Uni
"သားသား ရွှေဘုန်းပြည့်လျှံ (ခ) ကိုး
ရဲ့ ရက်၁၀၀ပြည့် "
သားလေးရဲ့ရက် ၁၀၀ ပြည့်ကို မနက်ပိုင်း မောင်တို့ အမြဲကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ အာရုံဆွမ်း ၊ နေ့ဆွမ်းနဲ့ ဘုန်းဘုန်း ဆောက်နေတဲ့ ကျောင်းအတွက် သိန်း ၁၀၀ အလှူငွေ ထည့်လိုက်သည် ။ သားလေးအတွက် အသက်ရှည်ရာ အနာမဲ့ရေး ဆုတောင်းပြီး ကုသိုလ်ပြု လိုက်၏ ။ မောင်က တော့ ခေတ် စိတ်ကြိုက်အားလုံး လုပ်ခွင့်ပေးထားလို့ ခေတ် က သား ရက် ၁၀၀ ပြည့်ကို စိတ်ချမ်းချမ်းသာ သာ လုပ်လိုက်ရတယ် ။ ညပွဲ dinner ကတော့ မောင်တို့ ပိုင်တဲ့ hotel တစ်ခုမှာ လုပ်မယ်တဲ့ ။ အဲ့ဒါကတော့ ခေတ် စိတ်ကြိုက်မဟုတ်ပါ ။ မောင့်စိတ်ကြိုက် လုပ်တာ ။ သူ့သားကို ပွဲထုတ်ချင်နေတာ တအားမို့။ သားလေးကလည်း ခေတ်ရဲ့ ကျွေးမွေး ပြုစုမှုတွေနဲ့ ဝဝကစ်ကစ် ချစ်စရာလေး ဖြစ်နေပြီ။ ပြုံးပြီး ဟိုကြည့်ဒီကြည့် လိုက်ကြည့်တတ်နေပြီ။ ခေတ်ကံကောင်းတာ တစ်ခု က သားက ဘယ်တော့မှဂျီမကြတတ်ပါ ။ အဲ့ဒါ က မောင်နဲ့ကော ခေတ်နဲ့ကော တူတာ ။ ခေတ်တို့နှစ်ယောက်လုံးက အေးအေး ဆေး ဆေး သမားတွေမို့ ဂျီမကျတတ်ပါ ။ ဒါ ပေမယ့် ခေတ်နဲ့ မောင့်ကို တူရင်တော့ စိတ်ဆိုးတတ်မှာ သေချာတယ် ။ ခေတ်ကောမောင်ကောက နှစ်ယောက်လုံးစိတ်ဆိုးတတ်တယ်။ ဒါပေမယ့် မောင်က ခေတ်ကို အမြဲချော့ နေရတာမို့ စိတ်မဆိုးနိုင်ဘူး ။
"သားရေ ဒီကိုကြည့် "
ခေတ်တို့မိသားစု ပုံ ကို မြတ်ကလေးက ရိုက်ပေးနေတာ ။ သားက ဒီနေ့ ဘုန်းကြီးကျောင်းမှာ ခေတ်တို့နှစ်ယောက်နဲ့ဆင်တူ ပုဆိုး ငွေခဲရောင်နဲ့ စတစ်လက်ရှည်အဖြူ ။ အဲဒါကတော့ ခေတ်တောင်မ
စဥ်းစားမိ တဲ့အချိန် တီတီ ရတု လာပို့သွားတာ ။ ညပွဲအတွက်ဝတ်စုံကော မနက်ပွဲအတွက် ဝတ်စုံကော ။ သားအဖ ၃ယောက်သား ဆင်တူ တွေကြည့်ပဲ။ ခေတ်က သားကို ပဲအာရုံစိုက်ချင်လို့ အလုပ်ကို တစ်ပတ်တစ်ခါ အစည်းအဝေး လောက်ပဲသွားတာ ။ အားလုံးရတု နဲ့ မဆုကို ပဲလွှဲထားပြီးသား ။
သားက မြတ်ကလေးနဲ့အလွန်တဲ့သည်။မြတ်ကလေးကိုလည်းအရမ်းချစ်၏။ မြတ်ကလည်း သားကို အိမ်လာပြီးတောင် ထိန်းပေးတာ ။
"သားကိုး လေးလေးမြတ်ဆီလာ "
ရွှေဘုန်းနဲ့ ခေတ်က ဘုန်းကြီးကျောင်းမှာ ဘုန်းဘုန်းကြီးနဲ့ စကားပြောနေတုန်း သားကို မြတ်က ချီထားသည်။ အဏ္ဏဝါကလည်း သားကို အရမ်းချစ် လို့အိမ်လာတိုင်း ကားစက်ရုပ်တွေ ဝယ်လာလို့ သားလေး အခန်းထဲအပြည့် ။
"ကိုးလေး ဦးခန့်ဆီလာ "
ခန့်မင်းနဲ့ ရဝေပေါ် ပါသွားပြန်သည်။ ဦးခန့်တို့စုံတွဲကလည်း သားလေး ကိုအရမ်း ချစ်ပြီးအလို လိုက်လို့ ခေတ် မနည်းတားထားရသည်။ သားလေး က အချစ်ခံလေးပါ ။ သားလေး ရက်၁၀၀ပြည့်မို့ နေပြည်တော် က ဖိုးဖိုး ဖွားဖွားကော ၊ ရန်ကုန်က ဖိုးဖိုးဖွားဖွားကော က လက်ဆောင်တွေ ပေးကြတာ ။ အခုဆို သားလေးက ပိုင်ဆိုင်မှုတွေ နဲ့ပေါ့ ။ မန်းလေးက ခေတ် မမတို့မိသားစုလည်း ရောက်နေတော့ ဆွေမျိုးအစုံအလင် ။ မောင့် မမ က မလာ ဖြစ်ပေမယ့် သားအတွက် လက်ဆောင်အရုပ်တွေ ၊အင်္ကျီတွေ ပို့ပေးလိုက်တာ အများကြီးပဲ ။
"သားလေးကို မောင့်ကိုပေး "
ဘုန်းဘုန်းကျောင်းက အပြန် ကိုစည်သူမောင်းတဲ့ ကားပေါ်မှာ သားလေးက အိပ်ပျော်နေတာမို့ ခေတ်က ချီထားတာကို ။
"ရတယ်မောင်ရဲ့ နိုးသွားမှာ ဆိုးလို့ "
"မရပါဘူး ခေတ်လေး လက်နာနေမှာ ဆိုးလို့ "
ခေတ် ဆီက သားလေးက သူ့လက်ပေါ် ရောက်သွားသည်။ ပြောသာပြော ရတယ် သားလေးက ဝလာလို့ ခေတ်လည်း ကြာကြာ မချီနိုင်တော့ပါ ။
"ခေတ်လေး ခဏ အိပ်လိုက် ရောက်ရင် မောင်နိုးမယ် "
"အင်းပါ "
ခေတ် ဟန်မဆောင်နိုင်အောင် အိပ်ငိုက်နေတာမို့ မောင်က ခေတ်ကို သူ့ ပုခုံးပေါ် မှီပြီး အိပ်ခိုင်းထားလိုက်သည်။
"အဟက် "
ရွှေဘုန်း သားအဖ နှစ်ယောက်ကိုကြည့်ကာ ရယ်ရင်း ။ သားအဖ နှစ်ယောက်အိပ်နေလိုက်တာများ ချစ်စရာ အတိ။
"ဘယ်လိုဟာလေးတွေမှန်းမသိဘူး
ချစ်ဖို့ ကောင်းလို့ရူးတော့မယ်ဒီကောင်က"
ရွှေဘုန်း ပါးစပ်က ပြောလိုက်တော့ ရှေ့က ကားမောင်းနေတဲ့ ကိုစည်သူတောင် ပြုံးနေတော့သည်။
ညနေ dinner ကလည်းစည်ကား သိုက်မြိုက်စွာ ။ သားလေးကလည်း လူအုပ်ထဲမှာ ဟိုသူ့နောက်ပါသွားလိုက် ဒီလူနောက်ပါသွားလိုက် ခေတ်တို့ လက်ပေါ်မှာတောင်မရှိ။
မောင့်ကုမ္ပဏီက ဝန်ထမ်းတွေ ကလည်း သားကိုသဲသဲလှုပ်။ ခေတ် ဝန်ထမ်းတွေကလည်း သားကို ချစ်လိုက်ကြတာ ။ dinner ဝတ်စုံက တီတီ ဆု ဆွဲထားတဲ့ ဒီဇိုင်းလေးနဲ့ ။ suits လေး ဝတ်ထားတဲ့ သားသားကို အားလုံးကငေး ။ သားက မောင့်လိုပဲ suits ဝတ်ထားတာတောင် ၃လ သားက ဟန် မပျက် ပြုံးပျော်နေတော့သည်။
သားလေးက ဘာ ဝါသနာ ပါလည်းဆိုပြီးသားရှေ့မှာ အရုပ်မျိုးစုံ ချပြီး ရွေးခိုင်းတော့ သားက ပြိုင်ကားအနီလေးကို ဆွဲလိုက်တာ ကြောင့် အားလုံး မျက်လုံးပြူးကုန်ကြသည်။
"ဟာာာား"
အပျော်ဆုံးကတော့ အဏ္ဏဝါ ပါပဲ သူကလည်း ကား ခရေဇီလေ ။
"သားကိုးက အန်ကယ့်ကို တူတာ ကွ "
ပြောရင်း သားကို ဆွဲခေါ်ကာ ချီထားတော့သည်။ မောင်ကတော့ သားရဲ့ရွေးချယ်မှုကို ကြည့်ပြီး ပျော်မဆုံး ။ သူက တော့ GAG Group ရဲ့ ကား showroom တွေအားလုံးကို သားနာမည်တပ်တော့မှာ ကြိမ်းသေပဲ။
~~~~~~~~~~~~~~
"Boss !! "
"ဘာလို့လဲကိုသူရ "
ကိုသူရက ရွှေဘုန်း ရုံးခန်းထဲမပြေးရုံတမယ် ဝင်လာခဲ့သည်။
"ပဲခူး ဘက်က ဆောက်လုပ်ဆဲ ဆိုဒ်ထဲမှာ ပြသနာ တတ်နေလို့ ပါ Boss " ရွှေဘုန်းကို ပြောလိုက်သည်။
"သွားကြမယ် ကိုသူရ "
"ဟုတ် Boss "
ဆောက်လုပ်ဆဲဆိုဒ်ထဲ က လုပ်ငန်းခွင် accident ဖြစ်ပြီး အလုပ်သမား ၂၀ကျော် ဆေးရုံရောက်နေကြတယ်ဆိုတော့ ရွှေဘုန်း လိုက်သွားမှဖြစ်မည်။ လိုက်သွားပြီး သက်သာတဲ့ လူနာတွေကို အဲ့ဆေးရုံမှာ ပဲထားပြီး မသက်သာတဲ့ လူနာတွေကို ရွှေဘုန်းတို့ပိုင်တဲ့ ဆေးရုံကို ခေါ်ဖို့အတွက် ဆရာဝန်ကြီးတွေနဲ့ ရွှေဘုန်းကိုယ်တိုင် လိုက်ဆွေးနွေးမှ ဖြစ်မည်။
ကိုသူရနဲ့ နှစ်ယောက် မနက်ထဲက ထွက်လာ လိုက်တာ ညနေ ရောက်တဲ့အထိ အိမ်ပြန်မရောက်သေး ။ ရွှေဘုန်းစီစဥ်စရာ အလုပ်ကိစ္စများ ပြီးတော့ ညနေ ၅နာရီတောင်ခွဲနေပြီ။ ကားပေါ် ရောက်တော့ထိုင်ခုံဘေးက ဖုန်းကိုမြင်မှ ရွှေဘုန်းသတိရမိတော့သည်။ မနက်ကတည်းက ဖုန်းက ကားပေါ် ကျန်ခဲ့တာပဲ။ အလုပ်ထဲ ဇောကပ်ပြီး ထမင်းတောင် အခုပြန်ခါနီးမှ ကိုသူရ အတင်းကျွေးလို့ စားလိုက်တာ ။
"ဟင် !!!"
ခေတ်လေး ပို့ထားတဲ့ message တစ်ခုနဲ့ missed call သုံးခု ။
"အမ်!! သားနေမကောင်းဘူး "
"ကိုသူ ရ အိမ်မြန်မြန်ရောက်အောင်မောင်း"
"ဟုတ် Boss"
ခေတ်ကို ဖုန်းဆက်တော့လည်း ပြန်လည်ဖြေကြားခြင်းမရှိနဲ့ပဲတိုးနေသည်။
📞Hello ကြီးသူ
ခေတ်တို့သားအဖ ကို ဖုန်းခေါ်မရလို့
📞ဟုတ်တယ် သားငယ်လေးရေ
သားကိုးလေး ဖျားနေလို့ သားခေတ်လေးက မျက်နှာကို မကောင်းဘူး သားငယ်လေးကိုလည်းတနေကုန်ဖုန်းခေါ်နေတာ အခုတော့ မင်းသူလေးနဲ့ဆေးခန်းသွားပြီ"
"ကျစ် "
"ဘာလို့လဲBoss"
"ကို သူရ ဆေးရုံကို မောင်းပေး
သားလေး ဖျားနေလို့ဗျာ
ခေတ်လေးတစ်ယောက်ထဲ ဒုက္ခ များနေတော့မှပဲ "
ကိုသူရရဲ့ အမြန်ဆုံးမောင်းနှင်မှု့ကြောင့် ခေတ်တို့သားဖ ရှိတဲ့ဆေးရုံရောက်လာခဲ့သည်။ ရွှေဘုန်း ကားပေါ်က ဆင်းကာ ခြေလှမ်း အကျဲကြီးဖြင့် ဆေးရုံထဲဝင်သွားလေသည်။
"ဟောာ "
တွေ့လိုက်ပါပြီ ။သားကို ပွေ့ထားတဲ့ ကလေးအဖေ သေးသေးလေး မျက်နှာကလည်း တနေကုန် ငို ထားတာလားမပြောတတ် နွမ်းဖတ်နေတာပဲ။ သားလေးက မျက်လုံးလေးမှိတ်ပြီး ခေတ် လက်ပေါ်မှာ အိပ်ပေါ်နေတော့သည်။ ကလေး အထူးကုဆရာမကြီးနဲ့ပြပြီး ဆေးကောင်တာမှာ ဆေးထုတ်နေတာ ။
တစ်ယောက်ထဲဘယ်လောက်ဒုက္ခ များနေမလဲခေတ်လေးရယ်။ မောင်မကောင်းတာ ပါ ။ ခေတ်နဲ့သားကို ပစ်ထားသလိုတောင်ဖြစ်နေပြီ။
"ပေး ခေတ် လေး သားကို "
ခေတ်ဆီက သားကို အတင်းပွေ့ခေါ်လိုက်သည်။ ခေတ်က ရွှေဘုန်းဘက်
လှည့်ကို မကြည့်ပဲ တိုက်ရမယ့်ဆေး တွေကိုအာရုံစိုက်ပြီး ကြည့်နေသည်။
ခေတ်ဆေးယူ ပြီးတော့မင်းသူ ကားပေါ် တက်လိုက်သည်။ ရွှေဘုန်းလည်းဘေးမှာ ကပ်ပါလာတဲ့ ကိုသူရကိုမှာစရာရှိတာများ မှာလိုက်ပြီး ။ သားကိုပွေ့ကာ ကားနောက်ခန်း ခေတ်ဘေးကို ဝင်ထိုင်လိုက်သည်။
"ခေတ်လေး
မောင်တောင်းပန်ပါတယ်ကွာ
သားနဲ့ခေတ်ကို "
"ရတယ်"
ခေတ်က ပြတ်ပြတ်သားသားပြောပြီး။
"သားကို ပြန်ပေး "
"ရတယ် ခေတ်လေး နားလိုက် မောင် ပဲ ပွေ့ထားလိုက်မယ် နိုးသွားမှာ ဆိုးလို့ "
ကားပေါ်မှာ လေထု စိမ်းစိမ်းတွေ တိုက်လိုက်တယ်ဆိုတာ ရွှေဘုန်းသိလိုက်သည်။ ခေတ် စိတ်ဆိုးနေပြီလေ ။ ခေတ်စိတ်ဆိုးရင် စကားတစ်ခွန်းမှမပြောတော့တာပဲ။
"ခေတ်လေး ညစာ ဘာစားမလဲ ဝယ်ခဲ့လိုက်မယ်လေ "
ခေတ်ရွှေဘုန်းကို မကြည်ကြည့် တချက် လှမ်းကြည့်လိုက်သည်။ သဘောကတော့ သားဒီလောက်ဖြစ်နေတောတောင် စားဝင်နိုင်သေးလားဆိုတဲ့သဘော။ ရွှေဘုန်း ဆက်မမေးရဲတော့ ။ရွှေဘုန်းစိတ်ထဲမှာတော့ တနေကုန်ဘာမှ မစားထားတာမို့ အိမ်ရောက်ရင်တော့ တစ်ခုခု ကျွေးမှ ရမယ်ဆိုပြီး။
အိမ်ရောက်တော့ ရွှေဘုန်းအခန်းထဲဝင်ပြီး သားလေးကို ခုတင်ပေါ် သိပ်လိုက်သည်။ တစ်နေကုန် အလုပ်လုပ်ထားတာမို့ ရေချိုးခန်းဝင်လိုက်သည်။ ပြီးမှပဲ ခေတ်လေးကို ချော့ ဖို့ ကြိုးစားရမည်။ သားလေးက အိပ်နေတုန်းမို့ ခေတ်လည်းသားနိုးရင်တိုက်ဖို့ နို့ဗူးဖျော် ထားသည်။ခေတ် လုပ်စရာရှိတာများကို မဆက်မပြတ်လုပ်နေတော့သည်။ သားလေး က အခု ၆ လ ရှိပြီမို့ ဖြည့်စွပ်စာ ပါကျွေးနေရပြီလေ။ ဝဝ ကစ်ကစ်လေး ပြီး နေကောင်းအောင်လို့ ခေတ် ဒုက္ခ ခံကာ သားအတွက် ကိုယ်တိုင် ကျွေး တာ။ အခုက ရာသီ အကူးအပြောင်းမို့ ကလေးတွေက ဖျားတာပါလို့ ဆရာမကြီးကတော့ ပြောပါတယ်။ စိုးရိမ်စရာမရှိဘူးလို့ပြောပေမယ့် တနေကုန် အဖျား မကျလို့လူက ရူးချင်နေပါတယ်ဆို ။မောင်က ဖုန်းခေါ်လို့ မရတာမို့ ခေတ်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကလေးတွေက သွေးလွန်တုပ်ကွေးတွေလည်း ဖြစ်နေကြတယ်ဆိုတော့သားလေးကို ပိုစိတ်ပူ သွားတာလည်းပါမည်။ သားလေးတစ်ခုခု ဖြစ်ရင် ခေတ် အရင်သေမှာ ။
သားလေး က ဆေးသောက်ပြီး ပြန်အိပ်သွားသည်။ နို့ဗူးလည်း ကောင်းကောင်းစို့တာမို့ ခေတ်စိတ်ချမ်းသာသွား၏ ။ဒီတိုင်းဆို တစ်နေကုန် နို့လည်း သိပ်မစို့လို့ စိတ်ပူနေတာ ။
"ခေတ်လေး တစ်ခုခု စားလိုက်နော်
သားလေးလည်း သက်သာနေပြီပဲ"
ရွှေဘုန်း ခေတ်ကို ချော့ က သူ့ အဖြစ် အပျက်တွေကို ပြောပြလေသည်။ ရွှေဘုန်း ပြော ပြတာတွေ ကြားလိုက်တော့ မောင့်ကို စိတ်မဆိုးချင်ပါ။ သူလည်း သူ့ အကြောင်းနဲ့ သူလေ ။ ဒါပေမယ့် အခု သားလေးက ရိုးရိုး နေမကောင်းဖြစ်တာမို့လေ ။ တစ်ခုခု ဆို ခေတ်က ဘာမလုပ်တတ်ဘူး ။ သား လေး ငိုနေရင်တောင် ကိုယ်က မနေနိုင်တာ ကို ။ အခုလိုမျိုး ကိစ္စကိုတော့ မောင့်ကို ကျော်သွားလို့မရပါ ။ ပြောစရာရှိတာတော့ ပြောရမည်။
"ရွှေဘုန်း မင်းက သားကို မွေးထားတာ မဟုတ်ဘူးလေ
ငါက မွေးထားတာ မို့ သားလေး ဖျားနေတာကို ငါက စားလို့မဝင်တာ
ငါ့ကို လာကျွေးမနေနဲ့
ငါမစားဘူး "
"ခေတ်လေး မောင်မှားပါတယ်ကွာ
သားနဲ့ ခေတ် အတွက်တဝန်မကျေသလို ဖြစ်သွားရင်
ခေတ်လေးက ထမင်းမစားတော့ သားကိုဘယ်လို ပြုစုမလည်း "
"ရတယ် ငါ အသက်ရှိနေသ၍ သားကို ဘာမှအဖြစ်မခံဘူး "
ခေတ်က သားနဲ့ပတ်သက်ရင်လုံးဝအထိမခံ ။ သားကို ပိုးမွေးသလို မွေးထားတာမို့ သားလေးက အမြဲကျန်းကျန်းမာမာ။ သူ့သားလေးက သူ့ဘဝလို့လည်းခဏခဏ ပြောတတ်၏ ။ မောင်ကကော လို့ မေးရင် သားနဲ့ လာမယှဥ်နဲ့တဲ့ ။ မောင့်ကိုချစ်လို့ မောင့်သွေးသားကိုလည်း ချစ်တာပေါ့တဲ့ ။ ခေတ်လေးက အဲ့လိုကို ပြောရခက်တာ ။
~~~~~~~~~~~~~~
"ဟင့်...ဟင်းးး မေမေ့ "
ခေတ်လေး အိပ်နေရင်းက ငြီးနေတာမို့ အလယ်မှာ အိပ်နေတဲ့ သားကို ဖယ်ပြီး ခေတ်ဆီ သွားလိုက်တော့ ကိုယ်တွေပူပြီး ဖျားနေတာ ။ သားကို သူတစ်ယောက်ထဲပိုင်သလိုမျိုးတွေပြောပြီး ဘာမှမစားမသောက်ပဲအိပ်ပျော်သွားတာ ။ အစော ပိုင်းကသားလေးနိုးပြီး နို့တောင်းတာ တောင် မသိတာ သူဖျားနေလို့ကို ။ ခေတ် စိတ်ဆိုးရင် သိပ်သိသာတာ ရွှေဘုန်းနဲ့ဝေးရာ ခုတင် အစွန်းမှာ အိပ်တတ်သည်။ ခုတင်ကနံရံကပ်ထားလို့သာ ဒီတိုင်းဆို ပြုတ်ကြနေပြီ။ အရင်ကဆိုသားလေးကိုဘယ်လောက် အလယ်မှာသိပ်သိပ် ည နို့ဗူး တိုက်ပြီးချိန်ဆို ခေတ်က ရွှေဘုန်း ရင်ခွင်ထဲအတင်းတိုးဝင်ပြီးအိပ်တတ်တာ ။ အခုတော့ စိတ်ဆိုးနေတဲ့ကလေးအဖေလေး ဖျားပြီပေါ့ ။ အသက် ၃၀ထဲသာ ရောက်လာတာ တကယ့်ကလေးလေးအတိုင်း ။သားလေး မွေးပြီး ပိုနုပြီး အသားအရည်ကအစ ပိုလှ လာတယ်။ သူ့ကို ကလေးလို့ပြောရင်လည်း မကြိုက် အခြားလူတွေနဲ့သာ အကို က အကို ကနဲ့ လူကြီးလုပ်တာ ရွှေဘုန်းနဲ့ဆို လုံးဝ ကလေး ။ သားနဲ့ အပြိုင်ဆိုးတာ ။
"ဟင်!! ခေတ်လေး ဖျားနေပြီလေ
ထ ဆေးသောက်ရအောင် "
ခေတ် မျက်လုံး ဖွင့်ကာ နိုးလာတော့ ကိုယ်လက်တွေ ကိုက်ခဲပြီး တစ်ကိုယ်လုံး မအီမသာ ။ သားလေး ကြည့်လိုက်တော့ အိပ်ပျော်နေတာ။ ကိုယ်လည်း အေးသွားတာမို့ တစ်ခု စိတ်အေးသွားရသည်။ ဖျားရင် ကိုယ်သာ ဖျားလိုက်ချင်သည်။ သားကို မဖျားစေချင်ဘူး ဘာမှလည်း မပြောတတ်မဆိုတတ်နဲ့ သနားလို့ ။
"ကျွတ် ...ကျွတ်... အား"
"ဘာလို့လည်း ခေတ်လေး
မောင့်ကိုပြော"
"ဟင့် တစ်ကိုယ်လုံးကိုက်နေတာပဲ "
"မောင် ဆေးတိုက်မယ်လေ
တစ်ခုခု စားလိုက်အုန်း အစာမရှိပဲ အကိုက်ခဲပျောက်ဆေး သောက်လို့မရဘူး နော် မောင့် ကလေးလေး က လိမ္မာတယ် "
"အင်း "
အခုဖျားတော့မှ ပြောစကား နားထောင်တော့သည်။ ရွှေဘုန်းရင်ခွင်ထဲက ကလေးကြီးကို အိပ်ယာပေါ် ပြန်ချပြီး နို့နဲ့ ချောကလက်ကိတ် ယူပြီး အခန်းထဲ ဝင်ကာ ခေတ်ကို ချော့ကျွေးပြီး ဆေးတိုက်ရသည်။
"ခေတ်လေး ချွေးတွေ ထွက်နေတယ် အင်္ကျီ လဲရအောင်နော် "
"အင်း "
ရွှေဘုန်း ချွေးသုတ်ပေးပြီး အင်္ကျီလဲပေးတာကို ကလေး အဖေလေး က ရှက်နေပြန်သည်။
" သားလေး တစ်ယောက်တောင်မွေးပြီးနေပြီကွာ ဘာလို့ ရှက်နေတာလဲ "
"မောင်က ဘာလို့ ကြည့်နေတာ လဲ "
"ဟောဗျာ
မကြည့်ဘဲ ဘောင်းဘီ ဘယ်ဝတ်လို့ ရမှာလဲ သားလေးဖေဖေရဲ့ "
"ပြွတ်စ် "
ရွှေဘုန်း ဘောင်းဘီ လဲရင်းက သားလေးကို ခွဲမွေးထားတဲ့ ဒဏ်ရာ လေးကို နမ်းလိုက်တော့ သားဖေဖေက မျက်နှာကြီး တစ်ခုလုံး ရဲတတ်နေတာပဲ။ အင်္ကျီ လဲပေးတော့လည်း သူ့ ချယ်ရီသီး ပေါက်စလေးတွေကို ရှက်နေပြန်ပြီ ။ ပြီးတော့ပြောသေးတယ် ။
"ဒါက သားအတွက်နော် "
"ဟောဗျာ မောင်က ဘာပြောလို့လဲ "
သားလေး ၆ လကျော်နေပါပြီ ။ ခေတ်လေး ပင်ပန်းတာတွေကော အိပ်ရေးပျက်တာတွေကော များနေလို့ ရွှေဘုန်း ကခေတ်ကို မယူတာ ပါ ။ ခေတ်က ပေးတာတောင် သားလေး ကြီးမှယူမယ်ဆိုပြီး ကိုယ်ပြသနာ ကိုယ်ဟာကိုယ်ရှင်းနေတာ ကြာပြီပေါ့ ။ ဒါကို သားဖေဖေ က မင်္ဂလာဦး ညတုန်းကလို ရှက်နေတော့ ရွှေဘုန်း မှာ မယိုးမရွ ။ ယူချင်တယ်လို့လည်း မပြောချင် နေမကောင်းနေတဲ့ လူကို ။
"နေကောင်းမှ တွေ့မယ် သားလေးဖေဖေ"
"မောင်ဘာပြောတာလဲ "
ပါးစပ်လှုပ်ရုံပြောလိုက်တာကို သူက ကြားဖြစ်အောင်ကြားသွားသေးသည်။
"ဘာမှမပြောပါဘူး လာမောင်ရင်ခွင်ထဲ မောင်ချော့သိပ်မယ် "
ရင်ခွင်ထဲတိုးဝင်လာတဲ့ ခေတ်လေးက ဆေးသောက်လိုက်လို့ထင်တယ် ကိုယ်သိပ်မပူတော့ဘူး။
"မောင့်!!!"
"ပြောလေ ခေတ်လေး"
"ညနေက ခေတ်ပြောတာကို စိတ်မဆိုးနဲ့နော် ခေတ်က သားလေးကို စိတ်ပူသွားလို့ "
"မောင်က ဘယ်တုန်းက ခေတ်ကို စိတ်ဆိုးဘူးလို့လဲ "
"မဟုတ်ဘူး ခေတ် ပြောတာ အရမ်းလွန်သွားလို့ "
"ဒီတခါတော့ မောင်စိတ်မဆိုးပါဘူး နောက်တခါတော့ မရဘူးနော်
သားလေးကို ခေတ်တစ်ယောက်ထဲပိုင်တာ မဟုတ်ဘူး မောင်လည်းပိုင်တယ်
ခေတ်က သားကို ခေတ် မွေးထားလို့ခေတ်ပိုင်တယ်ပြောတာတော့ မောင့် ရင်ထဲမကောင်းဘူး "
"ရွှတ် "
ခေတ်က ရွှေဘုန်းကို နမ်းလိုက်ရင်းက ...
"အင်းပါ နောက်တခါ မရှိစေရဘူး
သားလေးက မောင်နဲ့ ခေတ် နှစ်ပိုင်တာ ဟုတ်ပြီလား
ကျေနပ်တော့ "
"ဟုတ် သားက မောင် လုပ်လို့ ရလာတာကို လည်း မမေ့နဲ့ "
"ဟာာာ မောင့်!!!
အဟုတ် မှတ်လို့ နားထောင်နေတာ "
"ဟုတ်တယ်ပဲလေ မောင်ကြိုးကြိုးစားစားနေ့မနားညမနား "
"ယောကျာ်း တော်ပြီလေ "
ဒီတခါတော့ ခေတ် ယောကျာ်းကိုချော့ရပြီလေ ။မချော့ရင်တစ်ညလုံးစတော့မှာ ခေတ် သိတာပေါ့။
"တော်ပါပြီ လာ မစတော့ဘူး
ယောကျာ်းရင်ခွင်ထဲမှာ အိပ် "
ရွှေဘုန်းက အလယ်ထဲမှာ နေကာ သားကို ကြည့်လိုက် ။ ခေတ်ကို ကြည့်လိုက်ရနဲ့ တစ်ညလုံး မအိပ်ရပါ။ မိုးလင်းခါနီးမှသာ ဖျားနေတဲ့ သားအဖ နှစ်ယောက်ကြားထဲအိပ်ပျော်သွားတော့သည်။
~~~~~~~~~~~~~~~
သားလေး ဘာလိုလို နဲ့ တစ်နှစ်တောင်ပြည့်တော့မယ် ။ သွားတွေလည်းပေါက်နေပြီ ။ လူကြီးလေး တစ်ယောက်လို ဘယ်ခေါ်ခေါ် လိုက်လို့ ရနေပြီ ။ ကားပေါ်မှာတောင် သူ့အတွက် ကိုယ်ပိုင်ခုံ ရှိနေပြီ ။ လူပေါ် သိပ်မထိုင်ချင်တော့ဘူး ။ ခေတ်ကားပေါ်မှာကော ရွှေဘုန်းကားမှာကော baby seat လေးတပ်ပေးထားသည်။
"မောင့် ထ တော့လေ "
"နေပါအုန်း ခေတ်လေးရယ်
ဒီနေ့ ပိတ်ရက်လေ "
သားအဖ နှစ်ယောက်လုံး စံချိိန် မှီတယ် မနိုးရင်မထတာ ။ သားကလည်း ဖင်လေးကို ကောက်လို့အိပ်နေလိုက်တာများ ။ ခြေတောက်တဖက် က သူ့အဖေ ဗိုက်ပေါ်မှာ ။ သားက အိပ်ရင် တကယ်ရယ်ရတာ ၃၆၀ ° လှည့်ပြီးအိပ်တတ်တာ ။ တခါခါ အိပ်ယာ အကျယ်ကြီးထဲ သားပျောက်လို့ လိုက်ရှာရတာ အမော ။
"သားလေး ထတော့ ကိုး"
ဖင်လေး ပုတ်ပြီးနိုးတော့ ။
တဖက်ပြန်လှည့်သွားတော့သည်။
" ကယ်မနိုင်တော့ဘူးကွာ ကိုးလေးကို "
သားလေးကို မချီကာ နိုးရသည်။
သားကနိုးလာကာ
"ဖေ့"
"ဟင် !!!!
မောင်ရေ
မောင် အူးးဝါးးး"
"ဟင်!!! ခေတ် ဘာလို့ငိုနေတာလဲ "
ရွှေဘုန်း ပြာပြာသလဲအိပ်ယာက ထကာ ခေတ်ကိုကြည့်တော့ မျက်ရည်တွေကျကာ ငိုနေလိုက်တာများ ။
"ဖေ့ "
သားကနောက်တခါ ထပ်ခေါ်တော့ မောင်ကပါ ကြောင်ပြီးကြည့်ကာ ။
"သားက ခေတ်ကို ဖေ့လို့ခေါ်တယ်မောင်ကြားလား မောင့်"
"ဟုတ်တယ် ကြားလိုက်တယ် "
"ခေတ်ပျော်လိုက်တာ မောင်ရယ်
ခေတ်ပျော်လိုက်တာ "
"အင်းပါ ခေတ်လေးရယ် မငိုနဲ့တော့ မောင်ပဲသားကို ရေချိုးပေးလိုက်မယ် ခေတ်က ချိုးပြီးသားမို့လား "
"အင်း သားလေး ထပ်ခေါ်ပါအုန်း ဖေဖေ့ကို "
"ဖေ့ "
"ရွှတ်ရွှတ် ချစ်လိုက်တာ သားရယ် "
"သားဒီဒယ်ကိုကော ခေါ်လိုက်ပါအုန်း
ဒယ်ဒီလို့ "
"ဒယ်"
"ဟင် မောင့် "
"ကြားတယ်တယ်ခေတ်လေး မောင်ကြားတယ် "
"မောင်မပျော်ဘူးလား "
"ပျော်တာပေါ့မောင့်အသဲရယ် "
"သားလေးရေ
ဒယ်ဒီတို့ ရေချိုးကြမယ် ပြီးရင် သားဖေဖေနဲ့ shopping ထွက်ကြမယ် "
"ဒယ့်"
"အေးပါ ငါ့သားရယ်"
ဒယ်ဒီ သွားမယ်ဆိုတဲ့သဘော လက်ကို လှမ်းလာတော့ ရွှေဘုန်းကချီကာ ရေချိုးခန်း ဆီသို့ ။
"မောင့် မြန်မြန်ချိုးနော် အအေးပတ်မယ် "
"ဟုတ် "
ရေချိုးခန်းထဲက လှမ်းပြောတဲ့မောင်။ ပြောပေမယ့် သားက ရေတအားကြိုက်တော့တော်တော်နဲ့ ထွက်မလာကြပါ ။ သားအဖ နှစ်ယောက်က ခေတ်နဲ့ဆို ခေတ့်မျက်နှာရိပ်ကြည့်ပြီး အပိုးကျိုးပေမယ့်နှစ်ယောက်ပေါင်းမိရင် ကြိတ်ကြိတ် နဲ့ ။
"မောင်ရေတော်ပြီ သားကို ပေးတော့ "
ခေတ် တဘက်ကြီး ကိုင်ပြီး သားကို ရေသုတ်ဖို့ စောင့်နေလိုက်သည်။ မောင်က သားကို ထုတ်ပေးပြီး သူက ထွက်မလာသေး ။ သားကို ရေသုတ်ပေးပြီး baby lotion လေး လိမ်းပေးလိုက်သည်။ ခေါင်းက ဆံပင်လေးကို hair coat လေးလိမ်းပြီး ဖြီး ပေးလိုက်တော့ လူပျိုပေါက်စက အကြိုက် ပြုံးလို့ ပျော်လို့ ။ သားကို ဂျင်းအပျော့သား လေးနဲ့ တီရှပ်လေး ဝတ်ပေးလိုက်ပြီး အပေါ်ထပ် ရှပ်လက်ရှည် လေး ထပ်ဝတ်ပေးလိုက်တော့ သားက တကယ်လူပျို ပေါက်စ ပါ ။
"ဖေ့ လှ "
"လှပါ့ ဗျာ ဖေဖေသားက အလှဆုံး "
"မောင်ကကော "
ရေချိုးခန်းထဲက ထွက်လာတဲ့မောင်က
"မောင်က သားလောက်မလှ "
"ခစ်ခစ် "
ကျေနပ်နေတဲ့ သားလေးရဲ့ရယ်သံ ။လူကြီးတွေ ပြောတာကို အားလုံးသိပြီး နားလည်နေတာ ဒီအရွယ်လေးက ။ သားကြီးရင်တော့ ခေတ်တို့နှစ်ယောက်ကို ရောင်းစားမယ့်သဘော ။
မောင့်အတွက်မောင်ဝတ်နေကျ polo v neck အနက်ရောင်လေးနဲ့ သားနဲ့ဆင်တူ ဂျင်းအပျော့ အပြာရောင်လေးထုတ်ပေးလိုက်သည်။
"မောင့် သားကို ဖိနပ်စီးပေးလိုက်အုန်း ခေတ်အဝတ်အစားလဲလိုက်အုန်းမယ် "
"ဟုတ် "
ရွှေဘုန်း တို့ သားအဖက sneakers အဖြူရောင်လေးဆင်တူစီးကာ အပြင်ဘက်ထွက်သွားသည်။
ခေတ်ကတော့ cropped pants အသားရောင်လေးနဲ့ loafer shoes အညိုလေးကို တွဲဖက်ဝတ်ဆင်လိုက်ပြီး အပေါ်ကတော့ free shirt အဖြူရောင်လေး ဝတ်လိုက်သည်။ မောင်က cropped pants ဝတ်ရင် မက်မွန်းတွေ ဖုံးအောင်ဝတ်ရမယ်ဆိုလို့ နောက်က အင်္ကျီ စကို ချထားပြီး ရှေ့က အစကိုတော့ ဘောင်းဘီထဲသွင်းလိုက်၏။ အားလုံးပြီးတော့ သားအတွက် လိုအပ်တာတွေ ထည့်ထားတဲ့ LV handbags ကို ဆွဲကာ သားအဖ နှစ်ယောက်နောက် လိုက်ရသည်။
"ကြီးသူရေ
ခေတ်တို့ သွားပြီနော်
ညစာ စားပြီးမှ ပြန်လာမှာမို့ ခေတ်တို့အတွက် ဘာမှ မချက်ထားနဲ့တော့ "
"ဟုတ်ကဲ့ပါရှင် "
"မြေးလေးကိုးရေ
တာ့တာ "
သားက လက်ပြ ကာ နှုတ်ဆက်နေတော့သည်။ သူက မောင့်အတိုင်းပဲ ကြီးသူကို အရမ်းချစ်တာ ။
သားက ကားနောက်ခန်းက သူ့ ထိုင်ခုံမှာ ထိုင် ပြီး ဟိုငေးဒီငေးနဲ့ပြုံးပျော်နေတော့သည်။ holiday တစ်ရက်တော့ သားပျော်အောင် မောင်က နေရာစုံ မရိုးအောင် တနေကုန် လိုက်ပို့ပေးတတ်သည် ။
မောင်က ခေတ် ဘက်ကို ကြည့်လိုက်ပြီး။
"ခေတ်လေး အရမ်းလှ "
"မောင်လည်း အရမ်း ခန့် "
"တကယ်လား"
"ခေတ်ယောကျာ်းက ဒီကမ္ဘာမှာ အခန့်ညားဆုံး "
"ဒါဆို ဒီည မောင် ယူမယ်နော် "
"ဘာမှလည်း မဆိုင်ဘူး နော်မောင်
သားရှိနေတယ် လေ"
"သားက မသိသေးပါဘူး ခေတ်ရဲ့ "
ခေတ်က သားရှေ့ဆို အင်မတန် ရှောင်သည် ။ သားရှေ့ဆို ခေတ်ကို နမ်းတာတောင်လက်မခံ။ အနေအထိုင် အရမ်းပိရိသည်။
"ဖေ့
ဒယ့်
သားသိ "
"ဟင် !!!" "အမ်!!!"
ခေတ်နဲ့မောင်နှစ်ယောက်လုံး မျက်လုံးပြူးသွားသည်။ သားက ဘာသိတာလည်းတော့ မသိပေမယ့်။ ခေတ်ကလည်းရွှေဘုန်းကို မျက်စောင်းထိုးကာ ကြည့်ပြီး သားသိသွားဆိုတဲ့သဘော ။ ရွှေဘုန်းက ခေတ် ဘက်လှည့်ကာ သားမသိအောင် အံကြိတ်ပြီးပြောလိုက်တဲ့စကားက ။
"ညကျရင် သားမသိအောင် လုပ်ကြမယ်လေ "
အချစ်များစွာဖြင့် 🌻
18.6.2022(Sat)
ဒီတပတ်လုံး မအားလို့ စာမရေးနိုင်ဘူး ပေါ့ ။ စနေနေ့မှပဲ အပိုင်းအသစ်ရေးပြီး တင်မယ်ဆိုပြီး တနေကုန် မအားလို့ မရေးလိုက်ဘူး ။ အိပ်ယာထဲရောက်မှ ရေးလိုက်ပါအုန်းမယ်ဆိုပြီး ရေးလိုက်တာ ရေးတဲ့အထဲမှာ စျာန်ဝင်သွားလိုက်တာ မိနစ် ၃၀ကြာတော့ တစ်ပိုင်းပြီးသွားတယ် စာလုံးရေကြည့်လိုက်တော့ 4250. အမှတ်တရများနဲ့ အပိုင်း၃၈ ။ပြီးခါနီးလေ ရွှေဘုန်းနဲ့ခေတ်ကိုမခွဲနိုင်လေ ပါဆို အခု ကိုးလေးပါ ပါလာတော့ ....ပိုမခွဲနိုင်ဘူး ...
..............................................
Zawgyi
ရဲ့ ရက်၁၀၀ပြည့် "
"သားရေ ဒီကိုကြည့် "
"ကိုးလေး ဦးခန့်ဆီလာ "
"အင်းပါ "
"အဟက် "
"ဟာာာား"
~~~~~~~~~~~~~~
"Boss !! "
"ဘာလို့လဲကိုသူရ "
"သွားကြမယ် ကိုသူရ "
"ဟုတ် Boss "
"ဟင် !!!"
"အမ်!! သားနေမကောင်းဘူး "
"ဟုတ် Boss"
📞Hello ကြီးသူ
📞ဟုတ်တယ် သားငယ်လေးရေ
"ကျစ် "
"ဘာလို့လဲBoss"
သားလေး ဖျားနေလို့ဗျာ
"ဟောာ "
"ပေး ခေတ် လေး သားကို "
"ခေတ်လေး
သားနဲ့ခေတ်ကို "
"ရတယ်"
"သားကို ပြန်ပေး "
ငါ့ကို လာကျွေးမနေနဲ့
ငါမစားဘူး "
~~~~~~~~~~~~~~
"ဟင့်...ဟင်းးး မေမေ့ "
ထ ဆေးသောက်ရအောင် "
"ကျွတ် ...ကျွတ်... အား"
"ဘာလို့လည်း ခေတ်လေး
မောင့်ကိုပြော"
"မောင် ဆေးတိုက်မယ်လေ
"အင်း "
"အင်း "
"ဟောဗျာ
"ပြွတ်စ် "
"ဒါက သားအတွက်နော် "
"မောင်ဘာပြောတာလဲ "
"မောင့်!!!"
"ပြောလေ ခေတ်လေး"
"ရွှတ် "
ကျေနပ်တော့ "
"ဟာာာ မောင့်!!!
"ယောကျာ်း တော်ပြီလေ "
~~~~~~~~~~~~~~~
"မောင့် ထ တော့လေ "
"နေပါအုန်း ခေတ်လေးရယ်
ဒီနေ့ ပိတ်ရက်လေ "
"သားလေး ထတော့ ကိုး"
သားကနိုးလာကာ
"ဖေ့"
"ဟင် !!!!
မောင်ရေ
မောင် အူးးဝါးးး"
"ဖေ့ "
"ဟုတ်တယ် ကြားလိုက်တယ် "
ခေတ်ပျော်လိုက်တာ "
"ဖေ့ "
ဒယ်ဒီလို့ "
"ဒယ်"
"ဟင် မောင့် "
"မောင်မပျော်ဘူးလား "
"သားလေးရေ
"ဒယ့်"
"အေးပါ ငါ့သားရယ်"
"ဟုတ် "
"ဖေ့ လှ "
"မောင်ကကော "
"မောင်က သားလောက်မလှ "
"ခစ်ခစ် "
"ဟုတ် "
"ကြီးသူရေ
ခေတ်တို့ သွားပြီနော်
"ဟုတ်ကဲ့ပါရှင် "
"မြေးလေးကိုးရေ
တာ့တာ "
"ခေတ်လေး အရမ်းလှ "
"မောင်လည်း အရမ်း ခန့် "
"တကယ်လား"
သားရှိနေတယ် လေ"
"ဖေ့
ဒယ့်
သားသိ "
"ဟင် !!!" "အမ်!!!"
အချစ်များစွာဖြင့် 🌻
18.6.2022(Sat)