ရုပ်ဆိုးတဲ့နှင်းဆီ (Completed)

By eainsi23

1.6M 131K 12.5K

သောင်းဆင့်ဆက်နိုင် နှင်းဆီဘွဲ့ဆူး More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
ဇာတ်သိမ်း
book order

17

51.9K 4.4K 985
By eainsi23

" သက်သာလား "

" အင်း "

" အားမနာနဲ့နော်။ ခြေထောက်တွေကိုက်နေသေးရင်
ညီလေးက လက်ကြီးပြတ်ချင်ပြတ်ထွက်သွားပါစေ
နှိပ်ပေးမှာ "

အမယ် အပြောလေးက ။  ရုပ်ကြမ်းကြီးနဲ့ နွဲ့တယ်ဆိုရင်စိတ်ဆိုးအုံးမည်။

" နေပါကွာ ၊မင်းပါးစပ်လေး အပိုတွေ မပြောရင်ပဲ
ငါသက်သာတာကြာပြီ "

အိပ်နေရာမှ မျက်လုံးမဖွင့်ပဲ ပြော‌‌ နေတဲ့သူ့ အချစ်ကြီးကြောင့် သောင်းဆင့်နှာခေါင်းရှုံ့သွား၏။
ဘယ်တော့မှ အီစီကလီ လုပ်မရတဲ့ အဘိုးကြီးပေါက်စ။  ကနုကယွလေးပြောချင်ပေမဲ့ မတုန်မလှုပ်နဲ့ အပိတ်စကားတွေကြီးပဲထွက်လာတာမို့ သူ့မှာ အီလည်လည် တဝက်တပျက်ကြီးအမြဲဖြစ်ရသည်။
ဒါလည်း ချစ်နေရတာပဲမို့ နှုတ်ခမ်းဆူကာ ပြန်ချစ်လို့ ချစ်လာငြား ထပ်မံပြီး ဆိုးနွဲ့စွာပြောလိုက်မိပါ၏။

" နှင်းဆီဘွဲ့ဆူးကလည်းဗျာ ။ ကျုပ်ဆို ဒီတိုင်းကြီးပဲ။
ချစ်ကြည့်လို့ကို မရဘူး။ တအားယောကျာ်းဆန်လွန်းတာပဲ "

" မင်းယူထားတာ ယောကျာ်းကြီးလေ။ မေ့မနေနဲ့အုံး"

စကားတက်လွန်းတဲ့ သောင်းဆင့်ကြောင့် မျက်လုံးမှိတ်ထားရက်နှင့်ပြုံးရပြန်သည်။
တိမ်လွှာကန် ရေဖောက်ချတဲ့‌နေ့က မိုးရေထဲ ငါးနာရီလောက်နေခဲ့ရသော အကျိုးကြောင့် ဘွဲ့ဆူးဖျားခဲ့၏။
လေးရက်လောက် မိုးဆက်တိုက်ရွာသွန်းအပြီးမှာ
လွမ်းချောင်း ရေများလာတာကလွဲပြီး အသက်အန္တရာယ်ထိခိုက်အောင်ထိတော့ မဖြစ်ခဲ့တော့ပေ။
သို့တိုင် မိုးရေနှင့် လွမ်းချောင်းမှ ရေများပြီး ရွာထဲ တချို့တလေ စီးဝင်လာမူ့ကြောင့် ရွာအတွင်းဒူးကျော်အောင်ထိ ရေတက်ခဲ့ရသည်။ အနိမ့်ပိုင်းဒေသမို့ ထိုမျှပမာနက စိုးရိမ်စရာမဟုတ်ပဲပျော်စရာသာဖြစ်ခဲ့၏။
ခုဆို နေမင်းသည် တိမ်မဲတို့အား ကျော်လွန်၍
ထွန်းတောက်နိုင်ခဲ့ပြီ။ ခါတိုင်းမိုးသံကြောင့် စကားပြောသံပင် မကြားရသမျှသည် ယခုမှ ပိုအတိုးချ ပြောနေသယောင် တစ်အိမ်နှင့်တစ်အိမ်အော်ဟစ်စကားပြောနေမှာ အိပ်မရသည်ထိ ဆူညံနေပါ၏။

" ဒါကတော့ဗျာ ၊ချစ်တဲ့မျက်စိနဲ့ကြည့်တာက အပိုလေ၊  ခုပဲကြည့် ၊ခြေသလုံးလေး နှိပ်ပေးရုံနဲ့ ညီလေးမှာ  ရေလှိုင်းလေးလိုပဲ ရင်ထဲထိ တငြိမ့်ငြိမ့်နဲ့တိုးတိုးပြီး ချစ်လိုက်ရတာ "

" ဟားဟား.. သောင်းဆင့်ရာ ၊ မင်း အသားမဲ သလောက် စကားတက်လှချည်လားကွ "

ဘွဲ့ဆူးစကားကြောင့် နှိပ်နေတဲ့ လက်မဲကြီးတုန်ခနဲဖြစ်သွားတာသိသိသာသာပင်။
ဘွဲ့ဆူးရယ်မိတာအတောမသတ်တော့ပေ။

"မဲတဲ့သူများ မဲတယ်ပြောရင် မကြိုက်ချင်ဘူး"

" နှိပ်လည်းပေးရသေးတယ်။ နှင်းဆီဘွဲ့ဆူးအတော်လေး မကောင်းတဲ့ ယောကျာ်းပဲဗျ "

" အဲ့ယောကျာ်းကို မင်းပဲ ချစ်လှချည်ရဲ့ဆို "

" ဒါ .. ဒါကတော့ "

ရှေ့ဆက်ပြီးမပြောနိုင်တော့တဲ့အခါ သောင်းဆင့်မျက်နှာ ကြည့်ရဆိုးလောက်အောင် အိုလာသည်။
အီလည်လည်မျက်နှာထားကား မေးရိုးကြီးကားသည်အထိ အံကြိတ်ထားတာများ သူစိမ်းတွေဆို မြင်ရုံဖြင့်ကြောက်ကြလိမ့်မည်ဖြစ်သည်။

"‌ ရေချိုးချင်တယ် "

" နေမှမကောင်းသေးတာ "

" ဆေးထိုးမယ်ကွာ ၊ဒါဆိုပျောက်ပြီ ။ သွား ..
ဆရာမ သွားခေါ်ချေ "

သောင်းဆင့် ပိုပြီးဒေါသထွက်လာ၏။
ဆရာမ ဆိုတဲ့စကားကို သူမကြားနိုင်ပေ။
ထိုအမျိုးသမီးကို ခေါ်မည့်အစား နှင်းဆီဘွဲ့ဆူးအား
ကုန်းတစ်တန်၊ရေတစ်တန်ဖြတ်ကာ အနီးဆုံးမြို့ကိုသာခေါ်သွားလိုက်မည်သာ။
စံထား။ ထိုအမျိုးသမီးသည် ယောကျာ်းတစ်ယောက် အိမ်ထောင်ပြုဖို့ မလွဲမသွေ သဘောကျသည့်ပုံစံမျိုးဖြစ်သည်။ ရှည်လျားတဲ့ဆံနွယ်ရှည်တွေကို တချိန်က
သူ့သက်ကြားရွယ်အို သဘောကျခဲ့လိမ့်မည်။
ကြည်လင်သော မျက်နှာထားအား စွဲမက်ချင်စွဲမက်လိမ့်မည်။

ဒါဟာ အတိတ်မှာ ကျန်ခဲ့ပြီဖြစ်ပေမဲ့
သူကတော့ အမြင်မကြည်နိုင်ပေ။
ထို့ကြောင့် နေမကောင်းစဉ်အခါက အိမ်သို့ပင့်ဖို့ စိတ်ကူးထဲပင် မထည့်ခဲ့တာဖြစ်သည်။

အတင်းအဓမ္မ သိမ်းပိုက်ထားသည့်တိုင်
ပေးတွေ့ဖို့ကို နှမြောလှ၏။ အဲ့သလောက်ထိ
ဒီဘိုးတော်ကို ချစ်ရပါ၏။

" ခင်ဗျား ကျုပ်တစ်ယောက်လုံးရှိနေတာကို
အဲ့တစ်‌ ယောက်နဲ့ တွေ့ချင်နေ သေးတာလား။
ဒီမှာ နှင်းဆီဘွဲ့ဆူး။ ကျုပ်က ယုတ်မာတဲ့နေရာမှ နှစ်ယောက်မရှိဘူးဆိုတာ  မေ့မနေနဲ့"

ခပ်မာမာပြောလည်း သူ့ယောကျာ်းအကြောတင်းလာပုံများ ဟိုလူပျိုဘဝကနဲ့နည်းနည်းမှမဆိုင်တော့ပေ။
အရင်ကဆို အော်လိုက်ရုံဖြင့် မသိမသာလေး လန့်တက်သေးပေမဲ့ ခုများတော့ သောင်းဆင့်အား
ကိုယ့်လင်ဆိုတဲ့အပေါက်နဲ့ နည်းနည်းမှ မခန့်ချင်တော့။

ခက်ပြီ နှင်းဆီဘွဲ့ဆူးရယ်။

" ကျုပ်အတည်ပြောနေတာ။ မရယ်နဲ့ "

" မောင်လို့ပြောကြည့်စမ်း "

ပြုံးစိစိစမိတော့ မျက်နှာမဲကြီးရဲသွားတာ သိသိသာသာကြီး။

" မပြောဘူးလား ။ အရင်ကဆို မောင်ကလေ မောင်ကလေနဲ့ မင်းပဲ တားမရ စီးမရ ပြောတာလေ "

" နှင်းဆီဘွဲ့ဆူး မစနဲ့ လို့ပြောနေတယ်နော်"

သောင်းဆင့် အော်သံက အခန်းအား ပေါက်ထွက်လုလု။ နားကို ပိတ်ကာ ဘွဲ့ဆူး တဟားဟားအော်ရယ်တော့ စိတ်တိုလာသည့်ထင် မျက်စောင်းခဲကာ
ပါးစပ်ကိုအတင်းလိုက်ပိတ်သည်။
မရယ်စေချင်လေ ပိုရယ်ချင်လေမို့ နှစ်ယောက်သား ရုန်းကန်ရင်း လုံးထွေးမိကြသည်။
အတော်ကြာမှ သောင်းဆင့်က မတားမြစ်တော့ပဲ
ဘွဲ့ဆူးဘေးမှာ ဝင်လှဲအိပ်လာတော့၏။

" သောင်းဆင့် "

လှုပ်ခတ်သွားသော မျက်တောင်စိပ်စိပ်တွေအား ငေးကာ တိုးတိုးလေး ခေါ်လိုက်တာဖြစ်သည်။
ချွေးစတွေပြန်နေတဲ့ နှဖူးအား ဘွဲ့ဆူးခပ်ဖွဖွ ပွတ်သပ်ပြီးသုတ်ဖယ်‌ ပေးရင်း သောင်းဆင့်အားသေချာကြည့်မိ၏။  အနီးကပ်ကြည့်မှ ပိုပေါ်လွင်လာသော နှာတံမြင့်မြင့်နှင့် အညိုရင့်ရောင် နှုတ်ခမ်းတစ်စုံက သောင်းဆင့်အား
ယောကျာ်းပီသမူ့အားညွန်ပြနေသယောင်။
ဘွဲ့ဆူးက ကြာကြာကြည့်လေ အကြည့်မခံတဲ့ရုပ်မျိုးဖြစ်သည်။
မျက်လုံး မျက်ဖန်အိမ်လှပေမဲ့  အနည်းငယ်ချိုင့်သော မျက်တွင်းကြောင့် အနီးကပ်ဆိုရင် လှတယ်ဟု မခံစားရပေ။
သောင်းဆင့်ကတော့ ထိုသို့မဟုတ်ပေ။
ဖျတ်ခနဲကြည့်လိုက်ရင် သာမန်သာထင်ရပေမဲ့ ကြာကြာကြည့်မည်ဆိုရင်တော့ ထင်းထွက်နေသော အစိတ်အပိုင်းများ၏လှပမူ့ကိုမြင်နိုင်ပေသည်။
နှုတ်ခမ်းညိုတွေအပေါ်မှာရိပ်သင်ထားသော စိမ်းညို့ညို့ အရေပြားက နှုတ်ခမ်းမွှေးပေါက်နေလျှင်လည်း
ကြည့်ကောင်းနေတက်ပါ၏။
လှုပ်ရှားလာသောစိတ်နှင့် ပူနွေးလာသော ရင်ခုန်သံကြောင့် ခုထိ စူးစိုက်ကြည့်နေသော မျက်ဝန်းတွေအား အနည်းငယ်ငုံ့ကာ နမ်းလိုက်မိသည်။ ဖျတ်ခနဲ မှိတ်ကျသွားသော မျက်တောင်တွေက နှုတ်ခမ်းထိရိုက်သွားသည်မို့ ငှက်မွှေးနှင်ထိတွေ့သလို ယားကျိကျိဖြစ်သွား၏။

" စိတ်မဆိုးပါနဲ့တော့ "

နှုတ်ကပြောထွက်ပြီးကာမှ သူကိုယ်တိုင်လည်း ဘာလုပ်မိသလဲ မစဉ်းစားနိုင်သေး။
တိတ်တဆိတ်ဖြစ်သွားတဲ့ အခန်းကျဉ်းထဲမှာ အသက်ရှုသံသဲ့သဲ့တောင်မှ မကြားရတော့ပေ။

" နှင်း..နှင်းဆီဘွဲ့ဆူး။ ခင်ဗျား ..ဒါ..ဒါဘာလုပ်တာလဲ"

မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်‌ လုပ်ပြီးမေးလာတဲ့ သောင်းဆင့်ကြောင့် ဗြုန်းခနဲ အိပ်ယာမှထထိုင်လိုက်၏။
ထို့နောက် နှဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တချို့ကိုထိုးလှန်၍သိမ်းကာ ရဲလာတဲ့ မျက်နှာအား နေရခက်စွာအကြိမ်များစွာပွတ်မိသည်။

" ငါ.. ငါ နမ်းချင်လာလို့ ။ မရဘူးလား"

ရှက်ရမ်းရမ်းကာ သောင်းဆင့်ကို ဖြတ်အော်လိုက်၏။
တငွေ့ငွေ့ပူလာတဲ့ကိုယ်ငွေ့က ပြန်များဖျားလာပြီလားဟု ထင်မှားဖွယ်ရာ။ သူရှက်နေပေမဲ့ ခုထိ အသံထွက်မလာသေးတဲ့သောင်းဆင့်က ပိုဆိုးမည်လား။
ဖြတ်ခနဲ ကြည့်လိုက်တော့ စောင်ခေါင်းမြှီးခြုံကာ
သောင်းဆင့်ငြိမ်သွား၏။ အတော်ကြာတော့ စောင်ပုံက
အူလိုက်သည်းလိုက်ရယ်လိုက်သလို လှုပ်ခတ်လာပြန်၏။

ထိုမနက်ခင်းမှစ၍ နေ့ခင်းထိ သောင်းဆင့်တစ်ယောက် အလုပ်လည်းမလုပ်၊ထမင်းလည်းမစားပဲ ဘုရားပေါ်က ခြင်္သေ့ရုပ်ကြီးလို  ငုတ်တုတ်ထိုင်လျက်သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ထိ ပြုံးပြုံးကြီးဖြစ်နေတော့သည်။

သာဒင်နှင့်ဖိုး‌ ထွေးသည် နွားစာခွက်အား လှေသဖွယ် စီး၍
သောင်းဆင့်တို့အိမ်ဆီရောက်လာ၏။ ချောင်းကမ်းရွာသည် တစ်လကျော်လောက် မပြတ်တမ်းသည်းခဲ့သော မိုးကြောင့် ဒူးကျော်အောင်ထိ ရွာထဲရေရောက်ခဲ့သည်။ ထိုရေသည် မိုးရေအပြင် ‌လွမ်းချောင်းဆီမှာ
ရေတိုက်စား၍ ပြန့်ကျယ်ပြီး စီးဝင်လာသော ရေလည်းပါသည်။ ထို့ကြောင့် ရေသည် ချက်ချင်းဆိုသလို စိမ့်ဝင်နိုင်သေးမည်မဟုတ်။

"  ဟေး  ...သောင်းဆင့် "

အိမ်အပေါ်ထပ် ဝရံတာမှာ မိန့်မိန့်ကြီးထိုင်နေသော သောင်းဆင့်သည် တောင်းတင်းသော အပြုံးဖြင့်
သာဒင့်တို့အားလှည့်ကြည့်လာသည်။
ပြန်ဖြေသံတော့‌ထွက်မလာ ၊ လက်က‌လေး သာလှမ်းပြလာ၏။

" လောင်းစီးရအောင်ဆင်းခဲ့။ ရွာထိပ်က ဦးရင်မောင်တို့အိမ်မှာ ကနစိုးသီးတွေမှည့်နေတာ ခူးမဲ့သူမရှိလို့တဲ့"

"..."

ပြန်ဖြေမလာပဲ လက်သာပြန်ပြလာပြန်၏
သာဒင် ဆက်ပြောသည်။

" ကိုဘွဲ့ဆူးရော ဘယ်သွားလဲ။ သူ့ပါ ခေါ်ခဲ့လိုက်ကွာပျော်စရာကြီး"

သောင်းဆင့် ပြုံးပြုံးကြီးလက်ပြန်ပြလာပြန်သည်။
‌သာဒင်နှင့် ဖိုးထွေးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်တောင်တောင်ဖြစ်သွား၏။
သောင်းဆင့် ဘာဖြစ်နေတာလဲ။ ရုပ်ကိုက
မှို တောတွေ့ထားသလို မျက်နှာဖြင့် ပုံမှန်ဟုတ်မနေ။

" ဟိတ်ကောင် လက်ပဲ ပြမနေနဲ့ ။ စကားလေးဘာလေးပြန်ပြောဦးဟ "

ဆက်ပြောတော့လည်း လက်ပဲပြလာ၏။
သောင်းဆင့်ပုံစံက ဧည့်ခန်းမှာထားတဲ့
လာဘ်ခေါ် ကြောင်ရုပ်ကြီးနှင့်တူသလိုလို။

" သာဒင် သောင်းဆင့်ရူးများသွားတာလား"

ဖိုးထွေးစကားကို သာဒင်လည်းထောက်ခံသည်။ ထို့ကြောင့် ခေါင်းငြိမ့်ပြကာ ..

" ငါလည်းအဲ့လိုထင်တာပဲ "

သာဒင်နဲ့ဖိုးထွေး အသံကြားတော့စာဖတ်နေရာမှ ဘွဲ့ဆူး မနေနိုင်ပဲ ထရ‌ တော့၏။
သောင်းဆင့်ဘာ‌ဖြစ်နေသလဲဆိုတာ သူအသိဆုံးမို့
ကိုယ့်အပြစ်နဲ့ကို ဝရံတာမှာ သတိလွတ်နေတဲ့ကောင်အား ပြုံးနေတဲ့ ပါးကြီးအားသွားဆွဲတည့်‌ ပေးရသည်။  ထိုအခါမှ တအားအားထအော်သံထွက်လာတာဖြစ်သည်။ ဒါတောင်တော်တော်နှင့်စကားမပြောနိုင်သေး။ နာရီပေါင်းများစွာ အပြုံးမရပ်ခဲ့တဲ့အကျိုးကြောင့် တောင့်တင်းနေတဲ့ ကြွက်သားတွေသည် နာကျင်နေသေးသည်။

" အား အ .. လုပ် ပါ အုံး ၊ ကျုပ် .. ကျုပ်ပါးကြီး တောင့်နေတယ် "

မျက်ဖြူလန်ကာ ဘွဲ့ဆူး အမြန်ပင် ပါးစောင်တွေအား နှိပ်ပေးရ၏။
ဘယ်သူ့အပြစ်မှမရှိ၊သူ့အပြစ်တွေမို့ ရှုံ့မဲ့နေသော မျက်နှာအား လက်ဖဝါးထဲထည့်ကာ သူ့မှာ
အနှိပ်သည်ဖြစ်နေလျက်။

" သာဒင် "

"ဟင် "

ငေးကြောင်နေရာမှ သာဒင်အလန့်တကြားထူးလာ၏။
သာဒင်လိုပဲ ဖိုးထွေးလည်းမြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်သေး။
ခါတိုင်း သောင်းဆင့်ဆို မကြည်လင်တဲ့  အကိုဘွဲ့ဆူးက နုနုညံ့ညံ့ သောင်းဆင့်အားနှိပ်ပေးနေတာများ
လူပြောင်းလဲလိုက်သလို။

" သူတို့ အဆင်ပြေသွားကြပြီလားမသိဘူး "

" အမြင်မမှားရင်တော့  ပြေသွားပြီထင်တယ် "

ဇလောင်းပေါ်ထိုင်ကာ မြင်နေရတဲ့ မြင်ကွင်းကို မျက်စိမလွှဲပဲသေချာကြည့်နေမိသည်။
ဒီနေ့တော့ သူတို့နှစ်ယောက် ကနစိုသီး စားရဖို့လမ်းမမြင်တော့ပေ။

_________

" သောင်းဆင့် ဟိုဖက် ကိုင်းက မှည့်နေတဲ့ ကိုင်းကိုခူး"

" ဒါလေးလား ကိုကြီးဘွဲ့ဆူး "

" ဟုတ်တယ် ဟုတ်တယ်။ အသီးမကြွေစေနဲ့ အခိုင်လိုက်ကလေး ငါရချင်တယ်နော်"

အပင်ပေါ်ကျကျနနဖက်တက်ကာ ဘွဲ့ဆူးခိုင်းသမျှ
သောင်းဆင့်မညီးညူပဲ လုပ်ပေးနေမိသည်။
ပြုံးချင်ပေမဲ့ ခုထိ မသက်သာသေးသော ပါးပေါ်ကကြွက်သားတွေကြောင့် သူမှာ မပြုံးရဲ။
ခါတိုင်းကိုရင်မောင်တို့ခြံမှာ ကနစိုသီးတွေမှ ပြွတ်‌ နေအောင်သီးတက်ပေမဲ့ မိုးများသည်ကြောင့် အသီးကဒီနှစ်တော့ထင်သလောက်မတင်။
သို့သော် မကြွေတဲ့ အခိုင်များမှာတော့ မှည့်ဝင်းနေပြီဖြစ်တဲ့ အသီးများမှာ ကျန်သင့်သလောက်တော့ကျန်နေသေး၏။

" သောင်းဆင့် ငါတို့ဖက်ကိုလည်း တစ်ခိုင်လိုက်ချပေးပါအုံးကွာ "

" လိုချင်တက်ခူးလိုက် ၊ ဒီမှာ ငါ့ကိုကြီး ဘွဲ့ဆူး လက်ညိုးထိုးသမျှ ဖြည့်ဆည်းပေးနေရလို့ ဒီညီလေးမအားသေးဘူး "

အော့အန်ချင်စိတ်က သာဒင်ကို အလုံးအရင်းဖြစ်လာခဲ့ပြီး မနေနိုင်မထိုင်နိုင် ဝေါ့ခနဲဆိုပြီး‌ပျို့လာသေးသည်။
ဖိုးထွေးကတော့ ကနစိုးသီးမကြိုက်သူပီပီ ခူးပေးပေးမပေးပေး အရေးမစိုက်ပဲ ဇလောင်းအားလှော်ကာ
ပတ်ချာရမ်း၍ လှေစီးနေသည်။

" မင်းကွာ ငါတို့ရှေ့လေးတော့အနေအထိုင်ဆင်ခြင်ပါဦးလားကွ။ မြင်ရ ကြားရမသက်သာလိုက်တာ။
သောင်းဆင့် မင်း ရွာလူမိုက်ကြီးနော် ။ ပြောနေလိုက်တာများ ၊ယောကျာ်းယူပြီးကတည်းက အမျိုးမျိုးအတက်စမ်းနေလိုက်တာ ။ ဘယ်မှာလဲ ညီလေးသောင်းဆင့် က ။ ရွံစရာကြီးကွာ မပြောစမ်းနဲ့"

"  မနာလိုမရှိနဲ့ကွာ။ အောက်မှာ ငါခြွေချပေးတဲ့
အချစ်သီးကိုစားနေတဲ့ လူက ငါ့ကိုကြီးဘွဲ့ဆူး။
ဆန်းဆန်းပြောရရင် ငါ့နှင်းဆီ ။ မရိုးမဆန်းပြောရရင်
ငါ့ နှင်းဆီဘွဲ့ဆူးလေး ။ ညီလေးပြောတာ
ဟုတ်သလား ကိုကြီးဘွဲ့ဆူးဗျ "

မချိုမချဉ် အရသာအား မြည်းစမ်းရင်း မျက်လုံးပြူးကြီးနဲ့ လှမ်းကြည့်နေတဲ့ သာဒင်အား ရယ်ပြရင်း
မသိချင်ယောင်ဆောင်ထားလိုက်သည်။
သောင်းဆင့်က အရူး။
သူ‌ရူးပေမဲ့ ကိုယ်ကတော့ လိုက်မရူးနိုင်။
အရူးစိတ်ချမ်းသာရင် ပတ်ဝန်းကျင်အေးချမ်းသည်မို့ ပျော်သလိုသာ နေပါစေဟု လွတ်သာထားလိုက်သည်။

ချောင်းကမ်းရွာက မြေဩဇာ ကောင်းသည်။
အိမ်တိုင်း စိမ်းစိမ်းစိုစိုရှိပြီး စိုက်သမျှအပင်ဖြစ်ထွန်းကြသည်။
ရေဝင်နေတဲ့ အိမ်တိုင်း နွားကျွေးတဲ့ နွားစာခွက်အားလှေလုပ်၍ စီးပြီး ကလေးတွေဆော့ကြ၏။
သို့သော် လူကြီးဖြစ်တဲ့ သောင်းဆင့်တို့အုပ်စုကလဲ
ဇလားကိုစီးပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် တွေ့သမျှ အပင်စားလို့ရရင်တက်ခူးကာစား၏

မည်သူမှလည်းမပြောရဲသလို၊မည်သူမှလည်းမဟန့်တားကြ။

ထို့နေ့က သောင်းဆင့် အလွန်တရာပျော်ရွင်ရသောနေ့ဖြစ်သည်။
မှတ်တိုင် အစသည် နှင်းဆီဘွဲ့ဆူးဖြစ်ပြီး မှတ်တိုင်အဆုံးသည်ကလည်း နှင်းဆီဘွဲ့ဆူးသာဖြစ်ခဲ့သည်မို့
အပြုံးတစ်ပွင့် အနမ်းတရှိုက်ကလည်းသူ့အား အပျော်ဆုံးလူသားဖြစ်စေခဲ့ပါ၏။

" ကိုကြီးဘွဲ့ဆူး "

ဒီနေ့၏ သောင်းဆင့်ခေါ်သော နာမ်စားက ကိုကြီးဘွဲ့ဆူးဖြစ်သည်။ အမျိုးမျိုးသော နာမ်မည်တွေအား မရိုးနိုင်အောင်ခေါ်တက်သူကြီးမို့ သူ့မှာ ဘယ်လိုခေါ်ခေါ် မစိမ်းသက်တော့။

" ပြောဗျာ "

" အဖေတို့အိမ်မှာ ကြက်မောက်သီးတွေ မှည်‌့နေလောက်ပြီ ။ စားချင်သေးလား"

" မင်းအဖေအိမ်တော့ မလိုက်ချင်ပါဘူး။
ငါ့လည်း သူတည့်တာမှမဟုတ်တာ "

" အိုဗျာ။ တည့်တည့်မတည့်တည့် သူမှမရှိတာ။
‌အိမ်အနောက်မှာ အသီးတွေမှစုံမှစုံပဲ။
စားချင်တာ လက်ညိုးထိုး ညီလေး တက်ခူးပေး‌မယ်"

" တော်ပါကွာ။ နဂိုကမှ မျက်နှာမမြင်ချင်ပါဘူးဆိုမှ။ ပြန်ရောက်လာလို့ သူ့အပင်ကအသီးတွေ မကျန်ရင် ငါ့ကိုအပြစ်မြင်နေပါ့ဦးမယ်"

" မြင်စရာလား။ ဒီအိမ်လည်းအချိန်တန်ကျုပ်ရမှာပဲ။ ခုတော့ခဏသည်းခံထားပါအုံး။ ကျုပ်ကိုကြီးဘွဲ့ဆူးကို ကျုပ်က အဖေ့ထက်သာအောင်ထားမှာပါဗျ။"

သောင်းဆင့်က ခပ်တိမ်တိမ်ရေမှာ လှော်တက်ကိုကိုင်ကာ ဇလှောင်းကို မလှော်ပဲ မြေကိုတွန်း၍ အရှိန်ကိုတင်လိုက်သည်။ ကနစိုသီး တစ်တွဲအား သာဒင်ဆီပစ် ပစ်ပေး၍ လမ်းခွဲခဲ့သည်မို့ အပြန်တွင် သူတို့နှစ်ယောက်ထဲသာ။
ကလေးတွေ ဆော့နေတဲ့ ဇလားတွေအားငေးကာ
ဘွဲ့ဆူး ပြုံးနေလိုက်သည်။
အမှန်အတိုင်းပြောရရင် သူ့မှာ အနာဂတ်မရှိပေ။
သောင်းဆင့်နှင့် ဆက်သွားရမည့်  ဘဝလမ်းကြောင်းအပေါ်မျှော်မှန်းထားတာမျိုး စိုးစိမှရှိမနေ။

" သောင်းဆင့် "

" ဗျာ"

" ကိုယ်ပေးလိုက်တဲ့ လက်စွပ်လေးဝတ်ပြီးကတည်းက မင်းနေမကောင်းမဖြစ်တော့ဘူးနော်။
အဲ့ဒါထူးဆန်းနေလား "

" ကျုပ်က အမြဲရွှေမပါရင် ဖျားတက်တယ်။
အဲ့ဒါဟိုးငယ်ငယ်လေးကတည်းကပဲ။ အမေရှိနေတုန်းကဆိုရင် အမေက ကျုပ်ကို ခြူးလေးတွေပါတဲ့ လက်ကောက်လေးတွေ ၊ ခြေချင်းလေးတွေဆင်နေကြဗျ။ အဲ့ဒါတွေကို ကျုပ်အသက်ကြီးတဲ့ အထိ ဝတ်လို့ရသမျှပေကပ်ဝတ်ခဲ့သေးတယ်။ တော်တော်ကြီးတဲ့အထိ အဖေ့ကို အဲ့ဒါလေးတွေ မေးမေးနေသေးပေမဲ့ အဖေက ကျုပ်ကို ခိုးပေါင်မှာစိုးလို့ ဘယ်နေရာမှာ သိမ်းထားသလဲဆိုတာတောင် မပြောပြဘူး။ ဖွက်ထားတော့တာ။ "

" မင်းရွှေတအားကြိုက်တာပဲလား"

‌ရွှေဆိုတဲ့အသံကြားကတည်းက သောင်းဆင့်က သူ့လက်မှာ ဝတ်ထားတဲ့လက်စွပ်လေးကို ပွတ်နေမိသည်။  သူ့မှာ တစ်ခုတည်းသော လက်စွပ်ကလေး။
ထိုအရာသည် သူ့ နှင်းဆီလေးပေးထားသည်မို့ ပွန်းမှာပဲ့မှာကိုစိုးနေရသည်။

" ရွှေကြိုက်သလားဆိုတော့ ပြောပြလို့မရအောင် ကြိုက်တာ။ ရွှေကြိုက်လွန်းလို့လားမသိဘူး ရွေတွေက ကျုပ်ဆိုတအား ခင်တာပဲ။
ဘယ်တော့မှ ကျုပ်ကိုယ်ပေါ်မှာရှိတဲ့ရွှေက ပြုတ်မကျဘူး၊အရောင်မမှိန်ဘူး၊ မပွန်းမပဲ့ဘူး၊ အလေးချိန်မလျော့ဘူး"

" ထူးလှချည်လားကွ"

ဘွဲ့ဆူးစကားထောက်ပေးတော့ သောင်းဆင့်က သူ့စကားကိုပြန်ဆက်ပြောသည်။

" အမှန်တော့ ကျုပ်လည်းအစတုန်းကသတိမထားမိဘူး။ ဥပမာပြောရရင် ကျုပ်တို့အိမ်ဘေးက အဒေါ်ကြီးတင်တင်မြသမီး၊ သဲစုမလေး ရဲ့ ဆွဲကြိုးလေးပြုတ်ကျတုန်းက တရပ်ကွက်လုံးဝိုင်းရှာကြတာ ၊ဒါပေမဲ့ ဘယ်သူမှမတွေ့ဘူး ကျုပ်ပဲတွေ့တာ။ ဒါ တစ်ခါထဲမဟုတ်ဘူးနော်၊ မကြာခဏပဲ။ ကျုပ်ကဘယ်တော့မှလိုက်ရှာမပေးဘူး။ လမ်းသွားရင်းဖြစ်ဖြစ် ၊ ကျုပ်လမ်းဘေးအပေါ့စွန့်ရင်းဖြစ်ဖြစ်မရှာပဲကိုတွေ့တာဗျာ "

" မင်းဟာက ဟုတ်ရောဟုတ်ရဲ့လားကွ "

" ကဲကြည့်။ ကိုကြီးဘွဲ့ဆူးက စကားအကောင်းကိုပြောမရတာပဲ။ ညီလေးပြောတာမယုံရင် တစ်ရွာလုံးမေးကြည့်ဗျာ၊ ရွှေခင်သောင်းဆင့်ဆိုတာ နာမည်နှစ်လုံးနဲ့ပဲနေတာ။ နောက်နာမည်ရှိသေးတယ်မှတ်ထားလိုက်၊ သရဲနိုင်သောင်းဆင့်တဲ့။ "

သောင်းဆင့်၏ခပ်ကြွားကြွားအပြောတွေအားမခံနိုင်စွာ ခြံပေါက်ဝရောက်သည်နှင့် ဘွဲ့ဆူးစကားတစ်ခွန်း‌ ပြောပြီးအရင် ရေထဲဆင်းပြေး၏။

" သောင်းဆင့် လောင်းစီး "

ချစ်တဲ့အိမ်စည်။



" သက္သာလား "

" အင္း "

" အားမနာနဲ႔ေနာ္။ ေျခေထာက္ေတြကိုက္ေနေသးရင္
ညီေလးက လက္ႀကီးျပတ္ခ်င္ျပတ္ထြက္သြားပါေစ
ႏိွပ္ေပးမွာ "

အမယ္ အေျပာေလးက ။  ရုပ္ၾကမ္းႀကီးနဲ႔ ႏြဲ႔တယ္ဆိုရင္စိတ္ဆိုးအံုးမည္။

" ေနပါကြာ ၊မင္းပါးစပ္ေလး အပိုေတြ မေျပာရင္ပဲ
ငါသက္သာတာၾကာၿပီ "

အိပ္ေနရာမွ မ်က္လံုးမဖြင့္ပဲ ေျပာ‌‌ ေနတဲ့သူ႔ အခ်စ္ႀကီးေၾကာင့္ ေသာင္းဆင့္ႏွာေခါင္းရႈံ႔သြား၏။
ဘယ္ေတာ့မွ အီစီကလီ လုပ္မရတဲ့ အဘိုးႀကီးေပါက္စ။  ကႏုကယြေလးေျပာခ်င္ေပမဲ့ မတုန္မလႈပ္နဲ႔ အပိတ္စကားေတြႀကီးပဲထြက္လာတာမို႔ သူ႔မွာ အီလည္လည္ တဝက္တပ်က္ႀကီးအၿမဲျဖစ္ရသည္။
ဒါလည္း ခ်စ္ေနရတာပဲမို႔ ႏႈတ္ခမ္းဆူကာ ျပန္ခ်စ္လို႔ ခ်စ္လာျငား ထပ္မံၿပီး ဆိုးႏြဲ႔စြာေျပာလိုက္မိပါ၏။

" ႏွင္းဆီဘြဲ႔ဆူးကလည္းဗ်ာ ။ က်ဳပ္ဆို ဒီတိုင္းႀကီးပဲ။
ခ်စ္ၾကၫ့္လို႔ကို မရဘူး။ တအားေယာက်ာ္းဆန္လြန္းတာပဲ "

" မင္းယူထားတာ ေယာက်ာ္းႀကီးေလ။ ေမ့မေနနဲ႔အံုး"

စကားတက္လြန္းတဲ့ ေသာင္းဆင့္ေၾကာင့္ မ်က္လံုးမိွတ္ထားရက္ႏွင့္ၿပံဳးရျပန္သည္။
တိမ္လႊာကန္ ေရေဖာက္ခ်တဲ့‌ေန့က မိုးေရထဲ ငါးနာရီေလာက္ေနခဲ့ရေသာ အက်ိဳးေၾကာင့္ ဘြဲ႔ဆူးဖ်ားခဲ့၏။
ေလးရက္ေလာက္ မိုးဆက္တိုက္ရြာသြန္းအၿပီးမွာ
လြမ္းေခ်ာင္း ေရမ်ားလာတာကလြဲၿပီး အသက္အႏၲရာယ္ထိခိုက္ေအာင္ထိေတာ့ မျဖစ္ခဲ့ေတာ့ေပ။
သို႔တိုင္ မိုးေရႏွင့္ လြမ္းေခ်ာင္းမွ ေရမ်ားၿပီး ရြာထဲ တခ်ိဳ႕တေလ စီးဝင္လာမူ႔ေၾကာင့္ ရြာအတြင္းဒူးေက်ာ္ေအာင္ထိ ေရတက္ခဲ့ရသည္။ အနိမ့္ပိုင္းေဒသမို႔ ထိုမ်ွပမာနက စိုးရိမ္စရာမဟုတ္ပဲေပ်ာ္စရာသာျဖစ္ခဲ့၏။
ခုဆို ေနမင္းသည္ တိမ္မဲတို႔အား ေက်ာ္လြန္၍
ထြန္းေတာက္ႏိုင္ခဲ့ၿပီ။ ခါတိုင္းမိုးသံေၾကာင့္ စကားေျပာသံပင္ မၾကားရသမ်ွသည္ ယခုမွ ပိုအတိုးခ် ေျပာေနသေယာင္ တစ္အိမ္ႏွင့္တစ္အိမ္ေအာ္ဟစ္စကားေျပာေနမွာ အိပ္မရသည္ထိ ဆူညံေနပါ၏။

" ဒါကေတာ့ဗ်ာ ၊ခ်စ္တဲ့မ်က္စိနဲ႔ၾကၫ့္တာက အပိုေလ၊  ခုပဲၾကၫ့္ ၊ေျခသလံုးေလး ႏိွပ္ေပးရံုနဲ႔ ညီေလးမွာ  ေရလိႈင္းေလးလိုပဲ ရင္ထဲထိ တၿငိမ့္ၿငိမ့္နဲ႔တိုးတိုးၿပီး ခ်စ္လိုက္ရတာ "

" ဟားဟား.. ေသာင္းဆင့္ရာ ၊ မင္း အသားမဲ သေလာက္ စကားတက္လွခ်ည္လားကြ "

ဘြဲ႔ဆူးစကားေၾကာင့္ ႏိွပ္ေနတဲ့ လက္မဲႀကီးတုန္ခနဲျဖစ္သြားတာသိသိသာသာပင္။
ဘြဲ႔ဆူးရယ္မိတာအေတာမသတ္ေတာ့ေပ။

"မဲတဲ့သူမ်ား မဲတယ္ေျပာရင္ မႀကိဳက္ခ်င္ဘူး"

" ႏိွပ္လည္းေပးရေသးတယ္။ ႏွင္းဆီဘြဲ႔ဆူးအေတာ္ေလး မေကာင္းတဲ့ ေယာက်ာ္းပဲဗ် "

" အဲ့ေယာက်ာ္းကို မင္းပဲ ခ်စ္လွခ်ည္ရဲ့ဆို "

" ဒါ .. ဒါကေတာ့ "

ေရ႔ွဆက္ၿပီးမေျပာႏိုင္ေတာ့တဲ့အခါ ေသာင္းဆင့္မ်က္ႏွာ ၾကၫ့္ရဆိုးေလာက္ေအာင္ အိုလာသည္။
အီလည္လည္မ်က္ႏွာထားကား ေမးရိုးႀကီးကားသည္အထိ အံႀကိတ္ထားတာမ်ား သူစိမ္းေတြဆို ျမင္ရံုျဖင့္ေၾကာက္ၾကလိမ့္မည္ျဖစ္သည္။

"‌ ေရခ်ိဳးခ်င္တယ္ "

" ေနမွမေကာင္းေသးတာ "

" ေဆးထိုးမယ္ကြာ ၊ဒါဆိုေပ်ာက္ၿပီ ။ သြား ..
ဆရာမ သြားေခၚေခ် "

ေသာင္းဆင့္ ပိုၿပီးေဒါသထြက္လာ၏။
ဆရာမ ဆိုတဲ့စကားကို သူမၾကားႏိုင္ေပ။
ထိုအမ်ိဳးသမီးကို ေခၚမၫ့္အစား ႏွင္းဆီဘြဲ႔ဆူးအား
ကုန္းတစ္တန္၊ေရတစ္တန္ျဖတ္ကာ အနီးဆံုးၿမိဳ႔ကိုသာေခၚသြားလိုက္မည္သာ။
စံထား။ ထိုအမ်ိဳးသမီးသည္ ေယာက်ာ္းတစ္ေယာက္ အိမ္ေထာင္ျပဳဖို႔ မလြဲမေသြ သေဘာက်သၫ့္ပံုစံမ်ိဳးျဖစ္သည္။ ရွည္လ်ားတဲ့ဆံႏြယ္ရွည္ေတြကို တခ်ိန္က
သူ႔သက္ၾကားရြယ္အို သေဘာက်ခဲ့လိမ့္မည္။
ၾကည္လင္ေသာ မ်က္ႏွာထားအား စြဲမက္ခ်င္စြဲမက္လိမ့္မည္။

ဒါဟာ အတိတ္မွာ က်န္ခဲ့ၿပီျဖစ္ေပမဲ့
သူကေတာ့ အျမင္မၾကည္ႏိုင္ေပ။
ထို႔ေၾကာင့္ ေနမေကာင္းစဉ္အခါက အိမ္သို႔ပင့္ဖို႔ စိတ္ကူးထဲပင္ မထၫ့္ခဲ့တာျဖစ္သည္။

အတင္းအဓမၼ သိမ္းပိုက္ထားသၫ့္တိုင္
ေပးေတြ့ဖို႔ကို ႏွေျမာလွ၏။ အဲ့သေလာက္ထိ
ဒီဘိုးေတာ္ကို ခ်စ္ရပါ၏။

" ခင္ဗ်ား က်ဳပ္တစ္ေယာက္လံုးရိွေနတာကို
အဲ့တစ္‌ ေယာက္နဲ႔ ေတြ့ခ်င္ေန ေသးတာလား။
ဒီမွာ ႏွင္းဆီဘြဲ႔ဆူး။ က်ဳပ္က ယုတ္မာတဲ့ေနရာမွ ႏွစ္ေယာက္မရိွဘူးဆိုတာ  ေမ့မေနနဲ႔"

ခပ္မာမာေျပာလည္း သူ႔ေယာက်ာ္းအေၾကာတင္းလာပံုမ်ား ဟိုလူပ်ိဳဘဝကနဲ႔နည္းနည္းမွမဆိုင္ေတာ့ေပ။
အရင္ကဆို ေအာ္လိုက္ရံုျဖင့္ မသိမသာေလး လန႔္တက္ေသးေပမဲ့ ခုမ်ားေတာ့ ေသာင္းဆင့္အား
ကိုယ့္လင္ဆိုတဲ့အေပါက္နဲ႔ နည္းနည္းမွ မခန႔္ခ်င္ေတာ့။

ခက္ၿပီ ႏွင္းဆီဘြဲ႔ဆူးရယ္။

" က်ဳပ္အတည္ေျပာေနတာ။ မရယ္နဲ႔ "

" ေမာင္လို႔ေျပာၾကၫ့္စမ္း "

ၿပံဳးစိစိစမိေတာ့ မ်က္ႏွာမဲႀကီးရဲသြားတာ သိသိသာသာႀကီး။

" မေျပာဘူးလား ။ အရင္ကဆို ေမာင္ကေလ ေမာင္ကေလနဲ႔ မင္းပဲ တားမရ စီးမရ ေျပာတာေလ "

" ႏွင္းဆီဘြဲ႔ဆူး မစနဲ႔ လို႔ေျပာေနတယ္ေနာ္"

ေသာင္းဆင့္ ေအာ္သံက အခန္းအား ေပါက္ထြက္လုလု။ နားကို ပိတ္ကာ ဘြဲ႔ဆူး တဟားဟားေအာ္ရယ္ေတာ့ စိတ္တိုလာသၫ့္ထင္ မ်က္ေစာင္းခဲကာ
ပါးစပ္ကိုအတင္းလိုက္ပိတ္သည္။
မရယ္ေစခ်င္ေလ ပိုရယ္ခ်င္ေလမို႔ ႏွစ္ေယာက္သား ရုန္းကန္ရင္း လံုးေထြးမိၾကသည္။
အေတာ္ၾကာမွ ေသာင္းဆင့္က မတားျမစ္ေတာ့ပဲ
ဘြဲ႔ဆူးေဘးမွာ ဝင္လွဲအိပ္လာေတာ့၏။

" ေသာင္းဆင့္ "

လႈပ္ခတ္သြားေသာ မ်က္ေတာင္စိပ္စိပ္ေတြအား ေငးကာ တိုးတိုးေလး ေခၚလိုက္တာျဖစ္သည္။
ေခြၽးစေတျြပန္ေနတဲ့ ႏွဖူးအား ဘြဲ႔ဆူးခပ္ဖြဖြ ပြတ္သပ္ၿပီးသုတ္ဖယ္‌ ေပးရင္း ေသာင္းဆင့္အားေသခ်ာၾကၫ့္မိ၏။  အနီးကပ္ၾကၫ့္မွ ပိုေပၚလြင္လာေသာ ႏွာတံျမင့္ျမင့္ႏွင့္ အညိုရင့္ေရာင္ ႏႈတ္ခမ္းတစ္စံုက ေသာင္းဆင့္အား
ေယာက်ာ္းပီသမူ႔အားၫြန္ျပေနသေယာင္။
ဘြဲ႔ဆူးက ၾကာၾကာၾကၫ့္ေလ အၾကၫ့္မခံတဲ့ရုပ္မ်ိဳးျဖစ္သည္။
မ်က္လံုး မ်က္ဖန္အိမ္လွေပမဲ့  အနည္းငယ္ခ်ိဳင့္ေသာ မ်က္တြင္းေၾကာင့္ အနီးကပ္ဆိုရင္ လွတယ္ဟု မခံစားရေပ။
ေသာင္းဆင့္ကေတာ့ ထိုသို႔မဟုတ္ေပ။
ဖ်တ္ခနဲၾကၫ့္လိုက္ရင္ သာမန္သာထင္ရေပမဲ့ ၾကာၾကာၾကၫ့္မည္ဆိုရင္ေတာ့ ထင္းထြက္ေနေသာ အစိတ္အပိုင္းမ်ား၏လွပမူ႔ကိုျမင္ႏိုင္ေပသည္။
ႏႈတ္ခမ္းညိုေတြအေပၚမွာရိပ္သင္ထားေသာ စိမ္းညို႔ညို႔ အေရျပားက ႏႈတ္ခမ္းေမႊးေပါက္ေနလ်ွင္လည္း
ၾကၫ့္ေကာင္းေနတက္ပါ၏။
လႈပ္ရွားလာေသာစိတ္ႏွင့္ ပူေနြးလာေသာ ရင္ခုန္သံေၾကာင့္ ခုထိ စူးစိုက္ၾကၫ့္ေနေသာ မ်က္ဝန္းေတြအား အနည္းငယ္ငံု႔ကာ နမ္းလိုက္မိသည္။ ဖ်တ္ခနဲ မိွတ္က်သြားေသာ မ်က္ေတာင္ေတြက ႏႈတ္ခမ္းထိရိုက္သြားသည္မို႔ ငွက္ေမႊးႏွင္ထိေတြ့သလို ယားက်ိက်ိျဖစ္သြား၏။

" စိတ္မဆိုးပါနဲ႔ေတာ့ "

ႏႈတ္ကေျပာထြက္ၿပီးကာမွ သူကိုယ္တိုင္လည္း ဘာလုပ္မိသလဲ မစဉ္းစားႏိုင္ေသး။
တိတ္တဆိတ္ျဖစ္သြားတဲ့ အခန္းက်ဉ္းထဲမွာ အသက္ရႈသံသဲ့သဲ့ေတာင္မွ မၾကားရေတာ့ေပ။

" ႏွင္း..ႏွင္းဆီဘြဲ႔ဆူး။ ခင္ဗ်ား ..ဒါ..ဒါဘာလုပ္တာလဲ"

မ်က္ေတာင္ေတြပုတ္ခတ္ပုတ္ခတ္‌ လုပ္ၿပီးေမးလာတဲ့ ေသာင္းဆင့္ေၾကာင့္ ျဗဳန္းခနဲ အိပ္ယာမွထထိုင္လိုက္၏။
ထို႔ေနာက္ ႏွဖူးေပၚဝဲက်ေနတဲ့ ဆံပင္တခ်ိဳ႕ကိုထိုးလွန္၍သိမ္းကာ ရဲလာတဲ့ မ်က္ႏွာအား ေနရခက္စြာအႀကိမ္မ်ားစြာပြတ္မိသည္။

" ငါ.. ငါ နမ္းခ်င္လာလို႔ ။ မရဘူးလား"

ရွက္ရမ္းရမ္းကာ ေသာင္းဆင့္ကို ျဖတ္ေအာ္လိုက္၏။
တေငြ့ေငြ့ပူလာတဲ့ကိုယ္ေငြ့က ျပန္မ်ားဖ်ားလာၿပီလားဟု ထင္မွားဖြယ္ရာ။ သူရွက္ေနေပမဲ့ ခုထိ အသံထြက္မလာေသးတဲ့ေသာင္းဆင့္က ပိုဆိုးမည္လား။
ျဖတ္ခနဲ ၾကၫ့္လိုက္ေတာ့ ေစာင္ေခါင္းၿမႇီးၿခံဳကာ
ေသာင္းဆင့္ၿငိမ္သြား၏။ အေတာ္ၾကာေတာ့ ေစာင္ပံုက
အူလိုက္သည္းလိုက္ရယ္လိုက္သလို လႈပ္ခတ္လာျပန္၏။

ထိုမနက္ခင္းမွစ၍ ေန့ခင္းထိ ေသာင္းဆင့္တစ္ေယာက္ အလုပ္လည္းမလုပ္၊ထမင္းလည္းမစားပဲ ဘုရားေပၚက ျခေသၤ့ရုပ္ႀကီးလို  ငုတ္တုတ္ထိုင္လ်က္သြားသံုးဆယ့္ႏွစ္ေခ်ာင္းေပၚေအာင္ထိ ၿပံဳးၿပံဳးႀကီးျဖစ္ေနေတာ့သည္။

သာဒင္ႏွင့္ဖိုး‌ ေထြးသည္ ႏြားစာခြက္အား ေလွသဖြယ္ စီး၍
ေသာင္းဆင့္တို႔အိမ္ဆီေရာက္လာ၏။ ေခ်ာင္းကမ္းရြာသည္ တစ္လေက်ာ္ေလာက္ မျပတ္တမ္းသည္းခဲ့ေသာ မိုးေၾကာင့္ ဒူးေက်ာ္ေအာင္ထိ ရြာထဲေရေရာက္ခဲ့သည္။ ထိုေရသည္ မိုးေရအျပင္ ‌လြမ္းေခ်ာင္းဆီမွာ
ေရတိုက္စား၍ ျပန႔္က်ယ္ၿပီး စီးဝင္လာေသာ ေရလည္းပါသည္။ ထို႔ေၾကာင့္ ေရသည္ ခ်က္ခ်င္းဆိုသလို စိမ့္ဝင္ႏိုင္ေသးမည္မဟုတ္။

"  ေဟး  ...ေသာင္းဆင့္ "

အိမ္အေပၚထပ္ ဝရံတာမွာ မိန႔္မိန႔္ႀကီးထိုင္ေနေသာ ေသာင္းဆင့္သည္ ေတာင္းတင္းေသာ အၿပံဳးျဖင့္
သာဒင့္တို႔အားလွၫ့္ၾကၫ့္လာသည္။
ျပန္ေျဖသံေတာ့‌ထြက္မလာ ၊ လက္က‌ေလး သာလွမ္းျပလာ၏။

" ေလာင္းစီးရေအာင္ဆင္းခဲ့။ ရြာထိပ္က ဦးရင္ေမာင္တို႔အိမ္မွာ ကနစိုးသီးေတြမွၫ့္ေနတာ ခူးမဲ့သူမရိွလို႔တဲ့"

"..."

ျပန္ေျဖမလာပဲ လက္သာျပန္ျပလာျပန္၏
သာဒင္ ဆက္ေျပာသည္။

" ကိုဘြဲ႔ဆူးေရာ ဘယ္သြားလဲ။ သူ႔ပါ ေခၚခဲ့လိုက္ကြာေပ်ာ္စရာႀကီး"

ေသာင္းဆင့္ ၿပံဳးၿပံဳးႀကီးလက္ျပန္ျပလာျပန္သည္။
‌သာဒင္ႏွင့္ ဖိုးေထြးတစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကၫ့္ကာ ေၾကာင္ေတာင္ေတာင္ျဖစ္သြား၏။
ေသာင္းဆင့္ ဘာျဖစ္ေနတာလဲ။ ရုပ္ကိုက
မိႈ ေတာေတြ့ထားသလို မ်က္ႏွာျဖင့္ ပံုမွန္ဟုတ္မေန။

" ဟိတ္ေကာင္ လက္ပဲ ျပမေနနဲ႔ ။ စကားေလးဘာေလးျပန္ေျပာဦးဟ "

ဆက္ေျပာေတာ့လည္း လက္ပဲျပလာ၏။
ေသာင္းဆင့္ပံုစံက ဧၫ့္ခန္းမွာထားတဲ့
လာဘ္ေခၚ ေၾကာင္ရုပ္ႀကီးႏွင့္တူသလိုလို။

" သာဒင္ ေသာင္းဆင့္ရူးမ်ားသြားတာလား"

ဖိုးေထြးစကားကို သာဒင္လည္းေထာက္ခံသည္။ ထို႔ေၾကာင့္ ေခါင္းၿငိမ့္ျပကာ ..

" ငါလည္းအဲ့လိုထင္တာပဲ "

သာဒင္နဲ႔ဖိုးေထြး အသံၾကားေတာ့စာဖတ္ေနရာမွ ဘြဲ႔ဆူး မေနႏိုင္ပဲ ထရ‌ ေတာ့၏။
ေသာင္းဆင့္ဘာ‌ျဖစ္ေနသလဲဆိုတာ သူအသိဆံုးမို႔
ကိုယ့္အျပစ္နဲ႔ကို ဝရံတာမွာ သတိလြတ္ေနတဲ့ေကာင္အား ၿပံဳးေနတဲ့ ပါးႀကီးအားသြားဆြဲတၫ့္‌ ေပးရသည္။  ထိုအခါမွ တအားအားထေအာ္သံထြက္လာတာျဖစ္သည္။ ဒါေတာင္ေတာ္ေတာ္ႏွင့္စကားမေျပာႏိုင္ေသး။ နာရီေပါင္းမ်ားစြာ အၿပံဳးမရပ္ခဲ့တဲ့အက်ိဳးေၾကာင့္ ေတာင့္တင္းေနတဲ့ ႂကြက္သားေတြသည္ နာက်င္ေနေသးသည္။

" အား အ .. လုပ္ ပါ အံုး ၊ က်ဳပ္ .. က်ဳပ္ပါးႀကီး ေတာင့္ေနတယ္ "

မ်က္ျဖဴလန္ကာ ဘြဲ႔ဆူး အျမန္ပင္ ပါးေစာင္ေတြအား ႏိွပ္ေပးရ၏။
ဘယ္သူ႔အျပစ္မွမရိွ၊သူ႔အျပစ္ေတြမို႔ ရႈံ႔မဲ့ေနေသာ မ်က္ႏွာအား လက္ဖဝါးထဲထၫ့္ကာ သူ႔မွာ
အႏိွပ္သည္ျဖစ္ေနလ်က္။

" သာဒင္ "

"ဟင္ "

ေငးေၾကာင္ေနရာမွ သာဒင္အလန႔္တၾကားထူးလာ၏။
သာဒင္လိုပဲ ဖိုးေထြးလည္းျမင္လိုက္ရတဲ့ ျမင္ကြင္းကို မယံုႏိုင္ေသး။
ခါတိုင္း ေသာင္းဆင့္ဆို မၾကည္လင္တဲ့  အကိုဘြဲ႔ဆူးက ႏုႏုညံ့ညံ့ ေသာင္းဆင့္အားႏိွပ္ေပးေနတာမ်ား
လူေျပာင္းလဲလိုက္သလို။

" သူတို႔ အဆင္ေျပသြားၾကၿပီလားမသိဘူး "

" အျမင္မမွားရင္ေတာ့  ေျပသြားၿပီထင္တယ္ "

ဇေလာင္းေပၚထိုင္ကာ ျမင္ေနရတဲ့ ျမင္ကြင္းကို မ်က္စိမလႊဲပဲေသခ်ာၾကၫ့္ေနမိသည္။
ဒီေန့ေတာ့ သူတို႔ႏွစ္ေယာက္ ကနစိုသီး စားရဖို႔လမ္းမျမင္ေတာ့ေပ။

_________

" ေသာင္းဆင့္ ဟိုဖက္ ကိုင္းက မွၫ့္ေနတဲ့ ကိုင္းကိုခူး"

" ဒါေလးလား ကိုႀကီးဘြဲ႔ဆူး "

" ဟုတ္တယ္ ဟုတ္တယ္။ အသီးမေႂကြေစနဲ႔ အခိုင္လိုက္ကေလး ငါရခ်င္တယ္ေနာ္"

အပင္ေပၚက်က်နနဖက္တက္ကာ ဘြဲ႔ဆူးခိုင္းသမ်ွ
ေသာင္းဆင့္မညီးၫူပဲ လုပ္ေပးေနမိသည္။
ၿပံဳးခ်င္ေပမဲ့ ခုထိ မသက္သာေသးေသာ ပါးေပၚကႂကြက္သားေတြေၾကာင့္ သူမွာ မၿပံဳးရဲ။
ခါတိုင္းကိုရင္ေမာင္တို႔ၿခံမွာ ကနစိုသီးေတြမွ ႁပြတ္‌ ေနေအာင္သီးတက္ေပမဲ့ မိုးမ်ားသည္ေၾကာင့္ အသီးကဒီႏွစ္ေတာ့ထင္သေလာက္မတင္။
သို႔ေသာ္ မေႂကြတဲ့ အခိုင္မ်ားမွာေတာ့ မွၫ့္ဝင္းေနၿပီျဖစ္တဲ့ အသီးမ်ားမွာ က်န္သင့္သေလာက္ေတာ့က်န္ေနေသး၏။

" ေသာင္းဆင့္ ငါတို႔ဖက္ကိုလည္း တစ္ခိုင္လိုက္ခ်ေပးပါအံုးကြာ "

" လိုခ်င္တက္ခူးလိုက္ ၊ ဒီမွာ ငါ့ကိုႀကီး ဘြဲ႔ဆူး လက္ညိုးထိုးသမ်ွ ျဖၫ့္ဆည္းေပးေနရလို႔ ဒီညီေလးမအားေသးဘူး "

ေအာ့အန္ခ်င္စိတ္က သာဒင္ကို အလံုးအရင္းျဖစ္လာခဲ့ၿပီး မေနႏိုင္မထိုင္ႏိုင္ ေဝါ့ခနဲဆိုၿပီး‌ပ်ိဳ႕လာေသးသည္။
ဖိုးေထြးကေတာ့ ကနစိုးသီးမႀကိဳက္သူပီပီ ခူးေပးေပးမေပးေပး အေရးမစိုက္ပဲ ဇေလာင္းအားေလွာ္ကာ
ပတ္ခ်ာရမ္း၍ ေလွစီးေနသည္။

" မင္းကြာ ငါတို႔ေရ႔ွေလးေတာ့အေနအထိုင္ဆင္ျခင္ပါဦးလားကြ။ ျမင္ရ ၾကားရမသက္သာလိုက္တာ။
ေသာင္းဆင့္ မင္း ရြာလူမိုက္ႀကီးေနာ္ ။ ေျပာေနလိုက္တာမ်ား ၊ေယာက်ာ္းယူၿပီးကတည္းက အမ်ိဳးမ်ိဳးအတက္စမ္းေနလိုက္တာ ။ ဘယ္မွာလဲ ညီေလးေသာင္းဆင့္ က ။ ရြံစရာႀကီးကြာ မေျပာစမ္းနဲ႔"

"  မနာလိုမရိွနဲ႔ကြာ။ ေအာက္မွာ ငါေႁခြခ်ေပးတဲ့
အခ်စ္သီးကိုစားေနတဲ့ လူက ငါ့ကိုႀကီးဘြဲ႔ဆူး။
ဆန္းဆန္းေျပာရရင္ ငါ့ႏွင္းဆီ ။ မရိုးမဆန္းေျပာရရင္
ငါ့ ႏွင္းဆီဘြဲ႔ဆူးေလး ။ ညီေလးေျပာတာ
ဟုတ္သလား ကိုႀကီးဘြဲ႔ဆူးဗ် "

မခ်ိဳမခ်ဉ္ အရသာအား ျမည္းစမ္းရင္း မ်က္လံုးျပဴးႀကီးနဲ႔ လွမ္းၾကၫ့္ေနတဲ့ သာဒင္အား ရယ္ျပရင္း
မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။
ေသာင္းဆင့္က အရူး။
သူ‌ရူးေပမဲ့ ကိုယ္ကေတာ့ လိုက္မရူးႏိုင္။
အရူးစိတ္ခ်မ္းသာရင္ ပတ္ဝန္းက်င္ေအးခ်မ္းသည္မို႔ ေပ်ာ္သလိုသာ ေနပါေစဟု လြတ္သာထားလိုက္သည္။

ေခ်ာင္းကမ္းရြာက ေျမဩဇာ ေကာင္းသည္။
အိမ္တိုင္း စိမ္းစိမ္းစိုစိုရိွၿပီး စိုက္သမ်ွအပင္ျဖစ္ထြန္းၾကသည္။
ေရဝင္ေနတဲ့ အိမ္တိုင္း ႏြားေကြၽးတဲ့ ႏြားစာခြက္အားေလွလုပ္၍ စီးၿပီး ကေလးေတြေဆာ့ၾက၏။
သို႔ေသာ္ လူႀကီးျဖစ္တဲ့ ေသာင္းဆင့္တို႔အုပ္စုကလဲ
ဇလားကိုစီးၿပီး တစ္အိမ္ဝင္တစ္အိမ္ထြက္ ေတြ့သမ်ွ အပင္စားလို႔ရရင္တက္ခူးကာစား၏

မည္သူမွလည္းမေျပာရဲသလို၊မည္သူမွလည္းမဟန႔္တားၾက။

ထို႔ေန့က ေသာင္းဆင့္ အလြန္တရာေပ်ာ္ရြင္ရေသာေန့ျဖစ္သည္။
မွတ္တိုင္ အစသည္ ႏွင္းဆီဘြဲ႔ဆူးျဖစ္ၿပီး မွတ္တိုင္အဆံုးသည္ကလည္း ႏွင္းဆီဘြဲ႔ဆူးသာျဖစ္ခဲ့သည္မို႔
အၿပံဳးတစ္ပြင့္ အနမ္းတရိႈက္ကလည္းသူ႔အား အေပ်ာ္ဆံုးလူသားျဖစ္ေစခဲ့ပါ၏။

" ကိုႀကီးဘြဲ႔ဆူး "

ဒီေန့၏ ေသာင္းဆင့္ေခၚေသာ နာမ္စားက ကိုႀကီးဘြဲ႔ဆူးျဖစ္သည္။ အမ်ိဳးမ်ိဳးေသာ နာမ္မည္ေတြအား မရိုးႏိုင္ေအာင္ေခၚတက္သူႀကီးမို႔ သူ႔မွာ ဘယ္လိုေခၚေခၚ မစိမ္းသက္ေတာ့။

" ေျပာဗ်ာ "

" အေဖတို႔အိမ္မွာ ၾကက္ေမာက္သီးေတြ မွည္‌့ေနေလာက္ၿပီ ။ စားခ်င္ေသးလား"

" မင္းအေဖအိမ္ေတာ့ မလိုက္ခ်င္ပါဘူး။
ငါ့လည္း သူတၫ့္တာမွမဟုတ္တာ "

" အိုဗ်ာ။ တၫ့္တၫ့္မတၫ့္တၫ့္ သူမွမရိွတာ။
‌အိမ္အေနာက္မွာ အသီးေတြမွစံုမွစံုပဲ။
စားခ်င္တာ လက္ညိုးထိုး ညီေလး တက္ခူးေပး‌မယ္"

" ေတာ္ပါကြာ။ နဂိုကမွ မ်က္ႏွာမျမင္ခ်င္ပါဘူးဆိုမွ။ ျပန္ေရာက္လာလို႔ သူ႔အပင္ကအသီးေတြ မက်န္ရင္ ငါ့ကိုအျပစ္ျမင္ေနပါ့ဦးမယ္"

" ျမင္စရာလား။ ဒီအိမ္လည္းအခ်ိန္တန္က်ဳပ္ရမွာပဲ။ ခုေတာ့ခဏသည္းခံထားပါအံုး။ က်ဳပ္ကိုႀကီးဘြဲ႔ဆူးကို က်ဳပ္က အေဖ့ထက္သာေအာင္ထားမွာပါဗ်။"

ေသာင္းဆင့္က ခပ္တိမ္တိမ္ေရမွာ ေလွာ္တက္ကိုကိုင္ကာ ဇေလွာင္းကို မေလွာ္ပဲ ေျမကိုတြန္း၍ အရိွန္ကိုတင္လိုက္သည္။ ကနစိုသီး တစ္တြဲအား သာဒင္ဆီပစ္ ပစ္ေပး၍ လမ္းခြဲခဲ့သည္မို႔ အျပန္တြင္ သူတို႔ႏွစ္ေယာက္ထဲသာ။
ကေလးေတြ ေဆာ့ေနတဲ့ ဇလားေတြအားေငးကာ
ဘြဲ႔ဆူး ၿပံဳးေနလိုက္သည္။
အမွန္အတိုင္းေျပာရရင္ သူ႔မွာ အနာဂတ္မရိွေပ။
ေသာင္းဆင့္ႏွင့္ ဆက္သြားရမၫ့္  ဘဝလမ္းေၾကာင္းအေပၚေမ်ွာ္မွန္းထားတာမ်ိဳး စိုးစိမွရိွမေန။

" ေသာင္းဆင့္ "

" ဗ်ာ"

" ကိုယ္ေပးလိုက္တဲ့ လက္စြပ္ေလးဝတ္ၿပီးကတည္းက မင္းေနမေကာင္းမျဖစ္ေတာ့ဘူးေနာ္။
အဲ့ဒါထူးဆန္းေနလား "

" က်ဳပ္က အၿမဲေရႊမပါရင္ ဖ်ားတက္တယ္။
အဲ့ဒါဟိုးငယ္ငယ္ေလးကတည္းကပဲ။ အေမရိွေနတုန္းကဆိုရင္ အေမက က်ဳပ္ကို ျခဴးေလးေတြပါတဲ့ လက္ေကာက္ေလးေတြ ၊ ေျခခ်င္းေလးေတြဆင္ေနၾကဗ်။ အဲ့ဒါေတြကို က်ဳပ္အသက္ႀကီးတဲ့ အထိ ဝတ္လို႔ရသမ်ွေပကပ္ဝတ္ခဲ့ေသးတယ္။ ေတာ္ေတာ္ႀကီးတဲ့အထိ အေဖ့ကို အဲ့ဒါေလးေတြ ေမးေမးေနေသးေပမဲ့ အေဖက က်ဳပ္ကို ခိုးေပါင္မွာစိုးလို႔ ဘယ္ေနရာမွာ သိမ္းထားသလဲဆိုတာေတာင္ မေျပာျပဘူး။ ဖြက္ထားေတာ့တာ။ "

" မင္းေရႊတအားႀကိဳက္တာပဲလား"

‌ေရႊဆိုတဲ့အသံၾကားကတည္းက ေသာင္းဆင့္က သူ႔လက္မွာ ဝတ္ထားတဲ့လက္စြပ္ေလးကို ပြတ္ေနမိသည္။  သူ႔မွာ တစ္ခုတည္းေသာ လက္စြပ္ကေလး။
ထိုအရာသည္ သူ႔ ႏွင္းဆီေလးေပးထားသည္မို႔ ပြန္းမွာပဲ့မွာကိုစိုးေနရသည္။

" ေရႊႀကိဳက္သလားဆိုေတာ့ ေျပာျပလို႔မရေအာင္ ႀကိဳက္တာ။ ေရႊႀကိဳက္လြန္းလို႔လားမသိဘူး ေရြေတြက က်ဳပ္ဆိုတအား ခင္တာပဲ။
ဘယ္ေတာ့မွ က်ဳပ္ကိုယ္ေပၚမွာရိွတဲ့ေရႊက ျပဳတ္မက်ဘူး၊အေရာင္မမိွန္ဘူး၊ မပြန္းမပဲ့ဘူး၊ အေလးခ်ိန္မေလ်ာ့ဘူး"

" ထူးလွခ်ည္လားကြ"

ဘြဲ႔ဆူးစကားေထာက္ေပးေတာ့ ေသာင္းဆင့္က သူ႔စကားကိုျပန္ဆက္ေျပာသည္။

" အမွန္ေတာ့ က်ဳပ္လည္းအစတုန္းကသတိမထားမိဘူး။ ဥပမာေျပာရရင္ က်ဳပ္တို႔အိမ္ေဘးက အေဒၚႀကီးတင္တင္ျမသမီး၊ သဲစုမေလး ရဲ့ ဆြဲႀကိဳးေလးျပဳတ္က်တုန္းက တရပ္ကြက္လံုးဝိုင္းရွာၾကတာ ၊ဒါေပမဲ့ ဘယ္သူမွမေတြ့ဘူး က်ဳပ္ပဲေတြ့တာ။ ဒါ တစ္ခါထဲမဟုတ္ဘူးေနာ္၊ မၾကာခဏပဲ။ က်ဳပ္ကဘယ္ေတာ့မွလိုက္ရွာမေပးဘူး။ လမ္းသြားရင္းျဖစ္ျဖစ္ ၊ က်ဳပ္လမ္းေဘးအေပါ့စြန႔္ရင္းျဖစ္ျဖစ္မရွာပဲကိုေတြ့တာဗ်ာ "

" မင္းဟာက ဟုတ္ေရာဟုတ္ရဲ့လားကြ "

" ကဲၾကၫ့္။ ကိုႀကီးဘြဲ႔ဆူးက စကားအေကာင္းကိုေျပာမရတာပဲ။ ညီေလးေျပာတာမယံုရင္ တစ္ရြာလံုးေမးၾကၫ့္ဗ်ာ၊ ေရႊခင္ေသာင္းဆင့္ဆိုတာ နာမည္ႏွစ္လံုးနဲ႔ပဲေနတာ။ ေနာက္နာမည္ရိွေသးတယ္မွတ္ထားလိုက္၊ သရဲႏိုင္ေသာင္းဆင့္တဲ့။ "

ေသာင္းဆင့္၏ခပ္ႂကြားႂကြားအေျပာေတြအားမခံႏိုင္စြာ ၿခံေပါက္ဝေရာက္သည္ႏွင့္ ဘြဲ႔ဆူးစကားတစ္ခြန္း‌ ေျပာၿပီးအရင္ ေရထဲဆင္းေျပး၏။

" ေသာင္းဆင့္ ေလာင္းစီး "

ခ်စ္တဲ့အိမ္စည္။







Continue Reading

You'll Also Like

1.4M 47.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
315K 8K 76
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
202K 23.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
2.3M 150K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...