မောင့်​ သဲ ငယ်​ .. [ Complet...

By DaeminChennie

51.7K 5.2K 242

မောင်​ နဲ့ သဲငယ်​ ကချစ်​ခဲ့ကြလို့လား .. More

Our Friendship ..
One Side Love ..
I am His Owner ..
Just Only For Him ..
Strange Heart Feeling ..
I Have already ...
For U .. For Ever For Me ..
Believe Or Not ..
My Love All For U ..
Are They Happy Ending ??
Sequel အ​ကြောင်း 😁
Our Friendship .. [U]
One Side Love .. [U]
I am His Owner .. [U]
Just Only For Him .. [U]
Strange Heart Feeling .. [U]
For U .. For Ever For Me .. [U]
Believe or Not .. [U]
My Love All For U .. [U]
Are They Happy Ending ?? [U]

I Have already .. [U]

119 14 0
By DaeminChennie

* ချစ်တယ် .. မောင် *

" သဲငယ် မောင့် ကို တစ်ခုခု ပြောလိုက်သေးလား "

ဘာဘယ်တီးတစ်ဘူးနှင့် ချော့ကလက် ကိတ်
သေးသေးလေးတစ်တုံးကို က်တော့်စားဖို့ရန်
ကိုယ်တိုင်သြားယူပေးသူ ဂျုံ အင် အား အမြဲတမ်း
အတွေးထဲသာထားနေကြစကားတစ်ခွန်းအား
နှုတ်ခမ်းလှုပ်ရုံဖွင့်ထုတ်မိချိန် သတိထားမိသြား၍လားမသိ
မျက်ခုံးစွန်းကိုချိုးကာတရားခံစစ်သလိုစစ်လာသည်ကြောင့် မကြားဟန်ပြုလိုက်သည် ။

" ဟွန်း ငယ် ..
မောင်ကြားအောင်ပြောလေကွာ .. မင်းက တိုးတိုး
တိုးတိုးနဲ့ သိချင်စိတ်ပေါက်အောင် တမင်ဆြပေးနေတဲ့
အတိုင်းဘဲ ..

လွန်ခဲ့တဲ့တစ်ပတ်ကအတိုင်း နားတပူပူနှင့် က်တော့်ထံမွ
တစ်ခုခုထွက်မလာမချင်းကို ထိုမေးခွန်းကလြဲ
အျခားပြောင်းမသြား ။

" သဲငယ် .. ဟွန်း ငယ် .. မောင် မေးနေတာကြားလား "

" နားညည်းတယ် ပိတ်ထားစမ်း "

" သဲငယ် မင်းကြာ .. အရမ်းဆိုးလိုက်တာ "

က်တော့်၏ စကားအကန်မ်ားအား စိတ်မဆိုးသည့်အပြင်
ချစ်မဝသယောင် အပြုံးရေးရေးက ပိုလို့ပင်
ကန်လန့်တိုက်ချင်စိတ်ပေါက်သည် ။

ဘယ်လိုသည်းခံစိတ်နှင့် က်တော် ဆိုးသမွ်အား
ဒေါသမထွက် စိတ်မခုဘဲ ပြုံးဖြီးနိုင်သည်မသိ ။

" အဲ့တော့ ဘာဖြစ်ချင်လဲ .. "

" ချစ်ချင်တယ် .. "

" ဂင် ဂျုံ အင် .. မင်း ဘာစကားပြောတာလဲ "

လက်ထဲက ဘာဘယ်တီးဘူးနှင့် ကောက်ပေါက်ရန်
ဟန်ပြင်တော့ လက်တကာကာ နှင့် တဟဲဟဲ
အရယ်မပျက် ။

မုန်းဖို့ကောင်းလိုက်တဲ့ မောင် ..

" မင်းလည်း မုန်းဖို့ကောင်းတယ် သဲငယ် "

က်တော့်စိတ်ကိုသိနေသည့်နှယ် က်တော်တွေးသမျှအား
နားလည်နေသည့်နှယ် တစ်ထပ်တည်း
ပြန်ချေပသော စကားကြောင့် အလိုလိုက်ခံရလို့
အားနာမိသည့်စိတ်တောင်ကြက်ပျောက်ငှက်ပျောက် ။

က်တော်သာ ရွဲ့မည် ။ က်တော်သာ မုန်းမည် ။

မောင်ကတော့ က်တော့်အပေါ် ရွဲ့ခွင့် ၊ မုန်းခွင့် မရှိ ။

" အဲ့စကား ပြန်ပြောလိုက်စမ်း .. မောင်
ပြန်ပြောလိုက်စမ်း "

" သဲငယ် .. အဲ့ သဘော မဟုတ်ဘူး လေကွာ "

စကားအဖြစ်ပြောမှန်းသိသော်ငြား မောင် ကိုယ်တိုင်
ပြောလာသည်မို့ ဘာမှမဟုတ်ပါဘူးဟူ၍
လျှောမချနိုင် ။

" ဘာလဲ .. အရမ်းအလိုလိုက်နေရတော့
ငြီးငွေ့လာတာလား ??!! စိတ်ပျက်သြားတာလား ??!! "

စကားနာထိုးသမွ်ကို ပြန်လည်းမတုန့်ပြန်
ပြန်လည်း မဖြေဘဲ က်တော့်မျက်နှာကိုသာ စေ့စေ့ကြည့်
လာကာ စတွေ့ကတည်းက အပြုံးလတ်လတ်ဆတ်ဆတ်
မ်ားက နည်းနည်းလေးတောင် လျှော့မသွား ။

ဒေါသထွက်တဲ့ကိုယ်ဘဲ ရောဂါတက်တော့မည် ။
အနှီးလူဆီကတော့ အထက်ပါအမေးနှင့်စပ်လျဉ်း၍
အဖြေပြန်ရလိမ့်မည်မဟုတ်ချေ ။

" ရေခဲအရည်ပျော်သွားရင် သောက်ကောင်းမွာ
မဟုတ်ဘူး ။ ခဲနေတုန်း သောက်လိုက် "

က်တော်မတို့ထိရသေးသော ကိတ်မုန့်ကို ဇွန်းနှင့်ဖဲ့ပြီး
ပါးစပ်နားထိခွံ့လာသည့်အပြင် လွန်ခဲ့တဲ့စက္ကန့်ပိုင်းက
မည်သည့်ကိစ္စမှမဖြစ်သြားသလို အေးဆေးပင် .. ။

မသိလျှင် က်တော်ကဘဲ အဆိုးတကာ့ အဆိုးဆုံး
ဖြစ်ရတော့သည် ။

" မစားဘူး .. "

" ဆယ် ဟွန်း .. ငါမင်းကို တကယ်ကြိုက်မိလာရင်
ဘယ်လိုလုပ်မလဲ "

စနောက်သည့်လေသံမဟုတ်သလို တည်ငြိမ်သည့်
မျက်နှာအမူအယာကြောင့် အထအနတကယ်ကောက်ပြီး
မျက်ရည်တစ်စက်က်ကာ ပျော်ရတော့မလိုပင် ။

ကိုယ့်အတွေးနှင့်ကိုယ် ထရယ်မိတော့ မျက်စိရှေ့က
ကိုယ်တော်ချောဆီမှ ဘုကြည့် , ကြည့်ခြင်းခံလိုက်ရ၏ ။

တကယ်မျက်ရည်တစ်စက်တောင် ကျချင်လာပြီ ။

" ဂျုံအင် .. အခုတလော မင်းဘာဖြစ်နေတာလဲ ..
ဘာလဲ ငါ့ကို ရည်းစားစကားပြောမလို့လား "

" မောင် အတည်ပြောရင် သဲငယ်က လက်ခံ
မွာလား "

က်တော်သည် မျှော်လင့်ချက်ထားသူမဟုတ်သဖြင့်
တကယ်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ
သိပ်ဂရုစိုက်မည်မဟုတ် .. ။

.

" ဟွန်း ငယ် .. မောင့် ကို စိတ်ဆိုးသွားပြန်တာလား "

က်တော့်တိုက်ခန်းဆီလိုက်ပို့ရာလမ်းတစ်လျှောက်
တစ်တွတ်တွတ်နှင့် အသည်းအသန်ချော့နေပါသော
မောင့် ကြောင့် ရယ်ချင်စိတ်ထိန်းမရ ။

အားအားရှိ က်တော်ကဘဲ တစ်ခုခုဆို
စိတ်ဆိုးလွယ်တဲ့သူလိုလို ။

" အရင်တစ်ပတ်ကဘဲ ပါးညောင်းမတက်ချော့ထား
ရတာ .. အခုရစ်ပြန်ပြီတဲ့လား ။ "

" အားအားယားယား ငါကို စိတ်ဆိုးနေတယ်ချည်းထင်ပြီး
အမြဲတမ်းလိုက်ချော့နေတာဘယ်သူလဲ ?? ငါ့ပါးစပ်က
စိတ်ဆိုးပါတယ်ပြောမိလို့လား "

" ဟုတ်ပါပြီဗ်ာ ဒိီကောင့်အမွား ..
ချစ်တော့လည်း သည်းခံပေါ့ "

" ပြန်တော့ .. "

" သဲငယ် မင်း တကယ် နှင်ထုတ်ရက်တယ် "

မဟားတရားကို စိတ်ထိခိုက်ကြေကွဲသွားသယောင်
မျက်နှာငယ်ဖြင့် ညည်းညူ ပြနေ၍ မသိလျှင်
က်တော်ကဘဲ သင်းအား နှိပ်စက်နေသလိုလို .. ။

" မနက်ဖြန် မင်းအိမ်လာခဲ့မယ် ..
မင်းအမေကိုလည်း မတွေ့ရတာကြာပြီ "

အမြဲတမ်း က်တော့်ဆီသာလာနေကြဖြစ်သော်လည်း
က်တော်သည်လည်း လူမှုကျင့်ဝတ်နားလည်ရမည်
မဟုတ်ပါလား ။

တစ်ခါတစ်လေ တကယ့်ကို တစ်ခါတစ်လေတော့
မောင့် အား အလျှော့ပေးချင်ပါသည် ။

" မောင့် ချစ်သူ ဆိုပြီး လာတွေ့မလို့လား "

သို့သော်ငြား က်တော့်၏ စိတ်ကောင်းမှန်သမွ်အား
လွင့်စင်သြားအောင် ထိုစကားတစ်ခွန်းတည်းနှင့်
လုပ်လိုက်သလိုပါပင် ။

" မင်းဟာမလေးတွေဘဲ ခေါ်သွား "

" ခေါ်စရာလား .. သဲငယ်သာသဘောတူရင်
ချက်ချင်းလက်ထက်လို့ရတယ် "

ပြောစရာစကားမဲ့သွားကာ မည်သို့တုန့်ပြန်ရမှန်း
မသိတော့၍ ကြောင်အနေသည့် က်တော့်အား
ရုတ်ချည်းဆွဲဖက်လိုက်သော မောင့် လက်အစုံကြား
က်တော် မရစ်မူးချင်ပါ ။

က်တော့်၏ တစ်ဖက်သက်အချစ်အပေါ်
က်တော်ကိုယ်တိုင်သာ မီးစာထည့်လျှင်
တစ်ချိန်တစ်ချိန် မောင့်လက်ကို လွှတ်ပေးနိုင်မည်
မဟုတ်သလို ။ မောင့် ရင်ခွင်ထဲကလည်း ထွက်နိုင်
တော့မည်မဟုတ်ချေ ။

" ငါ့မွာ ချစ်သူရှိပြီးသား "

" မကြာခင် ပြတ်စေရမယ် "

ကျောခိုင်းသွားပြီဖြစ်သော တစ်ယောက်သောသူကို
က်တော် မတားမြစ်မိပါ ။

.
.
.

မနေ့ကမပြီးသေးဘဲအိပ်ပျော်သြားတာ 😁

Continue Reading

You'll Also Like

488K 66.4K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
61.4K 4.7K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
947K 108K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
153K 7.7K 16
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။