-ဆု-|Prize|/JAY AND JUNGWON...

By thaw_thaw_bhone

8.5K 819 71

It's like being filled with longing I don't want to destroy it again after longing Sometimes I'm too afraid o... More

-ဆု-|prize|(intro)
-ဆု-|Prize| Part-1
-ဆု-|Prize| Part-2
-ဆု-|Prize| Part-3
-ဆု-|Prize| Part-4
-ဆု-|Prize| Part-5
-ဆု-|Prize| Part-6
For Galaxy
-ဆု-|Prize| Part-7
-ဆု-|Prize| Part-8
-ဆု-|Prize| Part-9
Attention please ❗
-ဆု-|Prize| Part-10
-ဆု-|Prize| Part-11
-ဆု-|Prize| Part-12
-ဆု-|Prize| Part-13
Part-14 [Sunki special]
Final
Hello
နှုတ်ဆက်ခြင်း ႏႈတ္ဆက္ျခင္း
10 October
JAYWON special part-2

Jaywon special (Love & Sweet)

292 36 2
By thaw_thaw_bhone

Unicode

Warning:ဖတ်မိလို့ဆီးချိုတက်သွားရင်ကွယ်တာ၀န်မယူ//
_________________________
♣-ဆု-♣

"တစ်ချို့သောဆုလာဘ်တွေဟာ
အချိန်အခိုက်အတန့်တစ်ခုကြာခဲ့ပေမယ့်
ပြည့်၀ခဲ့ပါတယ်လေ"

•••••••••••••••••••••••••••••••••••••

"ကိုယ်မင်းကိုချစ်တယ်"

"ဗျာ"

စိုးရိမ်ခဲ့ရပါတယ်။ ကိုယ့်ရဲ့ပါးဖောင်းဖောင်းလေးဟာ ကိုယ့်ကိုအထင်သေးသွားမှာ။ ဒါမှမဟုတ် ငြင်းဆိုလိုက်မှာကို။

အများကြီး‌ကြောက်နေ‌ခဲ့မိတယ်။ ဖွင့်ပြောဖို့လဲ တုန်ယင်နေခဲ့တယ်။ ဒါပေမယ့်လည်း အားတင်းပြီးပြောခဲ့ပါရဲ့လေ။

သိတတ်တဲ့အရွယ်ထဲက ဘ၀မှာ အချစ်ရဆုံးဆိုရင် မာမီနဲ့ Oneသာရှိခဲ့တယ်။

သို့ပေမယ့် ကိုယ်တန်ဖိုးထားပြီးချစ်ရတဲ့သူတွေက ကိုယ့်အနားက ထွက်သွားခဲ့တယ်။

ကိုယ့်ရဲ့အသုံးမကျမှုတွေကြောင့် Oneက ပင်လယ်ထဲ‌ မျောသွားခဲ့ရသလို မာမီကတော့..... မာမီကတော့...ယောင်္ကျားပေါင်းစုံနဲ့။

အဟက်...အရမ်းကိုရီစရာကောင်းနေလောက်လား။

အခုချိန်ထိ ရင်ထဲမှာပူလောင်နေရတဲ့ကိုယ့်ကို ပထမဆုံးအနေနဲ့ ပြန်လည်အေးချမ်းစေခဲ့တာက ယန်းဂျောင်၀န်းဆိုတဲ့လူသားလေး။

မလုပ်ဖူးတာတွေကိုလည်း လုပ်မိခဲ့တယ်။
စတွေ့တဲ့နေ့ထဲကပေါ့လေ။

ကြိမ်ဖန်များစွာစဉ်းစားပြီးတဲ့နောက်မှာ သေချာပါတယ် ငါ ယန်းဂျောင်၀န်းကိုချစ်မိနေပါပြီ။

"ကျွန်တော်..."

အတော်ကြာအောင် အတွေးလွန်မိသည်က မြတ်နိုးရသူရဲ့ အသံကိုကြားမှ စိတ်အာရုံကိုစုစည်းလိုက်မိတော့သည်။

"ပြောပါ မင်းရဲ့ဆုံးဖြတ်ချက်ကို ကိုယ်... ... အကုန်...လက်ခံမှာပါ"

"အဲ့ဒါက အစ်ကို့ကို ထိခိုက်နာကျင်စေမယ်ဆိုရင်တောင်မှလား"

"ကိုယ့် ကို ထိခိုက်နာကျင်စေမယ်ဆိုရင်တောင်မှပေါ့"

"ထင်တဲ့အတိုင်း ပတ်ခ်ဂျုံဆောင်းက နှစ်တွေကြာလဲ ငါ့ကို အမြဲ တန်ဖိုးထားတာပဲ"

"ဟင်"

"ဟို.........ဟို....မဟုတ်ဘူးလား ကျွန်တော့်ကို တန်ဖိုးမထားဘူးလား"

"မ..မဟုတ်..."

"အဲ့တော့ ပြောပါဦး ကျွန်တော့်ကို အရာအားလုံးလက်ခံပြီး ချစ်ပေးမှာလား"

"ချစ်ပေးမှာပေါ့ကွာ"

"ကတိပေးလား"

"ကိုယ်က ကတိတစ်ခုကိုလွယ်လွယ်နဲ့ပေးတတ်တဲ့လူစားမျိုးမဟုတ်ရပါဘူး ဒါကြောင့် ကိုယ်ပေးတဲ့ကတိကလည်း ဘယ်တော့မှအလိမ်အညာတစ်ခုမဟုတ်ဘူးဆိုတာ မင်းလေးသိထားစေချင်တယ်"

"အစထဲက အပြောကြီးတဲ့လူတွေဆိုတာ ယုံကြည်ရတာမဟုတ်ဘူးမလား"

"အင်း ကိုယ်ကလွဲပြီးတော့...ကျန်တဲ့သူတွေကို မင်းလေး ယုံကြည်လို့မဖြစ်ဘူး"

"ဘာလို့"

"ကိုယ်က ပတ်ခ်ဂျုံဆောင်းမို့လို့ ယုံကြည်လို့ရပြီး ကျန်တဲ့သူတွေက ပတ်ခ်ဂျုံဆောင်းမဟုတ်တာမို့ မယုံကြည်အပ်တဲ့ထဲပါတယ်"

"ဟားဟား"

"ကိုယ်အတည်ပြောနေတာပါ"

"ကျွန်တော်လဲအတည်ပြောမယ်...."
"ပတ်ခ်ဂျုံဆောင်းကို......... ချစ်တယ်"

"ဟင်...တကယ် ပြောတာလား"

"အင်း"

"ကိုယ်နားကြားမှားတာမဟုတ်ပါဘူးနော်....? အား ပျော်လိုက်တာ!! ဒါဆိုအခု မင်းက ကိုယ့်ကို လက်ခံလိုက်ပြီပေါ့...? ရက်စ်!!"

စိတ်လွတ်လက်လွတ်အော်ရင်း ပြေးလွှားခုန်ပေါက်နေတဲ့ ပတ်ခ်ဂျုံဆောင်းက မူကြိုကလေးတစ်ယောက်နှယ်။

ဂျောင်၀န်းကတော့ ချစ်ရည်ရွှမ်းသောအကြည့်တို့နှင့်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိလေရဲ့။

အနည်းငယ်မောသွားပုံရတဲ့ ဂျုံဆောင်းက အမောတော်ပြေစေရန်အလို့ငှာ မြတ်နိုးရာလေးရှိရာဆီသို့ လျှောက်လှမ်းလာသည်။

သားကို ချစ်တဲ့ အမေတစ်ယောက်ရဲ့ မျက်၀န်းတို့နှင့် ဆုံလိုက်လေတော့ ရီရခက် ငိုရခက်။

"ဂျောင်၀န်း~"

နူးညံ့ညံ့ ချွဲပျစ်ပျစ် ‌ထိုခေါ်သံက ကျိန်းသေပေါက်ကို သူ့မြတ်နိုးရာလေးအတွက် သီးသန့်။

"အစ်ကို ‌ကြည့်ပါဦး ဒီနေရာလေးကသိပ်လှတာပဲနော်"

"မင်းလေးလောက်တော့ဘယ်လှပါ့မလဲ"

"ဟာ အစ်ကိုကလဲ"

ရှက်သွေးဖြာသွားသော မြတ်နိုးရာ‌အသည်းအသက်လေးကိုကြည့်ရင်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့တဲ့ အပြုံတို့ဖြင့် ထပ်မံပြုံးမိလိုက်ပြန်၏။

"အစ်ကို...ကျွန်တော် တစ်ခုလုပ်ချင်နေတယ် ဒါပေမယ့် အကိုစိတ်ဆိုးမှာလဲကြောက်တယ်"

"မင်း‌လေး‌ ဘာလုပ်လုပ် အကုန်ငြိမ်ခံနေမှာပါ
အကယ်၍  အသားယူခဲ့ရင်တောင် စိတ်ဆိုးမှာမဟုတ်ဘူးနော်"

"တကယ်အသားယူမယ်ဆိုရင်ရော"

"ဟင်"

ပြုံးစစမျက်နှာဘေးနဲ့ တိုးတိုးလေးကပ်ပြောလာသည်က...။

*အစ်ကို့ကို.....နမ်းချင်တယ်.....*ဟူ၍

ဒီတစ်ခါအံ့အြသွားရသူက ပတ်ခ်ဂျုံဆောင်းပါပေ။
စသလိုနောက်သလိုပြောလိုက်ပေမယ့် ဒီကောင်လေးအခုလိုပြောထွက်လာမယ်တော့ထင်မထားခဲ့သည်လေ။

ဒါပေမယ့်လည်း သဘောတော်ကျအလိုလိုက်အကြိုက်ဆောင်ရမည်မဟုတ်ပေလား။

ဒီလိုမျိုးသာအသားယူခံရမယ်ဆိုရင် ဆယ်ခါပြန်တောင် ခံလိုက်ဦးမှာ။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကပဲ ဟင်း ဟင်း။

"ဟိတ် ဘာတွေးလွန်နေတာလဲ"

တစ်ကမ္ဘာလုံးကို ရလိုက်သလို အပြုံးကြီးနဲ့ မျက်စိရှေ့က အနှီလူသားကြောင့် ဂျောင်၀န်း စိတ်ထဲတွင် ကလိကလိနှင့်။

ဘုရားဘုရား ပြောမိတာမှားပြီလား။

"ဂျောင်၀န်း"

"ဗျာ"

"ကိုယ့်နောက်ကိုလိုက်ခဲ့"

ပိုင်စိုးပိုင်နင်းဆွဲကိုင်လာပါသော လက်မို့မို့ဖောင်းဖောင်း။

ပန်းပင်တွေကြားထဲမှ ပျော်ရွှင်စွာ တိုးဝှေ့ရင်း ချစ်ရသူ၏ ခေါ်ဆောင်ရာနောက် လိုက်ခဲ့သည်။

နောက်ဆုံး ပန်းပင်တွေကိုဖြတ်ကျော်အပြီး အရိပ်အာဝါသကောင်းလှပါသော အပင်ကြီးနှင့် ထိုအပင်ကြီးရဲ့ဘေးတွင်ရှိသော ရေကန်ငယ်တစ်ခု။

သဘာ၀တရားကြီးက သိပ်ကို အေးမြလှပါသည်။

"မင်းလေးကို ကိုယ်ဘာလို့ ဒီBaby's breath ပန်းခင်းကြီးရှိရာဆီခေါ်လာလဲသိလား"

"ဟင့်အင်း"

"Baby's breath ပန်းလေးတွေက ထာ၀ရအချစ်လို့အဓိပ္ပာယ်ရတယ် ဘာလို့လဲဆိုတော့ သူတို့ကခူးဆွတ်ခံရတဲ့အချိန်ကစပြီး ခြောက်သွေ့ညိုးနွမ်းတဲ့အထိသူတို့ရဲ့ သဘာ၀အလှတရားကို ထိန်းသိမ်းထားနိုင်တဲ့ပန်းလေးတွေဖြစ်တာကြောင့်တဲ့"

"အာ..."

"၀န်း..ဒီပန်းလေးတွေသဘောကျလား"

"သဘောကျတယ်ဗျာ့"

"ဒါဆိုကိုယ်မင်းအတွက်ဒီပန်းလေးတွေပျိုးပေးမယ် ကိုယ့်ရဲ့အချစ်တွေက စတင်ဖြစ်ပေါ်တဲ့အချိန်ကနေစပြီး ဘယ်သောအခါမှ ပြောင်းလဲမသွားမှာမဟုတ်ဘူးဆိုတာ သိစေချင်လို့"

ထပ်မံအရှက်သည်း‌သွားပြန်သော ထိုလူသားလေးက ဒီတစ်ခါတွင်တော့ သဘောကျနှစ်သက်မှုတွေလည်း ပါနေသယောင်။

"Baby's breath ပန်းလေးတွေ ဒီအပင်ကြီး ရေကန်ကြီး ပြီးတော့ နေမင်းကြီး ယုစွအဆုံး ဒီနေရာမှာပျံဝဲနေတဲ့ လိပ်ပြာလေးတွေရော တကျီကျီအော်မြည်နေတဲ့ ငှက်လေးတွေရောကိုသက်သေထားပြီး မင်းလေးကိုချစ်တဲ့ကိုယ့်ရဲ့အချစ်တွေက စစ်မှန်ကြောင်း သစ္စာဆိုမယ် ဒီသစ္စာကမှန်ကန်နေတာမို့ ကိုယ်တို့ဘယ်တော့မှ ဘာအကြောင်းနဲ့မှ မဝေးကွာဖို့အတွက်ရောပဲပေါ့"

"အစ်ကိုရယ်....."

*ကျွန်တော်လည်းအဲ့လိုပဲဖြစ်စေချင်ပါတယ်*

"အခုတော့ မင်းဟာ ကိုယ့်အပိုင်လေး ဖြစ်သွားပြီဆိုတဲ့အကြောင်း ကိုယ့်ရဲ့အနမ်းတွေနဲ့တံဆိပ်ခတ်ပါရစေ"

"အစ်ကို့သဘောပါပဲ"

လှပသော ပန်းခင်းကြီးတစ်ခု။ ရေကန်ငယ်လေးက ထိုပန်းခင်းရဲ့ရှေ့မှောက်မှာ။ နေရောင်ခြည်တို့က ဖြာကျနေလေသလို လေညင်းလေးတွေကလည်း ဖြေးညှင်းစွာတိုက်ခိုက်နေတယ်။‌ လေပြေညှင်းလေးတွေတိုက်ခိုက်မှုကြောင့် တလွင့်လွင့်ကြွေကျနေတဲ့ သစ်ရွက်ဝါလေးများကတော့ မှီခိုရာ သစ်ကိုင်းများဆီပြန်ပို့ပေးဖို့ တောင်းဆိုနေသယောင်။ လှပတဲ့ပုံရိပ်လေးများအား ထပ်လောင်းအားဖြည့်စွက်လိုက်သည်က အကြင်နာအနမ်းတွေကို မျှဝေနေကြသော ထိုလူသားနှစ်ဦး။

ထိုလူသားတို့ရဲ့အချစ်ကိုသိနေသည့်အလား ကောင်းကင်ကြီးကလည်း ၀မ်းသာမျက်ရည်တို့ကျဆင်းလာပြန်သည်။

လောကမှာငွေနဲ့ပေး၀ယ်လို့မရတဲ့အရာများ တောင့်တတိုင်းမရနိုင်သောအရာများရှိသည်။

အချစ်။ ကြင်နာမှု။ နွေးထွေးမှု။ ပျော်ရွှင်ခြင်း။

နူးညံ့သော နှုတ်ခမ်းနှစ်စုံတို့ထိကပ်မိချိန် နှလုံးခုန်သံတို့ကလည်း အဆက်မပြတ်ဖြင့်။

နှလုံးသားတစ်နေရာမှာတော့ တံဆိပ်ရိုက်ခတ်ပြီးဖြစ်သည်။

မိုးများစွာရွာသွန်းခဲ့သော ထိုနေ့သည် မိုးကိုမုန်းသော ကောင်လေးတစ်ယောက်အတွက် မိုးမင်းကြီး၏ ‌၎င်းအား နှစ်သက်စေရန်အလို့ငှာ ပေးအပ်ခဲ့သော ဆုလာဘ်တစ်ခုပင်ဖြစ်သည်။

သူတို့သည် ထိုနေ့ကဆုတောင်းခဲ့ကြပါသည်လေ
မိုးတွေရွာတုန်းခွဲခွာခဲ့ကြရသလို မိုးတွေရွာတုန်းပြန်လည်ဆုံတွေ့နိုင်ပါစေဟူ၍။

ဤအကြင်နာအနမ်းနှင့် ချစ်ခြင်းတရားတို့သည်မှာတော့ မိုးမင်းကြီး၏ အပိုလက်ဆောင်ပင်ဖြစ်သည်။

_____________________________________

A/N

ပတ်ခ်ဂျုံဆောင်းရဲ့ ဂျောင်၀န်း~ဆိုပြီး ချွဲခေါ်တဲ့အသံကိုပြန်ကြားယောင်ကြည့်ကြပါ ဂေါင်းကြီးတို့😞🖐️

BE_T🌙

Baby's breathပန်းလေးတွေအကြောင်းက
မူရင်းတင်သူကို creditပေးပါတယ်နော်💙


ZawGyi

Warning:ဖတ္မိလို႔ဆီးခ်ိဳတက္သြားရင္ကြယ္တာ၀န္မယူ//
_
-ဆု-

"တစ္ခ်ိဳ႕ေသာဆုလာဘ္ေတြဟာ
အခ်ိန္အခိုက္အတန႔္တစ္ခုၾကာခဲ့ေပမယ့္
ျပည့္၀ခဲ့ပါတယ္ေလ"

•••••••••••

"ကိုယ္မင္းကိုခ်စ္တယ္"

"ဗ်ာ"

စိုးရိမ္ခဲ့ရပါတယ္။ ကိုယ့္ရဲ႕ပါးေဖာင္းေဖာင္းေလးဟာ ကိုယ့္ကိုအထင္ေသးသြားမွာ။ ဒါမွမဟုတ္ ျငင္းဆိုလိုက္မွာကို။

အမ်ားႀကီးေၾကာက္ေနခဲ့မိတယ္။ ဖြင့္ေျပာဖို႔လဲ တုန္ယင္ေနခဲ့တယ္။ ဒါေပမယ့္လည္း အားတင္းၿပီးေျပာခဲ့ပါရဲ႕ေလ။

သိတတ္တဲ့အ႐ြယ္ထဲက ဘ၀မွာ အခ်စ္ရဆုံးဆိုရင္ မာမီနဲ႕ Oneသာရွိခဲ့တယ္။

သို႔ေပမယ့္ ကိုယ္တန္ဖိုးထားၿပီးခ်စ္ရတဲ့သူေတြက ကိုယ့္အနားက ထြက္သြားခဲ့တယ္။

ကိုယ့္ရဲ႕အသုံးမက်မႈေတြေၾကာင့္ Oneက ပင္လယ္ထဲ ေမ်ာသြားခဲ့ရသလို မာမီကေတာ့..... မာမီကေတာ့...ေယာကၤ်ားေပါင္းစုံနဲ႕။

အဟက္...အရမ္းကိုရီစရာေကာင္းေနေလာက္လား။

အခုခ်ိန္ထိ ရင္ထဲမွာပူေလာင္ေနရတဲ့ကိုယ့္ကို ပထမဆုံးအေနနဲ႕ ျပန္လည္ေအးခ်မ္းေစခဲ့တာက ယန္းေဂ်ာင္၀န္းဆိုတဲ့လူသားေလး။

မလုပ္ဖူးတာေတြကိုလည္း လုပ္မိခဲ့တယ္။
စေတြ႕တဲ့ေန႕ထဲကေပါ့ေလ။

ႀကိမ္ဖန္မ်ားစြာစဥ္းစားၿပီးတဲ့ေနာက္မွာ ေသခ်ာပါတယ္ ငါ ယန္းေဂ်ာင္၀န္းကိုခ်စ္မိေနပါၿပီ။

"ကြၽန္ေတာ္..."

အေတာ္ၾကာေအာင္ အေတြးလြန္မိသည္က ျမတ္နိုးရသူရဲ႕ အသံကိုၾကားမွ စိတ္အာ႐ုံကိုစုစည္းလိုက္မိေတာ့သည္။

"ေျပာပါ မင္းရဲ႕ဆုံးျဖတ္ခ်က္ကို ကိုယ္... ... အကုန္...လက္ခံမွာပါ"

"အဲ့ဒါက အစ္ကို႔ကို ထိခိုက္နာက်င္ေစမယ္ဆိုရင္ေတာင္မွလား"

"ကိုယ့္ ကို ထိခိုက္နာက်င္ေစမယ္ဆိုရင္ေတာင္မွေပါ့"

"ထင္တဲ့အတိုင္း ပတ္ခ္ဂ်ဳံေဆာင္းက ႏွစ္ေတြၾကာလဲ ငါ့ကို အၿမဲ တန္ဖိုးထားတာပဲ"

"ဟင္"

"ဟို.........ဟို....မဟုတ္ဘူးလား ကြၽန္ေတာ့္ကို တန္ဖိုးမထားဘူးလား"

"မ..မဟုတ္..."

"အဲ့ေတာ့ ေျပာပါဦး ကြၽန္ေတာ့္ကို အရာအားလုံးလက္ခံၿပီး ခ်စ္ေပးမွာလား"

"ခ်စ္ေပးမွာေပါ့ကြာ"

"ကတိေပးလား"

"ကိုယ္က ကတိတစ္ခုကိုလြယ္လြယ္နဲ႕ေပးတတ္တဲ့လူစားမ်ိဳးမဟုတ္ရပါဘူး ဒါေၾကာင့္ ကိုယ္ေပးတဲ့ကတိကလည္း ဘယ္ေတာ့မွအလိမ္အညာတစ္ခုမဟုတ္ဘူးဆိုတာ မင္းေလးသိထားေစခ်င္တယ္"

"အစထဲက အေျပာႀကီးတဲ့လူေတြဆိုတာ ယုံၾကည္ရတာမဟုတ္ဘူးမလား"

"အင္း ကိုယ္ကလြဲၿပီးေတာ့...က်န္တဲ့သူေတြကို မင္းေလး ယုံၾကည္လို႔မျဖစ္ဘူး"

"ဘာလို႔"

"ကိုယ္က ပတ္ခ္ဂ်ဳံေဆာင္းမို႔လို႔ ယုံၾကည္လို႔ရၿပီး က်န္တဲ့သူေတြက ပတ္ခ္ဂ်ဳံေဆာင္းမဟုတ္တာမို႔ မယုံၾကည္အပ္တဲ့ထဲပါတယ္"

"ဟားဟား"

"ကိုယ္အတည္ေျပာေနတာပါ"

"ကြၽန္ေတာ္လဲအတည္ေျပာမယ္"
"ပတ္ခ္ဂ်ဳံေဆာင္းကို ခ်စ္တယ္"

"ဟင္...တကယ္ ေျပာတာလား"

"အင္း"

"ကိုယ္နားၾကားမွားတာမဟုတ္ပါဘူးေနာ္....? အား ေပ်ာ္လိုက္တာ!! ဒါဆိုအခု မင္းက ကိုယ့္ကို လက္ခံလိုက္ၿပီေပါ့...? ရက္စ္!!"

စိတ္လြတ္လက္လြတ္ေအာ္ရင္း ေျပးလႊားခုန္ေပါက္ေနတဲ့ ပတ္ခ္ဂ်ဳံေဆာင္းက မူႀကိဳကေလးတစ္ေယာက္ႏွယ္။

ေဂ်ာင္၀န္းကေတာ့ ခ်စ္ရည္႐ႊမ္းေသာအၾကည့္တို႔ႏွင့္ၾကည့္ကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးလိုက္မိေလရဲ႕။

အနည္းငယ္ေမာသြားပုံရတဲ့ ဂ်ဳံေဆာင္းက အေမာေတာ္ေျပေစရန္အလို႔ငွာ ျမတ္နိုးရာေလးရွိရာဆီသို႔ ေလွ်ာက္လွမ္းလာသည္။

သားကို ခ်စ္တဲ့ အေမတစ္ေယာက္ရဲ႕ မ်က္၀န္းတို႔ႏွင့္ ဆုံလိုက္ေလေတာ့ ရီရခက္ ငိုရခက္။

"ေဂ်ာင္၀န္း~"

ႏူးညံ့ညံ့ ခြၽဲပ်စ္ပ်စ္ ထိုေခၚသံက က်ိန္းေသေပါက္ကို သူ႕ျမတ္နိုးရာေလးအတြက္ သီးသန႔္။

"အကို ၾကည့္ပါဦး ဒီေနရာေလးကသိပ္လွတာပဲေနာ္"

"မင္းေလးေလာက္ေတာ့ဘယ္လွပါ့မလဲ"

"ဟာ အစ္ကိုကလဲ"

ရွက္ေသြးျဖာသြားေသာ ျမတ္နိုးရာအသည္းအသက္ေလးကိုၾကည့္ရင္း ဘယ္ႏွစ္ႀကိမ္ေျမာက္မွန္းမသိေတာ့တဲ့ အၿပဳံတို႔ျဖင့္ ထပ္မံၿပဳံးမိလိုက္ျပန္၏။

"အစ္ကို...ကြၽန္ေတာ္ တစ္ခုလုပ္ခ်င္ေနတယ္ ဒါေပမယ့္ အကိုစိတ္ဆိုးမွာလဲေၾကာက္တယ္"

"မင္းေလး ဘာလုပ္လုပ္ အကုန္ၿငိမ္ခံေနမွာပါ
အကယ္၍ အသားယူခဲ့ရင္ေတာင္ စိတ္ဆိုးမွာမဟုတ္ဘူးေနာ္"

"တကယ္အသားယူမယ္ဆိုရင္ေရာ"

"ဟင္"

ၿပဳံးစစမ်က္ႏွာေဘးနဲ႕ တိုးတိုးေလးကပ္ေျပာလာသည္က...။

*အစ္ကို႔ကို.....နမ္းခ်င္တယ္.....*ဟူ၍

ဒီတစ္ခါအံ့ျအသြားရသူက ပတ္ခ္ဂ်ဳံေဆာင္းပါေပ။
စသလိုေနာက္သလိုေျပာလိုက္ေပမယ့္ ဒီေကာင္ေလးအခုလိုေျပာထြက္လာမယ္ေတာ့ထင္မထားခဲ့သည္ေလ။

ဒါေပမယ့္လည္း သေဘာေတာ္က်အလိုလိုက္အႀကိဳက္ေဆာင္ရမည္မဟုတ္ေပလား။

ဒီလိုမ်ိဳးသာအသားယူခံရမယ္ဆိုရင္ ဆယ္ခါျပန္ေတာင္ ခံလိုက္ဦးမွာ။

ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္ကပဲ ဟင္း ဟင္း။

"ဟိတ္ ဘာေတြးလြန္ေနတာလဲ"

တစ္ကမၻာလုံးကို ရလိုက္သလို အၿပဳံးႀကီးနဲ႕ မ်က္စိေရွ႕က အႏွီလူသားေၾကာင့္ ေဂ်ာင္၀န္း စိတ္ထဲတြင္ ကလိကလိႏွင့္။

ဘုရားဘုရား ေျပာမိတာမွားၿပီလား။

"ေဂ်ာင္၀န္း"

"ဗ်ာ"

"ကိုယ့္ေနာက္ကိုလိုက္ခဲ့"

ပိုင္စိုးပိုင္နင္းဆြဲကိုင္လာပါေသာ လက္မို႔မို႔ေဖာင္းေဖာင္း။

ပန္းပင္ေတြၾကားထဲမွ ေပ်ာ္႐ႊင္စြာ တိုးေဝွ႕ရင္း ခ်စ္ရသူ၏ ေခၚေဆာင္ရာေနာက္ လိုက္ခဲ့သည္။

ေနာက္ဆုံး ပန္းပင္ေတြကိုျဖတ္ေက်ာ္အၿပီး အရိပ္အာဝါသေကာင္းလွပါေသာ အပင္ႀကီးႏွင့္ ထိုအပင္ႀကီးရဲ႕ေဘးတြင္ေသာ ေရကန္ငယ္တစ္ခု။

သဘာ၀တရားႀကီးက သိပ္ကို ေအးျမလွပါသည္။

"မင္းေလးကို ကိုယ္ဘာလို႔ ဒီBaby's breath ပန္းခင္းႀကီးရွိရာဆီေခၚလာလဲသိလား"

"ဟင့္အင္း"

"Baby's breath ပန္းေလးေတြက ထာ၀ရအခ်စ္လို႔အဓိပၸာယ္ရတယ္ ဘာလို႔လဲဆိုေတာ့ သူတို႔ကခူးဆြတ္ခံရတဲ့အခ်ိန္ကစၿပီး ေျခာက္ေသြ႕ညိုးႏြမ္းတဲ့အထိသူတို႔ရဲ႕ သဘာ၀အလွတရားကို ထိန္းသိမ္းထားနိုင္တဲ့ပန္းေလးေတြျဖစ္တာေၾကာင့္တဲ့"

"အာ..."

"၀န်း..ဒီပန္းေလးေတြသေဘာက်လား"

"သေဘာက်တယ္ဗ်ာ့"

"ဒါဆိုကိုယ္မင္းအတြက္ဒီပန္းေလးေတြပ်ိဳးေပးမယ္ ကိုယ့္ရဲ႕အခ်စ္ေတြက စတင္ျဖစ္ေပၚတဲ့အခ်ိန္ကေနစၿပီး ဘယ္ေသာအခါမွ ေျပာင္းလဲမသြားမွာမဟုတ္ဘူးဆိုတာ သိေစခ်င္လို႔"

ထပ္မံအရွက္သည္းသြားျပန္ေသာ ထိုလူသားေလးက ဒီတစ္ခါတြင္ေတာ့ သေဘာက်ႏွစ္သက္မႈေတြလည္း ပါေနသေယာင္။

"Baby's breath ပန္းေလးေတြ ဒီအပင္ႀကီး ေရကန္ႀကီး ၿပီးေတာ့ ေနမင္းႀကီး ယုစြအဆုံး ဒီေနရာမွာပ်ံဝဲေနတဲ့ လိပ္ျပာေလးေတြေရာ တက်ီကီေအာ္ျမည္ေနတဲ့ ငွက္ေလးေတြေရာကိုသက္ေသထားၿပီး မင္းေလးကိုခ်စ္တဲ့ကိုယ့္ရဲ႕အခ်စ္ေတြက စစ္မွန္ေၾကာင္း သစၥာဆိုမယ္ ဒီသစၥာကမွန္ကန္ေနတာမို႔ ကိုယ္တို႔ဘယ္ေတာ့မွ ဘာအေၾကာင္းနဲ႕မွ မေဝးကြာဖို႔အတြက္ေရာပဲေပါ့"

"အစ္ကိုရယ္....."

*ကြၽန္ေတာ္လည္းအဲ့လိုပဲျဖစ္ေစခ်င္ပါတယ္*

"အခုေတာ့ မင္းဟာ ကိုယ့္အပိုင္ေလး ျဖစ္သြားၿပီဆိုတဲ့အေၾကာင္း ကိုယ့္ရဲ႕အနမ္းေတြနဲ႕တံဆိပ္ခတ္ပါရေစ"

"အစ္ကို႔သေဘာပါပဲ"

လွပေသာ ပန္းခင္းႀကီးတစ္ခု။ ေရကန္ငယ္ေလးက ထိုပန္းခင္းရဲ႕ေရွ႕ေမွာက္မွာ။ ေနေရာင္ျခည္တို႔က ျဖာက်ေနေလသလို ေလညင္းေလးေတြကလည္း ေျဖးညွင္းစြာတိုက္ခိုက္ေနတယ္။ ေလေျပညွင္းေလးေတြတိုက္ခိုက္မႈေၾကာင့္ တလြင့္လြင့္ေႂကြက်ေနတဲ့ သစ္႐ြက္ဝါေလးမ်ားကေတာ့ မွီခိုရာ သစ္ကိုင္းမ်ားဆီျပန္ပို႔ေပးဖို႔ ေတာင္းဆိုေနသေယာင္။ လွပတဲ့ပုံရိပ္ေလးမ်ားအား ထပ္ေလာင္းအားျဖည့္စြက္လိုက္သည္က အၾကင္နာအနမ္းေတြကို မွ်ေဝေနၾကေသာ ထိုလူသားႏွစ္ဦး။

ထိုလူသားတို႔ရဲ႕အခ်စ္ကိုသိေနသည့္အလား ေကာင္းကင္ႀကီးကလည္း ၀မ်းသာမျက်ရည်တို့ကျဆင်းလာပြန်သည်။

ေလာကမွာေငြနဲ႕ေပး၀ယ္လို႔မရတဲ့အရာမ်ား ေတာင့္တတိုင္းမရနိုင္ေသာအရာမ်ားရွိသည္။

အခ်စ္။ ၾကင္နာမႈ။ ႏြေးေထြးမႈ။ ေပ်ာ္႐ႊင္ျခင္း။

ႏူးညံ့ေသာ ႏႈတ္ခမ္းႏွစ္စုံတို႔ထိကပ္မိခ်ိန္ ႏွလုံးခုန္သံတို႔ကလည္း အဆက္မျပတ္ျဖင့္။

ႏွလုံးသားတစ္ေနရာမွာေတာ့ တံဆိပ္ရိုက္ခတ္ၿပီးျဖစ္သည္။

မိုးမ်ားစြာ႐ြာသြန္းခဲ့ေသာ ထိုေန႕သည္ မိုးကိုမုန္းေသာ ေကာင္ေလးတစ္ေယာက္အတြက္ မိုးမင္းႀကီး၏ ၎အား ႏွစ္သက္ေစရန္အလို႔ငွာ ေပးအပ္ခဲ့ေသာ ဆုလာဘ္တစ္ခုပင္ျဖစ္သည္။

သူတို႔သည္ ထိုေန႕ကဆုေတာင္းခဲ့ၾကပါသည္ေလ
မိုးေတြ႐ြာတုန္းခြဲခြာခဲ့ၾကရသလို မိုးေတြ႐ြာတုန္းျပန္လည္ဆုံေတြ႕နိုင္ပါေစဟူ၍။

ဤအၾကင္နာအနမ္းႏွင့္ ခ်စ္ျခင္းတရားတို႔သည္မွာေတာ့ မိုးမင္းႀကီး၏ အပိုလက္ေဆာင္ပင္ျဖစ္သည္။

_____

A/N

ပတ္ခ္ဂ်ဳံေဆာင္းရဲ႕ ေဂ်ာင္၀န္း~ဆိုၿပီး ခြၽဲေခၚတဲ့အသံကိုျပန္ၾကားေယာင္ၾကည့္ၾကပါ ေဂါင္းႀကီးတို႔😞

BE_T

Baby's breathပန္းေလးေတြအေၾကာင္းက
မူရင္းတင္သူကို creditေပးပါတယ္ေနာ္

Continue Reading

You'll Also Like

1.9K 68 5
VitaShinefic​လေး​တွေကို​ရေး​ပေးမှာပါ,short​လေး​တွေပါပဲရှင့်,ကိုကိုတို့နှစ်​ယောက်ကို(လုံးဝ)"ထိခိုက်နစ်နာိုချင်မရှိပါ,Scလုံးဝမ​ရေးပါ,He​တွေပဲ​ရေးမှာပါ...
3.1K 206 7
Gemini-ကလေးမင်းနားမှာရှိတဲ့လူတွေကိုရဲရဲစက်စက်ကိုယ်သတ်ပစ်မှာ! Fourth-တော်ပါတော့ခင်ဗျားကတကယ်အရူးခင်ဗျားကိုကျွန်တော်ကြောက်တယ်!
5.3K 279 62
Devi Vyas, a well cultured Indian girl coming from a Marwari family, is beautiful, strongly opinionated, a bit sassy but respectful towards her elder...
283K 13.6K 92
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...