ပတ်ဝန်းကျင်က ဆူညံနေပါသော်ငြား
ခပ်မှိန်မှိန်အလင်းရောင်အောက်က အရက်ဆိုင်၏ထောင်ဆုံးဝိုင်းမှာတော့ ထူးခြားစွာတိတ်ဆိတ်လို့နေပါသည်။
သောင်းဆင့်သည် ရှေ့မှာချထားသော အရက်ခွက်အား ဆွဲကိုင်၍ တကျိုက်ထဲမော့သောက်ပစ်လိုက်သည်။ အရက်၏ပြင်းရှမူ့ကလည်ပင်းတလျှောက် ပူလောင်စွာစီးဆင်းသွားပေမဲ့ မျက်နှာတချက်မမဲ့မိခဲ့။
လည်ချောင်းက အပူမီးက သူရှေ့တည့်တည့် မှာထိုင်နေတဲ့ နှင်းဆီဘွဲ့ဆူးကြောင့်ဖြစ်တည်လာတဲ့ မနာလိုမူ့လောက် ခံရခက်မည်တဲ့လား။" သတိုး .. မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
နှင်းဆီဘွဲ့ဆူးက သူ့ရှေ့မှာထိုင်နေတဲ့ကောင်လေးကိုချိုသာစွာမေးလိုက် တာဖြစ်သည်။
သတိုးဆိုတဲ့ကောင်လေးသည် နှင်းဆီဘွဲ့ဆူးမေးတာကိုမဖြေသေးပဲ သောင်းဆင့်ကိုမရဲတရဲကြည့်လာ၏။
ခုထိ စူးရှစွာကြည့်နေတဲ့ သောင်းဆင့်ကြောင့် သတိုး
၏ကြောက်ရွံ့စိတ်က ရင်ထဲမှာ စွဲထင်နေသည်မမှားနိုင်။
သတိုးဘာကိုကြောက်နေသလဲ နှင်းဆီဘွဲ့ဆူး သိသည်။
သောင်းဆင့်မျက်နှာသည် သတိုးစတင်နှုတ်ဆက်လိုက်ကတည်းက စားမတက်ဝါးမတက်ဖြစ်နေတာ
ဘေးလူတွေပါခံစားသိမြင်နိုင်တဲ့အထိပြင်းသည်။
ထို့အပြင် အေးဆေးစွာထိုင်လို့ရတဲ့နေရာသွားရအောင်လို့ ပြောတော့ အရွဲ့တိုက်ကာ အရက်ဆိုင်ခေါ်လာသည်။ ဒါတင်မကသေး၊ သူကိုယ်တိုင်တောင်မှ အရက်ကို မှာသောက်လိုက်သေးသည်။
စိတ်ဆိုးသွားပေမဲ့ သတိုးရှေ့မှာမို့ မသိချင်ယောင်ဆောင်ကာ ဘာစကားမှ မပြောလိုက် ပေ။ထို့ကြောင့် ဘွဲ့ဆူးတမင်ပင် သတိုးလက်ကို ခပ်ဖွဖွပုတ်ကာ
" သူ့ကို စိတ်ထဲမထားနဲ့။ သူကအဲ့လို့ပဲ " ဟုရွဲ့ပြောလိုက်သည်။
သူစိမ်းယောက်ျာ်းတစ်ယောက်အပေါ်တင်လိုက်တဲ့ နှင်းဆီဘွဲ့ဆူးလက်ကြောင့် သောင်းဆင့် မျက်နှာပေါ်ကသွေးကြောတွေပေါက်ထွက်လုလုဖြစ်ကုန်၏။
ရင်ထဲမှာရှိသောမနာလိုမူ့တွေ ၊ ပေးမထိလိုခြင်းတွေက ဟုန်းခနဲတက်လာသော မီးတောင်ချော်ရည်တွေလို ။
သို့တိုင် သူဘာစကားမှဝင်ရောက်ပြောဆိုခြင်းမရှိ။
ငြိမ်သက်စွာပင် ထိုနှစ်ယောက်အား ကြည့်ရှု့နေသည်။ သူ့စိတ်ထဲမှာ မကြိုက်နှစ်သက်သည့်တိုင်
ဘွဲ့ဆူးစိတ်ရှုပ်ရအောင် ၊ အရှက်ရအောင်ထိ သူမလုပ်ရက်၊မလုပ်နိုင်ပေ။