Chapter (181) - မင်းက မကောင်းဆိုးဝါးကို နှိုးလိုက်ပြီ....
ဆရာဝန်လူအိုကြီး ပြောတာကို နိဂုံးချုပ်ရရင် တံခါးနောက်ကွယ်က ကမ္ဘာကြီးဟာ မန်နန် ရဲ့ အဓိက ပုဂ္ဂိုလ်က ဖန်တီးထားတဲ့ အိပ်မက်ဆိုးတစ်ခုသာ ဖြစ်တယ်။ ကောင်လေးနိုးလာတဲ့အခါ၊ လက်တွေ့ကမ္ဘာနဲ့ အိပ်မက်ကို ဆက်သွယ်ထားတဲ့ တံခါးက ပိတ်သွားပြီး အိပ်မက်ထဲမှာ ထာဝရ ပိတ်မိနေလိမ့်မယ်။
သရဲခြောက်တဲ့အိမ်မှာ ပေါ်လာတဲ့ 'တံခါး' ကြောင့်သာမဟုတ်ရင် ချန်ကောက အဘိုးအို ပြောတာကို ယုံမှာမဟုတ်ဘူး။ မတူညီသောနေရာနှစ်ခုတွင် ချိတ်ဆက်ထားသည့် 'တံခါး' ၏ ပုံစံသည် မန်နန်၏ အိပ်မက်ဆိုးကို ရှင်းပြနိုင်သည့်အရာမဟုတ်ပါ။ ချန်ကောသည် ထိုအချက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ သူက ဆရာဝန်လူအိုကြီး ကိုကြည့်ပြီး နောက်မေးခွန်းတစ်ခုမေးလိုက်တယ်။
"ဒါက ကောင်လေးရဲ့ အိပ်မက်ဆိုးပဲလို့ ခင်ဗျား ပြောခဲ့တယ်၊ ဒီမှာ အရာအားလုံးက ကောင်လေးရဲ့ မသိစိတ်ရဲ့ ရောင်ပြန်ဟပ်နေတဲ့ အရာတစ်ခုပဲ။ ပြီးတော့ ဒီအိပ်မက်ဆိုးမှာ ခင်ဗျားဘယ်အခန်းကဏ္ဍက ပါဝင်နေသလဲ ဆိုတာ ကျွန်တော့်ကို ပြောပြနိုင်မလား။ ဒါမှမဟုတ် သူ့အိပ်မက်ဆိုးထဲမှာ ခင်ဗျားက ဘာကို ကိုယ်စားပြုလဲ"
အဘိုးအို၏ မျက်နှာပေါ်တွင် အမူအရာ အေးခဲသွားသော်လည်း မေးခွန်းကို သူ မရှောင်လွှဲခဲ့ပေ။
"မင်းလိုပဲ ငါက အိပ်မက်ဆိုးက အပြင်က လာတာ။ ငါတို့က အပြင်လူတွေမို့လို့ အိပ်မက်ဆိုးထဲမှာတောင် ငါတို့ကိုယ်တိုင် ကစားနေကြရတယ်"
"ကိုယ်တိုင်ကစားနေတာလား?"
ချန်ကောသည် ပြင်ပကမ္ဘာမှ ဝင်လာပြီး သူ့ခန္ဓာကိုယ်တွင် မြင်သာထင်သာရှိသော ပြောင်းလဲခြင်းမျိုးမရှိပေ။ အဘိုးအိုသည် သူ့အတွက် သက်ဝင်လှုပ်ရှားသည့် အရိပ်အယောင်မရှိပေ။ ချန်ကော၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ထးသည့် သွေးတွေရဲနေသည့် အနီရောင်ကုတ်အင်္ကျီမှ အကြည့်ကို မရွေ့နိုင်ပေ။ ချန်ကော၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ အဘိုးအိုက ဒီကုတ်အင်္ကျီကို ဝတ်ထားပြီးသားဖြစ်နိုင်ပါ့မလား။ အဖြူရောင်အင်္ကျီကို အနီနဲ့ဆိုးဖို့ သူ ဘာလုပ်ခဲ့လဲ။
ချန်ကောသည် အဘိုးအိုကို ပထမဆုံးအကြိမ်တွေ့သောအခါ ချန်ကောသည် သူ့စိတ်ထဲမှာ ထင်မြင်ချက်တစ်ခုသာ ရှိနေသည်။ လွန်ခဲ့သောသုံးနှစ်က တတိယနာမကျန်းခန်းမဆောင် ၏ဒါရိုက်တာသည် ထူးထူးခြားခြားပျောက်ကွယ်သွားခဲ့ပြီး သူ၏တည်နေရာသည် လျှို့ဝှက်ဆန်းကြယ် ဖြစ်နေခဲ့သည်။ အလောင်းမရှိသလို သူနဲ့ပတ်သတ်သည့် သတင်းလည်း ဘာမှ မရှိဘူး။
သူ့ရှေ့က ဒီအဘိုးကြီးဟာ ရုပ်ရည်အရပဲဖြစ်ဖြစ် အသက်အရွယ်အရပဲဖြစ်ဖြစ် ဒါရိုက်တာတစ်ယောက်နဲ့ ကိုက်ညီနေတာကြောင့် ချန်ကောဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒါရိုက်တာဟောင်းက ပျောက်ကွယ်မသွားဘဲ တံခါးပေါက်ကို ဝင်လာခဲ့တယ်လို့ သံသယရှိခဲ့ပါတယ်။ ဒါရိုက်တာဟောင်း ရေးတဲ့ စာအနည်းငယ်ကို သူ ဖတ်ပြီး နောက်ဆုံးစာမှာ ဒါရိုက်တာက တံခါးနောက်ကွယ်က ကမ္ဘာကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တွေ ပြခဲ့တယ်။
ဒါပေမယ့် ချန်ကောက အဲဒီ့စာတွေကို သူ ဖတ်ဖူးတာကြောင့်လည်း အဲဒီလူကို အထင်ကြီးသွားခဲ့ပါတယ်။ ထို့ကြောင့်၊ သူ့ရှေ့တွင် ဤအနီရောင် အငြိုးတေးဝိဉာဉ် နှင့် စာထဲတွင် ကြင်နာသော ဒါရိုက်တာကို တထပ်တည်း မြင်ဖို့က ခက်ခဲနေခဲ့သည်။
ချန်ကောသည် စိတ်တည်ငြိမ်အာင် လုပ်ပြီး ခေါင်းယမ်းလိုက်သည်။ ဒါရိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ အသိပညာဟာ အဲဒီစာတွေပေါ်မှာ လုံးလုံးလျားလျား အခြေခံထားတယ်။ ဘယ်သူမှ သူတို့ရေးတဲ့စာထဲမှာ စိတ်ရှိတိုင်း ဆဲဆိုတာကို မရေးတတ်လို့ စာထဲကဖော်ပြချက်တွေက တကယ့်ဒါရိုက်တာကို အပြည့်အဝကိုယ်စားပြုနိုင်မည်မဟုတ်ပေ။
အီလက်ထရော့ ရှော့ခ်ရိုက်ကုထုံးအခန်းက လူစည်ကားပြီး ညစ်ပတ်သော ပထမဖျားနာဆောင် ခန်းမအပြင် ဗလာဖြစ်ပြီး စွန့်ပစ်ထားသော ဒုတိယလူနာခန်းမထက် ချန်ကောကို အသက်ရှုကြပ်စေကာ ပိုမို သတိရှိ လာစေသည်။
"အခု ငါ ဆိုလိုတာကို မင်းနားလည်ပြီလား။ ကောင်လေးကို မနှိုးနဲ့။ သူ့ကို လှဲချလိုက်ပြီး မင်းကို ဒီအိပ်မက်ဆိုးထဲက လွှတ်ပေး လိုက်မယ်။"
အဘိုးအို၏ အသံသည် သာယာပြီး သူ ပြောသည့်အကြောင်းရာက သူကပေးနိုင်တဲ့ အန္တရာယ်ကို အခြားသူများအား မေ့သွားစေသည်။
ချန်ကော တံခါးဆီသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
"ကျွန်တော် ကောင်လေးကို မထိခိုက်စေပါဘူး၊ ဒါပေမယ့် ခင်ဗျား ဒီနေရာကနေ ဘယ်လို ထွက်သွားရမလဲ အရင်ပြောပြရမယ်။ ခင်ဗျားရဲ့ ရိုးသားမှုကို ပြပါ"
"ထွက်သွားဖို့က လွယ်တယ်၊ မင်း တံခါးဆီကို နောက်ပြန်ဆုတ်ဖို့ပဲလိုတယ်..."
ဘုန်း....
အဘိုးအိုသည် ကျယ်လောင်သော အသံကြောင့် စကားပြောတာ ရပ်တန့်သွားသည်။ တတိယနာမကျန်း ခန်းမဆောင် က အခန်းတစ်ခန်း ပေါက်ကွဲသွားသလိုပဲ။ ဒါကိုကြားတော့ အဘိုးကြီး မျက်နှာပျက်သွားတယ်။ သူ၏ ဖြူဖျော့သော မျက်နှာသည် တွန့်လိမ်သွားကာ အတင်းအကြပ် လုပ်ယူထားသော ကြင်နာမှုတွေက သူ့မျက်နှာထက်ကနေ ပျောက်ကွယ်သွားသည်။
"ဘာတွေဖြစ်နေတာလဲ?"
ချန်ကောက ဒီအသံက ကျန်းယာ့ နဲ့ ပတ်သက်တယ်လို့ ခံစားရတယ်။ အဘိုးအိုသည် အခန်းထဲကို စတင်ဝင်ရောက်သောအခါတွင် သူ၏ လက်ချောင်းများ လိမ်နေပုံကို သတိပြုမိပြီး သူ့လက်များသည် သဘာဝမကျသော နည်းလမ်းဖြင့် ကောက်ကွေးသွားသည်ကို သတိပြုမိခဲ့သည်။ အင်အားကြီးတဲ့တခုခုရဲ့ အင်အားကို တားဆီးလိုက်တဲ့အခါ သူတို့ ဒဏ်ရာရသွားစေသလိုပဲ။
"ဒါက ဘာမှမဟုတ်ပါဘူး၊ ပြဿနာသေးသေးလေးပါ"
အဘိုးအိုက အမူယာ မှောင်မိုက်စွာပြောသည်။ သူက အခန်းအလယ်မှာ ရပ်လိုက်ပြီး ချန်ကောကို ကြည့်ဖို့ ခေါင်းကို မြှောက်လိုက်တယ်။
"ငါ့ကို ကောင်လေးပေးလိုက်၊ ငါ မင်းကို လိုက်ပို့ပေးမယ်။"
ဖြူစင်သောမျက်နှာပေါ်တွင် အပို စကားလုံး မရှိပေ။ ဒါပေမယ့် ဒါက ချန်ကောကို ထိတ်လန့်သွားစေသည် ။ အဘိုးအိုသည် နောက်ဆုံးတွင် သူ၏ ဟန်ဆောင်မှုကို စွန့်လွှတ်ခဲ့သည်။
"ကျွန်တော့်ကို အရင်လွှတ်လိုက်၊ ဒါမှမဟုတ်ရင် မပေးဘူး"
ချန်ကောအမြန်ရပ်လိုက်သည်။ ဓားမကိုကိုင်ထားတဲ့ သူ့လက်က နီရဲနေတဲ့ မြွေဆိုးလိုလူကို တိုက်ရိုက်ဆက်ဆံနေရတာ ဒါ ပထမဆုံးအကြိမ်မို့လို့ တုန်ယင်နေတယ်။
"မင်း ထွက်သွားချင်လား။ ကောင်းပြီ ငါနဲ့လိုက်ခဲ့။"
အဘိုးကြီး လှည့်ကြည့်လိုက်တော့ ရုတ်တရက် ချန်ကောကို သံသယတွေ တိုးလာစေတယ်။ သူသည် အဘိုးကြီးနောက်သို့ ဖြည်းညှင်းစွာ လိုက်သွားကာ သူတို့ကြားမှ အကွာဝေးကို သုံးမီတာအကွာအဝေးကို ထိန်းထားရသည်။ ဒီသုံးမီတာအကွာအဝေးတွင် အဘိုးအိုသည် မည်သို့ပင်ရှိစေကာမူ သူ့ကိုချက်ချင်း တုံ့ပြန်နိုင်မည်မဟုတ်ဘူးလို့ သူ သေချာပေါက်သိနေသည်။ သို့သော်၊ သူသည် အနီရောင် အငြိုးတေး ဝိဉာဉ် ၏ ကောက်ကျစ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို လျှော့တွက်ထားမိကြောင်း သူ သိသောအခါတွင် ခြေနှစ်လှမ်းလောက် လှမ်းလိုက်မိသည်။
နည်းစနစ်ပိုင်းအရ၊ သူသည် ဒုတိယခြေလှမ်းကို မလှမ်းမီ လေထဲလှမ်းလက်စ သူ့ ခြေထောက်ကို လှမ်းလိုက်သောကြောင့် ဖြစ်သည်။ သူ မထိန်းနိုင်တော့ဘူး။ သူ ခေါင်းညိမ့်လိုက်သည်။ အဘိုးအိုနှင့် စကားစမြည်ပြောနေစဉ်တွင် စောစောကမြင်ခဲ့သော သွေးကြောများသည် သူ့ခြေရင်းသို့ တွားသွားကာ တိတ်တဆိတ်ရောက်လာခဲ့သည်။ အခုဆို ဗိုင်းရပ်စ်တွေလို သွေးတွေက သူ့အရေပြားထဲကို စိမ့်ဝင်နေတယ်။
"မသွားချင်ဘူးလား။ ငါနဲ့လိုက်ခဲ့လေ။" အဘိုးကြီး လှည့်ကြည့်သည်။
အနားက ရှုံ့မဲ့ပြီး ကြောက်စရာကောင်းတဲ့ အပြုံးနဲ့ ချန်ကောကို ပြောလိုက်ပေမယ့် ချန်ကောက သူ့နောက်ကို မလိုက်ရဲတော့ဘူး။ သူသည် ဓားမကို ကိုင်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်ချင်သော်လည်း လေထဲတွင် ချိတ်ထားသည့် လှမ်းလက်စ ခြေထောက်က ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့နေခဲ့သည် ။
"ဒီသွေးကြောတွေကြောင့်လား?"
ချန်ကော၏စိတ်သည် ကြောက်ရွံ့မှုဖြင့် ဦးရေပြားပြင် ထုံကျဉ်သွားသည်။ သူ့ဘယ်ဘက်ခြေထောက်တွင် သွေးကြောများမည်မျှစိမ့်ဝင်သည်ကို သူ မသိခဲ့ပေ၊ ကြောက်စရာအကောင်းဆုံးမှာ အဘိုးအိုပြောသည့်အတိုင်း၊ အက်ကွဲနေသောနံရံများနှင့် ကြမ်းပြင်များမှ သွေးကြောများ ပိုများလာသည်။ မြွေငယ်များကဲ့သို့ပင် ချန်ကော ထံ လျှောကာ ရောက်လာကြသည်။
သာမာန်လူသည် သူတို့၏တည်ငြိမ်မှု ဆုံးရှုံးသွားရင် ဓားမကိုဝှေ့ယမ်းက တိုက်ခိုက်မည် ဖြစ်သော်လည်း ချန်ကောတွင် အခြေအနေမည်မျှအန္တရာယ်ရှိပါစေ ငြိမ်သက်နေနိုင်တာက အများစုနှင့်မတူသည့် အချက်တစ်ခု ဖြစ်သည်။
သွေးကြောများက သူ့ခန္ဓာကိုယ်ပေါ်သို့ တက်လာသည်နှင့်အမျှ ချန်ကော၏ ဓားမက အောက်ဘက်သို့ ဆက်၍ ဖိလာသည်။ အဘိုးအိုသည် ချန်ကောကို လှည့်စားရန် ရည်ရွယ်ချက်ရှိရှိ လှည့်ကြည့်ခဲ့သော်လည်း ကဲ့ရဲ့လှောင်ပြောင်ရန် လှည့်ပြန်ခဲ့သည်။
အဘိုးအိုသည် ယုံကြည်မှုအပြည့်ရှိလျှင် ချန်ကောကို တိုက်ရိုက်ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ကောင်လေးကို တခုခု နိုးလိုက်မိမည်ကို သူ စိတ်ပူနေပုံရတယ်။ ချန်ကောက အဘိုးကြီး ကောင်လေး နိုးလာမှာကို ဘာကြောင့် အရမ်းကြောက်ခဲ့တာလဲဆိုတာ နားမလည်နိုင်ပေမယ့် အဲဒီအခြေအနေမျိုးမှာ အဘိုးအိုက ပိုကြောက်လာတဲ့အတွက် ချန်ကောက ဒါကိုလုပ်ဖို့ အကြောင်းပြချက် ပိုများလာခဲ့တယ်။
ဓားက ကောင်လေးရဲ့ အရေပြားကို ထိသော်လည်း ဒဏ်ရာမှ သွေးများ ထွက်မလာပါ။ ထူးဆန်းတာက အဘိုးကြီး ထိန်းချုပ်ထားတဲ့ သွေးကြောတွေက ကောင်လေးနဲ့ နီးတဲ့အခါတိုင်း ဒေါသတွေ ထွက်နေပုံရပြီး နောက်ဆုံးမှာတော့ ပွင့်နေတဲ့ ဒဏ်ရာကြောင့် ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲကို ပြန်ရောက်သွားတယ်။
သွေးတွေက ကောင်လေးနဲ့ သက်ဆိုင်ပုံရတယ်။ အဘိုးအိုက သူ့စွမ်းအားကို ခိုးယူရုံပဲ ဆိုတာ ဖြစ်နိုင်ပါ့မလား။
ချန်ကောသည် အဖိုးအို၏လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက ပိုမို ရဲရင့်လာသည်—ဓားမနဲ့ ကောင်လေးရဲ့ကိုယ်ပေါ်မှာ ပိုကြီးသောဒဏ်ရာကို ဖန်တီးခဲ့စဉ် အဖိုးအို၏အော်သံသည် ချန်ကော၏နားထဲသို့ ပျံ့လွင့်သွားသည်။
ကောင်လေး၏ ညှပ်ရိုးတစ်ဝိုက်တွင် ဒဏ်ရာကို ဖန်တီးထားပြီး မျက်ခွံများ လှုပ်လာသည့် ကောင်လေးသည် လက်သီးများကို ရုတ်တရက် တင်းတင်းဆုပ်ကာ မျက်လုံးများ ပွင့်ထွက်သွားသည်။
အခန်းတွင်းရှိ သွေးကြောများ ချက်ချင်း နှစ်ခြမ်းကွဲသွားသည်။ သူတို့အနက်မှ အစိတ်အပိုင်းအချို့သည် ဆုတ်ခွာသွားချိန်တွင် ကျန်တစ်ဝက်ကို ကောင်လေးက သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားသဖြင့် ထိုသွေးကြောတွေက ဆက်လက်ရုန်းကန်နေရသည်။
"မင်း အရူးကောင်ပဲ။ မင်း နတ်ဆိုးကို နှိုးလိုက်ပြီ။"
အဘိုးအို၏ မျက်နှာသည် ဖြူဖျော့သွား၏။ သူ ပြေးဖို့ လှည့်လိုက်ပေမယ့် ခြေလှမ်းပေါင်းများစွာ လှမ်းလိုက်ရုံသာ အနက်ရောင်ဆံပင် လှိုင်းလုံးကြီးတွေက တစ်ဖက် စင်္ကြံကို ဖြတ်ကျော်ကာ ထိုလူအိုကြီးဆီ ရောက်လာသည် ။
*******-******
Chapter (181) - မင္းက မေကာင္းဆိုးဝါးကို နိႈးလိုက္ျပီ....
ဆရာဝန္လူအိုႀကီး ေျပာတာကို နိဂုံးခ်ဳပ္ရရင္ တံခါးေနာက္ကြယ္က ကမာၻႀကီးဟာ မန္နန္ ရဲ႕ အဓိက ပုဂၢိဳလ္က ဖန္တီးထားတဲ့ အိပ္မက္ဆိုးတစ္ခုသာ ျဖစ္တယ္။ ေကာင္ေလးႏိုးလာတဲ့အခါ၊ လက္ေတြ႕ကမာၻနဲ႔ အိပ္မက္ကို ဆက္သြယ္ထားတဲ့ တံခါးက ပိတ္သြားၿပီး အိပ္မက္ထဲမွာ ထာဝရ ပိတ္မိေနလိမ့္မယ္။
သရဲေျခာက္တဲ့အိမ္မွာ ေပၚလာတဲ့ 'တံခါး' ေၾကာင့္သာမဟုတ္ရင္ ခ်န္ေကာက အဘိုးအို ေျပာတာကို ယုံမွာမဟုတ္ဘူး။ မတူညီေသာေနရာႏွစ္ခုတြင္ ခ်ိတ္ဆက္ထားသည့္ 'တံခါး' ၏ ပံုစံသည္ မန္နန္၏ အိပ္မက္ဆိုးကို ရွင္းျပႏိုင္သည့္အရာမဟုတ္ပါ။ ခ်န္ေကာသည္ ထိုအခ်က္ကို ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေပ။ သူက ဆရာဝန္လူအိုႀကီး ကိုၾကည့္ၿပီး ေနာက္ေမးခြန္းတစ္ခုေမးလိုက္တယ္။
"ဒါက ေကာင္ေလးရဲ႕ အိပ္မက္ဆိုးပဲလို႔ ခင္ဗ်ား ေျပာခဲ့တယ္၊ ဒီမွာ အရာအားလုံးက ေကာင္ေလးရဲ႕ မသိစိတ္ရဲ႕ ေရာင္ျပန္ဟပ္ေနတဲ့ အရာတစ္ခုပဲ။ ၿပီးေတာ့ ဒီအိပ္မက္ဆိုးမွာ ခင္ဗ်ားဘယ္အခန္းက႑က ပါဝင္ေနသလဲ ဆိုတာ ကြ်န္ေတာ့္ကို ေျပာျပႏိုင္မလား။ ဒါမွမဟုတ္ သူ႔အိပ္မက္ဆိုးထဲမွာ ခင္ဗ်ားက ဘာကို ကိုယ္စားျပဳလဲ"
အဘိုးအို၏ မ်က္ႏွာေပၚတြင္ အမူအရာ ေအးခဲသြားေသာ္လည္း ေမးခြန္းကို သူ မေရွာင္လႊဲခဲ့ေပ။
"မင္းလိုပဲ ငါက အိပ္မက္ဆိုးက အျပင္က လာတာ။ ငါတို႔က အျပင္လူေတြမို႔လို႔ အိပ္မက္ဆိုးထဲမွာေတာင္ ငါတို႔ကိုယ္တိုင္ ကစားေနၾကရတယ္"
"ကိုယ္တိုင္ကစားေနတာလား?"
ခ်န္ေကာသည္ ျပင္ပကမာၻမွ ဝင္လာၿပီး သူ႔ခႏၶာကိုယ္တြင္ ျမင္သာထင္သာရွိေသာ ေျပာင္းလဲျခင္းမ်ိဳးမရွိေပ။ အဘိုးအိုသည္ သူ႔အတြက္ သက္ဝင္လႈပ္ရွားသည့္ အရိပ္အေယာင္မရွိေပ။ ခ်န္ေကာ၏ အာ႐ုံစူးစိုက္မႈကို ဆြဲေဆာင္ထးသည့္ ေသြးေတြရဲေနသည့္ အနီေရာင္ကုတ္အက်ႌမွ အႀကည့္ကို မေ႐ြ႕ႏိုင္ေပ။ ခ်န္ေကာ၏ စိတ္ထဲတြင္ အေတြးတစ္ခု ေပၚလာသည္။ အဘိုးအိုက ဒီကုတ္အက်ႌကို ဝတ္ထားၿပီးသားျဖစ္ႏိုင္ပါ့မလား။ အျဖဴေရာင္အက်ႌကို အနီနဲ႔ဆိုးဖို႔ သူ ဘာလုပ္ခဲ့လဲ။
ခ်န္ေကာသည္ အဘိုးအိုကို ပထမဆုံးအႀကိမ္ေတြ႕ေသာအခါ ခ်န္ေကာသည္ သူ႔စိတ္ထဲမွာ ထင္ျမင္ခ်က္တစ္ခုသာ ရွိေနသည္။ လြန္ခဲ့ေသာသုံးႏွစ္က တတိယနာမက်န္းခန္းမေဆာင္ ၏ဒါ႐ိုက္တာသည္ ထူးထူးျခားျခားေပ်ာက္ကြယ္သြားခဲ့ၿပီး သူ၏တည္ေနရာသည္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ ျဖစ္ေနခဲ့သည္။ အေလာင္းမရွိသလို သူနဲ႕ပတ္သတ္သည့္ သတင္းလည္း ဘာမွ မရွိဘူး။
သူ႔ေရွ႕က ဒီအဘိုးႀကီးဟာ ႐ုပ္ရည္အရပဲျဖစ္ျဖစ္ အသက္အ႐ြယ္အရပဲျဖစ္ျဖစ္ ဒါ႐ိုက္တာတစ္ေယာက္နဲ႕ ကိုက္ညီေနတာေႀကာင့္ ခ်န္ေကာဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက ဒါ႐ိုက္တာေဟာင္းက ေပ်ာက္ကြယ္မသြားဘဲ တံခါးေပါက္ကို ဝင္လာခဲ့တယ္လို႔ သံသယရွိခဲ့ပါတယ္။ ဒါ႐ိုက္တာေဟာင္း ေရးတဲ့ စာအနည္းငယ္ကို သူ ဖတ္ၿပီး ေနာက္ဆုံးစာမွာ ဒါ႐ိုက္တာက တံခါးေနာက္ကြယ္က ကမာၻကို စိတ္ဝင္စားတဲ့ အရိပ္အေယာင္ေတြ ျပခဲ့တယ္။
ဒါေပမယ့္ ခ်န္ေကာက အဲဒီ့စာေတြကို သူ ဖတ္ဖူးတာေၾကာင့္လည္း အဲဒီလူကို အထင္ႀကီးသြားခဲ့ပါတယ္။ ထို႔ေၾကာင့္၊ သူ႔ေရွ႕တြင္ ဤအနီေရာင္ အျငိဳးေတးဝိဥာဥ္ ႏွင့္ စာထဲတြင္ ၾကင္နာေသာ ဒါ႐ိုက္တာကို တထပ္တည္း ျမင္ဖုိ႕က ခက္ခဲေနခဲ့သည္။
ခ်န္ေကာသည္ စိတ္တည္ၿငိမ္အာင္ လုပ္ျပီး ေခါင္းယမ္းလိုက္သည္။ ဒါ႐ိုက္တာနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ အသိပညာဟာ အဲဒီစာေတြေပၚမွာ လုံးလုံးလ်ားလ်ား အေျခခံထားတယ္။ ဘယ္သူမွ သူတုိ႕ေရးတဲ့စာထဲမွာ စိတ္ရွိတုိ္င္း ဆဲဆိုတာကို မေရးတတ္လို႕ စာထဲကေဖာ္ျပခ်က္ေတြက တကယ့္ဒါ႐ိုက္တာကို အျပည့္အဝကိုယ္စားျပဳႏိုင္မည္မဟုတ္ေပ။
အီလက္ထေရာ့ ေရွာ့ခ္႐ိုက္ကုထုံးအခန္းက လူစည္ကားၿပီး ညစ္ပတ္ေသာ ပထမဖ်ားနာေဆာင္ ခန္းမအျပင္ ဗလာျဖစ္ၿပီး စြန႔္ပစ္ထားေသာ ဒုတိယလူနာခန္းမထက္ ခ်န္ေကာကို အသက္ရႈၾကပ္ေစကာ ပိုမို သတိရွိ လာေစသည္။
"အခု ငါ ဆိုလိုတာကို မင္းနားလည္ၿပီလား။ ေကာင္ေလးကို မႏႈိးနဲ႔။ သူ႔ကို လွဲခ်လိုက္ၿပီး မင္းကို ဒီအိပ္မက္ဆိုးထဲက လႊတ္ေပး လိုက္မယ္။"
အဘိုးအို၏ အသံသည္ သာယာၿပီး သူ ေျပာသည့္အေႀကာင္းရာက သူကေပးနုိင္တဲ့ အႏၲရာယ္ကို အျခားသူမ်ားအား ေမ့သြားေစသည္။
ခ်န္ေကာ တံခါးဆီသို႔ ျဖည္းညႇင္းစြာ ေ႐ႊ႕လိုက္သည္။
"ကြ်န္ေတာ္ ေကာင္ေလးကို မထိခိုက္ေစပါဘူး၊ ဒါေပမယ့္ ခင္ဗ်ား ဒီေနရာကေန ဘယ္လို ထြက္သြားရမလဲ အရင္ေျပာျပရမယ္။ ခင္ဗ်ားရဲ႕ ႐ိုးသားမႈကို ျပပါ"
"ထြက္သြားဖို႔က လြယ္တယ္၊ မင္း တံခါးဆီကို ေနာက္ျပန္ဆုတ္ဖို႔ပဲလိုတယ္..."
ဘုန္း....
အဘိုးအိုသည္ က်ယ္ေလာင္ေသာ အသံေႀကာင့္ စကားေျပာတာ ရပ္တန႔္သြားသည္။ တတိယနာမက်န္း ခန္းမေဆာင္ က အခန္းတစ္ခန္း ေပါက္ကြဲသြားသလိုပဲ။ ဒါကိုၾကားေတာ့ အဘိုးႀကီး မ်က္ႏွာပ်က္သြားတယ္။ သူ၏ ျဖဴေဖ်ာ့ေသာ မ်က္ႏွာသည္ တြန္႕လိမ္သြားကာ အတင္းအၾကပ္ လုပ္ယူထားေသာ ၾကင္နာမႈေတြက သူ႕မ်က္နွာထက္ကေန ေပ်ာက္ကြယ္သြားသည္။
"ဘာေတြျဖစ္ေနတာလဲ?"
ခ်န္ေကာက ဒီအသံက က်န္းယာ့ နဲ႔ ပတ္သက္တယ္လို႔ ခံစားရတယ္။ အဘိုးအိုသည္ အခန္းထဲကို စတင္ဝင္ေရာက္ေသာအခါတြင္ သူ၏ လက္ေခ်ာင္းမ်ား လိမ္ေနပုံကို သတိျပဳမိၿပီး သူ႔လက္မ်ားသည္ သဘာဝမက်ေသာ နည္းလမ္းျဖင့္ ေကာက္ေကြးသြားသည္ကို သတိျပဳမိခဲ့သည္။ အင္အားႀကီးတဲ့တခုခုရဲ႕ အင္အားကို တားဆီးလိုက္တဲ့အခါ သူတို႔ ဒဏ္ရာရသြားေစသလိုပဲ။
"ဒါက ဘာမွမဟုတ္ပါဘူး၊ ျပႆနာေသးေသးေလးပါ"
အဘိုးအိုက အမူယာ ေမွာင္မိုက္စြာေျပာသည္။ သူက အခန္းအလယ္မွာ ရပ္လိုက္ၿပီး ခ်န္ေကာကို ၾကည့္ဖို႔ ေခါင္းကို ေျမႇာက္လိုက္တယ္။
"ငါ့ကို ေကာင္ေလးေပးလိုက္၊ ငါ မင္းကို လိုက္ပို႔ေပးမယ္။"
ျဖဴစင္ေသာမ်က္ႏွာေပၚတြင္ အပို စကားလံုး မရွိေပ။ ဒါေပမယ့္ ဒါက ခ်န္ေကာကို ထိတ္လန႔္သြားေစသည္ ။ အဘိုးအိုသည္ ေနာက္ဆုံးတြင္ သူ၏ ဟန္ေဆာင္မႈကို စြန႔္လႊတ္ခဲ့သည္။
"ကြ်န္ေတာ့္ကို အရင္လႊတ္လိုက္၊ ဒါမွမဟုတ္ရင္ မေပးဘူး"
ခ်န္ေကာအျမန္ရပ္လိုက္သည္။ ဓားမကိုကိုင္ထားတဲ့ သူ႔လက္က နီရဲေနတဲ့ ေႁမြဆိုးလိုလူကို တိုက္႐ိုက္ဆက္ဆံေနရတာ ဒါ ပထမဆုံးအႀကိမ္မို႔လို႔ တုန္ယင္ေနတယ္။
"မင္း ထြက္သြားခ်င္လား။ ေကာင္းၿပီ ငါနဲ႔လိုက္ခဲ့။"
အဘိုးႀကီး လွည့္ၾကည့္လိုက္ေတာ့ ႐ုတ္တရက္ ခ်န္ေကာကို သံသယေတြ တိုးလာေစတယ္။ သူသည္ အဘိုးႀကီးေနာက္သို႔ ျဖည္းညႇင္းစြာ လိုက္သြားကာ သူတို႔ၾကားမွ အကြာေဝးကို သုံးမီတာအကြာအေဝးကို ထိန္းထားရသည္။ ဒီသုံးမီတာအကြာအေဝးတြင္ အဘိုးအိုသည္ မည္သို႔ပင္ရွိေစကာမူ သူ႕ကိုခ်က္ခ်င္း တုံ႔ျပန္ႏိုင္မည္မဟုတ္ဘူးလို႕ သူ ေသခ်ာေပါက္သိေနသည္။ သို႔ေသာ္၊ သူသည္ အနီေရာင္ အျငိဳးေတး ဝိဥာဥ္ ၏ ေကာက္က်စ္မႈႏွင့္ ရက္စက္ၾကမ္းၾကဳတ္မႈကို ေလွ်ာ့တြက္ထားမိေၾကာင္း သူ သိေသာအခါတြင္ ေျခႏွစ္လွမ္းေလာက္ လွမ္းလိုက္မိသည္။
နည္းစနစ္ပိုင္းအရ၊ သူသည္ ဒုတိယေျခလွမ္းကို မလွမ္းမီ ေလထဲလွမ္းလက္စ သူ႕ ေျခေထာက္ကို လွမ္းလိုက္ေသာေၾကာင့္ ျဖစ္သည္။ သူ မထိန္းႏိုင္ေတာ့ဘူး။ သူ ေခါင္းညိမ့္လိုက္သည္။ အဘိုးအိုႏွင့္ စကားစျမည္ေျပာေနစဥ္တြင္ ေစာေစာကျမင္ခဲ့ေသာ ေသြးေၾကာမ်ားသည္ သူ႔ေျခရင္းသို႔ တြားသြားကာ တိတ္တဆိတ္ေရာက္လာခဲ့သည္။ အခုဆို ဗိုင္းရပ္စ္ေတြလို ေသြးေတြက သူ႔အေရျပားထဲကို စိမ့္ဝင္ေနတယ္။
"မသြားခ်င္ဘူးလား။ ငါနဲ႔လိုက္ခဲ့ေလ။" အဘိုးႀကီး လွည့္ၾကည့္သည္။
အနားက ရႈံ႕မဲ့ၿပီး ေၾကာက္စရာေကာင္းတဲ့ အၿပဳံးနဲ႔ ခ်န္ေကာကို ေျပာလိုက္ေပမယ့္ ခ်န္ေကာက သူ႔ေနာက္ကို မလိုက္ရဲေတာ့ဘူး။ သူသည္ ဓားမကို ကိုင္လိုက္ၿပီး ေနာက္သို႔ ေျခတစ္လွမ္းဆုတ္ခ်င္ေသာ္လည္း ေလထဲတြင္ ခ်ိတ္ထားသည့္ လွမ္းလက္စ ေျခေထာက္က ေရွ႕သို႔ ျဖည္းညႇင္းစြာ ေ႐ြ႕ေနခဲ့သည္ ။
"ဒီေသြးေၾကာေတြေၾကာင့္လား?"
ခ်န္ေကာ၏စိတ္သည္ ေၾကာက္႐ြံ႕မႈျဖင့္ ဦးေရျပားျပင္ ထုံက်ဥ္သြားသည္။ သူ႔ဘယ္ဘက္ေျခေထာက္တြင္ ေသြးေၾကာမ်ားမည္မွ်စိမ့္ဝင္သည္ကို သူ မသိခဲ့ေပ၊ ေၾကာက္စရာအေကာင္းဆုံးမွာ အဘိုးအိုေျပာသည့္အတိုင္း၊ အက္ကြဲေနေသာနံရံမ်ားႏွင့္ ၾကမ္းျပင္မ်ားမွ ေသြးေၾကာမ်ား ပိုမ်ားလာသည္။ ေႁမြငယ္မ်ားကဲ့သို႔ပင္ ခ်န္ေကာ ထံ ေလွ်ာကာ ေရာက္လာၾကသည္။
သာမာန္လူသည္ သူတို႔၏တည္ျငိမ္မႈ ဆုံးရႈံးသြားရင္ ဓားမကိုေဝွ႔ယမ္းက တိုက္ခုိက္မည္ ျဖစ္ေသာ္လည္း ခ်န္ေကာတြင္ အေျခအေနမည္မွ်အႏၲရာယ္ရွိပါေစ ၿငိမ္သက္ေနႏိုင္တာက အမ်ားစုႏွင့္မတူသည့္ အခ်က္တစ္ခု ျဖစ္သည္။
ေသြးေၾကာမ်ားက သူ႔ခႏၶာကိုယ္ေပၚသို႔ တက္လာသည္ႏွင့္အမွ် ခ်န္ေကာ၏ ဓားမက ေအာက္ဘက္သို႔ ဆက္၍ ဖိလာသည္။ အဘိုးအိုသည္ ခ်န္ေကာကို လွည့္စားရန္ ရည္႐ြယ္ခ်က္ရွိရွိ လွည့္ၾကည့္ခဲ့ေသာ္လည္း ကဲ့ရဲ႕ေလွာင္ေျပာင္ရန္ လွည့္ျပန္ခဲ့သည္။
အဘိုးအိုသည္ ယုံၾကည္မႈအျပည့္ရွိလွ်င္ ခ်န္ေကာကို တိုက္႐ိုက္ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္သည္။ ေကာင္ေလးကို တခုခု နိုးလိုက္မိမည္ကို သူ စိတ္ပူေနပုံရတယ္။ ခ်န္ေကာက အဘိုးႀကီး ေကာင္ေလး ႏိုးလာမွာကို ဘာေၾကာင့္ အရမ္းေၾကာက္ခဲ့တာလဲဆိုတာ နားမလည္ႏိုင္ေပမယ့္ အဲဒီအေျခအေနမ်ိဳးမွာ အဘိုးအိုက ပိုေၾကာက္လာတဲ့အတြက္ ခ်န္ေကာက ဒါကိုလုပ္ဖို႔ အေၾကာင္းျပခ်က္ ပိုမ်ားလာခဲ့တယ္။
ဓားက ေကာင္ေလးရဲ႕ အေရျပားကို ထိေသာ္လည္း ဒဏ္ရာမွ ေသြးမ်ား ထြက္မလာပါ။ ထူးဆန္းတာက အဘိုးႀကီး ထိန္းခ်ဳပ္ထားတဲ့ ေသြးေၾကာေတြက ေကာင္ေလးနဲ႔ နီးတဲ့အခါတိုင္း ေဒါသေတြ ထြက္ေနပုံရၿပီး ေနာက္ဆုံးမွာေတာ့ ပြင့္ေနတဲ့ ဒဏ္ရာေၾကာင့္ ေကာင္ေလးရဲ႕ ခႏၶာကိုယ္ထဲကို ျပန္ေရာက္သြားတယ္။
ေသြးေတြက ေကာင္ေလးနဲ႔ သက္ဆုိ္င္ပံုရတယ္။ အဘိုးအိုက သူ႔စြမ္းအားကို ခိုးယူ႐ုံပဲ ဆုိတာ ျဖစ္ႏိုင္ပါ့မလား။
ခ်န္ေကာသည္ အဖိုးအို၏လွ်ိဳ႕ဝွက္ခ်က္ကို ရွာေဖြေတြ႕ရွိခဲ့သည္။ သူက ပိုမို ရဲရင့္လာသည္—ဓားမနဲ႕ ေကာင္ေလးရဲ႕ကိုယ္ေပၚမွာ ပိုႀကီးေသာဒဏ္ရာကို ဖန္တီးခဲ့စဥ္ အဖိုးအို၏ေအာ္သံသည္ ခ်န္ေကာ၏နားထဲသို႔ ပ်ံ႕လြင့္သြားသည္။
ေကာင္ေလး၏ ညႇပ္႐ိုးတစ္ဝိုက္တြင္ ဒဏ္ရာကို ဖန္တီးထားၿပီး မ်က္ခြံမ်ား လႈပ္လာသည့္ ေကာင္ေလးသည္ လက္သီးမ်ားကို ႐ုတ္တရက္ တင္းတင္းဆုပ္ကာ မ်က္လုံးမ်ား ပြင့္ထြက္သြားသည္။
အခန္းတြင္းရွိ ေသြးေၾကာမ်ား ခ်က္ခ်င္း ႏွစ္ျခမ္းကြဲသြားသည္။ သူတို႔အနက္မွ အစိတ္အပိုင္းအခ်ိဳ႕သည္ ဆုတ္ခြာသြားခ်ိန္တြင္ က်န္တစ္ဝက္ကို ေကာင္ေလးက သူ႔ခႏၶာကိုယ္ထဲသို႔ စုပ္ယူသြားသျဖင့္ ထိုေသြးေႀကာေတြက ဆက္လက္႐ုန္းကန္ေနရသည္။
"မင္း အ႐ူးေကာင္ပဲ။ မင္း နတ္ဆိုးကို ႏႈိးလိုက္ၿပီ။"
အဘိုးအို၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့သြား၏။ သူ ေျပးဖို႔ လွည့္လိုက္ေပမယ့္ ေျခလွမ္းေပါင္းမ်ားစြာ လွမ္းလိုက္႐ုံသာ အနက္ေရာင္ဆံပင္ လႈိင္းလုံးႀကီးေတြက တစ္ဖက္ စႀကႍကို ျဖတ္ေက်ာ္ကာ ထိုလူအိုႀကီးဆီ ေရာက္လာသည္ ။
*******-******