Unforgivable [completed]

By xiaopaing105

119K 8.9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 End

Part 9

3.7K 279 4
By xiaopaing105

လီယိုရဲ့ ချိန်းဆိုမှုကြောင့်
မျက်စိသူငယ် နားသူငယ်နဲ့ ဘားသို့ ရောက်လာသူက ဖန်အာ
သူတစ်ခါမှ ဒီလိုနေရာမျိုးလာခဲ့တာမဟုတ်
ဘဝပေးအခြေအနေကလည်း
ရှိတဲ့ငွေကို လက်လွတ်စပယ် သုံးဖြုန်းပစ်နိုင်တာမျိုးမှမဟုတ်တာ
မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အလျှောက်
ပညာရေးအတွက်ပင် ကိုယ်တိုင် ရှာဖွေနေရသူတစ်ယောက် ဝမ်းရေးအတွက်လည်း ထို့ အတူပဲ
ကံကောင်းလွန်းတာက နေစရာအတွက် ပူပန်စရာမလိုခဲ့
သူငယ်ချင်းကောင်းတစ်ယောက်ရှိ၍သာ
မဟုတ်ရင် သူ့အတွက် ပညာရေးဆုံးခန်းတိုင်ဖို့က မလွယ်ကူလှ
ဒါကြောင့်ပဲ သူက အစစအရာရာ ကူညီပေးနေတဲ့ လီယိုကို အမြဲတမ်း
ကျေးဇူး တင်နေရတာ

အခုလည်း သူငယ်ချင်းကောင်းကြီးက
အသည်းကွဲနေလို့ ဆိုပြီး ဖုန်းဆက်လာ၍ ဘားသို့ရောက်လာခြင်း
တစ်သက်နဲ့တစ်ကိုယ် သူများအသည်းပဲ ခွဲလာတဲ့ သူငယ်ချင်းကြီးဟာ
ခုတလော ကောလှလှလေးဆိုပြီး အသည်းအသန် ဖြစ်နေရာက
ဘယ်လိုဖြစ်ပြီး အသည်းကွဲ သွားရပြန်လည်းမသိပါ

ဖန်အာ အရောင်အသွေး စုံလင်လှတဲ့ လူငယ်များကြား သူ့သူငယ်ချင်းကို ရှာနေသော်လည်းမတွေ့
များပြားလှ လူများကြား တိုးဝင်ရှာတော့ အခက်တွေ့ရပြန်တယ်
လီယိုအထင်နဲ့ ကြည့်လိုက်မိတဲ့
ယောက်ျားငယ်လေးတွေက ရန်ဆောင်အကြည့်နဲ့ ကြည့်သူက ကြည့်
ယောက်ျားအချင်းချင်းပင်ဘူးချင်သူက ရှိသေး

"အလှလေး "

ဖန်အာ သူ့အနားချဥ်းကပ်လာတဲ့
အသက်ခပ်လတ်လတ် ယောက်ျားတစ်ယောက်ကြောင့် နည်းနည်းပင်လန့်ချင်လာသည် ဘာလဲ ယောက်ျာလေးတစ်ယောက်ကို အဲ့လို ခေါ်လို့ ရလား သူနဲ့လည်း မသိဘဲနဲ့လေ

ဖန်အာ မကြားချင်ယောင်ဆောင်ကာ
ဘားထဲမှ ပြန်ထွက်ရန် ပြင်သော်လည်း
ခြေတစ်လှမ်းနောက် ကျသွားပြီ
ထိုလူက သူ့လက်တစ်ဖက်အား ဆွဲထားနှင့်ပြီးနေပြီ

"ကိုယ့်အတွက် one night stand လုပ်မလား "

ဖန်အာလန့်တာထက် စိတ်ပါတိုလာသည်
သူဟာခပ်သေးသေးပိန်ပါးပါး ခန္ဓာရှိပေမယ့် မိန်းခလေးတစ်ယောက်မဟုတ်တာကို
မျိုးတူယောက်ျားတစ်ယောက်က
ဒီလို လာစော်ကားတဲ့အခါ
ဒေါသတို့က အတိုင်းအဆမဲ့
အဆင်အခြင်မဲ့စွာ ထိုလူ့မျက်နှာ အား
ထိုးရန် ကြံရွယ်လိုက်သော်လည်း
လက်ဦးသွားတာက
ဘယ်က ဘယ်လိုရောက်လာမှန်းမသိတဲ့ လီယို

"မင်းက ဘာကောင်မို့လို့
ငါ့သူငယ်ချင်းကို လာစော်ကားနေတာလဲ"

လီယိုသည် လိုအပ်တာထက်ပိုပြီးဒေါသထွက်နေဟန်ရှိကာ
သူ့လက်ထဲကလူအား စိတ်ကြိုက်
ထိုးကြိတ်နေတော့သည်
ဒီလိုဆိုတော့
ဖန်အာမှာ ရပ်ကြည့်မနေနိုင်တော့

"တော်တော့ လီယို
ရဲစခန်းတွေ ဘာတွေရောက်နေအုံးမယ် "

ဖန်အာ ဝင်ဆွဲတော့မှ လီယိုက ဟိုလူ့ကို လွှတ်လိုက်တော့သည်
ဟန်ပုံမပေါ်တဲ့အဲ့လူက ပြေးတော့တာမှ
တစ်ချိုးတည်း

"ဒီနေ့ ငါနည်းနည်း စိတ်ဆတ်နေတယ် ဖန်အာ
ငါ့ကွန်ဒိုမှာပဲ ပြန်သောက်ကြမလား "

"မင်းသဘောလေ "

လီယိုသည်
ကွန်ဒိုရောက်တာနဲ့
သူ့ရဲ့ စိတ်အတိုလွန်နေခြင်း
အသည်းကဲဲခင်း အကြောင်းတရားများရင်ဖွင့်လာသည်မှာ နားနဲ့ပင်မဆံ့

"ငါ့လောက်ကံဆိုးတဲ့သူ ရှိအုံးမလား ဖန်အာရယ်
အတည်ချစ်တော့မယ် ဆိုကာမှ
အဲ့လူသားကိုပဲ ပိုင်ဆိုင်ချင်ပါတယ် ဆိုကာမှ
ငါ့နတ်သားလေးက ပိုင်ရှင်ကြီးနဲ့
အဲ့ပိုင်ရှင်ကလည်း တခြားသူမဟုတ်ဘူး
ဝမ်ရိပေါ်
ငါ့ရဲ့ ဖအေတူ အမေကွဲ အကိုကြီးတဲ့
ကံကြမ္မာက သိပ်ကျီစယ်တာပဲ
ငါချစ်မိသွားတဲ့ လူသားက ငါမျက်မုန်းကျိုးနေတဲ့လူရဲ့ အိမ်ထောင်ဖက်တဲ့"

ပြောလည်းပြော ဘီယာ တစ်ဗူးပြီးတစ်ဗူးဖွင့်သောက်နေပါတဲ့ သူငယ်ချင်း
အစား သူပင် ပူလောင်လာပြီ

ဒီတစ်ခါ သူငယ်ချင်းအားအကြံမပေးနိုင်တော့
သူ့မှာလည်း အကြံကောင်းဆိုတာမျိုး မရှိ
ဒါကြောင့ သူငယ်ချင်းအား ကူသောက်ပေးရုံလောက်သာ တတ်နိုင်တော့သည်

........

ရှောင်းကျန့် တက်ကြွသော ခြေလှမ်းများဖြင့်
အလုပ်သစ်လေးရှိရာသို့
တစ်ယောက်တည်း ထွက်လာခဲ့တော့သည်
ဟိုငမဲနှစ်ကောင်တော့ ဝမ်ရိပေါ် ပြောထား၍လားမသိ
အိမ်မှာပဲ ငြိမ်ကုပ်နေသည်
အဲ့တော့ ရှောင်းကျန့်တို့ မှာသိပ်သိပ်လွတ်လပ်

အလုပ်သစ်လေးက ကျိုးချန်နဲ့ အရင်တစ်ခါ ချိန်းတဲ့ Wang Companyအနီးအနားက cafeမှာပဲဖြစ်သည်
Wang Companyနဲ့ နီးလို့ ငြင်းချင်ပေမယ့်
ကျိုးချန်ကလည်း သူရှာပေးနိုင်တာဆိုလို့ ဒီအလုပ်တစ်ခုပဲ ရှိတယ်လို့ ပြောလာတဲ့အခါ ရှောင်းကျန့်မှာ အင်တင်တင်နဲ့ လက်ခံလိုက်ရတော့တာပဲ
ဒါပေမဲ့ ကိစ္စတော့ မရှိပါဘူး
ဝမ်CEOရဲ့ ခြေလှမ်းပျက်ပုံ အဆင့်ဆင့်ကို နည်းနည်းလောက်ဖြစ်ဖြစ်သိရတာပေါ့

ရှောင်းကျန့် cafeကို ရောက်တော့
ဆိုင်က closeဟု ရေးထားပေမယ့် အထဲမှာ ကျိုးချန်နဲ့ဆိုင်ရှင်ကောင်လေးဟု
ထင်ရတဲ့တစ်ယောက် ထိုင်နေတာမိုလို့
သူဝင်သွားလိုက်တော့တာပါပဲ

"ကျန့်ကျန့်လာ မင်းကို စောင့်နေတာ "

ရှောင်းကျန့် ကျိုးချန်အနားရောက်တာနဲ့
ဆိုင်ရှင်နဲ့ တန်းမိတ်ဆက်ပေး
ကျိုးချန်က သိပ်လောနေပုံ

"ကျန့်ကျန့် ဒါက မင်းသူဌေး လင်းချန်တဲ့
မင်းကို ငါအပ်ထားပေးပြီးသား
အလုပ်က ခနထွက်လာတာ
မြန်မြန်သွားရမှာ "

"သွားသွား အရေးကြီးနေရင်လည်း "

"အင်းပါ အားတဲ့အချိန်မှ ထပ်လာတော့မယ် "

"မလိုဘူး ဒိုးတော့ "

လောလော လောလော ထွက်သွားသူအား
ကြည့်ရင်း ရှောင်းကျန့်မှာ စိတ်ထဲမှ ကြိတ်အားနာရတဲ့ အဖြစ်
တစ်ကယ်အလုပ်များနေတယ်ထင်ပါ့

သူငယ်ချင်းမအားလည်း ဘာဖြစ်လဲ
ကိုယ်ထက်အသက်ငယ်တဲ့ သူဌေးပဲဟာ ဘာရှိန်စရာရှိလဲ

"သူဌေး ကျနော် ဘယ်အလုပ်က စလုပ်လိုက်ရမလဲ "

ယုန်သွားလေးနှစ်ချောင်းပေါ်သည်အထိ
ပြုံးကာ မေးမြန်းလိုက်တော့သည်
အလုပ်သမားအသစ်လေးရဲ့ ကြိုးစားလိုစိတ်ကို သူဌေးမြင်ပါလေစ

🐰Xiao Paing🐰

🐇Zawgyi🐇

ဘဝပေးအခြေအနေကလည်း
ကျေးဇူး တင်နေရတာ



"အလှလေး "




လက်ဦးသွားတာက


ထိုးကြိတ်နေတော့သည်
ဒီလိုဆိုတော့

"တော်တော့ လီယို

တစ်ချိုးတည်း


"မင်းသဘောလေ "

လီယိုသည်
ကွန်ဒိုရောက်တာနဲ့
အသည်းကဲခင်း အကြောင်းတရားများရင်ဖွင့်လာသည်မှာ နားနဲ့ပင်မဆံ့

ဝမ်ရိပေါ်



........






အလုပ်က ခနထွက်လာတာ
မြန်မြန်သွားရမှာ "



"မလိုဘူး ဒိုးတော့ "





🐰Xiao Paing🐰

Continue Reading

You'll Also Like

4.1K 716 17
Jungkook Atlas Francis - Taehyung Rowan Elliot
192K 13.2K 72
"ត្រូវចាំថាឯងគ្រាន់តែជាកូនបុលដែលចូលមកពពោះឲ្យយើងដើម្បីដោះបំណុលតែប៉ុណ្ណោះ"ជុងហ្គុក --------- Jungkook top Taehyung btt
94.4K 11.4K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...
31.7K 6.9K 40
tk sinhala