A Flower That Sleeps Like The...
Od May_Soe1
24.4K 1.5K 22
ဖတ်ခဲ့ဖူးတဲ့normal ဝတ္ထုလေးတစ်ခုကိုYizhanအနေနဲ့ပြန်လည်ပုံဖော်ထားခြင်းဖြစ်ပါတယ်... အမှားပါရင်ခွင့်လွှတ်ကြပါသေခ... Více
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11.1
Part 11.2
Part 12 Final
Part 6
1.4K 109 2
Od May_Soe1
A Flower That Sleeps Like The World
Part 6
Yizhan Fanfic
ရိပေါ်အသေအချာပြန်တွေးကြည့်တော့ တစ်ညလုံးကိုယ်ခံရသည့်ဒုက္ခကမသေး....ခြင်ကိုက်ဒဏ်ရာကော...အအေးမိသည့်ဒဏ်ကောပေါင်းကာလူတောင်ဖျားချင်ချင်ဖြစ်ရသည်....
အားလုံးကိုတွက်ဆချင့်ချိန်ကာသူ့မှာပါလာသောဆွဲကြိုးနှင့်ဟန်းချိန်းကိုရောင်းပစ်လိုက်သည်......
တစ်ယောက်အိပ်ခြင်ထောင်နှစ်လုံး စောင်နှစ်ထည်နှင့်ဖျာနှစ်ချပ်ကိုသူဝယ်သည်...အိမ်နံဘေးသံဇကာမှလေဒဏ်မိုးဒဏ်ကာကွယ်ဖို့အတွက်တော့တာလပတ်အကာတစ်ချပ်ဝယ်သည်....
အထုတ်အပိုးပလတ်စတစ်အိတ်တွေ တစ်ပွေ့တစ်ပိုက်နှင့်သူအိမ်ပြန်ခဲ့တော့အိမ်ထဲမှထွက်ကြိုသူကရှောင်းကျန့်....
သူ့ကိုကြည့်ရင်းကအဝတ်နှစ်စုံသုံးစုံလောက်တော့ဝယ်ပေးရဦးမည်ဟုစိတ်ကတွေးမိသည်.....
"ကို...အဲဝမ် ပေးလေ...ကိုယ်ကူသယ်ပေးမယ်...."
မလိုဘူးဟုငြင်းပစ်ဖို့ပြင်ပြီးမှတစ်ဖက်အိမ်ခန်းတံခါးကရပ်ကြည့်နေသော ချင်ရုံ  ဆိုသူကြောင့်သူ့လက်ထဲကအထုတ်တစ်ချို့ကိုပေးလိုက်ရသည်.....
"ဘာတွေဝယ်လာတာလဲညီလေးရ..."
မသိချင်ယောင်ဆောင်နေကာမှစပ်စပ်စုစုလှမ်းမေးနေတာကိုသူမကောင်းတတ်၍...
"အိမ်အတွက်လိုအပ်တာလေးတွေပါ..."
"အင်းးး....မနေ့ညကမိုးတွေရွာတာအိပ်လို့မှရရဲ့လား..."
"အင်း...ဒီလိုဘဲငုတ်တုပ်ပေါ့ဗျာ...."
"အဟဲ...ငါ့ညီတို့ကအခုမှချစ်စ ခင်စထင်တယ်...ကိုယ်တော့မိုးရေထဲမှာမနေနိုင်လို့အပေါ်ကိုလစ်ပြေးရတယ်...ဟား....ဟား..."
ဘယ်လိုလူစားလဲမသိပါ...စကားပြောတာရဲသလို အကြည့်ကလည်းရဲသည်....ရှောင်းကျန့်မျက်နှာလေးရဲသွားသလို...ဝမ်ရိပေါ်လည်းအနေခက်ခက်ဖြစ်သွားရသည်....
"ဒီမှာမိုးတွင်းဆိုငါ့ညီတို့အခန်းကမိုးပက်ခံရမှာ ပလတ်စတစ်ဝယ်ကာမလား...အစ်ကိုဝယ်ပေးမယ်...တစ်ထောင်နှစ်ထောင်လောက်ဘဲကျမှာပါ..."
ဒီလူဘယ်လိုလူလည်းမသိ...အမြဲတမ်းငွေစကားဘဲပြောကာရပေါက်တစ်ခုတည်းကိုဘဲအစဥ်ဖန်တီးနေတတ်သူထင်၏...နားကြားပြင်းကပ်လာတာမို့....
"မလိုတော့ဘူး...ကျွန်တော့်ဘာသာဝယ်လာတယ်အခုဘဲကပ်မလို့..."
"အစ်ကိုလုပ်တတ်တဲ့အလုပ်သမားခေါ်ပေးရမလားငါ့ညီ...."
"ရတယ်...ကျွန်တော်လုပ်တတ်တယ်..ဘာခက်တာမှတ်လို့...."
စကားအမြန်ဖြတ်ပြီးအိမ်ထဲခပ်သုတ်သုတ်ဝင်ခဲ့သည်...ရှောင်းကျန့်လည်းသူ့အနားမှာကပ်ပါလာသည်....
"ကဲ...မင်းလက်ထဲကအထုတ်တွေချပြီးအိမ်ကိုတာလပတ်ကာဖို့ဝိုင်းကူပါဦး..."
"ဟုတ်...ဟုတ်ကဲ့.."
လိုအပ်သည့် သံကောရိုက်တူပါဝယ်လာတာမို့ဘာမှအခက်အခဲမရှိပါ....
ယိုင်တိုင်တိုင် တိုင်ကိုတွယ်ဖက်တက်ကာ တာလပတ်စကိုသူသံရိုက်တော့ ရှောင်းကျန့်အောက်ကနေ စိုးရိမ်စွာဖြင့်သတိပေးမိသည်...
"ဝမ်...သတိထားဦးနော်ပြုတ်ကျဦးမယ်..."
ခက်ခက်ခဲခဲနှင့်ပင်အဆင်ပြေအောင်ကာရံပြီးစီးသွားတော့သူ(ရိပေါ်)
လည်းချွေးတွေတဒီးဒီးကျနေပြီ....ရေချိုးပြီးစရှောင်းကျန့်သည်လည်းချွေးစို့နေပြီ....
"မင်းရေချိုးဦးမှာလား..."
"ဟို...အခုဘဲချိုးပြီးပြီ...မချိုးတော့ပါဘူး..."
"ဒါဆိုကိုယ်ရေချိုးလိုက်ဦးမယ်ခဏစောင့်...ပြီးရင်အပြင်ထွက်ပြီးမနက်စာစားကြတာပေါ့...."
"ဟုတ်..ဟိုလေရေကဝယ်ရတာတဲ့...တစ်စည်ကို ယွမ်၆၀တဲ့...စည်အဟောင်းရှိလို့ကိုယ်ထည့်ခိုင်းထားတာညနေကျပေးရမှာအဲ့ဒါ..."
ရိပေါ်မျက်ခုံးပင့်သွားရ၏...ရေကဝယ်သုံးရတယ်ဆိုပါလား...သူ့အတွက်အထူးအဆန်းချည်းဖြစ်နေသည်....
"လာတောင်းရင်ပေးလိုက်ပေါ့...ကိုယ့်အိတ်ထဲမှာရှိတယ်..."
"ဟုတ်...."
ရေချိုးဖို့ထွက်လာပြီးမှဆပ်ပြာမရှိတာသတိရသည်..မတတ်နိုင်...ဒီမနက်တော့အဆင်ပြေသလိုဘဲပေါ့...
ရေစည်ထဲမှာတွေ့ရသောအနားပဲ့ ကွဲထွက်နေသည့်ကော်ခွက်ကလည်းမသတီစရာကောင်းနေသည်...
မျက်စိမှိတ်ကာရေကိုခပ်ချိုးလိုက်ရသည်....
ရှောင်းကျန့်က သူ့အတွက်ရေလဲဖို့ ပုဆိုးတစ်ထည်နှင့်တဘက်ကြီးကိုကိုင်လျက်စောင့်နေသည်.....
ဘာဘဲဖြစ်ဖြစ် သူ့(ရှောင်းကျန့်)အတွက်လိုအပ်သမျှလေးတော့ဝယ်ပေးရမည်....
သူ့ဘက်ကအလိုက်တသိတာဝန်ကျေပေးသလိုကိုယ့်ဘက်ကလည်းသိတတ်မှုလေးတော့ရှိမှဖြစ်မည်....
ပတ်ဝန်းကျင်မှာသူနဲ့ကိုယ်နဲ့ကို လက်ထပ်ထားသည်ဟုသိထားကြသည့်အတွက်ထိုအတိုင်းသာဆက်သိထားမှဖြစ်မည်...မဟုတ်ရင်ရှည်လာမည့်ပြဿနာတွေကအများကြီး....
>>>>>>>
>>>>>>>
နှစ်ဦးသုံးဖို့ ဆပ်ပြာ၊သွားတိုက်ဆေးကအစ လိုအပ်သမျှ ဗာဟီရ အသုံးအဆောင်လေးတွေဝယ်ရတာလည်းမနည်း...
ရှောင်းကျန့်အတွက် အဝတ်အစားသုံးစုံဝယ်ပေးဖြစ်သည်..... မနက်စာအတွက်ထမင်းဆိုင်ကြီးမှာဝယ်စားဖြစ်သည်.....
ထမင်းတစ်နပ်အတွက် ဒီမနက်ရှင်းလိုက်ရတာနှစ်ထောင်ကျော်ကုန်သည်...
ရွှေထည်ရောင်းရသောငွေကလည်းလက်ထဲမှာပါးပါးဘဲကျန်တော့သည်...နောက်ရက်နောက်ရက်တွေအတွက် တွေးရင်းဝမ်ရိပေါ် ရင်ထဲမှာနည်းနည်းတော့လေးပင်သွားရသည်.....
နောက်ထပ်ရင်ဆိုင်ရမယ့်အ​ခြေအနေတွေ
နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ...လက်ထဲမှာကျန်သောငွေလေးနဲ့တော့လုံးဝမဖြစ်နိုင်တာ သိပ်ကိုသေချာနေသည်.....
စိတ်ဒုက္ခရောက်အောင်လုပ်တာကရှောင်းကျန့်ကို...တကယ်တမ်းစိတ်ဒုက္ခရောက်နေရတာက သူကိုယ်တိုင်ဖြစ်ပါလားဟုတွေးမိရင်း ခြေလှမ်းတို့ကိုခပ်သွက်သွက်လှမ်းလိုက်တော့......
ဟာ!!!
ရှူးဖိနပ်ကငှက်ပျောခွံတစ်ခုကိုနင်းမိပြီးခြေချော်ကာ သူဗိုင်းခနဲ ဟန်ချက်ပျက် ဖင်ထိုင်လဲကျတော့သည်....
"ဝမ်...ဝမ်..."
စိုးရိမ်တကြီးခေါ်သံနှင့်အတူရှောင်းကျန့်ကသူ့အနားချက်ချင်းရောက်လာသည်.....
ဝမ်ရိပေါ် မျက်နှာကြီးနီမြန်းလျက် ချက်ချင်းပြန်ထသည်.....ဘယ်လိုတွေတောင်အရှက်ကွဲရတာလဲ.....
"ရတယ်ဘာမှမဖြစ်ဘူး...."
အနားရောက်လာတဲ့ရှောင်းကျန့်ကိုပြန်ဖြေလိုက်ပြီး....ရှက်တာကော စိတ်တိုတာကောရောကာသူပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိသည်....တော်ပါသေးရဲ့...ဘယ်သူမှမမြင်...ထူထူပူပူနှင့်ပင်အိမ်ထဲကို ရှေ့ကလှမ်းဝင်တော့ ရှောင်းကျန့်ကလိုက်လာရှာသည်....
အိမ်ထဲရောက်တော့ဘောင်းဘီနှင့်အကျ်ီကိုချွတ်လဲပစ်လိုက်သည်....
ကွပ်ပျစ်ပေါ်ထိုင်ချလိုက်တော့သိမ့်ခနဲဖြစ်သွားတာမို့....
"ဟာ...ဒီကွပ်ပျစ်ကလည်းစုတ်ပြတ်နေတာဘဲ...."
သူစိတ်တိုနေတာကိုသိသောရှောင်းကျန့်ကဘာမှမပြောဘဲနောက်ဘက်အခန်းထဲဝင်သွားကာပါလာသောအထုပ်တွေကိုသိမ်းဆည်းနေလိုက်သည်...
မခိုင်မခန့်ကွပ်ပျစ်လေးကိုနည်းနည်းပြုပြင်ပြီးထပ်ချဲ့လိုက်ရင်တော့အိပ်ဖို့အတွက်အဆင်ပြေသွားမည်ဟုရိပေါ်တွေးမိသည်....
သို့နှင့်...သူ့ကိုအိမ်ရှာပေးသော ဦးချမ်းဆိုသူအားခေါ်ကာ သစ်ဆိုင်ရှိရာသို့လိုက်ပို့ခိုင်းရသည်....
သစ်ချောင်းနှင့်ပျဥ်တစ်ချပ်ဝယ်ပြီးပြန်လာကာအိမ်ရောက်တော့ကွပ်ပျစ်ကိုကျယ်ဝန်းအောင်ပြုပြင်ရသည်....
သူ့ဘာသူပစ္စည်းတွေဝယ်ကာပြုပြင်နေတဲ့သူကြောင့်ရှောင်းကျန့်အံ့သြစွာမေးမိသည်....
"ဝမ်ကဒါတွေကိုလုပ်တတ်တယ်...."
"မလုပ်တတ်လို့မဖြစ်ဘူး...ညတိုင်းငုတ်တုပ်မအိပ်နိုင်ဘူး...ဟော့ဒီ့ကွပ်ပျစ်မှာမင်းတစ်ခြမ်းကိုယ်တစ်ခြမ်းအိပ်မယ်....မနက်ကဝယ်လာတဲ့တစ်ယောက်အိပ်ခြင်ထောင်နှစ်လုံးရှိတယ် တစ်ယောက်တစ်လုံးပေါ့...."
ပြောပြီးရေချိုးဖို့ထွက်လာခဲ့သည်....ရွှံ့ဗွက်တွေနှင့်ပေကျံသွားသောအကျ်ီနှင့်ဘောင်းဘီကိုရှောင်းကျန့်ကလျှော်ပြီးလှန်းထားသည်ကိုတွေ့ရသည်....
ရေမိုးချိုးပြီးသည်နှင့်အိမ်မှာလည်းမနေချင်တာကြောင့်ဦးချမ်း ရှိရာလန်ချားဂိတ်သို့ပြန်ထွက်လာခဲ့မိသည်.....
လမ်းထိပ်လက်ဖက်ရည်ဆိုင်လေးမှာထိုင်စကားပြောဖြစ်သည်....
"နေပါဦး...ညီလေးရမင်းကယောက်ျားခိုးလာတာလား..."
"ဟုတ်ကဲ့..."
"ကြည့်ရတာမင်းတို့နှစ်ယောက်လုံးပငယ်ငယ်နုနုချောချောလေးတွေပါ...ဘာလဲနှစ်ဖက်မိဘတွေကသဘောမတူလို့ဒီရပ်ကွက်မှာလာရှောင်နေတာလား..."
"ဆိုပါတော့ဗျာ မိဘတွေမသိအောင်လာနေတာပါ..."
"အင်း...မင်းတို့လူငယ်တွေခံစားချက်ကိုတော့မပြောတတ်ဘူး...ဘယ်လောက်ဘဲတရားဝင်တယ်ဆိုဆို...တစ်ချို့မိဘတွေ
​ကတော့ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းကိုအလွယ်တကူတော့နားမလည်ပေးနိုင်ကြဘူးကွ...ဒါပေမယ့်ကွာ...မိဘဆိုတာသားသမီးကိုမစွန့်နိုင်ပါဘူး...တောင်းစုတိပလုံးစုတ်ကိုဘဲစွန့်နိုင်တယ်တဲ့...စိတ်ပြေတော့လည်းပြန်ခေါ်မှာပါ...မင်းကိုကောမင်းကောင်လေးကိုပါငါကသနားနေတာကွ..မင်းတို့အဆင့်အတန်းတွေနဲ့ဒီရပ်ကွက်ပုံစံနဲ့ကလုံးဝမအပ်စပ်ဘူး...."
"ကျွန်​တော်တို့ပုံစံတွေကသိသာနေလို့လား..."
"သိပ်သိသာတာပေါ့ကွ...မင်းကောမင်းကောင်လေးပါ နုနုဖတ်ဖတ်လေးတွေ ဒီရပ်ကွက်ထဲမှာမနေစေချင်ဘူး.."
"ဘာဖြစ်လို့လဲဗျ..."
"မထိုက်တန်လို့ပေါ့ကွာ..ပြီးတော့မင်းတို့အခုနေနေတဲ့ဘေးအခန်းက ချင်ရုံဆိုတဲ့ကောင်ကြောင့်လည်းပါတယ်..."
"ဗျာ..အဲ့ဒိ့လူကဘာဖြစ်လို့လဲဗျ..."
"ဒီကောင်ကအကျင့်မကောင်းဘူးကွ...မိဘအပေါ်လည်းကောင်းတဲ့ကောင်မဟုတ်ဘူး မိသားစုမောင်နှမတွေထဲ အကြီးဆုံး ဒုက္ခအပေးဆုံးမို့မိဘတွေကဒီကောင်အိမ်ထောင်ကျတော့အိမ်အောက်ခန်းမှာဘဲနေခိုင်းတာ....မိန်းမခမျာလည်းဒီကောင့်ဒဏ်ခံရတာပါဘဲ..သူ့မိန်းမဘက်ကအသိုင်းအဝိုင်းက အဆင်ပြေပြေပါဘဲ...ဒီလိုကောင်မျိုးနဲ့ဘယ်သဘောတူမလဲ...ကောင်မလေးပါလာသမျှထိုင်စားတယ် နှိပ်စက်ဒုက္ခပေးတယ်
စားစရာမရှိတော့မိန်းကလေးခမျာ ရပ်ကွက်ထဲလှည့်အဝတ်လျှော်ရတယ်...ဒီကောင်ကကျော့ကျော့လေးနေပြီးဘာအလုပ်မှမလုပ်ဘူး...ကောင်မလေးအိပ်ရာထဲလဲပြီးဆေးရုံရောက်တဲ့အထိပစ်ထားတာလေ...မိဘတွေသိတော့ကောင်မလေးကိုအိမ်ပြန်ခေါ်တယ်...နောက်ဆုံးတော့လည်းသူ့ဒဏ်ကိုမခံနိုင်တော့ပုံပါဘဲ ကောင်မလေးကအပြီးကွာရှင်းဖို့လုပ်တယ်....ဒါပေမယ့်အဲ့ဒီ့ ချင်ရုံဆိုတဲ့ကောင်ကဘယ်လောက်ဆိုးလဲဆိုရင်လျော်ကြေးရမှကွာရှင်းပေးမယ်တဲ့လေ...မိန်းကလေးမိဘတွေဘက်ကလည်း ယတိပြတ်ချင်တော့ နှစ်ဖက်ညှိနှိုင်းပေးလိုက်ရတယ်ကွ...."
ထိုချင်ရုံဆိုသောလူအကြောင်းကိုကြားရတာတစ်ခုမှကောင်းကွက်မရှိ....
"ပြီးတော့လည်းဒီကောင်ကမိန်းမယောက်ျားမခွဲနှာဘူးက ကျသေးတယ်ကွ..မင်းကောင်လေးကနုနုဖတ်ဖတ်လေးမို့ငါကသတိပေးတာ...ဒီကောင့်ကိုသတိထားအရောမဝင်လေနဲ့...."
စတွေ့ကတည်းက ချင်ရုံဆိုသောလူကို သူ့စိတ်ကကြည့်မရတာမို့ သိပ်ရင်းရင်းနှီးနှီးမနေခဲ့ပါ....
ဦးချမ်း၏စကားကြောင့်တစ်ယောက်ထဲကျန်ခဲ့သည့်ရှောင်းကျန့်ကိုသတိရမိသည်...ယောက်ျားလေးသာဆိုတယ် သူ့လိုယောက်ျားတစ်ယောက်မှာရှိသင့်တဲ့ကြွက်သားတွေဘာတွေလည်းမတွေ့ရ...နုဖတ်နေပြီးရုပ်ရည်ကလည်းမိန်းကလေးအရှုံးပေးရလောက်တယ်....
နုံနုံအအနဲ့ဒုက္ခရောက်နေရင်အခက်...ဒါကြောင့်သူပြန်ဖို့ပြင်ဆင်ရတော့သည်....
"ပြန်တော့မလို့လား...အေးငါလည်းခရီးသည်လာတုန်းလန်ချားလေးဘာလေးထွက်ရဦးမယ်...နောက်မှတွေ့သေးတာပေါ့ကွာ...."
ဦးချမ်းကိုနှုတ်ဆက်ကာပြန်ခဲ့တော့သည်....
▶▶▶▶▶▶▶▶▶▶▶▶▶▶▶
May
6.7.2022
Thanks For votes,rl,following, comments
အခုခေတ်တော့မဟုတ်ပေမယ့်တစ်ချို့ရှေးခေတ်တရုတ်ကားတွေမှာပါတာလေဆိုက်ကားလိုပုံစံမျိုးဒါပေမယ့်သူတို့ကြထိုင်တဲ့နေရာမှာအမိုးလေးတွေတပ်ထားတာလေ
အဲ့တာကိုဘယ်လိုခေါ်ကြလဲဆိုတာတကယ်မသိလို့ကြားဖူးနားဝရှိတဲ့ လန်ချားဆိုတဲ့စကားလုံးကိုထည့်ရေးမိတာပါ တကယ်လို့မှားနေတယ်ဆိုရင်ပြောပေးပါဦးနော်😅
A Flower That Sleeps Like The World
Part 6
Yizhan Fanfic
ရိပေါ်အသေအချာပြန်တွေးကြည့်တော့ တစ်ညလုံးကိုယ်ခံရသည့်ဒုက္ခကမသေး....ခြင်ကိုက်ဒဏ်ရာကော...အအေးမိသည့်ဒဏ်ကောပေါင်းကာလူတောင်ဖျားချင်ချင်ဖြစ်ရသည်....
အားလုံးကိုတွက်ဆချင့်ချိန်ကာသူ့မှာပါလာသောဆွဲကြိုးနှင့်ဟန်းချိန်းကိုရောင်းပစ်လိုက်သည်......
တစ်ယောက်အိပ်ခြင်ထောင်နှစ်လုံး စောင်နှစ်ထည်နှင့်ဖျာနှစ်ချပ်ကိုသူဝယ်သည်...အိမ်နံဘေးသံဇကာမှလေဒဏ်မိုးဒဏ်ကာကွယ်ဖို့အတွက်တော့တာလပတ်အကာတစ်ချပ်ဝယ်သည်....
အထုတ်အပိုးပလတ်စတစ်အိတ်တွေ တစ်ပွေ့တစ်ပိုက်နှင့်သူအိမ်ပြန်ခဲ့တော့အိမ်ထဲမှထွက်ကြိုသူကရှောင်းကျန့်....
သူ့ကိုကြည့်ရင်းကအဝတ်နှစ်စုံသုံးစုံလောက်တော့ဝယ်ပေးရဦးမည်ဟုစိတ်ကတွေးမိသည်.....
"ကို...အဲဝမ် ပေးလေ...ကိုယ်ကူသယ်ပေးမယ်...."
မလိုဘူးဟုငြင်းပစ်ဖို့ပြင်ပြီးမှတစ်ဖက်အိမ်ခန်းတံခါးကရပ်ကြည့်နေသော ချုံရင် ဆိုသူကြောင့်သူ့လက်ထဲကအထုတ်တစ်ချို့ကိုပေးလိုက်ရသည်.....
"ဘာတွေဝယ်လာတာလဲညီလေးရ..."
မသိချင်ယောင်ဆောင်နေကာမှစပ်စပ်စုစုလှမ်းမေးနေတာကိုသူမကောင်းတတ်၍...
"အိမ်အတွက်လိုအပ်တာလေးတွေပါ..."
"အင်းးး....မနေ့ညကမိုးတွေရွာတာအိပ်လို့မှရရဲ့လား..."
"အင်း...ဒီလိုဘဲငုတ်တုပ်ပေါ့ဗျာ...."
"အဟဲ...ငါ့ညီတို့ကအခုမှချစ်စ ခင်စထင်တယ်...ကိုယ်တော့မိုးရေထဲမှာမနေနိုင်လို့အပေါ်ကိုလစ်ပြေးရတယ်...ဟား....ဟား..."
ဘယ်လိုလူစားလဲမသိပါ...စကားပြောတာရဲသလို အကြည့်ကလည်းရဲသည်....ရှောင်းကျန့်မျက်နှာလေးရဲသွားသလို...ဝမ်ရိပေါ်လည်းအနေခက်ခက်ဖြစ်သွားရသည်....
"ဒီမှာမိုးတွင်းဆိုငါ့ညီတို့အခန်းကမိုးပက်ခံရမှာ ပလတ်စတစ်ဝယ်ကာမလား...အစ်ကိုဝယ်ပေးမယ်...တစ်ထောင်နှစ်ထောင်လောက်ဘဲကျမှာပါ..."
ဒီလူဘယ်လိုလူလည်းမသိ...အမြဲတမ်းငွေစကားဘဲပြောကာရပေါက်တစ်ခုတည်းကိုဘဲအစဥ်ဖန်တီးနေတတ်သူထင်၏...နားကြားပြင်းကပ်လာတာမို့....
"မလိုတော့ဘူး...ကျွန်တော့်ဘာသာဝယ်လာတယ်အခုဘဲကပ်မလို့..."
"အစ်ကိုလုပ်တတ်တဲ့အလုပ်သမားခေါ်ပေးရမလားငါ့ညီ...."
"ရတယ်...ကျွန်တော်လုပ်တတ်တယ်..ဘာခက်တာမှတ်လို့...."
စကားအမြန်ဖြတ်ပြီးအိမ်ထဲခပ်သုတ်သုတ်ဝင်ခဲ့သည်...ရှောင်းကျန့်လည်းသူ့အနားမှာကပ်ပါလာသည်....
"ကဲ...မင်းလက်ထဲကအထုတ်တွေချပြီးအိမ်ကိုတာလပတ်ကာဖို့ဝိုင်းကူပါဦး..."
"ဟုတ်...ဟုတ်ကဲ့.."
လိုအပ်သည့် သံကောရိုက်တူပါဝယ်လာတာမို့ဘာမှအခက်အခဲမရှိပါ....
ယိုင်တိုင်တိုင် တိုင်ကိုတွယ်ဖက်တက်ကာ တာလပတ်စကိုသူသံရိုက်တော့ ရှောင်းကျန့်အောက်ကနေ စိုးရိမ်စွာဖြင့်သတိပေးမိသည်...
"ဝမ်...သတိထားဦးနော်ပြုတ်ကျဦးမယ်..."
ခက်ခက်ခဲခဲနှင့်ပင်အဆင်ပြေအောင်ကာရံပြီးစီးသွားတော့သူ(ရိပေါ်)
လည်းချွေးတွေတဒီးဒီးကျနေပြီ....ရေချိုးပြီးစရှောင်းကျန့်သည်လည်းချွေးစို့နေပြီ....
"မင်းရေချိုးဦးမှာလား..."
"ဟို...အခုဘဲချိုးပြီးပြီ...မချိုးတော့ပါဘူး..."
"ဒါဆိုကိုယ်ရေချိုးလိုက်ဦးမယ်ခဏစောင့်...ပြီးရင်အပြင်ထွက်ပြီးမနက်စာစားကြတာပေါ့...."
"ဟုတ်..ဟိုလေရေကဝယ်ရတာတဲ့...တစ်စည်ကို ယွမ်၆၀တဲ့...စည်အဟောင်းရှိလို့ကိုယ်ထည့်ခိုင်းထားတာညနေကျပေးရမှာအဲ့ဒါ..."
ရိပေါ်မျက်ခုံးပင့်သွားရ၏...ရေကဝယ်သုံးရတယ်ဆိုပါလား...သူ့အတွက်အထူးအဆန်းချည်းဖြစ်နေသည်....
"လာတောင်းရင်ပေးလိုက်ပေါ့...ကိုယ့်အိတ်ထဲမှာရှိတယ်..."
"ဟုတ်...."
ရေချိုးဖို့ထွက်လာပြီးမှဆပ်ပြာမရှိတာသတိရသည်..မတတ်နိုင်...ဒီမနက်တော့အဆင်ပြေသလိုဘဲပေါ့...
ရေစည်ထဲမှာတွေ့ရသောအနားပဲ့ ကွဲထွက်နေသည့်ကော်ခွက်ကလည်းမသတီစရာကောင်းနေသည်...
မျက်စိမှိတ်ကာရေကိုခပ်ချိုးလိုက်ရသည်....
ရှောင်းကျန့်က သူ့အတွက်ရေလဲဖို့ ပုဆိုးတစ်ထည်နှင့်တဘက်ကြီးကိုကိုင်လျက်စောင့်နေသည်.....
ဘာဘဲဖြစ်ဖြစ် သူ့(ရှောင်းကျန့်)အတွက်လိုအပ်သမျှလေးတော့ဝယ်ပေးရမည်....
သူ့ဘက်ကအလိုက်တသိတာဝန်ကျေပေးသလိုကိုယ့်ဘက်ကလည်းသိတတ်မှုလေးတော့ရှိမှဖြစ်မည်....
ပတ်ဝန်းကျင်မှာသူနဲ့ကိုယ်နဲ့ကို လက်ထပ်ထားသည်ဟုသိထားကြသည့်အတွက်ထိုအတိုင်းသာဆက်သိထားမှဖြစ်မည်...မဟုတ်ရင်ရှည်လာမည့်ပြဿနာတွေကအများကြီး....
>>>>>>>
>>>>>>>
နှစ်ဦးသုံးဖို့ ဆပ်ပြာ၊သွားတိုက်ဆေးကအစ လိုအပ်သမျှ ဗာဟီရ အသုံးအဆောင်လေးတွေဝယ်ရတာလည်းမနည်း...
ရှောင်းကျန့်အတွက် အဝတ်အစားသုံးစုံဝယ်ပေးဖြစ်သည်..... မနက်စာအတွက်ထမင်းဆိုင်ကြီးမှာဝယ်စားဖြစ်သည်.....
ထမင်းတစ်နပ်အတွက် ဒီမနက်ရှင်းလိုက်ရတာနှစ်ထောင်ကျော်ကုန်သည်...
ရွှေထည်ရောင်းရသောငွေကလည်းလက်ထဲမှာပါးပါးဘဲကျန်တော့သည်...နောက်ရက်နောက်ရက်တွေအတွက် တွေးရင်းဝမ်ရိပေါ် ရင်ထဲမှာနည်းနည်းတော့လေးပင်သွားရသည်.....
နောက်ထပ်ရင်ဆိုင်ရမယ့်အ​ခြေအနေတွေ
နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ...လက်ထဲမှာကျန်သောငွေလေးနဲ့တော့လုံးဝမဖြစ်နိုင်တာ သိပ်ကိုသေချာနေသည်.....
စိတ်ဒုက္ခရောက်အောင်လုပ်တာကရှောင်းကျန့်ကို...တကယ်တမ်းစိတ်ဒုက္ခရောက်နေရတာက သူကိုယ်တိုင်ဖြစ်ပါလားဟုတွေးမိရင်း ခြေလှမ်းတို့ကိုခပ်သွက်သွက်လှမ်းလိုက်တော့......
ဟာ!!!
ရှူးဖိနပ်ကငှက်ပျောခွံတစ်ခုကိုနင်းမိပြီးခြေချော်ကာ သူဗိုင်းခနဲ ဟန်ချက်ပျက် ဖင်ထိုင်လဲကျတော့သည်....
"ဝမ်...ဝမ်..."
စိုးရိမ်တကြီးခေါ်သံနှင့်အတူရှောင်းကျန့်ကသူ့အနားချက်ချင်းရောက်လာသည်.....
ဝမ်ရိပေါ် မျက်နှာကြီးနီမြန်းလျက် ချက်ချင်းပြန်ထသည်.....ဘယ်လိုတွေတောင်အရှက်ကွဲရတာလဲ.....
"ရတယ်ဘာမှမဖြစ်ဘူး...."
အနားရောက်လာတဲ့ရှောင်းကျန့်ကိုပြန်ဖြေလိုက်ပြီး....ရှက်တာကော စိတ်တိုတာကောရောကာသူပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်မိသည်....တော်ပါသေးရဲ့...ဘယ်သူမှမမြင်...ထူထူပူပူနှင့်ပင်အိမ်ထဲကို ရှေ့ကလှမ်းဝင်တော့ ရှောင်းကျန့်ကလိုက်လာရှာသည်....
အိမ်ထဲရောက်တော့ဘောင်းဘီနှင့်အကျ်ီကိုချွတ်လဲပစ်လိုက်သည်....
ကွပ်ပျစ်ပေါ်ထိုင်ချလိုက်တော့သိမ့်ခနဲဖြစ်သွားတာမို့....
"ဟာ...ဒီကွပ်ပျစ်ကလည်းစုတ်ပြတ်နေတာဘဲ...."
သူစိတ်တိုနေတာကိုသိသောရှောင်းကျန့်ကဘာမှမပြောဘဲနောက်ဘက်အခန်းထဲဝင်သွားကာပါလာသောအထုပ်တွေကိုသိမ်းဆည်းနေလိုက်သည်...
မခိုင်မခန့်ကွပ်ပျစ်လေးကိုနည်းနည်းပြုပြင်ပြီးထပ်ချဲ့လိုက်ရင်တော့အိပ်ဖို့အတွက်အဆင်ပြေသွားမည်ဟုရိပေါ်တွေးမိသည်....
သို့နှင့်...သူ့ကိုအိမ်ရှာပေးသော ဦးချမ်းဆိုသူအားခေါ်ကာ သစ်ဆိုင်ရှိရာသို့လိုက်ပို့ခိုင်းရသည်....
သစ်ချောင်းနှင့်ပျဥ်တစ်ချပ်ဝယ်ပြီးပြန်လာကာအိမ်ရောက်တော့ကွပ်ပျစ်ကိုကျယ်ဝန်းအောင်ပြုပြင်ရသည်....
သူ့ဘာသူပစ္စည်းတွေဝယ်ကာပြုပြင်နေတဲ့သူကြောင့်ရှောင်းကျန့်အံ့သြစွာမေးမိသည်....
"ဝမ်ကဒါတွေကိုလုပ်တတ်တယ်...."
"မလုပ်တတ်လို့မဖြစ်ဘူး...ညတိုင်းငုတ်တုပ်မအိပ်နိုင်ဘူး...ဟော့ဒီ့ကွပ်ပျစ်မှာမင်းတစ်ခြမ်းကိုယ်တစ်ခြမ်းအိပ်မယ်....မနက်ကဝယ်လာတဲ့တစ်ယောက်အိပ်ခြင်ထောင်နှစ်လုံးရှိတယ် တစ်ယောက်တစ်လုံးပေါ့...."
ပြောပြီးရေချိုးဖို့ထွက်လာခဲ့သည်....ရွှံ့ဗွက်တွေနှင့်ပေကျံသွားသောအကျ်ီနှင့်ဘောင်းဘီကိုရှောင်းကျန့်ကလျှော်ပြီးလှန်းထားသည်ကိုတွေ့ရသည်....
ရေမိုးချိုးပြီးသည်နှင့်အိမ်မှာလည်းမနေချင်တာကြောင့်ဦးချမ်း ရှိရာလန်ချားဂိတ်သို့ပြန်ထွက်လာခဲ့မိသည်.....
လမ်းထိပ်လက်ဖက်ရည်ဆိုင်လေးမှာထိုင်စကားပြောဖြစ်သည်....
"နေပါဦး...ညီလေးရမင်းကယောက်ျားခိုးလာတာလား..."
"ဟုတ်ကဲ့..."
"ကြည့်ရတာမင်းတို့နှစ်ယောက်လုံးပငယ်ငယ်နုနုချောချောလေးတွေပါ...ဘာလဲနှစ်ဖက်မိဘတွေကသဘောမတူလို့ဒီရပ်ကွက်မှာလာရှောင်နေတာလား..."
"ဆိုပါတော့ဗျာ မိဘတွေမသိအောင်လာနေတာပါ..."
"အင်း...မင်းတို့လူငယ်တွေခံစားချက်ကိုတော့မပြောတတ်ဘူး...ဘယ်လောက်ဘဲတရားဝင်တယ်ဆိုဆို...တစ်ချို့မိဘတွေ
​ကတော့ယောက်ျားလေးနှစ်ယောက်ရဲ့ချစ်ခြင်းကိုအလွယ်တကူတော့နားမလည်ပေးနိုင်ကြဘူးကွ...ဒါပေမယ့်ကွာ...မိဘဆိုတာသားသမီးကိုမစွန့်နိုင်ပါဘူး...တောင်းစုတိပလုံးစုတ်ကိုဘဲစွန့်နိုင်တယ်တဲ့...စိတ်ပြေတော့လည်းပြန်ခေါ်မှာပါ...မင်းကိုကောမင်းကောင်လေးကိုပါငါကသနားနေတာကွ..မင်းတို့အဆင့်အတန်းတွေနဲ့ဒီရပ်ကွက်ပုံစံနဲ့ကလုံးဝမအပ်စပ်ဘူး...."
"ကျွန်​တော်တို့ပုံစံတွေကသိသာနေလို့လား..."
"သိပ်သိသာတာပေါ့ကွ...မင်းကောမင်းကောင်လေးပါ နုနုဖတ်ဖတ်လေးတွေ ဒီရပ်ကွက်ထဲမှာမနေစေချင်ဘူး.."
"ဘာဖြစ်လို့လဲဗျ..."
"မထိုက်တန်လို့ပေါ့ကွာ..ပြီးတော့မင်းတို့အခုနေနေတဲ့ဘေးအခန်းက ချင်ရုံဆိုတဲ့ကောင်ကြောင့်လည်းပါတယ်..."
"ဗျာ..အဲ့ဒိ့လူကဘာဖြစ်လို့လဲဗျ..."
"ဒီကောင်ကအကျင့်မကောင်းဘူးကွ...မိဘအပေါ်လည်းကောင်းတဲ့ကောင်မဟုတ်ဘူး မိသားစုမောင်နှမတွေထဲ အကြီးဆုံး ဒုက္ခအပေးဆုံးမို့မိဘတွေကဒီကောင်အိမ်ထောင်ကျတော့အိမ်အောက်ခန်းမှာဘဲနေခိုင်းတာ....မိန်းမခမျာလည်းဒီကောင့်ဒဏ်ခံရတာပါဘဲ..သူ့မိန်းမဘက်ကအသိုင်းအဝိုင်းက အဆင်ပြေပြေပါဘဲ...ဒီလိုကောင်မျိုးနဲ့ဘယ်သဘောတူမလဲ...ကောင်မလေးပါလာသမျှထိုင်စားတယ် နှိပ်စက်ဒုက္ခပေးတယ်
စားစရာမရှိတော့မိန်းကလေးခမျာ ရပ်ကွက်ထဲလှည့်အဝတ်လျှော်ရတယ်...ဒီကောင်ကကျော့ကျော့လေးနေပြီးဘာအလုပ်မှမလုပ်ဘူး...ကောင်မလေးအိပ်ရာထဲလဲပြီးဆေးရုံရောက်တဲ့အထိပစ်ထားတာလေ...မိဘတွေသိတော့ကောင်မလေးကိုအိမ်ပြန်ခေါ်တယ်...နောက်ဆုံးတော့လည်းသူ့ဒဏ်ကိုမခံနိုင်တော့ပုံပါဘဲ ကောင်မလေးကအပြီးကွာရှင်းဖို့လုပ်တယ်....ဒါပေမယ့်အဲ့ဒီ့ ချင်ရုံဆိုတဲ့ကောင်ကဘယ်လောက်ဆိုးလဲဆိုရင်လျော်ကြေးရမှကွာရှင်းပေးမယ်တဲ့လေ...မိန်းကလေးမိဘတွေဘက်ကလည်း ယတိပြတ်ချင်တော့ နှစ်ဖက်ညှိနှိုင်းပေးလိုက်ရတယ်ကွ...."
ထိုချုံနင်ဆိုသောလူအကြောင်းကိုကြားရတာတစ်ခုမှကောင်းကွက်မရှိ....
"ပြီးတော့လည်းဒီကောင်ကမိန်းမယောက်ျားမခွဲနှာဘူးက ကျသေးတယ်ကွ..မင်းကောင်လေးကနုနုဖတ်ဖတ်လေးမို့ငါကသတိပေးတာ...ဒီကောင့်ကိုသတိထားအရောမဝင်လေနဲ့...."
စတွေ့ကတည်းက ချင်ရုံဆိုသောလူကို သူ့စိတ်ကကြည့်မရတာမို့ သိပ်ရင်းရင်းနှီးနှီးမနေခဲ့ပါ....
ဦးချမ်း၏စကားကြောင့်တစ်ယောက်ထဲကျန်ခဲ့သည့်ရှောင်းကျန့်ကိုသတိရမိသည်...ယောက်ျားလေးသာဆိုတယ် သူ့လိုယောက်ျားတစ်ယောက်မှာရှိသင့်တဲ့ကြွက်သားတွေဘာတွေလည်းမတွေ့ရ...နုဖတ်နေပြီးရုပ်ရည်ကလည်းမိန်းကလေးအရှုံးပေးရလောက်တယ်....
နုံနုံအအနဲ့ဒုက္ခရောက်နေရင်အခက်...ဒါကြောင့်သူပြန်ဖို့ပြင်ဆင်ရတော့သည်....
"ပြန်တော့မလို့လား...အေးငါလည်းခရီးသည်လာတုန်းလန်ချားလေးဘာလေးထွက်ရဦးမယ်...နောက်မှတွေ့သေးတာပေါ့ကွာ...."
ဦးချမ်းကိုနှုတ်ဆက်ကာပြန်ခဲ့တော့သည်....
▶▶▶▶▶▶▶▶▶▶▶▶▶▶▶
May
6.7.2022
Thanks For votes,rl,following, comments
အခုခေတ်တော့မဟုတ်ပေမယ့်တစ်ချို့ရှေးခေတ်တရုတ်ကားတွေမှာပါတာလေဆိုက်ကားလိုပုံစံမျိုးဒါပေမယ့်သူတို့ကြထိုင်တဲ့နေရာမှာအမိုးလေးတွေတပ်ထားတာလေ
အဲ့တာကိုဘယ်လိုခေါ်ကြလဲဆိုတာတကယ်မသိလို့ကြားဖူးနားဝရှိတဲ့ လန်ချားဆိုတဲ့စကားလုံးကိုထည့်ရေးမိတာပါ တကယ်လို့မှားနေတယ်ဆိုရင်ပြောပေးပါဦးနော်😅
Zawgyi
A Flower That Sleeps Like The World
Part 6
Yizhan Fanfic
ဟုတ်...ဟုတ်ကဲ့..
မင်းရေချိုးဦးမှာလား...
ဟုတ်....
>>>>>>>
>>>>>>>
ဟာ!!!
ဝမ်...ဝမ်...
ရတယ်ဘာမှမဖြစ်ဘူး....
အိမ်ထဲရောက်တော့ဘောင်းဘီနှင့်အကျ်ီကိုချွတ်လဲပစ်လိုက်သည်....
ဟုတ်ကဲ့...
ဘာဖြစ်လို့လဲဗျ...
▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶▶
May
6.7.2022
Pokračovat ve čtení
Mohlo by se ti líbit
284K 9.6K 52
There's no way you're hitting on me right now. ━ Lando Norris x Fem!OC © KissLeclerc , April 2024 Started: April 8, 2024 Completed: May 10, 2...
420K 14.8K 91
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
197K 8K 58
𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire is the first female f1 driver in 𝗗𝗘𝗖𝗔𝗗𝗘𝗦 OR 𝗜𝗡 𝗪𝗛𝗜𝗖𝗛 noura denoire and charle...
894K 41.3K 175
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one