" သက်သာလား "
" အင်း "
" အားမနာနဲ့နော်။ ခြေထောက်တွေကိုက်နေသေးရင်
ညီလေးက လက်ကြီးပြတ်ချင်ပြတ်ထွက်သွားပါစေ
နှိပ်ပေးမှာ "အမယ် အပြောလေးက ။ ရုပ်ကြမ်းကြီးနဲ့ နွဲ့တယ်ဆိုရင်စိတ်ဆိုးအုံးမည်။
" နေပါကွာ ၊မင်းပါးစပ်လေး အပိုတွေ မပြောရင်ပဲ
ငါသက်သာတာကြာပြီ "အိပ်နေရာမှ မျက်လုံးမဖွင့်ပဲ ပြော နေတဲ့သူ့ အချစ်ကြီးကြောင့် သောင်းဆင့်နှာခေါင်းရှုံ့သွား၏။
ဘယ်တော့မှ အီစီကလီ လုပ်မရတဲ့ အဘိုးကြီးပေါက်စ။ ကနုကယွလေးပြောချင်ပေမဲ့ မတုန်မလှုပ်နဲ့ အပိတ်စကားတွေကြီးပဲထွက်လာတာမို့ သူ့မှာ အီလည်လည် တဝက်တပျက်ကြီးအမြဲဖြစ်ရသည်။
ဒါလည်း ချစ်နေရတာပဲမို့ နှုတ်ခမ်းဆူကာ ပြန်ချစ်လို့ ချစ်လာငြား ထပ်မံပြီး ဆိုးနွဲ့စွာပြောလိုက်မိပါ၏။" နှင်းဆီဘွဲ့ဆူးကလည်းဗျာ ။ ကျုပ်ဆို ဒီတိုင်းကြီးပဲ။
ချစ်ကြည့်လို့ကို မရဘူး။ တအားယောကျာ်းဆန်လွန်းတာပဲ "" မင်းယူထားတာ ယောကျာ်းကြီးလေ။ မေ့မနေနဲ့အုံး"
စကားတက်လွန်းတဲ့ သောင်းဆင့်ကြောင့် မျက်လုံးမှိတ်ထားရက်နှင့်ပြုံးရပြန်သည်။
တိမ်လွှာကန် ရေဖောက်ချတဲ့နေ့က မိုးရေထဲ ငါးနာရီလောက်နေခဲ့ရသော အကျိုးကြောင့် ဘွဲ့ဆူးဖျားခဲ့၏။
လေးရက်လောက် မိုးဆက်တိုက်ရွာသွန်းအပြီးမှာ
လွမ်းချောင်း ရေများလာတာကလွဲပြီး အသက်အန္တရာယ်ထိခိုက်အောင်ထိတော့ မဖြစ်ခဲ့တော့ပေ။
သို့တိုင် မိုးရေနှင့် လွမ်းချောင်းမှ ရေများပြီး ရွာထဲ တချို့တလေ စီးဝင်လာမူ့ကြောင့် ရွာအတွင်းဒူးကျော်အောင်ထိ ရေတက်ခဲ့ရသည်။ အနိမ့်ပိုင်းဒေသမို့ ထိုမျှပမာနက စိုးရိမ်စရာမဟုတ်ပဲပျော်စရာသာဖြစ်ခဲ့၏။
ခုဆို နေမင်းသည် တိမ်မဲတို့အား ကျော်လွန်၍
ထွန်းတောက်နိုင်ခဲ့ပြီ။ ခါတိုင်းမိုးသံကြောင့် စကားပြောသံပင် မကြားရသမျှသည် ယခုမှ ပိုအတိုးချ ပြောနေသယောင် တစ်အိမ်နှင့်တစ်အိမ်အော်ဟစ်စကားပြောနေမှာ အိပ်မရသည်ထိ ဆူညံနေပါ၏။