Unforgivable [completed]

By xiaopaing105

121K 9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 End

Part 19

3.3K 280 3
By xiaopaing105

ထင်တဲ့အတိုင်းပဲ မနေ့က ကျိုးချန်ရဲ့ ပွဲပြီးကတည်းက
အိမ်ပြန်မလိုက်လာတဲ့ ဝမ်ရိပေါ် "သွားစရာရှိလို့ " ဆိုတဲ့ စကားတစ်ခွန်းတော့ သူ့ကိုပြောလာခဲ့တယ်
အတိတ်မှာတုန်းကတော့ ကျိုးချန်ပွဲက အပြန်
အိမ်မရောက်ပဲ ပျောက်သွားတာကြောင့်
ဝမ်ရိပေါ် အပေါ် သံသယကြီးကြီး ဝင်ခဲ့တယ်
ယခုတော့ အဲ့လိုအတွေးမျိုးမရှိ
ဝမ်းပါးဆေးရုံသွားတာပဲ ဆိုပြီး သိလိုက်ရတယ်
သူလည်းအတိတ်တုန်းက ဝမ်ရိပေါ်အပေါ် သေးငယ်တဲ့ အထင်လွှဲမှုတွေ ရှိခဲ့ဖူးတာပဲ

ရှောင်းကျန့် ဒီနေ့ ထူးထူးခြားခြား စိတ်ပေါ့ပါးနေတာမို့
အလုပ်သွားရတာ တက်တက်ကြွကြွပဲ

အလုပ်လုပ်ရတာက အစအဆင်ပြေနေရော

customerတိုင်းကို အပြုံးချိုချိုနဲ့ ဆက်ဆံနေခဲ့ပေမယ့်
ရှောင်းကျန့်က ဒီတစ်ယောက်ကိုတော့ပြုံးမပြနိုင်
ဘယ်လိုပဲ ဝယ်သူဖြစ်နေခဲ့ဖြစ်နေခဲ့
ဘယ်လိုပဲ အပြုံးတွေနဲ့ ဆက်ဆံလာပါစေ
ဒီတစ်ယောက်ကိုတော့ ရှောင်းကျန့် အပြုံးနဲ့မဆက်ဆံနိုင်

counterရှေ့မှာ အဝါရောင် ဟူဒီပွပွထဲနစ်နေတဲ့ ဒီကောင်လေး
ချစ်စရာကောင်းအောင်ပြုံးပြပြီး Cappuccino တစ်ခွက်မှာ တဲ့ ကောင်လေးက သိပ်ချစ်စရာကောင်းနေပေမယ့် ရှောင်းကျန့်အတွက် မဟုတ်ခဲ့
ဘာကြောင့် ဒီမျက်နှာက သူ့ရှေ့ကို စောစီးစွာ ရောက်လာရပါသလဲ
အချိန်မတန်သေးတာတောင် သူ့အပေါ် ရက်စက်ချင်နေတဲ့ ကံတရားပဲ

ဒီကောင်လေးသူ့ရှေ့က မြန်မြန်ပျောက်ကွယ်သွားအောင်
မှာထားတာကို မြန်မြန်ပေးလိုက်သည်

"ကျေးဇူးပါ ကောကော
ပြုံးရင်အရမ်းလှတယ်နော်
တည်တည်ကြီးမနေပါနဲ့ "

ဖန်အာသည် လီယိုပေးတဲ့တာဝန်အရ
ဒီကောကောလှလှလေးကို ဓာတ်ပုံလာချောင်းရိုက်တာဖြစ်သည်
လီယို တော်တော်ဖြစ်တာလည်း မပြောနဲ့
ကောလှလှလေးရဲ့ အပြုံးမှာ သူတောင်ငေးခနဲ
ဒါပေမဲ့ ကောကောက သူ့ကိုမြင်တာနဲ့ ရုပ်တည်ကြီးဖြစ်သွားတာမို့ သူလည်း မနေနိုင်စွာ
ပြောလိုက်မိခြင်း
လေထုအခြေအနေက ထူးဆန်းသွားတာမို့
မှာထားတာရော ပုံပါအတော်အသင့်ရနေပီဖြစ်တာကြောင့်လှစ်ခနဲ ပြန်ထွက်လာခဲ့သည်

တစ်ယောက်သောသူကတော့ သူ့အတွေးနဲ့သူပင်

.....

"ရလာပြီလား "

ပြန်ရောက်ရောက်ခြင်းထိုင်ခွင့်တောင်မပေး
မေးလာတဲ့ လီယိုဟာ သိပ်ပိုသည်

"လီဖန်အာပါ
မအောင်မြင်ဘဲ ပြန်လာပါ့မလား "

"ဒါဆိုမြန်မြန်ပြလေ "

"no no သူငယ်ချင်း
ဘယ်မတုန်း မင်းရဲ့ Assignment တွေ
ပြီးသလောက်ပြ "

မနက်ဖြန်ဆို Assignmentက ထပ်ရတော့မယ် နောက်ဆုံးနှစ်ရောက်နေပြီဆိုတာတောင် ကောအလှလေးနောက် ပတ်လိုက်နေတဲ့ လီယိုကြောင့်
သူ့မှာ စာလေးတော့ပြီးအောင်ရေးပါ
ကောအလှလေးရဲ့ ပုံရိပ်တွေအတွက် သူအာမခံပါတယ်ဆိုပြီး ရေးခိုင်းထားရတာ

ဒါကြောင့် မရေးချင်ရေးချင်ရေးထားတဲ့ မသေမသပ် လက်ရေးများနဲ့ Assignmentအား မြင်ပြီးနောက်
သူ့ကတိအတိုင်း ဖုန်းထဲက ကောလှလှလေးပုံများအားပေးရတော့သည်

"ပို့ပြီးပြီနော် ဖုန်းပဲကြည့်မနေနဲ့ ပြီးအောင်ဆက်ရေး "

"စိတ်မပူနဲ့ သူငယ်ချင်းလေး
ကောကောပုံလေးတွေကြည့်ပြီး
motiယူလိုက်မယ် "

ဖန်အာသည် လီယိုအားမနိုင်ဘူးဆိုတဲ့ သဘောဖြင့် ကြည့်ကာ လွှတ်ထားလိုက်တော့သည်

.....

CEOလက်မှတ်ထိုးရမယ့် စာရင်းတွေကို သေချာစီစစ်ပြီး
ကျိုးချန် ဆေးရုံကို သွားပို့ပေးဖို့ပြင်နေရတယ်
ဝမ်ဥက္ကဌကြီးက ခွဲစိတ်ဖို့ရှိတာကြောင့်
သားတစ်ယောက်ရဲ့တာဝန်အရ
CEOက စောင့်ပေးနေရခြင်း
အခုလို ဆေးရုံမှာ အလုပ်သယ်ပြီး လုပ်နေတာ ရက်ပိုင်းလောက်ရှိပြီ

ထူးဆန်းတာက သူ့သူငယ်ချင်းလေးရှောင်းကျန့်ဟာ တစ်ရက်မှပေါ်မလာ
ယောက္ခမကြီးဆေးရုံတက်တာ မသိလို့များလား ဒါမှမဟုတ် တခြားအကြောင်းရှိနေလို့များလား
နဂိုတည်းက ဝမ်ဥက္ကဌကြီးနဲ့ရှောင်းကျန့်ဟာ
အကြောတည့်တာမဟုတ်
ကျိုးချန် အတွေးတွေကို ခါထုတ်လိုက်တော့တယ်
ကိုယ့်ကိစ္စတော့ မဟုတ်ပါဘူးလေ
CEO Companyမှာမရှိတော့ ကျိုးချန်မှာ အလုပ်ခပ်များများရယ်
နောက် သတိရမှ မေးလိုက်တော့မယ်

....

ရှောင်းကျန့်တစ်ယောက် လီဖန်အာကို တွေ့ပြီးကတည်းက စိတ်ထွေနေတာ
အလုပ်လည်းကောင်းကောင်း အာရုံမစိုက်နိုင်တော့
သူ့အတွေးထဲမှာ ဒီကောင်လေးက ဝမ်ရိပေါ်က သူ့အကြောင်းပြောပြထားလို့များ လာအကဲခတ်တာလား
ဒါမှမဟုတ် တကယ်ကို အမှတ်တမဲ့ တွေ့ဆုံတာများလားဆိုပြီး အတွေးများနေခဲ့တယ်
လီဖန်အာဆိုတဲ့ ဖြစ်တည်မှုက သူ့အပေါ် ဒီလောက်တောင် လွှမ်းမိုးနိုင်တယ်

အလုပ်ဆင်းဆင်းချင်း ရှောင်းကျန့်မှာ အိမ်တန်းမပြန်ချင်
ဒီနေ့တော့ နည်းနည်းသောက်မှဖြစ်မယ်အဖော်ရအောင် ကျိုးချန်ကို ဖုန်းဆက်ခေါ်လိုက်တယ်

ယခုရှောင်းကျန့် လမ်းဘေးဆိုင်တစ်ဆိုင်မှာဖြစ်ပြီး ကျိုးချန်ကိုတည်နေရာပို့ခဲ့တယ်

ကျိုးချန်ကို စောင့်ရင်းသောက်နေတာ တော်တော်များနေခဲ့ပြီ
မျှော်နေတဲ့သူက ပေါ်မလာဘဲ
ပုလင်းအရေအတွက်တွေသာ တိုးလာခဲ့တယ်

ခေါင်းတောင်မထောင်နိုင်တော့တဲ့သူက နောက်တစ်ခွက်ထပ်မော့ဖို့ကြိုးစားနေပေမယ့်
တစ်စုံတစ်ယောက်ရဲ့ တားဆီးခြင်းခံလိုက်ရတယ်

"ရောက်လာပြီလား ~~
မင်းကပါ ငါ့ကို ပစ်ပယ်ထားတယ် ~~"

ထိုစကားစုလေးကိုသာ အနိုင်နိုင်ပြောပြီးနောက် စိတ်ချသွားဟန် မှောက်သွားပါတော့တယ်

တစ်စုံတစ်ယောက်ကတော့ သူရဲ့အရက်သမားလေးကို တယုတယ ပွေ့ချီသယ်ပိုးပါတော့တယ်

ထိုနေ့က ဝမ်ကျိုးချန်မှာ Companyအလုပ်အပြင် ဆေးရုံစောင့်တဲ့အလုပ်ကိုပါ အပိုအနေနဲ့ တာဝန်ပေးခြင်းခံခဲ့ရပါတော့တယ်


🐰Xiao Paing🐰

🐇Zawgyi🐇

ထင္တဲ့အတိုင္းပဲ မေန႕က က်ိဳးခ်န္ရဲ႕ ပြဲၿပီးကတည္းက
အိမ္ျပန္မလိုက္လာတဲ့ ဝမ္ရိေပၚ "သြားစရာရွိလို႔ " ဆိုတဲ့ စကားတစ္ခြန္းေတာ့ သူ႕ကိုေျပာလာခဲ့တယ္
အတိတ္မွာတုန္းကေတာ့ က်ိဳးခ်န္ပြဲက အျပန္
အိမ္မေရာက္ပဲ ေပ်ာက္သြားတာေၾကာင့္
ဝမ္ရိေပၚ အေပၚ သံသယႀကီးႀကီး ဝင္ခဲ့တယ္
ယခုေတာ့ အဲ့လိုအေတြးမ်ိဳးမရွိ
ဝမ္းပါးေဆး႐ုံသြားတာပဲ ဆိုၿပီး သိလိုက္ရတယ္
သူလည္းအတိတ္တုန္းက ဝမ္ရိေပၚအေပၚ ေသးငယ္တဲ့ အထင္လႊဲမႈေတြ ရွိခဲ့ဖူးတာပဲ

ေရွာင္းက်န့္ ဒီေန႕ ထူးထူးျခားျခား စိတ္ေပါ့ပါးေနတာမို႔
အလုပ္သြားရတာ တက္တက္ႂကြႂကြပဲ

အလုပ္လုပ္ရတာက အစအဆင္ေျပေနေရာ

customerတိုင္းကို အၿပဳံးခ်ိဳခ်ိဳနဲ႕ ဆက္ဆံေနခဲ့ေပမယ့္
ေရွာင္းက်န့္က ဒီတစ္ေယာက္ကိုေတာ့ၿပဳံးမျပနိုင္
ဘယ္လိုပဲ ဝယ္သူျဖစ္ေနခဲ့ျဖစ္ေနခဲ့
ဘယ္လိုပဲ အၿပဳံးေတြနဲ႕ ဆက္ဆံလာပါေစ
ဒီတစ္ေယာက္ကိုေတာ့ ေရွာင္းက်န့္ အၿပဳံးနဲ႕မဆက္ဆံနိုင္

counterေရွ႕မွာ အဝါေရာင္ ဟူဒီပြပြထဲနစ္ေနတဲ့ ဒီေကာင္ေလး
ခ်စ္စရာေကာင္းေအာင္ၿပဳံးျပၿပီး Cappuccino တစ္ခြက္မွာ တဲ့ ေကာင္ေလးက သိပ္ခ်စ္စရာေကာင္းေနေပမယ့္ ေရွာင္းက်န့္အတြက္ မဟုတ္ခဲ့
ဘာေၾကာင့္ ဒီမ်က္ႏွာက သူ႕ေရွ႕ကို ေစာစီးစြာ ေရာက္လာရပါသလဲ
အခ်ိန္မတန္ေသးတာေတာင္ သူ႕အေပၚ ရက္စက္ခ်င္ေနတဲ့ ကံတရားပဲ

ဒီေကာင္ေလးသူ႕ေရွ႕က ျမန္ျမန္ေပ်ာက္ကြယ္သြားေအာင္
မွာထားတာကို ျမန္ျမန္ေပးလိုက္သည္

"ေက်းဇူးပါ ေကာေကာ
ၿပဳံးရင္အရမ္းလွတယ္ေနာ္
တည္တည္ႀကီးမေနပါနဲ႕ "

ဖန္အာသည္ လီယိုေပးတဲ့တာဝန္အရ
ဒီေကာေကာလွလွေလးကို ဓာတ္ပုံလာေခ်ာင္းရိုက္တာျဖစ္သည္
လီယို ေတာ္ေတာ္ျဖစ္တာလည္း မေျပာနဲ႕
ေကာလွလွေလးရဲ႕ အၿပဳံးမွာ သူေတာင္ေငးခနဲ
ဒါေပမဲ့ ေကာေကာက သူ႕ကိုျမင္တာနဲ႕ ႐ုပ္တည္ႀကီးျဖစ္သြားတာမို႔ သူလည္း မေနနိုင္စြာ
ေျပာလိုက္မိျခင္း
ေလထုအေျခအေနက ထူးဆန္းသြားတာမို႔
မွာထားတာေရာ ပုံပါအေတာ္အသင့္ရေနပီျဖစ္တာေၾကာင့္လွစ္ခနဲ ျပန္ထြက္လာခဲ့သည္

တစ္ေယာက္ေသာသူကေတာ့ သူ႕အေတြးနဲ႕သူပင္

.....

"ရလာၿပီလား "

ျပန္ေရာက္ေရာက္ျခင္းထိုင္ခြင့္ေတာင္မေပး
ေမးလာတဲ့ လီယိုဟာ သိပ္ပိုသည္

"လီဖန္အာပါ
မေအာင္ျမင္ဘဲ ျပန္လာပါ့မလား "

"ဒါဆိုျမန္ျမန္ျပေလ "

"no no သူငယ္ခ်င္း
ဘယ္မတုန္း မင္းရဲ႕ Assignment ေတြ
ၿပီးသေလာက္ျပ "

မနက္ျဖန္ဆို Assignmentက ထပ္ရေတာ့မယ္ ေနာက္ဆုံးႏွစ္ေရာက္ေနၿပီဆိုတာေတာင္ ေကာအလွေလးေနာက္ ပတ္လိုက္ေနတဲ့ လီယိုေၾကာင့္
သူ႕မွာ စာေလးေတာ့ၿပီးေအာင္ေရးပါ
ေကာအလွေလးရဲ႕ ပုံရိပ္ေတြအတြက္ သူအာမခံပါတယ္ဆိုၿပီး ေရးခိုင္းထားရတာ

ဒါေၾကာင့္ မေရးခ်င္ေရးခ်င္ေရးထားတဲ့ မေသမသပ္ လက္ေရးမ်ားနဲ႕ Assignmentအား ျမင္ၿပီးေနာက္
သူ႕ကတိအတိုင္း ဖုန္းထဲက ေကာလွလွေလးပုံမ်ားအားေပးရေတာ့သည္

"ပို႔ၿပီးၿပီေနာ္ ဖုန္းပဲၾကည့္မေနနဲ႕ ၿပီးေအာင္ဆက္ေရး "

"စိတ္မပူနဲ႕ သူငယ္ခ်င္းေလး
ေကာေကာပုံေလးေတြၾကည့္ၿပီး
motiယူလိုက္မယ္ "

ဖန္အာသည္ လီယိုအားမနိုင္ဘူးဆိုတဲ့ သေဘာျဖင့္ ၾကည့္ကာ လႊတ္ထားလိုက္ေတာ့သည္

.....

CEOလက္မွတ္ထိုးရမယ့္ စာရင္းေတြကို ေသခ်ာစီစစ္ၿပီး
က်ိဳးခ်န္ ေဆး႐ုံကို သြားပို႔ေပးဖို႔ျပင္ေနရတယ္
ဝမ္ဥကၠဌႀကီးက ခြဲစိတ္ဖို႔ရွိတာေၾကာင့္
သားတစ္ေယာက္ရဲ႕တာဝန္အရ
CEOက ေစာင့္ေပးေနရျခင္း
အခုလို ေဆး႐ုံမွာ အလုပ္သယ္ၿပီး လုပ္ေနတာ ရက္ပိုင္းေလာက္ရွိၿပီ

ထူးဆန္းတာက သူ႕သူငယ္ခ်င္းေလးေရွာင္းက်န့္ဟာ တစ္ရက္မွေပၚမလာ
ေယာကၡမႀကီးေဆး႐ုံတက္တာ မသိလို႔မ်ားလား ဒါမွမဟုတ္ တျခားအေၾကာင္းရွိေနလို႔မ်ားလား
နဂိုတည္းက ဝမ္ဥကၠဌႀကီးနဲ႕ေရွာင္းက်န့္ဟာ
အေၾကာတည့္တာမဟုတ္
က်ိဳးခ်န္ အေတြးေတြကို ခါထုတ္လိုက္ေတာ့တယ္
ကိုယ့္ကိစၥေတာ့ မဟုတ္ပါဘူးေလ
CEO Companyမွာမရွိေတာ့ က်ိဳးခ်န္မွာ အလုပ္ခပ္မ်ားမ်ားရယ္
ေနာက္ သတိရမွ ေမးလိုက္ေတာ့မယ္

....

ေရွာင္းက်န့္တစ္ေယာက္ လီဖန္အာကို ေတြ႕ၿပီးကတည္းက စိတ္ေထြေနတာ
အလုပ္လည္းေကာင္းေကာင္း အာ႐ုံမစိုက္နိုင္ေတာ့
သူ႕အေတြးထဲမွာ ဒီေကာင္ေလးက ဝမ္ရိေပၚက သူ႕အေၾကာင္းေျပာျပထားလို႔မ်ား လာအကဲခတ္တာလား
ဒါမွမဟုတ္ တကယ္ကို အမွတ္တမဲ့ ေတြ႕ဆုံတာမ်ားလားဆိုၿပီး အေတြးမ်ားေနခဲ့တယ္
လီဖန္အာဆိုတဲ့ ျဖစ္တည္မႈက သူ႕အေပၚ ဒီေလာက္ေတာင္ လႊမ္းမိုးနိုင္တယ္

အလုပ္ဆင္းဆင္းခ်င္း ေရွာင္းက်န့္မွာ အိမ္တန္းမျပန္ခ်င္
ဒီေန႕ေတာ့ နည္းနည္းေသာက္မွျဖစ္မယ္အေဖာ္ရေအာင္ က်ိဳးခ်န္ကို ဖုန္းဆက္ေခၚလိုက္တယ္

ယခုေရွာင္းက်န့္ လမ္းေဘးဆိုင္တစ္ဆိုင္မွာျဖစ္ၿပီး က်ိဳးခ်န္ကိုတည္ေနရာပို႔ခဲ့တယ္

က်ိဳးခ်န္ကို ေစာင့္ရင္းေသာက္ေနတာ ေတာ္ေတာ္မ်ားေနခဲ့ၿပီ
ေမွ်ာ္ေနတဲ့သူက ေပၚမလာဘဲ
ပုလင္းအေရအတြက္ေတြသာ တိုးလာခဲ့တယ္

ေခါင္းေတာင္မေထာင္နိုင္ေတာ့တဲ့သူက ေနာက္တစ္ခြက္ထပ္ေမာ့ဖို႔ႀကိဳးစားေနေပမယ့္
တစ္စုံတစ္ေယာက္ရဲ႕ တားဆီးျခင္းခံလိုက္ရတယ္

"ေရာက္လာၿပီလား ~~
မင္းကပါ ငါ့ကို ပစ္ပယ္ထားတယ္ ~~"

ထိုစကားစုေလးကိုသာ အနိုင္နိုင္ေျပာၿပီးေနာက္ စိတ္ခ်သြားဟန္ ေမွာက္သြားပါေတာ့တယ္

တစ္စုံတစ္ေယာက္ကေတာ့ သူရဲ႕အရက္သမားေလးကို တယုတယ ေပြ႕ခ်ီသယ္ပိုးပါေတာ့တယ္

ထိုေန႕က ဝမ္က်ိဳးခ်န္မွာ Companyအလုပ္အျပင္ ေဆး႐ုံေစာင့္တဲ့အလုပ္ကိုပါ အပိုအေနနဲ႕ တာဝန္ေပးျခင္းခံခဲ့ရပါေတာ့တယ္


🐰Xiao Paing🐰


Continue Reading

You'll Also Like

49.4K 2.7K 42
កាលពីកន្លងមកគេចាត់ទុកយើងត្រឹមតែជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ជុងហ្គុក ចនអេនឡាក់ដែលជាកូនប្រុសទោលតែម្នាក់នៅក្នុងវង្សត្រកូលចន នាយសង្ហាម្នាក់នេះគ្មានចិត្តប្...
62K 4.7K 63
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
16.6K 3.5K 51
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
153K 7.7K 16
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။