ချစ်သောဗီလိန်လေး 2 (Ongoing)

By eett97

27.3K 3.1K 754

#DZ ၂၁ရာစုသမီးပျိုလေး ကားမတော်တဆဖြစ်ရာနေ system 1005နှင့်တွေ့ဆုံပြီးနောက် ............ ဒီဇာတ်လမ်းကတော့ ပါဝါရိ... More

In Space
ကူးပြောင်းခြင်းမိတ်ဆက်
ဇာတ်ကောင်မိတ်ဆက်
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
please 🙏❤
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
Note 📌
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပ်ပုဒိတ် မဟုတ်သေးပါ
🙇🏻
အပိုင်း ၂၂

အပိုင်း ၂၁

400 44 8
By eett97

Unicode

ကာတာရှီတယောက် အဆက်အသွယ်အားလုံးကိုသုံးပြီး စုံးစမ်းပေမဲ့ လုံးဝအစအနမရပေ။ cctvများအား စစ်ဆေးသော်လည်း တိုက်ပွဲဖြစ်စဥ်အတွင်း ပျက်စီးသွားကြသဖြင့် ထင်သလောက် အထောက်အထားရရှိခြင်းမရှိချေ။တခုတည်းသောသဲလွန်စက အနက်ရောင်မြူငွေ့များသာဖြစ်သည်။

ပိုင်ဝေ့ရှင်းကို ရိုက်မိထားသောcctvရှုထောင့်တခုတွင် ပုတ်သင်ညို၏တိုက်ခိုက်မှုကြောင့် ပိုင်ဝေ့ရှင်းသတိလစ်သွားတာကိုတွေ့ရပြီး မြူငွေ့များဖုံးလွှမ်းလာကာ တခဏအကြာတွင် ပိုင်ဝေ့ရှင်းပျောက်သွားခြင်းဖြစ်သည်။

ရုံးချုပ်ရဲ့လက်တံကတောင် လွတ်နိုင်တဲ့အင်အားစုက ဘယ်လိုမျိုးလဲ။ ဘာကြောင့်ရော ပိုင်ဝေ့ရှင်းကိုဖမ်းသွားတာလဲ ။ ဖမ်းသွားတယ်လို့ပဲယေဘူယျယူရမည်ဖြစ်သည်။ တခြားအကြောင်းပြချက်ရှာမတွေ့ပေ ။ ရက်သတ္တပတ်အနည်းငယ်အထိ ပိုင်ဝေ့ရှင်းရဲ့သတင်း ကြားရခြင်းမရှိချေ ။ Kingdomကော်ပိုရေးရှင်းက နည်းပညာပိုင်းဆိုင်ရာအတော်ဆုံးလူတွေနဲ့ cctvကို သေချာအောင်ပြန်ကြည့်တဲ့အခါ လူရိပ်မှုန်မှုန်လေးတခုကို အနက်ရောင်မြူငွေ့များကြားတွေ့လိုက်ရသည်။ လူလုံးမကွဲသဖြင့် လမ်းစက ပျောက်နေပြန်သည်။
....................

ပိုင်ဝေ့ရှင်းပျောက်ဆုံးပြီး ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများလဲမရှိ ငြိမ်သက်နေသည်။
ကျောင်းကိုသွားကာ စာကြည့်တိုက်အတွင်း လူစိမ်းကိုရှာရတဲ့အလုပ်တခု ယုကီအီတယောက် ပုံမှန်ရနေသည်။ ထိုလူစိမ်းကသူတယောက်ထဲရှိချိန်ဆို စကားလာပြောပေမဲ့ ရိုစလီတယောက် ဘေးမှာရှိချိန်ဆို စကားလုံးဝလာမပြောချေ ။

ယုကီအီ အခုချိန်ထိ သူ့နာမည်ကိုမသိသေးပါ။ လူစိမ်းလို့ပဲ မှတ်ထားခြင်းဖြစ်သည်။ ဒီနေ့လဲ ပိုင်ဝေ့ရှင်းသတင်းကို ကြားရနိုးနိုးဖြင့် စာကြည့်တိုက်အား အစောကြီးသွားကာ ရှာနေမိသည်။ ထုံးစံအတိုင်း ကိုယ်တော်ချောက တွေ့နေကျနေရာက စာအုပ်စင်ကိုမှီကာ ရပ်စောင့်နေသည် ။ ယုကီအီ အပြေးလေးသွားကာ မေးလိုက်သည်။

"ဟေ့လူ ရှင်းကို အခုထိပြန်မပို့ပေးသေးဘူးလား?.. ခများရဲ့လူကြီးကရော ဘာအတွက် ရှင်းကိုခေါ်ထားတာလဲ?.. ရှင်းကိုအိမ်ကစိတ်ပူနေပြီ..ပြန်ပို့ပေးတော့.."

" သူမကို သူမအိမ်က လုံးဝစိတ်ပူနေမှာမဟုတ်ဘူးလို့ ကိုယ်သေချာပြောရဲတယ်... မကြာခင် သူမ ပြန်လာပါလိမ့်မယ်... မင်း အတွေးများမနေနဲ့...သူများအကြောင်းတွေပဲစိတ်ဝင်စားမနေနဲ့. ကိုယ့်ကိုကိုယ်လဲဂရုစိုက်..အခုလိုလုပ်နေတာတွေရပ်လိုက်တော့..နောက်ကျမင်းပဲ ေနာင်တရလိမ့်မယ်..အဖြစ်အပျက်တခုကို ရေရေရာရာမသိပဲ လမ်းလွဲလိုက်နေတာတော်လိုက်တော့.. မကြာခင် အ​ဖြေတခုက ရှင်းရှင်းလင်းလင်းကြီး ေပါ်လာတော့မှာ..."

" ဘာအကြောင်းလဲ?..ကျုပ်က ဘာလုပ်နေလို့လဲ?..ဟာ ဟေ့လူ ပြောသွားဦးလေ သေသေချာချာ... ဟေ့လူ... "

နောက်ပြန်လက်ပြရင်း ထွက်သွားသောသူအား ကြည့်ရင်း စိတ်ကောက်မိသည်။
...ဘာ စိတ်ကောက်တယ် ၊ မှားနေတယ်ကွ ဒေါသထွက်တာလို့ ပြောရတယ်ဟဲ့....

ယုကီအီ စိတ်ထဲအစာမကျေဖြစ်နေစဥ် ဖုန်းမြည်သံထွက်ပေါ်လာသည်။ ပေါ်လာသောနံပါတ်များ​ကြောင့် ယုကီအီ မျက်နှာ​ပြောင်းလဲသွားသည်။

" ဟုတ်ကဲ့ ဆရာ... ကျနော်လဲမသိပါဘူးဆရာ..သတင်းအစအနမရပါဘူး....မဟုတ်ပါဘူး... ဒီအတိုင်းသိနေတဲ့အသိတယောက်ပါ..တွေ့တုန်း နှုတ်ဆက်ရုံပါ...ဘာမှမဖြစ်ပါဘူးဆရာ..ကျနော်နားလည်ပါတယ်.. မင်းသားကိုလဲရှာနေပါတယ်...သူ့သတင်းတော့မရသေးပါဘူး... ဒီမှာရှိတယ်လို့ပဲသိထားပါတယ်..ဟုတ်ကဲ့.ကျနော်ကြိုးစားပါ့မယ်..စိတ်ချပါဆရာ... "

..........
သတိမေ့နေတာ တပတ်​ကျော်အကြာမှာ အခန်းကျယ်ကြီးတခုရဲ့အလယ်မှာရှိတဲ့ king size ကုတင်ကြီးပေါ်မှာ သတိမေ့အိပ်မောကျနေတဲ့ပိုင်ဝေ့ရှင်းတယောက် သတိရလာလေသည်။အဖြူရောင်လိုက်ကာစလေးတလွင့်လွင့်နေသောမှန်ပြတင်းပေါက်မှတဆင့် နွေးထွေးသောနေရောင်ခြည်လေးဟာ ပိုင်ဝေ့ရှင်းကိုယ်ပေါ်ကျလာသည်။ မူးနောက်နောက်ဖြစ်နေသောခေါင်းအား လက်တဖက်ဖြင့် ထောက်ကိုင်ကာ ရင်းနှီးမှုမရှိသောပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သေချာတာကတော့ သူမ့အခန်းမဟုတ်တာလုံးဝသေချာသည်။ အနက်ရောင်နဲ့အဖြူရောင်ဖြင့်သာ အလှဆင်ထားသောအခန်းကျယ်ကြီးအလယ်က ကုတင်တခုပေါ်ကို သူမရောက်နေမှန်းသတိထားမိသည်။ ဘေးပတ်လည်မှာ အဆင့်အတန်းမြင့်အသုံးအဆောင်များတွေ့ရသဖြင့် သူမရဲ့အခန်းမဟုတ်မှန်းလုံးဝကိုကွက်တိသေချာသည်။ သတိမလစ်ခင်အုဖစ်အပျက်များအား ပြန်တွေးကြည့်သော်လည်း ဘာမှသတိရလာခြင်းမရှိချေ။

အခန်းအား စူးစမ်းနေစဥ် တံခါးလက်ကိုင်လှည့်ဖွင့်သံကို ကြားလိုက်ရသည်။ အခန်းတံခါးဖွင့်သံနဲ့အတူ အရပ်ရှည်ရှည်အရိပ်တခု အခန်းထဲကို ဝင်လာသည်။ မှိန်ပျပျအလင်းရောင်အောက်မှာ ရာနှုန်းပြည့်စံချိန်တင်ရုပ်ရည်မျိုးနဲ့အမျိုးသားတယောက်ကို.တွေ့..........

" အားးးးးးး ရှင်ဘာလို့ ဒီအခန်းထဲရောက်နေတာလဲ?..."

ချောတယ်လို့ ငမ်းနေရာမှ မမျှော်လင့်ထားသောလူဖြစ်နေသဖြင့် ပိုင်ဝေ့ရှင်းတယောက် အာပြဲနဲ့ကို ထအော်လေသည်။
အနှီအမျိုးသားက အခန်းထဲသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်လာကာ ကုတင်ဘေးရှိ စားပွဲခုံပေါ်သို့ လက်ထဲမှ ဆန်ပြုတ်ပန်းကန်တင်ထားသည့်လင်ဗန်းကို ချလိုက်သည်။

"ဟေ့ ရှင့်ကို ကျမမေးနေတယ်လေ. ကျမ့အခန်းထဲကိုဘယ်လိုရောက်လာတာလဲလို့....."

" ဒီစံအိမ်က အရာရာတိုင်းကို ကိုယ် ပိုင်တယ်..."

"........"

ပိုင်ဝေ့ရှင်း ရန်ထောင်ချင်ဇောများကာ စကားမှားသွားသည်။ ပြန်စဥ်းစားကြည့်မှ သူပြောတာ ဟုတ်သလိုပဲ..။

" ဘာပဲဖြစ်ဖြစ် အခု ကျမနေတာမို့ ကျမပိုင်တယ်.. ကျမမေးတာသာရှင်ဖြေ... "

"မင်းသတိလစ်သွားလို့ ကိုယ်ခေါ်လာတာ.. ကိုယ့်အိမ်မှာမို့ မင်းအတွက်အန္တရာယ်မရှိဘူး.. စိတ်ချပြီးနေလို့ရတယ်..."

ပိုင်ဝေ့ရှင်း ဆယ်ငါးမိနစ်ခန့်ဆွံ့အသွားသည်။
......သူ့အိမ်မှာ ငါကဘယ်လိုစိတ်ချပြီးနေလို့်မှာလဲဟ... ။

ပိုင်​ဝေ့ရှင်းစိတ်ကိုအတည်ငြိမ်ဆုံးထားပြီး ဂျိတ်အိုဗက်ဒီကို ကြည့်လိုက်သည်။ သူမ သတိလစ်နေတာ ဘယ်လောက်ကြာသွားလဲဆိုတာ သိဖို့လိုအပ်သလို သူမရဲ့အဖွဲ့ဆီကိုလဲ ပြန်ဖို့လိုအပ်သည်။

သူမရဲ့အတွေးကို ရိပ်မိသောဂျိတ်အိုဗက်ဒီမှ..

" မင်းရဲ့အဖွဲ့ခေါင်းဆောင်က မင်းကို ရှာနေတယ်.. မင်းရဲ့သူငယ်ချင်းကိုတော့ မင်းအဆင်ပြေကြောင်း ကိုယ်ပြောပြပေးထားတယ်.. ကျန်တာကို မင်း သက်သာသွားတဲ့အချိန်ကျ ဆက်စီစဥ်ကြတာပေါ့... "

" ဟုတ်ပါပြီ... ဒါဆိုလဲ ကျမကို အိမ်ပြန်ဖို့လုပ်ပေးဦးလေ.. အိမ်မပြန်တာကြာနေတော့ ကျမ့အိမ်က စိတ်ပူနေမှာပေါ့.. "

" မင်းအမရဲ့ကျေးဇူးနဲ့ မင်းကို ဘယ်သူမှစိတ်ပူမှာမဟုတ်ဘူးလို့ ကိုယ်ပြောရဲတယ်..."

" ????"

ပိုင်ဝေ့ရှင်းရဲ့ခေါင်းပေါ်မှာ အမဲရောင်မေးခွန်းအမှတ်အသားတခုပေါ်လာသည်။ ဂျိတ်အိုဗက်ဒီကို ခေါင်းလေးငဲ့စောင်းကာ ကြည့်လိုက်သည်။

" မင်းအမက မင်း ကောင်လေးနောက်လိုက်သွားပြီလို့ မင်းအိမလကို အသိပေးထားတယ်... "

"......"

ပိုင်ဝေ့ရှင်း ဆယ်မိနစ်ခန့်ထပ်ပြီးတော့ ဆွံ့အသွားရပြန်သည်။

#တင်ပေးလိုက်ပါပြီနော်😘...ဟဲဟဲ

ကြိုးစားရဦးမည့်
#DZ
24.8.2022(Wed)

•••••••••••••••••••••••••••••••••••••••••••••••


Zawgyi

ကာတာရွီတေယာက္ အဆက္အသြယ္အားလုံးကိုသုံးၿပီး စုံးစမ္းေပမဲ့ လုံးဝအစအနမရေပ။ cctvမ်ားအား စစ္ေဆးေသာ္လည္း တိုက္ပြဲျဖစ္စဥ္အတြင္း ပ်က္စီးသြားၾကသျဖင့္ ထင္သေလာက္ အေထာက္အထားရရွိျခင္းမရွိေခ်။တခုတည္းေသာသဲလြန္စက အနက္ေရာင္ျမဴေငြ႕မ်ားသာျဖစ္သည္။

ပိုင္ေဝ့ရွင္းကို ရိုက္မိထားေသာcctvရႈေထာင့္တခုတြင္ ပုတ္သင္ညို၏တိုက္ခိုက္မႈေၾကာင့္ ပိုင္ေဝ့ရွင္းသတိလစ္သြားတာကိုေတြ႕ရၿပီး ျမဴေငြ႕မ်ားဖုံးလႊမ္းလာကာ တခဏအၾကာတြင္ ပိုင္ေဝ့ရွင္းေပ်ာက္သြားျခင္းျဖစ္သည္။

႐ုံးခ်ဳပ္ရဲ႕လက္တံကေတာင္ လြတ္နိုင္တဲ့အင္အားစုက ဘယ္လိုမ်ိဳးလဲ။ ဘာေၾကာင့္ေရာ ပိုင္ေဝ့ရွင္းကိုဖမ္းသြားတာလဲ ။ ဖမ္းသြားတယ္လို႔ပဲေယဘူယ်ယဴရမည္ျဖစ္သည္။ တျခားအေၾကာင္းျပခ်က္ရွာမေတြ႕ေပ ။ ရက္သတၱပတ္အနည္းငယ္အထိ ပိုင္ေဝ့ရွင္းရဲ႕သတင္း ၾကားရျခင္းမရွိေခ် ။ Kingdomေကာ္ပိုေရးရွင္းက နည္းပညာပိုင္းဆိုင္ရာအေတာ္ဆုံးလူေတြနဲ႕ cctvကို ေသခ်ာေအာင္ျပန္ၾကည့္တဲ့အခါ လူရိပ္မႈန္မႈန္ေလးတခုကို အနက္ေရာင္ျမဴေငြ႕မ်ားၾကားေတြ႕လိုက္ရသည္။ လူလုံးမကြဲသျဖင့္ လမ္းစက ေပ်ာက္ေနျပန္သည္။
....................

ပိုင္ေဝ့ရွင္းေပ်ာက္ဆုံးၿပီး ရက္ပိုင္းအတြင္း တိုက္ခိုက္မႈမ်ားလဲမရွိ ၿငိမ္သက္ေနသည္။
ေက်ာင္းကိုသြားကာ စာၾကည့္တိုက္အတြင္း လူစိမ္းကိုရွာရတဲ့အလုပ္တခု ယုကီအီတေယာက္ ပုံမွန္ရေနသည္။ ထိုလူစိမ္းကသူတေယာက္ထဲရွိခ်ိန္ဆို စကားလာေျပာေပမဲ့ ရိုစလီတေယာက္ ေဘးမွာရွိခ်ိန္ဆို စကားလုံးဝလာမေျပာေခ် ။

ယုကီအီ အခုခ်ိန္ထိ သူ႕နာမည္ကိုမသိေသးပါ။ လူစိမ္းလို႔ပဲ မွတ္ထားျခင္းျဖစ္သည္။ ဒီေန႕လဲ ပိုင္ေဝ့ရွင္းသတင္းကို ၾကားရနိုးနိုးျဖင့္ စာၾကည့္တိုက္အား အေစာႀကီးသြားကာ ရွာေနမိသည္။ ထုံးစံအတိုင္း ကိုယ္ေတာ္ေခ်ာက ေတြ႕ေနက်ေနရာက စာအုပ္စင္ကိုမွီကာ ရပ္ေစာင့္ေနသည္ ။ ယုကီအီ အေျပးေလးသြားကာ ေမးလိုက္သည္။

"ေဟ့လူ ရွင္းကို အခုထိျပန္မပို႔ေပးေသးဘူးလား?.. ခမ်ားရဲ႕လူႀကီးကေရာ ဘာအတြက္ ရွင္းကိုေခၚထားတာလဲ?.. ရွင္းကိုအိမ္ကစိတ္ပူေနၿပီ..ျပန္ပို႔ေပးေတာ့.."

" သူမကို သူမအိမ္က လုံးဝစိတ္ပူေနမွာမဟုတ္ဘူးလို႔ ကိုယ္ေသခ်ာေျပာရဲတယ္... မၾကာခင္ သူမ ျပန္လာပါလိမ့္မယ္... မင္း အေတြးမ်ားမေနနဲ႕...သူမ်ားအေၾကာင္းေတြပဲစိတ္ဝင္စားမေနနဲ႕. ကိုယ့္ကိုကိုယ္လဲဂ႐ုစိုက္..အခုလိုလုပ္ေနတာေတြရပ္လိုက္ေတာ့..ေနာက္က်မင္းပဲ ေနာင္တရလိမ့္မယ္..အျဖစ္အပ်က္တခုကို ေရေရရာရာမသိပဲ လမ္းလြဲလိုက္ေနတာေတာ္လိုက္ေတာ့.. မၾကာခင္ အ​ေျဖတခုက ရွင္းရွင္းလင္းလင္းႀကီး ေပၚလာေတာ့မွာ..."

" ဘာအေၾကာင္းလဲ?..က်ဳပ္က ဘာလုပ္ေနလို႔လဲ?..ဟာ ေဟ့လူ ေျပာသြားဦးေလ ေသေသခ်ာခ်ာ... ေဟ့လူ... "

ေနာက္ျပန္လက္ျပရင္း ထြက္သြားေသာသူအား ၾကည့္ရင္း စိတ္ေကာက္မိသည္။
...ဘာ စိတ္ေကာက္တယ္ ၊ မွားေနတယ္ကြ ေဒါသထြက္တာလို႔ ေျပာရတယ္ဟဲ့....

ယုကီအီ စိတ္ထဲအစာမေက်ျဖစ္ေနစဥ္ ဖုန္းျမည္သံထြက္ေပၚလာသည္။ ေပၚလာေသာနံပါတ္မ်ား​ေၾကာင့္ ယုကီအီ မ်က္ႏွာ​ေျပာင္းလဲသြားသည္။

" ဟုတ္ကဲ့ ဆရာ... က်ေနာ္လဲမသိပါဘူးဆရာ..သတင္းအစအနမရပါဘူး....မဟုတ္ပါဘူး... ဒီအတိုင္းသိေနတဲ့အသိတေယာက္ပါ..ေတြ႕တုန္း ႏႈတ္ဆက္႐ုံပါ...ဘာမွမျဖစ္ပါဘူးဆရာ..က်ေနာ္နားလည္ပါတယ္.. မင္းသားကိုလဲရွာေနပါတယ္...သူ႕သတင္းေတာ့မရေသးပါဘူး... ဒီမွာရွိတယ္လို႔ပဲသိထားပါတယ္..ဟုတ္ကဲ့.က်ေနာ္ႀကိဳးစားပါ့မယ္..စိတ္ခ်ပါဆရာ... "

..........
သတိေမ့ေနတာ တပတ္​ေက်ာ္အၾကာမွာ အခန္းက်ယ္ႀကီးတခုရဲ႕အလယ္မွာရွိတဲ့ king size ကုတင္ႀကီးေပၚမွာ သတိေမ့အိပ္ေမာက်ေနတဲ့ပိုင္ေဝ့ရွင္းတေယာက္ သတိရလာေလသည္။အျဖဴေရာင္လိုက္ကာစေလးတလြင့္လြင့္ေနေသာမွန္ျပတင္းေပါက္မွတဆင့္ ေႏြးေထြးေသာေနေရာင္ျခည္ေလးဟာ ပိုင္ေဝ့ရွင္းကိုယ္ေပၚက်လာသည္။ မူးေနာက္ေနာက္ျဖစ္ေနေသာေခါင္းအား လက္တဖက္ျဖင့္ ေထာက္ကိုင္ကာ ရင္းႏွီးမႈမရွိေသာပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္သည္။
ေသခ်ာတာကေတာ့ သူမ့အခန္းမဟုတ္တာလုံးဝေသခ်ာသည္။ အနက္ေရာင္နဲ႕အျဖဴေရာင္ျဖင့္သာ အလွဆင္ထားေသာအခန္းက်ယ္ႀကီးအလယ္က ကုတင္တခုေပၚကို သူမေရာက္ေနမွန္းသတိထားမိသည္။ ေဘးပတ္လည္မွာ အဆင့္အတန္းျမင့္အသုံးအေဆာင္မ်ားေတြ႕ရသျဖင့္ သူမရဲ႕အခန္းမဟုတ္မွန္းလုံးဝကိုကြက္တိေသခ်ာသည္။ သတိမလစ္ခင္အုဖစ္အပ်က္မ်ားအား ျပန္ေတြးၾကည့္ေသာ္လည္း ဘာမွသတိရလာျခင္းမရွိေခ်။

အခန္းအား စူးစမ္းေနစဥ္ တံခါးလက္ကိုင္လွည့္ဖြင့္သံကို ၾကားလိုက္ရသည္။ အခန္းတံခါးဖြင့္သံနဲ႕အတူ အရပ္ရွည္ရွည္အရိပ္တခု အခန္းထဲကို ဝင္လာသည္။ မွိန္ပ်ပ်အလင္းေရာင္ေအာက္မွာ ရာႏႈန္းျပည့္စံခ်ိန္တင္႐ုပ္ရည္မ်ိဳးနဲ႕အမ်ိဳးသားတေယာက္ကို.ေတြ႕..........

" အားးးးးးး ရွင္ဘာလို႔ ဒီအခန္းထဲေရာက္ေနတာလဲ?..."

ေခ်ာတယ္လို႔ ငမ္းေနရာမွ မေမွ်ာ္လင့္ထားေသာလူျဖစ္ေနသျဖင့္ ပိုင္ေဝ့ရွင္းတေယာက္ အာၿပဲနဲ႕ကို ထေအာ္ေလသည္။
အႏွီအမ်ိဳးသားက အခန္းထဲသို႔ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ဝင္လာကာ ကုတင္ေဘးရွိ စားပြဲခုံေပၚသို႔ လက္ထဲမွ ဆန္ျပဳတ္ပန္းကန္တင္ထားသည့္လင္ဗန္းကို ခ်လိဳက္သည္။

"ေဟ့ ရွင့္ကို က်မေမးေနတယ္ေလ. က်မ့အခန္းထဲကိုဘယ္လိုေရာက္လာတာလဲလို႔....."

" ဒီစံအိမ္က အရာရာတိုင္းကို ကိုယ္ ပိုင္တယ္..."

"........"

ပိုင္ေဝ့ရွင္း ရန္ေထာင္ခ်င္ေဇာမ်ားကာ စကားမွားသြားသည္။ ျပန္စဥ္းစားၾကည့္မွ သူေျပာတာ ဟုတ္သလိုပဲ..။

" ဘာပဲျဖစ္ျဖစ္ အခု က်မေနတာမို႔ က်မပိုင္တယ္.. က်မေမးတာသာရွင္ေျဖ... "

"မင္းသတိလစ္သြားလို႔ ကိုယ္ေခၚလာတာ.. ကိုယ့္အိမ္မွာမို႔ မင္းအတြက္အႏၲရာယ္မရွိဘူး.. စိတ္ခ်ၿပီးေနလို႔ရတယ္..."

ပိုင္ေဝ့ရွင္း ဆယ္ငါးမိနစ္ခန့္ဆြံ႕အသြားသည္။
......သူ႕အိမ္မွာ ငါကဘယ္လိုစိတ္ခ်ၿပီးေနလို့္မွာလဲဟ... ။

ပိုင္​ေဝ့ရွင္းစိတ္ကိုအတည္ၿငိမ္ဆုံးထားၿပီး ဂ်ိတ္အိုဗက္ဒီကို ၾကည့္လိုက္သည္။ သူမ သတိလစ္ေနတာ ဘယ္ေလာက္ၾကာသြားလဲဆိုတာ သိဖို႔လိုအပ္သလို သူမရဲ႕အဖြဲ႕ဆီကိုလဲ ျပန္ဖို႔လိုအပ္သည္။

သူမရဲ႕အေတြးကို ရိပ္မိေသာဂ်ိတ္အိုဗက္ဒီမွ..

" မင္းရဲ႕အဖြဲ႕ေခါင္းေဆာင္က မင္းကို ရွာေနတယ္.. မင္းရဲ႕သူငယ္ခ်င္းကိုေတာ့ မင္းအဆင္ေျပေၾကာင္း ကိုယ္ေျပာျပေပးထားတယ္.. က်န္တာကို မင္း သက္သာသြားတဲ့အခ်ိန္က် ဆက္စီစဥ္ၾကတာေပါ့... "

" ဟုတ္ပါၿပီ... ဒါဆိုလဲ က်မကို အိမ္ျပန္ဖို႔လုပ္ေပးဦးေလ.. အိမ္မျပန္တာၾကာေနေတာ့ က်မ့အိမ္က စိတ္ပူေနမွာေပါ့.. "

" မင္းအမရဲ႕ေက်းဇူးနဲ႕ မင္းကို ဘယ္သူမွစိတ္ပူမွာမဟုတ္ဘူးလို႔ ကိုယ္ေျပာရဲတယ္..."

" ????"

ပိုင္ေဝ့ရွင္းရဲ႕ေခါင္းေပၚမွာ အမဲေရာင္ေမးခြန္းအမွတ္အသားတခုေပၚလာသည္။ ဂ်ိတ္အိုဗက္ဒီကို ေခါင္းေလးငဲ့ေစာင္းကာ ၾကည့္လိုက္သည္။

" မင္းအမက မင္း ေကာင္ေလးေနာက္လိုက္သြားၿပီလို႔ မင္းအိမလကို အသိေပးထားတယ္... "

"......"

ပိုင္ေဝ့ရွင္း ဆယ္မိနစ္ခန့္ထပ္ၿပီးေတာ့ ဆြံ႕အသြားရျပန္သည္။

#တင္ေပးလိုက္ပါၿပီေနာ္😘...ဟဲဟဲ

ႀကိဳးစားရဦးမည့္
#DZ
24.8.2022(Wed)

Continue Reading

You'll Also Like

95.8K 4.2K 133
Austin was a kid that loved to watch Anime, especially Pokemon. Annoyed at how the series was going after Sinnoh, he fell asleep before waking up, so...
16.1K 663 10
sex. rude. nude. Dirty. h@rny.bd words => Only fan/ only in wattpad not public in social media BL mixed... 🔞 មានតែក្នុង wattpad ទេ បើមិនចង់អាន កុំ...
56.5K 1.1K 16
Izuku Midoriya, formerly known as Yagi never had a happy life Ever since he was diagnosed as Quirkless, his life turned upside down His step-sister I...
67.5K 3.3K 21
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"