ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

By eainsi23

1.6M 130K 12.5K

သောင်းဆင့်ဆက်နိုင် နှင်းဆီဘွဲ့ဆူး More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
22
23
24
25
26
ဇာတ်သိမ်း
book order

20

52K 4.5K 332
By eainsi23

ပတ်ဝန်းကျင်က ဆူညံနေပါသော်ငြား
ခပ်မှိန်မှိန်အလင်းရောင်အောက်က အရက်ဆိုင်‌၏ထောင်ဆုံးဝိုင်းမှာတော့ ထူးခြားစွာတိတ်ဆိတ်လို့နေပါသည်။
သောင်းဆင့်သည် ရှေ့မှာချထားသော အရက်ခွက်အား ဆွဲကိုင်၍ တကျိုက်ထဲမော့သောက်ပစ်လိုက်သည်။ အရက်၏ပြင်းရှမူ့ကလည်ပင်းတလျှောက် ပူလောင်စွာစီးဆင်းသွားပေမဲ့ မျက်နှာတချက်မမဲ့မိခဲ့။
လည်ချောင်းက အပူမီးက သူရှေ့တည့်တည့် မှာထိုင်နေတဲ့ နှင်းဆီဘွဲ့ဆူးကြောင့်ဖြစ်တည်လာတဲ့ မနာလိုမူ့လောက် ခံရခက်မည်တဲ့လား။

" သတိုး .. မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"

နှင်းဆီဘွဲ့ဆူးက သူ့ရှေ့မှာထိုင်နေတဲ့ကောင်လေးကိုချိုသာစွာမေးလိုက် တာဖြစ်သည်။
သတိုးဆိုတဲ့ကောင်လေးသည် နှင်းဆီဘွဲ့ဆူးမေးတာကိုမဖြေသေးပဲ သောင်းဆင့်ကိုမရဲတရဲကြည့်လာ၏။
ခုထိ စူးရှစွာကြည့်နေတဲ့ ‌ သောင်းဆင့်ကြောင့် သတိုး
၏ကြောက်‌ရွံ့စိတ်က ရင်ထဲမှာ စွဲထင်နေသည်မမှားနိုင်။
သတိုးဘာကိုကြောက်နေသလဲ နှင်းဆီဘွဲ့ဆူး သိသည်။
သောင်းဆင့်မျက်နှာသည် သတိုးစတင်နှုတ်ဆက်လိုက်ကတည်းက စားမတက်ဝါးမတက်ဖြစ်နေတာ
ဘေးလူတွေပါခံစားသိမြင်နိုင်တဲ့အထိပြင်းသည်။
ထို့အပြင် အေးဆေးစွာထိုင်လို့ရတဲ့နေရာသွားရအောင်လို့ ပြောတော့ အရွဲ့တိုက်ကာ အရက်ဆိုင်ခေါ်လာသည်။ ဒါတင်မကသေး၊ သူကိုယ်တိုင်တောင်မှ အရက်ကို မှာသောက်လိုက်သေးသည်။
စိတ်ဆိုးသွားပေမဲ့ ‌သတိုးရှေ့မှာမို့ မသိချင်ယောင်ဆောင်ကာ ဘာစကားမှ မပြောလိုက် ပေ။

ထို့ကြောင့် ဘွဲ့ဆူးတမင်ပင် သတိုးလက်ကို ခပ်ဖွဖွပုတ်ကာ

" သူ့ကို စိတ်ထဲမထားနဲ့။ သူကအဲ့လို့ပဲ " ဟုရွဲ့ပြောလိုက်သည်။

သူစိမ်းယောက်ျာ်းတစ်ယောက်အပေါ်တင်လိုက်တဲ့ နှင်းဆီဘွဲ့ဆူးလက်ကြောင့် သောင်းဆင့် မျက်နှာပေါ်‌ကသွေးကြောတွေပေါက်ထွက်လုလုဖြစ်ကုန်၏။
ရင်ထဲမှာရှိသောမနာလိုမူ့တွေ ၊ ပေးမထိလိုခြင်းတွေက ဟုန်းခနဲတက်လာသော မီးတောင်ချော်ရည်တွေလို ။
သို့တိုင် သူဘာစကားမှဝင်ရောက်ပြောဆိုခြင်းမရှိ။
ငြိမ်သက်စွာပင် ထိုနှစ်ယောက်အား ကြည့်ရှု့နေသည်။ သူ့စိတ်ထဲမှာ မကြိုက်နှစ်သက်သည့်တိုင်
ဘွဲ့ဆူးစိတ်ရှုပ်ရအောင် ၊ အရှက်ရအောင်ထိ သူမလုပ်ရက်၊မလုပ်နိုင်ပေ။

" ကျွန်တော် အလုပ်ကသူဌေးနဲ့ အဖော်လိုက်လာ‌
ပေးရင်း ဒီရွာရောက်လာတာ "

သတိုးသည် အေးစက်သော လေထုအားလျစ်လျူရှု့ဖို့ မျက်လွှာအား ချထားသည်။
သိသိသာသာ ထိုအမျိုးသားသည် ကိုဆူးနဲ့တမျိုးတမည်ပတ်သက်လိမ့်မည်။
ဒါပေမဲ့ ကိုနေနဲ့ပတ်သတ်ပြီးလည်းစကားတွေအများကြီးပြောစရာရှိသေးသည်။
ခေါင်းကိုအနည်းငယ်မော့ကာ သူထပ်မံပြောလိုက်သည်။ 

" ကိုဆူး ဒီရွာမှာနေတာလား"

" ဟုတ်တယ် ၊ ဒီရွာက အမေ့ဇာတိလေ  ၊ ဒါနဲ့
မင်းအလုပ်လုပ်နေပြီလား"

ဘွဲ့ဆူး ခပ်လေးလေးမေးမိသည်။
သတိုးက ခုမှ အသက်နှစ်ဆယ်တောင်မပြည့်သေး‌ ပေ။
သူတို့ဘေးခြံကပ်ရပ်နေစဉ်က သတိုးက ပြေးလွှားဆော့ကစားနေတဲ့ ကလေးအရွယ်လေးပဲရှိသေးတာ ကို မှတ်မိသေးသည်။

" ကျွန်တော် ကျောင်းထွက်လိုက်တာ၊ ကို ..  ကိုနေ နေသိပ်မကောင်းဘူးကိုဆူး။ "

သတိုးဆီမှ ထပ်မံအသစ်ထွက်လာသော စကားက
ဘွဲ့ဆူးကို ငြိမ်သက်သွားစေ၏။
နေမြတ်လင်း ဆိုတဲ့ အတိတ်က မေ့ပျောက်ထားတဲ့နာမည်တစ်ခုက သူနှလုံးသားကိုရိုက်ပုတ်သွားခဲ့သည်။

သတိုးထပ်ပြောလာသည်။

" ကျောက်ကပ် မကောင်းတာ ၊ ခွဲစိတ်ရမယ်တဲ့ ၊ အရင်ကတည်းက တရှောင်ရှောင်ဖြစ်နေတာ ၊ ဆေးရုံ
တက်လိုက်ရတော့ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး .. ။ အိမ်မှာ အားကိုးရမဲ့သူက ကိုနေတစ်ယောက်ပဲရှိတာ ၊ ကိုနေ ဖြစ်သွားတော့ ကျွန်တော်
ရူးသွားတော့မလိုပဲ ၊ အမေလည်းမရှိတော့ဘူး ၊ကိုနေကလည်းနေမကောင်းဘူး ၊ကျွန်တော် .. ကျွန်တော်  "

အရှိန်ရလာတော့ ဆက်တိုက်ပြောထွက်လာတဲ့ စကားတွေနောက်မှာ အချိန်ကြာမြင့်စွာသိုလှောင်ထားတဲ့
ဝမ်းနည်းမူ့က တိုင်တည်စရာရင်ခွင်ရှိလာတော့ ပွင့်ထွက်လာသလို သတိုးမြတ်လင်း ‌ငိုမိတော့သည်။
ဘွဲ့ဆူးသည် အသာအယာ ထွေးဖက်ကာ သတိုးအားနှစ်သိမ့်ပေးမိသည်။

" မငိုနဲ့ .. လောကဓံဆိုတာ ဒါအစပဲရှိသေးတယ်။
မင်း .. ငယ်ပါသေးတယ်ဆိုပြီး မမျှတတဲ့ဝန်ကိုအလျော့ပေးစရာအကြောင်းမရှိဘူး။ စိတ်ဓာတ်ကိုခိုင်အောင်ထား ၊ နေမြတ်လင်း လည်းအဆင်ပြေသွားပါလိမ့်မယ် ၊ခု အကိုဘာကူညီပေးစရာရှိသေးလဲ ။ မင်းလိုအပ်တာပြော ၊ ကိုယ် ကူညီပေးမယ်"

" ကိုနေ.. ကိုနေက ကိုဆူးကိုတွေ့ချင်‌ နေတာ၊ကျွန်တော်နဲ့ တစ်ခါလောက်ပဲဖြစ်ဖြစ် လိုက်တွေ့ပေးလို့ရမလား"

မျှော်လင့်ချက်ဖြင့် မျက်ရည်သုတ်ကာ သတိုး
ဘွဲ့ဆူးအားမေးလိုက်မိသည်။
ကိုနေက ကိုဆူးအပေါ်သိပ်သံယောဇဉ်ကြီးတာ။
ပြန်တွေ့ရင် ဘာပဲပြောပြော ပျော်သွားမှာ သေချာသည်။

" မရဘူး "

ဖြတ်အော်လိုက်သူက တချိန်လုံးတိတ်ဆိတ်နေတဲ့သောင်းဆင့်ဖြစ်သည်။
မျက်နှာထားသည်အေးစက်လျက်ရှိကာ
အရက်ခွက်ကိုမော့သောက်ပြီး ဘွဲ့ဆူးတို့နှစ်ယောက်အား စီးမိုးကြည့်နေတဲ့ပုံမှာ အပြစ်သားနှစ်ဦးနှယ်။

" သောင်းဆင့်  "

သတိပေးစကားကိုဆိုဖို့ တိုးတိတ်စွာခေါ်လိုက်သော်ငြား သောင်းဆင့်သည် လက်ကာပြကာ ထပ်မံမပြောစေတော့။

" ဘာစကားမှထပ်ထွက်မလာနဲ့ နှင်းဆီဘွဲ့ဆူး ။ ကျုပ်ပြောမယ် "

ဓားသွားလိုအေးစက်ပြတ်သားလှသော
စကားအောက်မှာ ဘွဲ့ဆူး အသံထပ်ထွက်မလာတော့။
သောင်းဆင့်သည် ခါးပုံစကိုဖြေ၏။
ထိုအထဲမှာ နိုင်လာသမျှပိုက်ဆံနှင့်အိမ်ကယူလာသော ပိုက်ဆံပါသည်။  သောင်းဆင့် သိန်းတစ်ရာ ထုတ်ကာစားပွဲပေါ်တင်ပေးလိုက်သည်။

" ငါတို့ကူညီနိုင်တာ ငွေပဲရှိတယ်။
ဒီငွေကို မင်းအကိုခွဲစိတ်တဲ့နေရာမှာ သုံးလိုက်၊
နှင်းဆီဘွဲ့ဆူးကိုတော့ ခေါ်သွားလို့မရဘူး။
ထည့်လည်းမပေးနိုင်ဘူး၊  "

ပြောပုံက ရင့်သီးတယ်ဆိုတာ သိပေမဲ့ သောင်းဆင့်က
ဘွဲ့ဆူးမျက်နှာကိုတော့ အနည်းနှင့်အများတော့
ထောက်ထားအုံးမယ်ထင်ခဲ့သည်။ ထိုမျှထိပြောထွက်လိမ့်မည်ဟုထင်မထားခဲ့ပေ။ 
အားနာသည်မို့ သတိုးကို ဘွဲ့ဆူးဘာပြောပေးရမှန်းတောင်မသိတော့။

" အာ.. ကျွန်တော် တောင်းပန်ပါတယ်၊ "

သတိုးမျက်နှာရဲရဲဖြင့်တောင်းပန်လာသည်။
သောင်းဆင့်သည် ခေါင်းကိုရမ်းကာ

" မလိုဘူး၊ နှင်းဆီဘွဲ့ဆူး မိတ်ဆွေတွေကို ငါကူညီချင်တယ်။ ယူသွားပါ ၊ ဒါ ငါလောင်းကစားဝိုင်းက အလကားရလာတဲ့ငွေတွေ ၊အရေးမကြီးဘူး "

" မဟုတ်ဘူး၊ ‌ကျွန်တော် မရချင်ဘူး "

သတိုးပြန်တိုးပေးရန်လက်ထုတ်လိုက်ချိန်မှာ
ဘွဲ့ဆူးမနေသာတော့

" ပြန်မပေးနဲ့ သတိုး။ မင်းအကိုအတွက် ဒါငါတို့လုပ်ပေးနိုင်တဲ့ ကူညီမူ့ပါ။ ငါအဆင်မပြေတုန်းကလည်းမင်းတို့ကူညီဖူးတာပဲ ၊စိတ်သန့်သန့်နဲ့ ယူပါ "

" ဟို.. ကိုနေက "

"မင်းတို့ပြောင်းသွားတဲ့လိပ်စာပေးခဲ့၊ ငါ မြို့ပေါ်ရောက်ရင်ဝင်ခဲ့မယ်  "

သောင်းဆင့်ရှေ့မှာမို့ စကားတွေကိုထိန်းပြောလိုက်သည်။ ဒါကိုသောင်းဆင့်သိသည် ။
နောက်ထပ်စကားတွေတော့ သောင်းဆင့်ဘာမှဝင်မပြောတော့။
ထိုညက သတိုးနဲ့လမ်းခွဲပြီးနောက် သူတို့နှစ်ယောက်အိမ်ပြန်လာခဲ့ကြသည်။
အသွားတုန်းကလို ပြောစရာစကားများစွာမဲ့လျက် တိတ်တဆိတ်လမ်းလျှောက်နေခဲ့သည်။
သောင်းဆင့်ဆီမှ ရသော အရက်နံ့ကြောင့် ဒေါသလည်းထွက်ရ စိတ်လည်းဆိုးရပေမဲ့ စကားတစ်လုံးမှအပြစ်မဆိုခဲ့ ။
အိမ်ရောက်ခါနီး ပိတောက်ပင် အောက်တွင် နောက်
မှာခေါင်းကို မြေကြီးအောက် ‌စိုက်လျက်သား လမ်းလျှောက်နေသော သောင်းဆင်းက ဆက်မသွားတော့ပဲခြေစုံရပ်ကာ ဆတ်ခနဲ ဘွဲ့ဆူးလက်ကို ဆွဲလာ၏။
သူ့မျက်လုံးတွေသည် ညိုရီမှိုင်းပြနေပြီး မျက်ရည်ကြည်များနှင့်ဝေ့နေသည်ကို မီးရောင်အကူဖြင့် သိသာအောင်မြင်နိုင်ခဲ့သည်။

" နေမြတ်လင်းဆိုတဲ့ကောင်က ခင်ဗျားအတွက် ဘယ်လောက်အရေးကြီးလို့လဲ "

" သောင်းဆင့် "

မတိုးမကျယ်သော အသံမှာ ဒေါသတွေရောယှက်နေသည်။
သောင်းဆင့် မျက်နှာကို အပေါ်မော့ကာ ခပ်တိုးတိုးရယ်သည်။ ထို့နောက် အကြမ်းပတမ်းမျက်ရည်များကိုသုတ်ကာ ဘွဲ့ဆူး၏ ပခုံးသားတွေကိုပါဆုပ်ကိုင်၏။
အိမ်ပြန်လမ်းသည် သူတို့နှစ်ယောက်ပဲရှိသည့်နှယ်
တိတ်တဆိတ်ရှိလျက်။
တစ်ချက် တစ်ချက် ကြားနေရတဲ့ ဇာတ်သံသည်လည်း နားထဲမကြားတချက်ကြား တချက်။

" ဘာလဲ ၊ခင်ဗျားမဖြေနိုင်ဘူးမို့လား။
ကျုပ်ကိုခုထိမချစ်ရသေးတဲ့အကြောင်းပြချက်က သူလားနှင်းဆီဘွဲ့ဆူး။ ကျုပ်ကိုမလိမ်နဲ့ ၊ခင်ဗျားမျက်နှာပေါ်မှာ ဘာတွေပြောင်းလဲသွားသလဲဆိုတာမသိရအောင်ကျုပ်ငတုံးမဟုတ်ဘူး ။ ပြော အဲ့ကောင်နဲ့ခင်ဗျားက ဘာလဲ"

အသံတွေတုန်ရီလျက်သောင်းဆင့်က ဆွဲလှုပ်ကိုင်ရင်း
ခပ်ကြိတ်ကြိတ်မေးသည်။
မျက်ရည်များက အဆက်မပြတ်ကျဆင်းလာပြီး
သုတ်ဖယ်ခြင်းလည်းမရှိခဲ့။
သောင်းဆင့် ခုလိုပုံစံဖြစ်နေတာကိုမြင်ဖူးတာ ဒါပထမဦးဆုံးအကြိမ်ဖြစ်သည်။ နာကျင်မူ့ကြောင့် ဘွဲ့ဆူးမျက်နှာအနည်းငယ်ရှုံ့မဲ့သွားချိန်တွင် သောင်းဆင့်
ဖျတ်ခနဲ ပုခုံးပေါ်ကလက်တွေအားဖယ်ခွာသွား၏။

" ပြန်မယ် နှင်းဆီဘွဲ့ဆူး ၊ အိမ်ကိုပြန်မယ် ခင်ဗျားပါးစပ်ပိတ်ထား ၊ကျုပ်ကိုဘာမှရှင်းမပြနဲ့ ။
ကျုပ်ဆီကနေ ထွက်ပြေးဖို့ကြိုးစားရင် သတ်ပစ်မှာနော် "

ထုံးစံအတိုင်းခြိမ်းခြောက်ကာ လက်ကောက်ဝတ်မှ ဆွဲကာ အိမ်ထဲကို တရကြမ်းခေါ်ခံလိုက်ရသည်။
အိမ်ပြန်ရောက်တော့ သောင်းဆင့်သည် အင်္ကျီဝတ်စားတချို့ကိုထုတ်ပိုးသိမ်းဆည်းသည်။
ထို့အပြင် ဆေးနှင့် စောင်ခြင်ထောင်ကို ဆွဲဖြုတ်သိမ်း၏။

ဘွဲ့ဆူး မနေနိုင်ပဲ တွေ့ရာဆွဲသိမ်းနေသော သောင်းဆင့်လက်ကို ဆွဲချုပ်ဖမ်းကာ မေးလိုက်သည်။

" သောင်းဆင့် မင်းဘာတွေလုပ်နေတာလဲ။
စကားပြောမယ် ၊ကိုယ်တို့ ဆွေးနွေးကြမယ်"

" ဘာဆွေးနွေးမှာလဲ၊ ဘာကို‌ခင်ဗျားဘာပြောချင်သေးတာလဲ"

ပြောရင်းသောင်းဆင့်ငိုသည်။
သွေးရူးသန်းရူးဖြစ်နေပုံက သနားစရာမို့
ဘွဲ့ဆူးမှာ အတော်လေးမသက်မသာဖြစ်ရသည်။
ထို့ကြောင့် ဒေါသတကြီးဖြစ်နေတဲ့သောင်းဆင့်ဘေးနားကို တိုးသွားကာ ခါးမှသိမ်းကြုံးဖက်ထားပေးလိုက်၏။

" မဟုတ်ပါဘူး ၊မင်းထင်သလို မဟုတ်ပါဘူးကွာ။ "

တောင့်တင်းနေသော ကျောပြင်သည် ဘွဲ့ဆူးနှင့်ထိတွေ့ပြီးနောက် ပြေလျော့ကာ ပုခုံးပေါ်သို့ မေးတင်လာ၏။ ရှိုက်နေသည်မို့ တစ်ချက်တစ်ချက် ပုခုံးတွေက လှုပ်ခတ်သွားသေးသည်။   သောင်းဆင့် ဆိုးသည်ဟု သူကြားဖူး‌ ပေမဲ့ ယခုမြင်မှ မမှားဘူးဆိုတာ လက်ခံတော့သည်။
ဒါတောင် အတော်ကြာတဲ့အထိငိုရင်းနှင့်

"  ကျုပ်ကိုထားသွားရင် ခင်ဗျားကို တကယ်သတ်မှာနော် နှင်းဆီဘွဲ့ဆူး "ဟု ပြောနေတုန်းဖြစ်သည်။

" အင်းပါ ၊ကိုယ်မထားခဲ့ပါဘူး။ ဘယ်မှလည်းမသွားပါဘူးကွာ "

" သွားကြည့်လေ "

" ဘယ်မှ မသွားပါဘူးကွာ ဟုတ်ပြီလား"

" ခင်ဗျား နောက်ကိုကျုပ်မပါပဲနဲ့ ဘယ်မှမသွားရတော့ဘူး"

" အင်းပါ "

" မနက်ဖန် တောထဲပြောင်းမယ် "

" ဘာကြီး "

ခပ်တင်းတင်းဖက်ထားရာမှ သောင်းဆင့် လွှတ်လိုက်ပြီးနောက် ဘွဲ့ဆူးကို ကျောခိုင်းကာ စောကထည့်သိုနေသည့်အတိုင်း ပြန်လည်သိမ်းဆည်းနေပြန်သည်။
အခြေနေအရပ်ရပ်ကို ဘွဲ့ဆူးနားမလည်ပေ။
တောထဲ ပြောင်းမည်ဆိုတာ ဘာလဲ။
လူသူမရှိတဲ့အရပ်ကို သူ့အားဖွက်ထားမည်ဟုဆိုလိုတာလား။
အနည်းငယ် စိုရိမ်သွားတဲ့စိတ်ဖြင့် ဘွဲ့ဆူးအသုံးအဆောင်တချို့အား သေချာအိတ်အသေးလေးထဲထည့်နေတဲ့သောင်းဆင့် လက်မောင်းအားလှမ်းဆွဲလိုက်၏။

" သောင်းဆင့် မင်းဘာတွေလုပ်နေတာလဲ။
နေမြတ်လင်းက ငါ့သူငယ်ချင်းပါ ၊မင်းထင်သလို
ငါတို့ ဘာမှမဟုတ်ဘူး ။ မင်းစိုးရိမ်စိတ်နဲ့ ငါ့ကို
မဟုတ်တာတွေမလုပ်နဲ့ ၊ငါလက်သင့်မခံနိုင်ဘူးနော် "

" ခင်ဗျား လိမ်တယ် "

ဘွဲ့ဆူးမျက်နှာ အနည်းငယ်သွေးပျက်သွား၏။ 
သောင်းဆင့် ပြောလိုက်တဲ့စကားသည်
သူ့လှုပ်ရှားမူ့တွေအားရပ်တန့်သွားစေသည်။
သောင်းဆင့် ခေါင်းကို အနည်းငယ် ငဲ့စောင်းကြည့်ပြီး

" ပိုချစ်ရတဲ့သူက ပိုနာကျင်ရတယ် နှင်းဆီဘွဲ့ဆူး။
ကျုပ်ကိုယ်ကျုပ်ထက် ခင်ဗျားကို ပိုပြီးချစ်ရလို့
မျက်နှာပေါ်က အပြုံးသေးသေးကအစ ပြောင်းလဲသွားသမျှအရာရာအကုန်လုံး ကျုပ်ဘာသာပြန်နိုင်တယ်  "

အဖျားခတ်တုန်ရီသွားပေမဲ့
ထိန်းသိမ်းလိုက်သည့်နှယ် ပင့်သက်ကို  သောင်းဆင့်ခက်ခက်ခဲခဲချသည်။ ဘွဲ့ဆူးသည် ပြတင်းပေါက်ဘေးက သူထိုင်နေကျ ခုံလေးဆီသို့ အသက်မပါသလိုဖြည်းဖြည်းလေးသွားထိုင်၏။ သူတို့ရန်ဖြစ်‌
နေကြသည်မဟုတ်။ နာကျင်မူ့နဲ့ မြုပ်နှံခဲ့တဲ့ လှုပ်ဝှက်ချက်ကို တူးဖော်နေကြတာ ဖြစ်သည်။
ထို့နောက် အတိတ်ကို တစ်ခေါက်ပြန်သွားသည့်ပုံဖြင့်
ကွဲအက်စွာပြောလာခဲ့သည်။
သေချာတာကတော့ သူဘယ်တော့မှ ထုတ်မပြချင်ခဲ့တဲ့ အားနည်းချက် တစ်ခုဖြစ်နေတာပင်။

" သူ ကိုယ်တို့အိမ်ဘေးကို ဆိုင်လာဖွင့်တဲ့ အချိန်တုန်းက ကိုယ့်အသက်မှ ဆယ့်ရှစ်နှစ်ပဲရှိ‌ သေးတယ်။အချစ်ကို နားမလည်သေးခင်  ကိုယ်ရဲ့ပထမဦးဆုံးရင်ခုန်ဖူးတဲ့သူက ယောကျာ်းတစ်ယောက်တဲ့။
သောင်းဆင့် ကိုယ်က သန်မာတဲ့ယောကျာ်းတစ်ယောက်ပါ။ မိန်းမတွေလို အလှအပမမက်သလို လှလည်းမလှချင်ခဲ့ဘူး။ ဒါပေမဲ့ လိင်တူကို သဘောကျခဲ့မိတဲ့ စိတ်က အကျဉ်းသားတစ်ယောက်လိုပဲ ကိုယ့်ကိုကိုယ် အမြဲအမဲစက်စွန်းထင်း‌ စေခဲ့တာ၊
နေမြတ်လင်းက ကိုယ့်သူငယ်ချင်းဆိုပေမဲ့  ကိုယ်တိတ်တခိုးသဘောကျခဲ့မိတယ် ၊ အဲ့ဒါမလုပ်သင့်တဲ့ အမှားတစ်ခုပဲ။ ကိုယ်မချစ်ခဲ့သင့်ဘူးသောင်းဆင့်။ ကိုယ်
ယောကျာ်းတစ်ယောက်ကို မစွဲလမ်းသင့်ဘူး။
သူ့အပေါ်ခံစားချက်နဲ့ အပြုအမူတွေ သိသိသာသာဖြစ်လာခဲ့တဲ့အချိန်မှာ ကိုယ်ဘာဆိုတာ သူသိသွားခဲ့တယ် ။ သူစပြီးကိုယ့်ကို
ရှောင်ရှားလာတယ်။ တစ်ယောက်နဲ့တစ်ယောက်
ပုခုံးဖက်ပေါင်းလာတဲ့သူငယ်ချင်းက ကိုယ်ထိမှာကို သူကြောက်လာတယ်။ သူ့အိမ်ကိုသွားရင် သူထွက်မတွေ့တော့ဘူး။ နောက်ဆုံး သူ့အမေကပါ ကိုယ်လာရင် သိသိသာသာမကြိုက်တော့ဘူး ။
သေရာပါတဲ့ အမာရွတ်တစ်ခုလိုပဲ ၊ကိုယ်အရမ်းရှက်တယ်တယ်သောင်းဆင့်။
ကိုယ် မိန်းမ တစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး
မိသားစုလေးတစ်ခုကိုပဲ တည်ထောင်ချင်ခဲ့တာပါ ။ မိဘ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့လိင်စိတ်
တိမ်းညွှတ်မူ့အကြောင်းထုတ်မပြောရဲသလို သိသွားမှာကိုလည်း ရူးမတက်စိုးရိမ်ခဲ့ရတာဟာ ဘာနဲ့တူလဲ မင်းသိလား ။ အပြစ်သားတစ်ယောက်လိုပဲ အမြဲကိုယ့်ကို ခြောက်လန့်နေခဲ့တာ ။ ကိုယ်ဘာအမှားမလုပ်ခဲ့ဘူး။
ကိုယ်လုပ်ခဲ့တာ ချစ်ခဲ့မိတာတစ်ခုပဲ ။ အဲ့ဒါကိုယ်မှားလား သောင်းဆင့် ကိုယ်မှားလား"

" မှားတယ် နှင်းဆီဘွဲ့ဆူး ခင်ဗျားသိပ်မှားတယ်"

ညသန်းခေါင် ကျော်မှာ တိုးထွက်လာတဲ့ သောင်းဆင့်အသံက
နာကျင်မူ့ကြောင့် အနည်းငယ် ကျယ်လောင်ခဲ့သည်။
သူ နှင်းဆီဘွဲ့ဆူးဘေးကို သွားကာ ကြမ်းပေါ်မှာ ထိုင်ချလိုက်သည်။ အမြဲ ခြေရင်းမှာ ခစားခဲ့တဲ့ကောင်က
ဘုရားတပါးလို နှင်းဆီဘွဲ့ဆူးကို ကိုးကွယ်ခဲ့တယ်ဆိုတာ ဘာလို့မေ့နိုင်ရတာလဲ။

" ကျုပ်မဟုတ်တဲ့ကောင်ကို စိတ်ဝင်စားလိုက်ကတည်းက ခင်ဗျားသိပ်မှားသွားပြီ။
နှင်းဆီဘွဲ့ဆူး ‌ဒီမှာ ခင်ဗျားသေချာနားထောင်ထားစမ်းပါ။ လောကမှာ ခင်ဗျားကို ရူးလောက်အောင်ချစ်မဲ့သူက ကျုပ်တစ်ယောက်ပဲရှိတယ်။
ခင်ဗျားထိုက်ထိုက်တန်တန်ပြန်ချစ်ပေးရမဲ့ကောင်ကလည်းဒီကောင်ပဲ ဆိုတာ နှလုံးသားထဲစွဲမြဲနေအောင်မှတ်ထားစမ်းပါ ၊ နောက်တစ်ကြိမ် ပါးစပ်က တခြားအကောင်အကြောင်းထွက်ရဲထွက်ကြည့်
စကားမပြောနိုင်အောင် ခင်ဗျားလျှာကို ဖြတ်ပစ်မှာ "

" မင်း မလုပ်ရက်ပါဘူး "

ခေါင်းပေါ်မှာ ခပ်ဖွဖွ ပွတ်သပ်နေတဲ့ လက်ကို ဆွဲဖမ်းကာ သောင်းဆင့်မကျေမနပ်ကြည့်သည်။

" ခင်ဗျားထပ်လုပ်ချင်သေးတာလားပြော "

" အင်း "

" နှင်းဆီဘွဲ့ဆူး !!"

ဒေါသကြောင်ထောင်တက်လာတဲ့ ပါးရိုးကြီးကို ဘွဲ့ဆူး အသာအယာထိတွေ့လိုက်ပြီး ကလေးတစ်ယောက်ကို အလိုလိုက်သည့်နှယ် ပြုံးလာ၏။

" ကိုယ်အမြဲ ကွယ်ဝှက်ထားခဲ့ရတဲ့အကြောက်တရားက ယောကျာ်းတစ်ယောက်ကို ထပ်မချစ်ရဘူးဆိုတဲ့စိတ်ပဲ။ ကိုယ် ဒီနေ့ အဲ့ဒီနာကျင်မူ့ကို စွန့်လွှတ်လိုက်ပြီ ။ ‌ကိုယ် မင်းနဲ့အိမ်ထောင်ကျရတာကို သဘောကျတယ် သောင်းဆင့် ။ ဘယ်လိုလုပ်မလဲ ကိုယ်ထပ်ချစ်မိသွားပြန်ပြီထင်တယ် "

သောင်းဆင့်မျက်မှောင်ကုတ်လျက် ခပ်မော့မော့ကြည့်နေသည်။
လှုပ်လည်းမလှုပ် မျက်တောင်လည်းမခက်တော့။
ဘွဲ့ဆူး သောင်းဆင့်မျက်နှာအားရင်ခွင်ထဲထည့်ဖက်ကာ ခပ်ဟဟရယ်တော့သည်။
သောင်းဆင့်အရင်တစ်ခါကလို ကျောက်ရုပ်ပြန်ဖြစ်သွားပြန်ပြီမို့ သူ့ရယ်သံအားကြားပုံမရတော့  ။

______




"  သာဒင် ၊ အထုတ်တွေ ပြေကျမယ် ကြိုးနဲ့သေချာစည်းလိုက်အုံး "

" အေးပါ ၊ ခြင်ထောင်တွေပါတယ်မို့လား ၊ ဟိုမှာ ငှက်ဖျားပေါတယ်နော် ၊မင်းတို့နှစ်ယောက်ဂရုစိုက်မှရမယ် "

ဘထွေးဆီက ငှားလာတဲ့ ထော်လာဂျီပေါ် အထုတ်တွေနဲ့စားအိုးစားခွက်တွေအား သာဒင်တစ်ယောက်သေချာမြဲအောင်ကြိုးနဲ့ချည်နေသည်။
ဖိုးထွေးကတော့ အိမ်ပေါ်ကနေ အိမ်အောက် ယူမဲ့ပစ္စည်းတွေအားအခေါက်ခေါက်ချပေးနေသည်မို့ သူတို့ဘေးမှာရှိမနေ။

" ခြင်ထောင်ရော ၊ ခြင်ပြေးအောင် ရှို့မဲ့ နနွင်းတက်တွေရော အကုန်ပါတယ်။ မင်းအဖေကိုလည်း အခြေအနေကောင်းရင် လှမ်းခေါ်လိုက်မယ် "

သာဒင်ခေါင်းညိမ့်သည်။
အတူနေနေကျ ငယ်ပေါင်းတွေမို့သောင်းဆင့်တို့
သွားမယ်ဆိုတော့လည်းစိတ်မကောင်း။
တစ်ရွာမပြောင်းသူကောင်းမဖြစ်တဲ့ ။ ရွာမှာထိုင်စားနေရုံနဲ့လူမွှေးလူတောင်ပြောင်မှာမဟုတ်။
သောင်းဆင့်က လူကသာအရက်သမား၊
တောရှာ အမဲလိုက် အပြင် ရွှေကျင်ရွှေရှာကိုလည်းလုပ်တက်သေးသည်။
လေးရွာတောမှာ ကုန်းအင်း ရွှေကွက်ရပ်ပေါ်တာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတည်းက။
ဘယ်သူမှ စွန့်စွန့်စားစားမသွားကြသလို
စိတ်လည်းမဝင်စားကြပေ။

ဒီနားက ရွာသားတွေအပြင် တခြားတနယ်၊တကျေး ကလာရောက်ကြသူတောင်မှရှိတယ်တဲ့။
သောင်းဆင့်က အဆင်ပြေရာ ကြည့်လုပ်မည်ဟု
ပြောတာပဲ။
ငွေရေးကြေးရေးအရ သူ့အဖေ ဦးဘောဂသောင်းဆီက ငွေတိုးဖြင့် သိန်းငါးဆယ်ချေးပစ်သည်။
အဖေနဲ့သားဆိုတော့ ဟိုကလည်း ‌ကြည်ကြည်သာသာပင်ချေးပေးလိုက်၏။ သောင်းဆင့်ငွေထုတ်ပိုက်ကာ ဘထွေးဆီကထော်လာဂျီကို ပြန်‌ဝယ်လိုက်ပြန်သည်။
သောင်းဆင့်လုပ်ချင်ရာလုပ်နေတာကို ကိုဘွဲ့ဆူးသည် တစ်ခွန်းမှဝင်မပြောပေ။

ခုလည်း ဟိုမှာ စားသောက်ရအောင်အခြောက်အခြမ်းတွေ ရွာထဲသွားဝယ်သည်။
ဆန် ဆီဆားအပြင် အထုတ်အပိုး‌များစွာကြောင့်
‌ကားတစ်စီးလုံးပြည့်လုပြည့်ခင်။

" သောင်းဆင့် ပစ္စည်းတင်စရာမရှိတော့ဘူး။ မင်းတို့ဘယ်အ ချိန်သွားကြမှာလဲ "

ဖိုးထွေးက ပီနံအိတ်တစ်ထုတ်ကို ကားပေါ်ပစ်တင်ပြီး
ပြောလာသည်။

" နှင်းဆီဘွဲ့ဆူးလာရင် သွားလို့ရပြီ  ။
ဒါနဲ့ သာဒင် မင်းမလိုက်ဖူးဆိုတာ သေချာလား "

" လိုက်ခဲ့ပါလားသာဒင်ရာ ငါတို့အတူတူသွားလို့ရတာပဲ ။ ဟိုမှာ အလုပ်တစ်ခုခု ကြည့်လုပ်ရမယ်"

ဖိုးထွေးက သောင်းဆင့်တို့နှင့်လိုက်မှာဖြစ်သည်။
အိမ်မှာအလုပ်မရှိသူမို့ အိမ်ကမိဘတွေကလည်း ဘယ်သွားသွားခွင့်ပြုသည်။
သာဒင်ကတော့မတူပေ။
အမေချစ်သားမို့ သောက်ချင်သောက် ဘာမှမပြောပေမဲ့ အိမ်ကနေ သွားချင်ရာတော့သွားခွင့်မရှိ။
အကုန်သွားကြတော့ သူလည်းလိုက်ချင်ဟန် သာဒင်မျက်နှာမကောင်း။

" အဆင်ပြေရင်လှမ်းခေါ်ကွာ ငါတကယ်လိုက်လာခဲ့မယ်"

" အေးပါ အဆင်သင့်သာပြင်ထားလိုက် "

သာဒင့်ပုခုံးကို သောင်းဆင့်ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
သူတို့သွားမည့်နေရာသည် လေးရွာတောကြီးထဲဖြစ်သည်။
ထိုနေရာကို သွားရန် သူတို့မြင့်မိုရ်ရွာမှ ဖြတ်သန်းကာ
အနောက်ဖက်တောစပ်ကာဝင်ရမှဖြစ်၏။
လူသွားလမ်းပေါက်ကာ တောသည် ချောင်းကမ်းရွာဖက်ကတောဖက်လို မကြမ်း။
သွားလာကြသူများ၍ လမ်းသည် ကားကြမ်းမောင်းဝင်လို့ရသည်ဟု ပြောကြသည်။

ထိုကွက်ရပ်ထဲမှာ ရွှေရှာကြသော လူအများရှိကြသည်။

သောင်းဆင့် သည် ဒီနေ့ကစပြီး နှင်းဆီဘွဲ့ဆူးလက်အားတွဲကာ ဘဝသစ်ကိုစတင်တော့မှာဖြစ်သည်။
သူမကြောက်သလို အချစ်ကြောင့်ရဲဝင့်နေသည်မှာ သိသိသာသာဖြစ်နေသည်။ အစက နှင်းဆီဘွဲ့ဆူးအားဖွက်ထားရန် လေးရွာတောထဲသွားနေမှာ ဖြစ်ပေမဲ့
ယခုတော့ မတူညီစွာ သူတို့နှစ်ယောက်သည် အချစ်ငှက်ကလေးတွေဖြစ်ခဲ့ကြပြီ။
အစက ကြံရွယ်ခဲ့သည့်အတိုင်း ယောကျာ်းတာဝန်အား ကျေပွန်အောင်ထိမ်းဆောင်ရင်း နှင်းဆီဘွဲ့ဆူး၏
တစ်ကိုယ်လုံး‌အား ရွေဆင်ပေးမည်ဖြစ်သည်။
တစ်နေရာမှမချန်ပေ။
ယောကျာ်းကတိဖြစ်၏။

ချစ်တဲ့အိမ်စည်။


ပတ္ဝန္းက်င္က ဆူညံေနပါေသာ္ျငား
ခပ္မိွန္မိွန္အလင္းေရာင္ေအာက္က အရက္ဆိုင္‌၏ေထာင္ဆံုးဝိုင္းမွာေတာ့ ထူးျခားစြာတိတ္ဆိတ္လို႔ေနပါသည္။
ေသာင္းဆင့္သည္ ေရ႔ွမွာခ်ထားေသာ အရက္ခြက္အား ဆြဲကိုင္၍ တက်ိဳက္ထဲေမာ့ေသာက္ပစ္လိုက္သည္။ အရက္၏ျပင္းရွမူ႔ကလည္ပင္းတေလ်ွာက္ ပူေလာင္စြာစီးဆင္းသြားေပမဲ့ မ်က္ႏွာတခ်က္မမဲ့မိခဲ့။
လည္ေခ်ာင္းက အပူမီးက သူေရ႔ွတၫ့္တၫ့္ မွာထိုင္ေနတဲ့ ႏွင္းဆီဘြဲ႔ဆူးေၾကာင့္ျဖစ္တည္လာတဲ့ မနာလိုမူ႔ေလာက္ ခံရခက္မည္တဲ့လား။

" သတိုး .. မင္းဘယ္လိုလုပ္ဒီကိုေရာက္ေနတာလဲ"

ႏွင္းဆီဘြဲ႔ဆူးက သူ႔ေရ႔ွမွာထိုင္ေနတဲ့ေကာင္ေလးကိုခ်ိဳသာစြာေမးလိုက္ တာျဖစ္သည္။
သတိုးဆိုတဲ့ေကာင္ေလးသည္ ႏွင္းဆီဘြဲ႔ဆူးေမးတာကိုမေျဖေသးပဲ ေသာင္းဆင့္ကိုမရဲတရဲၾကၫ့္လာ၏။
ခုထိ စူးရွစြာၾကၫ့္ေနတဲ့ ‌ ေသာင္းဆင့္ေၾကာင့္ သတိုး
၏ေၾကာက္‌ရြံ႔စိတ္က ရင္ထဲမွာ စြဲထင္ေနသည္မမွားႏိုင္။
သတိုးဘာကိုေၾကာက္ေနသလဲ ႏွင္းဆီဘြဲ႔ဆူး သိသည္။
ေသာင္းဆင့္မ်က္ႏွာသည္ သတိုးစတင္ႏႈတ္ဆက္လိုက္ကတည္းက စားမတက္ဝါးမတက္ျဖစ္ေနတာ
ေဘးလူေတြပါခံစားသိျမင္ႏိုင္တဲ့အထိျပင္းသည္။
ထို႔အျပင္ ေအးေဆးစြာထိုင္လို႔ရတဲ့ေနရာသြားရေအာင္လို႔ ေျပာေတာ့ အရြဲ႔တိုက္ကာ အရက္ဆိုင္ေခၚလာသည္။ ဒါတင္မကေသး၊ သူကိုယ္တိုင္ေတာင္မွ အရက္ကို မွာေသာက္လိုက္ေသးသည္။
စိတ္ဆိုးသြားေပမဲ့ ‌သတိုးေရ႔ွမွာမို႔ မသိခ်င္ေယာင္ေဆာင္ကာ ဘာစကားမွ မေျပာလိုက္ ေပ။

ထို႔ေၾကာင့္ ဘြဲ႔ဆူးတမင္ပင္ သတိုးလက္ကို ခပ္ဖြဖြပုတ္ကာ

" သူ႔ကို စိတ္ထဲမထားနဲ႔။ သူကအဲ့လို႔ပဲ " ဟုရြဲ႔ေျပာလိုက္သည္။

သူစိမ္းေယာက္်ာ္းတစ္ေယာက္အေပၚတင္လိုက္တဲ့ ႏွင္းဆီဘြဲ႔ဆူးလက္ေၾကာင့္ ေသာင္းဆင့္ မ်က္ႏွာေပၚ‌ကေသြးေၾကာေတြေပါက္ထြက္လုလုျဖစ္ကုန္၏။
ရင္ထဲမွာရိွေသာမနာလိုမူ႔ေတြ ၊ ေပးမထိလိုျခင္းေတြက ဟုန္းခနဲတက္လာေသာ မီးေတာင္ေခ်ာ္ရည္ေတြလို ။
သို႔တိုင္ သူဘာစကားမွဝင္ေရာက္ေျပာဆိုျခင္းမရိွ။
ၿငိမ္သက္စြာပင္ ထိုႏွစ္ေယာက္အား ၾကၫ့္ရႈ႔ေနသည္။ သူ႔စိတ္ထဲမွာ မႀကိဳက္ႏွစ္သက္သၫ့္တိုင္
ဘြဲ႔ဆူးစိတ္ရႈပ္ရေအာင္ ၊ အရွက္ရေအာင္ထိ သူမလုပ္ရက္၊မလုပ္ႏိုင္ေပ။

" ကြၽန္ေတာ္ အလုပ္ကသူေဌးနဲ႔ အေဖာ္လိုက္လာ‌
ေပးရင္း ဒီရြာေရာက္လာတာ "

သတိုးသည္ ေအးစက္ေသာ ေလထုအားလ်စ္လ်ူရႈ႔ဖို႔ မ်က္လႊာအား ခ်ထားသည္။
သိသိသာသာ ထိုအမ်ိဳးသားသည္ ကိုဆူးနဲ႔တမ်ိဳးတမည္ပတ္သက္လိမ့္မည္။
ဒါေပမဲ့ ကိုေနနဲ႔ပတ္သတ္ၿပီးလည္းစကားေတြအမ်ားႀကီးေျပာစရာရိွေသးသည္။
ေခါင္းကိုအနည္းငယ္ေမာ့ကာ သူထပ္မံေျပာလိုက္သည္။ 

" ကိုဆူး ဒီရြာမွာေနတာလား"

" ဟုတ္တယ္ ၊ ဒီရြာက အေမ့ဇာတိေလ  ၊ ဒါနဲ႔
မင္းအလုပ္လုပ္ေနၿပီလား"

ဘြဲ႔ဆူး ခပ္ေလးေလးေမးမိသည္။
သတိုးက ခုမွ အသက္ႏွစ္ဆယ္ေတာင္မျပၫ့္ေသး‌ ေပ။
သူတို႔ေဘးၿခံကပ္ရပ္ေနစဉ္က သတိုးက ေျပးလႊားေဆာ့ကစားေနတဲ့ ကေလးအရြယ္ေလးပဲရိွေသးတာ ကို မွတ္မိေသးသည္။

" ကြၽန္ေတာ္ ေက်ာင္းထြက္လိုက္တာ၊ ကို ..  ကိုေန ေနသိပ္မေကာင္းဘူးကိုဆူး။ "

သတိုးဆီမွ ထပ္မံအသစ္ထြက္လာေသာ စကားက
ဘြဲ႔ဆူးကို ၿငိမ္သက္သြားေစ၏။
ေနျမတ္လင္း ဆိုတဲ့ အတိတ္က ေမ့ေပ်ာက္ထားတဲ့နာမည္တစ္ခုက သူႏွလံုးသားကိုရိုက္ပုတ္သြားခဲ့သည္။

သတိုးထပ္ေျပာလာသည္။

" ေက်ာက္ကပ္ မေကာင္းတာ ၊ ခြဲစိတ္ရမယ္တဲ့ ၊ အရင္ကတည္းက တေရွာင္ေရွာင္ျဖစ္ေနတာ ၊ ေဆးရံု
တက္လိုက္ရေတာ့ ကြၽန္ေတာ္ ဘာဆက္လုပ္ရမွန္းမသိေတာ့ဘူး .. ။ အိမ္မွာ အားကိုးရမဲ့သူက ကိုေနတစ္ေယာက္ပဲရိွတာ ၊ ကိုေန ျဖစ္သြားေတာ့ ကြၽန္ေတာ္
ရူးသြားေတာ့မလိုပဲ ၊ အေမလည္းမရိွေတာ့ဘူး ၊ကိုေနကလည္းေနမေကာင္းဘူး ၊ကြၽန္ေတာ္ .. ကြၽန္ေတာ္  "

အရိွန္ရလာေတာ့ ဆက္တိုက္ေျပာထြက္လာတဲ့ စကားေတြေနာက္မွာ အခ်ိန္ၾကာျမင့္စြာသိုေလွာင္ထားတဲ့
ဝမ္းနည္းမူ႔က တိုင္တည္စရာရင္ခြင္ရိွလာေတာ့ ပြင့္ထြက္လာသလို သတိုးျမတ္လင္း ‌ငိုမိေတာ့သည္။
ဘြဲ႔ဆူးသည္ အသာအယာ ေထြးဖက္ကာ သတိုးအားႏွစ္သိမ့္ေပးမိသည္။

" မငိုနဲ႔ .. ေလာကဓံဆိုတာ ဒါအစပဲရိွေသးတယ္။
မင္း .. ငယ္ပါေသးတယ္ဆိုၿပီး မမ်ွတတဲ့ဝန္ကိုအေလ်ာ့ေပးစရာအေၾကာင္းမရိွဘူး။ စိတ္ဓာတ္ကိုခိုင္ေအာင္ထား ၊ ေနျမတ္လင္း လည္းအဆင္ေျပသြားပါလိမ့္မယ္ ၊ခု အကိုဘာကူညီေပးစရာရိွေသးလဲ ။ မင္းလိုအပ္တာေျပာ ၊ ကိုယ္ ကူညီေပးမယ္"

" ကိုေန.. ကိုေနက ကိုဆူးကိုေတြ့ခ်င္‌ ေနတာ၊ကြၽန္ေတာ္နဲ႔ တစ္ခါေလာက္ပဲျဖစ္ျဖစ္ လိုက္ေတြ့ေပးလို႔ရမလား"

ေမ်ွာ္လင့္ခ်က္ျဖင့္ မ်က္ရည္သုတ္ကာ သတိုး
ဘြဲ႔ဆူးအားေမးလိုက္မိသည္။
ကိုေနက ကိုဆူးအေပၚသိပ္သံေယာဇဉ္ႀကီးတာ။
ျပန္ေတြ့ရင္ ဘာပဲေျပာေျပာ ေပ်ာ္သြားမွာ ေသခ်ာသည္။

" မရဘူး "

ျဖတ္ေအာ္လိုက္သူက တခ်ိန္လံုးတိတ္ဆိတ္ေနတဲ့ေသာင္းဆင့္ျဖစ္သည္။
မ်က္ႏွာထားသည္ေအးစက္လ်က္ရိွကာ
အရက္ခြက္ကိုေမာ့ေသာက္ၿပီး ဘြဲ႔ဆူးတို႔ႏွစ္ေယာက္အား စီးမိုးၾကၫ့္ေနတဲ့ပံုမွာ အျပစ္သားႏွစ္ဦးႏွယ္။

" ေသာင္းဆင့္  "

သတိေပးစကားကိုဆိုဖို႔ တိုးတိတ္စြာေခၚလိုက္ေသာ္ျငား ေသာင္းဆင့္သည္ လက္ကာျပကာ ထပ္မံမေျပာေစေတာ့။

" ဘာစကားမွထပ္ထြက္မလာနဲ႔ ႏွင္းဆီဘြဲ႔ဆူး ။ က်ဳပ္ေျပာမယ္ "

ဓားသြားလိုေအးစက္ျပတ္သားလွေသာ
စကားေအာက္မွာ ဘြဲ႔ဆူး အသံထပ္ထြက္မလာေတာ့။
ေသာင္းဆင့္သည္ ခါးပံုစကိုေျဖ၏။
ထိုအထဲမွာ ႏိုင္လာသမ်ွပိုက္ဆံႏွင့္အိမ္ကယူလာေသာ ပိုက္ဆံပါသည္။  ေသာင္းဆင့္ သိန္းတစ္ရာ ထုတ္ကာစားပြဲေပၚတင္ေပးလိုက္သည္။

" ငါတို႔ကူညီႏိုင္တာ ေငြပဲရိွတယ္။
ဒီေငြကို မင္းအကိုခြဲစိတ္တဲ့ေနရာမွာ သံုးလိုက္၊
ႏွင္းဆီဘြဲ႔ဆူးကိုေတာ့ ေခၚသြားလို႔မရဘူး။
ထၫ့္လည္းမေပးႏိုင္ဘူး၊  "

ေျပာပံုက ရင့္သီးတယ္ဆိုတာ သိေပမဲ့ ေသာင္းဆင့္က
ဘြဲ႔ဆူးမ်က္ႏွာကိုေတာ့ အနည္းႏွင့္အမ်ားေတာ့
ေထာက္ထားအံုးမယ္ထင္ခဲ့သည္။ ထိုမ်ွထိေျပာထြက္လိမ့္မည္ဟုထင္မထားခဲ့ေပ။ 
အားနာသည္မို႔ သတိုးကို ဘြဲ႔ဆူးဘာေျပာေပးရမွန္းေတာင္မသိေတာ့။

" အာ.. ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ "

သတိုးမ်က္ႏွာရဲရဲျဖင့္ေတာင္းပန္လာသည္။
ေသာင္းဆင့္သည္ ေခါင္းကိုရမ္းကာ

" မလိုဘူး၊ ႏွင္းဆီဘြဲ႔ဆူး မိတ္ေဆြေတြကို ငါကူညီခ်င္တယ္။ ယူသြားပါ ၊ ဒါ ငါေလာင္းကစားဝိုင္းက အလကားရလာတဲ့ေငြေတြ ၊အေရးမႀကီးဘူး "

" မဟုတ္ဘူး၊ ‌ကြၽန္ေတာ္ မရခ်င္ဘူး "

သတိုးျပန္တိုးေပးရန္လက္ထုတ္လိုက္ခ်ိန္မွာ
ဘြဲ႔ဆူးမေနသာေတာ့

" ျပန္မေပးနဲ႔ သတိုး။ မင္းအကိုအတြက္ ဒါငါတို႔လုပ္ေပးႏိုင္တဲ့ ကူညီမူ႔ပါ။ ငါအဆင္မေျပတုန္းကလည္းမင္းတို႔ကူညီဖူးတာပဲ ၊စိတ္သန႔္သန႔္နဲ႔ ယူပါ "

" ဟို.. ကိုေနက "

"မင္းတို႔ေျပာင္းသြားတဲ့လိပ္စာေပးခဲ့၊ ငါ ၿမိဳ႔ေပၚေရာက္ရင္ဝင္ခဲ့မယ္  "

ေသာင္းဆင့္ေရ႔ွမွာမို႔ စကားေတြကိုထိန္းေျပာလိုက္သည္။ ဒါကိုေသာင္းဆင့္သိသည္ ။
ေနာက္ထပ္စကားေတြေတာ့ ေသာင္းဆင့္ဘာမွဝင္မေျပာေတာ့။
ထိုညက သတိုးနဲ႔လမ္းခြဲၿပီးေနာက္ သူတို႔ႏွစ္ေယာက္အိမ္ျပန္လာခဲ့ၾကသည္။
အသြားတုန္းကလို ေျပာစရာစကားမ်ားစြာမဲ့လ်က္ တိတ္တဆိတ္လမ္းေလ်ွာက္ေနခဲ့သည္။
ေသာင္းဆင့္ဆီမွ ရေသာ အရက္နံ႔ေၾကာင့္ ေဒါသလည္းထြက္ရ စိတ္လည္းဆိုးရေပမဲ့ စကားတစ္လံုးမွအျပစ္မဆိုခဲ့ ။
အိမ္ေရာက္ခါနီး ပိေတာက္ပင္ ေအာက္တြင္ ေနာက္
မွာေခါင္းကို ေျမၾကီးေအာက္ ‌စိုက္လ်က္သား လမ္းေလ်ွာက္ေနေသာ ေသာင္းဆင္းက ဆက္မသြားေတာ့ပဲေျခစံုရပ္ကာ ဆတ္ခနဲ ဘြဲ႔ဆူးလက္ကို ဆြဲလာ၏။
သူ႔မ်က္လံုးေတြသည္ ညိုရီမိႈင္းျပေနၿပီး မ်က္ရည္ၾကည္မ်ားႏွင့္ေဝ့ေနသည္ကို မီးေရာင္အကူျဖင့္ သိသာေအာင္ျမင္ႏိုင္ခဲ့သည္။

" ေနျမတ္လင္းဆိုတဲ့ေကာင္က ခင္ဗ်ားအတြက္ ဘယ္ေလာက္အေရးႀကီးလို႔လဲ "

" ေသာင္းဆင့္ "

မတိုးမက်ယ္ေသာ အသံမွာ ေဒါသေတြေရာယွက္ေနသည္။
ေသာင္းဆင့္ မ်က္ႏွာကို အေပၚေမာ့ကာ ခပ္တိုးတိုးရယ္သည္။ ထို႔ေနာက္ အၾကမ္းပတမ္းမ်က္ရည္မ်ားကိုသုတ္ကာ ဘြဲ႔ဆူး၏ ပခံုးသားေတြကိုပါဆုပ္ကိုင္၏။
အိမ္ျပန္လမ္းသည္ သူတို႔ႏွစ္ေယာက္ပဲရိွသၫ့္ႏွယ္
တိတ္တဆိတ္ရိွလ်က္။
တစ္ခ်က္ တစ္ခ်က္ ၾကားေနရတဲ့ ဇာတ္သံသည္လည္း နားထဲမၾကားတခ်က္ၾကား တခ်က္။

" ဘာလဲ ၊ခင္ဗ်ားမေျဖႏိုင္ဘူးမို႔လား။
က်ဳပ္ကိုခုထိမခ်စ္ရေသးတဲ့အေၾကာင္းျပခ်က္က သူလားႏွင္းဆီဘြဲ႔ဆူး။ က်ဳပ္ကိုမလိမ္နဲ႔ ၊ခင္ဗ်ားမ်က္ႏွာေပၚမွာ ဘာေတြေျပာင္းလဲသြားသလဲဆိုတာမသိရေအာင္က်ဳပ္ငတံုးမဟုတ္ဘူး ။ ေျပာ အဲ့ေကာင္နဲ႔ခင္ဗ်ားက ဘာလဲ"

အသံေတြတုန္ရီလ်က္ေသာင္းဆင့္က ဆြဲလႈပ္ကိုင္ရင္း
ခပ္ႀကိတ္ႀကိတ္ေမးသည္။
မ်က္ရည္မ်ားက အဆက္မျပတ္က်ဆင္းလာၿပီး
သုတ္ဖယ္ျခင္းလည္းမရိွခဲ့။
ေသာင္းဆင့္ ခုလိုပံုစံျဖစ္ေနတာကိုျမင္ဖူးတာ ဒါပထမဦးဆံုးအႀကိမ္ျဖစ္သည္။ နာက်င္မူ႔ေၾကာင့္ ဘြဲ႔ဆူးမ်က္ႏွာအနည္းငယ္ရႈံ႔မဲ့သြားခ်ိန္တြင္ ေသာင္းဆင့္
ဖ်တ္ခနဲ ပုခံုးေပၚကလက္ေတြအားဖယ္ခြာသြား၏။

" ျပန္မယ္ ႏွင္းဆီဘြဲ႔ဆူး ၊ အိမ္ကိုျပန္မယ္ ခင္ဗ်ားပါးစပ္ပိတ္ထား ၊က်ဳပ္ကိုဘာမွရွင္းမျပနဲ႔ ။
က်ဳပ္ဆီကေန ထြက္ေျပးဖို႔ႀကိဳးစားရင္ သတ္ပစ္မွာေနာ္ "

ထံုးစံအတိုင္းၿခိမ္းေျခာက္ကာ လက္ေကာက္ဝတ္မွ ဆြဲကာ အိမ္ထဲကို တရၾကမ္းေခၚခံလိုက္ရသည္။
အိမ္ျပန္ေရာက္ေတာ့ ေသာင္းဆင့္သည္ အက်ႌဝတ္စားတခ်ိဳ႕ကိုထုတ္ပိုးသိမ္းဆည္းသည္။
ထို႔အျပင္ ေဆးႏွင့္ ေစာင္ျခင္ေထာင္ကို ဆြဲျဖဳတ္သိမ္း၏။

ဘြဲ႔ဆူး မေနႏိုင္ပဲ ေတြ့ရာဆြဲသိမ္းေနေသာ ေသာင္းဆင့္လက္ကို ဆြဲခ်ဳပ္ဖမ္းကာ ေမးလိုက္သည္။

" ေသာင္းဆင့္ မင္းဘာေတြလုပ္ေနတာလဲ။
စကားေျပာမယ္ ၊ကိုယ္တို႔ ေဆြးေနြးၾကမယ္"

" ဘာေဆြးေနြးမွာလဲ၊ ဘာကို‌ခင္ဗ်ားဘာေျပာခ်င္ေသးတာလဲ"

ေျပာရင္းေသာင္းဆင့္ငိုသည္။
ေသြးရူးသန္းရူးျဖစ္ေနပံုက သနားစရာမို႔
ဘြဲ႔ဆူးမွာ အေတာ္ေလးမသက္မသာျဖစ္ရသည္။
ထို႔ေၾကာင့္ ေဒါသတႀကီးျဖစ္ေနတဲ့ေသာင္းဆင့္ေဘးနားကို တိုးသြားကာ ခါးမွသိမ္းႀကံဳးဖက္ထားေပးလိုက္၏။

" မဟုတ္ပါဘူး ၊မင္းထင္သလို မဟုတ္ပါဘူးကြာ။ "

ေတာင့္တင္းေနေသာ ေက်ာျပင္သည္ ဘြဲ႔ဆူးႏွင့္ထိေတြ့ၿပီးေနာက္ ေျပေလ်ာ့ကာ ပုခံုးေပၚသို႔ ေမးတင္လာ၏။ ရိႈက္ေနသည္မို႔ တစ္ခ်က္တစ္ခ်က္ ပုခံုးေတြက လႈပ္ခတ္သြားေသးသည္။   ေသာင္းဆင့္ ဆိုးသည္ဟု သူၾကားဖူး‌ ေပမဲ့ ယခုျမင္မွ မမွားဘူးဆိုတာ လက္ခံေတာ့သည္။
ဒါေတာင္ အေတာ္ၾကာတဲ့အထိငိုရင္းႏွင့္

"  က်ဳပ္ကိုထားသြားရင္ ခင္ဗ်ားကို တကယ္သတ္မွာေနာ္ ႏွင္းဆီဘြဲ႔ဆူး "ဟု ေျပာေနတုန္းျဖစ္သည္။

" အင္းပါ ၊ကိုယ္မထားခဲ့ပါဘူး။ ဘယ္မွလည္းမသြားပါဘူးကြာ "

" သြားၾကၫ့္ေလ "

" ဘယ္မွ မသြားပါဘူးကြာ ဟုတ္ၿပီလား"

" ခင္ဗ်ား ေနာက္ကိုက်ဳပ္မပါပဲနဲ႔ ဘယ္မွမသြားရေတာ့ဘူး"

" အင္းပါ "

" မနက္ဖန္ ေတာထဲေျပာင္းမယ္ "

" ဘာႀကီး "

ခပ္တင္းတင္းဖက္ထားရာမွ ေသာင္းဆင့္ လႊတ္လိုက္ၿပီးေနာက္ ဘြဲ႔ဆူးကို ေက်ာခိုင္းကာ ေစာကထၫ့္သိုေနသၫ့္အတိုင္း ျပန္လည္သိမ္းဆည္းေနျပန္သည္။
အေျခေနအရပ္ရပ္ကို ဘြဲ႔ဆူးနားမလည္ေပ။
ေတာထဲ ေျပာင္းမည္ဆိုတာ ဘာလဲ။
လူသူမရိွတဲ့အရပ္ကို သူ႔အားဖြက္ထားမည္ဟုဆိုလိုတာလား။
အနည္းငယ္ စိုရိမ္သြားတဲ့စိတ္ျဖင့္ ဘြဲ႔ဆူးအသံုးအေဆာင္တခ်ိဳ႕အား ေသခ်ာအိတ္အေသးေလးထဲထၫ့္ေနတဲ့ေသာင္းဆင့္ လက္ေမာင္းအားလွမ္းဆြဲလိုက္၏။

" ေသာင္းဆင့္ မင္းဘာေတြလုပ္ေနတာလဲ။
ေနျမတ္လင္းက ငါ့သူငယ္ခ်င္းပါ ၊မင္းထင္သလို
ငါတို႔ ဘာမွမဟုတ္ဘူး ။ မင္းစိုးရိမ္စိတ္နဲ႔ ငါ့ကို
မဟုတ္တာေတြမလုပ္နဲ႔ ၊ငါလက္သင့္မခံႏိုင္ဘူးေနာ္ "

" ခင္ဗ်ား လိမ္တယ္ "

ဘြဲ႔ဆူးမ်က္ႏွာ အနည္းငယ္ေသြးပ်က္သြား၏။ 
ေသာင္းဆင့္ ေျပာလိုက္တဲ့စကားသည္
သူ႔လႈပ္ရွားမူ႔ေတြအားရပ္တန႔္သြားေစသည္။
ေသာင္းဆင့္ ေခါင္းကို အနည္းငယ္ ငဲ့ေစာင္းၾကၫ့္ၿပီး

" ပိုခ်စ္ရတဲ့သူက ပိုနာက်င္ရတယ္ ႏွင္းဆီဘြဲ႔ဆူး။
က်ဳပ္ကိုယ္က်ဳပ္ထက္ ခင္ဗ်ားကို ပိုၿပီးခ်စ္ရလို႔
မ်က္ႏွာေပၚက အၿပံဳးေသးေသးကအစ ေျပာင္းလဲသြားသမ်ွအရာရာအကုန္လံုး က်ဳပ္ဘာသာျပန္ႏိုင္တယ္  "

အဖ်ားခတ္တုန္ရီသြားေပမဲ့
ထိန္းသိမ္းလိုက္သၫ့္ႏွယ္ ပင့္သက္ကို  ေသာင္းဆင့္ခက္ခက္ခဲခဲခ်သည္။ ဘြဲ႔ဆူးသည္ ျပတင္းေပါက္ေဘးက သူထိုင္ေနက် ခံုေလးဆီသို႔ အသက္မပါသလိုျဖည္းျဖည္းေလးသြားထိုင္၏။ သူတို႔ရန္ျဖစ္‌
ေနၾကသည္မဟုတ္။ နာက်င္မူ႔နဲ႔ ျမဳပ္ႏွံခဲ့တဲ့ လႈပ္ဝွက္ခ်က္ကို တူးေဖာ္ေနၾကတာ ျဖစ္သည္။
ထို႔ေနာက္ အတိတ္ကို တစ္ေခါက္ျပန္သြားသၫ့္ပံုျဖင့္
ကြဲအက္စြာေျပာလာခဲ့သည္။
ေသခ်ာတာကေတာ့ သူဘယ္ေတာ့မွ ထုတ္မျပခ်င္ခဲ့တဲ့ အားနည္းခ်က္ တစ္ခုျဖစ္ေနတာပင္။

" သူ ကိုယ္တို႔အိမ္ေဘးကို ဆိုင္လာဖြင့္တဲ့ အခ်ိန္တုန္းက ကိုယ့္အသက္မွ ဆယ့္ရွစ္ႏွစ္ပဲရိွ‌ ေသးတယ္။အခ်စ္ကို နားမလည္ေသးခင္  ကိုယ္ရဲ့ပထမဦးဆံုးရင္ခုန္ဖူးတဲ့သူက ေယာက်ာ္းတစ္ေယာက္တဲ့။
ေသာင္းဆင့္ ကိုယ္က သန္မာတဲ့ေယာက်ာ္းတစ္ေယာက္ပါ။ မိန္းမေတြလို အလွအပမမက္သလို လွလည္းမလွခ်င္ခဲ့ဘူး။ ဒါေပမဲ့ လိင္တူကို သေဘာက်ခဲ့မိတဲ့ စိတ္က အက်ဉ္းသားတစ္ေယာက္လိုပဲ ကိုယ့္ကိုကိုယ္ အၿမဲအမဲစက္စြန္းထင္း‌ ေစခဲ့တာ၊
ေနျမတ္လင္းက ကိုယ့္သူငယ္ခ်င္းဆိုေပမဲ့  ကိုယ္တိတ္တခိုးသေဘာက်ခဲ့မိတယ္ ၊ အဲ့ဒါမလုပ္သင့္တဲ့ အမွားတစ္ခုပဲ။ ကိုယ္မခ်စ္ခဲ့သင့္ဘူးေသာင္းဆင့္။ ကိုယ္
ေယာက်ာ္းတစ္ေယာက္ကို မစြဲလမ္းသင့္ဘူး။
သူ႔အေပၚခံစားခ်က္နဲ႔ အျပဳအမူေတြ သိသိသာသာျဖစ္လာခဲ့တဲ့အခ်ိန္မွာ ကိုယ္ဘာဆိုတာ သူသိသြားခဲ့တယ္ ။ သူစၿပီးကိုယ့္ကို
ေရွာင္ရွားလာတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္
ပုခံုးဖက္ေပါင္းလာတဲ့သူငယ္ခ်င္းက ကိုယ္ထိမွာကို သူေၾကာက္လာတယ္။ သူ႔အိမ္ကိုသြားရင္ သူထြက္မေတြ့ေတာ့ဘူး။ ေနာက္ဆံုး သူ႔အေမကပါ ကိုယ္လာရင္ သိသိသာသာမႀကိဳက္ေတာ့ဘူး ။
ေသရာပါတဲ့ အမာရြတ္တစ္ခုလိုပဲ ၊ကိုယ္အရမ္းရွက္တယ္တယ္ေသာင္းဆင့္။
ကိုယ္ မိန္းမ တစ္ေယာက္နဲ႔ အိမ္ေထာင္ျပဳျပီး
မိသားစုေလးတစ္ခုကိုပဲ တည္ေထာင္ခ်င္ခဲ့တာပါ ။ မိဘ ပတ္ဝန္းက်င္မွာ ကိုယ့္ရဲ့လိင္စိတ္
တိမ္းၫႊတ္မူ႔အေၾကာင္းထုတ္မေျပာရဲသလို သိသြားမွာကိုလည္း ရူးမတက္စိုးရိမ္ခဲ့ရတာဟာ ဘာနဲ႔တူလဲ မင္းသိလား ။ အျပစ္သားတစ္ေယာက္လိုပဲ အၿမဲကိုယ့္ကို ေျခာက္လန္႔ေနခဲ့တာ ။ ကိုယ္ဘာအမွားမလုပ္ခဲ့ဘူး။
ကိုယ္လုပ္ခဲ့တာ ခ်စ္ခဲ့မိတာတစ္ခုပဲ ။ အဲ့ဒါကိုယ္မွားလား ေသာင္းဆင့္ ကိုယ္မွားလား"

" မွားတယ္ ႏွင္းဆီဘြဲ႔ဆူး ခင္ဗ်ားသိပ္မွားတယ္"

ညသန္းေခါင္ ေက်ာ္မွာ တိုးထြက္လာတဲ့ ေသာင္းဆင့္အသံက
နာက်င္မူ႔ေၾကာင့္ အနည္းငယ္ က်ယ္ေလာင္ခဲ့သည္။
သူ ႏွင္းဆီဘြဲ႔ဆူးေဘးကို သြားကာ ၾကမ္းေပၚမွာ ထိုင္ခ်လိုက္သည္။ အၿမဲ ေျခရင္းမွာ ခစားခဲ့တဲ့ေကာင္က
ဘုရားတပါးလို ႏွင္းဆီဘြဲ႔ဆူးကို ကိုးကြယ္ခဲ့တယ္ဆိုတာ ဘာလို႔ေမ့ႏိုင္ရတာလဲ။

" က်ဳပ္မဟုတ္တဲ့ေကာင္ကို စိတ္ဝင္စားလိုက္ကတည္းက ခင္ဗ်ားသိပ္မွားသြားၿပီ။
ႏွင္းဆီဘြဲ႔ဆူး ‌ဒီမွာ ခင္ဗ်ားေသခ်ာနားေထာင္ထားစမ္းပါ။ ေလာကမွာ ခင္ဗ်ားကို ရူးေလာက္ေအာင္ခ်စ္မဲ့သူက က်ဳပ္တစ္ေယာက္ပဲရိွတယ္။
ခင္ဗ်ားထိုက္ထိုက္တန္တန္ျပန္ခ်စ္ေပးရမဲ့ေကာင္ကလည္းဒီေကာင္ပဲ ဆိုတာ ႏွလံုးသားထဲစြဲၿမဲေနေအာင္မွတ္ထားစမ္းပါ ၊ ေနာက္တစ္ႀကိမ္ ပါးစပ္က တျခားအေကာင္အေၾကာင္းထြက္ရဲထြက္ၾကၫ့္
စကားမေျပာႏိုင္ေအာင္ ခင္ဗ်ားလ်ွာကို ျဖတ္ပစ္မွာ "

" မင္း မလုပ္ရက္ပါဘူး "

ေခါင္းေပၚမွာ ခပ္ဖြဖြ ပြတ္သပ္ေနတဲ့ လက္ကို ဆြဲဖမ္းကာ ေသာင္းဆင့္မေက်မနပ္ၾကၫ့္သည္။

" ခင္ဗ်ားထပ္လုပ္ခ်င္ေသးတာလားေျပာ "

" အင္း "

" ႏွင္းဆီဘြဲ႔ဆူး !!"

ေဒါသေၾကာင္ေထာင္တက္လာတဲ့ ပါးရိုးႀကီးကို ဘြဲ႔ဆူး အသာအယာထိေတြ့လိုက္ၿပီး ကေလးတစ္ေယာက္ကို အလိုလိုက္သၫ့္ႏွယ္ ၿပံဳးလာ၏။

" ကိုယ္အၿမဲ ကြယ္ဝွက္ထားခဲ့ရတဲ့အေၾကာက္တရားက ေယာက်ာ္းတစ္ေယာက္ကို ထပ္မခ်စ္ရဘူးဆိုတဲ့စိတ္ပဲ။ ကိုယ္ ဒီေန့ အဲ့ဒီနာက်င္မူ႔ကို စြန႔္လႊတ္လိုက္ၿပီ ။ ‌ကိုယ္ မင္းနဲ႔အိမ္ေထာင္က်ရတာကို သေဘာက်တယ္ ေသာင္းဆင့္ ။ ဘယ္လိုလုပ္မလဲ ကိုယ္ထပ္ခ်စ္မိသြားျပန္ၿပီထင္တယ္ "

ေသာင္းဆင့္မ်က္ေမွာင္ကုတ္လ်က္ ခပ္ေမာ့ေမာ့ၾကၫ့္ေနသည္။
လႈပ္လည္းမလႈပ္ မ်က္ေတာင္လည္းမခက္ေတာ့။
ဘြဲ႔ဆူး ေသာင္းဆင့္မ်က္ႏွာအားရင္ခြင္ထဲထၫ့္ဖက္ကာ ခပ္ဟဟရယ္ေတာ့သည္။
ေသာင္းဆင့္အရင္တစ္ခါကလို ေက်ာက္ရုပ္ျပန္ျဖစ္သြားျပန္ၿပီမို႔ သူ႔ရယ္သံအားၾကားပံုမရေတာ့  ။

______




"  သာဒင္ ၊ အထုတ္ေတြ ေျပက်မယ္ ႀကိဳးနဲ႔ေသခ်ာစည္းလိုက္အံုး "

" ေအးပါ ၊ ျခင္ေထာင္ေတြပါတယ္မို႔လား ၊ ဟိုမွာ ငွက္ဖ်ားေပါတယ္ေနာ္ ၊မင္းတို႔ႏွစ္ေယာက္ဂရုစိုက္မွရမယ္ "

ဘေထြးဆီက ငွားလာတဲ့ ေထာ္လာဂ်ီေပၚ အထုတ္ေတြနဲ႔စားအိုးစားခြက္ေတြအား သာဒင္တစ္ေယာက္ေသခ်ာၿမဲေအာင္ႀကိဳးနဲ႔ခ်ည္ေနသည္။
ဖိုးေထြးကေတာ့ အိမ္ေပၚကေန အိမ္ေအာက္ ယူမဲ့ပစၥည္းေတြအားအေခါက္ေခါက္ခ်ေပးေနသည္မို႔ သူတို႔ေဘးမွာရိွမေန။

" ျခင္ေထာင္ေရာ ၊ ျခင္ေျပးေအာင္ ရိႈ႔မဲ့ နႏြင္းတက္ေတြေရာ အကုန္ပါတယ္။ မင္းအေဖကိုလည္း အေျခအေနေကာင္းရင္ လွမ္းေခၚလိုက္မယ္ "

သာဒင္ေခါင္းညိမ့္သည္။
အတူေနေနက် ငယ္ေပါင္းေတြမို႔ေသာင္းဆင့္တို႔
သြားမယ္ဆိုေတာ့လည္းစိတ္မေကာင္း။
တစ္ရြာမေျပာင္းသူေကာင္းမျဖစ္တဲ့ ။ ရြာမွာထိုင္စားေနရံုနဲ႔လူေမႊးလူေတာင္ေျပာင္မွာမဟုတ္။
ေသာင္းဆင့္က လူကသာအရက္သမား၊
ေတာရွာ အမဲလိုက္ အျပင္ ေရႊက်င္ေရႊရွာကိုလည္းလုပ္တက္ေသးသည္။
ေလးရြာေတာမွာ ကုန္းအင္း ေရႊကြက္ရပ္ေပၚတာ လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကတည္းက။
ဘယ္သူမွ စြန႔္စြန႔္စားစားမသြားၾကသလို
စိတ္လည္းမဝင္စားၾကေပ။

ဒီနားက ရြာသားေတြအျပင္ တျခားတနယ္၊တေက်း ကလာေရာက္ၾကသူေတာင္မွရိွတယ္တဲ့။
ေသာင္းဆင့္က အဆင္ေျပရာ ၾကၫ့္လုပ္မည္ဟု
ေျပာတာပဲ။
ေငြေရးေၾကးေရးအရ သူ႔အေဖ ဦးေဘာဂေသာင္းဆီက ေငြတိုးျဖင့္ သိန္းငါးဆယ္ေခ်းပစ္သည္။
အေဖနဲ႔သားဆိုေတာ့ ဟိုကလည္း ‌ၾကည္ၾကည္သာသာပင္ေခ်းေပးလိုက္၏။ ေသာင္းဆင့္ေငြထုတ္ပိုက္ကာ ဘေထြးဆီကေထာ္လာဂ်ီကို ျပန္‌ဝယ္လိုက္ျပန္သည္။
ေသာင္းဆင့္လုပ္ခ်င္ရာလုပ္ေနတာကို ကိုဘြဲ႔ဆူးသည္ တစ္ခြန္းမွဝင္မေျပာေပ။

ခုလည္း ဟိုမွာ စားေသာက္ရေအာင္အေျခာက္အျခမ္းေတြ ရြာထဲသြားဝယ္သည္။
ဆန္ ဆီဆားအျပင္ အထုတ္အပိုး‌မ်ားစြာေၾကာင့္
‌ကားတစ္စီးလံုးျပၫ့္လုျပၫ့္ခင္။

" ေသာင္းဆင့္ ပစၥည္းတင္စရာမရိွေတာ့ဘူး။ မင္းတို႔ဘယ္အ ခ်ိန္သြားၾကမွာလဲ "

ဖိုးေထြးက ပီနံအိတ္တစ္ထုတ္ကို ကားေပၚပစ္တင္ၿပီး
ေျပာလာသည္။

" ႏွင္းဆီဘြဲ႔ဆူးလာရင္ သြားလို႔ရၿပီ  ။
ဒါနဲ႔ သာဒင္ မင္းမလိုက္ဖူးဆိုတာ ေသခ်ာလား "

" လိုက္ခဲ့ပါလားသာဒင္ရာ ငါတို႔အတူတူသြားလို႔ရတာပဲ ။ ဟိုမွာ အလုပ္တစ္ခုခု ၾကၫ့္လုပ္ရမယ္"

ဖိုးေထြးက ေသာင္းဆင့္တို႔ႏွင့္လိုက္မွာျဖစ္သည္။
အိမ္မွာအလုပ္မရိွသူမို႔ အိမ္ကမိဘေတြကလည္း ဘယ္သြားသြားခြင့္ျပဳသည္။
သာဒင္ကေတာ့မတူေပ။
အေမခ်စ္သားမို႔ ေသာက္ခ်င္ေသာက္ ဘာမွမေျပာေပမဲ့ အိမ္ကေန သြားခ်င္ရာေတာ့သြားခြင့္မရိွ။
အကုန္သြားၾကေတာ့ သူလည္းလိုက္ခ်င္ဟန္ သာဒင္မ်က္ႏွာမေကာင္း။

" အဆင္ေျပရင္လွမ္းေခၚကြာ ငါတကယ္လိုက္လာခဲ့မယ္"

" ေအးပါ အဆင္သင့္သာျပင္ထားလိုက္ "

သာဒင့္ပုခံုးကို ေသာင္းဆင့္ပုတ္ကာ ႏွစ္သိမ့္ေပးလိုက္သည္။
သူတို႔သြားမၫ့္ေနရာသည္ ေလးရြာေတာႀကီးထဲျဖစ္သည္။
ထိုေနရာကို သြားရန္ သူတို႔ျမင့္မိုရ္ရြာမွ ျဖတ္သန္းကာ
အေနာက္ဖက္ေတာစပ္ကာဝင္ရမျွဖစ္၏။
လူသြားလမ္းေပါက္ကာ ေတာသည္ ေခ်ာင္းကမ္းရြာဖက္ကေတာဖက္လို မၾကမ္း။
သြားလာၾကသူမ်ား၍ လမ္းသည္ ကားၾကမ္းေမာင္းဝင္လို႔ရသည္ဟု ေျပာၾကသည္။

ထိုကြက္ရပ္ထဲမွာ ေရႊရွာၾကေသာ လူအမ်ားရိွၾကသည္။

ေသာင္းဆင့္ သည္ ဒီေန့ကစၿပီး ႏွင္းဆီဘြဲ႔ဆူးလက္အားတြဲကာ ဘဝသစ္ကိုစတင္ေတာ့မွာျဖစ္သည္။
သူမေၾကာက္သလို အခ်စ္ေၾကာင့္ရဲဝင့္ေနသည္မွာ သိသိသာသာျဖစ္ေနသည္။ အစက ႏွင္းဆီဘြဲ႔ဆူးအားဖြက္ထားရန္ ေလးရြာေတာထဲသြားေနမွာ ျဖစ္ေပမဲ့
ယခုေတာ့ မတူညီစြာ သူတို႔ႏွစ္ေယာက္သည္ အခ်စ္ငွက္ကေလးေတျြဖစ္ခဲ့ၾကၿပီ။
အစက ႀကံရြယ္ခဲ့သၫ့္အတိုင္း ေယာက်ာ္းတာဝန္အား ေက်ပြန္ေအာင္ထိမ္းေဆာင္ရင္း ႏွင္းဆီဘြဲ႔ဆူး၏
တစ္ကိုယ္လံုး‌အား ေရြဆင္ေပးမည္ျဖစ္သည္။
တစ္ေနရာမွမခ်န္ေပ။
ေယာက်ာ္းကတိျဖစ္၏။

ခ်စ္တဲ့အိမ္စည္။




Continue Reading

You'll Also Like

291K 7.6K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
92K 11.7K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
656K 57.7K 51
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
259K 9.4K 40
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...