Unforgivable [completed]

By xiaopaing105

119K 8.9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 End

Part 18

3.2K 271 5
By xiaopaing105

လက်ထဲကဘီယာဘူးကို လှုပ်ခတ်နေရင်း
ရှောင်းကျန့် စိတ်ထဲအကြံတစ်ခုပေါ်လာတယ်
ဝမ်ရိပေါ်ရဲ့ နောက်ဆုံးအဖက်လုပ်ပေးတဲ့နေ့မှာ ဝမ်ရိပေါ်ကို နိုင်စားကြည့်ရမလားဆိုပြီးတော့ပေါ့
အတိတ်မှာရော လက်ရှိမှာပါ တစ်လျှောက်လုံး ဝမ်ရိပေါ်ကပဲ သူ့ကို  နာကျင်စေခဲ့တာ
သူ့ဘက်က တုန့်ပြန်တာမျိုးမလုပ်ခဲ့
ဒီနေ့မှာတော့ ဝမ်ရိပေါ်ကို အသေးစားလက်စားချေတာမျိုးလေး လုပ်ချင်သည်
ဒါကြောင့် သူ့ဆီက အကြည့်မလွှဲတဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေကို
သူက စူးစိုက်ကြည့်ပေးလိုက်သည်

"ဝမ်ရိပေါ် ငါ ဝိုင်သောက်ချင်တယ် "

ဝမ်ရိပေါ်ဆီမှ အကြည့်မလွှဲဘဲ
ပြောလိုက်သည်
တစ်ဝိုင်းထဲထိုင်နေတဲ့ အခြားသူငယ်ချင်းတွေကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးတွေကို သိထားသူတွေကြည့်မလို့
သူ့စကားကို အရေးတယူတော့မရှိကြ
ဝမ်ရိပေါ်ကတော့ ပြုံးဖြီးနေတဲ့မျက်နှာကြီးနဲ့

"ကိုယ်ယူပေးမယ် "
ဆိုပြီး ထသွားလေရဲ့
ရှောင်းကျန့် နှုတ်ခမ်းတွန်ရုံပြုံးလိုက်ပြီး
ဘေးက သူငယ်ချင်းဖြစ်သူနဲ့ စကား ဖောင်ဖွဲ့လိုက်တော့တယ်
သူငယ်ချင်းတွေဆုံဖို့က မလွယ်တာမို့
စကားမပြောဘဲ ခပ်တန်းတန်းနေလို့ မဖြစ်ပေ

သူငယ်ချင်းရဲ့ လက်ရှိစီးပွားရေး
ကျန်းမာရေး တွေမေးတော့
​ပြန်မေးလာတာက သူနဲ့ဝမ်ရိပေါ်ရဲ့ အိမ်ထောင်ရေးအကြောင်းသာ
ရှောင်းကျန့်ကတော့ လုပ်ပြုံးလေးနဲ့ အိမ်ထောင်ရေး အဆင်ပြေကြောင်း
ဖြေပေးခဲ့ပါတယ်
အမှန် မဟုတ်ပေမယ့်လည်းပေါ့

"ဝမ်ရိပေါ်ရဲ့ ကောလဟာလ သတင်းတွေ
အရမ်းတက်လာတယ်နော် "
တဲ့ ရှောင်းကျန့်မှာ ဘယ်လိုဖြေရမလဲမသိ
သူငယ်ချင်းက သဘောပေါက်သွား ပုံရပြီး
"အမှန်မဟုတ်တာ သိလည်း ကြာတော့ မင်းတို့ အိမ်ထောင်ရေးအတွက် မကောင်းဘူး
စေတနာနဲ့ အကြံပေးတာပါကွာ "ဆိုပြီး လျှောချသွားတယ်

ရှောင်းကျန့်မှာ မပီပြင်တဲ့ အပြုံးတွေနဲ့ ခေါင်းညိတ်နားထောင်နေရချိန်
ဝိုင်ခွက်ဆွဲလာတဲ့ ဝမ်ရိပေါ်က
ရောက်လာလေရဲ့

"နေရာချင်း လဲမလား သူငယ်ချင်း
ငါ့ယောက်ျားနားထိုင်ချင်လို့ "

"ရတာပေါ့ "

ဝမ်ရိပေါ်အကြောင်းပြောနေတဲ့ သူငယ်ချင်းက မလုံမလဲ ထသွားပေးတော့
ဝမ်ရိပေါ်က အဲ့နေရာမှာ
ဝင်ထိုင်လိုက်တယ်

"သူပြောတာ နားမထောင်နဲ့ရှောင်း
သတင်းထွက်တဲ့ မိန်းကလေးတိုင်းနဲ့
ကိုယ်နဲ့ ဘာမှ မပတ်သက်ဘူး
mediaက စည်းလွတ်ဘောင်လွတ်ရေးထားတဲ့ အမှိုက်သတင်းတွေ သက်သက်ပဲ "

ဝိုင်ခွက်ကို လက်ထဲထည့်ပေးရင်း ရှင်းပြလာတဲ့ ဝမ်ရိပေါ်
ထူးဆန်းတာပဲ
အတိတ်မှာတုန်းက ဝမ်ရိပေါ်က အဲ့အကြောင်းရှင်းပြခြင်းမျိုးမရှိခဲ့
သတင်းတွေ ထွက်လာတိုင်း
သူသောင်းကျန်းတဲ့အခါ တိတ်ဆိတ်နေတတ်တာမျိုး
ဒါကို သူကလည်း ဝန်ခံတယ်လို့မှတ်ယူပြီး
ထိုမိန်းကလေးတွေကို
ဝမ်ရိပေါ်ရဲ့ ဇယားတွေလို့ပဲ ထင်ထားခဲ့တာ

စဥ်းစားကြည့်တော့ ဝမ်ရိပေါ်လိုလူမျိုးက
သူ့အားအရေးတယူ လိမ်လည်ပြီး ရှင်းပြနေမယ့် သူမျိုးလည်း မဟုတ်ပြန်
ဒါဆို သတင်းထဲက မိန်းကလေးတွေက ဝမ်ရိပေါ်ရည်းစားတွေ မဟုတ်ဘူးပေါ့
ဒါဆို ဟိုတစ်ခေါက်က ရုံးမှာ တွေ့တဲ့ မိန်းကလေးကရော

အို.... ခေါင်းတွေရှုပ်ပါတယ််
မိန်းကလေးတွေဆိုတာက အဲ့လောက်အရေးပါတာမှမဟုတ်တာ
တကယ့်အမှန်တရားက ဝမ်ရိပေါ် တကယ်ချစ်တာ လီဖန်အာတစ်ယောက်တည်းပဲ
အချိန်တန်ရင် လီဖန်အာကသာ ပိုင်ဆိုင်မယ့် ဝမ်ရိပေါ်အတွက်
ရှောင်းကျန့်နဲ့ အဲ့မိန်းကလေးတွေက အရေးမပါလှပါဘူး

ရှောင်းကျန့် လက်ထဲက ဝိုင်ခွက်လေးကို
လှုပ်ခါရင်း ဝမ်ရိပေါ် မျက်နှာကို သေချာစွာ
လိုက်တယ်
ပြီးတော့ ဖန်ခွက်ကိုထိန်းကိုင်ထားတဲ့ သူ့ရဲ့
လက်ချောင်းလေးတွေကို ဖြေလျှော့ပေးလိုက်တယ်
ချက်ချင်းဆိုသလိုပဲ
ခွမ်းခနဲ အသံက ထွက်ပေါ်လာတယ်

"Ohhh သေပြီ
ကျိုးချန်ပွဲမှာ အမှိုက်ဖွလိုက်မိပြီပဲ
ဝမ်ရိပေါ် ဖွဲကွဲစတွေ သိမ်းပေးမလား "

ဝမ်ရိပေါ်က မျက်နှာမပျက်
ဖန်ကွဲစ တစ်ခုချင်းစီကို ကောက်ယူသိမ်းဆည်းသည်
ရှောင်းကျန့်ထင်တာ လူကြားထဲမှာ ဝမ်ရိပေါ်လို Wang Groupရဲ့ CEOက လူကြားထဲ
သူခိုင်းတာခံရရင် ရှက်သွားမယ်ပေါ့
သူထင်သလို မဟုတ်တော့ ရှောင်းကျန့်စိတ်ပျက်သွားသည်

အမှိုက်သွားသိမ်းတဲ့ ဝမ်ရိပေါ်ကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်
လူကြားထဲမှာ သိပ်ချစ်တတ်တဲ့ ခင်ပွန်း imageကိုယူသွားတာလေ

မျက်စိရှေ့က စားပွဲပေါ်မှာ တဗြင်းဗြင်းမြည်နေသော ဖုန်းမှာ
ဝမ်ရိပေါ်ဖုန်းဖြစ်နေသည်
Contact nameကိုကြည့်တော့
ပါး တဲ့ သူ့အဖေဆက်နေတာပဲ
မသိချင်ယောင်ဆောင်နေသောလည်း
ဆက်တိုက်မြည်နေတဲ့ ဖုန်းကြောင့်
အရေးကြီးလို့ နေမယ် ဆိုပြီး ကိုင်ပေးလိုက်တယ်
အခြားသူလည်းမဟုတ် ကိုယ့်ယောက္ခမကြီးဆိုတော့ ပြသနာတော့မရှိပါဘူး

"ရိပေါ် ဒီအဖေအိုကြီးကို ဆေးရုံမှာ တစ်ခေါက်လောက်တော့ လာတွေ့ပါအုံး"

ဖုန်းလက်ခံပြီးပြီးချင်း ထွက်ပေါ်လာတဲ့ ဝမ်ပါးရဲ့ အသံကြောင့်
ရှောင်းကျန့်ကြောင်သွားသည်
ဝမ်ပါးက နိုင်ငံခြားမှာ မဟုတ်ဘူးလား
ခုဆေးရုံကိုလာတွေ့ဆိုတာ
ဘာအဓိပ္ပါယ်လဲ

ရှောင်းကျန့်စဥ်းစားနေတုန်းရှိသေး လက်ထဲက ဖုန်းက လုယူခံလိုက်ရသည်

"ပါးပြီးမှ ပြန်ဆက်မယ် "

ချက်ချင်းဖုန်းချလိုက်ပြီး ဂနာမငြိမ်မျက်လုံးတွေက ဝမ်ပါးနဲ့ပတ်သက်ပြီးတစ်ခုခုကို ဖုံးကွယ်ထားဟန်

"ဝမ်ပါး ဆေးရုံတက်နေရတာလား "

"အင်း....
ကြီးကြီးမားမား မဟုတ်ဘူး
ဂရုမစိုက်လည်းရတယ် "

ပြီးတာပဲလေ ဝမ်ရိပေါ်က ဂရုမစိုက်နဲ့ဆိုတော့လည်း သူက ဘာတွေ ဆက်မေးဖို့လိုနေအုံးမှာလည်း ဂရုမစိုက်တော့ရုံပဲပေါ့ ပြီးဆုံးတော့မယ့် ဆက်ဆံရေးတွေပဲဟာ

🐰Xiao Paing🐰

🐇Zawgyi🐇

လက္ထဲကဘီယာဘူးကို လႈပ္ခတ္ေနရင္း
ေရွာင္းက်န့္ စိတ္ထဲအႀကံတစ္ခုေပၚလာတယ္
ဝမ္ရိေပၚရဲ႕ ေနာက္ဆုံးအဖက္လုပ္ေပးတဲ့ေန႕မွာ ဝမ္ရိေပၚကို နိုင္စားၾကည့္ရမလားဆိုၿပီးေတာ့ေပါ့
အတိတ္မွာေရာ လက္ရွိမွာပါ တစ္ေလွ်ာက္လုံး ဝမ္ရိေပၚကပဲ သူ႕ကို  နာက်င္ေစခဲ့တာ
သူ႕ဘက္က တုန့္ျပန္တာမ်ိဳးမလုပ္ခဲ့
ဒီေန႕မွာေတာ့ ဝမ္ရိေပၚကို အေသးစားလက္စားေခ်တာမ်ိဳးေလး လုပ္ခ်င္သည္
ဒါေၾကာင့္ သူ႕ဆီက အၾကည့္မလႊဲတဲ့ ဝမ္ရိေပၚရဲ႕မ်က္လုံးေတြကို
သူက စူးစိုက္ၾကည့္ေပးလိုက္သည္

"ဝမ္ရိေပၚ ငါ ဝိုင္ေသာက္ခ်င္တယ္ "

ဝမ္ရိေပၚဆီမွ အၾကည့္မလႊဲဘဲ
ေျပာလိုက္သည္
တစ္ဝိုင္းထဲထိုင္ေနတဲ့ အျခားသူငယ္ခ်င္းေတြကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးေတြကို သိထားသူေတြၾကည့္မလို႔
သူ႕စကားကို အေရးတယူေတာ့မရွိၾက
ဝမ္ရိေပၚကေတာ့ ၿပဳံးၿဖီးေနတဲ့မ်က္ႏွာႀကီးနဲ႕

"ကိုယ္ယူေပးမယ္ "
ဆိုၿပီး ထသြားေလရဲ႕
ေရွာင္းက်န့္ ႏႈတ္ခမ္းတြန္႐ုံၿပဳံးလိုက္ၿပီး
ေဘးက သူငယ္ခ်င္းျဖစ္သူနဲ႕ စကား ေဖာင္ဖြဲ႕လိုက္ေတာ့တယ္
သူငယ္ခ်င္းေတြဆုံဖို႔က မလြယ္တာမို႔
စကားမေျပာဘဲ ခပ္တန္းတန္းေနလို႔ မျဖစ္ေပ

သူငယ္ခ်င္းရဲ႕ လက္ရွိစီးပြားေရး
က်န္းမာေရး ေတြေမးေတာ့
​ျပန္ေမးလာတာက သူနဲ႕ဝမ္ရိေပၚရဲ႕ အိမ္ေထာင္ေရးအေၾကာင္းသာ
ေရွာင္းက်န့္ကေတာ့ လုပ္ၿပဳံးေလးနဲ႕ အိမ္ေထာင္ေရး အဆင္ေျပေၾကာင္း
ေျဖေပးခဲ့ပါတယ္
အမွန္ မဟုတ္ေပမယ့္လည္းေပါ့

"ဝမ္ရိေပၚရဲ႕ ေကာလဟာလ သတင္းေတြ
အရမ္းတက္လာတယ္ေနာ္ "
တဲ့ ေရွာင္းက်န့္မွာ ဘယ္လိုေျဖရမလဲမသိ
သူငယ္ခ်င္းက သေဘာေပါက္သြား ပုံရၿပီး
"အမွန္မဟုတ္တာ သိလည္း ၾကာေတာ့ မင္းတို႔ အိမ္ေထာင္ေရးအတြက္ မေကာင္းဘူး
ေစတနာနဲ႕ အႀကံေပးတာပါကြာ "ဆိုၿပီး ေလွ်ာခ်သြားတယ္

ေရွာင္းက်န့္မွာ မပီျပင္တဲ့ အၿပဳံးေတြနဲ႕ ေခါင္းညိတ္နားေထာင္ေနရခ်ိန္
ဝိုင္ခြက္ဆြဲလာတဲ့ ဝမ္ရိေပၚက
ေရာက္လာေလရဲ႕

"ေနရာခ်င္း လဲမလား သူငယ္ခ်င္း
ငါ့ေယာက္်ားနားထိုင္ခ်င္လို႔ "

"ရတာေပါ့ "

ဝမ္ရိေပၚအေၾကာင္းေျပာေနတဲ့ သူငယ္ခ်င္းက မလုံမလဲ ထသြားေပးေတာ့
ဝမ္ရိေပၚက အဲ့ေနရာမွာ
ဝင္ထိုင္လိုက္တယ္

"သူေျပာတာ နားမေထာင္နဲ႕ေရွာင္း
သတင္းထြက္တဲ့ မိန္းကေလးတိုင္းနဲ႕
ကိုယ္နဲ႕ ဘာမွ မပတ္သက္ဘူး
mediaက စည္းလြတ္ေဘာင္လြတ္ေရးထားတဲ့ အမွိုက္သတင္းေတြ သက္သက္ပဲ "

ဝိုင္ခြက္ကို လက္ထဲထည့္ေပးရင္း ရွင္းျပလာတဲ့ ဝမ္ရိေပၚ
ထူးဆန္းတာပဲ
အတိတ္မွာတုန္းက ဝမ္ရိေပၚက အဲ့အေၾကာင္းရွင္းျပျခင္းမ်ိဳးမရွိခဲ့
သတင္းေတြ ထြက္လာတိုင္း
သူေသာင္းက်န္းတဲ့အခါ တိတ္ဆိတ္ေနတတ္တာမ်ိဳး
ဒါကို သူကလည္း ဝန္ခံတယ္လို႔မွတ္ယူၿပီး
ထိုမိန္းကေလးေတြကို
ဝမ္ရိေပၚရဲ႕ ဇယားေတြလို႔ပဲ ထင္ထားခဲ့တာ

စဥ္းစားၾကည့္ေတာ့ ဝမ္ရိေပၚလိုလူမ်ိဳးက
သူ႕အားအေရးတယူ လိမ္လည္ၿပီး ရွင္းျပေနမယ့္ သူမ်ိဳးလည္း မဟုတ္ျပန္
ဒါဆို သတင္းထဲက မိန္းကေလးေတြက ဝမ္ရိေပၚရည္းစားေတြ မဟုတ္ဘူးေပါ့
ဒါဆို ဟိုတစ္ေခါက္က ႐ုံးမွာ ေတြ႕တဲ့ မိန္းကေလးကေရာ

အို.... ေခါင္းေတြရႈပ္ပါတယ္္
မိန္းကေလးေတြဆိုတာက အဲ့ေလာက္အေရးပါတာမွမဟုတ္တာ
တကယ့္အမွန္တရားက ဝမ္ရိေပၚ တကယ္ခ်စ္တာ လီဖန္အာတစ္ေယာက္တည္းပဲ
အခ်ိန္တန္ရင္ လီဖန္အာကသာ ပိုင္ဆိုင္မယ့္ ဝမ္ရိေပၚအတြက္
ေရွာင္းက်န့္နဲ႕ အဲ့မိန္းကေလးေတြက အေရးမပါလွပါဘူး

ေရွာင္းက်န့္ လက္ထဲက ဝိုင္ခြက္ေလးကို
လႈပ္ခါရင္း ဝမ္ရိေပၚ မ်က္ႏွာကို ေသခ်ာစြာ
လိုက္တယ္
ၿပီးေတာ့ ဖန္ခြက္ကိုထိန္းကိုင္ထားတဲ့ သူ႕ရဲ႕
လက္ေခ်ာင္းေလးေတြကို ေျဖေလွ်ာ့ေပးလိုက္တယ္
ခ်က္ခ်င္းဆိုသလိုပဲ
ခြမ္းခနဲ အသံက ထြက္ေပၚလာတယ္

"Ohhh ေသၿပီ
က်ိဳးခ်န္ပြဲမွာ အမွိုက္ဖြလိုက္မိၿပီပဲ
ဝမ္ရိေပၚ ဖြဲကြဲစေတြ သိမ္းေပးမလား "

ဝမ္ရိေပၚက မ်က္ႏွာမပ်က္
ဖန္ကြဲစ တစ္ခုခ်င္းစီကို ေကာက္ယူသိမ္းဆည္းသည္
ေရွာင္းက်န့္ထင္တာ လူၾကားထဲမွာ ဝမ္ရိေပၚလို Wang Groupရဲ႕ CEOက လူၾကားထဲ
သူခိုင္းတာခံရရင္ ရွက္သြားမယ္ေပါ့
သူထင္သလို မဟုတ္ေတာ့ ေရွာင္းက်န့္စိတ္ပ်က္သြားသည္

အမွိုက္သြားသိမ္းတဲ့ ဝမ္ရိေပၚကို ၾကည့္ရင္း ႏွာေခါင္းရႈံ႕လိုက္သည္
လူၾကားထဲမွာ သိပ္ခ်စ္တတ္တဲ့ ခင္ပြန္း imageကိုယူသြားတာေလ

မ်က္စိေရွ႕က စားပြဲေပၚမွာ တျဗင္းျဗင္းျမည္ေနေသာ ဖုန္းမွာ
ဝမ္ရိေပၚဖုန္းျဖစ္ေနသည္
Contact nameကိုၾကည့္ေတာ့
ပါး တဲ့ သူ႕အေဖဆက္ေနတာပဲ
မသိခ်င္ေယာင္ေဆာင္ေနေသာလည္း
ဆက္တိုက္ျမည္ေနတဲ့ ဖုန္းေၾကာင့္
အေရးႀကီးလို႔ ေနမယ္ ဆိုၿပီး ကိုင္ေပးလိုက္တယ္
အျခားသူလည္းမဟုတ္ ကိုယ့္ေယာကၡမႀကီးဆိုေတာ့ ျပသနာေတာ့မရွိပါဘူး

"ရိေပၚ ဒီအေဖအိုႀကီးကို ေဆး႐ုံမွာ တစ္ေခါက္ေလာက္ေတာ့ လာေတြ႕ပါအုံး"

ဖုန္းလက္ခံၿပီးၿပီးခ်င္း ထြက္ေပၚလာတဲ့ ဝမ္ပါးရဲ႕ အသံေၾကာင့္
ေရွာင္းက်န့္ေၾကာင္သြားသည္
ဝမ္ပါးက နိုင္ငံျခားမွာ မဟုတ္ဘူးလား
ခုေဆး႐ုံကိုလာေတြ႕ဆိုတာ
ဘာအဓိပၸါယ္လဲ

ေရွာင္းက်န့္စဥ္းစားေနတုန္းရွိေသး လက္ထဲက ဖုန္းက လုယူခံလိုက္ရသည္

"ပါးၿပီးမွ ျပန္ဆက္မယ္ "

ခ်က္ခ်င္းဖုန္းခ်လိဳက္ၿပီး ဂနာမၿငိမ္မ်က္လုံးေတြက ဝမ္ပါးနဲ႕ပတ္သက္ၿပီးတစ္ခုခုကို ဖုံးကြယ္ထားဟန္

"ဝမ္ပါး ေဆး႐ုံတက္ေနရတာလား "

"အင္း....
ႀကီးႀကီးမားမား မဟုတ္ဘူး
ဂ႐ုမစိုက္လည္းရတယ္ "

ၿပီးတာပဲေလ ဝမ္ရိေပၚက ဂ႐ုမစိုက္နဲ႕ဆိုေတာ့လည္း သူက ဘာေတြ ဆက္ေမးဖို႔လိုေနအုံးမွာလည္း ဂ႐ုမစိုက္ေတာ့႐ုံပဲေပါ့ ၿပီးဆုံးေတာ့မယ့္ ဆက္ဆံေရးေတြပဲဟာ

🐰Xiao Paing🐰

Continue Reading

You'll Also Like

151K 21.9K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
31.7K 6.9K 40
tk sinhala
24.3K 2.4K 40
Zhu Zhixin မှာအမှတ်မထင် စာအုပ်ထဲသို့ ကူးပြောင်းသွားပြီး ပိုဆိုးသည်မှာ သူက မွေးရာပါရောဂါရှိသည့်အပြင် ရာသီမရွေးအားနည်းသည့် ခန္ဓာကိုယ်ရှိသည့်အပြင် အဆို...
271K 6.3K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...