းအုံးစေလိုက်သည်။ အနွေးဓာတ်တစ်ခုရရှိသွားတဲ့ခွန်စိုင်းဟာ ရင်းနှီးနေတဲ့အပြုအမူလေးအတိုင်း နေစေးရင်ခွင်ထဲသို့ကလေးလေးလိုတိုးဝင်ကာဖက်ထားလိုက်သည်။ ဒါကိုပင် နေစေးမှာ အသည်းတယားယားနှင််။

" ခင်ဗျားလေး ကျုပ်ကိုသတ်နေတာပဲဗျာ "

ခွန်စိုင်းကိုအဖော်ပြုပေးတဲ့နေစေးတစ်ယောက်ခဏလေးအတွင်းမှာပင် ခွန်စိုင်းနဲ့အတူမှေးခနဲ့အိပ်ပျော်လို့သွားသည်။

______________________________________________

# VOTE & CM  Please ✌
# September - 8 - 2022
# MOEWATHAN 💓

______________________________________________

Zawgyi ။

ေတာင္ေအာက္ေျခနားမွာေျမလဲေနတဲ့ ခြန္စိုင္းကိုေနေစးေတြ႕လိုက္ရတာေၾကာင့္ ႏွလုံးေဆာင့္တတ္သြားၿပီလားထင္ရေအာင္ေၾကာက္လန့္တၾကား ခြန္စိုင္းအနားေျပးသြားေပြ႕လိုက္သည္။

" စိုင္းဟြမ္.. "

ေနေစးသည္ ခြန္စိုင္းကိုေပြ႕လွ်က္ပါးေလးကိုပုတ္ပုတ္ႏွိုးကာ ေျခေတြလက္ေတြကိုဘယ္ေလာက္ထိခိုက္သြားသလဲဆိုတာေသခ်ာစစ္ေဆးေနသည္။ ၿပီးေနာက္ ေျခမ်က္စိနားမွာ အညိုပုတ္အေရာင္ျဖစ္ေနတာေတြ႕မွေျခေခါက္လဲတာျဖစ္မွန္းသိလိုက္သည္။ ေနေစးသည္ ခြန္စိုင္းလက္ကေလးကဒဏ္ရာတစ္ခ်ိဳ႕နဲ႕အခုလိုေတြ႕လိုက္ရတာ သူ႕ရင္ထဲတကယ္မခ်ိေပ။ သူအျမတ္တနိုးအထိခိုက္မရွိေထြးေပြ႕ထားတဲ့ ဒီလူသားေလးအေပၚ သူကာကြယ္မႈ႕လိုအပ္ခ်က္ေၾကာင့္ အခုလိုေတြျဖစ္သြားရ​ျပန္ၿပီ။

သို႔ေသာ္ အခုေလာက္ေလးျဖစ္တာမို႔ဘုရားသခင္ကိုသာေက်းဇူးတင္ရင္း ခြန္စိုင္းကိုေပြ႕ကာ စခန္းကိုျပန္လာခဲ့သည္။ လမ္းမွာ ဘြား နဲ႕ေမာ့တို႔လည္းစုံတာေၾကာင့္ အားလုံးစခန္းသို႔သာျပန္ခဲ့သည္။ ေနေစးတို႔စခန္းေရာက္တဲ့အခ်ိန္မွာ မိုးပင္ခ်ဳပ္ေနေလၿပီ။

စခန္းေရာက္တာႏွင့္ ေနေစးသည္အားလုံးကိုအျပင္ထြက္ေစကာ စခန္းမွာအသင့္ထားတဲ့ေဆးေသတၱာကိုယူၿပီး ခြန္စိုင္းရဲ႕မိုးစိုေနတဲ့အဝတ္စားေတြအကုန္ခြၽတ္ျပစ္လိုက္သည္။ ၿပီးေနာက္ အဝတ္တစ္ခုေရစြတ္ကာခြန္စိုင္းကိုေရပတ္တိုက္ေပး၏။ အဲ့အခ်ိန္မွာ သတိရတစ္ခ်က္ မရတစ္ခ်က္ျဖစ္ေနတဲ့ ခြန္စိုင္းသည္ သူ႕ေခါင္းတစ္ခုလုံးတစ္ေယာက္ေယာက္ရိုက္ထားသကဲ့သို႔နာက်င္မႈနဲ႕နိုးလာၿပီးမ်က္လုံးဖြင့္ၾကည့္သည္။

" အက္...ဒြက္ "

အသံဟာလုံးဝမထြက္သလိုတိုးညွင္းေပမယ့္ လႈပ္ရွားမႈ႕ေၾကာင့္ ေနေစးၾကည့္လိုက္ေတာ့သူ႕အားၾကည့္ေနတဲ့ လူႀကီးေလး။ ေနေစးသည္ ခြန္စိုင္းလက္ကေလးကိုဆုတ္ကိုင္ကာ အားရဝမ္းသာႏွင့္။

" စိုင္းဟြမ္ ခင္ဗ်ားသတိရလာၿပီလား။ က်ဳပ္ေလ ခင္ဗ်ားကို..ေသေလာက္ေအာင္စိတ္ပူေနခဲ့တာ "

ထိုသို႔ေျပာၿပီး ေဝ့သီလာတဲ့မ်က္ရည္ၾကည္ေတြကမထင္မွတ္စြာ ခြန္စိုင္းလက္ဖမိုးေလးေပၚက်လိဳ႕သြားသည္။ ေနေစး ဘဝမွာခ်စ္ရသူကိုဆုံးရႈံးရမယ့္ေနာက္တစ္ႀကိမ္ရွိလာမွာေသေလာက္ေအာင္ေၾကာက္တာ သူကိုယ္တိုင္ပဲသိမည္။ သူကၾကမ္းတမ္းရိုင္းစိုင္းေသာ္လည္း သူ႕ခ်စ္တဲ့ ဒီလူႀကီးေလးကသူ႕အား တျခားအရာမ်ားႏွင့္ယွဥ္ရင္ေတာင္ သူ႕ကိုသာဦးစားေပးအျဖစ္ေ႐ြးခ်ယ္ခဲ့တယ္။ ဒါေပမယ့္ ဒီလူႀကီးေလးရဲ႕ လုံၿခဳံမႈ႕ကိုေတာ့သူအျပည့္အဝမေပးနိုင္ခဲ့လို႔ဒီလိုေတြခံစားရတာ ႏွစ္ႀကိမ္မွ်ရွိခဲ့ၿပီ။
ထိုသို႔ေတြးလိုက္တိုင္း ေနေစးရင္ထဲသူ႕အသုံးမက်မႈ႕ကိုအျပစ္တင္ရင္းပို၍ငိုမိသည္။

" က်ဳပ္ေတာင္းပန္ပါတယ္စိုင္းဟြမ္။ ထပ္ၿပီး က်ဳပ္အသုံးမက်မႈ႕ေၾကာင့္..."

"... "

" က်ဳပ္တကယ္ေတာင္းပန္ပါတယ္ဗ်ာ.. "

အိမ္မက္လား တကယ္လားမသဲကြဲတဲ့ခြန္စိုင္းဟာ ေနေစးငိုေနတာေတြ႕ေတာ့ သူေခါင္းကနာက်င္မႈ႕ထက္ႏွလုံးသားကနာက်င္မႈ႕ကႀကီးစိုးေန၏။

* မငိုပါနဲ႕.. ကိုယ္မင္းကိုအျပစ္မတင္ဘူးေလ *

သူ႕မသိစိတ္ထဲမွာသာေျပာခ်င္ေသာ္လည္း ဒဏ္ရာအရွိန္ေၾကာင့္ေရာ အဖ်ားႀကီးလာတာမို႔ပါျပန္၍သတိလစ္သြားေခ်ၿပီ။

ေနေစးက ခြန္စိုင္းျပန္သတိလစ္သြားမွန္းသိတာေၾကာင့္ သူ႕လုပ္လက္စေတြကိုျမန္ျမန္လုပ္ကိုင္ၿပီး ခြန္စိုင္းကိုေႏြးေထြးေစမယ့္အဝတ္စားဝတ္ေပး၍ေစာင္အထပ္ထပ္ေသခ်ာၿခဳံေပးလိုက္သည္။ ထိုစဥ္။

" ေနေစး က်ဳပ္ပါ.. ဝင္လာလို႔အဆင္ေျပမလား "

ေနေစးက ခြန္စိုင္းလက္ေလးကိုေစာင္ေအာက္ထည့္ၿပီးလုံၿခံစိတ္ခ်ရၿပီဆိုမွ။

" ဝင္ခဲ့ခ်ည္ "

ဘြား က လက္ထဲမွာေဆးပန္ကန္လုံးအေသးကိုင္ၿပီး ေနာက္တြင္ေမာ့ပါလာခဲ့သည္။

" ဒီမွာ ေနာင္ႀကီးအတြက္ေဆး "

ေနေစးက ေဆးခြက္ကိုယူၿပီး အပူေအးေစရန္ေလမႈတ္ေနလိုက္သည္။ ေနေစးရဲ႕ပုံစံကတည္ၿငိမ္ေနသလိုထင္ရေပမယ့္ သူစိတ္ထဲဘယ္ေလာက္ထိခက္ထန္ေနမလဲေတြးၾကည့္လို႔ပင္မလြယ္ေပ။ ေမာ့ က သူ႕အမွားအတြက္ေရွ႕ထြက္ကာ ေနေစးကိုေျပာလိုက္သည္။

" ေနေစး က်ဳပ္ေတာင္းပန္ပါတယ္။ ေနာင္ႀကီးကို က်ဳပ္ဂ႐ုမစိုက္နိုင္ခဲ့ဘူး က်ဳပ္ကိုအျပစ္ေပးပါ "

အဲ့လိုေျပာၿပီးၿပီခ်င္း ေနေစးေရွ႕မွာဒူးေထာက္ခ်လိဳက္တဲ့ ေမာ့ေၾကာင့္ ဘြား မ်က္ႏွာပ်က္ကာ ေမာ့အားခ်က္ခ်င္းဆြဲထူလိုက္ေပမယ့္ ေမာ့ကလက္မခံေပ။ ေနေစးကေတာ့ ေမာ့ေျပာေနတာေရာ လုပ္ရက္ေရာဘာတစ္ခုမွဝင္မေျပာေပ။ ေမာ့ က သူ႕သူငယ္ခ်င္းအရင္းျဖစ္ေသာ္လည္း ခြန္စိုင္းကိုေစာင့္ေရွာက္ခိုင္းတဲ့အႀကိမ္တိုင္းမွာ အႀကိမ္ႀကိမ္ပင္က်ရႈံးခဲ့တယ္။ ဒါသူဘယ္လိုမွစိတ္ထဲေကာင္းမေန။ ဒါ့အျပင္ သူရွိေနရက္နဲ႕ ဘာမဟုတ္တဲ့သစၥာေဖာက္ေကာင္ကသူ႕လူႀကီးေလးကိုအနိုင္က်င့္ဖို႔အခြင့္အေရးရွိခဲ့တယ္ အဲ့တာေတြေတြးမိတိုင္း တခ္မူးကိုသူသတ္ခ်င္တယ္..မဟုတ္ဘူးသူသတ္ကိုသတ္ျပစ္မွာ ။ အဲ့ေကာင္ ေနမထြက္ေစရဘူး!။

ေမာ့ က ေနေစးတိတ္ဆိတ္ေနတာေတြ႕ၿပီး ကိုယ့္ကိုကိုယ္ပိုပို၍အျပစ္တင္စိတ္ျဖစ္လာခဲ့သည္။ သူငယ္ခ်င္းရဲ႕ယုံၾကည္မႈ႕ႏွစ္ႀကိမ္မွတာဝန္မေက်ခဲ့သည့္သူ..ေသသင့္တယ္။

" က်ဳပ္ကိုသတ္ခ်င္သတ္လိုက္ပါေနေစး က်ဳပ္အျပစ္အတြက္ က်ဳပ္တာဝန္ယူရဲတယ္ "

" ေမာ့ "

ဘြား က ေမာ့စကားကိုအထိတ္တလန့္ဝင္တားသည္။ ေနေစးသည္လည္း ဘယ္ေလာက္ပင္စိတ္ဆိုးပါေစဦး..ေမာ့ စိတ္ဓာတ္ကိုသိေနတဲ့သူမို႔ အျပစ္တင္ရင္ေတာင္ သူလစ္လ်ႈမရႉနိုင္။

" ထပါ။ "

" မထဘူး။ က်ဳပ္ကိုအျပစ္ေပးပါေနေစး "

ေမာ့ ေခါင္းမာတတ္တာသိတဲ့ေနေစးက သူ႕လက္ထဲေဆးခြက္ခ်ကာ သူကိုယ္တိုင္ပင္သက္ျပင္းရွည္တစ္ခ်က္ခ်ၿပီး ေမာ့ကိုထူလိုက္သည္။

" ေနေစး "

" က်ဳပ္မင္းကိုအျပစ္မတင္ဘူးလို႔မလိမ္ခ်င္ဘူးေမာ့။ ဒါေပမယ့္ က်ဳပ္ဧည့္သည္ေလးရဲ႕လုံၿခဳံေရးအတြက္ မင္းကိုအတန္တန္အပ္ခဲ့၊ တာဝန္ေပးခဲ့ေပမယ့္ သက္ဆိုင္သူျဖစ္တဲ့က်ဳပ္ကိုယ္တိုင္မွာလည္း တာဝန္အျပည့္ရွိတယ္ အမွန္ဆို က်ဳပ္အတၱေၾကာင့္သူ႕ကိုဒီကိုေခၚမလာပဲ လုံၿခဳံတဲ့ေနရာဆီပို႔ခဲ့ရမွာ။ အဲ့ဒါေၾကာင့္ "

ေနေစး ေျပာၿပီးတာႏွင့္ ခြန္စိုင္းအနားျပန္သြားတာ သူ႕လက္ကေလးကိုဆုတ္ကိုင္ၿပီးမ်က္ႏွာေလးအားတစိမ့္စိမ့္ၾကည့္ကာ။

" က်ဳပ္အျပစ္လည္းအမ်ားႀကီးပါပါတယ္ "

ေနေစး ေျပာတဲ့အထဲ ' သက္ဆိုင္သူ ' ဆိုတဲ့အခ်က္ေၾကာင့္ နဂိုေခါင္းငုံ႕ထားတဲ့ေမာ့တစ္ေယာက္ခ်က္ခ်င္းပင္ေနေစးကိုေမာ့ၾကည့္ကာ တဖက္ခြန္စိုင္းကိုၾကည့္လိုက္သည္။ သူမ်ားနားၾကားမွားတာလား ဒါမွမဟုတ္ ေနေစးေျပာတဲ့သက္ဆိုင္သူဆိုတဲ့ အဓိပၸာယ္ကပဲလြဲေနတာလား?ထုတ္မေမးေသာလည္း ဒြိဟျဖစ္ေနရွာသည္။ သူ႕ေဘးနားက ဘြားကိုၾကည့္လိုက္ေတာ့ ဒီအေျခအေနကပုံမွန္ျဖစ္ၿပီးလြဲမွားေနတာမရွိသကဲ့သို႔ပင္။

ထိုစဥ္ေနေစးတို႔ရွိရာဆီသို႔ တပ္သားတစ္ေယာက္ကဝတ္စုံလက္နက္အျပည့္အစုံနဲ႕ေရာက္လာသည္။ ထိုသူက အယ္ထူး။

" ေခါင္းေဆာင္ "

အယ္ထူးအသံၾကားေတာ့ ဘြား ကအေျခအေနကိုသိလိုက္တာေၾကာင့္ ေခါင္းညွိမ့္ျပလိုက္တာႏွင့္ အယ္ထူးခ်က္ခ်င္းျပန္ထြက္သြားသည္။ ခြန္စိုင္းအဖ်ားေတြအရမ္းတတ္ေနတာေၾကာင့္ ႏွဖူးေပၚေရဝတ္တင္ေပးေနတဲ့ ေနေစးကိုၾကည့္ၿပီး ဘြားေျပာလိုက္သည္။

" ေနေစး အခ်ိန္က်ၿပီ "

" ....... "

ဘာအတြက္ အခ်ိန္လဲဆိုတာသိေနတဲ့ ေနေစးတစ္ေယာက္။ ေရွ႕သြားလို႔ေနာက္စိတ္မေျဖာင့္ျဖစ္လို႔ေနသည္။

" ဒီစစ္ဆင္ေရးကို မင္းဦးေဆာင္နိုင္မလားဘြား "

ဒီစကားေၾကာင့္ ေမာ့ အံၾသသြားသည္။ ဘြား ကေတာ့သိေနၿပီးျဖစ္တာေၾကာင့္ လက္မခံ။

" ေနေစး က်ဳပ္ဦးမေဆာင္နိုင္ဘူး။ ဒီစစ္ဆင္ေရးက မင္းကိုယ္တိုင္ဦးေဆာင္မွရမယ္ဆိုတာ မင္းကိုယ္တိုင္သိေနတာပဲမဟုတ္လား။ ေနာက္ ဒီစစ္ဆင္ေရးအတြက္က်ဳပ္တို႔အမ်ားႀကီးအခ်ိန္ကုန္လူပန္းထားရတာ။အခုခ်ိန္မွမတိုက္ရင္က်ဳပ္တို႔အားလုံးႀကိဳးစားထားသမွ်အလဟသျဖစ္ကုန္မွာမလြဲပဲ "

" .... "

ေနေစး က ဘြားေျပာတာကိုနားလည္တယ္။ ဒါေပမယ့္ ခြန္စိုင္းရဲ႕လက္ရွိအေျခအေနက သူစိတ္ခ်လက္ခ်သြားနိုင္ပါ့မလားဆိုတာေတာင္သူမသိဘူး။ မေတာ္လို႔ အဖ်ားမက်ပဲ ငွက္ဖ်ားပိုးဝင္သြားရင္ေရာ ဘယ္လိုလုပ္ၾကမလဲ။

ဘြားနဲ႕ေမာ့ က ေနေစးရဲ႕ေဝခြဲရခက္ေနတဲ့စိတ္ေၾကာင့္ ေမာ့ကဝင္ေျပာလိုက္သည္။

" ေနေစး ဒီတႀကိမ္ေတာ့ေနာက္ဆုံးအႀကိမ္အျဖစ္ က်ဳပ္ကိုယုံၾကည္ေပးပါ။ က်ဳပ္မင္းျပန္လာတဲ့အထိ ေနာင္ႀကီးအနားကဘယ္မွမခြာပဲေစာင့္ေရွာက္ေပးေနပါ့မယ္။"

အခိုင္အမာႀကီးေျပာလာတဲ့ ေမာ့ကိုၾကည့္ၿပီး ဘြားလည္းဝင္ေထာက္ခံသည္။

" ဟုတ္တယ္ေနေစး။ ေတာသူေတာင္သားေတြတိုက္ပြဲေၾကာင့္အေသအေၾကမမ်ားဖို႔အတြက္ သူတို႔ေတြလက္နက္ေစာင့္ေနတဲ့အခ်ိန္ကိုအသုံးခ်ၿပီး က်ဳပ္တို႔ဒီညအျမစ္ျဖတ္မွျဖစ္မယ္ "

" ေကာင္းၿပီ က်ဳပ္ဒီတစ္ခ်ိန္ေတာ့ မင္းကိုထပ္ယုံၾကည္ေပးလိုက္မယ္ေမာ့။ က်ဳပ္ဧည့္သည္ေလးကိုအတတ္နိုင္ဆုံးဂ႐ုစိုက္ေပးဖို႔ေမွ်ာ္လင့္တယ္ "

" စိတ္ခ်ပါ "

ေနေစးသည္ သူတို႔ႏွစ္ေယာက္ေရွ႕မွာပင္ ခြန္စိုင္းရဲ႕ပူျခစ္ေနတဲ့ႏွဖူးေလးကိုတျမတ္တနိုးနမ္းရွိုက္ကာ။

" က်ဳပ္ျပန္လာရင္ ခင္ဗ်ားအၿပဳံးေလးနဲ႕ႀကိဳေနတာျမင္ခ်င္တာမို႔ ျမန္ျမန္သတိရေနပါ "

ဘြား ကအသားက်ေနသလိုရွိေပမယ့္ ေမာ့ကေတာ့ဒီအေျခအေနကို ေခါင္းထဲမွာတကယ္ႀကီး ?? ျပည့္လို႔ေနသည္။ သို႔ေပမယ့္ အခုခ်ိန္မွာေမးလို႔ေကာင္းတာမရွိေပ။

ခဏၾကာၿပီးေနာက္ ေနေစးလိုအပ္တာေတြအျပင္ လက္နက္တစ္ခ်ိဳ႕ကိုပါျပင္ဆင္ၿပီးဘြားနဲ႕အတူထြက္လာခဲ့သည္။ တဲအျပင္ဘက္မွာေစာင့္ေနတဲ့ အယ္ထူး နဲ႕ ေျဗာရယ္အျပင္ တတ္သားေတြအားလုံးဟာေျပာက္က်ားဝတ္စုံကိုယ္စီ၊လက္နက္အျပည့္အစံႏွင့္ ဒီစစ္ဆင္ေရးအတြက္ျပင္ဆင္မႈ႕အေသးစိတ္မွာ သူတို႔မ်က္ႏွာတြင္ပင္ အမည္းဆီျဖင့္လက္ေခ်ာင္းရာမ်ားသုတ္လို႔ထား၏ ေနေစးတို႔ေရာက္လာတာျမင္တာနဲ႕ခ်က္ခ်င္းအဆင္သင့္အေနအထားႏွင့္ျဖစ္လို႔ေနသည္။

ႀကီးမားၿပီးေတာင့္ေျဖာင့္တဲ့ခႏၶာကိုယ္ႏွင့္ ခါးတြက္ ပစ္စတိုေသနတ္တစ္လက္ရွိၿပီး တကိုယ္လုံးရဲ႕သင့္တင့္ေနရာေတြမွာ လက္နက္အျပည့္အစုံထည့္ထားသည့္ ေနေစးဟာ ဒီစစ္ဆင္ေရးအတြက္ေသြးဆူေနေတာ့သည္။

" အားလုံးအသင့္ျဖစ္ၿပီလား "

" ျဖစ္ပါၿပီ "

" အယ္ထူး မင္းကက်ဳပ္တို႔စီစဥ္ထားတဲ့အတိုင္း အေနာက္ဘက္ေရေၾကာင္းကေန သူတို႔ခြဲတန္းခ်ထားတဲ့အဖြဲ႕ကိုကိုင္တြယ္ပါ။ေျဗာရယ္ မင္းတို႔က က်ဳပ္ေျပာတဲ့လမ္းေၾကာင္းအတိုင္းအဖြဲ႕ခြဲၿပီးတိုက္၊ စိုင္းလုံ ရွိတဲ့ဘက္ကတပ္သားေတြကို ဘြား တို႔အဖြဲ႕တာဝန္ယူ။ က်ဳပ္က ဂ်င္မီတို႔အဖြဲ႕ဘက္ကိုသြားမယ္။ "

" ဟုတ္ကဲ့ဦးေဆာင္သူ "

အဖြဲ႕ခြဲတမ္းခ်ၿပီးခ်ိန္မွာ အယ္ထူးက အမည္းဆီဗူးကိုေနေစးတို႔ဆီကမ္းေပးတာေၾကာင့္ေနေစးနဲ႕ဘြားနဲ႕ယူၿပီး လက္ေခ်ာင္းေတြသုတ္ကာ မ်က္ႏွာေပၚျပန္သုတ္လိုက္သည္။ ထို႔အျပင္ေနေစးသည္ သူ႕အက်င့္အတိုင္း ေခါင္းပတ္တဲ့သဘတ္တစ္ထည္ကိုေခါင္းမွာခ်ည္၍ သိပ္ကိုခန့္ျငားလို႔ေနသည္။

အားလုံးအသီးသီးတာဝန္ေတြေပးခဲ့ေသာ္လည္း ဒီနယ္စပ္တပ္စခန္းအတြက္ သူ႕ဧည့္သည္ေလးရဲ႕လုံၿခဳံေရးကိုေတာ့မေမ့ေသးေခ်။ ဒါ့ေၾကာင့္ ေနေစးသည္ ဘြား ကို တခ္မူးကိုသူ႕ဆီေခၚလာခိုင္းလိုက္သည္။

ေခါင္းနဲ႕မ်က္ႏွာေပၚမွာေသြးအလိမ္းလိမ္းနဲ႕ဖူးေရာင္ေနတဲ့ တခ္မူးသည္ ေသခ်ာေပါက္ေျခေထာက္ရိုက္ခ်ိဳးခံထားရတယ္ထင္၏ ဘြား ေခၚလာတဲ့အခ်ိန္မွာပင္ တ႐ြတ္တိုက္ေလွ်ာက္လာရသည္။ တပ္သားေတြအားလုံးကေန႕ခ်င္းညခ်င္းထိုသို႔ျဖစ္သြားတဲ့ တခ္မူးကိုၾကည့္ကာ ေနေစးကိုပိုပို၍ေၾကာက္လန့္လာၾကသည္။

ေနေစးက ေသနတ္ဝ'ကိုအသံတိတ္ေျပာင္းတပ္ဆင္၍။

" က်ဳပ္တို႔စစ္ဆင္ေရးသြားတဲ့အခ်ိန္မွာ မင္းတို႔ရဲ႕တာဝန္က ဒီစခန္းကိုေစာင့္ေရွာက္ဖို႔ပဲ။ သို႔ေသာ္ ဒီစခန္းနဲ႕ဦးစားေပးယွဥ္လိုက္ရင္ အဓိကဦးစားေပးကာကြယ္ရမွာက တဲအိမ္ထဲမွာရွိတဲ့ က်ဳပ္ဧည့္သည္ေလးပဲ။ "

ေနေစးက တခ္မူးဘက္ၾကည့္ကာ ေသနတ္နဲ႕ထိုးျပ၍။

" မင္းတို႔ထဲကတစ္ေယာက္ေယာက္က ဒီေကာင့္လိုမ်ိဳး က်ဳပ္ဧည့္သည္ေလးအေပၚစကားနဲ႕ျဖစ္ေစ ကိုယ္ထိလပ္ေရာက္ျဖစ္ေစ ထိပါးရဲရင္... "

ေျပာၿပီးေနာက္ တခ္မူးရဲ႕ပါးစပ္ထဲသို႔ေသနတ္ေတ့ကာ ပစ္ထည့္လိုက္သည္။

" သူ႕ထက္ဆိုးတဲ့အဆုံးသတ္ကိုခံစားေစရမယ္။ တခ္မူးဟာရန္သူနဲ႕လက္တြဲၿပီးစခန္းအတြင္းသစၥာေဖာက္တယ္။ သူ႕လုပ္ရက္က ေဆြစဥ္မ်ိဳးဆက္အထိပါလိုက္သတ္ျပစ္ဖို႔လုံေလာက္ေပမယ့္ ဒီေကာင္ကေဆြမ်ိဳးမိသားစုမရွိတာသနားစရာပဲ "

ေနေစးဟာ သူ႕ကိုၾကည့္ၿပီးအားလုံးဟာႏွဖူးေခြၽးေစျပန္ၿပီးေတာင္းတင္းေနတာေတြ႕ေတာ့။

" ကိုယ့္တာဝန္ကိုယ္ေက်ဖိဳ႕ေမွ်ာ္လင့္တယ္ "

" က်ဳပ္တို႔တာဝန္ေက်ပြန္ေအာင္ႀကိဳးစားပါ့မယ္ " All !!

နယ္စပ္စခန္းမွာ လူအင္အားနည္းေပမယ့္ ေနေစးသည္ အေကာင္းဆုံးႏွင့္အေတာ္ဆုံးေတြကိုသာ ထားေပးခဲ့သည္။ အနည္းဆုံးေတာ့သူ႕တာဝန္ကိုျမန္ျမန္အဆုံးသတ္ၿပီးတာနဲ႕ ခြန္စိုင္းအနားျပန္လာလို႔ရၿပီဆိုေတာ့ သူအလွ်င္လိုေနသည္။

ေနေစးတို႔လူအင္အားအမ်ားစုကျဖန့္က်က္ကာေရာက္ေနၿပီမို႔ ေနေစးတို႔ေရာက္သြားခ်ိန္မွာ အခ်ိန္ေကာင္းကိုပဲေစာင့္ရန္လိုေတာ့သည္။

စိုင္းလုံနဲ႕ ဂ်င္မီတို႔အဖြဲ႕ဟာ ေသမင္းအနီးကပ္ေရာက္ေနတာကိုမသိဘဲ ဒီညအတြက္အႀကိဳေအာင္ပြဲခံျခင္းဆိုတဲ့ေခါင္းစဥ္နဲ႕ တပ္စခန္းမွာ စားေသာက္ေပ်ာ္ပါးေနၿပီး လူတိုင္းကမူး႐ူးေနခ်ိန္ျဖစ္ၾကသည္။ ေနေစးကဒီအကြက္ကိုေစာင့္ေနျခင္းျဖစ္သည္။ ဒီညမွာ စိုင္းလုံနဲ႕ဂ်င္မီတို႔အဖြဲ႕ေတြထိုသို႔ျပဳလုပ္မယ္ဆိုတာ ႀကိဳသိၿပီးသားမိုပင္ ဒီညကိုေ႐ြးခ်ယ္ကာ စစ္ဆင္ေရးစဖို႔အတြက္သူတို႔အမ်ားႀကီးအားစိုက္ထုတ္ထားရသည္။

ေျပာရမယ္ဆိုရင္ စိုင္းလုံနဲ႕ဂ်င္မီဟာ ေစာေနေစးရဲ႕အင္အားကိုအထင္ေသးေနတာျဖစ္သည္။
ေနေစးဟာဒီနယ္ေျမတေက်ာကိုသူ႕အစြမ္းစနဲ႕ယူခဲ့ျခင္းရဲ႕ေနာက္ကြယ္မွာ လူမသိတဲ့ဘယ္လိုအာဏာလက္ဝါးႀကီးရွိေနမယ္ဆိုတာသူတို႔လုံးဝသိခဲ့ျခင္းမရွိတာေၾကာင့္ပင္။

ေနေစးဟာ သူတို႔တပ္ဖြဲ႕ေလာက္ကိုေန႕ခ်င္းညခ်င္းရွင္းျပစ္ဖို႔လြယ္ေပမယ့္ အခ်ိန္အတိုင္းတာတစ္ခုထိအေသးစိတ္စီစဥ္ခဲ့တယ္ အဲ့တာေတြရဲ႕အေၾကာင္းျပခ်က္က ခြန္စိုင္းဟြမ္ျဖစ္သည္။ ေနေစး အစကခြန္စိုင္းမျပန္ေအာင္အတင္းပိတ္ေလွာင္ထားမယ့္စိတ္ကူးရွိေပမယ့္ သူ႕အားခ်စ္သည့္ခြန္စိုင္းဟာ ေနေစးကို အႏၲရယ္ၾကားထဲထားခဲ့မွာမဟုတ္မွန္ေနေစးသိသည္။ ဒါ့ေၾကာင့္ ဒီလိုအေျခအေနကိုဆက္ျဖစ္ေစခဲ့တာပင္ ဒါကိုပင္မသိတဲ့ တခ္မူးတစ္ေယာက္ၾကားထဲက ေလာဘစိတ္ေၾကာင့္ သစၥာေဖာက္ေျမဇာပင္ျဖစ္သြားေတာ့သည္။

အခ်ိန္အားျဖင့္ ညနက္သတတ္နက္လာၿပီးေနာက္ အခ်ိန္က်လာၿပီျဖစ္သည္။ ေနေစးသည္ အယ္ထူးတို႔တပ္ဖြဲ႕ကိုအရင္ခ်ီတတ္ေစၿပီးေနာက္ ေျဗာရယ္နဲ႕ ဘြားကိုလည္း မေရွးမေနာင္းပင္ခ်ီတတ္ေစသည္။

တဖက္တြင္ စိုင္းလုံဟာ အရက္ေသာက္တာမ်ားေနၿပီမို႔ ကိုယ့္ကိုကိုယ္ပင္မနိုင္ေတာ့ေပ။ ဒါေပမယ့္ ဂ်င္မီကေတာ့အစာအိမ္သမားမို႔ သိပ္အမ်ားႀကီးမေသာက္နိုင္။ ဒါ့ေၾကာင့္ သူ႕လူေတြေသာက္တာကိုသာၾကည့္ၿပီး သူ႕တပ္သားေတြကိုတိုက္ပြဲမစခင္မွာေပ်ာ္ပါးေစသည္။ မၾကာခင္ သူ႕ပန္းတိုင္နဲ႕သူ႕ရည္႐ြယ္ခ်က္ေတြျပည့္ေတာ့မယ္ဆိုတဲ့အသိနဲ႕စိတ္ထဲမွာၾကည္ႏူးေနခဲ့သည္။

" ခြမ္းး!! "

" ဟားဟား စိုင္းလုံကေတာ့ကြာ တကယ္ႀကီးေမွာက္သြားတာပဲ "

စိုင္းလုံအမူးလြန္ၿပီးေမွာက္သြားတာေၾကာင့္ ဂ်င္မီကစိုင္းလုံကိုသူ႕တဲကိုထမ္းၿပီးျပန္ပို႔ခိုင္းလိုက္ေတာ့သည္။ သူ႕စခန္းကတပည့္ေတြလည္းအားလုံးကမူးေနၾကေပမယ့္အသိေတာ့ရွိေသးသည္။

" ကဲ ေႏွာင္းဖဲ မင္းတို႔ေသာက္စားၿပီးရင္ ကင္းလွည့္တာဝန္အတြက္လည္းေမ့မေနနဲ႕ ငါအနားယူေတာ့မယ္ "

" ဟုတ္ကဲ့ေခါင္းေဆာင္ "

ေျပာၿပီးတာနဲ႕ ဂ်င္မီကသူ႕အိပ္တဲ့ေနရာဆီအနားယူဖို႔ျပန္သြားသည္။ အဲ့ေနာက္ပိုင္းမွာ တဖက္က ေနေစးတို႔အဖြဲ႕ရဲ႕တိတ္တဆိတ္သတ္ျဖတ္ျခင္းခံေနရတဲ့လူေတြဟာ အသိစိတ္ပင္ဝင္ခ်ိန္မရလိုက္ပဲ ေနေစးတို႔လူေတြရဲ႕လက္ေအာက္မွာ အသက္ဆုံးရႈံးခဲ့ရေတာ့သည္။

" ေဟ့ အဲ့မွာ ဘယ္သူလဲကြ ! "

" အားးး !!!"

ေႏွာင္းဖဲတို႔အုပ္စုသည္ အေဝးကလာေနတဲ့ ေနေစးတို႔ကိုေတြ႕ၿပီးစခန္းကက်န္လူေတြကိုအသံေပးကာ တဖက္ႏွင့္တဖက္စတင္တိုက္ခိုက္ၾကေတာ့သည္။ ေနေစးသည္ သူ႕လူေတြကိုတစ္ေယာက္မက်န္အကုန္သတ္ျပစ္ခိုင္းထားတာမို႔ အဖြဲ႕သားေတြက အခြင့္အေရးရတုန္းအားလုံးကိုအလြတ္မေပးပဲ စတင္သတ္ျဖတ္ၾကေတာ့သဘ္။ ေနေစးသည္လည္း လက္ထဲက ဓားတိုႏွင့္ သူ႕ဆီလာတဲ့လူေတြရဲ႕ဓားကိုခုခံၿပီးတိုက္ခိုက္ေနေတာ့သည္။

" ဒိုင္း "

ထိုအခ်ိန္ ဂ်င္မီတို႔အဖြဲ႕ဘက္က ေသနတ္နဲ႕ထုတ္ပစ္ကာ အားလုံးရွဲသြားၾကၿပီး သူတျပန္ကိုယ္တျပန္ပစ္ခတ္ၾကေတာ့သည္။ တိုက္ခိုက္တဲ့အသံေတြ၊ေသနတ္သံေတြေၾကာင့္ ဂ်င္မီဟာ သူ႕အိပ္ရာေဘးရွိေသနတ္ကိုဆြဲထုတ္ယူကာ တဲအျပင္သို႔ထြက္မယ္ျပင္လိုက္စဥ္။

" ဘယ္ကိုေျပးမလို႔ႀကံေနတာလဲ ဂ်င္မီ "

မ်က္ႏွာအမဲေၾကာင္းေတြဘယ္ေလာက္ပဲပုံဖ်က္ထားပါေစ ေအးစက္တဲ့ေလသံနဲ႕အရွိန္အဝါးေတြက ဂ်င္မီကိုေၾကာက္စိတ္အနည္းငယ္ဝင္ေစသည္။ ဂ်င္မီဟာ ဒီနယ္ေျမတေၾကာမွာ သူအင္အားကိုယွဥ္တိုက္မယ့္သူမရွိတာအေတာ္ၾကာၿပီ ဒါ့အျပင္ စိုင္းလုံတို႔အဖြဲ႕ပူးေပါင္းထားတာေၾကာင့္ ေတာ္႐ုံလူကကိုယ့္ေသတြင္းကိုယ္မတူးေပ။ ဒါ့ေၾကာင့္သူ႕အားအသားစီးခ်ိန္ဝင္တိုက္နိုင္တဲ့လူဟာ ေစာေနေစး တစ္ေယာက္သာရွိသည္။

" ေစာေနေစး "

-------

တဖက္ နယ္စပ္စခန္းတြက္ ခြန္စိုင္းဟာ အဖ်ားလုံးဝမက်ေပ။ ဒါ့ေၾကာင့္ ေမာ့က ေရဝတ္ကိုေသခ်ာတင္ေပးၿပီး ဂ႐ုစိုက္​ေနရတဲ့အျပင္ ခြန္စိုင္းကေခြၽးေတြအမ်ားႀကီးထြက္ေနတာေၾကာင့္ ခြန္စိုင္းအိတ္ထဲကအဝတ္ထုတ္ကာ ေမာ့ကိုယ္တိုင္ဝတ္လဲ လုပ္ေပးေနရသည္။

" ေနာင္ႀကီး.. ေနာက္ႀကီး.. ဒီမယ္ ေဆးေလးေသာက္လိုက္ေနာ္ "

ေမာ့ သည္ ေဆးခြက္ကိုကိုင္ၿပီး ခြန္စိုင္းပါးစပ္ဆီေတ့ေပးေပမယ့္ ေဆးေတာ့ျပန္ထြက္က်လာတာေၾကာင့္ အခက္ေတြ႕ေနေတာ့သည္။ ေနာက္ႀကံရာမရတဲ့အဆုံး တဲအျပင္ထြက္ကာ တပ္သားတစ္ေယာက္ကိုေခၚလိုက္သည္။

" က်ဳပ္ဘာလုပ္ေပးရမလဲ ေခါင္းေဆာင္ "

" မင္းဟိုဘက္သြားထိုင္ၿပီး ေနာင္ႀကီးကိုထိန္းထား ငါေဆးတိုက္မလို႔ "

" ဗ်ာ "

" မၾကားဘူးလား။ ထပ္ေျပာရမွာလား! "

" မ မဟုတ္ပါဘူး "

ေမာ့ ကိုေၾကာက္တာနဲ႕ ထိုတပ္သားလည္း ခပ္ျမန္ျမန္ပင္ ခြန္စိုင္းေခါင္းရင္းဘက္သြားၿပီးအနည္းငယ္ထေစကာ သူ႕ကိုမွီခိုင္းထားရင္း ထိန္းထားေပးသည္။ အဲ့ေတာ့မွ ေမာ့လည္းခြန္စိုင္းကိုေဆးတိုက္လို႔ရေတာ့သည္။ ေဆးအကုန္ေသာက္ၿပီးတာနဲ႕ ခြန္စိုင္းသည္ သူမွီထားတဲ့အရာက မရင္းႏွီးသည့္ႏွယ္ ႐ုန္းကန္ေနတာေၾကာင့္ ေမာ့ ခ်က္ခ်င္းပဲခြန္စိုင္းကိုအိပ္ရာေပၚျပန္ခ်ေပးၿပီး တပ္သားကိုထြက္သြားခိုင္းလိုက္သည္။

နာရီအေတာ္ၾကာတဲ့အထိ ေမာ့ မွာ ခြန္စိုင္းကိုအဲ့လိုလုပ္ေပးရင္းတစ္ေရးေတာင္မအိပ္မေနျပဳစုေနရေတာ့သည္။
.....

ဂ်င္မီတစ္ေယာက္သူ႕လည္ပင္းေပၚကေသြးစြန္းေနတဲ့ဓားကအသားထဲဝင္လာတာေၾကာင့္ ေသြးစီးက်ေနတာကိုခံစားမိသည္။ ဒါ့ေၾကာင့္ သူမလႈပ္ရဲေခ်။

ဒါကိုျမင္ေတာ့ ေနေစးက စက္စုတ္႐ြံ႕ရွာသလိုမ်က္လုံးမ်ိဳးနဲ႕ၾကည့္ကာ။

" မင္းက က်ဳပ္ပိုင္နက္ထဲမွာ ဒီအခ်ိန္ထိအသက္ဆက္ရွင္ေနခဲ့တာ မင္းကိုယ္မင္းေတာ္လွခ်ည္ေတြးေနတာလား "

" မင္းဘာကိုေျပာခ်င္တာလဲ ေနေစး.."

ေနေစးက ဂ်င္မီရဲ႕မသိခ်င္ေယာင္ေဆာင္တဲ့မ်က္လုံးေတြကိုၾကည့္ၿပီး။

" မင္းေသခ်ာမွတ္မိေလာက္ပါတယ္ က်ဳပ္မင္းအေဖကိုသတ္ခဲ့တုန္းကဘယ္လိုေသျခင္းတရားမ်ိဳးျဖစ္သြားလဲဆိုတာ

" ....... ဘာ "

ဂ်င္မီ တုန္လႈပ္သြားခဲ့သည္။ တခ်ိန္တုန္းက ဂ်င္မီအေဖဟာ ေနေစးတို႔ၿငိမ္းခ်မ္းေနတဲ့႐ြာကေလးကိုအပိုင္စီးခ်င္တာေၾကာင့္ အဲ့႐ြာကလူတစ္ေယာက္နဲ႕အေပးအယူလုပ္ကာ ေနေစးအေမျဖစ္သူက သူ႕အေဖလက္ထဲမွာအရွက္ႀကီးစြာေသဆုံးခဲ့ရသည္။

ဒါ့အျပင္ ေနေစးတို႔အားလုံးလည္း စစ္ေဘးေရွာင္ေျပးခဲ့ရတယ္ အဲ့အေၾကာင္းေတြကိုဂ်င္မီေကာင္းစြာမွတ္မိေနတုန္းပဲ။ ဒါေပမယ့္ ဘယ္သူထင္မွာလည္း တခ်ိန္ကအားနည္းၿပီးေသငယ္တဲ့ေကာင္ေလးက အ႐ြယ္ပင္မေရာက္ေသးတဲ့အခ်ိန္မွာ ရဲဝင့္စြာနဲ႕ သူ႕အေဖရဲ႕ေအာက္ပိုင္းကိုျဖတ္ထုတ္ကာ ရက္ရက္စက္စက္ေသျခင္းမ်ိဳးေပးခဲ့တယ္။

ေနာက္ပိုင္းမွာ ဂ်င္မီအတြက္ အဲ့ေန႕ကအျဖစ္ပ်က္ေတြကအိမ္မက္ဆိုးတစ္ခုလိုျဖစ္လာခဲ့တယ္။ ဒါ့ေၾကာင့္ ဂ်င္မီအင္အားႀကီးေအာင္စုေဆာင္းၿပီး ေနေစးကိုတိုပ္ဖို႔အတြက္အၿမဲေမွ်ာ္လင့္ေနခဲ့တယ္။ ဒါေပမယ့္.... သူပန္းတိုင္ျပည့္ခါနီးမွာ..ေတာက္!! ။

" ဟက္ မင္းကအားလုံးသိေနမွပဲ။ ဟုတ္တယ္ အဲ့တုန္းကမင္းသတ္လိုက္တဲ့ ငါ့အေဖရဲ႕ပုံရိပ္ေၾကာင့္ငါ့ေသြးထဲမွာ မင္းကိုသတ္ခ်င္တဲ့စိတ္ေတြတစ္ေန႕မွမၿငိမ္းခ်မ္းခဲ့ဘူး။ "

" ...... "

ရႈံးနိမ့္ျခင္းကိုေလွာင္ေျပာင္ကာရယ္ရင္း ေနေစးကိုေျပာေနတဲ့ ဂ်င္မီ့မ်က္ဝန္းေတြထဲမွာ အမုန္းတရားေတြဟာ တ်ဳင္းဆလို႔ပင္မရေခ်။

"  ကံတရားကမင္းဘက္မွာဆိုေတာ့ အခု ငါရႈံးသြားၿပီ။ ဒါေပမယ့္ မင္းကံေကာင္းတယ္ ငါသာဒီပြဲမွာနိုင္ခဲ့ရင္ မင္းအတြက္ အဲ့အခ်ိန္တုန္းကလိုမ်ိဳးထပ္တူညီတဲ့လက္ေဆာင္မ်ိဳးျပင္ထားခဲ့တာ ဟားဟား "

ဂ်င္မီဟာ ေနေစးလက္ထဲမွာ ေသေတာ့မယ္ဆိုတာ သိေနမွေတာ့ ဘာလို႔ဒါေတြေျပာမေနရမွာလဲ အနည္းဆုံးေတာ့ စကားနဲ႕စိတ္ဒဏ္ရာေပးလိုက္ရလည္းအျမတ္ပဲမဟုတ္လား။

ဂ်င္မီေျပာတဲ့ တခ်ိန္ကဆိုတဲ့အျဖစ္အပ်က္ေၾကာင့္ ေနေစး အံႀကိတ္ကာ မ်က္လုံးေတြကစူးရဲလွ်က္။

" မင္းဘာစကားေျပာလိုက္တယ္!! ျပန္ေျပာၾကည့္စမ္း "

ေနေစးရဲ႕ေသြးေအးရက္စက္တဲ့အသံေၾကာင့္ ဂ်င္မီေၾကာထဲစိမ့္သြားေပမယ့္ ဘာပဲျဖစ္ျဖစ္ သူကေသမယ့္လူမဟုတ္လား။

" မင္းစခန္းမွာရွိတဲ့ ဧည့္သည္ဆိုတဲ့တစ္ေယာက္။ ဟက္ အဲ့တစ္ေယာက္ကမင္းရဲ႕အားနည္းခ်က္မွန္းငါသိထားတယ္ေလ အဲ့ေတာ့ အဲ့ဒီ့ျဖဴျဖဴေဖြးေဖြးေလးရဲ႕အရသာကိုျမည့္ၾကည့္လိုက္ရ... အ့ "

ဂ်င္မီစကားပင္မဆုံးေသး ေနေစးရဲ႕ဓားခြၽန္က ဂ်င္မီလည္စိထဲေဖာက္ဝင္သြားၿပီး ျပန္ဆြဲထုတ္ကာ ဒူးေထာက္က်သြားတဲ့ ဂ်င္မီဦးေခါင္းထိတ္ကေန ျပန္ထိုးစိုက္ခ်လိဳက္ေတာ့သည္။

" မင္းေသျခင္းနဲ႕အတူ ယုတ္ညံ့တဲ့အေတြးေတြပါ ယူသြား။ မုဆိုးကပဲ သားေကာင္ကိုအမဲလိုက္မယ္..သားေကာင္က မုဆိုးကိုအမဲလိုက္တာမ်ိဳး ေနေစးဘဝမွာမရွိေစရဘူး! "

ဂ်င္မီကိုလက္စသတ္ၿပီးေနာက္ တဲအျပင္ဘက္ထြက္လာေတာ့ ဘြား၊အယ္ထူး၊ေျဗာရယ္ တို႔ဟာ ဂ်င္မီ့အဖြဲ႕သားေတြအားလုံးကိုေနာက္ျပန္ႀကိဳးတုတ္ဒူးေထာက္ထိုင္ခိုင္းထားၿပီး ေနေစးကိုအမိန့္ကိုေစာင့္ေနတာေတြ႕လိုက္ရသည္။

ေနေစးမို႔ကိုတစ္ခ်က္ေမာ့ၾကည့္လိုက္ေတာ့ အနည္းငယ္ေမွာင္ေနေပမယ့္ မိုးလင္းခါးနီးၿပီဆိုတာသိလိုက္သည္။

* လူႀကီးေလး အဖ်ားသက္သာရဲ႕လား * စိုးရိမ္ေနေတာ့သည္။ ဘြား ကေျပာသည္။

" ဒီေကာင္ေတြကိုဘာလုပ္လိုက္ရမလဲ "

ေနေစးက အရွင္က်န္ေနေသးတဲ့လူအုပ္ကိုၾကည့္ၿပီး မ်က္ေတာင္တစ္ခ်က္မခတ္ ။

" စိုင္းလုံေရာ "

" ေသၿပီ "

" ေကာင္းတယ္။ က်ဳပ္မွာ အခ်ိန္မရွိဘူးဘြား။ ျမန္ျမန္လက္စသတ္ၿပီး စခန္းကိုျပန္လိုက္ခဲ့ "

" ေကာင္းၿပီ "

ေနေစး က လက္က်န္ကိစၥေတြကို ဘြားကိုအပ္ခဲ့ၿပီး အယ္ကိုတစ္ေယာက္ကိုသာေခၚၿပီး နယ္စပ္စခန္းမွာက်န္ခဲ့တဲ့ သူ႕လူႀကီးေလးဆီခရီးႏွင္လာေတာ့သည္။

* က်ဳပ္ျပန္လာၿပီစိုင္းဟြမ္ *

စခန္းမွာေတာ့ မိုးလင္းေတာ့မည့္တိုင္ ေမာ့ တစ္ေယာက္မနားရဲေပ။ သူအခုခ်ိန္ထိ လုပ္ကိုင္ေပးေနတာေတာင္ ခြန္စိုင္းအဖ်ားက်ယဳံေလးတင္ရွိေသးတယ္။

" ငါေဆးႀကိဳခိုင္းထားတာ ရၿပီလား "

" ရေတာ့မယ္ ေခါင္းေဆာင္။ ဒါနဲ႕ အဲ့ဧည့္သည္ေလးသက္သာရဲ႕လား "

" နည္းနည္းသက္သာလာပါတယ္ "

တပ္သားၾကည့္ရတာ ခြန္စိုင္းကိုစိုးရိမ္ေနသလိုပဲမို႔ ေမာ့ေမးၾကည့္လိုက္သည္။

" မင္းက ဧည့္သည္ေလးကိုစိုးရိမ္ေနတာလား "

" ကြၽန္ေတာ္ကသူ႕ကိုလည္းစိုးရိမ္ပါတယ္ ဒါေပမယ့္ က်ဳပ္တို႔အသက္ေလးကိုပိုစိုးရိမ္တာဗ်။ ေခါင္းေဆာင္ၾကားတဲ့အတိုင္းပဲ ဦးေဆာင္သူကသူ႕ဧည့္သည္ေလးနဲ႕ပက္သတ္ရင္အမွားျဖစ္လို႔မရဘူးေလ။ ဧည့္သည္ေလးသက္သာမွ က်ဳပ္တို႔လည္းအသက္ရႈေခ်ာင္မွာ "

ဒီတစ္ခါေတာ့ တပ္သားေလးစကားကိုေမာ့ေထာက္ခံလိုက္သည္။ ဟုတ္ေတာ့လည္းဟုတ္သည္။ ေနေစးျပန္လာတဲ့အခ်ိန္မွာ ေနာင္ႀကီးခြန္စိုင္းမသက္သာေသးတဲ့အျပင္ပိုဆိုးလာမယ္ဆိုရင္ သူတို႔အားလုံးေခါင္းျပတ္မွာမလြဲပဲ။

" ကဲကဲ ေၾကာက္တယ္ဆိုရင္ ေဆးသာအျမန္သြားလုပ္ခ်ည္။ ေဆးတစ္ခြက္တိုက္ရဦးမယ္ "

" ဟုတ္ဟုတ္ "

ေျပာၿပီးတာနဲ႕ တပ္သားကေဆးႀကိဳးေနတဲ့ဆီကိုေျပးသြားေတာ့သည္။ ေမာ့ လည္း တဲအိမ္ထဲျပန္ဝင္ၿပီး ခြန္စိုင္းကိုၾကည့္ေတာ့ ထပ္ၿပီး ေခြၽးေတြစို႐ြဲေနတာမွ ေရခ်ိဳးထားတဲ့အတိုင္းပဲ။ အဲ့တာေၾကာင့္ ေမာ့က ခြန္စိုင္းေစာင္ကိုဖယ္ကာ အက်ီက်ယ္သီးေတြ စျဖဳတ္ေနတဲ့အခ်ိန္ ။

" မင္းဘာလုပ္ေနတာလဲ! !!! "

" ေနေစး ျပန္လာၿပီလား "

ေနေစးသည္ မ်က္ေမွာင္က်ဳံ႕၍ ေမာ့ကိုတြန္းဖယ္ကာ ခြန္စိုင္းဆီအေျပးသြားၿပီးအက်ီက်ယ္သီးေတြျပန္တပ္ကာ ေမာ့ အားစိမ္းစိမ္းဝါးဝါးၾကည့္လွ်က္။

" က်ဳပ္ေမးတာ မင္းအခုဘာလုပ္ေနသလဲလို႔ "

" ဟမ္.. ေအာ္ က်ဳပ္လား။ ေနာင္ႀကီးကိုအက်ီလဲေပးမလို႔ေလ။ သူေခြၽးေတြအေတာ္ေလးထြက္ေနတာေရာ္ "

ေနေစး ၾကည့္လိုက္ေတာ့ တကယ္ပင္ ခြန္စိုင္းခႏၶာကိုယ္ကေခြၽးေတြစိုေနတာေၾကာင့္ နံေဘးကိုၾကည့္လိုက္ေတာ့ ခြန္စိုင္းအက်ီေလးငါးထည္ကိုေတြ႕လိုက္သည္။ ေနေစး ထိုအက်ီေတြကိုလက္ညွိုးထိုးျပကာ ။

" အဲ့အက်ီေတြ။ မင္းလဲေပးထားတာလား "

" ဟုတ္တယ္ေလ။ က်ဳပ္လဲေပးထားတာ တညလုံးပဲ "

" အခုမလိုေတာ့ဘူး ထြက္သြားေတာ့! "

" ဟမ္.. မင္းတစ္ေယာက္တည္းရပါ့... "

" ရတယ္ အရင္ထြက္သြားခ်ည္ "

ေနေစးရဲ႕မႈန္ကုတ္ေနတဲ့မ်က္ႏွာကဘာေၾကာင့္မွန္းမသိေပမယ့္ ေမာ့ လည္းထြက္လာေပးလိုက္သည္။ အျပင္ေရာက္ေတာ့ တပ္သားေလးကေဆးခြက္ကိုင္ၿပီး။

" ေခါင္းေဆာင္ ဒီမွာေဆး ကြၽန္ေတာ္အထဲမွာသြားထားေပးရမလား "

ေမာ့ က ေတြးေနရင္း ခ်ိန္ဆဆႏွင့္။

" မင္းအခုေနသြားရင္ ေနေစးသတ္လိမ့္မယ္ သြား အဲ့တာေနာက္မွာသြားထားလိုက္။ လိုမွျပန္ေႏြးလိုက္ခ်ည္ "

" ဦးေဆာင္သူျပန္ေရာက္ေနတာလား "

" အင္း "

" ဟုတ္.. ဟုတ္ကဲ့ "

တပ္သားလည္းေနေစးေရာက္ေနတယ္ၾကားတာနဲ႕ေျပးတာတန္းေနေရာပဲ ။

ေမာ့ အေတြးစကိုျပန္ေတြးေနသည္။ မိုးမလင္းခင္ ေနေစးျပန္ေရာက္လာတယ္ဆိုကတည္းက သူတို႔စစ္ဆင္ေရးေအာင္နိုင္သြားလို႔ပဲ။ ဒါဆို မနယ္ျဖန္ေန႕လည္ေလာက္ ဘြား ျပန္လာလိမ့္မယ္..သူျပန္လာရင္ ေျပာစရာေတြရွိေနတာပဲ။

တဲအိမ္ထဲက ေနေစးကေတာ့ မ်က္ႏွာဆူပုတ္မႈန္ကုတ္ကာစိတ္မၾကည္မလင္ျဖစ္လို႔ေနသည္။ ခြန္စိုင္းက်န္းမာေရးအတြက္လိုအပ္လိုဆိုေပမယ့္ သူပိုင္တဲ့ခြန္စိုင္းရဲ႕ခႏၶကိုယ္ကို တျခားတစ္ေယာက္ထိကိုင္တာမ်ိဳး အေတြးနဲ႕တင္႐ူးမေလာက္သဝန္တို၏။

ေနေစးသည္ သူ႕ခါးကပစ္စတိုႏွင့္ ဓားတို႔ကိုအနားကခုံေပၚသို႔တင္ကာ ခြန္စိုင္းကိုအက်ီခြၽတ္လဲေပးရင္း သက္ျပင္းရွည္တစ္ခ်က္ခ်ကာ ။

" အဲ့ဒါေတြအကုန္ ခင္ဗ်ားေလးေၾကာင့္ပဲ။ ခင္ဗ်ားေလးေနျပန္ေကာင္းလာမွက်ဳပ္နဲ႕စရင္းရွင္းရမယ္ "

အျပစ္ဆိုသံမပါတဲ့ အလိုလိုက္သံအျပည့္မာန္မဲေနပုံက ခြန္စိုင္းခ်စ္တဲ့ အက္ဒြက္ႀကီးပါပင္။

အက်ီအဝတ္လဲေပးၿပီးေနာက္ ေနေစးကခြန္စိုင္းကိုေစာင္ေသခ်ာေလးၿခဳံေပးၿပီးအျပင္ထြက္မည္အျပဳ ခြန္စိုင္းမသိစိတ္က ေနေစးအက်ီလက္ကိုဆုတ္ကိုင္ထားတာေတြ႕ေတာ့ ေနေစးမွာၿပဳံးမိျပန္သည္။ ခြန္စိုင္းဟာ သူ႕အားအခ်ိန္တိုင္းလိုအပ္ေနတဲ့ခံစားခ်က္နဲ႕စိတ္ေလးကို ေနေစးသေဘာက်မိသည္။ ထို႔ေၾကာင့္ ၿပဳံးေနမိရင္းပင္ ခြန္စိုင္းႏွဖူးေလးသို႔အနမ္းေႁခြကာ။

" က်ဳပ္ကိုအျပင္မသြားေစခ်င္ဘူးေပါ့။ ေကာင္းၿပီ က်ဳပ္ဒီမွာရွိေနေပးမယ္ေနာ္ "

ထိုသို႔ေျပာၿပီး ေနေစးသည္ ခြန္စိုင္းနံေဘးသို႔ဝင္လွဲကာ သူ႕လက္ေမာင္းေပၚသို႔ခြန္စိုင္းကိုေခါင္းအုံးေစလိုက္သည္။ အေႏြးဓာတ္တစ္ခုရရွိသြားတဲ့ခြန္စိုင္းဟာ ရင္းႏွီးေနတဲ့အျပဳအမူေလးအတိုင္း ေနေစးရင္ခြင္ထဲသို႔ကေလးေလးလိုတိုးဝင္ကာဖက္ထားလိုက္သည္။ ဒါကိုပင္ ေနေစးမွာ အသည္းတယားယားႏွင္္။

" ခင္ဗ်ားေလး က်ဳပ္ကိုသတ္ေနတာပဲဗ်ာ "

ခြန္စိုင္းကိုအေဖာ္ျပဳေပးတဲ့ေနေစးတစ္ေယာက္ခဏေလးအတြင္းမွာပင္ ခြန္စိုင္းနဲ႕အတူေမွးခနဲ႕အိပ္ေပ်ာ္လို႔သြားသည္။

______________________________________________

# VOTE & CM  Please ✌
# September - 8 - 2022
# MOEWATHAN 💓

______________________________________________

Continue Reading

You'll Also Like

486K 62.1K 36
"အရုဏ်က ကျုပ်ရှင်သန်နေရခြင်းရဲ့ အကြောင်းပြချက်ပဲ။" "အရုဏ္က က်ဳပ္ရွင္သန္ေနရျခင္းရဲ့ အေၾကာင္းျပခ်က္ပဲ။" Start Date- 29.6.2021 End Date- 22.9.2021
834K 84.6K 116
Zawgyi.. Rebirth ပုံစံေလးေရးမွာမို႔လို႔ အမွားပါရင္ခြင့္လႊတ္ေပးပါ.. VVက အခုမွ ႀကိဳးစားၿပီးအားထုတ္ေနရတဲ့ Author ေပါက္စေလးပါ.. ေရွ႕မွာလည္း fanfic...
192K 17.7K 18
ဒီတိုင်းရိုးရှင်းတဲ့ဇာတ်လမ်းလေးပါပဲ...Rick kid type တွေတအားသဘောကျလို့ပါ...။ အပိုင်းတိုတိုလေးနဲ့စိတ်ထွက်ပေါက်ရချင်လို့ရေးတာပါ ဒီတိုင္းရိုးရွင္းတဲ့ဇာတ္...
1.2M 102K 43
Myanmar × BL 24.7.21 - 6.7.22