For Unicode
"အန်တီ ဒီနေ့ ဘာစားချင်လဲ"
"ဘာလို့လဲ ဖူး"
"ဖူး ဒီနေ့ အန်တီ့အကြိုက်ချက်ပေးမလို့လေ"
"အန်တီ ထမင်းတော့မစားချင်ဘူးကွယ် ကြာဇံချက်လေး စားချင်တယ် ဖူး ချက်တတ်တယ်မလား"
"ချက်တတ်တာပေါ့ ကြာဇံချက်က ဖူးသိပ်ကြိုက်တာလေ"
"အန်တီနဲ့ အကြိုက်ချင်းတူတာပဲ"
"ဒါဆို အဆင်ပြေတာပေါ့ အဲ့တာဆို ဖူး မဝေတို့ပန်ပန်တို့နဲ့ ပါဝင်ပစ္စည်းတွေအတွက် ဈေးသွားဝယ်လိုက်အုံးမယ်နော်"
"အန်တီနဲ့သွားမယ်"
"ဈေးထဲကြတော့ အန်တီအဆင်ပြေပါ့မလား"
"အန်တီလည်း ရွှေဇွန်းကိုက်ပြီးမွေးလာတာမဟုတ်ရပါဘူးကွယ် အဆင်ပြေပါတယ်"
"ဟုတ်ကဲ့"
ဈေးထဲသွားမှာဆိုတော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့အဝတ်အစားကိုပဲဖူးဝတ်လာပေမဲ့ အန်တီကတော့ ထုံးစံအတိုင်းမြန်မာဝမ်းဆက်ကိုပဲဝတ်လာသည်...
"မမကြီးတို့နှစ်ယောက် ဈေးသွားကြမလို့လား"
"ဟုတယ် ကြီးမြင့်..ဖူးက ကြာဇံချက် ချက်ပေးမယ်ဆိုလို့လေ"
"ကြီးကြီးတို့တော့ ဖူး လက်ရာစားရတော့မယ်ထင်ပါရဲ့..ပန်ပန်ကိုပါ အဖော်ခေါ်သွားအုံးမလား သယ်ရမဲ့ပစ္စည်းတွေများမှာစိုးလို့"
"ရပါတယ်ကြီးမြင့်..ပစ္စည်းတွေကအဲ့လောက်တော့မများလောက်ပါဘူး ပြီးတော့ဈေးကလည်းနီးတော့ အဆင်ပြေပါတယ်..နှစ်ယောက်ထဲပဲသွားလိုက်ပါ့မယ်"
"မမကြီးသဘောပါ..ဂရုစိုက်သွားကြအုံးနော်"
"ဟုတ်ကဲ့ပါ"
*****
"အယ်...သမီး ခတ္တာပါလား မတွေ့တာတောင်ကြာပြီကွယ်"
"ဟုပ အဖွားရေ ခတ္တာလည်းဈေးထဲမရောက်ဖြစ်တာ တော်တော်ကြာပြီ..မတွေ့တာကြာလို့လားမသိ တို့အဖွားက ချောလာလိုက်တာ"
"အိုနေတဲ့အဖွားကြီးကိုမြှောက်နေပြန်ပြီ..ကယ် ဘာယူမလဲ အပိုထည့်ပေးမယ်"
"ရပါတယ် အဖွားရယ်..ဒီနေ့ အိမ်မှာကြာဇံချက် ချက်မှာဆိုတော့ လိုတာလေးတွေလာဝယ်တာ"
"အော်အေးအေး"
ဒေါ်ခတ္တာမေလည်းလိုအပ်တာတွေဝယ်ပြီး..အိတ်ထဲက တစ်သောင်းတန်တစ်အုပ်ကိုထုတ်လိုက်ကာ...
"အဖွား..ဒါ အဖွားကို ခတ္တာလှူတာ အဖွားလိုအပ်တာလေးတွေသုံးလေနော်..ဒါ ခတ္တာရဲ့ကဒ် ဒီထဲမှာ ဖုန်းနံပါတ် လိပ်စာအကုန်ပါတယ်..အဖွားလိုအပ်တာရှိရင် အချိန်မရွေးလှမ်းဆက်လိုက်နော်"
"ကျေးဇူးပါ သမီးရယ်..သာဓုပါကွယ် သာဓု"
အရှေ့ကအဖွားနဲ့ပြုံးပျော်ပြီးစကားတွေပြောနေတဲ့အန်တီ့ကို ဖူးမြတ်နိုးရပြန်ပြီ..အန်တီ့ကိုဘာလို့မာနမင်းသမီးလို့ပြောကြလည်းဖူး နားမလည်နိုင်တော့..တကယ်တော့အန်တီဟာ လူတိုင်းကိုသူ့နေရာနဲ့သူ ဆက်ဆံသင့်တဲ့ပုံစံအတိုင်းဆက်ဆံခြင်းပင်ဖြစ်သည်..စီးပွားရေးလောကမှာ အခုလို သွား32ချောင်းလုံးအမြဲတမ်းပေါ်အောင်နေလို့လည်းမဖြစ်ဘူးလေဟုတ်တယ်မလား တစ်ချို့လူတွေက ကိုယ့်အပြုံးနဲ့မတန်ကြသလို တစ်ချို့လူတွေကိုလည်းစိတ်သဘောထားပြည့်ဝစွာနဲ့နားလည်ပေးလို့မဖြစ် ရောင့်တက်ချင်ကြသည်..ဒါ့ကြောင့်အန်တီဟာ မလိုအပ်ပဲအမြဲတမ်းပြုံးရယ်မနေခြင်းဖြစ်သည် ပြတ်သားသင့်တဲ့နေရာမှာလည်းပြတ်သားရသည်..ဒါပေမဲ့ အန်တီ့ရဲ့အတွင်းစိတ်ကတော့ တကယ်ကိုနူးညံ့ပေသည်..
"ဖူး ဘာတွေအဲ့လောက်တောင်တွေးနေပြန်ပြီလဲ"
ဖူး ဘယ်လောက်ထိအတွေးလွန်သွားလည်းမသိတော့ အန်တီ့အသံကြားမှာသာ...
"ဟီး...ဒီလိုပဲ အန်တီက တကယ်တော့ နူးညံ့ပြီးစိတ်သဘောထားပြည့်ဝတဲ့အမျိုးသမီးဆိုတာကိုတွေးနေတာ"
"အံမယ်..ကယ်အခု တစ်ချို့ပစ္စည်းတွေသွားဝယ်ကြမယ်လေ"
"ဟုတ်ကဲ့အန်တီ..ပေးပေး အဲ့ပစ္စည်းတွေဖူးသယ်ပေးမယ်"
"များလာရင်တော့ အန်တီလည်းတစ်ဝက်သယ်မယ်နော်"
"ဟုတ်ကဲ့ပါအန်တီရဲ့"
ဖူးတို့နှစ်ယောက်ဈေးဝယ်နေတဲ့အချိန်..
"ဟိတ် သစ္စာ"
သစ္စာလို့ခေါ်လိုက်သော ယောင်္ကျားလေးတစ်ယောက်ရဲ့အသံကြောင့် ဒေါ်ခတ္တာမေဘယ်သူ့ကိုခေါ်လိုက်မှန်းမသိပေမဲ့ လှည့်ကြည့်လိုက်တဲ့ဖူးကြောင့် ဖူးကို ခေါ်မှန်းသိသွားကာ စိတ်ထဲတွင်ဘဝင်မကျတော့ပေ...
"ဟာ မင်းသန့်...မတွေ့တာတောင်ကြာပြီဟယ်"
"အေးကွာ..ကြည့်ပါအုံး ငါ့သူငယ်ချင်း ချောလာလိုက်တာ..ကယ်ကျွေးလိုက်တော့တစ်ဝိုင်း"
"စားချင်ရင်စားချင်တော့ ဒဲ့ပြောဟဲ့.."
"ဟီးဟီး..ငါကစတာပါ နင်တကယ်ချောလာတယ်ဆိုတာကတော့အတည်ပြောတာ"
"ဟဟ ကျေးဇူးတင်ပါတယ်..နင်လည်း glow လာလိုက်တာဆိုတာ စစချင်းကငါမှတ်တောင်မမှတ်မိ"
ထိုကောင်လေးနဲ့ဖူးတို့ရယ်မောပြီးစကားပြောနေတာကိုဘေးကကြားနေရတဲ့ဒေါ်ခတ္တာမေအဖို့အဆင်မပြေတော့..တစ်ခုခုကိုစိတ်အလိုမကျကာ မကြာခင်မှာပဲ ထပေါက်ကွဲတော့မည်စိုးတာကြောင့် သူတို့နှစ်ယောက်နဲ့ဝေးတဲ့နေရာမှာပင်ဈေးသွားဝယ်တော့သည်...ဒေါ်ခတ္တာမေထွက်သွားတာတောင်မသိတဲ့အထိ စကားများနေတဲ့ထိုကလေးမကိုလည်း ဒေါ်ခတ္တာမေကြည့်မရတော့ပေ...
"ဒါနဲ့ခန့်အောင်နဲ့ကော အဆင်ပြေရဲ့လား"
"ဒီလိုပါပဲ"
"ဟင်နင့်အသံကြီးကလည်းဘာလဲ အဆင်မပြေဘူးလား..ပြောစမ်းကမ အဲ့ကောင် ငါ့သူငယ်ချင်းကို ပစ်သွားတာလား သစ္စာဖောက်သွားတာလား အဲ့လိုသာလုပ်လို့ကတော့ငါ့လက်သီးစာမိမယ်ကွ"
"အားမလေး မင်းသန့်ရယ်ငါမရယ်ချင်ဘူးနော် နင့်လို ယူကေအီးလေးက ထိုးမယ်တဲ့လားဟယ်"
"နင်ကလည်း ငါက ကိုကြီးတွေနဲ့ တွေ့မှ နွဲ့တာပါနော် ကျန်တဲ့အချိန်ကျားတာမှ ရေတောင်မရောဘူး"
"ဟုတ်ပါပြီဟယ်..ခန့်အောင်က ငါ့ကိုသိပ်ချစ်တာပါဟ ငါ့ကိုပစ်လည်းမသွားသလို သစ္စာလည်းမဖောက်ဘူးအခု သူကနိုင်ငံခြားမှာလေ ဒါတွေကထားပါ အခုငါဖြစ်နေတာက ငါလူနှစ်ယောက်ကိုတစ်ပြိုင်နက်ထဲချစ်မိနေသလိုပဲဟာ..အဲ့တာငါဝေခွဲရခက်နေတာ"
"ငါသာ အဲ့လိုဖြစ်နေမယ်ဆို..ငါဒုတိယလူကိုရွေးမှာသိလား"
"ဟင်..ဘာလို့လဲ"
"နင်စဉ်းစားကြည့်လေ..တကယ်ချစ်တဲ့သူတွေကတစ်ယောက်ထဲနဲ့လုံလောက်သလို ပထမလူကိုသာတကယ်ချစ်ရင် ဒုတိယလူဆိုတာပေါ်မလာဘူးတဲ့ အခုဒုတိယလူပေါ်လာတယ်ဆိုတာ နင်ပထမလူကိုတကယ်မချစ်လို့..နင်တကယ်ချစ်နေတာ ဒုတိယလူ အဲ့တာကြောင့်ရွေးဆိုရင် ငါကတော့ ဒုတိယလူကိုပဲရွေးစေချင်တယ်..သေချာစဉ်းစားပေါ့ သူငယ်ချင်းရာ ကယ်ငါသွားပြီ နောက်မှအေးဆေးတွေ့ကြမယ်"
"အေးအေးတာ့တာ"
မင်းသန့်ပြောသွားတဲ့စကားတွေကြောင့်ဖူးခဏတာတွေဝေမိသွားသည်..မင်းသန့်ပြောတဲ့စကားတွေဟာ မှန်သလိုလိုရှိတာကြောင့်ဖူးစိတ်တွေအနည်းငယ်ရှုပ်သွားကာ သက်ပြင်းအရှည်ကြီးကိုသာ ချလိုက်ပြီး ဘေးကိုကြည့်လိုက်တော့ အန်တီမရှိတော့..ဟိုးဘက်ဆိုင်မှာပင်ပြုံးကာစကားတွေပြောနေတဲ့အန်တီကိုတွေ့လိုက်တော့ မင်းသန့်ပြောသွားတဲ့စကားတွေကို နားထဲပြန်ကြားယောင်မိနေပြန်သည်...
"အန်တီ"
"အော်..တော်သေးတာပေါ့ တို့က ဒီတစ်နေ့အိမ်မပြန်ရတော့ဘူးထင်တာ"
အန်တီ့အသံဟာ အနည်းငယ်တင်းမာနေကာ သူ့ကိုယ်သူလည်း တို့ လို့သုံးနှုန်းလိုက်တာကြောင့် ဖူးစိတ်ခုသွားသည်မှာအမှန်ပင်..
"သူကမင်းသန့်လေ...ဖူးနဲ့ဟိုးငယ်ငယ်လေးထဲကပေါင်းလာတဲ့ပြောမနာဆိုမနာငယ်သူငယ်ချင်းတွေလေ"
"ဒီမယ် ကလေးမ...တို့ သိချင်တယ်လို့ပြောမိသလားကွယ်"
"ဟို မပြောတော့မပြောမိပါဘူး"
"ဝယ်စရာတွေလည်းကုန်ပြီဆိုတော့ အိမ်ပြန်မယ်"
"ဟုတ်ကဲ့အန်တီ...ပေးပေး ဖူးသယ်ပေးမယ်"
"ဒီလောက်လက်နှစ်ဖက်လုံးမှာပြည့်နေတာကို ထပ်သယ်မယ်ဆိုတော့ ဘာလဲ လည်ပင်းမှာချိတ်ဆွဲထားမလို့လား..တို့ဒီလောက်တော့သယ်နိုင်ပါတယ်"
"ဟုတ်ကဲ့.."
ဒီလိုနဲ့ အိမ်ပြန်တဲ့ လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေတာကြောင့် ဖူးဘဝင်မကျတော့..အန်တီဘာဖြစ်နေလဲဆိုတာကို ဒီနေ့သိရမှ ဖူး စားဝင်အိပ်ပျော်မည်ထင်သည်..ဒါ့ကြောင့်...
"အန်တီ ဖူးကိုစိတ်ဆိုးနေတာလားဟင်"
"မင်းက ဘာအပစ်လုပ်ထားလို့တို့က စိတ်ဆိုးရမှာလဲ"
"အခုလိုပြောနေတာကြီးကိုက အန်တီစိတ်ဆိုးနေတာလေ.."
"မဆိုးဘူးဆိုကွယ်"
"တကယ်တော့ ခုနကောင်လေးက"
"တို့မသိချင်ဘူးလို့ပြောပြီးပြီလေ"
"အန်တီသိချင်မှာပါ..မင်းသန့်ကတကယ်တော့ uke"
"ဟမ် uke ကဘာလဲ"
"တွေ့လားပြောသားပဲ အန်တီသိချင်မှာပါဆို...uke ဆိုတာ ယောင်္ကျားလေးချင်းချင်းကြိုက်တာကိုမှ အောက်ပုဂ္ဂိုလ်ကိုပြောတာလေ"
"အိုကွယ်...ဒီကလေးနှယ့် ဘာတွေပြောနေလဲမသိဘူးကွယ်..တကယ်ပဲ"လို့ပြောကာ အရှေ့ကနေ ခပ်မြန်မြန်လေးလျှောက်သွားတဲ့အန်တီကြောင့် ဖူး ပြုံးမိသွားသည်..
ဈေးနဲ့ဒေါ်ခတ္တာမေတို့အိမ်ကနီးတာကြောင့်အခုလိုလမ်းလျှောက်လာခြင်းဖြစ်သည်...
"ဟောကြည့်..သူပဲမေးပြီး သူပဲရှက်သွားပြန်ပြီ ဒီအပျိုကြီးကတော့ ပြောရတဲ့ငါကမရှက်ရဘူးဟွန့်..အန်တီရေ စောင့်ပါအုံးလို့"
******
"ပြန်လာကြပြီပဲ..စ ချက်ကြတော့မလား ကြီးကြီးတို့ အဆင်သင့်လုပ်ပေးထားမလို့"
"ဟုတ်ကဲ့ ကြီးကြီးမြင့်...ဖူး ခဏလောက်နားပြီးလာခဲ့မယ်နော်"
"အေးအေး"
ဖူးလည်းလက်ထဲက အထုပ်တွေကို မဝေတို့ ပန်ပန်တို့ကိုပေးကာ ခုနရှက်သွားတဲ့အပျိုကြီးနောက်ကိုအပြေးလေးလိုက်ရပြန်ပြီလေ...
"အန်တီရေ..အန်တီလို့"
"ဟော..ဘာလို့အဲ့လောက်ခေါ်နေရတာလဲ ကျမ အရှေ့တည့်တည့်ကြီးမှာကို"
"စိတ်ဆိုးနေသေးလားလို့"
"မဆိုးဘူးလို့အစောကြီးထဲက ပြောနေတာကိုကွယ်"
"အာ့ဆို သဝန်တိုနေတာပေါ့"
"အန်တီက ဘာလို့သဝန်တိုရမှာလဲ...ဘာမှမတိုဘူး"
"သေချာလို့လား"
"သေချာတယ်"
"တကယ်ပေါ့"
"ဘယ်လိုဖြစ်နေတာလဲကွယ်..တကယ်ပါဆို"
"ပြီးရောလေအဲ့တာဆို..လိမ်တဲ့ အပျိုကြီးလိပ်ပြာလုံပါစေရှင်"
"မင်းနော်...သွားတော့"
"ဟီး..သွားပြီသွားပြီ"
မျက်နှာပြောင်ကာ ထွက်သွားတဲ့ထိုကလေးရဲ့နောက်ကျောလေးကိုကြည့်ကာ ဒေါ်ခတ္တာမေမှာပြုံးမိရပြန်သည်..
"တကယ်ကွာ...အန်တီ့အတွက်တော့ ကလေးငယ်လေးက နေရောင်ခြည်လေးပါ အန်တီ့ကိုအမြဲတမ်းနွေးထွေးစေတဲ့ အန်တီ့ရဲ့နေရောင်ခြည်လေး..လူသားတွေအတွက်အောက်ဆီဂျင်မရှိရင် အသက်မရှင်နိုင်သလို အန်တီ့အတွက်လည်းကလေးငယ်မရှိရင်အသက်မရှင်နိုင်ဘူးထင်ပါရဲ့ကွယ်..အတ္တကြီးစွာနဲ့ အန်တီ့နားမှာပဲတစ်သက်လုံးနေစေချင်မိတယ်...ဒါပေမဲ့ အန်တီ့နားမှာပဲနေပြီး အန်တီ့ရဲ့ကြယ်လေး အရောင်မှိန်သွားမှာလည်းအန်တီကြောက်တယ်ကွယ်..အန်တီ့ရဲ့ရင်ခွင်ဟာအန်တီ့ကြယ်လေးအတွက်နေရာမှန်မဟုတ်ဘူးဆိုရင် အန်တီကိုယ်တိုင် အန်တီ့ကြယ်လေးရဲ့နေရာမှန်ကိုလိုက်ပို့ပေးမှာပါ ဒါမှ အန်တီ့ကြယ်လေးကတောက်ပနေမှာလေ..မပိုင်ဆိုင်ရလည်းအဆင်ပြေပါတယ်ဆိုတဲ့မုသားစကားကိုသုံးပြီးတော့ အန်တီမပိုင်ဆိုင်ရလည်း ကလေးငယ်တောက်ပနေရင်ပဲအန်တီကျေနပ်ပါပြီကွယ်"
မပိုင်ဆိုင်ရဘူးဆိုတဲ့အတွေးကိုတွေးလိုက်တိုင်း ဘယ်ဘက်ထောင့်မျက်လုံးအိမ်ထဲကမျက်ရည်စလေးတွေဟာအပြင်ကိုပြေးထွက်လာပြန်ပြီ..ထွက်လာတဲ့မျက်ရည်စလေးတွေကို လက်ဖမိုးလေးနဲ့ခပ်ဖွဖွလေးသုတ်လိုက်ကာ..ဈေးကပြန်လာတဲ့အဝတ်အစားတွေကိုလဲပြီး အသားအေးတဲ့ မြန်မာဝမ်းဆက်လေးကိုဝတ်ဆင်ကာ ခုနချထားတဲ့ဆံပင်လေးတွေကိုထုံးလိုက်ပြီးအောက်ထပ်ကိုဆင်းလာတော့ ဘယ်သူမှရှိမနေတာကြောင့်သေချာသည်..မီးဖိုခန်းထဲမှာပဲအားလုံးစုနေကြမည်ဆိုတာ..ဒေါ်ခတ္တာမေလည်းမီးဖိုခန်းထဲဝင်သွားတော့ အရှေ့ကနေဦးဆောင်ပြီးချက်နေတဲ့ ကလေးငယ်ကြောင့်ထပ်ပြုံးမိသွားပြန်သည်..တကယ်ပါ ထိုကလေးက ဒေါ်ခတ္တာမေရဲ့အပြုံးပိုင်ရှင်လေးပါလို့..
Suehe fic လေးကိုတော်တော်များများ reading listထဲထည့်ပေးကြတဲ့အတွက်တကယ်ကိုကျေနပ်ပါတယ်လို့ ကျေးဇူးလည်းတင်ပါတယ်❣️🙆
#အမှားပါရင် ခွင့်လွှတ်ပေးကြပါ❣️
#Han_suehe
_______
For Zawgyi
"အန္တီ ဒီေန့ ဘာစားခ်င္လဲ"
"ဘာလို႔လဲ ဖူး"
"ဖူး ဒီေန့ အန္တီ့အႀကိဳက္ခ်က္ေပးမလို႔ေလ"
"အန္တီ ထမင္းေတာ့မစားခ်င္ဘူးကြယ္ ၾကာဇံခ်က္ေလး စားခ်င္တယ္ ဖူး ခ်က္တတ္တယ္မလား"
"ခ်က္တတ္တာေပါ့ ၾကာဇံခ်က္က ဖူးသိပ္ႀကိဳက္တာေလ"
"အန္တီနဲ႔ အႀကိဳက္ခ်င္းတူတာပဲ"
"ဒါဆို အဆင္ေျပတာေပါ့ အဲ့တာဆို ဖူး မေဝတို႔ပန္ပန္တို႔နဲ႔ ပါဝင္ပစၥည္းေတြအတြက္ ေဈးသြားဝယ္လိုက္အံုးမယ္ေနာ္"
"အန္တီနဲ႔သြားမယ္"
"ေဈးထဲၾကေတာ့ အန္တီအဆင္ေျပပါ့မလား"
"အန္တီလည္း ေရႊဇြန္းကိုက္ၿပီးေမြးလာတာမဟုတ္ရပါဘူးကြယ္ အဆင္ေျပပါတယ္"
"ဟုတ္ကဲ့"
ေဈးထဲသြားမွာဆိုေတာ့ ေပါ့ေပါ့ပါးပါးျဖစ္တဲ့အဝတ္အစားကိုပဲဖူးဝတ္လာေပမဲ့ အန္တီကေတာ့ ထံုးစံအတိုင္းျမန္မာဝမ္းဆက္ကိုပဲဝတ္လာသည္...
"မမႀကီးတို႔ႏွစ္ေယာက္ ေဈးသြားၾကမလို႔လား"
"ဟုတယ္ ႀကီးျမင့္..ဖူးက ၾကာဇံခ်က္ ခ်က္ေပးမယ္ဆိုလို႔ေလ"
"ႀကီးႀကီးတို႔ေတာ့ ဖူး လက္ရာစားရေတာ့မယ္ထင္ပါရဲ့..ပန္ပန္ကိုပါ အေဖာ္ေခၚသြားအံုးမလား သယ္ရမဲ့ပစၥည္းေတြမ်ားမွာစိုးလို႔"
"ရပါတယ္ႀကီးျမင့္..ပစၥည္းေတြကအဲ့ေလာက္ေတာ့မမ်ားေလာက္ပါဘူး ၿပီးေတာ့ေဈးကလည္းနီးေတာ့ အဆင္ေျပပါတယ္..ႏွစ္ေယာက္ထဲပဲသြားလိုက္ပါ့မယ္"
"မမႀကီးသေဘာပါ..ဂရုစိုက္သြားၾကအံုးေနာ္"
"ဟုတ္ကဲ့ပါ"
*****
"အယ္...သမီး ခတၲာပါလား မေတြ့တာေတာင္ၾကာၿပီကြယ္"
"ဟုပ အဖြားေရ ခတၲာလည္းေဈးထဲမေရာက္ျဖစ္တာ ေတာ္ေတာ္ၾကာၿပီ..မေတြ့တာၾကာလို႔လားမသိ တို႔အဖြားက ေခ်ာလာလိုက္တာ"
"အိုေနတဲ့အဖြားႀကီးကိုေျမႇာက္ေနျပန္ၿပီ..ကယ္ ဘာယူမလဲ အပိုထၫ့္ေပးမယ္"
"ရပါတယ္ အဖြားရယ္..ဒီေန့ အိမ္မွာၾကာဇံခ်က္ ခ်က္မွာဆိုေတာ့ လိုတာေလးေတြလာဝယ္တာ"
"ေအာ္ေအးေအး"
ေဒၚခတၲာေမလည္းလိုအပ္တာေတြဝယ္ၿပီး..အိတ္ထဲက တစ္ေသာင္းတန္တစ္အုပ္ကိုထုတ္လိုက္ကာ...
"အဖြား..ဒါ အဖြားကို ခတၲာလႉတာ အဖြားလိုအပ္တာေလးေတြသံုးေလေနာ္..ဒါ ခတၲာရဲ့ကဒ္ ဒီထဲမွာ ဖုန္းနံပါတ္ လိပ္စာအကုန္ပါတယ္..အဖြားလိုအပ္တာရိွရင္ အခ်ိန္မေရြးလွမ္းဆက္လိုက္ေနာ္"
"ေက်းဇူးပါ သမီးရယ္..သာဓုပါကြယ္ သာဓု"
အေရ႔ွကအဖြားနဲ႔ၿပံဳးေပ်ာ္ၿပီးစကားေတြေျပာေနတဲ့အန္တီ့ကို ဖူးျမတ္ႏိုးရျပန္ၿပီ..အန္တီ့ကိုဘာလို႔မာနမင္းသမီးလို႔ေျပာၾကလည္းဖူး နားမလည္ႏိုင္ေတာ့..တကယ္ေတာ့အန္တီဟာ လူတိုင္းကိုသူ႔ေနရာနဲ႔သူ ဆက္ဆံသင့္တဲ့ပံုစံအတိုင္းဆက္ဆံျခင္းပင္ျဖစ္သည္..စီးပြားေရးေလာကမွာ အခုလို သြား32ေခ်ာင္းလံုးအၿမဲတမ္းေပၚေအာင္ေနလို႔လည္းမျဖစ္ဘူးေလဟုတ္တယ္မလား တစ္ခ်ိဳ႕လူေတြက ကိုယ့္အၿပံဳးနဲ႔မတန္ၾကသလို တစ္ခ်ိဳ႕လူေတြကိုလည္းစိတ္သေဘာထားျပၫ့္ဝစြာနဲ႔နားလည္ေပးလို႔မျဖစ္ ေရာင့္တက္ခ်င္ၾကသည္..ဒါ့ေၾကာင့္အန္တီဟာ မလိုအပ္ပဲအၿမဲတမ္းၿပံဳးရယ္မေနျခင္းျဖစ္သည္ ျပတ္သားသင့္တဲ့ေနရာမွာလည္းျပတ္သားရသည္..ဒါေပမဲ့ အန္တီ့ရဲ့အတြင္းစိတ္ကေတာ့ တကယ္ကိုႏူးညံ့ေပသည္..
"ဖူး ဘာေတြအဲ့ေလာက္ေတာင္ေတြးေနျပန္ၿပီလဲ"
ဖူး ဘယ္ေလာက္ထိအေတြးလြန္သြားလည္းမသိေတာ့ အန္တီ့အသံၾကားမွာသာ...
"ဟီး...ဒီလိုပဲ အန္တီက တကယ္ေတာ့ ႏူးညံ့ၿပီးစိတ္သေဘာထားျပၫ့္ဝတဲ့အမ်ိဳးသမီးဆိုတာကိုေတြးေနတာ"
"အံမယ္..ကယ္အခု တစ္ခ်ိဳ႕ပစၥည္းေတြသြားဝယ္ၾကမယ္ေလ"
"ဟုတ္ကဲ့အန္တီ..ေပးေပး အဲ့ပစၥည္းေတြဖူးသယ္ေပးမယ္"
"မ်ားလာရင္ေတာ့ အန္တီလည္းတစ္ဝက္သယ္မယ္ေနာ္"
"ဟုတ္ကဲ့ပါအန္တီရဲ့"
ဖူးတို႔ႏွစ္ေယာက္ေဈးဝယ္ေနတဲ့အခ်ိန္..
"ဟိတ္ သစၥာ"
သစၥာလို႔ေခၚလိုက္ေသာ ေယာက်ၤားေလးတစ္ေယာက္ရဲ့အသံေၾကာင့္ ေဒၚခတၲာေမဘယ္သူ႔ကိုေခၚလိုက္မွန္းမသိေပမဲ့ လွၫ့္ၾကည့္လိုက္တဲ့ဖူးေၾကာင့္ ဖူးကို ေခၚမွန္းသိသြားကာ စိတ္ထဲတြင္ဘဝင္မက်ေတာ့ေပ...
"ဟာ မင္းသန႔္...မေတြ့တာေတာင္ၾကာၿပီဟယ္"
"ေအးကြာ..ၾကၫ့္ပါအံုး ငါ့သူငယ္ခ်င္း ေခ်ာလာလိုက္တာ..ကယ္ေကြၽးလိုက္ေတာ့တစ္ဝိုင္း"
"စားခ်င္ရင္စားခ်င္ေတာ့ ဒဲ့ေျပာဟဲ့.."
"ဟီးဟီး..ငါကစတာပါ နင္တကယ္ေခ်ာလာတယ္ဆိုတာကေတာ့အတည္ေျပာတာ"
"ဟဟ ေက်းဇူးတင္ပါတယ္..နင္လည္း glow လာလိုက္တာဆိုတာ စစခ်င္းကငါမွတ္ေတာင္မမွတ္မိ"
ထိုေကာင္ေလးနဲ႔ဖူးတို႔ရယ္ေမာၿပီးစကားေျပာေနတာကိုေဘးကၾကားေနရတဲ့ေဒၚခတၲာေမအဖို႔အဆင္မေျပေတာ့..တစ္ခုခုကိုစိတ္အလိုမက်ကာ မၾကာခင္မွာပဲ ထေပါက္ကြဲေတာ့မည္စိုးတာေၾကာင့္ သူတို႔ႏွစ္ေယာက္နဲ႔ေဝးတဲ့ေနရာမွာပင္ေဈးသြားဝယ္ေတာ့သည္...ေဒၚခတၲာေမထြက္သြားတာေတာင္မသိတဲ့အထိ စကားမ်ားေနတဲ့ထိုကေလးမကိုလည္း ေဒၚခတၲာေမၾကၫ့္မရေတာ့ေပ...
"ဒါနဲ႔ခန႔္ေအာင္နဲ႔ေကာ အဆင္ေျပရဲ့လား"
"ဒီလိုပါပဲ"
"ဟင္နင့္အသံႀကီးကလည္းဘာလဲ အဆင္မေျပဘူးလား..ေျပာစမ္းကမ အဲ့ေကာင္ ငါ့သူငယ္ခ်င္းကို ပစ္သြားတာလား သစၥာေဖာက္သြားတာလား အဲ့လိုသာလုပ္လို႔ကေတာ့ငါ့လက္သီးစာမိမယ္ကြ"
"အားမေလး မင္းသန႔္ရယ္ငါမရယ္ခ်င္ဘူးေနာ္ နင့္လို ယူေကအီးေလးက ထိုးမယ္တဲ့လားဟယ္"
"နင္ကလည္း ငါက ကိုႀကီးေတြနဲ႔ ေတြ့မွ ႏြဲ႔တာပါေနာ္ က်န္တဲ့အခ်ိန္က်ားတာမွ ေရေတာင္မေရာဘူး"
"ဟုတ္ပါၿပီဟယ္..ခန႔္ေအာင္က ငါ့ကိုသိပ္ခ်စ္တာပါဟ ငါ့ကိုပစ္လည္းမသြားသလို သစၥာလည္းမေဖာက္ဘူးအခု သူကႏိုင္ငံျခားမွာေလ ဒါေတြကထားပါ အခုငါျဖစ္ေနတာက ငါလူႏွစ္ေယာက္ကိုတစ္ၿပိဳင္နက္ထဲခ်စ္မိေနသလိုပဲဟာ..အဲ့တာငါေဝခြဲရခက္ေနတာ"
"ငါသာ အဲ့လိုျဖစ္ေနမယ္ဆို..ငါဒုတိယလူကိုေရြးမွာသိလား"
"ဟင္..ဘာလို႔လဲ"
"နင္စဉ္းစားၾကၫ့္ေလ..တကယ္ခ်စ္တဲ့သူေတြကတစ္ေယာက္ထဲနဲ႔လံုေလာက္သလို ပထမလူကိုသာတကယ္ခ်စ္ရင္ ဒုတိယလူဆိုတာေပၚမလာဘူးတဲ့ အခုဒုတိယလူေပၚလာတယ္ဆိုတာ နင္ပထမလူကိုတကယ္မခ်စ္လို႔..နင္တကယ္ခ်စ္ေနတာ ဒုတိယလူ အဲ့တာေၾကာင့္ေရြးဆိုရင္ ငါကေတာ့ ဒုတိယလူကိုပဲေရြးေစခ်င္တယ္..ေသခ်ာစဉ္းစားေပါ့ သူငယ္ခ်င္းရာ ကယ္ငါသြားၿပီ ေနာက္မွေအးေဆးေတြ့ၾကမယ္"
"ေအးေအးတာ့တာ"
မင္းသန႔္ေျပာသြားတဲ့စကားေတြေၾကာင့္ဖူးခဏတာေတြေဝမိသြားသည္..မင္းသန႔္ေျပာတဲ့စကားေတြဟာ မွန္သလိုလိုရိွတာေၾကာင့္ဖူးစိတ္ေတြအနည္းငယ္ရႈပ္သြားကာ သက္ျပင္းအရွည္ႀကီးကိုသာ ခ်လိုက္ၿပီး ေဘးကိုၾကၫ့္လိုက္ေတာ့ အန္တီမရိွေတာ့..ဟိုးဘက္ဆိုင္မွာပင္ၿပံဳးကာစကားေတြေျပာေနတဲ့အန္တီကိုေတြ့လိုက္ေတာ့ မင္းသန႔္ေျပာသြားတဲ့စကားေတြကို နားထဲျပန္ၾကားေယာင္မိေနျပန္သည္...
"အန္တီ"
"ေအာ္..ေတာ္ေသးတာေပါ့ တို႔က ဒီတစ္ေန့အိမ္မျပန္ရေတာ့ဘူးထင္တာ"
အန္တီ့အသံဟာ အနည္းငယ္တင္းမာေနကာ သူ႔ကိုယ္သူလည္း တို႔ လို႔သံုးႏႈန္းလိုက္တာေၾကာင့္ ဖူးစိတ္ခုသြားသည္မွာအမွန္ပင္..
"သူကမင္းသန႔္ေလ...ဖူးနဲ႔ဟိုးငယ္ငယ္ေလးထဲကေပါင္းလာတဲ့ေျပာမနာဆိုမနာငယ္သူငယ္ခ်င္းေတြေလ"
"ဒီမယ္ ကေလးမ...တို႔ သိခ်င္တယ္လို႔ေျပာမိသလားကြယ္"
"ဟို မေျပာေတာ့မေျပာမိပါဘူး"
"ဝယ္စရာေတြလည္းကုန္ၿပီဆိုေတာ့ အိမ္ျပန္မယ္"
"ဟုတ္ကဲ့အန္တီ...ေပးေပး ဖူးသယ္ေပးမယ္"
"ဒီေလာက္လက္ႏွစ္ဖက္လံုးမွာျပည့္ေနတာကို ထပ္သယ္မယ္ဆိုေတာ့ ဘာလဲ လည္ပင္းမွာခ်ိတ္ဆြဲထားမလို႔လား..တို႔ဒီေလာက္ေတာ့သယ္ႏိုင္ပါတယ္"
"ဟုတ္ကဲ့.."
ဒီလိုနဲ႔ အိမ္ျပန္တဲ့ လမ္းတစ္ေလ်ွာက္လံုးတိတ္ဆိတ္ေနတာေၾကာင့္ ဖူးဘဝင္မက်ေတာ့..အန္တီဘာျဖစ္ေနလဲဆိုတာကို ဒီေန့သိရမွ ဖူး စားဝင္အိပ္ေပ်ာ္မည္ထင္သည္..ဒါ့ေၾကာင့္...
"အန္တီ ဖူးကိုစိတ္ဆိုးေနတာလားဟင္"
"မင္းက ဘာအပစ္လုပ္ထားလို႔တို႔က စိတ္ဆိုးရမွာလဲ"
"အခုလိုေျပာေနတာႀကီးကိုက အန္တီစိတ္ဆိုးေနတာေလ.."
"မဆိုးဘူးဆိုကြယ္"
"တကယ္ေတာ့ ခုနေကာင္ေလးက"
"တို႔မသိခ်င္ဘူးလို႔ေျပာၿပီးၿပီေလ"
"အန္တီသိခ်င္မွာပါ..မင္းသန႔္ကတကယ္ေတာ့ uke"
"ဟမ္ uke ကဘာလဲ"
"ေတြ့လားေျပာသားပဲ အန္တီသိခ်င္မွာပါဆို...uke ဆိုတာ ေယာက်ၤားေလးခ်င္းခ်င္းႀကိဳက္တာကိုမွ ေအာက္ပုဂၢိုလ္ကိုေျပာတာေလ"
"အိုကြယ္...ဒီကေလးႏွယ့္ ဘာေတြေျပာေနလဲမသိဘူးကြယ္..တကယ္ပဲ"လို႔ေျပာကာ အေရ႔ွကေန ခပ္ျမန္ျမန္ေလးေလ်ွာက္သြားတဲ့အန္တီေၾကာင့္ ဖူး ၿပံဳးမိသြားသည္..
ေဈးနဲ႔ေဒၚခတၲာေမတို႔အိမ္ကနီးတာေၾကာင့္အခုလိုလမ္းေလ်ွာက္လာျခင္းျဖစ္သည္...
"ေဟာၾကၫ့္..သူပဲေမးၿပီး သူပဲရွက္သြားျပန္ၿပီ ဒီအပ်ိဳႀကီးကေတာ့ ေျပာရတဲ့ငါကမရွက္ရဘူးဟြန႔္..အန္တီေရ ေစာင့္ပါအံုးလို႔"
******
"ျပန္လာၾကၿပီပဲ..စ ခ်က္ၾကေတာ့မလား ႀကီးႀကီးတို႔ အဆင္သင့္လုပ္ေပးထားမလို႔"
"ဟုတ္ကဲ့ ႀကီးႀကီးျမင့္...ဖူး ခဏေလာက္နားၿပီးလာခဲ့မယ္ေနာ္"
"ေအးေအး"
ဖူးလည္းလက္ထဲက အထုပ္ေတြကို မေဝတို႔ ပန္ပန္တို႔ကိုေပးကာ ခုနရွက္သြားတဲ့အပ်ိဳႀကီးေနာက္ကိုအေျပးေလးလိုက္ရျပန္ၿပီေလ...
"အန္တီေရ..အန္တီလို႔"
"ေဟာ..ဘာလို႔အဲ့ေလာက္ေခၚေနရတာလဲ က်မ အေရ႔ွတၫ့္တၫ့္ႀကီးမွာကို"
"စိတ္ဆိုးေနေသးလားလို႔"
"မဆိုးဘူးလို႔အေစာႀကီးထဲက ေျပာေနတာကိုကြယ္"
"အာ့ဆို သဝန္တိုေနတာေပါ့"
"အန္တီက ဘာလို႔သဝန္တိုရမွာလဲ...ဘာမွမတိုဘူး"
"ေသခ်ာလို႔လား"
"ေသခ်ာတယ္"
"တကယ္ေပါ့"
"ဘယ္လိုျဖစ္ေနတာလဲကြယ္..တကယ္ပါဆို"
"ၿပီးေရာေလအဲ့တာဆို..လိမ္တဲ့ အပ်ိဳႀကီးလိပ္ျပာလံုပါေစရွင္"
"မင္းေနာ္...သြားေတာ့"
"ဟီး..သြားၿပီသြားၿပီ"
မ်က္ႏွာေျပာင္ကာ ထြက္သြားတဲ့ထိုကေလးရဲ့ေနာက္ေက်ာေလးကိုၾကၫ့္ကာ ေဒၚခတၲာေမမွာၿပံဳးမိရျပန္သည္..
"တကယ္ကြာ...အန္တီ့အတြက္ေတာ့ ကေလးငယ္ေလးက ေနေရာင္ျခည္ေလးပါ အန္တီ့ကိုအၿမဲတမ္းေနြးေထြးေစတဲ့ အန္တီ့ရဲ့ေနေရာင္ျခည္ေလး..လူသားေတြအတြက္ေအာက္ဆီဂ်င္မရိွရင္ အသက္မရွင္ႏိုင္သလို အန္တီ့အတြက္လည္းကေလးငယ္မရိွရင္အသက္မရွင္ႏိုင္ဘူးထင္ပါရဲ့ကြယ္..အတၲႀကီးစြာနဲ႔ အန္တီ့နားမွာပဲတစ္သက္လံုးေနေစခ်င္မိတယ္...ဒါေပမဲ့ အန္တီ့နားမွာပဲေနၿပီး အန္တီ့ရဲ့ၾကယ္ေလး အေရာင္မိွန္သြားမွာလည္းအန္တီေၾကာက္တယ္ကြယ္..အန္တီ့ရဲ့ရင္ခြင္ဟာအန္တီ့ၾကယ္ေလးအတြက္ေနရာမွန္မဟုတ္ဘူးဆိုရင္ အန္တီကိုယ္တိုင္ အန္တီ့ၾကယ္ေလးရဲ့ေနရာမွန္ကိုလိုက္ပို႔ေပးမွာပါ ဒါမွ အန္တီ့ၾကယ္ေလးကေတာက္ပေနမွာေလ..မပိုင္ဆိုင္ရလည္းအဆင္ေျပပါတယ္ဆိုတဲ့မုသားစကားကိုသံုးၿပီးေတာ့ အန္တီမပိုင္ဆိုင္ရလည္း ကေလးငယ္ေတာက္ပေနရင္ပဲအန္တီေက်နပ္ပါၿပီကြယ္"
မပိုင္ဆိုင္ရဘူးဆိုတဲ့အေတြးကိုေတြးလိုက္တိုင္း ဘယ္ဘက္ေထာင့္မ်က္လံုးအိမ္ထဲကမ်က္ရည္စေလးေတြဟာအျပင္ကိုေျပးထြက္လာျပန္ၿပီ..ထြက္လာတဲ့မ်က္ရည္စေလးေတြကို လက္ဖမိုးေလးနဲ႔ခပ္ဖြဖြေလးသုတ္လိုက္ကာ..ေဈးကျပန္လာတဲ့အဝတ္အစားေတြကိုလဲၿပီး အသားေအးတဲ့ ျမန္မာဝမ္းဆက္ေလးကိုဝတ္ဆင္ကာ ခုနခ်ထားတဲ့ဆံပင္ေလးေတြကိုထံုးလိုက္ၿပီးေအာက္ထပ္ကိုဆင္းလာေတာ့ ဘယ္သူမွရိွမေနတာေၾကာင့္ေသခ်ာသည္..မီးဖိုခန္းထဲမွာပဲအားလံုးစုေနၾကမည္ဆိုတာ..ေဒၚခတၲာေမလည္းမီးဖိုခန္းထဲဝင္သြားေတာ့ အေရ႔ွကေနဦးေဆာင္ၿပီးခ်က္ေနတဲ့ ကေလးငယ္ေၾကာင့္ထပ္ၿပံဳးမိသြားျပန္သည္..တကယ္ပါ ထိုကေလးက ေဒၚခတၲာေမရဲ့အၿပံဳးပိုင္ရွင္ေလးပါလို႔..
Suehe fic ေလးကိုေတာ္ေတာ္မ်ားမ်ား reading listထဲထၫ့္ေပးၾကတဲ့အတြက္တကယ္ကိုေက်နပ္ပါတယ္လို႔ ေက်းဇူးလည္းတင္ပါတယ္❣️🙆
#အမွားပါရင္ ခြင့္လႊတ္ေပးၾကပါ❣️
#Han_suehe