Chapter (182) - ဒေါက်တာ ချန်
အနက်ရောင်ဆံပင်များက လှိုင်းလုံးကဲ့သို့ အဖိုးအိုဆီကို ထိုးစိုက်ကျသွားသည်။ အဘိုးအို၏ ပုခုံးပေါ်မှ သွယ်လျပြီး လှပသော လက်မောင်းလေးတစ်ဖက် ပေါ်လာပြီး အနက်ရောင်ဆံပင်လှိုင်းထဲသို့ ဆွဲငင်သွား သလိုမျိုး အဘိုးအို၏ ပခုံးကို ဆွဲကိုင်ကာ ဆံပင်များအတွင်း ဆွဲသွင်းနေသည်။ အဘိုးအိုသည် တုန်ယင်နေပြီး သူ့ပခုံးပေါ် မြဲမြံစွာ ဆုပ်ကိုင်ထားသလို ခံစားလိုက်ရသည်။ သေချာတာက သူက ထိုလက်မောင်း၏ ခြိမ်းခြောက်မှုအောက်တွင် ကျရောက်သွားသလို ခံစားခဲ့ရသည်။
"ငါ မင်းကို လွှတ်လိုက်ပြီးပြီ။ မင်းဘာလို့ ပြန်လာတာလဲ"
အဖြေက မြေပြင်ကို တုန်ခါသွားစေခြင်းသာ ဖြစ်သည် ။ အဘိုးအိုသည် ကြမ်းပြင်နှင့် ပြင်းထန်စွာ တိုက်မိပြီး သူ့အဝတ်အစားပေါ်ရှိ အနီရောင်သည် အနည်းငယ် မှိန်သွားသည်။
ကျန်းယာ့ က ဒီမှာပဲ.....
အဘိုးအိုပြောသည့်စကားအရ ကျန်းယာ့ ကို တစ်ကြိမ်သာ လိုက်ခဲ့ပုံရသော်လည်း ကျန်းယာ့ သည် တံခါးကို ထပ်မံဖောက်ဝင် လာပြန်ခဲ့သည်။
မင်း ငါ့ကိုရှာဖို့ပြန်လာတာလား
ချန်ကောက ထိုအတွေးတွေမှတဆင့် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။ ကျန်းယာ့ သည် ဆံပင်လှိုင်း ထဲမှ ထွက်လာသည်ကို မြင်သောအခါ သူ ပြောလိုက်ပေမယ့် ကောင်မလေးက သူ့ကို တစ်ချက်တောင် မကြည့်ဘဲ အဘိုးကြီးဆီ တည့်တည့် လျှောက်သွားတယ်။
တံခါးနောက်ကွယ်က တိတ်ဆိတ်နေတဲ့ ကမ္ဘာကြီးမှာ သွေးခုန်နေသလို တဒုတ်ဒုတ်အ်သံကို ကြားနေရတယ်။ ချန်ကော၏ သွားများ တဆတ်ဆတ် တုန်လာစေသည်။ ကလဲ့စားချေသည့် တိုက်ပွဲကို မြင်ရမယ့် အမိုက်စား မြင်ကွင်းတွေလား။
သူ့ကို အဘိုးအိုက ပြန်ခုခံနိုင်ပေမယ့် ကောင်လေးနိုးလာတာကြောင့် တုန်လှုပ်ခြောက်ခြားသွားပြီး သူ ခိုးယူထားတဲ့ ကောင်လေးရဲ့သွေးတစ်ဝက်ကို ဆုံးရှုံးသွားတဲ့အတွက် ကျန်းယာ့ ကိုရင်ဆိုင်ရတဲ့အခါ သူက အဆင့် 0 လိုဖြစ်ကာ တိုက်ခိုက်ဖို့ စွမ်းအားမရှိတော့ဘူး။
အနီရောင် အငြိုးတေး ဝိဉာဉ် များကြားတွင်လည်း အဆင့်ကွာခြားမှုများ ရှိလောက်တယ်။ ထိုအဘိုးအိုသည် အညံ့ဆုံး အနီရောင် အငြိုးတေး ဝိဉာဉ် များထဲမှ တစ်ဦးဖြစ်နိုင်သည်။
ကျန်းယာ့ ကိုတွေ့လိုက်ရတော့ ချန်ကောရဲ့ တင်းမာနေသည့် အာရုံကြောတွေ ပြေလျော့သွားတော့တယ်။ ထိုထူးဆန်းသောနေရာတွင် ကျန်းယာ့ သည် သူ့အား နှစ်သိမ့်ပေးနိုင်သည့် တစ်ဦးတည်းသော 'လူ' ဖြစ်သည်။ အခြေအနေတွေ ပြေလည်သွားပြီးနောက် ချန်ကောက ပိုသက်တောင့်သက်သာရှိတဲ့ အနေအထားကို ပြောင်းချင်ခဲ့တယ်။ သို့သော် ခေါင်းငုံ့လိုက်သောအခါတွင် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။
သူ့လက်ထဲတွင်ရှိသော ကောင်လေး၏အဝတ်အစားများကို သူ သတိမထားမိလိုက်သည့်အချိန်မှာ အနီရောင်ဆိုး သွားသလို ဖြစ်ခဲ့သည်။ သူ့မျက်လုံးများထဲက သူငယ်အိမ်နဲ့မျက်သားများက အခြားအရောင် မရှိဘဲ အနက်ရောင်ဖြစ်နေသည်။
အေးစက်သော ချွေးများက သူ့နဖူးအောက်သို့ လျှောကျလာပြီး ချန်ကောသည် ကောင်လေး လည်ပင်းတွင် သူ လုပ်ခဲ့သည့် ဒဏ်ရာမှတစ်ဆင့် ကောင်လေး၏ ခန္ဓာကိုယ်ထဲသို့ သွေးကြောများ ပြန်တက်လာသည်ကို တွေ့လိုက်ရသည်။
"ငါ မင်းကို နှိုးဖို့ လုပ်ခဲ့တာပါ...ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ငါ့ရဲ့ ရည်ရွယ်ချက်က မင်းကို ဒုက္ခပေးဖို့ မဟုတ်ဘူး။"
ကောင်လေးက သူ့ကိုယ်ပေါ်မှာ ချိတ်ဆွဲထားပြီး သူ့အပေါ်ကို တက်ဖို့ ကြိုးစားနေပုံရတယ်။ ခန္ဓာကိုယ်က သူ့အပေါ်ကို တွားသွားနေပုံက တော်တော်ကြောက်စရာကောင်းတယ်။ ချန်ကော၏ ပထမဆုံး တုံ့ပြန်မှုသည် ကောင်လေးကို တွန်းထုတ်လိုက်ခြင်း ဖြစ်သော်လည်း နောက်ထပ် နားလည်မှုလွဲမှားခြင်း ဖြစ်မည်ကို သူ ကြောက်နေသည်။
"မန်နန်၊ မင်းနာမည်ကို ငါ သိတယ်၊ မင်းကို ကယ်တင်ဖို့ ငါ လာခဲ့တာပါ။ မင်းရဲ့ ဒုတိယလူက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ နှိပ်စက်မှုကို ခံခဲ့ရတယ်၊ ငါက သူ့ကို ကယ်ခဲ့တယ်"
ချန်ကောသည် အမှတ်ရမှု အချို့ကို ဖော်ထုတ်ပေမယ့် ကောင်လေးက သူ့အား စကားပြောခွင့် မပေးမည်ကို သူ ကြောက်နေမိသည်။
အစောပိုင်းက အဘိုးအိုက ကောင်လေးကို နတ်ဆိုးလို့ခေါ်တယ်။ အနီရောင် အငြိုးတေး ဝိဉာဉ် က ထိုကောင်လေးကို နတ်ဆိုးလို့ ခေါ်နေတာကို ထောက်ဆရင် ကောင်လေးက သူ မြင်ရသလောက် အပြစ်ကင်းစင်တယ်လို့ မဆိုလိုပေ။ ကောင်လေးက ချန်ကောရဲ့ မျက်နှာနဲ့ လက်မ အနည်းငယ်အကွာအထိ ရွေ့လျားနေကာ လုံးဝ မရပ်ခဲ့ပေ။
ထိုမျှနီးကပ်သောအကွာအဝေးကြောင့် ချန်ကောသည် ကောင်လေး၏မျက်လုံးအိမ်များတွင် ရိုးရိုးမျက်ဆံ နှစ်ခု မပါသည်ကို တွေ့လိုက်ရသည်။ ချန်ကောသည် ကောင်လေး ဘာကိုရှာနေမှန်း မသိသဖြင့် သူ့လည်ပင်းမှ တဆင့် ဆံပင်များပေါ်ထိ တွားသွားတော့မလို ဖြစ်နေလို့ ချန်ကောက သူ့အိတ်ကပ်ထဲကို သိမ်းထားသည့် မန်နန်နဲ့ သူ့အမေပုံတွေကို ထုတ်ယူပြီး ကောင်လေး မျက်နှာရှေ့ ပြလိုက်သည်။
"မင်းရဲ့အတိတ်အကြောင်း ငါ သိတယ်၊ မင်းရဲ့နာကျင်မှုကို ငါ နားလည်တယ်။ မင်းနဲ့စကားပြောဖို့ တစ်ယောက်ယောက်ကို လိုအပ်ရင် မင်း ငါ့ကို ဘာမဆို ဖွင့်ပြောတိုင်ပင် လို့ရတယ်။"
ချန်ကောသည် သူသည် မန်နန်ကို လက်တွေ့ဘဝတွင် သူပြောသမျှစကားတိုင်းကို ထပ်ခါတလဲလဲ ပြန်ပြောလိုက်သည် ။
"ငါတို့မှာလည်း အတူတူပဲ ကြုံတွေ့ခဲ့ရတယ်။ ဒါကြောင့် ငါတို့က သူငယ်ချင်းဖြစ်နိုင်တယ်။"
အကြောက်တရားကို မသိသောလူတစ်ယောက်ကို ပြောရမယ်ဆိုရင် အဲ့ဒါ ချန်ကောကိုပဲ ညွှန်ပြရလိမ့်မည်။
ဒီလိုအချိန်မျိုးမှာတောင် ချန်ကောက ကောင်လေးကို သရဲခြောက်တဲ့အိမ်မှာ အလုပ်လုပ်ဖို့ ကောင်လေးကို ခေါ်ယူဖို့ စဉ်းစားနေမိတယ်။ သူ့အမေရဲ့ ပုံကိုမြင်တော့ ကောင်လေးရဲ့ သဘောထား ပျော့ပျောင်းသွားတယ်။ ချန်ကောကို ဆုပ်ကိုင်ထားရာကနေ ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းသွားသည်။
"ဒီပုံကို ဘယ်မှာ တွေ့ခဲ့တာလဲ။"
တကယ့်ကမ္ဘာက မန်နန်က ဒီမေးခွန်းကို အရင်က မေးဖူးတယ်။ သူတို့ရဲ့ တွေးခေါ်ပုံက အတူတူပါပဲ။
"ဒါရိုက်တာရဲ့ ရုံးခန်းထဲက သိမ်းထားတဲ့ ဝတ်စုံထဲမှာတွေ့ခဲ့တာ။ "
"သူက ငါ့အမေရဲ့ပုံကို ဖုံးကွယ်ထားတာပဲ။ င့ါကို ဒီပုံကို ပေးလို့ရမလား "
ကောင်လေးက ခေါင်းကို မြှောက်လိုက်သည် ။
"ရတာပေါ့။"
ချန်ကောက ဒီပုံကို ကောင်လေးဆီ ပေးလိုက်တယ်။ သူ့အပေါ်ထားတဲ့ ကောင်လေးရဲ့ ရန်လိုမှု လျော့နည်းသွားတယ်လို့ ခံစားလိုက်ရတယ်။ သူသည် ကောင်လေး၏ အနားကို သွားကာ ထိုင်ချလိုက်သည် ။ တခဏတာ တုံ့ဆိုင်းသွားပြီးနောက်၊ သူက မေးလိုက်သည်။
"အခုလေးတင် အဘိုးအိုက ဒီကမ္ဘာက မင်းရဲ့အိပ်မက်ဆိုးလို့ ပြောတယ်၊ မင်းနိုးပြီးရင် ဒီနေရာနဲ့ လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ပေးတဲ့ တံခါးက ပိတ်သွားတော့မှာလား။"
"ဒီကမ္ဘာက ငါ့ရှေ့မှာ ရှိနေပြီး ငါက ပထမဆုံး ရှာဖွေတွေ့ရှိသူပဲ"
ကောင်လေးက ဓာတ်ပုံကို အိတ်ထဲထည့်လိုက်ပြီး သူ့မျက်လုံးတွေက ချန်ကောကို စိုက်ကြည့်နေတယ်။
"ငါ့ကို ဒီကမ္ဘာအကြောင်း ဘာမှ မမေးနဲ့။ မင်းသိလေလေ မင်းထွက်သွားဖို့ ခက်လေပဲ"
ကောင်လေး၏ ဉာဏ်ရည်ဉာဏ်သွေးသည် သူ့အသွင်အပြင်နှင့် မကိုက်ညီပေ။ ချန်ကောက အခုလေးတင် ပြောလိုက်သည့် စကားထဲမှ ချန်ကောရဲ့ အမြင်ကို သူလည်း ရိပ်မိသွားပြီ။
"မင်း ငါ့ကို ဘာမှ မပြောနိုင်ဘူးလား။'
"ဒီကမ္ဘာက လူသားတွေရဲ့ အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်တွေကို ရောင်ပြန်ဟပ်နေတယ်လို့ပဲ ပြောလို့ရတယ်။ အပြစ်တွေ၊ ကြောက်စရာတွေနဲ့ ပြည့်နေတယ်။ တကယ့်ကမ္ဘာနဲ့ ဆင်တူပေမယ့် နေ့တွေ ညတွေက မတူဘူး၊"
ထို့နောက် ကောင်လေး လမ်းလျှောက်လာသည်။ တံခါးကနေ ထွက်လိုက်စဉ် ကောင်လေး၏ အင်္ကျီအနီသည် မျက်စိ တမှိတ်အတွင်း သွေးစိမ်းတွေ ရွှဲသွားခဲ့သည်။
"ငါ့မှ နောက်ထပ်မေးခွန်းနှစ်ခုရှိပါသေးတယ်။ မြန်မြန်မထွက်သွားပါနဲ့။"
ချန်ကောက ရှေ့ကို ပြေးသွားသည် ။ သူက ပြန်လည်လှုပ်ရှားလာနိုင်လို့ အစောပိုင်းက သူ၏ လက်များနှင့် ခြေထောက်များထဲသို့ စိမ့်ဝင်နေသည့် သွေးကြောများ ပျောက်ကွယ်သွားပုံရသည်။
ကောင်လေးက ရပ်ပြီး လှည့်ကြည့်ခဲ့တယ်။ သူ့မျက်လုံးတွေက ချန်ကောကို အနီးကပ်လေ့လာနေသည်။
"မင်း ငါ့ကိုမကြောက်ဘူးလား?"
"ငါကလား...ကြောက်ပေမယ့် ငါ အဖြေရှာရမယ့် မေးခွန်းတွေရှိတယ်။ ငါက လူတစ်ယောက်ယောက်အကြောင်း မေးချင်တယ်။ မင်းရဲ့ ဒုတိယလူက သူ့ကို ဒေါက်တာ ချန် လို့ ရည်ညွှန်းထားတယ်။ "
မန်နန်၏ တကယ့်ကိုယ်ရည်ကိုယ်သွေးသည် ချန်ကောအတွက် အဓိပ္ပါယ်ရှိလှသည်။
"သူ့အကြောင်းမကြားဖူးဘူးလား။ မင်းရဲ့ ဒုတိယပုဂ္ဂိုလ်က မင်းကိုကုသဖို့ လူနှစ်ယောက်ကို ဖိတ်ကြားထားလို့ တတိယ နာမကျန်းခန်းမဆောင် ကို ဒေါက်တာချန်က ပြန်လာခဲ့တယ်လို့ ပြောဖူးတယ်။ အဲဒီထဲက တစ်ယောက်က ဒါရိုက်တာဟောင်းဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဒေါက်တာ ချန်ဖြစ်တယ်တဲ့။ဒီလူက ငါ့အတွက် အရမ်းအရေးကြီးတယ်၊ သူက ငါ့ပျောက်ဆုံးနေတဲ့ မိသားစုဖြစ်နိုင်တယ် "
ချန်ကောက ရိုးရိုးသားသားပြောလိုက်သည်။
မိသားစုဆိုတဲ့ စကားလုံးက ကောင်လေးကို ထိမိသွားတာ ဖြစ်နိုင်ပါတယ်။ ဗလာဖြစ်နေသော မျက်လုံးများကို ချန်ကောကို စိုက်ကြည့်နေရာကနေ ဖယ်လိုက်သည်။
"ဒီဒေါက်တာ ချန် က အရမ်းကြည့်ကောင်းပေမယ့် ထူးထူးခြားခြား မျက်လုံးတစ်စုံရှိတယ်။ သူက မင်းနဲ့တူတယ်၊ ငါ မုန်းတဲ့လူအမျိုးအစားအတိအကျပဲ။ "
"ဒါပဲလား?"
ချန်ကောသည် သူ၏ဒုတိယမေးခွန်းကို မမေးမီ စကားမပြောဘဲနေခဲ့သည်။
"ကမ္ဘာနှစ်ခုကို ချိတ်ဆက်ပေးတဲ့ ဒီတံခါးကို ငါ ဘယ်လိုပိတ်ရမလဲ"
"အရမ်းရိုးရှင်းပါတယ်။" ကောင်လေးက ပြုံးလိုက်တယ်။ "အသက်ရှင်သူ တစ်ယောက်ကို တံခါးနောက်မှာ ထားပြီး မင်းအတွက် တံခါးကိုစောင့်ခိုင်းလိုက်ရုံပဲ။"
"ဒါက ဘယ်လိုဖြေရှင်းချက်လဲ။"
ချန်ကောက တံခါးပေါက်ရဲ့ အသွင်အပြင်ရဲ့ အကြောင်းအရင်းကို မေးချင်ပေမယ့် မျက်လုံးတစ်မှိတ်အတွင်းမှာပဲ ကောင်လေး ပျောက်သွားတယ်။
"သူ ငါ့ဆီက အရေးကြီးတဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားသလား"
ချန်ကောက ကောင်လေး ကျန်းယာ့ နဲ့ ရန်ဖြစ်မှာကို ကြောက်တဲ့အတွက် ကောင်လေးနောက်ကို အမြန်လိုက်သွားခဲ့တယ်။
အခန်းထဲမှ ထွက်သွားပြီးနောက် ကောင်လေးသည် အဝေးသို့ မပြေးသွားကြောင်း ချန်ကောက သိလိုက်သည်။ ကောင်လေး၏ နက်မှောင်သော မျက်လုံးများက တနေရာကို စောင့်မျှော်ကြည့်နေသည်။
အဘိုးအို၏ အင်္ကျီပေါ်ရှိ အနီရောင်သည် မှိန်ဖျော့သွားကာ လူပုံသဏ္ဍာန်မျှသာ ကျန်တော့သည်။ ကျန်ရှိသော သူ၏ခန္ဓာကိုယ်သည် ကျန်းယာ့ ၏ အနက်ရောင်ဆံပင်များဖြင့် ဝိုင်းရံထားပြီး စက္ကန့်အနည်းငယ်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
"အဘိုးကြီးအလောင်းကို ထားလိုက်ပါ၊ မင်းကို လွှတ်လိုက်မယ်။"
ကောင်လေးက ငယ်ပေမယ့် ချန်ကောက သူ့စကားကြောင့် ခြိမ်းခြောက်မှုကို ခံစားရတယ်။
သူမ၏လက်ချောင်းများက သွေးကဲ့သို့တောက်ပနေသော သူမ၏နှုတ်ခမ်းများပေါ်တွင် ကခုန်နေသည်။ ကျန်းယာ့ က ကောင်လေးပြောတာကို ဂရုမစိုက်ဘူး။ ဒါရိုက်တာရဲ့ ခန္ဓာကိုယ်နဲ့ ကျိုးနေတဲ့ ခြေထောက်တစ်ဖက်ကို သူမရဲ့ ညစာအတွက် သတ်မှတ်လိုက်သလိုပင်။ သူမက ညစာအတွက် အစားစာ အသစ်ကို တွေ့လိုက်ရသလိုပဲ ကောင်လေးကို လှည့်ကြည့်လိုက်တယ်။
******-**********
Chapter (182) - ေဒါက္တာ ခ်န္
အနက္ေရာင္ဆံပင္မ်ားက လႈိင္းလုံးကဲ့သို႔ အဖိုးအိုဆီကို ထိုးစိုက္က်သြားသည္။ အဘိုးအို၏ ပုခုံးေပၚမွ သြယ္လ်ၿပီး လွပေသာ လက္ေမာင္းေလးတစ္ဖက္ ေပၚလာျပီး အနက္ေရာင္ဆံပင္လႈိင္းထဲသို႔ ဆြဲငင္သြား သလိုမ်ိဳး အဘိုးအို၏ ပခုံးကို ဆြဲကိုင္ကာ ဆံပင္မ်ားအတြင္း ဆြဲသြင္းေနသည္။ အဘိုးအိုသည္ တုန္ယင္ေနၿပီး သူ႔ပခုံးေပၚ ျမဲျမံစြာ ဆုပ္ကိုင္ထားသလို ခံစားလိုက္ရသည္။ ေသခ်ာတာက သူက ထိုလက္ေမာင္း၏ ၿခိမ္းေျခာက္မႈေအာက္တြင္ က်ေရာက္သြားသလို ခံစားခဲ့ရသည္။
"ငါ မင္းကို လႊတ္လိုက္ၿပီးျပီ။ မင္းဘာလို႔ ျပန္လာတာလဲ"
အေျဖက ေျမျပင္ကို တုန္ခါသြားေစျခင္းသာ ျဖစ္သည္ ။ အဘိုးအိုသည္ ၾကမ္းျပင္ႏွင့္ ျပင္းထန္စြာ တိုက္မိၿပီး သူ႔အဝတ္အစားေပၚရွိ အနီေရာင္သည္ အနည္းငယ္ မွိန္သြားသည္။
က်န္းယာ့ က ဒီမွာပဲ.....
အဘိုးအိုေျပာသည့္စကားအရ က်န္းယာ့ ကို တစ္ႀကိမ္သာ လိုက္ခဲ့ပုံရေသာ္လည္း က်န္းယာ့ သည္ တံခါးကို ထပ္မံေဖာက္ဝင္ လာျပန္ခဲ့သည္။
မင္း ငါ့ကိုရွာဖို ႔ျပန္လာတာလား
ခ်န္ေကာက ထိုအေတြးေတြမွတဆင့္ ေႏြးေထြးမႈတစ္ခု ခံစားလိုက္ရသည္။ က်န္းယာ့ သည္ ဆံပင္လႈိင္း ထဲမွ ထြက္လာသည္ကို ျမင္ေသာအခါ သူ ေျပာလိုက္ေပမယ့္ ေကာင္မေလးက သူ႔ကို တစ္ခ်က္ေတာင္ မၾကည့္ဘဲ အဘိုးႀကီးဆီ တည့္တည့္ ေလွ်ာက္သြားတယ္။
တံခါးေနာက္ကြယ္က တိတ္ဆိတ္ေနတဲ့ ကမာၻႀကီးမွာ ေသြးခုန္ေနသလုိ တဒုတ္ဒုတ္အ္သံကို ၾကားေနရတယ္။ ခ်န္ေကာ၏ သြားမ်ား တဆတ္ဆတ္ တုန္လာေစသည္။ ကလဲ့စားေခ်သည့္ တိုက္ပြဲကို ျမင္ရမယ့္ အမိုက္စား ျမင္ကြင္းေတြလား။
သူ႔ကို အဘိုးအိုက ျပန္ခုခံႏိုင္ေပမယ့္ ေကာင္ေလးႏိုးလာတာေၾကာင့္ တုန္လႈပ္ေျခာက္ျခားသြားၿပီး သူ ခိုးယူထားတဲ့ ေကာင္ေလးရဲ႕ေသြးတစ္ဝက္ကို ဆံုးရံႈးသြားတဲ့အတြက္ က်န္းယာ့ ကိုရင္ဆိုင္ရတဲ့အခါ သူက အဆင့္ 0 လိုျဖစ္ကာ တိုက္ခိုက္ဖို႕ စြမ္းအားမရွိေတာ့ဘူး။
အနီေရာင္ အျငိဳးေတး ဝိဥာဥ္ မ်ားၾကားတြင္လည္း အဆင့္ကြာျခားမႈမ်ား ရွိေလာက္တယ္။ ထိုအဘိုးအိုသည္ အညံ့ဆုံး အနီေရာင္ အျငိဳးေတး ဝိဥာဥ္ မ်ားထဲမွ တစ္ဦးျဖစ္ႏိုင္သည္။
က်န္းယာ့ ကိုေတြ႕လိုက္ရေတာ့ ခ်န္ေကာရဲ႕ တင္းမာေနသည့္ အာ႐ုံေၾကာေတြ ေျပေလ်ာ့သြားေတာ့တယ္။ ထိုထူးဆန္းေသာေနရာတြင္ က်န္းယာ့ သည္ သူ႔အား ႏွစ္သိမ့္ေပးႏိုင္သည့္ တစ္ဦးတည္းေသာ 'လူ' ျဖစ္သည္။ အေျခအေနေတြ ေျပလည္သြားၿပီးေနာက္ ခ်န္ေကာက ပိုသက္ေတာင့္သက္သာရွိတဲ့ အေနအထားကို ေျပာင္းခ်င္ခဲ့တယ္။ သို႔ေသာ္ ေခါင္းငုံ႔လိုက္ေသာအခါတြင္ သူ႕ကို စူးစူးရဲရဲ စိုက္ၾကည့္ေနေသာ မ်က္လုံးတစ္စုံကို ေတြ႕လိုက္ရသည္။
သူ႔လက္ထဲတြင္ရွိေသာ ေကာင္ေလး၏အဝတ္အစားမ်ားကို သူ သတိမထားမိလိုက္သည့္အခ်ိန္မွာ အနီေရာင္ဆိုး သြားသလို ျဖစ္ခဲ့သည္။ သူ႔မ်က္လုံးမ်ားထဲက သူငယ္အိမ္နဲ႕မ်က္သားမ်ားက အျခားအေရာင္ မရွိဘဲ အနက္ေရာင္ျဖစ္ေနသည္။
ေအးစက္ေသာ ေခြၽးမ်ားက သူ႔နဖူးေအာက္သို႔ ေလွ်ာက်လာၿပီး ခ်န္ေကာသည္ ေကာင္ေလး လည္ပင္းတြင္ သူ လုပ္ခဲ့သည့္ ဒဏ္ရာမွတစ္ဆင့္ ေကာင္ေလး၏ ခႏၶာကိုယ္ထဲသို႔ ေသြးေၾကာမ်ား ျပန္တက္လာသည္ကို ေတြ႕လိုက္ရသည္။
"ငါ မင္းကို ႏႈိးဖို႔ လုပ္ခဲ့တာပါ...ငါ့မွာ ေ႐ြးခ်ယ္စရာ မရွိေတာ့ဘူး။ ငါ့ရဲ႕ ရည္႐ြယ္ခ်က္က မင္းကို ဒုကၡေပးဖို႔ မဟုတ္ဘူး။"
ေကာင္ေလးက သူ႔ကိုယ္ေပၚမွာ ခ်ိတ္ဆြဲထားၿပီး သူ႔အေပၚကို တက္ဖို႔ ႀကိဳးစားေနပုံရတယ္။ ခႏၶာကိုယ္က သူ႔အေပၚကို တြားသြားေနပံုက ေတာ္ေတာ္ေၾကာက္စရာေကာင္းတယ္။ ခ်န္ေကာ၏ ပထမဆုံး တုံ႔ျပန္မႈသည္ ေကာင္ေလးကို တြန္းထုတ္လိုက္ျခင္း ျဖစ္ေသာ္လည္း ေနာက္ထပ္ နားလည္မႈလြဲမွားျခင္း ျဖစ္မည္ကို သူ ေၾကာက္ေနသည္။
"မန္နန္၊ မင္းနာမည္ကို ငါ သိတယ္၊ မင္းကို ကယ္တင္ဖို႔ ငါ လာခဲ့တာပါ။ မင္းရဲ႕ ဒုတိယလူက မေကာင္းဆိုးဝါးတစ္ေကာင္ရဲ႕ ႏွိပ္စက္မႈကို ခံခဲ့ရတယ္၊ ငါက သူ႔ကို ကယ္ခဲ့တယ္"
ခ်န္ေကာသည္ အမွတ္ရမႈ အခ်ိဳ႕ကို ေဖာ္ထုတ္ေပမယ့္ ေကာင္ေလးက သူ႔အား စကားေျပာခြင့္ မေပးမည္ကို သူ ေၾကာက္ေနမိသည္။
အေစာပိုင္းက အဘိုးအိုက ေကာင္ေလးကို နတ္ဆိုးလို႔ေခၚတယ္။ အနီေရာင္ အျငိဳးေတး ဝိဥာဥ္ က ထိုေကာင္ေလးကို နတ္ဆိုးလို႕ ေခၚေနတာကို ေထာက္ဆရင္ ေကာင္ေလးက သူ ျမင္ရသေလာက္ အျပစ္ကင္းစင္တယ္လို႔ မဆိုလိုေပ။ ေကာင္ေလးက ခ်န္ေကာရဲ႕ မ်က္ႏွာနဲ႔ လက္မ အနည္းငယ္အကြာအထိ ေ႐ြ႕လ်ားေနကာ လံုးဝ မရပ္ခဲ့ေပ။
ထိုမွ်နီးကပ္ေသာအကြာအေဝးေႀကာင့္ ခ်န္ေကာသည္ ေကာင္ေလး၏မ်က္လုံးအိမ္မ်ားတြင္ ႐ိုး႐ိုးမ်က္ဆံ နွစ္ခု မပါသည္ကို ေတြ႕လိုက္ရသည္။ ခ်န္ေကာသည္ ေကာင္ေလး ဘာကိုရွာေနမွန္း မသိသျဖင့္ သူ႔လည္ပင္းမွ တဆင့္ ဆံပင္မ်ားေပၚထိ တြားသြားေတာ့မလို ျဖစ္ေနလို႕ ခ်န္ေကာက သူ႔အိတ္ကပ္ထဲကို သိမ္းထားသည့္ မန္နန္နဲ႕ သူ႔အေမပုံေတြကို ထုတ္ယူၿပီး ေကာင္ေလး မ်က္နွာေရွ႕ ျပလိုက္သည္။
"မင္းရဲ႕အတိတ္အေၾကာင္း ငါ သိတယ္၊ မင္းရဲ႕နာက်င္မႈကို ငါ နားလည္တယ္။ မင္းနဲ႔စကားေျပာဖို႔ တစ္ေယာက္ေယာက္ကို လိုအပ္ရင္ မင္း ငါ့ကို ဘာမဆို ဖြင့္ေျပာတိုင္ပင္ လို႔ရတယ္။"
ခ်န္ေကာသည္ သူသည္ မန္နန္ကို လက္ေတြ႕ဘဝတြင္ သူေျပာသမွ်စကားတိုင္းကို ထပ္ခါတလဲလဲ ျပန္ေျပာလိုက္သည္ ။
"ငါတို႔မွာလည္း အတူတူပဲ ႀကံဳေတြ႕ခဲ့ရတယ္။ ဒါေၾကာင့္ ငါတို႔က သူငယ္ခ်င္းျဖစ္ႏိုင္တယ္။"
အေၾကာက္တရားကို မသိေသာလူတစ္ေယာက္ကို ေျပာရမယ္ဆိုရင္ အဲ့ဒါ ခ်န္ေကာကိုပဲ ညႊန္ျပရလိမ့္မည္။
ဒီလိုအခ်ိန္မ်ိဳးမွာေတာင္ ခ်န္ေကာက ေကာင္ေလးကို သရဲေျခာက္တဲ့အိမ္မွာ အလုပ္လုပ္ဖို႔ ေကာင္ေလးကို ေခၚယူဖို႔ စဥ္းစားေနမိတယ္။ သူ႔အေမရဲ႕ ပုံကိုျမင္ေတာ့ ေကာင္ေလးရဲ႕ သေဘာထား ေပ်ာ့ေပ်ာင္းသြားတယ္။ ခ်န္ေကာကို ဆုပ္ကိုင္ထားရာကေန ၾကမ္းျပင္ေပၚသို႔ ခုန္ဆင္းသြားသည္။
"ဒီပုံကို ဘယ္မွာ ေတြ႕ခဲ့တာလဲ။"
တကယ့္ကမာၻက မန္နန္က ဒီေမးခြန္းကို အရင္က ေမးဖူးတယ္။ သူတို႔ရဲ႕ ေတြးေခၚပုံက အတူတူပါပဲ။
"ဒါ႐ိုက္တာရဲ႕ ရံုးခန္းထဲက သိမ္းထားတဲ့ ၀တ္စုံထဲမွာေတြ႕ခဲ့တာ။ "
"သူက ငါ့အေမရဲ႕ပုံကို ဖုံးကြယ္ထားတာပဲ။ င့ါကို ဒီပုံကို ေပးလို႔ရမလား "
ေကာင္ေလးက ေခါင္းကို ေျမႇာက္လိုက္သည္ ။
"ရတာေပါ့။"
ခ်န္ေကာက ဒီပုံကို ေကာင္ေလးဆီ ေပးလိုက္တယ္။ သူ႔အေပၚထားတဲ့ ေကာင္ေလးရဲ႕ ရန္လိုမႈ ေလ်ာ့နည္းသြားတယ္လို႔ ခံစားလိုက္ရတယ္။ သူသည္ ေကာင္ေလး၏ အနားကို သြားကာ ထိုင္ခ်လိုက္သည္ ။ တခဏတာ တုံ႔ဆိုင္းသြားၿပီးေနာက္၊ သူက ေမးလိုက္သည္။
"အခုေလးတင္ အဘိုးအိုက ဒီကမာၻက မင္းရဲ႕အိပ္မက္ဆိုးလို႔ ေျပာတယ္၊ မင္းႏိုးၿပီးရင္ ဒီေနရာနဲ႔ လက္ေတြ႕ကမာၻနဲ႔ ခ်ိတ္ဆက္ေပးတဲ့ တံခါးက ပိတ္သြားေတာ့မွာလား။"
"ဒီကမာၻက ငါ့ေရွ႕မွာ ရွိေနၿပီး ငါက ပထမဆုံး ရွာေဖြေတြ႕ရွိသူပဲ"
ေကာင္ေလးက ဓာတ္ပုံကို အိတ္ထဲထည့္လိုက္ၿပီး သူ႔မ်က္လုံးေတြက ခ်န္ေကာကို စိုက္ၾကည့္ေနတယ္။
"ငါ့ကို ဒီကမာၻအေၾကာင္း ဘာမွ မေမးနဲ႔။ မင္းသိေလေလ မင္းထြက္သြားဖို႔ ခက္ေလပဲ"
ေကာင္ေလး၏ ဉာဏ္ရည္ဉာဏ္ေသြးသည္ သူ႔အသြင္အျပင္ႏွင့္ မကိုက္ညီေပ။ ခ်န္ေကာက အခုေလးတင္ ေျပာလိုက္သည့္ စကားထဲမွ ခ်န္ေကာရဲ႕ အျမင္ကို သူလည္း ရိပ္မိသြားၿပီ။
"မင္း ငါ့ကို ဘာမွ မေျပာႏိုင္ဘူးလား။'
"ဒီကမာၻက လူသားေတြရဲ႕ အေမွာင္မိုက္ဆုံးလွ်ိဳ႕ဝွက္ခ်က္ေတြကို ေရာင္ျပန္ဟပ္ေနတယ္လို႔ပဲ ေျပာလို႔ရတယ္။ အျပစ္ေတြ၊ ေၾကာက္စရာေတြနဲ႔ ျပည့္ေနတယ္။ တကယ့္ကမာၻနဲ႔ ဆင္တူေပမယ့္ ေန႔ေတြ ညေတြက မတူဘူး၊"
ထို႔ေနာက္ ေကာင္ေလး လမ္းေလွ်ာက္လာသည္။ တံခါးကေန ထြက္လုိက္စဥ္ ေကာင္ေလး၏ အက်ႌအနီသည္ မ်က္စိ တမွိတ္အတြင္း ေသြးစိမ္းေတြ ႐ႊဲသြားခဲ့သည္။
"ငါ့မွ ေနာက္ထပ္ေမးခြန္းႏွစ္ခုရွိပါေသးတယ္။ ျမန္ျမန္မထြက္သြားပါနဲ႔။"
ခ်န္ေကာက ေရွ႕ကို ေျပးသြားသည္ ။ သူက ျပန္လည္လႈပ္ရွားလာနုိင္လို႕ အေစာပိုင္းက သူ၏ လက္မ်ားႏွင့္ ေျခေထာက္မ်ားထဲသို႔ စိမ့္ဝင္ေနသည့္ ေသြးေၾကာမ်ား ေပ်ာက္ကြယ္သြားပုံရသည္။
ေကာင္ေလးက ရပ္ၿပီး လွည့္ၾကည့္ခဲ့တယ္။ သူ႔မ်က္လုံးေတြက ခ်န္ေကာကို အနီးကပ္ေလ့လာေနသည္။
"မင္း ငါ့ကိုမေၾကာက္ဘူးလား?"
"ငါကလား...ေႀကာက္ေပမယ့္ ငါ အေျဖရွာရမယ့္ ေမးခြန္းေတြရွိတယ္။ ငါက လူတစ္ေယာက္ေယာက္အေၾကာင္း ေမးခ်င္တယ္။ မင္းရဲ႕ ဒုတိယလူက သူ႔ကို ေဒါက္တာ ခ်န္ လို႔ ရည္ၫႊန္းထားတယ္။ "
မန္နန္၏ တကယ့္ကိုယ္ရည္ကိုယ္ေသြးသည္ ခ်န္ေကာအတြက္ အဓိပၸါယ္ရွိလွသည္။
"သူ႔အေၾကာင္းမၾကားဖူးဘူးလား။ မင္းရဲ႕ ဒုတိယပုဂၢိဳလ္က မင္းကိုကုသဖုိ႕ လူႏွစ္ေယာက္ကို ဖိတ္ၾကားထားလို႔ တတိယ နာမက်န္းခန္းမေဆာင္ ကို ေဒါက္တာခ်န္က ျပန္လာခဲ့တယ္လို႔ ေျပာဖူးတယ္။ အဲဒီထဲက တစ္ေယာက္က ဒါ႐ိုက္တာေဟာင္းျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ ေဒါက္တာ ခ်န္ျဖစ္တယ္တဲ့။ဒီလူက ငါ့အတြက္ အရမ္းအေရးႀကီးတယ္၊ သူက ငါ့ေပ်ာက္ဆုံးေနတဲ့ မိသားစုျဖစ္ႏိုင္တယ္ "
ခ်န္ေကာက ႐ိုး႐ိုးသားသားေျပာလိုက္သည္။
မိသားစုဆိုတဲ့ စကားလုံးက ေကာင္ေလးကို ထိမိသြားတာ ျဖစ္ႏိုင္ပါတယ္။ ဗလာျဖစ္ေနေသာ မ်က္လုံးမ်ားကို ခ်န္ေကာကို စိုက္ႀကည့္ေနရာကေန ဖယ္လိုက္သည္။
"ဒီေဒါက္တာ ခ်န္ က အရမ္းၾကည့္ေကာင္းေပမယ့္ ထူးထူးျခားျခား မ်က္လုံးတစ္စုံရွိတယ္။ သူက မင္းနဲ႔တူတယ္၊ ငါ မုန္းတဲ့လူအမ်ိဳးအစားအတိအက်ပဲ။ "
"ဒါပဲလား?"
ခ်န္ေကာသည္ သူ၏ဒုတိယေမးခြန္းကို မေမးမီ စကားမေျပာဘဲေနခဲ့သည္။
"ကမာၻႏွစ္ခုကို ခ်ိတ္ဆက္ေပးတဲ့ ဒီတံခါးကို ငါ ဘယ္လိုပိတ္ရမလဲ"
"အရမ္း႐ိုးရွင္းပါတယ္။" ေကာင္ေလးက ၿပဳံးလိုက္တယ္။ "အသက္ရွင္သူ တစ္ေယာက္ကို တံခါးေနာက္မွာ ထားၿပီး မင္းအတြက္ တံခါးကိုေစာင့္ခိုင္းလိုက္ရံုပဲ။"
"ဒါက ဘယ္လိုေျဖရွင္းခ်က္လဲ။"
ခ်န္ေကာက တံခါးေပါက္ရဲ႕ အသြင္အျပင္ရဲ႕ အေၾကာင္းအရင္းကို ေမးခ်င္ေပမယ့္ မ်က္လုံးတစ္မွိတ္အတြင္းမွာပဲ ေကာင္ေလး ေပ်ာက္သြားတယ္။
"သူ ငါ့ဆီက အေရးႀကီးတဲ့ အခ်က္အလက္ေတြကို ဖုံးကြယ္ထားသလား"
ခ်န္ေကာက ေကာင္ေလး က်န္းယာ့ နဲ႔ ရန္ျဖစ္မွာကို ေၾကာက္တဲ့အတြက္ ေကာင္ေလးေနာက္ကို အျမန္လိုက္သြားခဲ့တယ္။
အခန္းထဲမွ ထြက္သြားၿပီးေနာက္ ေကာင္ေလးသည္ အေဝးသို႔ မေျပးသြားေၾကာင္း ခ်န္ေကာက သိလိုက္သည္။ ေကာင္ေလး၏ နက္ေမွာင္ေသာ မ်က္လုံးမ်ားက တေနရာကို ေစာင့္ေမွ်ာ္ႀကည့္ေနသည္။
အဘိုးအို၏ အက်ႌေပၚရွိ အနီေရာင္သည္ မွိန္ေဖ်ာ့သြားကာ လူပုံသ႑ာန္မွ်သာ က်န္ေတာ့သည္။ က်န္ရွိေသာ သူ၏ခႏၶာကိုယ္သည္ က်န္းယာ့ ၏ အနက္ေရာင္ဆံပင္မ်ားျဖင့္ ဝိုင္းရံထားၿပီး စကၠန႔္အနည္းငယ္အတြင္း ေပ်ာက္ကြယ္သြားမည္ျဖစ္သည္။
"အဘိုးႀကီးအေလာင္းကို ထားလိုက္ပါ၊ မင္းကို လႊတ္လိုက္မယ္။"
ေကာင္ေလးက ငယ္ေပမယ့္ ခ်န္ေကာက သူ႔စကားေၾကာင့္ ၿခိမ္းေျခာက္မႈကို ခံစားရတယ္။
သူမ၏လက္ေခ်ာင္းမ်ားက ေသြးကဲ့သို႔ေတာက္ပေနေသာ သူမ၏ႏႈတ္ခမ္းမ်ားေပၚတြင္ ကခုန္ေနသည္။ က်န္းယာ့ က ေကာင္ေလးေျပာတာကို ဂ႐ုမစိုက္ဘူး။ ဒါ႐ိုက္တာရဲ႕ ခႏၶာကိုယ္နဲ႕ က်ိဳးေနတဲ့ ေျခေထာက္တစ္ဖက္ကို သူမရဲ႕ ညစာအတြက္ သတ္မွတ္လိုက္သလိုပင္။ သူမက ညစာအတြက္ အစားစာ အသစ္ကို ေတြ႕လိုက္ရသလိုပဲ ေကာင္ေလးကို လွည့္ၾကည့္လိုက္တယ္။
******-**********