အပေါ်က video လေးကိုကြည့်သွားကြပါဦး။ stream ဖို့မမေ့ပါနဲ့နော်။//
Unicode
အမှန်တရားတစ်ခုရှိခဲ့တယ်၊ ပုံပြင်လေးတစ်ပုဒ်လိုမလှပနိုင်လောက်ပေမယ့် ကျွန်တော်ပြန်ပြောပြချင်နေတယ်။
ဒီထက်ပိုပြီး ဖုံးကွယ်နေရတာမျိုးမလုပ်ချင်တော့ဘူး။
ပင်ပန်းလာပြီ....။
______________________________________
♣-ဆု-♣
"ဆုလာဘ်တွေဟာ တစ်ခါတစ်ရံ အံ့အြမှုနဲ့ပျော်ရွှင်မှုသာမကပဲ ၀မ်းနည်းခြင်းတွေကိုလည်း ပေးတတ်ပါသေးတယ်"
••••••••••••••••••••••••••••••••••••••••••••••
အမိမြေကိုပြန်လာရသည်ဆိုသောအသိက သိပ်ကိုရင်ခုန်စိတ်လှုပ်ဖွယ်ရာကောင်းသည်။
၅နှစ်မျှကြာညောင်းခဲ့ပြီဖြစ်သော်ငြား ၎င်းအမှတ်တရတို့အား မေ့ဖျက်၍မရနိုင်ခဲ့ပါ။ အထူးသဖြင့် သူ....
မပြောမဆိုထားသွားပြီး ရက်စက်ခဲ့ပါပေမယ့်လည်း သူကတော့ဖြင့် ဘယ်အချိန်ပြန်လာလာ လက်ခံနေမယ်ဆိုပဲ...အဟက် သူကဒီလိုသဘောထားကြီးလေ ကိုယ်ကလူဆိုးတစ်ယောက်ဖြစ်လေလေပါပဲ။
မည်သို့ပင်ဖြစ်စေ သူ့ရှေ့တွင်တော့ အဖြူစင်ဆုံးပြုံးပြီးနေရမည်သာ။
__
"ကိုကို"
"အင်း ၀န်း...နိုးပြီလား"
"ဟုတ်"
မနက်နိုးထတာနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရုံမျှဖြင့် အလိုလိုပြုံးမိကြသည်။
အရင်တုန်းကနဲ့စာရင် အရာအားလုံးက ပြောင်းလဲလာသည်ဟု ဂျုံဆောင်းတွေးမိသည်။
အရင်ကမုန်းခဲ့ဖူးတဲ့ မိုးတွေရွာတာကလည်း အခုတော့ သိပ်ကိုအေးမြလွန်းတယ်ဟုမြင်နေသည်။ အရယ်အပြုံးမရှိတဲ့ သူဟာ အခုဆို ၁စက္ကန့်အတွင်းမှာတင် ဘယ်နှစ်ကြိမ်လောက်ပြုံးမိနေလဲမသိတော့။
တကိုယ်ကောင်းဆန်တတ်တဲ့သူဟာ အခုဆို တစ်စုံတစ်ယောက်အတွက် တွေးတောပေးတတ်ခဲ့ပြီ။
ဒါတွေအားလုံးက ချစ်တတ်လာတာကြောင့်ပဲလား?
"ကိုယ်အခုဆို အိမ်မက်ဆိုးတွေ မမက်တော့ဘူး၀န်း။
ကိုယ်အရင်ကလို အထီးကျန်တာမျိုးတွေလည်းမရှိတော့ဘူး။
ဒါတွေက မင်းအပြုံးတွေကိုမြင်နေရလို့ မင်းရဲ့လက်လေးတွေကိုဆုပ်ကိုင်ရင်း ကိုယ်တို့အတူရှိနေကြလို့ပါပဲ။
မင်းသာ ကိုယ့်အနားကထွက်သွားရင် ကိုယ်တကယ်သေမှာ။"
၀န်းရယ်....ကိုယ်မင်းကိုအရမ်းချစ်လွန်းလို့ ဘယ်သူမှမရှိတဲ့နေရာမှာဖွက်ထားချင်မိတယ်။
ချစ်စရာကောင်းလွန်းနေတဲ့ ကိုယ့်အပိုင်လေးကို ကိုယ်သာအမြတ်တနိုးချစ်ခွင့်ရချင်မိလို့လေ။
ကိုယ်အတ္တမကြီးဘူးမဟုတ်လားဟင်?
အကယ်၍ အတ္တကြီးဆိုတယ်ဆိုလည်း ဆိုနိုင်ပါတယ်။ ၀န်းအတွက် ကိုယ်အတ္တကြီးမိပါရစေ။
"ပတ်ခ်ဂျုံဆောင်း!"
"ဟင်"
"ဘာတွေတွေးနေတာလဲဗျာ"
သူ့ရဲ့အတွေးတွေကို သိနေသည့်အလား အသည်းအသက်လေးကမေးလာလေ၏။
သိရင်လည်းသိလောက်ပါသည်။ ဒီလူ၏ စိတ်၊ဝိညာဉ်အရာအားလုံးက ၀န်းတစ်ယောက်ထဲကိုသာ ပုံပေးထားသည်မို့။
၀န်းသာမရှိရင် ကိုယ်တကယ်သေရမှာပါ။
__
"ဆောင်းဟွန်း"
သူ့အသက်ရှူသံတွေရပ်တော့မလိုပဲ။ နှလုံးသားတွေကဆုန်ပေါက်ထွက်တော့မလိုပဲ။ ဒီအသံက....။
"ဂျယ်....ယွန်း.....မင်း.... တ...တကယ်ပဲ"
"ဘာတွေဖြစ်နေတာလဲကွာ ငါအခု ခင်ဗျားရှေ့ ရောက်နေပြီလေ"
"မဟုတ်ဘူး ကိုယ်အခုအိမ်မက် မက်နေတာလား?။ တကယ်ပဲ မင်းလေးလား"
သူ့ရှေ့က အရူးတပိုင်းဖြစ်နေတဲ့ ပတ်ခ်ဆောင်းဟွန်းကိုကြည့်ကာ ဂျယ်ယွန်းစိတ်ထဲ အနည်းငယ်မျှ ၀မ်းနည်းသွားရသည်။
"ဆောင်းဟွန်း... ငါ့ကိုကြည့်...ငါ့ကိုသေချာကြည့်"
သူရဲ့ မျက်လုံးလှလှတို့နှင့် ဆောင်းဟွန်းအားဆုံစေသည်။
"ငါပါ ရှင်းမ်ဂျယ်ယွန်းလေ! ခင်ဗျားအခု အိမ်မက် မက်နေတာမဟုတ်ဘူး ငါတကယ် ခင်ဗျားရှေ့ရှောက်နေတယ် ပြီးတော့ ခင်ဗျားလက်ကိုလည်း ဆုပ်ကိုင်ထားတယ် ပြီးတော့...."
သူ၏ နှာတံချွန်ချွန်တို့ဖြင့် ဆောင်းဟွန်း၏ နှုတ်ခေါင်းရှိ မှဲ့နက်လေးကို ဖွဖွနမ်းလိုက်သည်။
"ခင်ဗျားကိုလည်း နမ်းလိုက်တယ်"
"ယွန်းရာ...."
စိတ်ကိုချုပ်တည်းဖို့ မစွမ်းနိုင်ရာ ပိရိသေသပ်သော နှုတ်ခမ်းတို့သည် ထပ်တူကျလျှက်ရှိသည်။
"မင်းရဲ့နှုတ်ခမ်းတွေက အရင်လိုချိုနေတုန်းပဲ ယွန်း"
"ခင်ဗျားကလည်း ငါ့ကို ရင်ခုန်အောင်လုပ်နေတုန်းပဲလေ"
"ယွန်းရာ....မင်းအရမ်းစကားတတ်လွန်းတယ်"
"ခင်ဗျားနဲ့မှပါ"
နေရာခြည်တွေ ဝေဖြာနေသော ကားလမ်းမ နံဘေး
အချစ်ကဗျာတွေ တူးဆွနေသော ချစ်သူတို့ရှိခဲ့လေသည်။
__
ဒီနေ့က ပတ်ခ်ဂျုံဆောင်းကျောင်းသွားသည်မို့ ဂျောင်၀န်းတစ်ယောက်ထဲသာ နေ့လည်စာစားရမည်ဖြစ်သည်။ တစ်ယောက်ထဲစားရတဲ့ နေ့လည်စာက ခြောက်ကပ်ကပ်နှင့် စားချင်စရာမကောင်းလှပေ။
စားပြီးသွားတော့ ၀ရံတာသို့ထွက်ကာ လေညင်းခံနေလိုက်သည်။ ဒီနေ့မှ သစ်ရွက်တွေကြွေကျသည်ကိုလည်း အထူးအဆန်းကြည့်မိသည်။ မျက်စိရှေ့ရောက်လာတဲ့ ငှက်တွေကိုလည်း ကြည့်မိသည်။ တိမ်တွေကိုလည်းကြည့်မိသလို နောက်ဆုံး ပုရွက်ဆိတ်တွေကိုကြည့်ရင်း သုတေသနလုပ်နေမိ၏။ အထီးကျန်နေချိန်ဆို ကမ္ဘာပေါ်က ရှိရှိသမျှ အမှိုက်ကအစ စိတ်၀င်စားစရာကောင်းနေသလိုပဲ။ ဒါမှမဟုတ် ဒီတိုင်းဘာမှမလုပ်ရတာကို ကြိုက်နေမိသည်လား။
လေ့လာစရာအဖြာဖြာတို့ ကုန်ဆုံးသွားတော့ အတွေးနယ်ချဲ့မိရပြန်သည်။ ကိုကိုက သူနဲ့စတွေ့ထဲက အိမ်မက်ဆိုးတွေ မမက်တော့ဘူးဆိုပေမယ့် တစ်ခါတစ်ရံမက်နေဆဲပါ။ ထိုသို့မက်ပြီးလေတိုင်း ၀မ်းနည်းစွာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသော ကိုကို့ကြည့်ရင်း ဂျောင်၀န်းအသည်းခိုက်အောင် နာကျင်ရသည်။
သူပြောပြချင်ပါသည်။ အဲ့ကြောင်လေးက သူ့ကိုဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဘူးဆိုတာ။ အမြဲသတိရနေခဲ့တယ်ဆိုတာ။ ပြီးတော့ အရမ်းချစ်တယ်ဆိုတဲ့အကြောင်း...။
ဘယ်လိုပင်ဖုံးကွယ်နေလဲ အမှန်တရားဟာပေါ်လာစမြဲပဲမလား။
ပြောမှဖြစ်တော့မည်ထင်ပါသည်။
တကယ်ချစ်တဲ့သူဟာ သူ့ရဲ့အရာအားလုံးကို လက်ခံပေးမည်မလား။
.
.
.
.
.
"ဂျောင်၀န်း~"
ဘယ်ချိန်ထဲကအိပ်ပျော်သွားတယ်မသိ။ ကိုကိုတောင်ပြန်ရောက်လာပြီ။
"၀ရံတာမှာဘာလို့အိပ်နေရတာလည်း လေစိမ်းတွေတိုက်ပြီးဖျားတော့မှာပဲ"
"မဟုတ်ပါဘူး ခနလေး အိပ်ပျော်သွားတာ"
"အင်းပါ အထဲ၀င်ကြရအောင်"
အမြဲတမ်း ယုယနွေးထွေးလွန်းတဲ့ကိုကို့ ကို ကြည့်ကာ ဂျောင်၀န်းစိတ်ထဲ၀မ်းနည်းလာသည်။ တသ်ဆက်ထဲ ရင်ထဲမှာလည်း နင့်သည်းစွာ ခံစားလိုက်ရ၏။
ကိုကို့ရဲ့ အချစ်တွေက အရမ်းစစ်မှန်လွန်းတယ်။ ကိုကို့ကို သူမလိမ်ထားချင်တော့ပါ။ ဒါပေမယ့် ဖွင့်ပြောဖို့ကလည်း အတ္တသေးသေးလေးရှိနေသည်။ ဘာလုပ်ရမလဲ...? ဘယ်လိုလုပ်ရပါ့မလဲ?
"၀န်း~ ဘာဖြစ်နေတာလဲကွာ"
"...."
"ကိုယ့်ကိုယ်ပြောပါဦး ကိုယ့်ကလေးလေးက ဘာတွေအလိုမကျဖြစ်နေတာလဲ"
မျက်စိရှေ့မှ အကောင်ပေါက်လေးအားကြည့်ကာ ဂျုံဆောင်း အူယားနေသည်။ မေးသမျှပြန်မဖြေပေမယ့် စိတ်ကောက်တာမျိုးလဲမဟုတ်။ အတွေးလွန်နေခြင်းသာဖြစ်မည်။
"ဂျောင်...၀န်း~"
"ကိုကို...."
"ဟင်"
ဂျောင်၀န်းက လေးလေးနက်နက်ကြည့်နေသည်မို့ ဂျုံဆောင်းနည်းနည်းတော့ စိတ်ထဲထင့်လာ၏။
အကြာကြီးမဟုတ်တောင် မိနစ်ပိုင်းတစ်ခုထိ ထိုကဲ့သို့ ရှိနေကြသည်ထင်။
"မဟုတ်ဘူး....ကိုကို ရေချိုးတော့ ကျွန်တော်ထမင်းပြင်ထားမယ်"
"ကိုယ့်ကိုယ်ပြော...."
"ကျွန်တော်ဗိုက်ဆာနေပြီ"
"အာ...ဟုတ်ပြီ ကိုယ်မြန်မြန်ရေချိုးလိုက်မယ် ကိုယ့်ကလေးလေး ခနစောင့်နော်"
"အင်း"
အခြေအနေကောင်းပုံမပေါ်တာကြောင့် ဂျုံဆောင်းလည်း ဆက်မမေးဖြစ်တော့ပေ။ သူ့ရဲ့အသည်းအသက်လေး စိတ်ချမ်းသာဖို့သာအဓိကမို့ သဘောအတိုင်းသာ နေပေးချင်ပါသည်။
.
.
ဂျုံဆောင်းထွက်သွားကာမှ တင်းကျပ်ထားတဲ့ မျက်ရည်စက်တွေဟာ တစ်စက်ပြီးတစ်စက်ကျဆင်းလာသည်။
ကိုကိုက သူ့ကိုအရမ်းချစ်တာပါလား။
သူကတော့ကိုကို နာကျင်အောင်သာ အမြဲလုပ်နေမိခဲ့တာပဲ။
ယန်းဂျောင်၀န်းကအရမ်းဆိုးတယ်။ တကယ်ဆိုးတယ်။
သူသာမရှိတော့ရင် ကိုကို ဘယ်လိုလုပ်ပါ့မလဲ။
ပျော်နေစေချင်ပါသည်။ အချိန်အတိုင်းအတာ တစ်ခုထိတော့ ကိုကို သူ့ကြောင့် ပျော်နေတာကိုသာ ဖြစ်စေချင်ပါသည်။
သူကတော့ ကိုကို့ကို ဆိုးမိတဲ့အပြစ်အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်ဒဏ်ပေးလိုက်ပါတော့မယ်။
သူပြန်လာမိတာဟာ ကိုကို့အတွက် နောက်ထပ်၀မ်းနည်းစရာတစ်ခုကို ယူဆောင်လာပေးမိသည်လား....။
ကိုကိုနဲ့အတူပျိုးခဲ့သော Baby's breath ပန်းလေးတွေ ပွင့်သည်ထိတော့ အတူရှိနေချင်မိပါသည်။
ယန်းဂျောင်၀န်းက ကိုကို့အတွက် ဆုလာဘ်လေး မဖြစ်ပေးနိုင်ခဲ့ဘူးပဲ။
______________________________________
"မင်းရဲ့ဖြစ်တည်မှုကိုက ပတ်ခ်ဂျုံဆောင်းအတွက် ဆုလာဘ်ပါ ကလေးရယ်"
ကြာသွားတယ်နော်။ ဟီး~။
နှုတ်ဆက်ကြရတော့မှာပါ။
ZawGyi
ပင်ပန်းလာပြီ....။
__
-ဆု-
__
"ကိုကို"
"အင်း ၀နျး...နိုးပြီလား"
"ဟုတ်"
ဝနျးရယျ....ကိုယ်မင်းကိုအရမ်းချစ်လွန်းလို့ ဘယ်သူမှမရှိတဲ့နေရာမှာဖွက်ထားချင်မိတယ်။
"ပတ်ခ်ဂျုံဆောင်း!"
"ဟင်"
"ဘာတွေတွေးနေတာလဲဗျာ"
၀န်းသာမရှိရင် ကိုယ်တကယ်သေရမှာပါ။
__
"ဆောင်းဟွန်း"
"ယွန်းရာ...."
"ခင်ဗျားနဲ့မှပါ"
__
.
.
.
.
.
"ဂျောင်ဝန်း~"
"၀ရံတာမှာဘာလို့အိပျနရေတာလညျး လေစိမ်းတွေတိုက်ပြီးဖျားတော့မှာပဲ"
"၀နျး~ ဘာဖြစ်နေတာလဲကွာ"
"...."
"ဂျောင်...၀နျး~"
"ကိုကို...."
"ဟင်"
"ကိုယ့်ကိုယ်ပြော...."
"အင်း"
.
.
__
ကြာသွားတယ်နော်။ ဟီး~။