Unforgivable [completed]

Galing kay xiaopaing105

119K 8.9K 161

ကံကြမ္မာက Chanceတစ်ခုပေးတယ် အကောင်းဆုံးအသုံးချတတ်ဖို့တော့လိုတယ် ဒီလူကို လက်စားချေသင့်တာလား ဒီလူကို ရှောင်ခ... Higit pa

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28 End

Part 7

4K 302 4
Galing kay xiaopaing105

ရှောင်းကျန့် နိုးနိုးချင်းပဲ တစ်စုံတစ်ခုက ချုပ်နှောင်ထားသလို ခံစားနေရတာကြောင့် ခန္ဓာကိုယ်အား အနည်းငယ် ရုန်းကန်ကြည့်လိုက်တော့ 
တရားခံအား တွေ့ပြီ
အခြားသူမဟုတ် ရန်သူတော်ကြီး ဝမ်ရိပေါ် က တင်းကြပ်စွာ ဖက်ထားခြင်း
ရှောင်းကျန့် ထိုလူ့ဆီက နွေးထွေးတဲ့အငွေ့အသက်လေးကို ခံစားမိပေမယ့် ဒီအရာတွေက မပျော်ဝင်သင့်မှန်း သိနေအခါ
အနွေးလှိုင်းလေးက ချက်ချင်း အေးစက်သွားပြီး ရှောင်းကျန့် မျက်နှာမှာ Devil smileလေးပေါ်လာသည်
မကြာခင်မှာပဲ ကုတင်ပေါ် အိပ်ပျော်နေသူဟာ
ကုတင်အောက်သို့
ဗုန်းကနဲ ပြုတ်ကျသွားသည်

"အာ့ "

ဝမ်ရိပေါ်ကလည်း မထင်မှတ်ထားတာမို့ နာကျင်သံကို မတားလိုက်နိုင်
အဲ့ဒီနောက်တော့ သူ့ရှောင်းအားမော့ကြည့်လိုက်သည်

"လာကြည့်မနေနဲ့
နောက်တစ်ခါ ဒီလို မဖြစ်ချင် ကိုယ့်အခန်းကို ပြန် အိပ် "

မျက်နှာအား မော်ချီကာ အောင်နိုင်သူ အသံနဲ့
ပြောလာတဲ့ ရှောင်းကြောင့် ဝမ်ရိပေါ်မှာ စိတ်မဆိုးနိုင်ပဲ အတွေးဆိုးတစ်ခု ပေါ်လာရတော့သည်

"အလျှော့ပေးလို့ သိပ်ဆိုးနေတယ်ပေါ့
ရှောင်း
ရတယ် မင်းကိုယ့်ကို ခါးနာအောင်တယ်
ဒီတစ်ခါတော့ လွှတ်မထားတော့ဘူး
ရှောင်းလည်းခါးပြန်နာစေရမယ် "

မဲ့ပြုံးကြီးနဲ့ တဖြည်းဖြည်း အနားတိုးလာတာကြောင့် ရှောင်းကျန့်မှာ အထိတ်ထိတ်အလန့်လန့်
အခန်းပြင်သို့ ထွက်ပြေးရန် ကြိုးစားသော်ငြား
ထိုလူရဲ့ လက်ကြီးကြီးထဲမှာ ဖမ်းဆီးခံရပြီးနောက်
ရှောင်းကျန့်မှာ အနိုင်ကျင့်ခံရလေတော့သည်

ကင်းအောင်နေမယ်ဆိုပြီး သွားဆွတဲ့ မိမိကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား
ဟိုနှာဘူးကြီးကိုပဲ အပစ်တင် ရမလားမသိတော့

သေချာတာတစ်ခုက ဒီအခြေအနေမျိုးအား
ရှောင်းကျန့်တကယ်မလိုလားပါ

နောက်တစ်ခါ ထပ်နိုးလာတော့
ဘေးမှာ ဝမ်ရိပေါ်က မရှိတော့
အဲ့လူက အဲ့အတိုင်းပဲလေ
ဘာတွေမျှော်လင့်နေတာလဲ ရှောင်းကျန့်ရဲ့
ရှောင်းကျန့် သူ့ကိုယ်သူ အမြဲ သတိပေးနေသည့်တိုင် တစ်ခါတစ်ခါ စိတ်ပျော့ချင်တဲ့ ကိုယ့်ကိုယ်လည်း ထုရိုက်ပစ်ချင်သည်

ထိုနေ့က ရှောင်းကျန့် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး တစ်နေကုန် အိပ်ပလိုက်သည်

စိတ်ညစ်လျှင် အိပ်တတ်သည့် အကျင့်ရှိသူ
ဖြစ်တဲ့ ရှောင်းကြောင့်
အားလျန်နဲ့ အားရှင်းရဲ့ တစ်နေ့တာ အစီရင်ခံမှုကို ကြားပြီး မရွှင်မပျဖြစ်သွားသူက
ဝမ်ရိပေါ်
မိမိလုပ်ရပ်အတွက် များစွာ စိတ်မကောင်းဖြစ်ခဲ့ပေမယ့် နောင်တတော့ မရမိ
ကိုယ့်ချစ်သူအား သိမ်းပိုက်မိခြင်းဟာ နောင်တရရမယ့်အလုပ်မျိုးမှ မဟုတ်တာ

......

ကျောင်း canteenတစ်ခုတွင်
ဘာမှမစားနိုင် မသောက်နိုင်ဖြစ်ကာ မှုိင်ထွေနေသည့် သူငယ်ချင်းကြောင့်
သက်ပြင်းတစ်ချချဖြစ်နေရသူက
လီဖန်အာ
ကြာတော့ သူလည်းကြည့်မနေနိုင်တော့

"လီယို မင်းဟာက အဲ့လောက်ဖြစ်ပျက်နေဖို့လိုလို့လား "

ဒီလိုပြောလည်း တုတ်တုတ်မျှ မလှုပ်

"ဖူးစာမှန်ရင် ပြန်တွေ့ပါလိမ့်မယ်
လီယိုရယ် အစားလေးတော့ စားပါ"

ထိုအခါမှ သူ့အားကြည့်ကာ ပြန်ပက်လာတဲ့သူငယ်ချင်းကြီး

"နှစ်ရက်တောင်ရှိပြီ ဖန်အာလေးရဲ့
အဲ့ဒီကောလှလှလေးက ဘယ်အရပ်ဒေသမှာနေလို့ ငါနဲ့ တစ်ခေါက်လောက်ထပ်မဆုံရတာလဲ
ဒီတစ်ခါ ဖုန်းနံပါတ်တွေ
wechat တွေတောင်းထားရအောင်
အမှန်ဆို အဲ့နေ့ထဲက တောင်းလိုက်ရမှာ "

ခုမှနှမြောတသဖြစ်နေပုံက ဟားပစ်ချင်စရာ

"မင်းလည်း ဒီကောကောကျမှ တော်တော်ဖြစ်နေတာ
ဝဋ်လည်တာဖြစ်လိမ့်မယ်မင်း "

"ဘာကိုလဲ "

"Play boyကြီးလုပ်လာတဲ့ ဝဋ်ကိုပြောတာလေ
မိန်းကလေးတွေ ချစ်တာခံရတုန်းက လွယ်လွယ်တွဲ လွယ်လွယ်ပစ်လေ
ခုမင်းလဲ ချစ်မိရော ဟိုကောကောကို ဘယ်မှာ ရှာရမှန်းမသိတော့ဘူးမလား
တစ်သက်လုံးမတွေ့တော့ရင်ရော "

"ဘာ "

ထိုအခါမှ ပြူးပြူးပြာပြာထအော်လေတဲ့ လီယို ဖြစ်နိုင်တာကို မတွေးမိဘူးလား

"ဟုတ်တယ်လေ
တစ်ခါလောက်တွေ့ဖူးတဲ့သူနဲ့ ထပ်တွေ့ဖို့က လွယ်မှ မလွယ်တာ
တကယ်လို့ တွေ့ခဲ့ရင်တောင်
သူ့မှာ အိမ်ထောင်နဲ့ဆို မင်းဘယ်လိုလုပ်မလဲ "

လီယို ခနတာကြောင်အသွားပြီးနောက်
ပြန်ဖြေလာသည်က

"တွေ့အောင်ရှာမှာ
ပြီးတော့ အိမ်ထောင်ရှိလဲ မတတ်နိုင်ဘူး
ငါက ချစ်မိနေပြီးပြီ "

"လီယို မင်းအတည်ကြီးလား "

"အင်း အဲ့လူကို မရရင် ထပ်မတွေ့ရရင် ရူးသွားမလားပဲ "

"ဒါဆို ငါလည်းကူရှာပေးပါ့မယ်
ခက်တာက အဲ့ကောကောမျက်နှာ
ငါလည်း မမြင်ဖူးလိုက် ဘူး "

"ရတယ်ဖန်အာ
ငါကံကြမ္မာကို ယုံတယ်
ကောနဲ့ထပ်ပြီးတွေ့ရမယ့်လို့ အသေအချာကို သိနေတာ"

"အဲ့တာဆိုလည်း အစားလေးတော့စားပါ
ငါ့ကောင်ရာ "

"အင်းပါ"

......

ရှောင်းကျန့် ဒီနေ့တော့
အိမ်မှနေရတာ ပျင်းလွန်းတာကြောင့်
ကျိုးချန်ဆီကိုလည်း လာရင်း
ဝမ်ရိပေါ်အားလည်း အကဲခတ်ရန် Wang Companyသို့ရောက်လာခဲ့သည်

အကြောင်မှာကား မနေ့ညကဝမ်ရိပေါ် ပြန်မလာတာကြောင့်ဖြစ်သည်
ခြေလှမ်းတွေ စပျက်နေပြီဆို တော့
မကြာတော့ သတင်းတွေ တက်လာပြီး သူ့ကို စိတ်ဒက္ခအမျိုးမျိုးပေးတော့မှာ
ဒါကြောင့် သတင်းတွေ မထွက်ခင်
သူကအရင် အမိလာဖမ်းခြင်း

ခက်တာက ဝမ်ရိပေါ်ရဲ့ ဟိုနှစ်ကောင်က နေရာတကာ ပါနေခြင်း
ရှောင်းကျန့်လဲ အဲ့နှစ်ယောက်အား
လျစ်လျူရှုကာ Companyရှေ့မှာ ထွက်စောင့် နေတဲ့ ကျိုးချန်အား ပြေးဖက်လိုက်သည်

အလွမ်းသယ်၍ပင် မဝသေး အတင်းလာဆွဲနေတဲ့ အဲ့နှစ်ယောက်အား အော်ထုတ်ပစ်လိုက်သည်

"ဘာဖြစ်နေတာလဲ "

"မရပါဘူး သခင်လေး
CEOကမှာထားပါတယ်
သခင်လေးကို ဘယ်ယောက်ျားမိန်းမနဲ့ မှ နီးကပ်မနေစေရပါဘူး တဲ့ "

ဒါ ငါ့သူငယ်ချင်းဟဲ့လို့သာ
စိတ်ထဲမှာပဲ အော်ဟစ်လိုက်တော့သည်
နောက်ပြီး ရှောင်းကျန့်စိတ်ထဲ အရွဲ့တိုက်ချင်စိတ်များ တစ်ဖွားဖွားပေါ်လာသည်

🐰Xiao Paing🐰

🐇Zawgyi 🐇

တရားခံအား တွေ့ပြီ
ကုတင်အောက်သို့

"အာ့ "


"လာကြည့်မနေနဲ့


ရှောင်း






ဝမ်ရိပေါ်

......

ဘာမှမစားနိုင် မသောက်နိုင်ဖြစ်ကာ မှိုင်ထွေနေသည့် သူငယ်ချင်းကြောင့်
လီဖန်အာ








"ဘာကိုလဲ "


"ဘာ "


"ဟုတ်တယ်လေ

ပြန်ဖြေလာသည်က

"တွေ့အောင်ရှာမှာ
ငါက ချစ်မိနေပြီးပြီ "




"ရတယ်ဖန်အာ
ငါကံကြမ္မာကို ယုံတယ်

ငါ့ကောင်ရာ "

"အင်းပါ"

......





"ဘာဖြစ်နေတာလဲ "

"မရပါဘူး သခင်လေး
CEOကမှာထားပါတယ်


🐰Xiao Paing🐰

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

12.6K 2.5K 28
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...
10.5K 2.4K 41
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
151K 21.9K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
31.7K 6.9K 40
tk sinhala