Other Side Of Love (Complete)

By May_Soe1

148K 8.5K 189

အရာရာမှာတဇွတ်ထိုးလုပ်တတ်ပြီးမိဘအရှိန်အဝါနဲ့လိုချင်တာကိုမရရအောင်ယူတတ်တဲ့ဝမ်အိမ်တော်ရဲ့သားအငယ်ဆုံး Dominant Alp... More

OSOL 1 {U+Z}
OSOL 2 {U+Z}
OSOL 3 {U+Z}
OSOL 4 {U+Z}
OSOL 5 {U+Z}
OSOL 6 {U+Z}
OSOL 7 {U+Z}
OSOL 8 {U+Z}
OSOL 9 {U+Z}
OSOL10 {U+Z}🚫🚨🚨
OSOL 11 {U+Z}
OSOL 12 {U+Z}
OSOL 13 {U+Z}
🚨OSOL 14{U+Z}🚨
OSOL 15 {U+Z}
OSOL 16 {U+Z}
OSOL 17 {U+Z}
OSOL 18 {U+Z}
OSOL 19 {U+Z}
OSOL 20 {U+Z}
OSOL 21 {U+Z}
OSOL 22 {U+Z}
OSOL 23 {U+Z}
OSOL 24 {U+Z}
OSOL 26 {U+Z}
OSOL 27{U+Z}
🚨OSOL 28🚨{U+Z}
OSOL 29 {U+Z}
OSOL 30 {U+Z}Final

OSOL 25 {U+Z}

3.6K 211 8
By May_Soe1

Unicode

****************************
စိတ်ယူးယဥ်Ficတစ်ပုဒ်ဖြစ်ပါတယ်...အမှန်တကယ်အပြင်မှာမရှိနိုင်ပါဘူးနော်..
ပြီးတော့လေဇာတ်လမ်းကိုနည်းနည်းရှုပ်သွားကြမယ်ထင်ပါတယ်..အမှန်တကယ်တော့ကိုယ်လည်းအစကဇာတ်လမ်းကိုဒီလိုလုပ်ဖို့စီစဥ်ခဲ့တာမဟုတ်ပါဘူး...အရှေ့ပိုင်းတွေမှာရိပေါ်ကိုသေပြီလို့ပြောခဲ့တာကပထမစဥ်းစားထားတဲ့အကြောင်းအရာပါ..ဒါပေမဲ့ရိပေါ်ကိုမသေစေချင်ဘူးဆိုလို့ကိုယ်ကဇာတ်လမ်းကိုပြောင်းပစ်လိုက်လို့ပါ...ရှုပ်သွားမယ်ဆိုရင်တောင်းပန်ပါတယ်ရှင့်ကိုယ့်ရဲ့အရေးအသားလိုအပ်မှုကြောင့်ပါ🙏🙏🙏
*****************************

ဝမ်အိမ်တော်....

”အဲ့တာဆိုရင်...ဝမ်ရိပေါ်ကတကယ်မသေဘဲဟန်ဆောင်ခဲ့တာလား....”

”ဟုတ်တယ်...ရှောင်းကိုယ်ကတကယ်တော့မသေခဲ့ပါဘူး...ကိုယ့်ရဲ့ဦးနှောက်ကင်ဆာကကုလို့ရခဲ့တယ်...ဒါပေမဲ့ကုသရမဲ့ဆေးကစျေးကွက်ထဲမှာရောင်းချဖို့တော့အဆင်သင့်မဖြစ်သေးဘူး...ဒါကြောင့်စမ်းသပ်ဖို့လူတစ်ယောက်လိုခဲ့တယ်...ပြီးတော့ကိုယ်ကလည်းစမ်းသပ်ဖို့အခြေအနေတွေနဲ့ပြည့်စုံခဲ့တာကြောင့်ကိုယ်လက်ခံခဲ့တယ်...ဒါပေမဲ့လည်းအသက်ရှင်ဖို့အာမခံချက်မရှိတာကြောင့်...ကိုယ်ကဒီလိုဇာတ်လမ်းမျိုးလုပ်ပြီးဟန်ဆောင်ခဲ့တာ...ဒီကိစ္စတွေကိုကျဲနဲ့.မားကိုတောင်အသိမပေးခဲ့တာမလို့....ကိုယ်တောင်းပန်ပါတယ်ရှောင်း...ကိုယ်မင်းကိုမပြောခဲ့မိတာတောင်းပန်ပါတယ်....ကိုယ်ကြိုပြောခဲ့လို့တစ်ခုခုဖြစ်သွားရင်မင်းပိုပြီးခံစားရမှာစိုးလို့ပါ.....”

”ခဏလေးပါဝမ်ရိပေါ်...အဲ့ဒါဆိုရင်မင်းကသေချင်ယောင်ဆောင်ခဲ့ပြီးနိုင်ငံခြားမှာဆေးသွားကုနေတာပေါ့...ဒါဆိုဘာလို့ဒီ့ထက်စောစောမပြန်ခဲ့တာလဲ....”

”အဲ့တာက ကိုယ့်ကိုဆေးနဲ့ကုပေးတာကတစ်နှစ်လောက်ဘဲကြာတာပါ...ဒါပေမဲ့ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့်ကိုယ်သုံးနှစ်လောက်ဆေးရုံပေါ်မှာလှဲနေခဲ့ရတယ်ပြန်နိုးလာတော့လည်း..အရင်လိုပြန်ဖြစ်ဖို့ကိုယ်အချိန်ယူခဲ့ရတယ်...ကိုယ်အမြဲရှောင်းနဲ့သားရဲ့ကိစ္စတွေကို နားထောင်နေခဲ့တာပါ...ကိုယ်မင်းတို့ကိုအရမ်းလွမ်းနေခဲ့ရတာပါ....”

”အဲ့...အဲ့ဒါဆိုတကယ်မသေဘူးပေါ့နော်...ဟုတ်လား..အဲ့ဒါဆိုဝမ်ရိပေါ်ကတကယ်ပြန်လာခဲ့တာလား....ဟင်...”

””ဟုတ်တယ်ရှောင်းကိုယ်တကယ်ပြန်လာခဲ့တာပါ...”

”အီးးးး....ဟီးးး..တကယ်ဘဲပြန်လာခဲ့တာပါနော်....တကယ်ဘဲ....”

ရှောင်းကျန့်သူ့ရဲ့ခံစားချက်တွေကိုမထိန်းချုပ်နိုင်တော့စွာငိုမိတော့သည်....ဒီလိုအဖြစ်မျိုးကိုသူတစ်ခါမှမတွေးခဲ့ဘူးပေ...သူ...သူ့ရဲ့သေပြီလို့ထင်ခဲ့တဲ့ယောက်ျားကတကယ်ကြီးပြန်လာခဲ့သည်...တကယ်ကိုဘဲဒီလိုဆန်းကြယ်တဲ့ကိစ္စမျိုးကရှိနေသေးရတာလား....,

ရိပေါ်သူ့ရှေ့မှာငိုလာတဲ့ရှောင်းကြောင့်ထိုင်နေရာမှထလို့ငိုနေတဲ့ရှောင်းကိုဖက်ကာနှစ်သိမ့်ပေးမိသည်....
ဒီတစ်ခါနောက်ဆုံးဘဲရှောင်း..နောက်ဘယ်တော့မှရှောင်းမျက်ရည်မကျစေရတော့ဘူး...ကိုယ်ကတိပေးပါတယ်...ဘယ်တော့မှဘဲရှောင်း.....

ရှောင်းကျန့်အတော်ကြာငိုပြီးမှာတော့ရိပေါ်ရဲ့ရင်ခွင်ထဲမှထွက်လို့ရိပေါ်ရဲ့မျက်နှာကိုအချိန်အတော်ကြာငေးကြည့်မိသည်...ဒီလူကရိပေါ်ဆိုတာသူ့ရဲ့Alphaဆိုတာသိနေတာတောင်ဘာလို့သူစိမ်းသက်သလိုခံစားနေမိရတာလဲ...ဒါကအချိန်အတော်ကြာဝေးကွာမှုကြောင့်ဖြစ်လိမ့်မယ်လို့သူထင်ပါသည်...

ရှောင်းကျန့်သူတို့လူကြီးတွေစကားပြောနေတာကိုLeo Wangရဲ့ပေါင်ပေါ်မှာထိုင်လို့သူတို့ကိုကြည့်နေတဲ့သားကိုလှမ်းခေါ်လိုက်တယ်....

”သား..အားယွမ်..လာလေ..ဒီမှာသားဒယ်ဒီပြန်လာပြီလေသား...”

”ဟင့်အင်းး..အဲ့တာသားဒယ်ဒီမဟုတ်ဘူး..သားဒယ်ဒီကဒီမှာလေ..ပါးပါးကလည်း..”

သားရဲ့အပြောကြောင့်ကွက်ခနဲမျက်နှာပျက်သွားတဲရိပေါ်ရဲ့မျက်နှာကိုကြောင့်သူအားနာမိရသည်...

”သား..အားယွမ်အဲ့လိုမပြောရဘူးလေ..ဒါကသားရဲ့ဒယ်ဒီလေ...”

”မဟုတ်ဘူးလို့!!...သားရဲ့ဒယ်ဒီကဒီမှာပါဆိုနေမှ...”

Leo Wangရဲ့လည်ပင်းကိုသူ့ရဲ့လက်သေးသေးတွေနဲ့သိုင်းဖက်လို့အတင်းငြင်းဆန်နေတဲ့သားကြောင့်ရှောင်းကျန့်ရိပေါ်ကိုပိုလို့အားနာလာရသည်...

”ဝမ်ရှောင်းယွမ်!!...ပါးပါးဘာပြောနေလဲ...”

သူ့ရဲ့အော်သံကြောင့်သားကမျက်နှာလေးငယ်သွားပြီးငိုမဲ့မဲ့လေးဖြစ်ကာLeo Wangရဲ့ဂုတ်ပေါ်မှာမျက်နှာလေးမှောက်သွားတာကြောင့်သူစိတ်မကောင်းဖြစ်ရပြန်သည်....

ဒါကြောင့်ရိပေါ်ဘေးမှာထိုင်နေရာမှသားရှိတဲ့နေရာဆီကိုထလာလိုက်ပြီးငိုတော့မလိုဖြစ်နေတဲ့သားကြောင့်သူချော့ရတော့သည်..

”သား..ပါးပါးသားလေး..ပါးပါးတောင်းပန်ပါတယ်နော်..ပါးပါးသားကိုမအော်သင့်ဘူးနော်..ပါးပါးတောင်းပန်ပါတယ်...နော်သားလေး..ပါးပါးကိုဒီတစ်ခါတော့ခွင့်လွှတ်ပေးနိုင်မလားသားလေး...…”

သူ့ရဲ့စကားတွေကိုလျစ်လျူရှုကာမျက်နှာကိုမှောက်ထားဆဲဖြစ်တဲ့သားကြောင့်ရှောင်းကျန့်..သူပါမျက်နှာပျက်မိသည်...သားကသူ့ကိုဒီလိုတစ်ခါမှစိတ်မဆိုးဖူးတာကြောင့်...

”သား...အားယွမ်..ဒယ်ဒီပြောတာကိုနားထောင်ပေးဦးနော်..ပါးပါးကသားကိုဆူတာမဟုတ်ပါဘူး...ပါးပါးကသားကိုကောင်းစေချင်လို့ပြောတာပါ..ဒါပေမဲ့ပါးပါးရဲ့အသံကနည်းနည်းမာသွားတာပါနော်...သားကပါးပါးကိုဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်မလား...ဒယ်ဒီကသားနဲ့တူတူကစားကွင်းသွားကြမယ်လေ..နော်..”

”ရေခဲမုန့်ရောဝယ်ကျွေး...”

”ဟက်...”

ရှောင်းကျန့်သူချော့တုန်းကဘာမှပြန်မပြောပေမဲ့Leo Wangပြောအပြီးမှာတော့ထွက်လာတဲ့အသံသေးသေးလေးကြောင့်ရယ်လိုက်မိသည်....သားကတော့လေ...

”သား..ပါးပါးကိုစိတ်ကောက်ပြေပြီလားဟင်..ပါးပါးမှားသွားပါတယ်ပါးပါးသားကိုမအော်သင့်ဘူး...ပါးပါးကသားကိုနားလည်အောင်ပြောပြရမှာကိုအော်လိုက်မိတယ်...ပါးပါးကတကယ်မကောင်းတာဘဲ...”

”မဟုတ်ပါဘူးပါးပါး..ပါးပါးကသားကိုကောင်းစေချင်လို့ဆိုတာသားသိပါတယ်..သားပါးပါးကိုစိတ်မဆိုးတော့ပါဘူး..နောက်တစ်ခါဆိုပါးပါးပြောတာနားထောင်ပါ့မယ်...”

”ဟုတ်ပါပြီကွာ..ပါးပါးသားလေးကအရမ်းလိမ္မာတာဘဲ..မွ..မွ...”

”ဒါပေါ့သားကလိမ္မာတယ်လေပါးပါးရှောင်းနဲ့ဒယ်ဒီဝမ်ရဲ့သားလေးဝမ်ရှောင်းယွမ်ဘဲဟာကို...ခစ်..ခစ်...”

သူပြောပြီးသူ့ဘာသာပြန်ရယ်နေတဲ့သားကြောင့်ရှောင်းကျန့်ကစိတ်လွတ်လက်လွတ်ရယ်မောမိပြန်သည်...

”အဟမ်းးးး...”

ရှောင်းကျန့်သားနဲ့တစ်ကမ္ဘာတည်နေတုန်းချောင်းသံကြောင့်ခုနက ကိစ္စကိုပြန်သတိရမိသည်...

”သား...ပါးပါး..သားကိုတစ်ခုပြောစရာရှိတယ်...သားကသေသေချာချာနားထောင်ပေးနော်...”

”ဟုတ်..ပါးပါး...”

”သားရဲ့ဒယ်ဒီကအခုသားနဲ့တူတူနေနေတဲ့လူမဟုတ်ဘူးသား..သားဒယ်ဒီကအခုရောက်လာတဲ့သူသားဒယ်ဒီနာမည်ကဝမ်ရိပေါ်တဲ့....”

”တကယ်ဟုတ်လို့လားပါးပါး....”

”တကယ်ပေါ့သားရဲ့သားဒယ်ဒီကနေမကောင်းလို့အချိန်တွေအကြာကြီးအဝေးမှာရောက်နေခဲ့တာအခုသားကိုတွေ့ချင်လို့ပြန်လာတာလေ..အဲ့ဒါကိုသားကဒီလိုလုပ်နေတော့ဒယ်ဒီကဝမ်းနည်းသွားမှာပေါ့....”

သားကသူ့ရဲ့စကားအဆုံးမျက်နှာမှာစိတ်မကောင်းသလိုဖြစ်သွားပြီးLeo Wangကိုမော့ကြည့်လိုက်သည်....
ပြီးမှသူ့ရဲ့ပေါင်ပါ်ကဆင်းလို့ဝမ်ရိပေါ်ဆီကိုလျှောက်လာသည်....

”ဒယ်ဒီဝမ် သားတောင်းပန်ပါတယ်...စိတ်မကောင်းမဖြစ်ပါနဲ့တော့....”

ရိပေါ်သူ့ရင်ခွင်ဝင်လာတဲ့သားကိုပြန်လည်တင်းကျပ်စွာဖက်လိုက်ပြီးသူ့ရဲ့Alpha pheromoneတွေနဲ့လွှမ်းခြုံလို့လုံခြုံမှုကိုခံစားစေသည်....
သူအရမ်းလွမ်းနေခဲ့တာ...သူ့ရဲ့သားလေးကို..

”ဒယ်ဒီတောင်းပန်ပါတယ်သား..ဒယ်ဒီ.. ဒီ့ထက်စောစောပြန်လာခဲ့ရမှာ...”

”ရပါတယ်..ဒယ်ဒီဝမ်..အခုပြန်ရောက်နေပြီဘဲ...”

”ကဲ...အလွမ်းသယ်ပြီးပြီဆိုရင်လည်းနားတော့လေဝမ်လေး...အခုမှနေကောင်းခါစရှိသေးတာ..ကျန့်လေးအခန်းထဲခေါ်သွားပေးလိုက်...”

”ဟုတ်ကျဲ...အားယွမ်အောက်မှာခဏနေခဲ့နော်....”

ရှောင်းကျန့်ရှေ့ကနေဦးဆောင်လို့သူတို့အခန်းကိုလျှောက်သွားလိုက်သည်.....

”ဒီအခန်းဘဲရိပေါ်နားလိုက်ပါဦး....”

”ကောင်းပြီရှောင်း...”

”အဲ့ဒါဆိုအနားယူလေကိုယ်ကိစ္စလေးရှိလို့....”

ရှောင်းကျန့်လှည့်ထွက်မလိုပြင်တော့သူ့လက်ကိုဆွဲလို့ရင်ခွင်ထဲထည့်လိုက်သူကြောင့်မနေတတ်သလိုရုန်းလိုက်မိသည်...

”ရှောင်း...ရှောင်းကိုယ့်ကိုစိမ်းကားနေသလိုဘဲနော်...ကိုယ့်ကိုရှောင်နေသလိုဘဲ...…”

”အဲ့..အဲ့လိုမဟုတ်ပါဘူးဒီတိုင်းနည်းနည်းအံ့သြနေလို့ပါ...”

”ဟုတ်လား...ဒါနဲ့ရှောင်းခုနကလူက ကိုယ်နဲ့တော်တော်တူတယ်နော်...”

”ဟမ်...အင်းဟုတ်တယ်..ကိုယ်တောင်သူ့ကိုစစတွေ့ချင်းတုန်းကအံ့သြမိတယ်...”

”ကိုယ်လို့ကောထင်မိခဲ့လားရှောင်း...”

”အင်း..နည်းနည်းပါ...”

”ဒါနဲ့အဲ့လူကရှောင်းကိုစိတ်ဝင်စားနေတာလား...”

”ဟမ်...မ..မဟုတ်လောက်ပါဘူး..ဒီတိုင်းလုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ”

”ဟုတ်လို့လားကွာ...ကိုယ်ထင်တာတော့သူလည်းရှောင်းကိုစိတ်ဝင်စားနေတယ်ထင်တယ်....”

”ဘာလို့အဲ့လောက်သေချာနေရတာလဲ....”

”ကိုယ်ကAlphaအချင်းချင်းဆိုတော့ကြည့်လိုက်တာနဲ့သိပါတယ်ကွာ..အဲ့ဒါကြောင့်ရှောင်းကိုသူနဲ့ဝေးဝေးနေစေချင်တယ်...ကိုယ်ရှောင်းကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူးရှောင်း...”

”အဲ့ဒါတွေကိုစိတ်မပူပါနဲ့...နားတော့လေပင်ပန်းနေမှာပေါ့...”

ရှောင်းကျန့်ပြောပြီတာနဲ့ဖက်ထားရာမှရုန်းထွက်လိုက်ပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်....ရိပေါ်ဆိုတာသိနေတာတောင်ရိပေါ်အနားမှာနေရတာသက်တောင့်သက်သာမဖြစ်မိပေ....

သူအောက်ထပ်ရောက်တော့သားနဲ့အတူတော့ပေးနေတဲ့Leo Wangကိုတွေ့လိုက်ရသည်...

သားရဲ့တခစ်ခစ်ရယ်သံလေးတွေနဲ့Leo Wangရဲ့သားအပေါ်အမှန်တကယ်ချစ်မြတ်နိုးမှုတွေကိုတွေ့လိုက်ရတာကြောင့်သူကိုယ်တိုင်တောင်မသိဘဲနှုတ်ခမ်းမှာအပြုံးတစ်ခုဖြစ်ပေါ်လာမိသည်....

”သား..အားယွမ်တော်တော့လေ...ဦးဦးကိုအားနာစရာကြီးတစ်နေ့လုံးသားနဲ့အတူနေပေးနေရတာပင်ပန်းနေမှာပေါ့...သားလည်းထမင်းစားပြီးအိပ်ရမယ်လေ...”

”ပါးပါးကလည်း...ဒယ်ဒီနဲ့တူတူဆော့ချင်သေးတာကို...”

”အားယွမ်ပါးပါးဘာပြောထားလဲအဲ့ဒါသားဒယ်ဒီမဟုတ်ဘူးလို့.....”

”ထားလိုက်ပါရှောင်း..သားက ကလေးဘဲရှိသေးလို့အတင်းမပြောပါနဲ့..နောက်တော့အဆင်ပြေသွားမှာပါ...”

”ဟင်းးးဟုတ်ပါပြီLeo..”

”သား...ဒယ်ဒီပြန်တော့မယ်နော်သားလည်းထမင်းစားပြီးနားတော့နော်..”

”ဒယ်ဒီမနက်ဖြန်လာဦးမှာလားဟင်...”

”လာမှာပေါ့ကွဒယ်ဒီကသားနဲ့မတွေ့ဘဲမှမနေနိုင်တာကို...”

”ဟီးဟီး တကယ်နော်..အဲ့ဒါဆိုသားမျှော်နေမယ်နော်...မွ..ဒယ်ဒီကောင်းကောင်းပြန်ပါ...”

”ကောင်းပါပြီကွာ..မွ..မွချစ်လိုက်တာ..အဲ့တာဆိုရှောင်းကိုယ်ပြန်ပြီ...”

”ကောင်းကောင်းပြန်ပါ...”

Leo ရှောင်းကိုကျောခိုင်းလိုက်တာနဲ့သူ့ရဲ့မျက်လုံးတွေကစူးရှသွားကာတစ်နေရာကိုဖုန်းဆက်လိုက်သည်....

”အဆင်သင့်ပြင်ထားလိုက်တော့ ...သူတို့က ကစားချင်နေတယ်ဆိုတော့လည်းကိုယ်တိုင်ဝင်ကစားပေးရမှာပေါ့..သူတို့ကိုပြပေးရမှာပေါ့...မထိသင့်တဲ့သူကိုထိမိရင်ဘယ်လိုဖြစ်မလဲဆိုတာ,....ကောင်းပြီတွေ့ကြတာပေါ့...”

ပြီးတာနဲ့ကားကိုချိန်းထားတဲ့နေရာတစ်ခုဆီသို့ဦးတည်မောင်းနှင်လိုက်တယ်....
>>>>>>>>>>>>>>>>
TBC
Lovely May
Feb 18,2023(Sat) {Edit}

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ
ဒီအပိုင်းကိုသိပ်တော့အားမရဘူးရယ်
ပေါ့သွားရင်အားနာပါတယ်ဗျ
ဇာတ်သိမ်းဖို့5ပိုင်းသာလိုပါတော့သည်🙇

Zawgyi

****************************
*****************************

ဝမ်အိမ်တော်....


”ဟုတ်တယ်...ရှောင်းကိုယ်ကတကယ်တော့မသေခဲ့ပါဘူး...ကိုယ့်ရဲ့ဦးနှောက်ကင်ဆာကကုလို့ရခဲ့တယ်...ဒါပေမဲ့ကုသရမဲ့ဆေးကဈေးကွက်ထဲမှာရောင်းချဖို့တော့အဆင်သင့်မဖြစ်သေးဘူး...ဒါကြောင့်စမ်းသပ်ဖို့လူတစ်ယောက်လိုခဲ့တယ်...ပြီးတော့ကိုယ်ကလည်းစမ်းသပ်ဖို့အခြေအနေတွေနဲ့ပြည့်စုံခဲ့တာကြောင့်ကိုယ်လက်ခံခဲ့တယ်...ဒါပေမဲ့လည်းအသက်ရှင်ဖို့အာမခံချက်မရှိတာကြောင့်...ကိုယ်ကဒီလိုဇာတ်လမ်းမျိုးလုပ်ပြီးဟန်ဆောင်ခဲ့တာ...ဒီကိစ္စတွေကိုကျဲနဲ့.မားကိုတောင်အသိမပေးခဲ့တာမလို့....ကိုယ်တောင်းပန်ပါတယ်ရှောင်း...ကိုယ်မင်းကိုမပြောခဲ့မိတာတောင်းပန်ပါတယ်....ကိုယ်ကြိုပြောခဲ့လို့တစ်ခုခုဖြစ်သွားရင်မင်းပိုပြီးခံစားရမှာစိုးလို့ပါ.....”























”ဟက်...”







”အဟမ်းးးး...”



”ဟုတ်..ပါးပါး...”




ပြီးမှသူ့ရဲ့ပေါင်ပ်ါကဆင်းလို့ဝမ်ရိပေါ်ဆီကိုလျှောက်လာသည်....









”ကောင်းပြီရှောင်း...”








”အင်း..နည်းနည်းပါ...”














”ဟင်းးးဟုတ်ပါပြီLeo..”






”ကောင်းကောင်းပြန်ပါ...”



>>>>>>>>>>>>>>>>
TBC
Lovely May
Feb 18,2023(Sat) {Edit}


Continue Reading

You'll Also Like

191M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
11K 331 15
YiZhan ✨ အချစ်ဆိုတာ မေတ္တာခြင်း တူပါလျှင် သုခဘုံလို့ ပျော်မွေ့ဖွယ်ရာပါပဲ။ မေတ္တာခြင်းမတိုက်ဆိုင်တဲ့အခါအချစ်ဟာ လောင်မြိုက်ခြင်း ဖြစ်စေတယ်❤️‍...
38.7K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
115K 6.6K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥