မေတ္တာတော်ကဲ (ေမတၱာေတာ္ကဲ )

By Htet-Bo

279K 16.9K 1.3K

13.8.2022 - 16.8.2023 More

Cover
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Final.
Thank You.

Part - 1

20.6K 883 19
By Htet-Bo

" ဦးမျိုးခန့်တို့ ကြွပါရှင် ကြွပါ ကိုမြတ်သျှံရေ ... ဦးမျိုးခန့်တို့ လာတယ် "

လူတွေစည်ကားကာ ပွဲတစ်ခုကျင်းပနေသော နှစ်ထပ်တိုက်အိမ်လေး၏အိမ်ရှေ့အဝင်ဝတွင် အဝါ​ရောင်ချိတ်ဝမ်းဆက်​လေးကို ကျော့ရှင်းစွာ ဝတ်ဆင်ထားကာ ဂုဏ်ကျက်သရေဖြင့် ပြည့်စုံနေသည့် အမျိုးသမီး ၊ တနည်းအားဖြင့်ဆိုရသော်ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုက အင်ဂျင်နီယာချုပ်ကြီး၏ ဇနီးဖြစ်သူ
ဒေါ်သီသီနိုင်တစ်ယောက် မိမိ၏ခင်ပွန်းဦး​​မြတ်သျှံကို လှမ်းအော်ခေါ်လိုက်ရင်း
ကြွရောက်လာသော ဧည့်သည်တော်နှစ်ဦးအား ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုလေသည်။

" ကိုမျိုးခန့် မတွေ့ရတာကြာပြီ လာဗျာ "

အသားခပ်ညိုညို ၊ အရပ်ထောင်ထောင်မောင်းမောင်းနှင့် အသက်ငါးဆယ်ခန့်အရွယ် ထိုအမျိုးအသားသည် ဦးမြတ်သျှံဖြစ်ပေသည်။ တန်ဖိုးကြီးသော ပိုးသားလုံချည်နှင့်လည်ကတုံးအင်္ကျီအား တွဲဖက်ကာ ခန့်ထည်စွာ ဝတ်ဆင်ထားလေသည်။

" ဂုဏ်ယူပါတယ် ကိုမြတ်သျှံ ဒီသတင်းကြားပြီးပြီးချင်း ကျွန်တော်တို့ဝမ်းသာလိုက်ရတာ "

ဧည့်သည်၏အဆိုသည် ကိုမြတ်သျှံနှင့်ဒေါ်သီသီနိုင်တို့ လင်မယားနှစ်ဦးအား အပြုံးတွေဝေဆာစေသည်။

" ကျေးဇူးတင်ပါတယ်ဗျာ "

" ဒါလေးက ဂုဏ်ပြုငွေလေး "

အဖြူရောင်စာအိတ်လေးကို ကမ်းလာတော့ ဦးမြတ်သျှံသည် မျက်နှာပျက်ယွင်းကာ အတင်းငြင်းလေသည်။

" ဟာ ဒါ​တွေမလိုပါဘူး ခင်ဗျားကလည်း တကူးတကလာပေးတာကိုပဲ ကျေးဇူးတင်နေပါပြီ "

" ယူပါဗျာ ကြိုးစားမှုကို ဂုဏ်ပြုတာပါ "

ဦးမြတ်သျှံငြင်းလေတော့ ဒေါ်သီသီနိုင်ဘက်သို့လှည့်ကာ အတင်းပေးပြန်သည်။ ကြိုးစားမှုရဲ့ ရလဒ်တစ်ခုလို့ပင်သတ်မှတ်ရပေမည်။

" သျှံ ဒီမှာ ဦးမျိုးခန့်နဲ့အန်တီသက်တို့ကို လာနှုတ်ဆက်ဦး "

ဒေါ်သီသီနိုင်ရဲ့အခေါ်ကြောင့် ရည်ရည်မွန်မွန် ကောင်ငယ်လေးဟာ အနားသို့ ရောက်လာသည်။ ထိုကောင်ငယ်လေးဟာ ဒီနေ့ဂုဏ်​ပြုပွဲရဲ့အဓိကဇာတ်လိုက်ပင်။ ဟုတ်ပါသည်။ ဦးမြတ်သျှံနှင့်ဒေါ်သီသီနိုင်တို့၏ သားကြီးမောင်မင်းမြတ်သျှံသည် ဒီနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့်အတွက်ကြောင့် ဤကဲ့သို့တခမ်းတနားပွဲကျင်းပကာ ဂုဏ်ပြုခြင်းဖြစ်သည်။

" မတွေ့ရတာအတော်ကြာပြီ အရပ်ကြီးကိုရှည်လာလိုက်တာ ကိုမြတ်သျှံသားလို့မပြောရဘူး လူချောလူခန့် "

" အမေတူတော့ ချော အဖေတူတော့ ထက် "

ကိုယ့်သားသမီးအား အမွှမ်းတင်နေသည်ကို ဘယ်မိဘက သဘောမကျဘဲရှိပါလိမ့်မည်နည်း။

" ဒါနဲ့ အငယ်လေးရှိသေးတယ်မလား "

ဦးမျိုးခန့်၏ဇနီး ဒေါ်သက်နွယ် အမေးကြောင့် ပြုံးရယ်နေသောမျက်နှာများသည် အနည်းငယ်အလိုမကျဟန်သို့ တခဏတာ ပြောင်းလဲသွားကြသည်။

" အငယ်လေးကရော ဘယ်အရွယ်ရောက်ကုန်ပြီလဲ ငယ်ငယ်ကတော့ချစ်စရာကြီးလေ "

" သူ့အကြောင်းတော့မေးမနေပါနဲ့ မသက်ရယ် အခုခြောက်တန်းရောက်ပြီ လူကပေတေတေရယ် နည်းနည်းထုံတယ် သူ့အကိုလိုမဟုတ်ဘူး သူ့ကိုတော့ဘာမှမမျှော်လင့်ပါဘူး အခုလည်းဘယ်​ရောက်နေတယ်မသိပါဘူး "

ဒေါ်သီသီနိုင်၏အဖြေကြောင့် သူတို့၏သားငယ်အကြောင်းကို မည်သူမျှ စိတ်ဝင်တစားမမေးတော့ပေ။

မည်သူမှအရေးတယူမရှိတော့ပေမဲ့ အိမ်နောက်ဖေးမီးဖိုချောင်တံခါးအကွယ်လေးကနေ တိတ်တိတ်ချောင်းကြည့်နေသောမျက်ဝန်းတစ်စုံဟာ ညှိုးငယ်စွာရှိနေလေသည်။

" ကဲ ကိတ်ခွဲကြမယ် "

ဖိတ်ကြားထားသော ဂုဏ်သရေရှိလူကြီးမင်းတွေ၊ လူချမ်းသာတွေ၊ ဆရာ၊ဆရာမတွေစုံလင်စွာ ရောက်ရှိနေပြီကြောင့် ဂုဏ်ပြုကိတ်ခွဲရန် စတင်လိုက်သည်။ ထိုဂုဏ်ပြုပွဲသည် မင်းမြတ်သျှံအတွက် ကျင်းပသည့်ပွဲဟုဆိုသော်ငြားလည်း ဧည့်သည်တော်များမှာတော့ မင်းမြတ်သျှံ၏အသိမိတ်ဆွေဟာမရှိလုနီးပါးပင်။

" လူစုံပြီလား "

" စုံပြီ စုံပြီ "

ဦးမြတ်သျှံ၏ဦးဆောင်မှုအောက်မှာပဲ အားလုံးမြိုင်မြိုင်ဆိုင်ဆိုင်လက်ခုပ်တီးကြသည်။ မင်းမြတ်သျှံ သည် သူ့အဖေကိုတစ်ခုခုပြောချင်နေဟန်ရှိသော်လည်းအခွင့်မရဖြစ်နေသည်။မျက်ဝန်းတွေဟာတစ်စုံတစ်ရာကို မဝံ့မရဲရှာဖွေလျက်ရှိသည်။

ဖေဖေနဲ့မေမေဟာ ကွက်လပ်ငယ်လေးတစ်ကွက်ကို လျစ်လျူရှူခြင်းဖြင့် ဖြည့်စွက်ထားသည်။

တံခါးကြားအပေါက်လေးကနေ ချောင်းကြည့်ရင်း လက်ခုပ်ဖွဖွလိုက်တီးနေစဥ်မှာ ပုခုံးထက်လက်နွေးနွေးလေးရောက်လာသည်။

" ဗိုက်ဆာနေပြီလား ကလေး... လာ မနက်ကဖွား​မြိုင် ဈေးသွားတော့ သားကြိုက်တဲ့ဘိန်းမုန့်ဝယ်ခဲ့တယ် "

အားမရှိတော့သည့် လက်လေးဖြင့်ဆွဲခေါ်သော ဖွားမြိုင်နောက် တရွေ့ရွေ့လိုက်ခဲ့သည်။ ဖွားမြိုင်ဟာ ဒီမိသားစုမှာအလုပ်လုပ်လာတာ နှစ်သုံးဆယ်လောက်ပင်ရှိတော့မည်။ ဦးမြတ်သျှံအိမ်ထောင်မကျခင်ကတည်းက ဦးမြတ်သျှံတို့အိမ်တွင်အလုပ်လုပ်ခဲ့ပြီး ဦးမြတ်သျှံ အိမ်ထောင်ကျတော့ ဖွားမြိုင်အားခေါ်လာခဲ့ခြင်းဖြစ်သည်။

အလုပ်သမားနဲ့အိမ်ရှင်ဆိုတာထက် မိသားစုဝင်လိုဖြစ်နေပြီး အခုဆိုဖွားမြိုင်ကိုဘာအလုပ်မှမလုပ်စေဘဲ အနားယူစေသည်။ သို့သော်လည်း အလုပ်မရှိရင်မနေတတ်သည့်ဖွားမြိုင်က အမြင်မတော်တာတွေ့ရင် စိတ်မြန်လက်မြန်နှင့် လုပ်နေတုန်းပင်။ ဦးမြတ်သျှံနှင့်ဒေါ်သီသီနိုင်တို့အခေါ် ​ ကြီးမြိုင်။ သူတို့​လေး​တွေခေါ်တဲ့ ဖွားမြိုင်။

ဖွားမြိုင်ကျွေးတဲ့ ဘိန်းမုန့်ကိုစားပြီး ဒီနေ့ပွဲဟာ ကိုယ်နှင့်မဆိုင်ကြောင်းသိသွားသည်ကြောင့် အိမ်အပေါ်ထပ်ကအခန်းကျဥ်းလေးထဲ ဝင်ကာ တိတ်တိတ်လေးနေနေမိသည်။ အောက်ထပ်က ပီယာနိုသံလေး ငြိမ့်ငြိမ့်ညောင်းညောင်းကို ခပ်သဲ့သဲ့ကြားနေရသည်။ တီးခတ်နေသူဟာ ကိုကိုဖြစ်လိမ့်မည်။ တီးခတ်စေလိုတဲ့သူတွေဟာ ဖေဖေနဲ့မေမေ ဖြစ်သည်။

ပြတင်းပေါက်ငယ်လေးရှေ့က စာကြည့်စားပွဲမှာ ဝင်ထိုင်လိုက်ပြီး အရင်လိုပဲ လူမနေတဲ့ဟိုဘက်အိမ်က ပိတ်ထားသောပြတင်းပေါက်ကို အကြောင်းမဲ့သက်သက်ငေးကြည့်နေမိသည်။

သူ့ရဲ့ဆန္ဒ၊ သူ့ရဲ့စကားသံတွေကို ဘယ်သူမှ နားထောင်မပေးချင်ကြဘူး။ မျက်နှာချင်းဆိုင်က ပိတ်ထားတဲ့ပြတင်းပေါက်လေး ဘယ်နေ့ဖွင့်မလဲဆိုတာ ဒီစာကြည့်စားပွဲမှာထိုင်တိုင်း တွေးငေးကာ စဥ်းစားနေမိတယ်။

သူ့နာမည် လွင် ။
ဦးမြတ်သျှံနဲ့ဒေါ်သီသီနိုင်တို့ရဲ့သားငယ်။
လွင့်မှာ ​မင်းမြတ်သျှံဆိုတဲ့ အစ်ကိုတစ်ဦးရှိတယ် ။ ကိုကို နဲ့ လွင်ဟာ သိပ်ကိုကွာခြားလွန်းတယ်။ မဟုတ်ဘူး ၊ ကိုကိုနဲ့လွင်ကိုဆို သိပ်ကို ခွဲခြားလွန်းကြတယ်။ဖေဖေနဲ့မေမေကပေါ့။

ကိုကိုက သိပ်ဉာဏ်ကောင်းတယ်။ အင်မတန်ရည်မွန်တယ်။ ကိုကို့လက်ထဲမှာ အမြဲတမ်းစာအုပ်တစ်အုပ်ရှိနေတတ်တယ်။ စာသိပ်ဖတ်တော့ ဗဟုသုတတွေလည်း အလွန်ကြွယ်တယ်။ပီယာနိုကို ကောင်းကောင်းတီးတတ်တယ်။ကိုကိုပီယာနိုတီးရင် သိပ်နားထောင်လို့ကောင်းတာ။ မေမေ့လိုလှတဲ့မျက်ဝန်းလေးတွေရှိပြီး ဖေဖေ့လိုခပ်မြင့်မြင့်အရပ်လည်းရှိတယ်။ ချစ်တဲ့သူတွေလည်း အများကြီးရှိသေးတယ်။ ဖေဖေနဲ့မေမေကလည်း ကိုကိုနဲ့စကားပြောရင် ပြုံးနေတာပဲ။ ကိုကိုနဲ့ဆို နွေးထွေးပြီးချိုမြန်လှတယ်။ ဖေဖေနဲ့မေမေက ကိုကို့ကိုဆို သိပ်ချစ်တယ်လို့ထင်ရတယ်။

လွင့်ကိုတော့ ချစ်မယ်မထင်ပါဘူး။ မညာတမ်းပြောရရင် မချစ်ဘူးပေါ့ ။
လွင်က ကိုကို့လို ဉာဏ်လည်းမကောင်းဘူး ၊စာလည်းညံ့တယ်။ မျက်လုံးလှလှလေးတွေလည်းမရှိဘူး ၊ အရပ်လည်းမရှည်ဘူး။ ဖေဖေတို့မေမေတို့ပြောနေကျလိုပဲ လွင်က မိဘကို ဂုဏ်ငယ်စေတဲ့သူ။ ဘာမှအသုံးမကျတဲ့သူ ။ တကယ်ပဲလွင်က အဲ့လိုမျိုးလား ။

ကိုကိုက​တော့ လွင်ကို ဂရုစိုက်ပါတယ်။ဒီအိမ်ကြီးမှာ လွင့်ကို ချစ်တာဆိုလို့ ကိုကိုနဲ့ဖွားမြိုင်ပဲရှိတယ်။

ပိတ်ထားသော ပြတင်းပေါက်လေးကိုသာ အဖော်ပြုပြီး ရင်ဖွင့်မိပြန်သည်။

.

မှတ်စုစာအုပ်အသစ်လေးကို ရင်ခွင်ပိုက်လို့ ကိုကို့အခန်းရှေ့မှာ တွေဝေစွာရပ်နေမိသည်။ သူ့လက်ဆောင်လေးကို သဘောကျပါ့မလားဆိုတဲ့ သိမ်ငယ်သောအတွေးငယ်လေးဝင်နေမိသည်။

" လွင် "

အနောက်ပါးဆီက ထွက်လာသောအသံကြောင့် လွင် လှည့်ကြည့်လိုက်သည်။ ရေခွက်တစ်ခွက်ကို ကိုင်ထားသောကိုကိုက အောက်ထပ်ကနေ တက်လာပုံရသည်။

" ကိုကို မအိပ်သေးဘူးလား "

မှတ်စုစာအုပ်လေးကိုင်ထားသောလက်ကိုနောက်သို့ပစ်ကာကွယ်ဝှက်လိုက်ရင်းမေးတော့ ကိုကိုကပြုံးကာခေါင်းရမ်းပြသည်။ထို့နောက် လွင်ရဲ့ခေါင်းကို ကြင်ကြင်နာနာပုတ်လာသည်။

" လာ "

ကိုကိုက သူ့အခန်းထဲကို အရှေ့က ဝင်သွားပြီး လွင်ကအနောက်ကလိုက်ဝင်သည်။ လွင်တို့အိမ်မှာ ချမှတ်ထားတဲ့များစွာသောစည်းကမ်းများစွာထဲကတစ်ခုကတော့ ပိုင်ရှင်က ခွင့်မပြုဘဲ အခန်းထဲဝင်ခွင့်မရှိပေ။

" ဘာတုန်း လွင် "

ပါးနပ်လွန်းသည့်ကိုကိုက ကွယ်ဝှက်ထားသော အရာကိုမေးလာသည်။

" ကိုကို့အတွက်လက်ဆောင် သားမုန့်ဖိုးစုပြီးဝယ်ထားတာ "

မှတ်စုစာအုပ်လေးကို မဝံ့မရဲထုတ်ပြကာပေးတော့ ကိုကိုက နောက်တစ်ကြိမ်အသာအယာပြုံးပြန်သည်။

" ကိုကို စာတွေမှတ်ဖို့ စာအုပ်လေးလိုနေတာနဲ့အတော်ပဲ ကိုကို့ညီလေးပေးတဲ့ လက်ဆောင်မွန်လေးမလို့ တန်ဖိုးထားပြီးသေချာသုံးမယ်နော် လွင်က သိပ်လိမ္မာတာပဲ "

ကိုကိုဟာ အမြဲတမ်း စကားကောင်းလေးတွေကိုသာ ရွေးချယ်ပြီးပြောတတ်သည်။ ထို့​ကြောင့် ကိုကိုနဲ့စကားပြောရတဲ့အချိန်တိုင်း စိတ်ပျော်ရသည်။

" ကိုကိုတောင်းပန်ပါတယ် လွင် ကိုကို့ကြောင့် လွင် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား "

ဒီစကားကို ကိုကိုသည် မကြာခဏဆိုသလိုပြောတတ်သည်။လွင်သည်လည်းမကြာခဏဆိုသလို အကြိမ်ကြိမ်ခေါင်းရမ်းပြမိသည်။ အမြဲတမ်း ကိုကိုနှင့် နှိုင်းယှဥ်ကာ ခွဲခြားခံရသော လွင့် အဖို့အားနာနေပုံရသည်။

" ဖေဖေနဲ့မေမေကို မမုန်းရဘူးနော် "

အရည်အနည်းငယ်ဝေ့သီနေသောမျက်ဝန်းများဖြင့်နှုတ်ဆိတ်ကာနေမိသည်။ သားလိမ္မာဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဖေဖေနှင့်မေမေ၏ဆန္ဒကို လိုက်လျောနေရသည့် ကိုကို ။ ကိုကို၏ကြိုးစားမှုတွေဟာ ဖေဖေနှင့်မေမေ အတွက်သာဖြစ်သည်။ ကိုကိုကြိုးစားသမျှရလဒ်တွေကို ဖေဖေနှင့်မေမေကခံစားသည်။ ကိုကိုဟာ သူ့ဆန္ဒတွေကို ချိုးနှိမ်ထားသည်။လွင်ဟာ ကိုယ့်ဆန္ဒကိုပင် မသိခဲ့ပေ။

" ကိုကိုကတော့ယုံတယ် လွင်ကအရည်အချင်းရှိတဲ့ကလေးဆိုတာ လွင်က သိပ်ထက်တဲ့ကလေးဖြစ်ကြောင်းဖေဖေနဲ့မေမေ သိအောင်လုပ်ပြလိုက်လွင် "

လွင်၏ပုခုံးကိုတင်းတင်းဆုပ်ကာ ပြောနေတဲ့ ကိုကိုမျက်ဝန်းတွေဟာနားလည်ရခက်သည်။

ကိုကိုလက်တွေဟာ တဖြေးဖြေး ပြေလျော့သွားသည်။ ခပ်ဖွဖွသက်ပြင်းတစ်ခုကို ချလိုက်သည်။ အနီးအနားကစာကြည့်စားပွဲပေါ်မှာအသင့်ရှိနေတဲ့ဖတ်လက်စ စာအုပ်ကိုကိုင်လိုက်သည်။

" ကိုကို စာအုပ်ဖတ်ပြရမလား "

လွင် ခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။ ကိုကို စာအုပ်ဖတ်ပြတာကို လွင်သိပ်သဘောကျသည်။ ကိုကို အချိန်ရှိတဲ့အခါတွေမှာ လွင့်ကို စာအုပ်ဖတ်ပြတတ်သည်။ တခါတလေ မျက်လုံးအားနည်းနေတဲ့ ဖွားမြိုင်ကို ဖတ်ပြနေတတ်သည်။

လွင် ကိုကို့ဘေးဝင်လှဲလိုက်တော့ ကိုကိုက သေချာနေရာချပေးသည်။

" ချက်ချင်းအိပ်မပျော်သွားနဲ့နော် လွင် မနက်ဖြန်ကျရင် ကိုကို ပြန်မေးမှာ "

ပြန်မေးခံရမှာကို သဘောမကျသော်လည်း မြန်မြန်နားထောင်ချင်နေပြီကြောင့် ခေါင်းကိုသာ ငြိမ့်ပြလိုက်တော့ ကိုကိုက ခပ်ဖွဖွ ရယ်သည်။

တခါတလေမှာ ကိုကိုက လွင့်အခန်းထဲလာပြီး စာဖတ်ပြတတ်သည်။တခါတလေမှာတော့ ဒီလိုမျိုး ကိုကို့အခန်းထဲကိုလွင် လာ​ပြီး နားထောင်တတ်သည်။လွင်အိပ်ပျော်သွားတဲ့အခါ ကိုကိုက လွင့်ကိုပွေ့ချီပြီး လွင့်အခန်းထဲကို ပို့ပေးလိမ့်မည်။

.

.

.

(Zawgyi)

" ဦးမ်ိဳးခန့္တို႔ ႂကြပါရွင္ ႂကြပါ ကိုျမတ္သွ်ံေရ ... ဦးမ်ိဳးခန့္တို႔ လာတယ္ "

လူေတြစည္ကားကာ ပြဲတစ္ခုက်င္းပေနေသာ ႏွစ္ထပ္တိုက္အိမ္ေလး၏အိမ္ေရွ႕အဝင္ဝတြင္ အဝါေရာင္ခ်ိတ္ဝမ္းဆက္ေလးကို ေက်ာ့ရွင္းစြာ ဝတ္ဆင္ထားကာ ဂုဏ္က်က္သေရျဖင့္ ျပည့္စုံေနသည့္ အမ်ိဳးသမီး ၊ တနည္းအားျဖင့္ဆိုရေသာ္ေဆာက္လုပ္ေရးကုမၸဏီတစ္ခုက အင္ဂ်င္နီယာခ်ဳပ္ႀကီး၏ ဇနီးျဖစ္သူ
ေဒၚသီသီနိုင္တစ္ေယာက္ မိမိ၏ခင္ပြန္းဦးျမတ္သွ်ံကို လွမ္းေအာ္ေခၚလိုက္ရင္း
ႂကြေရာက္လာေသာ ဧည့္သည္ေတာ္ႏွစ္ဦးအား ဝမ္းသာလွိုက္လွဲစြာ ႀကိဳဆိုေလသည္။

" ကိုမ်ိဳးခန့္ မေတြ႕ရတာၾကာၿပီ လာဗ်ာ "

အသားခပ္ညိုညို ၊ အရပ္ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ အသက္ငါးဆယ္ခန့္အ႐ြယ္ ထိုအမ်ိဳးအသားသည္ ဦးျမတ္သွ်ံျဖစ္ေပသည္။ တန္ဖိုးႀကီးေသာ ပိုးသားလုံခ်ည္ႏွင့္လည္ကတုံးအကၤ်ီအား တြဲဖက္ကာ ခန့္ထည္စြာ ဝတ္ဆင္ထားေလသည္။

" ဂုဏ္ယူပါတယ္ ကိုျမတ္သွ်ံ ဒီသတင္းၾကားၿပီးၿပီးခ်င္း ကြၽန္ေတာ္တို႔ဝမ္းသာလိုက္ရတာ "

ဧည့္သည္၏အဆိုသည္ ကိုျမတ္သွ်ံႏွင့္ေဒၚသီသီနိုင္တို႔ လင္မယားႏွစ္ဦးအား အၿပဳံးေတြေဝဆာေစသည္။

" ေက်းဇူးတင္ပါတယ္ဗ်ာ "

" ဒါေလးက ဂုဏ္ျပဳေငြေလး "

အျဖဴေရာင္စာအိတ္ေလးကို ကမ္းလာေတာ့ ဦးျမတ္သွ်ံသည္ မ်က္ႏွာပ်က္ယြင္းကာ အတင္းျငင္းေလသည္။

" ဟာ ဒါေတြမလိုပါဘူး ခင္ဗ်ားကလည္း တကူးတကလာေပးတာကိုပဲ ေက်းဇူးတင္ေနပါၿပီ "

" ယူပါဗ်ာ ႀကိဳးစားမႈကို ဂုဏ္ျပဳတာပါ "

ဦးျမတ္သွ်ံျငင္းေလေတာ့ ေဒၚသီသီနိုင္ဘက္သို႔လွည့္ကာ အတင္းေပးျပန္သည္။ ႀကိဳးစားမႈရဲ႕ ရလဒ္တစ္ခုလို႔ပင္သတ္မွတ္ရေပမည္။

" သွ်ံ ဒီမွာ ဦးမ်ိဳးခန့္နဲ႕အန္တီသက္တို႔ကို လာႏႈတ္ဆက္ဦး "

ေဒၚသီသီနိုင္ရဲ႕အေခၚေၾကာင့္ ရည္ရည္မြန္မြန္ ေကာင္ငယ္ေလးဟာ အနားသို႔ ေရာက္လာသည္။ ထိုေကာင္ငယ္ေလးဟာ ဒီေန႕ဂုဏ္ျပဳပြဲရဲ႕အဓိကဇာတ္လိုက္ပင္။ ဟုတ္ပါသည္။ ဦးျမတ္သွ်ံႏွင့္ေဒၚသီသီနိုင္တို႔၏ သားႀကီးေမာင္မင္းျမတ္သွ်ံသည္ ဒီႏွစ္တကၠသိုလ္ဝင္စာေမးပြဲ၌ ေျခာက္ဘာသာဂုဏ္ထူးျဖင့္ ထူးခြၽန္စြာေအာင္ျမင္ခဲ့သည့္အတြက္ေၾကာင့္ ဤကဲ့သို႔တခမ္းတနားပြဲက်င္းပကာ ဂုဏ္ျပဳျခင္းျဖစ္သည္။

" မေတြ႕ရတာအေတာ္ၾကာၿပီ အရပ္ႀကီးကိုရွည္လာလိုက္တာ ကိုျမတ္သွ်ံသားလို႔မေျပာရဘူး လူေခ်ာလူခန့္ "

" အေမတူေတာ့ ေခ်ာ အေဖတူေတာ့ ထက္ "

ကိုယ့္သားသမီးအား အမႊမ္းတင္ေနသည္ကို ဘယ္မိဘက သေဘာမက်ဘဲရွိပါလိမ့္မည္နည္း။

" ဒါနဲ႕ အငယ္ေလးရွိေသးတယ္မလား "

ဦးမ်ိဳးခန့္၏ဇနီး ေဒၚသက္ႏြယ္ အေမးေၾကာင့္ ၿပဳံးရယ္ေနေသာမ်က္ႏွာမ်ားသည္ အနည္းငယ္အလိုမက်ဟန္သို႔ တခဏတာ ေျပာင္းလဲသြားၾကသည္။

" အငယ္ေလးကေရာ ဘယ္အ႐ြယ္ေရာက္ကုန္ၿပီလဲ ငယ္ငယ္ကေတာ့ခ်စ္စရာႀကီးေလ "

" သူ႕အေၾကာင္းေတာ့ေမးမေနပါနဲ႕ မသက္ရယ္ အခုေျခာက္တန္းေရာက္ၿပီ လူကေပေတေတရယ္ နည္းနည္းထုံတယ္ သူ႕အကိုလိုမဟုတ္ဘူး သူ႕ကိုေတာ့ဘာမွမေမွ်ာ္လင့္ပါဘူး အခုလည္းဘယ္ေရာက္ေနတယ္မသိပါဘူး "

ေဒၚသီသီနိုင္၏အေျဖေၾကာင့္ သူတို႔၏သားငယ္အေၾကာင္းကို မည္သူမွ် စိတ္ဝင္တစားမေမးေတာ့ေပ။

မည္သူမွအေရးတယူမရွိေတာ့ေပမဲ့ အိမ္ေနာက္ေဖးမီးဖိုေခ်ာင္တံခါးအကြယ္ေလးကေန တိတ္တိတ္ေခ်ာင္းၾကည့္ေနေသာမ်က္ဝန္းတစ္စုံဟာ ညွိုးငယ္စြာရွိေနေလသည္။

" ကဲ ကိတ္ခြဲၾကမယ္ "

ဖိတ္ၾကားထားေသာ ဂုဏ္သေရရွိလူႀကီးမင္းေတြ၊ လူခ်မ္းသာေတြ၊ ဆရာ၊ဆရာမေတြစုံလင္စြာ ေရာက္ရွိေနၿပီေၾကာင့္ ဂုဏ္ျပဳကိတ္ခြဲရန္ စတင္လိုက္သည္။ ထိုဂုဏ္ျပဳပြဲသည္ မင္းျမတ္သွ်ံအတြက္ က်င္းပသည့္ပြဲဟုဆိုေသာ္ျငားလည္း ဧည့္သည္ေတာ္မ်ားမွာေတာ့ မင္းျမတ္သွ်ံ၏အသိမိတ္ေဆြဟာမရွိလုနီးပါးပင္။

" လူစုံၿပီလား "

" စုံၿပီ စုံၿပီ "

ဦးျမတ္သွ်ံ၏ဦးေဆာင္မႈေအာက္မွာပဲ အားလုံးၿမိဳင္ၿမိဳင္ဆိုင္ဆိုင္လက္ခုပ္တီးၾကသည္။ မင္းျမတ္သွ်ံ သည္ သူ႕အေဖကိုတစ္ခုခုေျပာခ်င္ေနဟန္ရွိေသာ္လည္းအခြင့္မရျဖစ္ေနသည္။မ်က္ဝန္းေတြဟာတစ္စုံတစ္ရာကို မဝံ့မရဲရွာေဖြလ်က္ရွိသည္။

ေဖေဖနဲ႕ေမေမဟာ ကြက္လပ္ငယ္ေလးတစ္ကြက္ကို လ်စ္လ်ဴရႉျခင္းျဖင့္ ျဖည့္စြက္ထားသည္။

တံခါးၾကားအေပါက္ေလးကေန ေခ်ာင္းၾကည့္ရင္း လက္ခုပ္ဖြဖြလိုက္တီးေနစဥ္မွာ ပုခုံးထက္လက္ႏြေးႏြေးေလးေရာက္လာသည္။

" ဗိုက္ဆာေနၿပီလား ကေလး... လာ မနက္ကဖြားၿမိဳင္ ေဈးသြားေတာ့ သားႀကိဳက္တဲ့ဘိန္းမုန့္ဝယ္ခဲ့တယ္ "

အားမရွိေတာ့သည့္ လက္ေလးျဖင့္ဆြဲေခၚေသာ ဖြားၿမိဳင္ေနာက္ တေ႐ြ႕ေ႐ြ႕လိုက္ခဲ့သည္။ ဖြားၿမိဳင္ဟာ ဒီမိသားစုမွာအလုပ္လုပ္လာတာ ႏွစ္သုံးဆယ္ေလာက္ပင္ရွိေတာ့မည္။ ဦးျမတ္သွ်ံအိမ္ေထာင္မက်ခင္ကတည္းက ဦးျမတ္သွ်ံတို႔အိမ္တြင္အလုပ္လုပ္ခဲ့ၿပီး ဦးျမတ္သွ်ံ အိမ္ေထာင္က်ေတာ့ ဖြားၿမိဳင္အားေခၚလာခဲ့ျခင္းျဖစ္သည္။

အလုပ္သမားနဲ႕အိမ္ရွင္ဆိုတာထက္ မိသားစုဝင္လိုျဖစ္ေနၿပီး အခုဆိုဖြားၿမိဳင္ကိုဘာအလုပ္မွမလုပ္ေစဘဲ အနားယူေစသည္။ သို႔ေသာ္လည္း အလုပ္မရွိရင္မေနတတ္သည့္ဖြားၿမိဳင္က အျမင္မေတာ္တာေတြ႕ရင္ စိတ္ျမန္လက္ျမန္ႏွင့္ လုပ္ေနတုန္းပင္။ ဦးျမတ္သွ်ံႏွင့္ေဒၚသီသီနိုင္တို႔အေခၚ ႀကီးၿမိဳင္။ သူတို႔ေလးေတြေခၚတဲ့ ဖြားၿမိဳင္။

ဖြားၿမိဳင္ေကြၽးတဲ့ ဘိန္းမုန့္ကိုစားၿပီး ဒီေန႕ပြဲဟာ ကိုယ္ႏွင့္မဆိုင္ေၾကာင္းသိသြားသည္ေၾကာင့္ အိမ္အေပၚထပ္ကအခန္းက်ဥ္းေလးထဲ ဝင္ကာ တိတ္တိတ္ေလးေနေနမိသည္။ ေအာက္ထပ္က ပီယာနိုသံေလး ၿငိမ့္ၿငိမ့္ေညာင္းေညာင္းကို ခပ္သဲ့သဲ့ၾကားေနရသည္။ တီးခတ္ေနသူဟာ ကိုကိုျဖစ္လိမ့္မည္။ တီးခတ္ေစလိုတဲ့သူေတြဟာ ေဖေဖနဲ႕ေမေမ ျဖစ္သည္။

ျပတင္းေပါက္ငယ္ေလးေရွ႕က စာၾကည့္စားပြဲမွာ ဝင္ထိုင္လိုက္ၿပီး အရင္လိုပဲ လူမေနတဲ့ဟိုဘက္အိမ္က ပိတ္ထားေသာျပတင္းေပါက္ကို အေၾကာင္းမဲ့သက္သက္ေငးၾကည့္ေနမိသည္။

သူ႕ရဲ႕ဆႏၵ၊ သူ႕ရဲ႕စကားသံေတြကို ဘယ္သူမွ နားေထာင္မေပးခ်င္ၾကဘူး။ မ်က္ႏွာခ်င္းဆိုင္က ပိတ္ထားတဲ့ျပတင္းေပါက္ေလး ဘယ္ေန႕ဖြင့္မလဲဆိုတာ ဒီစာၾကည့္စားပြဲမွာထိုင္တိုင္း ေတြးေငးကာ စဥ္းစားေနမိတယ္။

သူ႕နာမည္ လြင္ ။
ဦးျမတ္သွ်ံနဲ႕ေဒၚသီသီနိုင္တို႔ရဲ႕သားငယ္။
လြင့္မွာ မင္းျမတ္သွ်ံဆိုတဲ့ အစ္ကိုတစ္ဦးရွိတယ္ ။ ကိုကို နဲ႕ လြင္ဟာ သိပ္ကိုကြာျခားလြန္းတယ္။ မဟုတ္ဘူး ၊ ကိုကိုနဲ႕လြင္ကိုဆို သိပ္ကို ခြဲျခားလြန္းၾကတယ္။ေဖေဖနဲ႕ေမေမကေပါ့။

ကိုကိုက သိပ္ဉာဏ္ေကာင္းတယ္။ အင္မတန္ရည္မြန္တယ္။ ကိုကို႔လက္ထဲမွာ အၿမဲတမ္းစာအုပ္တစ္အုပ္ရွိေနတတ္တယ္။ စာသိပ္ဖတ္ေတာ့ ဗဟုသုတေတြလည္း အလြန္ႂကြယ္တယ္။ပီယာနိုကို ေကာင္းေကာင္းတီးတတ္တယ္။ကိုကိုပီယာနိုတီးရင္ သိပ္နားေထာင္လို႔ေကာင္းတာ။ ေမေမ့လိုလွတဲ့မ်က္ဝန္းေလးေတြရွိၿပီး ေဖေဖ့လိုခပ္ျမင့္ျမင့္အရပ္လည္းရွိတယ္။ ခ်စ္တဲ့သူေတြလည္း အမ်ားႀကီးရွိေသးတယ္။ ေဖေဖနဲ႕ေမေမကလည္း ကိုကိုနဲ႕စကားေျပာရင္ ၿပဳံးေနတာပဲ။ ကိုကိုနဲ႕ဆို ႏြေးေထြးၿပီးခ်ိဳျမန္လွတယ္။ ေဖေဖနဲ႕ေမေမက ကိုကို႔ကိုဆို သိပ္ခ်စ္တယ္လို႔ထင္ရတယ္။

လြင့္ကိုေတာ့ ခ်စ္မယ္မထင္ပါဘူး။ မညာတမ္းေျပာရရင္ မခ်စ္ဘူးေပါ့ ။
လြင္က ကိုကို႔လို ဉာဏ္လည္းမေကာင္းဘူး ၊စာလည္းညံ့တယ္။ မ်က္လုံးလွလွေလးေတြလည္းမရွိဘူး ၊ အရပ္လည္းမရွည္ဘူး။ ေဖေဖတို႔ေမေမတို႔ေျပာေနက်လိဳပဲ လြင္က မိဘကို ဂုဏ္ငယ္ေစတဲ့သူ။ ဘာမွအသုံးမက်တဲ့သူ ။ တကယ္ပဲလြင္က အဲ့လိုမ်ိဳးလား ။

ကိုကိုကေတာ့ လြင္ကို ဂ႐ုစိုက္ပါတယ္။ဒီအိမ္ႀကီးမွာ လြင့္ကို ခ်စ္တာဆိုလို႔ ကိုကိုနဲ႕ဖြားၿမိဳင္ပဲရွိတယ္။

ပိတ္ထားေသာ ျပတင္းေပါက္ေလးကိုသာ အေဖာ္ျပဳၿပီး ရင္ဖြင့္မိျပန္သည္။

.

မွတ္စုစာအုပ္အသစ္ေလးကို ရင္ခြင္ပိုက္လို႔ ကိုကို႔အခန္းေရွ႕မွာ ေတြေဝစြာရပ္ေနမိသည္။ သူ႕လက္ေဆာင္ေလးကို သေဘာက်ပါ့မလားဆိုတဲ့ သိမ္ငယ္ေသာအေတြးငယ္ေလးဝင္ေနမိသည္။

" လြင္ "

အေနာက္ပါးဆီက ထြက္လာေသာအသံေၾကာင့္ လြင္ လွည့္ၾကည့္လိုက္သည္။ ေရခြက္တစ္ခြက္ကို ကိုင္ထားေသာကိုကိုက ေအာက္ထပ္ကေန တက္လာပုံရသည္။

" ကိုကို မအိပ္ေသးဘူးလား "

မွတ္စုစာအုပ္ေလးကိုင္ထားေသာလက္ကိုေနာက္သို႔ပစ္ကာကြယ္ဝွက္လိုက္ရင္းေမးေတာ့ ကိုကိုကၿပဳံးကာေခါင္းရမ္းျပသည္။ထို႔ေနာက္ လြင္ရဲ႕ေခါင္းကို ၾကင္ၾကင္နာနာပုတ္လာသည္။

" လာ "

ကိုကိုက သူ႕အခန္းထဲကို အေရွ႕က ဝင္သြားၿပီး လြင္ကအေနာက္ကလိုက္ဝင္သည္။ လြင္တို႔အိမ္မွာ ခ်မွတ္ထားတဲ့မ်ားစြာေသာစည္းကမ္းမ်ားစြာထဲကတစ္ခုကေတာ့ ပိုင္ရွင္က ခြင့္မျပဳဘဲ အခန္းထဲဝင္ခြင့္မရွိေပ။

" ဘာတုန္း လြင္ "

ပါးနပ္လြန္းသည့္ကိုကိုက ကြယ္ဝွက္ထားေသာ အရာကိုေမးလာသည္။

" ကိုကို႔အတြက္လက္ေဆာင္ သားမုန့္ဖိုးစုၿပီးဝယ္ထားတာ "

မွတ္စုစာအုပ္ေလးကို မဝံ့မရဲထုတ္ျပကာေပးေတာ့ ကိုကိုက ေနာက္တစ္ႀကိမ္အသာအယာၿပဳံးျပန္သည္။

" ကိုကို စာေတြမွတ္ဖို႔ စာအုပ္ေလးလိုေနတာနဲ႕အေတာ္ပဲ ကိုကို႔ညီေလးေပးတဲ့ လက္ေဆာင္မြန္ေလးမလို႔ တန္ဖိုးထားၿပီးေသခ်ာသုံးမယ္ေနာ္ လြင္က သိပ္လိမၼာတာပဲ "

ကိုကိုဟာ အၿမဲတမ္း စကားေကာင္းေလးေတြကိုသာ ေ႐ြးခ်ယ္ၿပီးေျပာတတ္သည္။ ထို႔ေၾကာင့္ ကိုကိုနဲ႕စကားေျပာရတဲ့အခ်ိန္တိုင္း စိတ္ေပ်ာ္ရသည္။

" ကိုကိုေတာင္းပန္ပါတယ္ လြင္ ကိုကို႔ေၾကာင့္ လြင္ စိတ္အႏွောင့္အယွက္ျဖစ္ရတယ္မလား "

ဒီစကားကို ကိုကိုသည္ မၾကာခဏဆိုသလိုေျပာတတ္သည္။လြင္သည္လည္းမၾကာခဏဆိုသလို အႀကိမ္ႀကိမ္ေခါင္းရမ္းျပမိသည္။ အၿမဲတမ္း ကိုကိုႏွင့္ ႏွိုင္းယွဥ္ကာ ခြဲျခားခံရေသာ လြင့္ အဖို႔အားနာေနပုံရသည္။

" ေဖေဖနဲ႕ေမေမကို မမုန္းရဘူးေနာ္ "

အရည္အနည္းငယ္ေဝ့သီေနေသာမ်က္ဝန္းမ်ားျဖင့္ႏႈတ္ဆိတ္ကာေနမိသည္။ သားလိမၼာဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ေဖေဖႏွင့္ေမေမ၏ဆႏၵကို လိုက္ေလ်ာေနရသည့္ ကိုကို ။ ကိုကို၏ႀကိဳးစားမႈေတြဟာ ေဖေဖႏွင့္ေမေမ အတြက္သာျဖစ္သည္။ ကိုကိုႀကိဳးစားသမွ်ရလဒ္ေတြကို ေဖေဖႏွင့္ေမေမကခံစားသည္။ ကိုကိုဟာ သူ႕ဆႏၵေတြကို ခ်ိဳးႏွိမ္ထားသည္။လြင္ဟာ ကိုယ့္ဆႏၵကိုပင္ မသိခဲ့ေပ။

" ကိုကိုကေတာ့ယုံတယ္ လြင္ကအရည္အခ်င္းရွိတဲ့ကေလးဆိုတာ လြင္က သိပ္ထက္တဲ့ကေလးျဖစ္ေၾကာင္းေဖေဖနဲ႕ေမေမ သိေအာင္လုပ္ျပလိုက္လြင္ "

လြင္၏ပုခုံးကိုတင္းတင္းဆုပ္ကာ ေျပာေနတဲ့ ကိုကိုမ်က္ဝန္းေတြဟာနားလည္ရခက္သည္။

ကိုကိုလက္ေတြဟာ တေျဖးေျဖး ေျပေလ်ာ့သြားသည္။ ခပ္ဖြဖြသက္ျပင္းတစ္ခုကို ခ်လိဳက္သည္။ အနီးအနားကစာၾကည့္စားပြဲေပၚမွာအသင့္ရွိေနတဲ့ဖတ္လက္စ စာအုပ္ကိုကိုင္လိုက္သည္။

" ကိုကို စာအုပ္ဖတ္ျပရမလား "

လြင္ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလိုက္သည္။ ကိုကို စာအုပ္ဖတ္ျပတာကို လြင္သိပ္သေဘာက်သည္။ ကိုကို အခ်ိန္ရွိတဲ့အခါေတြမွာ လြင့္ကို စာအုပ္ဖတ္ျပတတ္သည္။ တခါတေလ မ်က္လုံးအားနည္းေနတဲ့ ဖြားၿမိဳင္ကို ဖတ္ျပေနတတ္သည္။

လြင္ ကိုကို႔ေဘးဝင္လွဲလိုက္ေတာ့ ကိုကိုက ေသခ်ာေနရာခ်ေပးသည္။

" ခ်က္ခ်င္းအိပ္မေပ်ာ္သြားနဲ႕ေနာ္ လြင္ မနက္ျဖန္က်ရင္ ကိုကို ျပန္ေမးမွာ "

ျပန္ေမးခံရမွာကို သေဘာမက်ေသာ္လည္း ျမန္ျမန္နားေထာင္ခ်င္ေနၿပီေၾကာင့္ ေခါင္းကိုသာ ၿငိမ့္ျပလိုက္ေတာ့ ကိုကိုက ခပ္ဖြဖြ ရယ္သည္။

တခါတေလမွာ ကိုကိုက လြင့္အခန္းထဲလာၿပီး စာဖတ္ျပတတ္သည္။တခါတေလမွာေတာ့ ဒီလိုမ်ိဳး ကိုကို႔အခန္းထဲကိုလြင္ လာၿပီး နားေထာင္တတ္သည္။လြင္အိပ္ေပ်ာ္သြားတဲ့အခါ ကိုကိုက လြင့္ကိုေပြ႕ခ်ီၿပီး လြင့္အခန္းထဲကို ပို႔ေပးလိမ့္မည္။

Continue Reading

You'll Also Like

53.6K 6.4K 40
මතකය සුන්දරයි.. එක දිගට සිහි වෙන... ආදරය විඩාබරයි... නුඹ මගෙ නොවුන කොට... වේදනාව විතරයි... වර්තමානයේ එක පිට... මමම විතරයි... අපි එකට අනාගතේ මැව්ව...
316K 21.2K 62
မွဴးထက္ပိုင္ =ဘယ္သူကထင္မိမွာလဲ ေပါက္စ မင္းဟာ ကို႔ ဘဝရဲ႕ အရာရာျဖစ္လာမယ္လို႔ သူရိယကိုကို =တကယ္ေတာ့ အာ့ဦးေလးႀကီးးကႏွာဘူးးႀကီး ျမတ္ခ်ယ္ရီ= မ အခ်စ္ေတြကိ...
2M 103K 114
𝖳𝗁𝗂𝗌 𝗂𝗌 𝗐𝗈𝗋𝗄 𝗈𝖿 𝖿𝗂𝖼𝗍𝗂𝗈𝗇. 𝖠𝗇𝗒 𝗇𝖺𝗆𝖾𝗌, 𝖼𝗁𝖺𝗋𝖺𝖼𝗍𝖾𝗋𝗌 𝗈𝗋 𝖾𝗏𝖾𝗇𝗍𝗌 𝖺𝗋𝖾 𝖿𝗂𝖼𝗍𝗂𝗈𝗇𝖺𝗅.
10.2K 1.7K 28
යකෝ ඒ මගෙ නන්ගි උන් මැරුවෙ මගෙ නන්ගිව... මන් කොහොමද කට පු*ක වහන් බලන් ඉන්නෙ ... ඔව් මන් උන්ව මැරුවා.... මන් උන්ට කැත්තෙන්ම කෙටුවා. අහවල් එකටම කෙරුවා...