Chapter (176) - သတိရအောင် လုပ်ပါ....
ကျန်းယာ့ရဲ့ မျက်နှာသည် နီရဲနေပြီး သူမ၏ ဝတ်စားဆင်ယင်မှုက သူမရဲ့ပုံစံကို ပိုပြီး တင်းမာ စေသည်။ သူမ၏ အနက်ရောင် ဆံပင်များသည် လေထဲတွင် လွင့်ပျံလာသည်။ ကျန်းယာ့ သည် ချန်ကော ရှေ့မှာ ရပ်နေပြီး သူတို့မျက်နှာကြားမှ သုံးဆယ်စင်တီမီတာလောက် မကွာတော့ပေ။ အအေးဓာတ်က သူ့အရေပြားတစ်လျှောက် စိမ့်ဝင်သွားပြီး ချန်ကော ရဲ့ နှုတ်ခမ်းတွေက အအေးဒဏ်ကကြောင့် ခရမ်းရောင်ပြောင်းသွားတယ်။
ဘာကိုမှ မကြောက်တဲ့လူက ကြောက်စိတ်တွေ ရင်ထဲမှာ ရစ်ပတ်နေတယ်။ သူက နောက်ပြန်ဆုတ်ချင်ပေမယ့် မလှုပ်နိုင်တော့ဘူး။ သူ့ခန္ဓာကိုယ်ရှိ သွေးကြောတိုင်းကို အေးခဲသွားပုံရသည်။
အကူအညီတောင်းလို့ ပေါ်လာတဲ့ ဝိညာဉ်တစ်ကောင်က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်နေသည်။ လက်တစ်စုံက သူ့အပေါ်ကို ချုပ်ကိုင်ထားသလိုမျိုး သူ့နှလုံးသားတစ်ဝိုက်မှာ မကောင်းသည့် အဖျက်စွမ်းအင်တွေ စုစည်းနေသလိုခံစားနေရကာ သရဲ သကြားလုံးက ပါးစပ်ထဲ မျိုချရခက်သဖြင့် ချန်ကော သည် လေပြတ်လတ်ကာ မူးလဲသွားမော့မလို ခံစားလိုက်ရသည်။
ကျန်းယာ့ သည် အေးခဲနေသောနေရာသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။ နောက်ဆုံးတော့ ချန်ကော ရှေ့မှာ သူမ ရပ်သွားတယ်။ အပူချိန်မရှိ အေးစက်စက် ကျန်းယာ့ရဲ့ မျက်နှာကို တွေ့လိုက်ရပြီး ချန်ကော ၏ လည်ချောင်းအတွင်းမှ တစ်ဆို့နေတာ လျော့ကျသွားပြီး အသက်ပြန်ရှုလာနိုင်ခဲ့သည်။ သူ့လည်ချောင်းက သကြားလုံးတွေ အရည်ပျော်သွားသည် ။ ချန်ကော သည် သူ့ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအားများ တဟုန်ထိုး မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူ့နှင့် ခြောက်စင်တီမီတာမျှသာ ကွာဝေးသော ကျန်းယာ့ ကို ကြည့်လိုက် မိစဉ် သူ့ခြေထောက်တွေက အလိုအလျောက် တုန်လှုပ်လာသည်။
ဒါ စိတ်ထဲမှာ မြင်ယောင်နေတာ မဟုတ်ဘူး! တစ်စုံတစ်ယောက်က သူမကို တားထားလို့ သူမ ရှေ့ဆက် တိုးမရဖြစ်နေသည်။
ဘောပင် ဝိဉာဉ်၏ ထိုးစိုက်ခြင်းကို ခံနေရသဖြင့် မျက်စိကန်းနေသော မကောင်းဆိုးဝါး သည် သူ့ဆီသို့ အရှိန်အပြည့် တွားသွားလာနေသည်။ ရှည်မျောမျော ပိန်ပိန်ပါးပါး ခန္ဓာကိုယ်သည် မြွေကြီးတစ်ကောင်လို လျှောတိုက်နေသည်။ ထိုအရာ၏ အရိုးစုလို လက်များသည် ချန်ကော ၏ပခုံးများကို ဆုပ်ကိုင်ထားပြီး၊ ထိုအရာ၏အောက်ပိုင်းခန္ဓာကိုယ်သည် ချန်ကော ၏ပခုံးပေါ် ခုန်တက်ရန်ပြင်ဆင်နေသကဲ့သို့ လှုပ်ရှားနေသည်။
သူ့ပခုံးများမှ နာကျင်မှုကြောင့် ချန်ကော ကြောက်ရွံ့မှုမှ နိုးထလာခဲ့သည်။ သူသည် မကောင်းဆိုးဝါးကြီးကို လှည့်ကြည့်ကာ လေးနက်သော အကြည့်ကို ပေးလိုက်သည်။
တန်ဖိုးထားမှုလား?
ဒါက မကောင်းဆိုးဝါး ကို စော်ကားသလိုပဲ၊ အမြင့်ကြီး မြင့်တက်နေတဲ့ ခေါင်းက ရူးသလို ယမ်းခါနေသည်။ ထိုအရာက ကျန်းယာ့ ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ချန်ကော ၏လည်ပင်းကို ကိုက်ရန် နေရာကို ရွေးချယ်နေသည်။ တွန့်လိမ်နေသော လူရဲ့ မေးရိုး ပွင့်သွားစဉ် ထိုအရာက ချန်ကော နှင့် မီတာဝက်အကွာတွင် ရပ်သွားခဲ့သည်။
သူ့ဖာသာ ရပ်တန့်ချင်နေလို့ မဟုတ်ပဲ အမှောင်ထဲတွင် သွေးစွန်းနေသော ဆံပင်တွေက ထိုအရာရဲ့ ခန္ဓာကိုယ်ကို ချည်နှောင်ထားသည်။ မကောင်းဆိုးဝါး သည် အော်ဟစ်ကာ ကျန်းယာ့ ကို မကျေမနပ် စိုက်ကြည့်နေသည်။ အစောပိုင်းက ကျန်းယာ့ ကို မတိုက်ခိုက်ခဲ့တာက သူက ကျန်းယာကို ကြောက်သည်ဟု မဆိုလိုပေ။
မကောင်းဆိုးဝါး သုံးကောင်တို့သည် အချင်းချင်း ဆက်သွယ်ပြောဆိုကြပြီး သူတို့ ပစ်မှတ်ကို ကျန်းယာ့ ဆီသို့ ပြောင်းခဲ့ကြသည်။ ချန်ကော က ကျန်းယာ့ ဘာလုပ်တော့မယ်ဆိုတာ မသိပေမယ့် ကောင်မလေးရဲ့ အေးစက်သော မျက်နှာကို တချက် မြင်လိုက်ရပြီး ကျန်းယာ့ရဲ့ အနက်ရောင်ဆံပင်များက မကောင်းဆိုးဝါး ၏ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားသည်။ သူမ၏ သွယ်လျသောလက်များသည် မကောင်းဆိုးဝါး ၏ဦးခေါင်းကို ဆုပ်ကိုင်ထားပြီး နံရံနှင့် ပြင်းထန်စွာ ဆောင့်ပစ်လိုက်သည်။
မကောင်းဆိုးဝါး က ဒုတိယအကြိမ် အော်ဟစ်လိုက်တယ်။ ဒါ အရမ်းရက်စက်တယ်။
ကျန်းယာ့ သည် ထိုနတ်ဆိုးကို စတင်တိုက်ခိုက်လိုက်ချိန် ချန်ကော ၏ ကိုယ်ကို ချုပ်နှောင်ထားသည့် အေးစက်မှုသည် သူ လှုပ်ရှားနိုင်လောက်အောင် လျော့နည်းသွားလို့ သူ နောက်ပြန်ဆုတ် လိုက်တယ်။ သကြားလုံးများက သူ့ပါးစပ်ထဲ ဆက်လက် အရည်ပျော်နေသဖြင့် သူ့ခန္ဓာကိုယ်တွင်းရှိ ဝိညာဉ်များ၏ အော်ဟစ်သံက အားပျော့သွားသည်။ သူ့မျက်လုံးများသည် အေးစက်စက် ဝိဉာဉ် အရိပ်တွေနှင့် ဝန်းရံထားသလို ခံစားလိုက်ရပြီး သူ၏ အမြင်စွမ်းအာက ပိုတိုးလာခဲ့သည်။ အမှောင်ထဲတွင် ပိုရှင်းလင်းစွာ မြင်နိုင်လာသည်။
မကောင်းဆိုးဝါး သုံးကောင်သည် ကျန်းယာ့ နှင့် တိုက်ခိုက်နေသည်။ သူမ၏ အနီရောင် ဝတ်စုံသည် အမှောင်ထဲတွင် တောက်လောင်နေသလို သူမ၏ ဒေါသနှင့် နာကြည်းမှုတွေက မြင့်တက်နေသည်။ သူမသည် မကောင်းဆိုးဝါးများကို တစ်စစီ ခွဲထုတ်ပြီး စားသုံးတော့မည် ထင်သည်။
ဆယ်မိနစ်အကြာတွင် စင်္ကြံအတွင်း၌ မကောင်းဆိုးဝါး သုံးကောင် သတ်ဖြတ်ခံနေခဲ့ရသည်။ မကောင်းဆိုးဝါး တွေက ဒဏ်ရာတွေ ပိုရလာတယ်။ ထိုအရာတွေက လူသားများနှင့် ပေါင်းစည်းမိသောအခါတွင် အဆိုပါ အားနည်းသော မကောင်းဆိုးဝါး များသည် အသန်မာဆုံးဖြစ်သော်လည်း ထိုအရာတွေကို လူသားတွေရဲ့ ကိုယ်ကနေ ခွဲထုတ်လိုက်ချိန်မှာ မကောင်းဆိုးဝါးတွေရဲ့ စွမ်းအား အရမ်း အားနည်းသွားခဲ့သည်။ သူတို့က အရေတွက်ပိုပေမယ့် ကျန်းယာ့ကို ထိခိုက်အောင် မလုပ်နိုင်တော့ပေ။
စွမ်းအား ကွာခြားချက်က အရမ်းကြီးတာပဲ...
ပါးလွှာသောကိုယ်ထည်ရှိသည့် မကောင်းဆိုးဝါး သတ္တဝါသည် ချန်ကော တွေ့ကြုံဖူးသမျှထဲမှာ ကြောက်စရာအကောင်းဆုံး တစ္ဆေဖြစ်သည်။ အစပိုင်းမှာတော့ ဒီမကောင်းဆိုးဝါးတွေက ကျန်းးယာ့ လောက် အစွမ်းထက်မယ်လို့ ထင်ခဲ့ပေမယ့် ကျန်းယာ့ရဲ့အစွမ်းကို သူ လျှော့တွက်ထားခဲ့မိ ပုံရတယ်။
အနက်ရောင်ဖုန်းထဲမှာ ကျန်းယာ့က သီးသန့် profile စာမျက်နှာတစ်ခု ရှိနိုင်တာက သေချာပေါက် ထူးခြားလို့ပဲဖြစ်ရမယ်။ ချန်ကော က အသားခုတ်ဓားမကို ကိုင်ကာ အသင့်အနေထားဖြင့် စောင့်နေသည်။
ကျိုကျန်း သီးသန့်အကယ်ဒမီက ကြယ်သုံးပွင့်အဆင့် ခြောက်ခြားဖွယ်ရာ အခန်း ဖြစ်ပေမယ့် ချန်ကော က ထိုအကယ်ဒမီကျောင်းကို ကြယ်နှစ်ပွင့်ဇာတ်လမ်းတစ်ခုသာဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ကျိုကျန်းအနောက်ပိုင်း သီးသန့်အကယ်ဒမီကျောင်းမှ ကျန်းယာ့ဆိုသည့် သရဲမက ကြယ်သုံးပွင့် တတိယ နာမကျန်းခန်းမ မှ မကောင်းဆိုးဝါး များကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။ ဒီတစ်ချက်တည်းနဲ့ တတိယ နာမကျန်းခန်းမ ထဲမှာ ပုန်းအောင်းနေတဲ့ အခု မကောင်းဆိုးဝါးအကောင်ထက် ပိုကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိလောက်သေးသည်။
အနက်ရောင်ဖုန်းက တတိယ နာမကျန်းခန်းမ ကို ကြယ်သုံးပွင့် ခြောက်ခြားဖွယ် အခန်း အဖြစ် အကဲဖြတ်ရတဲ့ အကြောင်းရင်းတစ်ခု ရှိကို ရှိရမည်။ ဆေးရုံအတွင်းတွင် အနီရောင်ဝိဉာဉ် ရှိလောက်သည်။ အနီရောင် သွေးစွန်းနေသည့် ဝိဉာဉ်က တစ်ခုထက်ပိုရှိတာလည်း ဖြစ်နို်င်သည်။
ချန်ကော အကြောင်းကို ပိုတွေးလေလေ ရှုပ်လေလေဖြစ်သည်။ တံခါးကို နှစ်ပေါင်းများစွာ ဖွင့်ထားခဲ့ပြီးပြီမို့ သီအိုရီအရပြောရလျှင် ဆေးရုံတစ်ခုလုံးသည် ယခုအချိန်တွင် မကောင်းဆိုးဝါး တွေ ခိုအောင်းရာ နေရာကြီး တစ်ခု ဖြစ်သင့်သည်။ သရဲတစ္ဆေတွေအားလုံး ဒီမှာ မနေပဲ အကုန် ထွက်သွားသလား၊ ဒါမှမဟုတ် ပရလောက ကမ္ဘာကို တံခါးနောက်မှာ တစ်ခုခု ဖြစ်သွားသလား။
ချန်ကော က ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ပထမထပ် စင်္ကြံမှာ မြင်လိုက်ရတဲ့ သွေးကြောတွေက လေးဘက်ခြမ်းမှာ ပေါ်လာတာကို သတိထားလိုက်မိသည် ။ တတိယထပ်တွင်လည်း သွေးကြောလိုအရာတွေက ကျန်းယာ့ ဆီသို့ တိတ်တဆိတ် ရွေ့လျားလာနေကြသည်။
မကောင်းတော့ဘူး။ ချန်ကော ဟာ သူ့ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်။ ကျန်းယာ့ ပေးသောသကြားလုံးသည် လူ၏စိတ်ဝိညာဉ်နှင့်ပြုလုပ်ထားသောကြောင့် သကြားလုံး၏အကျိုးသက်ရောက်မှုက သူ့ခန္ဓာကိုယ်ကို အေးခဲသွားစေခဲ့သည်။ သကြားလုံး အရည်ပျော်သွားသောအခါ၊ သကြားလုံးရဲ့အစွမ်းက ချန်ကောရဲ့ ယင်ယန် မျက်လုံးအစွမ်းကို စုပ်ယူသွားသည်။ ကျန်းယာ့ သည် ချန်ကော ကို ထိခိုက်စေချင်လို့ ဒီနည်းလမ်းကို အသုံးခဲ့တာတော့ မဟုတ်ပေ။ဒါက မရည်ရွယ်ပဲ ဖြစ်သွားခဲ့တာပဲ။
တတိယ နာမကျန်းခန်းမ မှာ ပုန်းအောင်းနေတဲ့ တကယ့် မကောင်းဆိုးဝါး အကြီးစား တစ်ခု ရှိသေးတယ်။ တကယ့်နတ်ဆိုးက ခန်းမကြီးထဲမှာ ဖြစ်နိုင်တယ်။ ချန်ကော သည် ရှေ့သို့ ပြေးသွားသော်လည်း၊ ဒေါက်တာ ကောင်းနဲ့ချိတ်ဆက်ထားသည့် ဖုန်းထဲမှ အသံမထွက်မီတွင် သူ ခြေလှမ်းများစွာ လှမ်းနိုင်ခဲ့သည်။
"ချန်ကော ! ငါ မန်နန်ကို ရှာတွေ့ပြီ!"
ဖုန်းခေါ်ဆိုမှုမှာ အဆက်အသွယ်မဖြတ်ရသေးသောကြောင့် ဒေါက်တာ ကောင်း သည် သူ ကြားလိုက်သည့်အသံများမှ တဆင့် အရေးတကြီးနေပြီ ဖြစ်နေကြောင်း သိလိုက်ရသည်။
"ကောင်းပြီ၊ သူ့ကို ဖုန်းပေးလိုက်ပါ"
ချန်ကော က ရပ်တန့်ကာ ချက်ချင်းပြောလိုက်သည်။ မန်နန်သည် ဒီပြဿနာတစ်ခုလုံးအတွက် အဓိကသော့ချက်ဖြစ်သည်။ သူသည် တံခါးကိုမြင်ပြီး တံခါးကို အရင်ပိတ်ခဲ့သူဖြစ်သည်။
"ငါက မန်နန်ပဲ... အရင်တခေါက်က ကူညီပေးတာ ကျေးဇူးတင်ပါတယ်..."
"ထားလိုက်...ဘာမှမဖြစ်ဘူး။ မင်းစိတ်ထဲမှာ ပုန်းနေတဲ့ ကလေးတစ်ယောက်ရှိတယ်ဆိုတာ ငါ သိတယ်- သူ့ကို နှိုးရမယ်ဆိုတာ မင်း သိတယ် မဟုတ်လား!"
ချန်ကော ၏ အခြေအနေမှာ စိုးရိမ်စရာဖြစ်နေလို့ လိုရင်းကို အမြန်ပြောလိုက်သည်။ တတိယနာမကျန်း ခန်းမအတွင်း အလွန်ကြောက်စရာကောင်းသည့်အရာမှာ ကျန်းယာ့ ၏ ပေါ်ပေါက်လာမှုကြောင့် နိုးထလာသည်။
"မင်း အဲ့လိုထင်ရင် မှားသွားလိမ့်မယ်၊ မင်း ပြောနေတဲ့ ကလေးက ဘယ်သူလဲ "
"သူက မင်းကိုယ် အထဲမှာရှိနေတယ်!"
ချန်ကော က ခပ်မြန်မြန်ပြောလိုက်သည်။
"မင်းကို စိတ်ကျန်းမာရေးဆေးရုံမှာ မွေးဖွားခဲ့တာပဲ။ သူက မင်းရဲ့ကြီးထွားမှုကို ဘယ်လိုမှ လွှမ်းမိုးမှု မရှိဘူး၊ မင်း ဒါကို ရှောင်ဖို့ကြိုးစားပေမယ့် တစ်ချို့အရာတွေက မင်း ရှောင်လွှဲလို့ မရဘူး။"
"မင်း ဘယ်အကြောင်းပြောနေတာလဲ? ကျွန်တော် စိတ်ကျန်းမာရေးဆေးရုံမှာ ကြီးပြင်းခဲ့တာ ဖြစ်နိုင်ပေမယ့် ငယ်ငယ်က အကြောင်းအရာတွေကို မမှတ်မိတော့ဘူး"
"ကလေးဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ပျက်က မင်းရဲ့ မှတ်ဉာဏ်ထဲမှာ စွဲမြဲနေပြီး မင်းကြီးပြင်း လာတဲ့အချိန်မှာ မင်းရဲ့စိတ်ကို မတည်မငြိမ်ဖြစ်စေတယ်။ ဒါကြောင့် လူတော်တော်များများက ကလေးဘဝတုန်းက အရာတွေကို မမှတ်မိနိုင်ကြတော့ဘူး"
ဒေါက်တာ ကောင်း က မန်နန်ကို ရှင်းပြခဲ့သည်။
"ဒါပေမယ့် ဒါတွေအားလုံးကို မေ့သွားပြီလို့ မဆိုလိုပါဘူး။ သူတို့ကို စိတ်ထဲမှာ နက်နက်နဲနဲ ဖုံးကွယ်ထားတယ်။ ဒီအမှတ်တရတွေကို အသုံးချနိုင်ရင် ကလေးဘဝက မှတ်ဉာဏ်က နိုးထလာနိုင်ပါတယ်။"
"မှတ်ဉာဏ်ကို နှိုးဆော်တာလား?"
ချန်ကော က သူ့အိတ်ကပ်ထဲကနေ ဒါရိုက်တာရုံးခန်းမှာ တွေ့တဲ့ပုံကို ထုတ်ယူလိုက်တယ်။ သူက ဓာတ်ပုံကို ရိုက်ပြီးဒေါက်တာကောင်း ကို အင်တာနက်မှ တဆင့် ပေး ပို့လိုက်တယ်။
"မန်နန်.... ဒီပုံကို ကြည့်စမ်း၊ ဒါက မင်းအမေ တစ်ချိန်က နေခဲ့ဖူးတဲ့ အခန်းပဲ။ အဲဒါ တတိယ နာမကျန်းတဲ့ ခန်းမရဲ့ အခန်းနံပါတ် ၃ ပါ။ မင်းနဲ့ မင်းအမေကြားက ရှိနေတဲ့ တံခါးကို အာရုံစိုက်ကြည့်လိုက်....!"
***-***
Chapter (176) - သတိရေအာင္ လုပ္ပါ....
က်န္းယာ့ရဲ႕ မ်က္ႏွာသည္ နီရဲေနျပီး သူမ၏ ၀တ္စားဆင္ယင္မႈက သူမရဲ႕ပံုစံကို ပိုျပီး တင္းမာ ေစသည္။ သူမ၏ အနက္ေရာင္ ဆံပင္မ်ားသည္ ေလထဲတြင္ လြင့္ပ်ံလာသည္။ က်န္းယာ့ သည္ ခ်န္ေကာ ေရွ႕မွာ ရပ္ေနၿပီး သူတို႔မ်က္ႏွာၾကားမွ သုံးဆယ္စင္တီမီတာေလာက္ မကြာေတာ့ေပ။ အေအးဓာတ္က သူ႔အေရျပားတစ္ေလွ်ာက္ စိမ့္ဝင္သြားၿပီး ခ်န္ေကာ ရဲ႕ ႏႈတ္ခမ္းေတြက အေအးဒဏ္ကေႀကာင့္ ခရမ္းေရာင္ေျပာင္းသြားတယ္။
ဘာကိုမွ မေၾကာက္တဲ့လူက ေၾကာက္စိတ္ေတြ ရင္ထဲမွာ ရစ္ပတ္ေနတယ္။ သူက ေနာက္ျပန္ဆုတ္ခ်င္ေပမယ့္ မလႈပ္ႏိုင္ေတာ့ဘူး။ သူ႔ခႏၶာကိုယ္ရွိ ေသြးေၾကာတိုင္းကို ေအးခဲသြားပုံရသည္။
အကူအညီေတာင္းလို႕ ေပၚလာတဲ့ ဝိညာဥ္တစ္ေကာင္က သူ႔ခႏၶာကိုယ္အႏွံ႔ ပ်ံ႕လြင့္ေနသည္။ လက္တစ္စုံက သူ႔အေပၚကို ခ်ဳပ္ကိုင္ထားသလိုမ်ိဳး သူ႔ႏွလုံးသားတစ္ဝိုက္မွာ မေကာင္းသည့္ အဖ်က္စြမ္းအင္ေတြ စုစည္းေနသလိုခံစားေနရကာ သရဲ သၾကားလုံးက ပါးစပ္ထဲ မ်ိဳခ်ရခက္သျဖင့္ ခ်န္ေကာ သည္ ေလျပတ္လတ္ကာ မူးလဲသြားေမာ့မလို ခံစားလိုက္ရသည္။
က်န္းယာ့ သည္ ေအးခဲေနေသာေနရာသို႔ ျဖည္းညႇင္းစြာ ေ႐ြ႕လ်ားသြားသည္။ ေနာက္ဆုံးေတာ့ ခ်န္ေကာ ေရွ႕မွာ သူမ ရပ္သြားတယ္။ အပူခ်ိန္မရွိ ေအးစက္စက္ က်န္းယာ့ရဲ႕ မ်က္ႏွာကို ေတြ႕လိုက္ရျပီး ခ်န္ေကာ ၏ လည္ေခ်ာင္းအတြင္းမွ တစ္ဆို႕ေနတာ ေလ်ာ့က်သြားျပီး အသက္ျပန္ရႈလာနုိင္ခဲ့သည္။ သူ႔လည္ေခ်ာင္းက သၾကားလုံးေတြ အရည္ေပ်ာ္သြားသည္ ။ ခ်န္ေကာ သည္ သူ႔ခႏၶာကိုယ္အတြင္း၌ ဝိညာဥ္စြမ္းအားမ်ား တဟုန္ထိုး ျမင့္တက္လာသည္ကို ခံစားလိုက္ရသည္။ သူ႔ႏွင့္ ေျခာက္စင္တီမီတာမွ်သာ ကြာေဝးေသာ က်န္းယာ့ ကို ၾကည့္လိုက္ မိစဥ္ သူ႔ေျခေထာက္ေတြက အလိုအေလ်ာက္ တုန္လႈပ္လာသည္။
ဒါ စိတ္ထဲမွာ ျမင္ေယာင္ေနတာ မဟုတ္ဘူး! တစ္စုံတစ္ေယာက္က သူမကို တားထားလို႕ သူမ ေရွ႕ဆက္ တိုးမရျဖစ္ေနသည္။
ေဘာပင္ ဝိဥာဥ္၏ ထိုးစိုက္ျခင္းကို ခံေနရသျဖင့္ မ်က္စိကန္းေနေသာ မေကာင္းဆိုးဝါး သည္ သူ႔ဆီသို႔ အရွိန္အျပည့္ တြားသြားလာေနသည္။ ရွည္ေမ်ာေမ်ာ ပိန္ပိန္ပါးပါး ခႏၶာကိုယ္သည္ ေႁမြႀကီးတစ္ေကာင္လို ေလွ်ာတိုက္ေနသည္။ ထိုအရာ၏ အ႐ိုးစုလို လက္မ်ားသည္ ခ်န္ေကာ ၏ပခုံးမ်ားကို ဆုပ္ကိုင္ထားၿပီး၊ ထိုအရာ၏ေအာက္ပိုင္းခႏၶာကိုယ္သည္ ခ်န္ေကာ ၏ပခုံးေပၚ ခုန္တက္ရန္ျပင္ဆင္ေနသကဲ့သို႔ လႈပ္ရွားေနသည္။
သူ႔ပခုံးမ်ားမွ နာက်င္မႈေႀကာင့္ ခ်န္ေကာ ေၾကာက္႐ြံ႕မႈမွ ႏိုးထလာခဲ့သည္။ သူသည္ မေကာင္းဆိုးဝါးႀကိီးကို လွည့္ၾကည့္ကာ ေလးနက္ေသာ အၾကည့္ကို ေပးလိုက္သည္။
တန္ဖိုးထားမႈလား?
ဒါက မေကာင္းဆိုးဝါး ကို ေစာ္ကားသလိုပဲ၊ အျမင့္ႀကီး ျမင့္တက္ေနတဲ့ ေခါင္းက ႐ူးသလို ယမ္းခါေနသည္။ ထိုအရာက က်န္းယာ့ ကို တိုက္ခိုက္ရန္ ရည္႐ြယ္ခ်က္မရွိခဲ့ဘဲ ခ်န္ေကာ ၏လည္ပင္းကို ကိုက္ရန္ ေနရာကို ေ႐ြးခ်ယ္ေနသည္။ တြန္႕လိမ္ေနေသာ လူရဲ႕ ေမး႐ိုး ပြင့္သြားစဥ္ ထုိအရာက ခ်န္ေကာ ႏွင့္ မီတာဝက္အကြာတြင္ ရပ္သြားခဲ့သည္။
သူ႕ဖာသာ ရပ္တန႔္ခ်င္ေနလို႕ မဟုတ္ပဲ အေမွာင္ထဲတြင္ ေသြးစြန္းေနေသာ ဆံပင္ေတြက ထိုအရာရဲ႕ ခႏၶာကိုယ္ကို ခ်ည္ေႏွာင္ထားသည္။ မေကာင္းဆိုးဝါး သည္ ေအာ္ဟစ္ကာ က်န္းယာ့ ကို မေက်မနပ္ စိုက္ၾကည့္ေနသည္။ အေစာပိုင္းက က်န္းယာ့ ကို မတိုက္ခိုက္ခဲ့တာက သူက က်န္းယာကို ေၾကာက္သည္ဟု မဆိုလိုေပ။
မေကာင္းဆိုးဝါး သုံးေကာင္တို႔သည္ အခ်င္းခ်င္း ဆက္သြယ္ေျပာဆိုၾကၿပီး သူတို႕ ပစ္မွတ္ကို က်န္းယာ့ ဆီသို႔ ေျပာင္းခဲ့ၾကသည္။ ခ်န္ေကာ က က်န္းယာ့ ဘာလုပ္ေတာ့မယ္ဆိုတာ မသိေပမယ့္ ေကာင္မေလးရဲ႕ ေအးစက္ေသာ မ်က္ႏွာကို တခ်က္ ျမင္လိုက္ရျပီး က်န္းယာ့ရဲ႕ အနက္ေရာင္ဆံပင္မ်ားက မေကာင္းဆိုးဝါး ၏ခႏၶာကိုယ္ထဲသို႔ ေဖာက္ဝင္သြားသည္။ သူမ၏ သြယ္လ်ေသာလက္မ်ားသည္ မေကာင္းဆိုးဝါး ၏ဦးေခါင္းကို ဆုပ္ကိုင္ထားၿပီး နံရံႏွင့္ ျပင္းထန္စြာ ေဆာင့္ပစ္လိုက္သည္။
မေကာင္းဆိုးဝါး က ဒုတိယအႀကိမ္ ေအာ္ဟစ္လိုက္တယ္။ ဒါ အရမ္းရက္စက္တယ္။
က်န္းယာ့ သည္ ထိုနတ္ဆိုးကို စတင္တိုက္ခိုက္လိုက္ခ်ိန္ ခ်န္ေကာ ၏ ကိုယ္ကို ခ်ဳပ္ေနွာင္ထားသည့္ ေအးစက္မႈသည္ သူ လႈပ္ရွားႏိုင္ေလာက္ေအာင္ ေလ်ာ့နည္းသြားလို႕ သူ ေနာက္ျပန္ဆုတ္ လိုက္တယ္။ သၾကားလုံးမ်ားက သူ႕ပါးစပ္ထဲ ဆက္လက္ အရည္ေပ်ာ္ေနသျဖင့္ သူ႔ခႏၶာကိုယ္တြင္းရွိ ဝိညာဥ္မ်ား၏ ေအာ္ဟစ္သံက အားေပ်ာ့သြားသည္။ သူ႔မ်က္လုံးမ်ားသည္ ေအးစက္စက္ ဝိဥာဥ္ အ၇ိပ္ေတြနွင့္ ဝန္းရံထားသလို ခံစားလိုက္ရၿပီး သူ၏ အျမင္စြမ္းအာက ပိုတိုးလာခဲ့သည္။ အေမွာင္ထဲတြင္ ပိုရွင္းလင္းစြာ ျမင္ႏိုင္လာသည္။
မေကာင္းဆိုးဝါး သုံးေကာင္သည္ က်န္းယာ့ ႏွင့္ တိုက္ခိုက္ေနသည္။ သူမ၏ အနီေရာင္ ဝတ္စုံသည္ အေမွာင္ထဲတြင္ ေတာက္ေလာင္ေနသလို သူမ၏ ေဒါသႏွင့္ နာၾကည္းမႈေတြက ျမင့္္တက္ေနသည္။ သူမသည္ မေကာင္းဆိုးဝါးမ်ားကို တစ္စစီ ခြဲထုတ္ၿပီး စားသုံးေတာ့မည္ ထင္သည္။
ဆယ္မိနစ္အၾကာတြင္ စႀကႍအတြင္း၌ မေကာင္းဆိုးဝါး သံုးေကာင္ သတ္ျဖတ္ခံေနခဲ့ရသည္။ မေကာင္းဆိုးဝါး ေတြက ဒဏ္ရာေတြ ပိုရလာတယ္။ ထိုအရာေတြက လူသားမ်ားႏွင့္ ေပါင္းစည္းမိေသာအခါတြင္ အဆိုပါ အားနည္းေသာ မေကာင္းဆိုးဝါး မ်ားသည္ အသန္မာဆုံးျဖစ္ေသာ္လည္း ထိုအရာေတြကို လူသားေတြရဲ႕ ကိုယ္ကေန ခြဲထုတ္လိုက္ခ်ိန္မွာ မေကာင္းဆိုးဝါးေတြရဲ႕ စြမ္းအား အရမ္း အားနည္းသြားခဲ့သည္။ သူတို႔က အေရတြက္ပိုေပမယ့္ က်န္းယာ့ကို ထိခိုက္ေအာင္ မလုပ္နိုင္ေတာ့ေပ။
စြမ္းအား ကြာျခားခ်က္က အရမ္းႀကီးတာပဲ...
ပါးလႊာေသာကိုယ္ထည္ရွိသည့္ မေကာင္းဆိုးဝါး သတၱဝါသည္ ခ်န္ေကာ ေတြ႕ႀကဳံဖူးသမွ်ထဲမွာ ေၾကာက္စရာအေကာင္းဆံုး တေစၦျဖစ္သည္။ အစပိုင္းမွာေတာ့ ဒီမေကာင္းဆိုးဝါးေတြက က်န္းးယာ့ ေလာက္ အစြမ္းထက္မယ္လို႔ ထင္ခဲ့ေပမယ့္ က်န္းယာ့ရဲ႕အစြမ္းကို သူ ေလွ်ာ့တြက္ထားခဲ့မိ ပုံရတယ္။
အနက္ေရာင္ဖုန္းထဲမွာ က်န္းယာ့က သီးသန္႕ profile စာမ်က္ႏွာတစ္ခု ရွိႏိုင္တာက ေသခ်ာေပါက္ ထူးျခားလို႕ပဲျဖစ္ရမယ္။ ခ်န္ေကာ က အသားခုတ္ဓားမကို ကိုင္ကာ အသင့္အေနထားျဖင့္ ေစာင့္ေနသည္။
က်ိဳက်န္း သီးသန္႕အကယ္ဒမီက ၾကယ္သုံးပြင့္အဆင့္ ေျခာက္ျခားဖြယ္ရာ အခန္း ျဖစ္ေပမယ့္ ခ်န္ေကာ က ထိုအကယ္ဒမီေက်ာင္းကို ၾကယ္ႏွစ္ပြင့္ဇာတ္လမ္းတစ္ခုသာျဖစ္သည္ဟု ယုံၾကည္ခဲ့သည္။ က်ိဳက်န္းအေနာက္ပိုင္း သီးသန္႕အကယ္ဒမီေက်ာင္းမွ က်န္းယာ့ဆိုသည့္ သရဲမက ၾကယ္သုံးပြင့္ တတိယ နာမက်န္းခန္းမ မွ မေကာင္းဆိုးဝါး မ်ားကို အလြယ္တကူ ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့သည္။ ဒီတစ္ခ်က္တည္းနဲ႕ တတိယ နာမက်န္းခန္းမ ထဲမွာ ပုန္းေအာင္းေနတဲ့ အခု မေကာင္းဆုိးဝါးအေကာင္ထက္ ပိုေၾကာက္စရာေကာင္းတဲ့ အရာတစ္ခု ရွိေလာက္ေသးသည္။
အနက္ေရာင္ဖုန္းက တတိယ နာမက်န္းခန္းမ ကို ၾကယ္သုံးပြင့့္ ေျခာက္ျခားဖြယ္ အခန္း အျဖစ္ အကဲျဖတ္ရတဲ့ အေၾကာင္းရင္းတစ္ခု ရွိကို ရွိရမည္။ ေဆး႐ုံအတြင္းတြင္ အနီေရာင္ဝိဥာဥ္ ရွိေလာက္သည္။ အနီေရာင္ ေသြးစြန္းေနသည့္ ဝိဥာဥ္က တစ္ခုထက္ပိုရွိတာလည္း ျဖစ္နို္္င္သည္။
ခ်န္ေကာ အေၾကာင္းကို ပိုေတြးေလေလ ရႈပ္ေလေလျဖစ္သည္။ တံခါးကို ႏွစ္ေပါင္းမ်ားစြာ ဖြင့္ထားခဲ့ၿပီးၿပီမို႔ သီအိုရီအရေျပာရလွ်င္ ေဆး႐ုံတစ္ခုလုံးသည္ ယခုအခ်ိန္တြင္ မေကာင္းဆိုးဝါး ေတြ ခိုေအာင္းရာ ေနရာႀကီး တစ္ခု ျဖစ္သင့္သည္။ သရဲတေစၦေတြအားလုံး ဒီမွာ မေနပဲ အကုန္ ထြက္သြားသလား၊ ဒါမွမဟုတ္ ပရေလာက ကမာၻကို တံခါးေနာက္မွာ တစ္ခုခု ျဖစ္သြားသလား။
ခ်န္ေကာ က ပတ္ပတ္လည္ကို ၾကည့္လိုက္ေတာ့ ပထမထပ္ စႀကႍမွာ ျမင္လိုက္ရတဲ့ ေသြးေၾကာေတြက ေလးဘက္ျခမ္းမွာ ေပၚလာတာကို သတိထားလိုက္မိသည္ ။ တတိယထပ္တြင္လည္း ေသြးေႀကာလိုအရာေတြက က်န္းယာ့ ဆီသို႔ တိတ္တဆိတ္ ေ႐ြ႕လ်ားလာေနၾကသည္။
မေကာင္းေတာ့ဘူး။ ခ်န္ေကာ ဟာ သူ႔ခႏၶာကိုယ္ကို အျပည့္အဝ ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ က်န္းယာ့ ေပးေသာသၾကားလုံးသည္ လူ၏စိတ္ဝိညာဥ္ႏွင့္ျပဳလုပ္ထားေသာေၾကာင့္ သၾကားလုံး၏အက်ိဳးသက္ေရာက္မႈက သူ႔ခႏၶာကိုယ္ကို ေအးခဲသြားေစခဲ့သည္။ သၾကားလုံး အရည္ေပ်ာ္သြားေသာအခါ၊ သၾကားလုံးရဲ႕အစြမ္းက ခ်န္ေကာရဲ႕ ယင္ယန္ မ်က္လံုးအစြမ္းကို စုပ္ယူသြားသည္။ က်န္းယာ့ သည္ ခ်န္ေကာ ကို ထိခိုက္ေစခ်င္လုိ႕ ဒီနည္းလမ္းကို အသုံးခဲ့တာေတာ့ မဟုတ္ေပ။ဒါက မရည္ရြယ္ပဲ ျဖစ္သြားခဲ့တာပဲ။
တတိယ နာမက်န္းခန္းမ မွာ ပုန္းေအာင္းေနတဲ့ တကယ့္ မေကာင္းဆိုးဝါး အႀကီးစား တစ္ခု ရွိေသးတယ္။ တကယ့္နတ္ဆိုးက ခန္းမႀကီးထဲမွာ ျဖစ္ႏိုင္တယ္။ ခ်န္ေကာ သည္ ေရွ႕သို႔ ေျပးသြားေသာ္လည္း၊ ေဒါက္တာ ေကာင္းနဲ႕ခ်ိတ္ဆက္ထားသည့္ ဖုန္းထဲမွ အသံမထြက္မီတြင္ သူ ေျခလွမ္းမ်ားစြာ လွမ္းႏိုင္ခဲ့သည္။
"ခ်န္ေကာ ! ငါ မန္နန္ကို ရွာေတြ႕ၿပီ!"
ဖုန္းေခၚဆိုမႈမွာ အဆက္အသြယ္မျဖတ္ရေသးေသာေၾကာင့္ ေဒါက္တာ ေကာင္း သည္ သူ ၾကားလိုက္သည့္အသံမ်ားမွ တဆင့္ အေရးတႀကီးေနျပီ ျဖစ္ေနေၾကာင္း သိလိုက္ရသည္။
"ေကာင္းၿပီ၊ သူ႔ကို ဖုန္းေပးလိုက္ပါ"
ခ်န္ေကာ က ရပ္တန္႕ကာ ခ်က္ခ်င္းေျပာလိုက္သည္။ မန္နန္သည္ ဒီျပႆနာတစ္ခုလုံးအတြက္ အဓိကေသာ့ခ်က္ျဖစ္သည္။ သူသည္ တံခါးကိုျမင္ၿပီး တံခါးကို အရင္ပိတ္ခဲ့သူျဖစ္သည္။
"ငါက မန္နန္ပဲ... အရင္တေခါက္က ကူညီေပးတာ ေက်းဇူးတင္ပါတယ္..."
"ထားလိုက္...ဘာမွမျဖစ္ဘူး။ မင္းစိတ္ထဲမွာ ပုန္းေနတဲ့ ကေလးတစ္ေယာက္ရွိတယ္ဆိုတာ ငါ သိတယ္- သူ႔ကို ႏႈိးရမယ္ဆိုတာ မင္း သိတယ္ မဟုတ္လား!"
ခ်န္ေကာ ၏ အေျခအေနမွာ စိုးရိမ္စရာျဖစ္ေနလို႕ လုိရင္းကို အျမန္ေျပာလိုက္သည္။ တတိယနာမက်န္း ခန္းမအတြင္း အလြန္ေၾကာက္စရာေကာင္းသည့္အရာမွာ က်န္းယာ့ ၏ ေပၚေပါက္လာမႈေၾကာင့္ ႏိုးထလာသည္။
"မင္း အဲ့လိုထင္ရင္ မွားသြားလိမ့္မယ္၊ မင္း ေျပာေနတဲ့ ကေလးက ဘယ္သူလဲ "
"သူက မင္းကိုယ္ အထဲမွာရွိေနတယ္!"
ခ်န္ေကာ က ခပ္ျမန္ျမန္ေျပာလိုက္သည္။
"မင္းကို စိတ္က်န္းမာေရးေဆး႐ုံမွာ ေမြးဖြားခဲ့တာပဲ။ သူက မင္းရဲ႕ႀကီးထြားမႈကို ဘယ္လိုမွ လႊမ္းမိုးမႈ မရွိဘူး၊ မင္း ဒါကို ေရွာင္ဖို႔ႀကိဳးစားေပမယ့္ တစ္ခ်ိဳ႕အရာေတြက မင္း ေရွာင္လႊဲလို႔ မရဘူး။"
"မင္း ဘယ္အေၾကာင္းေျပာေနတာလဲ? ကြၽန္ေတာ္ စိတ္က်န္းမာေရးေဆး႐ုံမွာ ႀကီးျပင္းခဲ့တာ ျဖစ္ႏိုင္ေပမယ့္ ငယ္ငယ္က အေၾကာင္းအရာေတြကို မမွတ္မိေတာ့ဘူး"
"ကေလးဘဝမွာ ႀကံဳေတြ႕ခဲ့ရတဲ့ အျဖစ္ပ်က္က မင္းရဲ႕ မွတ္ဉာဏ္ထဲမွာ စြဲျမဲေနျပီး မင္းႀကီးျပင္း လာတဲ့အခ်ိန္မွာ မင္းရဲ႕စိတ္ကို မတည္မၿငိမ္ျဖစ္ေစတယ္။ ဒါေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားက ကေလးဘဝတုန္းက အရာေတြကို မမွတ္မိႏိုင္ၾကေတာ့ဘူး"
ေဒါက္တာ ေကာင္း က မန္နန္ကို ရွင္းျပခဲ့သည္။
"ဒါေပမယ့္ ဒါေတြအားလုံးကို ေမ့သြားၿပီလို႔ မဆိုလိုပါဘူး။ သူတို႔ကို စိတ္ထဲမွာ နက္နက္နဲနဲ ဖုံးကြယ္ထားတယ္။ ဒီအမွတ္တရေတြကို အသုံးခ်နိုင္ရင္ ကေလးဘဝက မွတ္ဥာဏ္က ႏိုးထလာႏိုင္ပါတယ္။"
"မွတ္ဉာဏ္ကို ႏႈိးေဆာ္တာလား?"
ခ်န္ေကာ က သူ႔အိတ္ကပ္ထဲကေန ဒါ႐ိုက္တာ႐ုံးခန္းမွာ ေတြ႕တဲ့ပုံကို ထုတ္ယူလိုက္တယ္။ သူက ဓာတ္ပုံကို ႐ိုက္ၿပီးေဒါက္တာေကာင္း ကို အင္တာနက္မွ တဆင့္ ေပး ပို႔လိုက္တယ္။
"မန္နန္.... ဒီပုံကို ၾကည့္စမ္း၊ ဒါက မင္းအေမ တစ္ခ်ိန္က ေနခဲ့ဖူးတဲ့ အခန္းပဲ။ အဲဒါ တတိယ နာမက်န္းတဲ့ ခန္းမရဲ႕ အခန္းနံပါတ္ ၃ ပါ။ မင္းနဲ႔ မင္းအေမၾကားက ရွိေနတဲ့ တံခါးကို အာ႐ုံစိုက္ႀကည့္လိုက္....!"
***-***