Unforgivable [completed]

By xiaopaing105

119K 8.9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 End

Part 11

3.5K 297 7
By xiaopaing105

"ဟဲ့နောက်ကို မသိမသာလေး လှည့်ကြည့် "

"ဘာလဲ အဆင်လေးလား "

"ဟုတ်တယ်ဟေ့ အဆင်တော့အဆင်ပဲ ပိုင်ရှင်ရှိအဆင်ဟ "

မိန်းမငယ်လေး တစ်ယောက်က
သူ့သူငယ်ချင်းမပြောတာကြောင့်
နောက်လှည့်ကြည့်လိုက်တော့
တစ်ဖက်ဝိုင်းမှ menuမှတ်နေတဲ့ waiter အချောလေးအားတွေ့လိုက်ရသည်
သူမရင်းရင်းနှီးနှီးမြင်ဖူးနေတဲ့မျက်နှာမျိုးလေ
သေချာစဥ်းစားကာမှ အဖြေပေါ်လာသည်

"Wang CEOရဲ့ ခင်ပွန်းမလား
ဟိုတလောလေးကမှ လက်ထက်ထားကြတာလေ "

"ဟုတ်တယ်ဟေ့
ဒါဆို မနက်ကသတင်းက တကယ်ကြီးပေါ့ "

"ဘာသတင်းလဲ "

တစ်ဖက်ကသူငယ်ချင်းက မသိသေးတာမို့ ဖုန်းထဲက trending ဖြစ်နေသော သတင်းအား ထုတ်ပြလိုက်တော့မှ သဘောပေါက်သွားဟန်

"ဟယ်တကယ်ကြီးလား
လက်ထပ်ထားကြတာ တစ်လတောင်မကြာသေးဘူးလေ
ဖောက်ပြန်ဖို့က ဖြစ်နိုင်ပါ့မလား "

အသံနည်းနည်းကျယ်နေသော သူငယ်ချင်းမကြောင့်
အတင်းပြောချင်သူဟာ ရှေ့နည်းနည်း တိုးကာ
တိုးတိုးတိုးပြောတော့သည်

"ဖြစ်နိုင်တာပေါ့ မဟုတ်ရင်
သူဌေးကတော်က waiter လာလုပ်နေမလား
သူတို့ချင်းအဆင်မပြေလို့ပေါ့ဟဲ့ "

"အဲ့လိုဆို  ဒီတစ်ယောက်သနားပါတယ် "

"အေးလေ အစောထဲက ကိုယ့်ရုပ်ကိုယ့်ရည်နဲ့ မိန်းမချောချောပဲယူခဲ့ရင် အဖောက်ပြန်ခံရမှာမဟုတ်ဘူးနော့ "

မိန်းမသဘာဝအရ ကော်ဖီသောက်ရင်း
အတင်းတုပ်နေကြပြီး
တစ်ချက်တစ်ချက် သူတို့စကားဝိုင်းထဲက ဇာတ်ကောင်ကိုလည်း လှမ်းလှမ်းကြည့်နေသေးတာမို့

ရှောင်းကျန့်မှာ စိတ်ထဲ မခံချိမခံသာ ဖြစ်နေရတယ်
သူ့အတင်းကို သူ့ဘေးမှာတင် ပြောနေမှတော့ သူကမသိဘဲနေမလား
ဒါပေမဲ့ သူ့သည်းခံလိုက်တယ်
customerနဲ့စကားများပြီး အလုပ်ထွက်ရတာမျိုးမဖြစ်ချင်လို့
စိတ်ထဲမှာတော့ မကျေနပ်
ဝမ်ရိပေါ်ရဲ့ မဆင်မခြင်လုပ်ရပ်တွေဟာ သူ့ကိုပဲ အမြဲ လာငြိတတ်သည်
အရင်ဘဝမှာတုန်းက ဒီလိုအခြေအနေမျိုးတွေ ခနခနကြုံရတတ်ပြီး
အဲ့တုန်းကတော့ ခုလိုသည်းခံမနေပါ
ပြန်တုန့်ပြန်ခဲ့သည်
ခုတော့ အဲ့လိုတုန့်ပြန်ခဲ့တာတွေက အရေးမပါမှန်းသိလာခဲ့ပြီး
လျစ်လျူရှုလိုက်တာဟာ အကောင်းဆုံး ဖြစ်မှန်းသိလာခဲ့သည်

ရှောင်းကျန့် ပုံမှန်အတိုင်းသာ အလုပ်ဆက်လုပ်နေခဲ့ပြီး
အတွေးမများဖို့လည်း သူ့ကိုသူအထပ်ထပ်သတိပေးရသည်
ပြီးဆုံးခဲ့တဲ့ အချိန်တုန်းကလိုမျိုး သူ့စိတ်သူ မနှိပ်စက်မိစေရန်ဖြစ်သည်

......

အားလျန်နဲ့ အားချန်ကလည်း သူတို့သခင်လေးကို ဆက်တိုက်စောင့်ကြည့်နေခဲ့ပြီး မျက်နှာဘယ်နှခါမဲ့တာကအစ
ဘယ်နှခါမျက်မှောင်ကြုတ်ခဲ့တယ်အထိ
သူတို့ရဲ့ Wang CEOကြီးထံ တင်ပြခဲ့ကြသည်

.......

ဒီနေ့ရှောင်းကျန့် အိမ်ပြန်ရောက်ချိန်မှာတော့
ဧည့်ခန်းထဲမှ စားပွဲခုံမှာ သံပုရာရည် တစ်ခွက် တွေ့လိုက်တာမို့
မျက်နှာမဲ့လိုက်ပြီး ဧည့်ခန်းကို ကျော်ကာ အပေါ်ထပ်တက်လာခဲ့တယ်
ဘယ်သူလုပ်ထားမှန်းသိနေခဲ့လို့လေ

သတင်းကြီးကြီးတစ်ခုကို သံပုရာရည် တစ်ခွက်နဲ့ လျှောချလိုက်ချင်တာနေမှာပေါ့

ရှောင်းကျန့် သူ့အခန်းထဲ ရောက်တော့ ကုတင်ဘေးက ခုံပေါ်မှာ သံပုရာရည် နောက်တစ်ခွက် ထပ်တွေ့ပြန်သည်
ဒီဝမ်ရိပေါ် ဘာကြံနေပါလိမ့်
သူ့မယားငယ်မက အဆိပ်ကြွေးဖို့ အကြံပေးလိုက်တာလား မသိ

ရှောင်းကျန့် ရေချိုးပြီးနောက် ဟိုတစ်ယောက်ရှုပ်ထားတဲ့ သံပုရာရည်ခွက်အားသိမ်းကာ
မီးဖိုချောင်ထဲ ဝင်လာခဲ့သည်
သူညစာ စားဖို့ တအားနောက်ကျနေပြီ

ဒီနေ့တော့ ဟင်းတောင်ချက်ချင်စိတ်မရှိတာမို့
ခေါက်ဆွဲပြုတ်ရန်
counter အထက်က cabinetမှာ ရှာနေပေမယ့် မတွေ့
ဟုတ်သားပဲ ဒီအိမ်မှာ သူခေါက်ဆွဲမဝယ်ထားမိဘူး
ဝမ်ရိပေါ်ကလည်း အဲ့လိုတွေမစားတာမို့ မရှိ

"ဘာရှာနေတာလဲ ရှောင်း "

လက်နှစ်ဖက်မှာ အထုပ်အပြည့်နဲ့ မီးဖိုချောင်ထဲ ဝင်လာတဲ့ ဝမ်ရိပေါ်

ရှောင်းကျန့်လည်း မသိချင်ယောင်ဆောင်ကာ လှည့်ထွက်လာဖို့ပြင်ပေမယ့် ဗိုက်ကလက်မခံ
တဂွီဂွီအော်ကာ ဆာလောင်ကြောင်းပြနေသည်

"ခုချိန်ထိ ဘာမှမစားရသေးဘူးလား
ကျန်းမာရေး ထိခိုက်မယ်လေကွာ "

"ကိုယ်ခုချက်လိုက်မယ်နော် ခနလေးပဲစောင့်"

ချက်ချင်း ဟင်းချက်ဖို့ ပြင်နေတာကြောင့်
ရှောင်းကျန့် တိတ်နေလို့မရတော့

"မလိုဘူး ငါ့ဘာသာ ခေါက်ဆွဲပြုတ်စားမို့ "

"ကိုယ်လုပ်ပေးမယ်
ရှောင်းထိုင်နေ "

တအားလုပ်ပေးချင်နေပုံရတဲ့
ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် ဆက်မငြင်းနေ
ဗိုက်တွေကဆာလှပြီ
စကားတွေလည်း မပြောချင်တာကြောင့်
ဖြစ်သည်

မိနစ်အနည်းငယ်ကြာပြီးနောက်
စားဖို့အသင့်လာချပေးတာမို့
ဗိုက်ဆာဆာနဲ့ ခေါင်းမဖော်တမ်း စားလိုက်တော့သည်
ဝမ်ရိပေါ်ကြီး ထိုင်ကြည့်နေတယ်ဆိုတာ သိနေတာတောင်မှပေါ့

.....

ဝမ်ရိပေါ်ကတော့ သူ့အချစ်လေးအားကြည့်ကာ အတွေးများနေရတော့သည်
ဒီလောက်သူ့သတင်းတွေက ပွက်လောရိုက်နေတာတောင်
ရှောင်းက တစ်ခွန်းမဟ
အလုပ်မှာလည်း သူ့သတင်းတွေကြောင့်
ရှောင်းစိတ်ညစ်ခဲ့ရကြောင်း
အားလျန်တို့ သတင်းပို့ထားသေးသည်
သို့သော် ရှောင်းက မေးမြန်းလာခြင်းမရှိ သဝန်တိုဟန်မပြ စိတ်ဆိုးဟန်မပြ
ရှောင်းက တကယ်ပဲ သူ့အပေါ် စိတ်ပြတ်သွားခဲ့တာလား ဆိုတဲ့ အတွေးမျိုး ဝင်လာပြီး
ဝမ်းနည်းလာသည်
ချစ်တဲ့ရှောင်းက ကိုယ့်ကို ဘယ်တော့မှ အမြင်ကြည်မှာလဲ

🐰Xiao Paing 🐰

🐇Zawgyi🐇


"ဘာလဲ အဆင်လေးလား "




"ဟုတ်တယ်ဟေ့

"ဘာသတင်းလဲ "


"ဟယ်တကယ်ကြီးလား





အတင်းတုပ်နေကြပြီး

ပြန်တုန့်ပြန်ခဲ့သည်


......


.......





ခေါက်ဆွဲပြုတ်ရန်

"ဘာရှာနေတာလဲ ရှောင်း "







"ကိုယ်လုပ်ပေးမယ်
ရှောင်းထိုင်နေ "

ဗိုက်တွေကဆာလှပြီ
ဖြစ်သည်


.....

ရှောင်းက တစ်ခွန်းမဟ
ဝမ်းနည်းလာသည်

🐰Xiao Paing 🐰

Continue Reading

You'll Also Like

271K 6.3K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
15.4K 2.6K 20
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
71.5K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
24.3K 2.4K 40
Zhu Zhixin မှာအမှတ်မထင် စာအုပ်ထဲသို့ ကူးပြောင်းသွားပြီး ပိုဆိုးသည်မှာ သူက မွေးရာပါရောဂါရှိသည့်အပြင် ရာသီမရွေးအားနည်းသည့် ခန္ဓာကိုယ်ရှိသည့်အပြင် အဆို...