Uni
"ခေတ်လေး
အိပ်လေ ဘာလို့လည်း "
"မောင့်!! ခေတ်ကြောက်နေလို့ "
"မကြောက်ပါနဲ့ မောင်တစ်ယောက်လုံး ခွဲခန်းထဲမှာ ခေတ်လေးအတူ ရှိနေမှာလေ "
မနက်ဆို ခေတ်လေးက မီးဖွားဖို့ ဆေးရုံတက်ရမှာ သဘက်ခါ မနက်အစော မွေးဖို့အားလုံး စီစဥ်ထားကြတာ ။ ခေတ်လေး က ယောကျာ်းလေးမို့ အန္တရာယ်များလို့ ဗိုက်နာတာ ကို မစောင့်ပဲ ultrasound due date အရ ခွဲမွေးမှာ။ သားလေးကို မွေးဖို့ တနင်္လာ နေ့ကို ဆရာမကြီး က ရွေးပေး၏။ တနင်္လာ နေ့က နေ့ကောင်းရက်သားလေး ကျတယ်ဆိုပြီး အမေ နှစ်ယောက်နဲ့ ဆရာမကြီးက ရွေးလိုက်ကြတာ ။ ခေတ်လေးကိုသာ အားပေးစကားပြောနေရတာ ရွှေဘုန်းက ပိုပြီးစိတ်လှုပ်ရှားနေမိသည်။
"အင်းပါ ခေတ် မကြောက်တော့ပါဘူး မောင်လည်းရှိနေမှာဆိုတော့ "
"အိပ်လိုက်တော့ မောင့်ခေတ်လေး သားလေးနဲ့ တွေ့ရင် လည်း အိပ်ရေးတွေပျက်အုန်းမှာ အခုကတည်းက အိပ်ရေးဝအောင် မောင်တို့က အားတင်းထားရမယ်လေ "
"အင်းပါ "
"ခေတ်ကို နမ်းအုန်း "
"ပြွတ်စ်စ် "
"အားပြည့်သွားပြီလား "
"အင်း မောင့်အနမ်းက ခေတ် အတွက် အားဆေး တွေထက် ပြည့်စုံ နေပြီ"
"ချစ်တယ် မောင့် ခေတ်လေး
5ting "
"ခေတ်လည်း အရမ်းချစ်တယ် "
မောင့်ရင်ခွင်ထဲဝင်ပြီး ဝင်ပြီး အိပ်လိုက်တာ ချက်ချင်းကြီးကို အိပ်ပျော်သွားတော့တာပဲ ။မောင်ရင်ခွင်က ခေတ့်အတွက် အကောင်းဆုံးအိပ်ဆေးပါ ။
"ဝါးးး "
ခေတ် မနက်နိုးလာတော့ မောင်က ဘေးမှာ ရှိမနေပါ ။ ခေတ် ဖုန်းကိုယူကြည့်လိုက်တော့ မနက် ၈နာရီတောင်ထိုးနေပြီ။
"ချပ် "
တံခါးဖွင့်သံနဲ့အတူ မောင်ဝင်လာသည်။
"ခေတ်လေးနိုးနေပြီလား "
"နိုးနေပြီ
မောင်က ရေတောင်ချိုးပြီးသွားပြီလား "
"ဟုတ် ဆေးရုံသွားရင်ယူ ဖို့ပစ္စည်းတွေတောင် အားလုံးဝယ်ပြီးပြီ "
"ဟင် !!"
"ဟုတ်တယ် မေမေ စာရင်းလုပ်ပေးထားတာ "
ကလေးအတွက်ပစ္စည်းတွေက အားလုံး ဝယ်ပြီး လျှောပြီး သုံးရန် အသင့်ဖြစ်နေပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့နို့မှုန့်နဲ့ diaper မဝယ်ရသေးတာ မို့ ရွှေဘုန်း shopping center ပြေးရသည်။
"လာခေတ်လေး ရေချိုးရအောင် "
"အင်း "
မောင်က ခေတ်ကို ပွေ့ထူပြီးရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ၊ သွားတိုက်၊ရေချိုး အားလုံး လုပ်ပေး၏။ အင်္ကျီလဲကာ ခေတ်ကို တွဲပြီး ထမင်းစားခန်းထဲခေါ်လာခဲ့သည်။
"သားခေတ်လေး လာ
မေမေ မနက်စာ သားလေး အတွက်
စပါယ်ရှယ် လုပ်ထားတယ် မနက်စာ သေချာ စားထားရအောင် ညနေစာက နောက်မနက်ခွဲမှာမို့ မစားရဘူး"
"ဟုတ်မေမေ "
မောင်က ခေတ်ကိုကြည့်ပြီး ခေတ်စားဖို့ ကြက်ပေါင်းကို ဖဲ့ကာ ထမင်းထဲထည့်ပေးနေသည်။
"မောင်လည်းစားလေ "
"ခေတ်လေး ဝမှ စားမယ် "
"မရဘူး အတူတူ စားမယ် "
ထမင်း တစ်ပန်းကန်ထဲ ခေတ်ကို ကျွေးလိုက်ရွှေဘုန်းစားလိုက်နဲ့ ဗိုက်ဝသွားတော့သည် ။
"သားခေတ်လေး "
"ဗျာ မာမီ "
မာမီက ခေတ် လက်ကို ဆုပ်ကိုင်ကာ အားပေးစကားပြော သည်။
" သားလေး စိတ်အေးအေးထားနော်
ဆေးရုံကို ပျော်ပွဲစားထွက်တယ်လို့
သဘောထားကြားလား "
"ဟုတ် မာမီ"
ဆေးရုံလိုက်မယ့်သူတွေက မာမီ ၊ မေမေ ၊ မာမီ့ အတွင်းရေးမှူး ၊ ရွှေဘုန်း ၊ ရွှေဘုန်းအတွင်းရေးမှူးကို သူရ၊ လက်တို လက်တောင်းခိုင်းဖို့ မာမီ တို့ရွှေအိမ်တော်က ကလေးမလေး နှစ်ယောက် အများကြီးပဲ။ ဒါတောင် ကြီးသူက လိုက်ချင်သေးတာ ခေတ်လေးနဲ့ မေမေတို့အတွက် ထမင်းချိုင့် စီစဥ်ရမှာမို့ ကျန်နေခဲ့တာ ။ ဒယ်ဒီနဲ့ ခေတ်ဖေဖေ ကလည်း လာအုန်းမှာ ။ မာမီ ပြောသလို ပျော်ပွဲစားထွက်သလိုပင်။
ခေတ်တို့ဆေးရုံရောက်တော့ ဆေးရုံအုပ်အပါအဝင် ဆေးရုံတစ်ခုလုံးက ထွက်ကြိုကြသည်။ ဒယ်ဒီလည်း လာတာ မို့ လှုပ်လှုပ်ရှားရှားတွေကို ဖြစ်လို့ ။ ခေတ်ကိုလည်း နေကြာပန်းစည်း အကြီး ကြီးတစ်စီးပေးကာ အားလုံးကကြိုဆိုကြသည်။ ခေတ် နေကြာပန်းကြိုက်တာ သူတို့ ဘယ်လိုသိလည်းမသိဘူး ။ မောင်ကတော့ ခေတ်နဲ့သာ အောက်ခြေသိမ်းဖြစ်နေတာ ။ ဆေးရုံအုပ်နဲ့ ပြောနေတာများ တကယ် ဒုဥက္ကဌ စတိုင်လ် အပြည့်။ ခေတ်တို့နေဖို့စီစဥ်ထားတဲ့အခန်းကို လည်း ကြည့်လိုက်အုန်း ။ ဆေးရုံနဲ့လုံးဝမတူ ပဲ hotel က luxury room လိုပြင်ဆင်ပေးထားသည်။ အခန်းကလည်း အကျယ်ကြီး ခုတင်ကလည်း ဆေးရုံခုတင်လိုမဟုတ်ပဲ နှစ်ယောက်အိပ် ခုတင် ကြီး ၊ လူနာစောင့်တွေအိပ်ဖို့ က အခန်း နှစ်ခန်း စီစဥ်ပေးထားသည် ။ အခန်းထဲမှာ ဧည့်သည်ထိုင်ဖို့ ဆိုဖာ စတီ တစ်စုံတောင်ပါသေးသည်။
"ခေတ်လေး ခုတင်ပေါ် လှဲနေလိုက်
စိတ်အေးအေး ထားနော်
မောင်တစ်ယောက်လုံးရှိတယ်"
မောင်က ခုတင်ဘေးမှာ ခုံတစ်လုံးနဲ့ ထိုင်ပြီး ခေတ်လက်လေးကိုင်ထားသည်။
"အော် ဆရာမကြီး "
"သားခေတ်လေး ဘာမှ စိုးရိမ်စရာ မရှိဘူး အိုကေ "
"ဟုတ် ဆရာမကြီး "
ဆရာမကြီး ခေတ်ကို စမ်းစရာရှိတာတွေ စမ်းပြီး သူနဲ့အတူ ခွဲခန်းဝင်မယ့် ဆရာဝန် ၊သူနာပြုအဖွဲ့တွေကို ပါ ခေတ်နဲ့ ပါတ်သက်တာတွေ ရှင်းပြသည်။ ပြီးတော့ မှာစရာ ရှိတာတွေ မှာပြီး ဒယ်ဒီမာမီနဲ့ မေမေတို့ကို နှုတ်ဆက်က ပြန်ထွက်သွားသည်။ ဆရာမကြီးလည်း ဒီနေ့ အိမ်တောင်ပြန်မအိပ်ပဲ ခေတ်ကို မနက်အစော ခွဲဖို့ ဒီည ဒီမှာပဲအိပ်မှာတဲ့ ။ ဆရာမကြီးက တာဝန်ကျေတာ တအားပဲ ခေတ်ကို လည်း မကြောက်ဖို့ အထပ်ထပ်အခါခါ မှာနေသေးသည်။
~~~~~~~~~~~~~~~~
မနက် အစော ၆နာရီ လောက်မှာ ခွဲခန်းဝင်ခဲ့သည်။ မောင်က ခေတ် လက်ကို ဆုပ်ကိုင်ထားလိုက် ခေတ် မျက်နှာကို နမ်းလိုက်ဖြင့် လုပ်နေ၏။ နောက်ပိုင်းခေတ် မေ့ဆေး အချိန်ကြောင့် အမှောင်ကြသွားပြီး ဘာမှ မသိတော့။
တနင်္လာ သားလေး ခြေလက်အင်္ဂါစုံစုံလင်လင် ကျန်းကျန်းမာ မနက် ၇ နာရီ တိတိမှာ ဖွားမြင်ပါတယ် ။ ဆရာမကြီးက ခွဲခန်းထဲမှာ ပျော်ရွှင် စွာ ပြောပြီး ကလေး အထူးကု ဆရာဝန်ကြီး လက်ကို ကလေးကို လက်လွဲပေးလိုက်သည်။ ကလေး ဆရာဝန်ကြီးက ကလေး နဲ့ ပါတ်သက်တာ တွေ စစ်ဆေးပြီး လုပ်စရာရှိတာများ ဆက်လုပ်နေတော့သည်။ ရွှေဘုန်း က သားနီတာရဲလေးကိုကြည့်ပြီးတစ်ခုတော့ စိတ်အေးသွားပြီ ။ ခေတ်လေး ကတော့ သားအိမ်ထုတ်တာတွေ ဆက်လုပ်နေပြီး ခွဲခန်းထဲမှာ ဆက်ရှိနေသေးတော့ ရွှေဘုန်း ရင်ထဲဗလောင်ဆန်စွာရှိနေသေးသည်။ ခေတ်လေးကတော့ မျက်လုံး မှိတ်ကာ ရှိနေပေမယ့် ရွှေဘုန်းကတော့ ရသမျှဘုရားစာတွေကို တောက်လျှောက် အဆက်မပြတ်ရွတ်နေမိတော့သည်။
အားလုံးပြီးစီးလို့ ခွဲခန်းကနေ ခေတ်လေးထွက်လာပြီး ရွှေဘုန်းတို့ အခန်း ရောက် တဲ့အထိ သတိမလည်သေး ။ ရွှေဘုန်းက ခေတ်လက်ကို အဆက်မပြတ်ကိုင်ကာ သားကိုတောင်မကြည့်နိုင်သေး။ ရွှေဘုန်းက ခေတ်လေး သတိပြန်မလည်လာမှာ တအားတွေစိုးရိမ်နေတာ ။ သားက ဆရာမ လေး လက်ပေါ်မှာ နို့ဗူးတောင်ဆို့နေပြီ။ မာမီနဲ့ မေမေ ကလည်း ခေတ်လေး အနားမှာရှိနေ၏။
"သားလေး မနက်စာ စားလိုက်အုန်းလေ "
"မစားသေးဘူး မေမေ
ခေတ်လေး သတိရတော့မှာပဲ "
"အဲ...အဲ .."
သားလေးက တအီအီနဲ့ အလို မကျသလို ဗိုက်ပြည့် လာလို့ အိပ်ချင်လာတာလည်းပါမည်။ ဆရာမလေးတွေက မတ်တပ်ရပ်ရင်း က နို့ဗူးတိုက်နေရသည်။
ခဏအကြာမှာ ရွှေဘုန်း ကိုင်ထားတဲ့ လက်က နည်းနည်းလှုပ်လာသည်။ ပြိုတော့မယ် မိုးလို ငိုမဲ့မဲ့ဖြစ်နေတဲ့ ရွှေဘုန်းပြုံးလာတော့သည်။ ခေတ်လေး သတိရလာပြီလေ။
"ခေတ်လေး သတိရ လာပြီလား"
"အင်း မောင် သားလေးကော "
ခေတ်ပြောမှ ရွှေဘုန်း သားကို သတိရလာတော့သည်။ ခေတ်ဆီမှာပဲ စိတ်တွေ ပုံအော ထားလို့ သားလေးကို မေ့ထားသလိုတောင်ဖြစ်နေပြီ ။
"သားလေး အရမ်းနာနေလား "
"မနာပါဘူး မေမေ
သားလေးကို ကြည့်ချင်တယ် "
ဆရာမက သားလေးကို ခေတ်ဘေးမှာ အနှီးထုတ်လေးနဲ့ လာချထားပေးတော့ ခေတ်က အနှီးထုတ်လေးကို ဖြည်ခိုင်းပြီး ကြည့်သည်။ သားလေးက အသားအရေ မျက်နှာ ကြပုံ အားလုံးက ရွှေဘုန်းနဲ့တစ်ရုပ်ထဲ ။ ရုပ်ထု ထုထားသလို ခေတ်တို့နှစ်ယောက်လုံး အရပ်ရှည်တော့ ခြေဆန် လက်ဆန်ရှည်သည်။ ဆံပင် လေးတွေကလည်းမဲမှောင်နေတာပဲ။ မျက်လုံးလေးကတော့ ခေတ်နဲ့ တစ်ပုံတည်း ။ ၈ပေါင်ခွဲတောင်ရှိတယ်တဲ့ အကြီးကြီးပဲ။ ချစ်စရာကြီးဂွမ်းပုံကြီးလိုပဲ။ ချက်ကြိုးလေးချည်ထားတာလေးက သွေးလေးတောင်မတိတ်သေးဘူး။
"ဟူးး တော်သေးတာပေါ့ "
"ဘာလို့လည်း ခေတ်လေး "
"ခေတ်က ကလေး ခြေလက် အင်္ဂါ မစုံမှာစိုးနေတာ "
"အော် "
ခေတ်က မွေးရတဲ့ လူပီပီ တကယ်မိခင်စိတ်ရှိတာ ။ ရွှေဘုန်းက သတိတောင်မထားမိ ။ ခေတ်လေး မေ့နေသေးလို့ ရူးချင်သလို ဖြစ်နေတာ ။ ခွဲခန်းထဲမှာပဲ သားကို တစ်ချက်ကြည့်မိတာ ။
သားလေးက အိပ်ပျော်နေပြီးခေတ်နားမှာ ကပ်ရပ်လေးချထားသည်။ ရွှေဘုန်းကလည်း ခေတ်နဲ့ သားလေးနားမှာ ကော်နဲ့ကပ်ထားသလို ။ ဆရာမကြီးကလည်း ခေတ်ကို တစ်ခေါက် ထပ်လာကြည့်သွားပြီး အားလုံးအိုကေကြောင်းလက်မ ထောင်ပြသွားသေးသည်။ ခေတ်ကိုလည်းချီးကျူး စကားဆိုသွားသေးသည်။
အားလုံးက ခေတ် အခြေအနေ ကောင်းတာမို့ ပျော်ပျော်ပါးပါးဖြစ်နေပေမယ့်ဒယ်ဒီ ရွှေဘုန်းကတော့ အခုအထိ ထမင်းမစားနိုင်သေး ။ အစောထဲက စိတ်ပူတာတွေများပြီး ရင်ပြည့်သွားတာ ။ခေတ်လေးတောင် မေ့ဆေးကြောင့် ထလို့ မရသေးပေမယ့် အိပ်ရင်းနဲ့ပဲ ကြက်ပေါင်းစားပြီး နေပြီ။
"မောင့် ထမင်းစားလေ "
"မောင် မဆာဘူး ခေတ်လေးရယ် "
"ဘာလို့လည်း စားလိုက်လေ
လန်းသွားအောင် ရေအရင်ချိုးလိုက် "
"ဟင့်အင်း
သားနဲ့ ခေတ် လေး အနားမှာ နေချင်သေးလို့ "
ခေတ် ကိုကြည့်ပြီးရွှေဘုန်းမစားနိုင် မအိပ်နိုင်ဖြစ်ကာ ခေတ်ကို ထိုင်ကြည့်နေတော့သည် ။ သားလေးက အိပ်လိုက်နို့စို့လိုက် အလုပ်အရမ်းလုပ်တာပဲ အီးလည်း ပါပြီးလို့ diaper ပါတောင်လဲပြီးပြီ ။ ခေတ်လေးလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။ အိပ်နေတဲ့သား အဖ ကို ရွှေဘုန်း ဖုန်းထုတ်ကာ ဓါတ်ပုံရိုက်လိုက်တော့သည်။ မေမေနဲ့မာမီက အတင်း ရေချိုးခိုင်းလို့ ရေချိုး ထမင်းစားလိုက်မှ လူက အိပ်ချင်လာပြီး သားဘေး က နေရာ လွတ်မှာ ဝင်အိပ်လိုက်တော့သည်။
မြတ်ကလေးနဲ့ အဏ္ဏဝါတို့ အတွဲ ရောက်လာပြီး သားလေးကို အရမ်းချစ်လို့တဲ့ အူယားနေကြတာ ။ ခန့်မင်းနဲ့ရဝေပါ ရောက်လာပြီး မောင့်ကိုကြည့်ကာ လှောင်နေကြ၏။ ခေတ်နဲ့သားလေးကနိုးလာပြီး လာမေးတဲ့ဧည့်သည်တွေကို
ဧည့်ခံနေတာတောင် မောင်ကမနိူးသေး။
"သားရီး အရမ်းတွေ အိပ်ရေးပျက်နေတယ်ပေါ့ မွေးတာက အကို ခေတ်လားမင်းလား " (အဏ္ဏဝါ)
"ဟင် !!
မင်းတို့ရောက်နေကြပြီလား " (ရွှေဘုန်း)
"အေး ထအုန်း (ခန့်မင်း)"
"ထပြီကွာ (ရွှေဘုန်း)
"အရမ်းတွေ ပင်ပန်းနေပြီလား ဒယ်ဒီ (ခေတ်)
ခေတ်လေးက အခေါ်အဝယ်တွေချက်ချင်း ပြောင်းလိုက်တော့ ပီတိဖြာနေတဲ့ရွှေဘုန်းက ။
"ဟုတ် ခေတ်လေး ဘယ်လို နေသေးလည်း နာသေးလား"
"မနာတော့ပါဘူး မောင်ရဲ့ အခု ညနေပိုင်းပို သက်သာလာတယ် ဆရာမကြီးတောင် ညနေတစ်ခေါက်လာကြည့်သွားတယ် "
"ဟင်မောင်အိပ်နေတုန်းကလား "
"အင်း"
မာမီတို့ကော
"မာမီနဲ့မေမေကိုပင်ပန်းမှာ ဆိုးလို အိမ်ပြန်ခိုင်းလိုက်တယ်"
"ဟုတ်တယ် ဘာမှ မလိုတော့ဘူးကို "
"သားလေး လာ ဒယ်ဒီဆီ "
သားကို ဆရာမလေးက ချီကာ ရွှေဘုန်း လက်ထဲထည့်ပေးလိုက်တော့ အူယားကာ ..
"အား ပေါက်စလေးကွာ ဘယ်လိုလေးလည်း "
"တန်ခိုး ကလေးကို မဖိပစ်နဲ့အုန်း (အဏ္ဏဝါ)
"ငါသိပါတယ်ကွ
ငါ ကလေးချီနည်း youtube က ကြည့်ထားပါတယ်မင်းကလည်း "
ခေတ်တို့အခန်းထဲလူနာမေး စည်ကားလှသည်။ ဒါတောင် အရင်းနှီးဆုံးလူတွေပဲသိသေးတာ ။ခေတ် အတွင်းရေးမှူး ရတုနဲ့ မဆု လည်း လာပြီး ကလေးလေးက ဘယ်လိုချောကြောင်း ၊ ခန့်ကြောင်းချစ်ဖို့ကောင်းကြောင်းတွေ တသီကြီးပြောကာ အသီးတွေမုန့်တွေ ပေးကာ ပြန်သွားကြသည်။
"Boss "
"ဟင် ကိုသူရ "
"စိတ်အေးလက်အေး ကလေးထိန်းပါ ကုမ္ပဏီကိစ္စ အားလုံး အဆင်ပြေပါတယ် "
"ဘာလို့လဲမောင် "
"ဘာမှမဟုတ်ပါဘူး မနက်က အရေးပေါ်အစည်းအဝေးကို ကိုသူရ ကို လွဲပေးလိုက်လို့ပါ "
"ဘာများလို့ ကိုသူရရယ်
ကိုသူရရဲ့ boss က ကိုသူရ ကို စိတ်ချလို့ လွဲတာပေါ့ "
"အရမ်းတာဝန်ကြီးတော့ စိတ်လှုပ်ရှားတာပေါ့ အကိုခေတ်ရယ် "
"ကလေးကိုလည်း တွေ့ချင်လို့ အခု ရုံးဆင်းမှ ပြေးလာရတာ "
"ကလေးကနောက်ရက်မှတွေ့လည်း ရတာပဲကို နောက်ဆို ကလေးလေးက ကိုသူရပဲတစ်သက်လုံးထိမ်းရမှာ "
"ဟု...ဟုတ် "
ရက်စက်လိုက်တာ Boss ရယ် သူကျတော့ ယောကျာ်းယူ ကလေးမွေးထားပြီး ငါ့ကြတော့ သူ့ကလေး တစ်သက်လုံးထိမ်းရမယ်တဲ့ ။
~~~~~~~~~~~~~~
"ခေတ်လေး ဖြေးဖြေး
မောင်ချီမယ်ဆိုတာကိုကွာ "
"မောင်ကလည်း ခေတ် လမ်းလျှောက်နိုင်ပါတယ်ဆို "
"လဲမှာဆိုးလို့ပါ သဲရယ် "
ခေတ်လေးရော သားလေးရော ကျန်းမာရေး အခြေအနေ ကောင်းပြီး ဆေးရုံဆင်းခွင့် ရခဲ့ပြီ။ မောင်က ခေတ်ကို တွဲခေါ် လာပြီး သားလေးက မေမေ ပေါ်မှာ အိပ်ပျော်နေလေသည်။ မာမီက သားလေးအတွက် special nurse ငှားပေးပေမယ့် ခေတ် အတင်း ငြင်းလိုက်သည်။ သားလေးကို အတတ်နိုင်ဆုံး မေတ္တာ အပြည့်အဝပေးချင်မိသည်။ သားလေးကို special nurse နဲ့လွှဲထားမယ်ဆိုရင် အဓိက ခေတ်တို့ကို မခင်တွယ်မှာ ဆိုးတာပါ ။ ယောကျာ်းလေး နှစ်ယောက် ယူထားတဲ့ ကလေးမို့ မိမဆုံးမဆိုတဲ့စကား ကို သူများတွေ ပြောမှာ မလိုလားတာမို့ ဘယ်လောက်ပင်ပန်းပင်ပန်း သားနဲ့မောင့်အတွက် ခေတ် လုပ်နိုင်ပါတယ်။
"သားကိုပေးပါ မေမေ
ခေတ် ပုခက်ထဲထည့်လိုက်မယ်လေ "
မေမေက သားလေးကို လက်လွဲပေးလိုက်သည်။ ခေတ်တို့အခန်းက အရင်လို မဟုတ်တော့ဘဲ မောင်က ခေတ်ဆေးရုံက မဆင်းခင် အခင်းတွေအားလုံးကို ဖော့ပြားတွေ ခင်းထားခိုင်းလိုက်သည်။ သားလေး တစ်ခုခုကြောင့် မတော်တဆအောက်ကြရင်တောင် ဘာမှမဖြစ်နိုင်အောင် လုပ်ထား၏။ ခေတ်တို့ ခုတင်ကလည်း အရင်လို မဟုတ်တော့ဘဲ မိသားစု အိပ် ကုတင် အကြီးကြီး ။ အခန်းထဲမှာလည်း သားလေး အခန်းက ပုခက်နဲ့ အရုပ်တွေ ရောက်နေတော့သည်။
"အချစ်စရာလေးကွာ သားလေးအိပ်နေတာ လေးက ဘာလေးမှန်းမသိဘူး "
သားက အိပ်နေတာတောင် ပါးစပ်က လှုပ်စိလှုပ်စိ လေးနဲ့ ။
"ဟုတ်ပ မောင်နဲ့တစ်ရုပ်ထဲပဲ "
"ဟုတ်လို့လား ခေတ်လေးမျက်လုံးနဲ့တစ်ပုံစံတည်းပဲကို "
"မျက်လုံးလေးပဲခေတ်ကို တူတာ
အားလုံးက မောင်နဲ့တစ်ပုံတည်းပဲ
ခေတ်က မောင့်ကို သိပ်ချစ်လို့ မောင်နဲ့တူနေတာပေါ့ "
"ကျေးဇူးပါ မောင့်အသဲရယ်
မောင်နဲ့သားကို အမြဲချစ်ပေးနော် "
"သားကို ဘယ်လို နာမည်ပေးမလဲ ခေတ်လေး "
"သားလေးက ၉ ရက်နေ့ မွေးတာ တနင်္လာသားဆိုတော့ ကိုး လို့ ပေးလိုက်မယ်လေ "
"ဟာ ကောင်းတယ် အိမ်နာမည်လေးလားကျောင်းနာမည်ကကော "
"ဖေဖေက ဟိုတနေ့က ဆေးရုံလာတုန်း ပြည့်လျှံ လို့ပေးမယ်လို့ ပြောတယ်
မောင့်နာမည်လည်း ပါအောင် ရွှေဘုန်းပြည့်လျှံ လို့ စဥ်းစားထားတယ် မောင် ကြိုက်လား"
"ကြိုက်တယ်လေ ခေတ်လေးရဲ့
ခေတ်လေး စိတ်ကူး ကောင်းလိုက်တာ ရွှေဘုန်းတန်ခိုးရဲ့ သား ရွှေဘုန်းပြည့်လျှံလေးရေ "
"မောင့်!!"
" ဗျာ "
"တိုးတိုး သားလေး နိုးသွားလိမ့်မယ် "
"အော် "
ရွှေဘုန်း သားနိုးမှာဆိုးတာကြောင့် ခေတ်လေးနားကပ်သွားပြီး ။
"ပြွတ်စ်
အသံတိတ် လုပ်လို့ရတာ လုပ်တာလေ "
မောင်ဆိုသည်မှာ အဲ့လိုပါဆို ။ ခေတ်ကို ပျော်အောင်ထားတာပါဆိုပြီး တစ်မျိုးပြီးတစ်မျိုးမရိုးရအောင်စနေသေးတာ ။ သားအိပ်နေတုန်း ခေတ်ရေချိုးပြီး ခေါင်းပါလျှော်လိုက်သည်။ ဆေးရုံမှာ ၁ပတ်နေလိုက်ရတော့ လူက မလန်းဘူးဖြစ်နေတာမို့ ။ ရေနွေးလေးနဲ့ ရေချိုးတာ မောင်က အားလုံးလုပ်ပေး၏။ ဗိုက်က ချုပ်ရိုးကို ရေမဆိုအောင်လည်းလုပ်ပေးသည်။
"အဲ....အာ့...အီးးး...ဝါးးး"
"မောင်သွားတော့ သားနိုးပြီ "
ခေတ်ရေချိုးပြီး bathrobe နဲ့ ထွက်လာတော့ မောင်က သားကို ချီထားပြီချော့ နေသည်။
"ပေးပေး မောင်သားကို ခေတ်ဆီ
သားက ဗိုက်ဆာတာ
နို့ဗူး သွားဖျော်လိုက်"
"ခေတ်လေး အင်္ကျီ လဲလိုက် နေမကောင်းပဲနေလိမ့်မယ် "
မောင်က ပြောပြီးသားကို ပွေ့ကာ အခန်း အပြင်ဘက်ထွက်သွားသည်။ အပြင်မှာက မေမေကော ကြီးသူကော လူတွေ အများကြီးရှိတာမို့ နှင်းနှင်းက နို့ဗူးဖျော်ပြီး အေးအောင် လုပ်နေတာမို့အဆင်သင့်။ ကြီးသူနဲ့မေမေ က သားနို့ဆာရင် အဆင်သင့် သောက်လို့ ရအောင် နာရီ ကြည့်ပြီးနို့ဗူးဖျော်ထားတတ်သည်။ နို့ဗူးတွေကိုလည်း ရေနွေးပြုတ်ပြီး ပိုးသတ်စက်ထဲ ထည့်သေးတာ ။ နို့ တွေကို ရေနွေးလေးနဲ့ ဖျော်ပြီး ရေအေးထဲ နို့ဗူးထည့်ပြီးသေချာ အအေးခံတာ ။ အရမ်းပူတာတွေ အရမ်းအေးသွားတာတွေကိုမတိုက်ပါ ။ သားလေးက နို့ဗူးကို အားကိုးနေရတာမို့ အတတ်နိုင်ဆုံးသန့်ရှင်းအောင် ထားတာ ။ နို့မှုန့်ဆိုလည်း local brand တစ်ခုမှမပါ ။ ဆရာမကြီးနဲ့တိုင်ပင်ပြီးမောင့်စိတ်ကြိုက်မှာယူထားတာ ။
"သားလေး ကိုး ရေဖေဖေ့ဆီလာ
သားက ချိုချို ဆို့နေတာလား မေမေမျိုးက တိုက်နေတာလား
ဖွားဖွားသူက တိုက်နေတာလား"
မေမေနဲ့ မာမီ က သားလေး အမေခေါ်စရာမရှိမှာဆိုးလို့ ဆိုပြီး သူ့တို့ကို သူတို့ မေမေမျိုး ၊ မေမေထား ဆိုပြီးပြောတာမို့ ခေတ်က ပါ မေမေမျိုးဖြစ်သွားတာ ။
ခေတ်တို့ အိမ်လေးသည် အိမ့်ဆည်းလည်းသံလေးနဲ့ ဆူဆူညံညံပျော်ပျော်ပါးပါးပါ ။ သားလေးရဲ့ ထူးခြားချက်ကတော့ ဘယ်လောက်ငိုငို ခေတ် လက်ပေါ် ရောက်သွားရင် ချက်ချင်းတိတ် သွားတာပဲ ။ မွေးရကျိုးနပ်တဲ့ သားလိမ္မာလေး ။
~~~~~~~~~~~
"အဲ..အဲ...အ.."
"သားကိုးက စကားတွေကို ပြောနေတာလား ဖေဖေ့ကို
ဖေဖေ က ချစ်တယ်နော် "
"သားတို့ဒယ်ဒီ ပြန်လာတော့မယ်လေ "
သားလေးက ဒီနေ့ကာကွယ်ဆေးထိုးထားတာမို့အီနေသည်။ ကိုယ်လည်းနည်းနည်းပူနေတာကြောင့် ခေတ် လက်ပေါ်က မချရဲ။
"အုဝဲ....အုဝဲ ...ဝါးးး"
"သားလေး မငိုတော့ နဲ့လေကွာ ဖေဖေ နဲ့ အိပ်ကြမယ်လေ "
သားလေးက အခုဆို ၁လကျော်နေပြီ တော်တော်လေး လည်း လက်ကြိုက်နေပြီ။ သူ့ ဒယ်ဒီနဲ့သူ့ဖွားဖွားတွေကျင့်ထားတာလေ ။ ဒီနေ့ သူ့ ဒယ်ဒီက အရေးတကြီးကုမ္ပဏီသွားရတော့ ခေတ် တစ်ယောက်ထဲ ဒုက္ခ များနေပြီ ။ ကြီးသူတို့ နှင်းနှင်းတို့ဝိုင်းချီပေးတာတောင် ကိုးလေး က ခေတ်ချီမှ သူတို့ လက်ပေါ်မှာဆို ငိုတာ တက် မတတ် ။ ခေတ် သားလေး ကို အပြောင်းအလဲဖြစ်အောင် သူ့အခန်းထဲခေါ်လာ လိုက်တော့သည်။ သူ့ ခုတင်ပေါ်တင်ထားပြီး ခေတ်ပါ သူ့ဘေးဝင်အိပ်လိုက်တော့ ခြေကားယား လက်ကားယားလေးနဲ့ ဟိုကြည့်ဒီကြည့်အထူးအဆန်းကို ဖြစ်လို့ ။ ခေတ်လည်း သားလေးကဝဝကစ်ကစ် ဖြစ်လာတာမို့ ကြာကြာမချီနိုင်တော့ ။ ခေတ်လေးကိုကြည့်လိုက်အရုပ်တွေကြည့်လိုက်နဲ့ အငို တိတ်သွားလေသည်။ ခေတ်လည်း ညတွေအိပ်ရေးပျက်တာကြောင့် မျက်လုံးမှေးနေတော့သည်။
" ဟင့် ...အ...အဲ...အဲ "
"သားလေးရယ် ကိုးလေး အိပ်တော့ကွာ ဖေဖေ လည်း အိပ်ချင်ပြီ
ဗိုက်လည်းပြည့်နေပြီကို သားလေးက "
ခေတ် ဘေးစောင်းရင်းက သားလေးနားကပ်တော့ သားလေးက သနားစရာ နို့လိုက်စမ်းနေတော့သည်။ ခေတ် စိတ်မကောင်းဖြစ်သွား၏ ။ နို့ဗူးဆို့နေကြဆိုပေမယ့် အိပ်ရင် နို့ငုံ့ပြီး အိပ်ချင်တာ ကလေးသဘာဝလေ ။ ခေတ်လည်းသားလေးကို သနားပြီးမတတ်သာတဲ့အဆုံး အင်္ကျီလှန်ကာ ခေတ်ရဲ့ ချယ်ရီသီးလေးကို ပါးစပ်မှာ တပ်ပေးလိုက်တော့ ပြွတ်ပြွတ်မည်အောင်စို့နေတာမို့ ။
"ချစ်လိုက်တာ သားလေးရယ်
ဖေဖေ နို့တောင် ထွက်လိုက်ချင်တယ်
ငါ့သားလေး ဝဝလင်လင် ဆို့ရအောင် "
"ကြီးသူ ခေတ်လေးတို့ကော "
"သားကိုးလေးအခန်းထဲမှာ
သားငယ်လေးသွားထဲကမနေဘူး ကောက်နေတာ
အားလုံး ဝိုင်းချော့တာလည်းမရဘူး "
"ဟင် ခေတ်လေး သနားပါတယ် "
ရွှေဘုန်း သားအခန်းသွားဖို့ လက်အရင်ဆေးကာ အင်္ကျီလဲပြီးဝင်သွားသည်။သားလေးက ခေတ် နို့သေးသေးကို ဆို့ပြီး ခေတ်လေးကော သားကိုး ကော အိပ်နေလိုက်များ ချစ်စရာအတိ။
ရွှေဘုန်း သားကိုး ကို ပြုံးကြည့်လိုက်သည်။ ဒယ်ဒီ အတိုင်းပဲ နို့သေးသေး လေးကြိုက်တဲ့ကောင်လို့စိတ်ထဲကပြောနေမိသည်။
"ရွှတ်"
ခေတ် ပါးလေးကို နမ်းကာ ခေတ် ဘေးနားကပ်ပြီး ဝင်အိပ်လိုက်သည်။ လက်မောင်း အရှည်ကြီးကို ဆန့်ပြီးဖက်လိုက်တာ ခေတ်ကော သားလေးကော က ရွှေဘုန်း ရင်ခွင်ထဲရောက်သွား၏။ မိသားစုရဲ့ နွေးထွေးမှုဆိုတာ ဒါပဲလေ ။ ရွှေဘုန်း ချက်ချင်းကိုအိပ်ပျော်သွားတော့သည်။
ရွှေဘုန်း မအိပ်ခင်ပြောတဲ့စကားကို ခေတ်လေးကြားရင် ရယ်အုန်းမှာ သေချာတယ် ။
"သားတစ်ယောက်မွေးတာ ငါ့ပြိုင်ဘက်ဖြစ်သွားတယ်
ငါ့ ချယ်ရီသီးလေးတွေ သူ့ ပါးစပ်ထဲမှာ
ဒယ်ဒီကတော့ ငတ်ပြီပေါ့ "
အချစ်များစွာဖြင့် 🌻
15.6.2022(Wed)
.............................................
Zawgyi
"ခေတ်လေး
အိပ်လေ ဘာလို့လည်း "
"အင်းပါ "
"ခေတ်ကို နမ်းအုန်း "
"ပြွတ်စ်စ် "
"အားပြည့်သွားပြီလား "
5ting "
"ဝါးးး "
"ချပ် "
"ခေတ်လေးနိုးနေပြီလား "
"နိုးနေပြီ
"ဟင် !!"
"အင်း "
"သားခေတ်လေး လာ
"ဟုတ်မေမေ "
"မောင်လည်းစားလေ "
"ခေတ်လေး ဝမှ စားမယ် "
"မရဘူး အတူတူ စားမယ် "
"သားခေတ်လေး "
"ဗျာ မာမီ "
သဘောထားကြားလား "
"ဟုတ် မာမီ"
စိတ်အေးအေး ထားနော်
"အော် ဆရာမကြီး "
"ဟုတ် ဆရာမကြီး "
~~~~~~~~~~~~~~~~
"မစားသေးဘူး မေမေ
"အဲ...အဲ .."
"ခေတ်လေး သတိရ လာပြီလား"
"အင်း မောင် သားလေးကော "
"သားလေး အရမ်းနာနေလား "
"မနာပါဘူး မေမေ
"ဟူးး တော်သေးတာပေါ့ "
"ဘာလို့လည်း ခေတ်လေး "
"အော် "
"မောင့် ထမင်းစားလေ "
"ဟင့်အင်း
ဧည့်ခံနေတာတောင် မောင်ကမနိုးသေး။
"ဟင် !!
"အေး ထအုန်း (ခန့်မင်း)"
"ထပြီကွာ (ရွှေဘုန်း)
"မနာတော့ပါဘူး မောင်ရဲ့ အခု ညနေပိုင်းပို သက်သာလာတယ် ဆရာမကြီးတောင် ညနေတခေါက်လာကြည့်သွားတယ် "
"အင်း"
မာမီတို့ကော
"သားလေး လာ ဒယ်ဒီဆီ "
"ငါသိပါတယ်ကွ
"Boss "
"ဟင် ကိုသူရ "
"ဘာလို့လဲမောင် "
"ဘာများလို့ ကိုသူရရယ်
"ကလေးကနောက်ရက်မှတွေ့လည်း ရတာပဲကို နောက်ဆို ကလေးလေးက ကိုသူရပဲတစ်သက်လုံ ထိမ်းရမှာ "
"ဟု...ဟုတ် "
~~~~~~~~~~~~~~
"ခေတ်လေး ဖြေးဖြေး
"သားကိုပေးပါ မေမေ
"မောင့်!!"
" ဗျာ "
"အော် "
"ပြွတ်စ်
"အဲ....အာ့...အီးးး...ဝါးးး"
သားက ဗိုက်ဆာတာ
~~~~~~~~~~~
"အဲ..အဲ...အ.."
ဖေဖေ က ချစ်တယ်နော် "
"အုဝဲ....အုဝဲ ...ဝါးးး"
" ဟင့် ...အ...အဲ...အဲ "
"ဟင် ခေတ်လေး သနားပါတယ် "
"ရွှတ်"
အချစ်များစွာဖြင့် 🌻
15.6.2022(Wed)